ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “ဘုရားသခင်၏ အလုပ်နှင့် လူသား၏အလုပ်” | ကောက်နုတ်ချက် ၁၇၂

သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းထဲမှ အလုပ်သည် ဘုရားသခင်၏ ကိုယ်ပိုင်အလုပ်ဖြစ်စေ၊ အသုံးပြုခံရသော လူသားများ၏အလုပ်ဖြစ်စေ ယင်းသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ဖြစ်သည်။ ဘုရားသခင် ကိုယ်တော်တိုင်၏ အနှစ်သာရသည် သန့်ရှင်း သော ဝိညာဉ်တော် သို့မဟုတ် ခုနှစ်ဆပြင်းထန်သော ဝိညာဉ်တော်ဟု ခေါ်ဆိုနိုင်သော ဝိညာဉ်တော်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ယင်းတို့သည် ဘုရားသခင်၏ ဝိညာဉ်တော် ဖြစ်သည်။ ယင်းတို့မှာ ဘုရားသခင်၏ ဝိညာဉ်တော်ကို မတူညီသော ခေတ်ကာလများအတွင်း မတူညီသည့် ခေါ်ဆိုမှုများသာဖြစ်သည်။ သို့ရာတွင် သူတို့၏ အနှစ်သာရသည် တစ်ခုတည်းသာဖြစ်သည်။ ထို့ကြောင့် ဘုရားသခင် ကိုယ်တော်တိုင်၏ အလုပ်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ဖြစ်သည်။ လူ့ဇာတိခံယူသော ဘုရားသခင်၏ အလုပ်သည်လည်း သန့်ရှင်းသော ဝိညာဉ်တော် လုပ်ဆောင်နေသောအလုပ်ထက် လျော့နည်းခြင်းမရှိပေ။ အသုံးပြုခြင်း ခံရသော လူသားတို့၏ အလုပ်သည်လည်း သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ပင်ဖြစ်သည်။ ဘုရားသခင်၏ အလုပ်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ပြီးပြည့်စုံသော ဖော်ပြချက်သာဖြစ်ပြီး ကွဲပြားခြားနားမှု မရှိပေ။ တစ်ဖက်တွင် အသုံးပြုခြင်းခံရသော လူသားတို့၏အလုပ်သည် လူ့အမှုအရာများစွာနှင့် ရောနှောနေပြီး ပြီးပြည့်စုံသော ဖော်ပြချက်ကို မဆိုထားနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ တိုက်ရိုက်ဖော်ပြချက်ပင် မဟုတ်ပေ။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သည် ကွဲပြားခြားနားပြီး မည်သည့်အခြေအနေများနှင့်မျှ ကန့်သတ်ထားခြင်းမရှိပေ။ အလုပ်သည် မတူညီသောလူတို့အလိုက် ကွဲပြားခြားနားပြီး၊ မတူညီသော အလုပ်လုပ်ခြင်း အနှစ်သာရကို ဖော်ဆောင်သည်။ မတူညီသော ခေတ်များထဲရှိ အလုပ်သည်လည်း မတူညီသော တိုင်းပြည်များမှ အလုပ်ကဲ့သို့ ကွဲပြားသည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် မတူညီသော နည်းလမ်းများစွာနှင့် နိယာမများစွာအရ အလုပ်လုပ်သော်လည်း၊ အလုပ်ကို မည်သို့လုပ်သည်ဖြစ်စေ၊ သို့မဟုတ် မည်သည့်လူအမျိုးအစားတို့အပေါ်တွင် လုပ်ဆောင်သည်ဖြစ်စေ အနှစ်သာရသည် အမြဲတမ်းကွဲပြားနေသည်၊ ပြီးလျှင် မတူညီသော လူများအပေါ်တွင် သူပြုသော အလုပ်အားလုံးသည် နိယာမများရှိပြီး အားလုံးသည် အလုပ်ရည်ရွယ်ချက်၏ အနှစ်သာရကို ကိုယ်စားပြုနိုင်သည်။ ဤသို့ဖြစ်ရခြင်းမှာ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သည် နယ်ပယ်အားဖြင့် အတော်ပင်တိကျပြီး အတန်ငယ် ဖြည်းဖြည်းနှင့်မှန်မှန် ဖြစ်ခြင်းကြောင့်ဖြစ်သည်။ ခံယူထားသော လူ့ဇာတိထဲတွင် ပြုသောအလုပ်သည် လူတို့အပေါ်တွင် ပြုလုပ်သောအလုပ်နှင့် မတူညီပေ။ အလုပ်သည်လည်း လူတို့၏ မတူညီသော အရည်အချင်းပေါ်တွင် မူတည်ပြီး ကွဲပြားမှုအမျိုးမျိုးရှိသည်။ ခံယူထားသော လူ့ဇာတိထဲတွင် ပြုလုပ်သောအလုပ်ကို လူတို့တွင် မပြုလုပ်ပေ။ လူတို့တွင် ပြုလုပ်သည့် အလုပ်နှင့် တူညီသည့် အလုပ်ကို ခံယူထားသော လူ့ဇာတိထဲတွင် သူမပြုပေ။ စကားတစ်ခွန်းဖြင့်ဆိုရသော် သူသည်မည်သို့ အလုပ်လုပ်သည်ဖြစ်စေ၊ ကွဲပြားခြားနားသော ရည်ရွယ်ချက်များဖြင့် ပြုသောအလုပ်သည် မည်သည့်အခါမျှ တူညီမှုမရှိဘဲ သူလုပ်သည့် နိယာမများသည်လည်း မတူညီသော လူတို့၏အခြေအနေနှင့် သဘာဝတို့နှင့်အညီ ကွဲပြားမှုရှိသည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် လူတို့၏ရှိရင်းစွဲ အနှစ်သာရအပေါ် အခြေခံကာ မတူညီသော လူတို့တွင် အလုပ်လုပ်ပြီး သူတို့၏ရှိရင်းစွဲ အနှစ်သာရထက်ကျော်လွန်၍ တောင်းဆိုမှုများကို မပြု၊ သူတို့၏ အရည်အချင်းအစစ်အမှန်ကို ကျော်လွန်ကာ လုပ်ဆောင်မှုကိုလည်း သူမပြုပေ။ သို့ဖြစ်၍ လူတို့အပေါ်တွင်ပြုသော သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်သည် အလုပ်ရည်ရွယ်ချက်၏ အနှစ်သာရကို လူတို့တွေ့မြင်ရန် ခွင့်ပြုလေသည်။ လူသား၏ ရှိရင်းစွဲအနှစ်သာရသည် ပြောင်းလဲခြင်းမရှိပေ။ လူသား၏ အရည်အချင်းအစစ်အမှန်သည် အကန့်အသတ်ရှိသည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် လူတို့ကို အသုံးပြုသည်ဖြစ်စေ၊ လူတို့အပေါ်တွင် အလုပ်လုပ်သည်ဖြစ်စေ၊ ထိုအလုပ်သည် လူတို့ အရည်အချင်း၏ အကန့်အသတ်များနှင့်အညီ အမြဲဖြစ်လေသည်။ သို့မှသာ သူတို့သည် ယင်းမှတစ်ဆင့် အကျိုးအမြတ် ရရှိနိုင်မည်ဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်သည် အသုံးပြုခြင်းခံရသော လူတို့အပေါ် အလုပ်လုပ်စဉ်တွင် သူတို့၏ပါရမီများနှင့် သူတို့၏ အရည်အချင်းအစစ်အမှန် နှစ်ခုစလုံးသည် ချန်လှပ်ထားခြင်းမခံရဘဲ ပေါ်လွင်လာသည်။ သူတို့၏ အရည်အချင်း အစစ်အမှန်အားလုံးသည် အလုပ်ကို ထောက်မစိမ့်သောငှာ အသုံးပြုခြင်းခံရသည်။ လက်တွေ့ကျသော ရလဒ်များကိုရရှိရန်အလို့ငှာ လူသားတွင်ရှိသော သုံးနိုင်သည့် အစိတ်အပိုင်းများအားလုံးကို အသုံးပြုခြင်းဖြင့် သူအလုပ်လုပ်သည်ဟုဆိုနိုင်ပါသည်။ ဆန့်ကျင်ဘက်အနေဖြင့် ခံယူထားသော လူ့ဇာတိထဲတွင် ပြုလုပ်သောအလုပ်သည် ဝိညာဉ်တော်၏အလုပ်ကို တိုက်ရိုက်ဖော်ပြရန် ဖြစ်ပြီး၊ ထိုအလုပ်သည် လူသား၏စိတ်၊ အတွေးများနှင့် ရောနှောခြင်းမရှိ၊ လူသား၏ပါရမီများ၊ လူသား၏ အတွေ့အကြုံ သို့မဟုတ် လူသား၏ မွေးရာပါအခြေအနေများဖြင့် လက်လှမ်းမီနိုင်ခြင်း မရှိပေ။ သန့်ရှင်းသော ဝိညာဉ်တော်၏ အသင်္ချေများလှသော အလုပ်အားလုံးသည် လူသားကို အကျိုးပြုရန်နှင့် တည်ဆောက်ရန် ရည်မှန်းထားခြင်းဖြစ်သည်။ သို့ရာတွင် လူအချို့သည် စုံလင်အောင်ပြုခံနိုင်ချိန်တွင် အခြားသူများသည် စုံလင်အောင်ပြုခြင်း ခံရရန်အတွက် အခြေအနေများကို ပိုင်ဆိုင်ထားခြင်းမရှိပေ။ ဆိုလိုသည်မှာ သူတို့ကို စုံလင်အောင်မပြုနိုင်သကဲ့သို့ ကယ်တင်ရန် အလွန်ပင်ခက်ခဲနိုင်ပေသည်။ သူတို့ထံတွင် သန့်ရှင်းသော ဝိညာဉ်တော်၏အလုပ် ရှိကောင်းရှိနေစေကာမူ သူတို့သည် နောက်ဆုံးတွင် ပယ်ရှားခြင်းခံရလိမ့်မည်။ ဆိုလိုရင်းမှာ သန့်ရှင်းသောဝိညာဉ်တော်၏အလုပ်သည် လူတို့ကို တည်ဆောက်ရန် ဖြစ်သော်လည်း ယင်းက သန့်ရှင်းသောဝိညာဉ်တော်၏အလုပ်ရှိသည့် လူတိုင်းကို အပြည့်အဝ စုံလင်အောင် ပြုလုပ်သည်ဟု ဆိုလိုခြင်း မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် များစွာသောလူတို့ လိုက်လျှောက်သည့် လမ်းကြောင်းသည် စုံလင်အောင် ပြုခြင်းခံရမည့် လမ်းကြောင်းမဟုတ်ပေ။ သူတို့ထံတွင် သန့်ရှင်းသောဝိညာဉ်တော်၏ တစ်ဖက်သတ် အလုပ် သာရှိပြီး၊ လူသား၏ ကိုယ်ပိုင်ပူးပေါင်းမှု သို့မဟုတ် မှန်ကန်သော လူသား၏ လိုက်လျှောက်မှု မရှိပေ။ ဤနည်းဖြင့် ဤလူတို့အပေါ်၌ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သည် စုံလင်အောင်ပြုခြင်းခံရသော သူတို့ကို အစေခံသောအလုပ် ဖြစ်လာလေသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏အလုပ်ကို လူတို့က တိုက်ရိုက်မြင်နိုင်ခြင်းမရှိ၊ သို့မဟုတ် လူတို့ကိုယ်တိုင်မှ တိုက်ရိုက်ထိတွေ့နိုင်ခြင်း မရှိပေ။ ယင်းကို အလုပ်လုပ်ခြင်း၏ပါရမီနှင့် လူသားတို့၏ အကူအညီမှတစ်ဆင့်သာ ဖော်ပြနိုင်သည်။ အဓိပ္ပာယ်မှာ သန့်ရှင်းသော ဝိညာဉ်တော်၏အလုပ်သည် လူသားတို့၏ ဖော်ပြချက်မှတစ်ဆင့် နောက်လိုက်များထံသို့ ထောက်မပေးခြင်း ခံရသည်။

(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ)

သင်သည် သခင် ပြန်ကြွလာခြင်းကို ကြိုဆိုသည့်နည်းလမ်း၊ ဘုရားသခင်နှင့် သာ၍ နီးစပ်သော ပေါင်းသင်းဆက်ဆံရေးတစ်ခုကို တည်ထောင်သည့်နည်းလမ်း၊ ဘုရားသခင်ထံ ဆုတောင်းသည့်နည်းလမ်း စသည်တို့ကို သင်ယူလေ့လာ လိုပါသလား။ ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ဖို့ အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “မပြောင်းလဲသော စိတ်သဘောထား ရှိခြင်းသည် ဘုရားသခင်နှင့် ရန်ဘက်ပြုခြင်းဖြစ်သည်” | ကောက်နုတ်ချက် ၃၀၀

နှစ်ထောင်ပေါင်းများစွာ ဖောက်ပြန်ပျက်စီးခဲ့ပြီးနောက် လူသားသည် ထုံတေထိုင်းမှိုင်းလာကာ၊ လူသား၏ ဘုရားသခင်ကို တော်လှန်ပုန်ကန်မှုသည်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ -“ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှု၌ ဘုရားသခင်၏ ပုံသဏ္ဌာန်ကို မြင်ခြင်း” -ကောက်နုတ်ချက် ၇၃

ဘုရားသခင်သည် တိတ်ဆိတ်နေပြီး ငါတို့ထံ မည်သည့်အခါမျှ မပေါ်ထွန်းခဲ့ပေ၊ သို့သော် သူ့အလုပ်မှာမူ မည်သည့်အခါမျှ မရပ်တန့်ခဲ့ချေ။ ဘုရားသခင်သည်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ -“လူသား၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း” -ကောက်နုတ်ချက် ၅၉၃

စုံလင်စေခြင်း ခံလိုသောသူအားလုံးတွင် စုံလင်စေခြင်းခံခွင့်ရှိသဖြင့် လူတိုင်း အေးအေးလူလူနေရမည်၊ နောင်တွင် သင်တို့အားလုံး...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “အမှုတော်နှင့် ဝင်ရောက်ခြင်း (၇)” | ကောက်နုတ်ချက် ၃၁၀

နှစ်ထောင်ပေါင်း အချို့၏ ရှေးဟောင်းယဉ်ကျေးမှုနှင့် သမိုင်းနှင့် ပတ်သက်သည့် အသိပညာသည် သူ၏အတွေးအခေါ်၊ အယူအဆများနှင့် စိတ်နေစိတ်ထားတို့ကို...