ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၁၆၄

ထိုအချိန်က ယေရှု၏မိန့်မြွက်ချက်များနှင့် အမှုသည် အယူဝါဒကို စွဲကိုင်မထားခဲ့သကဲ့သို့၊ သူသည် သူ၏အမှုကို ဓမ္မဟောင်းကျမ်း၏ ပညတ်တရားနှင့်သက်ဆိုင်သည့် အမှုနှင့်အညီ မဆောင်ရွက်ခဲ့ပေ။ ယင်းသည် ကျေးဇူးတော်ခေတ်တွင် လုပ်ဆောင်သင့်သည့် အမှုအတိုင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ သူသည် သူထုတ်ဆောင်လာသည့် အမှုအတိုင်း၊ သူ၏ ကိုယ်ပိုင်အစီအစဉ်အတိုင်းနှင့် သူ၏ အမှုတော်အတိုင်း ကြိုးပမ်း လုပ်ဆောင်ခဲ့သည်။ သူသည် ဓမ္မဟောင်းကျမ်း၏ ပညတ်တရားအတိုင်း အမှုမပြုခဲ့ပေ။ သူလုပ်ဆောင်ခဲ့သည့် မည်သည့် အရာမျှ ဓမ္မဟောင်းကျမ်း၏ ပညတ်တရားနှင့်အညီ မဟုတ်ခဲ့သကဲ့သို့၊ သူသည် ပရောဖက်များ၏ စကားများကို ပြည့်စုံစေရန် အမှုပြုဖို့ ကြွလာခဲ့သည်လည်း မဟုတ်ပေ။ ဘုရားသခင်၏အမှု၏ အဆင့်အသီးသီးသည် ရှေးပရောဖက်များ၏ ကြိုတင်ဟောကြားချက်များကို ပြည့်စုံစေဖို့အလို့ငှာ အသေအချာ ဆောင်ရွက်ခဲ့ခြင်း မဟုတ်သကဲ့သို့၊ သူသည် အယူဝါဒကို လိုက်နာဖို့ သို့မဟုတ် ရှေးပရောဖက်များ၏ ကြိုတင် ဟောကြားချက်များကို တမင်သက်သက် အကောင်အထည်ဖော်ရန် လာခဲ့ခြင်း မဟုတ်ပေ။ သို့ရာတွင် သူ၏လုပ်ဆောင်ချက်များသည် ရှေးပရောဖက်များ၏ ဟောကြားချက်များကို မနှောင့်ယှက်ခဲ့သကဲ့သို့၊ ယခင်က သူလုပ်ဆောင်ပြီးခဲ့သော အမှုကိုလည်း မနှောင့်ယှက်ခဲ့ပေ။ သူ့အမှု၏ အဓိကအချက်မှာ မည်သည့်အယူဝါဒကိုမျှ လိုက်နာခြင်း မဟုတ်ဘဲ၊ ယင်းအစား သူကိုယ်တိုင် လုပ်ဆောင်သင့်သောအမှုကို လုပ်ဆောင်ခြင်းဖြစ်သည်။ သူသည် ပရောဖက်မဟုတ်သကဲ့သို့ ရှေ့ဖြစ်ဟောသူလည်း မဟုတ်ခဲ့ဘဲ၊ သူ လုပ်ဆောင်သင့်သည့် အမှုကို လုပ်ဆောင်ဖို့ အမှန်တကယ် ကြွလာခဲ့သည့် လုပ်ဆောင်သူတစ်ဦးဖြစ်ပြီး သူသည် သူ၏အသစ်သောခေတ်ကို စတင် ဖွင့်လှစ်ရန်နှင့် သူ၏ အသစ်သော အမှုကို ဆောင်ရွက်ရန် ကြွလာခဲ့ပေသည်။ ဟုတ်ပေ၏၊ ယေရှုသည် သူ၏ အမှုကို လုပ်ဆောင်ရန် ကြွလာခဲ့ချိန်က၊ သူသည် ဓမ္မဟောင်းကျမ်းထဲက ရှေးပရောဖက်များ ပြောကြားခဲ့သော စကားများစွာကိုလည်း ပြည့်စုံစေခဲ့ပေသည်။ ထို့အတူ ယနေ့၏ အမှုသည်လည်း ဓမ္မဟောင်းကျမ်း ထဲက ရှေးပရောဖက်များ၏ ကြိုတင်ပြောကြားချက်များကို ပြည့်စုံစေခဲ့သည်။ ငါသည် “အဝါရောင်သမ်းနေသည့် နှစ်ချုပ် စာအုပ်ဟောင်း” ကို မကိုင်စွဲထားရုံသာ ဖြစ်၏၊ ထိုမျှသာ ဖြစ်ပေသည်။ ငါလုပ်ဆောင်ရမည့် သာ၍ များသော အမှုရှိသည့်အတွက်၊ သင်တို့ကို ငါပြောဆိုရမည့် သာ၍များသော နှုတ်ကပတ်တော်များ ရှိသကဲ့သို့၊ ဤအမှုနှင့် ဤနှုတ်ကပတ်တော်များသည် သမ္မာကျမ်းစာမှ ကျမ်းပိုဒ်များကို ရှင်းပြခြင်းထက် သာ၍များစွာ အရေးပါလှပေသည်။ အဘယ်ကြောင့် ဆိုသော် ထိုသို့သော အလုပ်သည် သင်တို့အတွက် ကြီးမားသော အရေးပါမှု သို့မဟုတ် တန်ဖိုးမရှိသကဲ့သို့၊ သင်တို့ကို မကူညီနိုင် သို့မဟုတ် မပြောင်းလဲနိုင်သောကြောင့် ဖြစ်သည်။ ငါသည် အသစ်သော အမှုကို လုပ်ဆောင်ဖို့ ရည်ရွယ်သည်မှာ သမ္မာကျမ်းစာ၏ မည်သည့် ကျမ်းပိုဒ်ကိုမှ ပြည့်စုံစေခြင်းအတွက် မဟုတ်ပေ။ ဘုရားသခင်သည် သမ္မာကျမ်းစာမှ ရှေးပရောဖက်များ၏ စကားများကို ပြည့်စုံစေရန်သာ ကမ္ဘာမြေသို့ ကြွလာခဲ့ပါက၊ မည်သူသည် ပို၍ ကြီးမြတ်သနည်း၊ လူ့ဇာတိကိုခံယူသော ဘုရားသခင်လော၊ သို့တည်းမဟုတ် ထိုရှေးပရောဖက်များလော။ အဆုံးတွင်၊ ပရောဖက်များသည် ဘုရားသခင်ကို စီမံကွပ်ကဲသလော၊ သို့မဟုတ် ဘုရားသခင်သည် ပရောဖက်များကို စီမံကွပ်ကဲသလော။ ဤစကားများကို သင်မည်သို့ ရှင်းပြသနည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမည်နာမများနှင့် ကိုယ်ပိုင်လက္ခဏာတို့နှင့် ပတ်သက်၍

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၈၀

ပထမဦးဆုံး ဘုရားသခင်သည် အရာအားလုံးကို ဖန်ဆင်းခဲ့သည့်အခါတွင် တောင်များ၊ လွင်ပြင်များ၊ သဲကန္တာရများ၊ တောင်ကုန်းများ၊ မြစ်များ၊ အင်းအိုင်များ...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၂၉

လူသားဘဝတစ်ခုထဲက ဆုံမှတ်ခြောက်ခု (လက်ရွေးစင် ကျမ်းပိုဒ်များ) ဆဌမဆုံမှတ်- သေခြင်း များပြားလှသည့် ပျားပန်းခတ်မှု နှင့် အလုပ်များခြင်းများ၊...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူ့ဇာတိခံယူခြင်း | ကောက်နုတ်ချက် ၁၂၈

ဘုရားသခင်သည် လူသားတို့အကြား သူ၏အမှုကိုဆောင်ရွက်ရန်၊ လူသားကို သူကိုယ်တိုင် သူ့ကိုယ်သူ ဖော်ပြရန်နှင့် လူသားအား သူ့ကိုကြည့်ခွင့်ပြုရန်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၅၃

သန္နိဌာန်ချထားသောသူအားလုံးသည် ဘုရားသခင်ကို အစေခံနိုင်သည်။ သို့သော် ဘုရားသခင်၏အလိုတော်ကို နားလည်သူများနှင့် ဘုရားသခင်၏အလိုတော်ကို...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။