ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “ဘုရားသခင်၏ အလုပ်နှင့် လူသား၏အလုပ်” | ကောက်နုတ်ချက် ၁၇၃

သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်သည် လူအမျိုးအစားများစွာနှင့် မတူညီသော အခြေအနေများစွာ မှတစ်ဆင့် ပြီးမြောက်ကာ ပြည့်စုံလေသည်။ လူ့ဇာတိခံယူသော ဘုရားသခင်၏ အလုပ်သည် ခေတ်တစ်ခုလုံး၏ အလုပ်ကို ကိုယ်စားပြုပြီး ခေတ်တစ်ခုလုံးအတွင်းမှ လူတို့၏ဝင်ရောက်မှုကို ကိုယ်စားပြုနိုင်သော်လည်း လူတို့၏ အသေးစိတ်ဝင်ရောက်မှုအပေါ် လုပ်ဆောင်ခြင်းကို လူ့ဇာတိခံယူသော ဘုရားသခင်ကမဟုတ်ဘဲ သန့်ရှင်းသော ဝိညာဉ်တော်၏ အသုံးပြုခြင်းခံရသော လူသားတို့က လုပ်ဆောင်ရန် လိုအပ်နေဆဲဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏အလုပ် သို့မဟုတ် ဘုရားသခင်၏ ကိုယ်ပိုင်သာသနာသည် ဘုရားသခင် ခံယူထားသော လူ့ဇာတိ၏ အလုပ်ဖြစ်ပြီး သူ့အစား မည်သည့်လူသားကမျှ မလုပ်ဆောင်နိုင်ပေ။ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်သည် မတူညီသည့် လူအမျိုးအစားများစွာမှတစ်ဆင့် လုပ်ဆောင် ပြီးစီးသည်၊ ဤအလုပ်ကို သီးခြားလူပုဂ္ဂိုလ်တစ်ဦးတည်းက ပြည့်ဝအောင်မပြုနိုင်ပေ သို့မဟုတ် သီးခြား လူပုဂ္ဂိုလ်တစ်ဦးမှတစ်ဆင့် အပြည့်အဝ ရှင်းလင်းစေနိုင်ခြင်းမရှိပေ။ အသင်းတော်ကို ဦးဆောင်သော သူများသည်လည်း သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို အပြည့်အဝ ကိုယ်စားပြုနိုင်ခြင်း မရှိပေ။ သူတို့သည် ဦးဆောင်သည့် အလုပ်အချို့ကိုသာ ပြုနိုင်သည်။ ဤနည်းအားဖြင့် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ကို ဘုရားသခင်၏ ကိုယ်ပိုင်အလုပ်၊ အသုံးပြုခြင်းခံရသော လူတို့၏အလုပ်နှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းအတွင်း၌ရှိသော သူအားလုံးအပေါ်ရှိ အလုပ်ဟူ၍ သုံးပိုင်းခွဲခြားနိုင်ပါသည်။ ဤသုံးခုအတွင်းတွင် ဘုရားသခင်၏ ကိုယ်ပိုင်အလုပ်သည် ခေတ်တစ်ခုလုံးကို ဦးဆောင်ရန်ဖြစ်သည်။ အသုံးပြုခြင်းခံရသော လူသားတို့အလုပ်သည် ဘုရားသခင်၏ ကိုယ်ပိုင်အလုပ်ပြီးနောက် တာဝန်ပေး စေခိုင်းချက်များကို ပို့ဆောင်ခြင်း သို့မဟုတ် လက်ခံခြင်းအားဖြင့် ဘုရားသခင်၏ နောက်လိုက်အားလုံးကို ဦးဆောင်ရန်ဖြစ်ပြီး ဤသူတို့သည် ဘုရားသခင်၏အလုပ်နှင့် ပူးပေါင်းဆောင်ရွက်ကြသူများ ဖြစ်ကြသည်။ ဤရေစီးကြောင်းထဲတွင်ရှိသော သူတို့အပေါ် သန့်ရှင်းသော ဝိညာဉ်တော်ပြုသော အလုပ်မှာ သူ၏ ကိုယ်ပိုင်အလုပ်အားလုံးကို ထိန်းသိမ်းရန်ဖြစ်သည်။ ဆိုလိုသည်မှာ သူ၏ သက်သေခံချက်ကို ထိန်းသိမ်းရန်နှင့် စီမံခန့်ခွဲမှု အလုံးစုံကို ထိန်းသိမ်းရန်ဖြစ်ပြီး တစ်ဖက်တွင် တစ်ချိန်တည်း၌ စုံလင်အောင် ပြုနိုင်သောသူများကို စုံလင်စေခြင်းဖြစ်သည်။ ဤသုံးပိုင်းသည် သန့်ရှင်းသောဝိညာဉ်တော်၏ ပြည့်စုံသော အလုပ်ဖြစ်သော်လည်း ဘုရားသခင် ကိုယ်တော်တိုင်၏ အလုပ်မရှိပါက စီမံခန့်ခွဲမှုအလုံးစုံသည် ရပ်တန့်နေလိမ့်မည်ဖြစ်သည်။ ဘုရားသခင် ကိုယ်တော်တိုင်၏ အလုပ်တွင် လူသားမျိုးနွယ် အားလုံး၏အလုပ် ပါဝင်ပြီး ယင်းသည် ခေတ်ကာလတစ်ခုလုံး၏ အလုပ်ကိုလည်း ကိုယ်စားပြုသည်။ ဆိုလိုသည်မှာ ဘုရားသခင်၏ ကိုယ်ပိုင်အလုပ်သည် သန့်ရှင်းသော ဝိညာဉ်တော် အလုပ်အားလုံး၏ လှုပ်ရှားမှုနှင့် ပုံစံကို ကိုယ်စားပြုချိန်တွင် တမန်တော်များ၏ အလုပ်သည် ဘုရားသခင်၏ ကိုယ်ပိုင် အလုပ်နောက်သို့လိုက်ပြီး ခေတ်ကာလကို မဦးဆောင်သကဲ့သို့ ခေတ်တစ်ခေတ်လုံးမှ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်လုပ်ကိုင်မှု ပုံစံကို ကိုယ်စားမပြုပေ။ သူတို့သည် စီမံခန့်ခွဲမှုအလုပ် လုံးဝမပါဝင်သော လူတို့လုပ်သင့်သည့် အလုပ်ကိုသာ လုပ်သည်။ ဘုရားသခင်၏ ကိုယ်ပိုင်အလုပ်သည် စီမံခန့်ခွဲမှုအလုပ်အတွင်းမှ စီမံကိန်းဖြစ်သည်။ လူသား၏ အလုပ်သည် အသုံးပြုခြင်းခံရသော လူသားတို့၏ တာဝန်သာဖြစ်ပြီး စီမံခန့်ခွဲမှုအလုပ်နှင့် ဆက်နွယ် ပတ်သက်မှု မရှိပေ။ အထက်ပါ အလုပ်နှစ်ခုစလုံးသည် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ဖြစ်သော်လည်း အလုပ်၏ မတူညီသော စရိုက်လက္ခဏာများနှင့် ကိုယ်စားပြုမှုများကြောင့် ဘုရားသခင်၏ ကိုယ်ပိုင်အလုပ်နှင့် လူသား၏ ကိုယ်ပိုင်အလုပ်ကြားတွင် ရှင်းလင်းပြီး ခြေခြေမြစ်မြစ်ရှိသော ကွဲပြားမှုများရှိလေသည်။ ထို့အပြင် မတူညီသော စရိုက်လက္ခဏာများရှိသည့် အလုပ်ရည်ရွယ်ချက်များအပေါ်တွင် သန့်ရှင်းသော ဝိညာဉ်တော်က လုပ်ဆောင်သော အလုပ်၏ အတိုင်းအတာသည်လည်း ကွဲပြားသေးသည်။ ယင်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော် အလုပ်၏ နိယာမများနှင့် နယ်ပယ်တို့ ဖြစ်သည်။

(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ)

သင်သည် သခင် ပြန်ကြွလာခြင်းကို ကြိုဆိုသည့်နည်းလမ်း၊ ဘုရားသခင်နှင့် သာ၍ နီးစပ်သော ပေါင်းသင်းဆက်ဆံရေးတစ်ခုကို တည်ထောင်သည့်နည်းလမ်း၊ ဘုရားသခင်ထံ ဆုတောင်းသည့်နည်းလမ်း စသည်တို့ကို သင်ယူလေ့လာ လိုပါသလား။ ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ဖို့ အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “ဆိုးသွမ်းသောသူများသည် အပြစ်ဒဏ်ပေးခြင်းကို ခံကြရလိမ့်မည်” | ကောက်နုတ်ချက် ၃၂၉

ဘုရားသခင် ကောင်းကင်ပေါ်တွင် ကျိန်းဝပ်နေခဲ့စဉ်က လူတို့သည် သူ၏ လုပ်ဆောင်ချက်များနှင့် ဘုရားသခင်အား လှည့်စားရန် ကြိုးစားခဲ့သည်။ ယနေ့ခတ်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “နိုင်ငံတော်ခေတ်သည် နှုတ်ကပတ်တော်ခေတ်ဖြစ်သည်” | ကောက်နုတ်ချက် ၄၀၂

အသက်ကို ရှာသောအခါ၌ အလျင်လို၍ မရပါ။ အသက်တာကြီးထွားမှုသည် တစ်ရက်၊ နှစ်ရက်နှင့် မဖြစ်ပါ။ ဘုရားသခင်၏ အလုပ်သည် ပုံမှန်ဖြစ်ပြီး လက်တွေ့ကျသည်၊...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “စုံလင်စေခြင်း ခံရပြီးသော သူတို့အဖို့ ကတိတော်များ” | ကောက်နုတ်ချက် ၅၅၄

ဘုရားသခင်က လူကိုစုံလင်စေသော လမ်းကြောင်းဆိုသည်မှာ အဘယ်နည်း။ အဘယ်ရှုထောင့်များ ပါဝင်သနည်း။ ဘုရားသခင်အားဖြင့် ပြီးပြည့်စုံလင်သူ ဖြစ်လာရန်...