ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၁၇၅

လူအမျိုးအစားမျိုးစုံ၏ အတွေ့အကြုံများသည် ၎င်းတို့အတွင်းရှိ အရာများကို ကိုယ်စားပြုသည်။ ဝိညာဉ်ရေးရာ အတွေ့အကြုံ တစ်ခုတစ်လေမျှ မရှိသည့် မည်သူမဆိုသည် သမ္မာတရားနှင့်သက်ဆိုင်သော အသိပညာကို မပြောနိုင်သကဲ့သို့၊ အမျိုးမျိုးသော ဝိညာဉ်ရေးရာ အမှုအရာများအကြောင်း မှန်ကန်သော အသိပညာကို မပြောဆိုနိုင်ပေ။ လူသားဖော်ပြသောအရာသည် အတွင်းတွင် သူ ဖြစ်သည့်အရာ ဖြစ်သည်- ဤသည်မှာ သေချာ၏။ အကယ်၍ လူတစ်ဦးသည် ဝိညာဉ်ရေးရာ အမှုအရာများနှင့် သက်ဆိုင်သော အသိပညာနှင့် သမ္မာတရားနှင့်သက်ဆိုင်သော အသိပညာ ရှိရန် ဆန္ဒရှိပါက၊ စစ်မှန်သော အတွေ့အကြုံ ရှိရပေမည်။ အကယ်၍ သင်သည် လူ့ဘဝနှင့် သက်ဆိုင်သော သာမန်အသိစိတ်အကြောင်း ရှင်းလင်းစွာ မပြောဆိုနိုင်ပါက၊ ဝိညာဉ်ရေးရာများ အမှုအရာများနှင့် ပတ်သက်၍ သင်သည် မည်မျှသာ၍ နည်းပါးစွာ ဆွေးနွေးနိုင်မည်နည်း။ အသင်းတော်များကို ဦးဆောင်နိုင်သူများ၊ လူတို့ကို အသက်ဖြင့် ထောက်ပံ့ပေးနိုင်ပြီး၊ လူတို့အဖို့ တမန်တော်များ ဖြစ်နိုင်သူများသည် တကယ့်အတွေ့အကြုံများ ရှိရပေမည်။ ၎င်းတို့အနေဖြင့် ဝိညာဉ်ရေးရာ အမှုအရာများနှင့် သက်ဆိုင်သည့် မှန်ကန်သော သိနားလည်မှု၊ သမ္မာတရားနှင့် သက်ဆိုင်သော မှန်ကန်သည့် တန်ဖိုးထားခြင်းနှင့် အတွေ့အကြုံတို့ ရှိရပေမည်။ ထိုသို့သောလူများသာ အသင်းတော်များကို ဦးဆောင်သော လုပ်သားများ သို့မဟုတ် တမန်တော်များဖြစ်ရန် အရည်အချင်း ပြည့်မီပေသည်။ သို့မဟုတ်ပါက ၎င်းတို့သည် လူတို့ကို အသက်ဖြင့် ထောက်ပံ့ ပေးနိုင်သည့် တမန်တော်များ ဖြစ်ဖို့ မဆိုထားနှင့်၊ အနည်းဆုံးအနေဖြင့် နောက်လိုက်ရုံသာ နောက်လိုက်နိုင်ပြီး ဦးမဆောင်နိုင်ပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် တမန်တော်များ၏ လုပ်ငန်းတာဝန်သည် ဟိုဟိုသည်သည် အပြေးအလွှားလုပ်ဆောင်ရန် သို့မဟုတ် တိုက်ခိုက်ရန် မဟုတ်ပေ။ ယင်းမှာ အသက်တာကို ပြုစုခြင်း အလုပ်ကို လုပ်ဆောင်ဖို့နှင့် အခြားသူတို့ကို ၎င်းတို့၏ စိတ်သဘောထားများ ပြောင်းလဲခြင်း၌ ဦးဆောင်ရန် ဖြစ်သည်။ ဤအလုပ်တာဝန်ကို ဆောင်ရွက်သောသူတို့သည် မည်သူမဆို ထမ်းရွက်နိုင်သည် မဟုတ်သည့် လေးလံသောတာဝန်ကို ထမ်းဆောင်ရန် တာဝန်ပေးအပ်ခံရကြလေသည်။ ဤအလုပ်မျိုးကို သမ္မာတရားနှင့် သက်ဆိုင်သော အတွေ့အကြုံရှိသူများဖြစ်သည့် အသက်၏ ဖြစ်တည်မှု ရှိသူတို့ကသာ တာဝန်ယူနိုင်ပေသည်။ ယင်းကို စွန့်လွှတ်နိုင်သူ၊ ဟိုဟိုသည်သည် အပြေးအလွှားလုပ်ဆောင်နိုင်သူ သို့မဟုတ် မိမိတို့ကိုယ်ကိုယ် အသုံးခံရန် လိုလားလျက်ရှိသူ မည်သူမဆိုက တာဝန်ယူနိုင်သည် မဟုတ်ပေ။ သမ္မာတရားနှင့် သက်ဆိုင်သော အတွေ့အကြုံမရှိသူ၊ ပြုပြင်ခြင်း သို့မဟုတ် တရားစီရင်ခြင်းမခံခဲ့ရဖူးသော လူတို့သည် ဤအလုပ်မျိုးကို မလုပ်ဆောင်နိုင်ပေ။ လက်တွေ့အရှိတရား မရှိသည့် လူများဖြစ်သည့် အတွေ့အကြုံမရှိသောသူ လူများသည် ၎င်းတို့ကိုယ်တိုင်သည် ဤဖြစ်တည်မှုမျိုး မရှိကြသောကြောင့် လက်တွေ့အရှိတရားကို ရှင်းလင်းစွာ မမြင်နိုင်ပေ။ သို့ဖြစ်၍ ဤလူစားမျိုးသည် ခေါင်းဆောင်မှုအလုပ်ကို မလုပ်နိုင်သည်သာမက၊ အချိန်အတော်ကြာ သမ္မာတရားမရှိဘဲနေပါက၊ ရှင်းလင်းသုတ်သင်ခြင်း ခံရသောအရာတစ်ခု ဖြစ်သွားပေမည်။ သင်ဖော်ပြသော ထိုးထွင်းသိမြင်မှုသည် အသက်တာ၌ သင်တွေ့ကြုံပြီးဖြစ်သည့် အခက်အခဲများ၊ သင် ပြစ်တင်ဆုံးမခံခဲ့ရသည့် အရာများနှင့် သင် တရားစီရင်ခံခဲ့ရသည့် ပြဿနာများ၏ သက်သေအဖြစ် ရပ်တည်နိုင်ပေသည်။ ဤအရာသည် စမ်းသပ်မှုများနှင့် ပတ်သက်၍လည်း မှန်ကန်ပေသည်- လူတစ်ဦး စစ်ဆေးခံရသည့် နေရာသည်၊ လူတစ်ဦး အားနည်းသည့်နေရာဖြစ်၏- ဤအရာများသည် လူတစ်ဦး ကြုံတွေ့ဖူးသည့်၊ လူတစ်ဦး လမ်းကြောင်းတစ်ခုရှိသည့် နယ်ပယ်များ ဖြစ်သည်။ ဥပမာအားဖြင့်၊ အကယ်၍ တစ်စုံတစ်ဦးသည် အိမ်ထောင်၌ စိတ်ပျက်စရာများ ခံစားရပါက၊ “ဘုရားသခင်ကို ကျေးဇူးတင်ပါသည်၊ ဘုရားသခင်ကို ချီးမွမ်းပါသည်၊ ကျွန်ုပ်သည် ဘုရားသခင်၏ စိတ်နှလုံး ဆန္ဒကို ကျေနပ်စေရမည်ဖြစ်ပြီး၊ ကျွန်ုပ်၏ အသက်တာတစ်ခုလုံးကို ဆက်ကပ်ရပါမည်၊ ပြီးလျှင် ကျွန်ုပ်၏ အိမ်ထောင်ကို ဘုရားသခင်၏ လက်တွင် ကျွန်ုပ် လုံးလုံးလျားလျား ထားရှိရပါမည်။ ကျွန်ုပ်၏ ဘဝတစ်ခုလုံးကို ဘုရားသခင်ထံ ပေးအပ်ရန် ကတိပြုဖို့ ကျွန်ုပ် လိုလားလျက် ရှိပါသည်။” ဟု ၎င်းတို့ မကြာခဏ မိတ်သဟာယပြုကြလိမ့်မည်။ မိတ်သဟာယမှတစ်ဆင့် လူ့အတွင်းရှိ အရာခပ်သိမ်းသည် သူ၏ ဖြစ်ခြင်းကို ပြသနိုင်ပေသည်။ လူတစ်ဦး၏ စကားအမြန်နှုန်း၊ ကျယ်ကျယ် ပြောသည်ဖြစ်စေ ညင်ညင်သာသာ ပြောသည်ဖြစ်စေ- ထိုသို့သော ကိစ္စများသည် အတွေ့အကြုံနှင့် သက်ဆိုင်သော ကိစ္စများ မဟုတ်သကဲ့သို့၊ ၎င်းတို့ ရှိသည့်အရာနှင့် ဖြစ်သည့်အရာကို ကိုယ်စားမပြုနိုင်ပေ။ ဤအရာများသည် လူတစ်ဦး၏ အကျင့်စရိုက် ကောင်းသည် သို့မဟုတ် ဆိုးသည်ကိုသာ ပြောပြနိုင်သည်၊ သို့မဟုတ် ၎င်းတို့၏ သဘာဝ ကောင်းသည် သို့မဟုတ် ဆိုးသည်ကို ပြောပြနိုင်သော်လည်း၊ ယင်းတို့ကို လူတစ်ဦး၌ အတွေ့အကြုံ ရှိမရှိဆိုသည်နှင့် တန်းတူထား၍မရနိုင်ပေ။ စကားပြောချိန်တွင် မိမိကိုယ်ကိုယ် ဖော်ပြနိုင်စွမ်း သို့မဟုတ် ကျွမ်းကျင်မှု သို့မဟုတ် စကားအမြန်နှုန်းသည် အလေ့အကျင့်နှင့်သာ သက်ဆိုင်သော အရာဖြစ်ပြီး လူတစ်ဦး၏အတွေ့အကြုံကို အစားမထိုးနိုင်ပေ။ သင်၏တစ်ဦးချင်း အတွေ့အကြုံများအကြောင်း သင်ပြောပြချိန်တွင်၊ အရေးကြီးသည်ဟု သင်မြင်သော အရာနှင့် သင့်အတွင်းရှိ အရာအားလုံးကို သင်မိတ်သဟာယပြုလေသည်။ ငါ၏စကားသည် ငါ၏ဖြစ်တည်မှုကို ကိုယ်စားပြုသော်လည်း၊ ငါပြောသော အရာကို လူသားက လက်လှမ်းမမီနိုင်ပေ။ ငါပြောသောအရာသည် လူသားတွေ့ကြုံသည့် အရာမဟုတ်သကဲ့သို့၊ လူသားက မြင်နိုင်သည့် အရာတစ်ခု မဟုတ်ပေ။ ယင်းသည် လူသားက တွေ့ထိနိုင်သည့် အရာလည်း မဟုတ်ဘဲ၊ ငါ၏ဖြစ်တည်မှု ဖြစ်ပေသည်။ ငါမိတ်သဟာယဖွဲ့သော အရာသည် ငါတွေ့ကြုံဖူးသော အရာဖြစ်သည်ဟုသာ လူအချို့က အသိအမှတ်ပြု ကြသော်လည်း၊ ယင်းသည် ဝိညာဉ်တော်၏ တိုက်ရိုက်ဖော်ပြချက် ဖြစ်သည်ကို ၎င်းတို့ သတိမပြုမိကြချေ။ မှန်ပေ၏၊ ငါပြောသောအရာသည် ငါတွေ့ကြုံဖူးသောအရာ ဖြစ်သည်။ နှစ်ပေါင်း ခြောက်ထောင်ကျော်ကြာ စီမံခန့်ခွဲမှု အလုပ်ကို လုပ်ဆောင်ပြီးသည့်သူမှာ ငါဖြစ်၏။ ငါသည် လူသားမျိုးနွယ်ကို ဖန်ဆင်းခြင်း အစအဦးမှ ယခုတိုင်အောင် အရာရာကို တွေ့ကြုံပြီးဖြစ်သည်။ ယင်းကို ငါ မည်သို့ မဆွေးနွေးနိုင်ဘဲ ရှိလိမ့်မည်နည်း။ လူသား၏သဘာဝနှင့် ပတ်သက်လာသည့်အခါ၊ ငါသည် ရှင်းလင်းစွာ မြင်ခဲ့ပြီးဖြစ်သည်။ ယင်းကို ငါ အချိန်ကြာမြင့်စွာက စောင့်ကြည့်ခဲ့ပေသည်။ ထိုအရာနှင့်ပတ်သက်၍ ငါသည် အဘယ်သို့ ရှင်းလင်းစွာ မပြောနိုင်ဘဲ ရှိလိမ့်မည်နည်း။ ငါသည် လူသား၏အနှစ်သာရကို ရှင်းလင်းစွာ တွေ့မြင်ပြီးဖြစ်သည့်အတွက်၊ လူသားကို ပြစ်တင်ဆုံးမရန်နှင့် တရားစီရင်ရန် ငါသည် အရည်အချင်းပြည့်မီ၏၊ အဘယ်ကြောင့်ဆိုသော် လူသား၏ အရာခပ်သိမ်းသည် ငါ့ထံမှ လာသော်လည်း၊ စာတန်၏ ဖျက်ဆီးခြင်းကို ခံရပြီးဖြစ်သောကြောင့် ဖြစ်သည်။ မှန်ပေ၏၊ ငါသည် ငါပြုသောအမှုကိုလည်း အကဲဖြတ်ရန် အရည်အချင်းပြည့်မီပေသည်။ ဤအမှုသည် ငါ၏ လူ့ဇာတိဖြင့် လုပ်ဆောင်ခဲ့ခြင်း မဟုတ်သော်လည်း၊ ဝိညာဉ်တော်၏ တိုက်ရိုက်ဖော်ပြချက်ဖြစ်ပြီး ဤသည်မှာ ငါ၏အရာအားလုံးနှင့် ငါ၏ဖြစ်ခြင်း ဖြစ်သည်။ ထို့ကြောင့်၊ ငါသည် ယင်းကိုဖော်ပြရန်နှင့် ငါလုပ်သင့်သောအလုပ်ကို လုပ်ဆောင်ရန် အရည်အချင်း ပြည့်မီပေသည်။ လူတို့ပြောသော အရာသည် ၎င်းတို့ တွေ့ကြုံပြီးသောအရာဖြစ်သည်။ ယင်းသည် ၎င်းတို့တွေ့မြင်ပြီးသောအရာ၊ ၎င်းတို့၏ စိတ်များ အလှမ်းမီနိုင်သောအရာနှင့် ၎င်းတို့အာရုံများက သတိပြုမိနိုင် သောအရာ ဖြစ်သည်။ ယင်းသည် ၎င်းတို့ မိတ်သဟာယပြုနိုင်သောအရာ ဖြစ်သည်။ ဘုရားသခင်၏ လူ့ဇာတိခံ ခန္ဓာကပြောဆိုသော နှုတ်ကပတ်တော်များသည် ဝိညာဉ်တော်၏ တိုက်ရိုက်ဖော်ပြချက်ဖြစ်ပြီး ယင်းတို့သည် ဝိညာဉ်တော် လုပ်ဆောင်ပြီးသော အမှုကို ဖော်ပြလေသည်။ ယင်းကို ဇာတိခန္ဓာက မတွေ့ကြုံဖူး သို့မဟုတ် မမြင်ဖူးသော်လည်း၊ ဇာတိခန္ဓာ၏ အနှစ်သာရသည် ဝိညာဉ်တော် ဖြစ်သည့်အတွက် သူသည် သူ၏ဖြစ်ခြင်းကို ဖော်ပြဆဲဖြစ်ပြီး ဝိညာဉ်တော်၏ အလုပ်ကို သူ ဖော်ပြလေသည်။ ယင်းကို ဇာတိခန္ဓာက လက်လှမ်းမမီနိုင်သော်လည်း၊ ဝိညာဉ်တော် လုပ်ဆောင်နှင့်ပြီးသော အလုပ်ဖြစ်သည်။ လူ့ဇာတိခံယူခြင်းနောက်တွင်၊ ဇာတိခန္ဓာ၏ ဖော်ပြချက်မှတစ်ဆင့် သူသည် လူတို့ကို ဘုရားသခင်၏ဖြစ်တည်ခြင်းအား သိရှိနိုင်စေပြီး၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် သူပြုခဲ့သောအမှုတို့ကို မြင်တွေ့ ခွင့်ပေးလေသည်။ လူသား၏အလုပ်သည် လူတို့ကို ၎င်းတို့ ဝင်ရောက်သင့်သော အရာနှင့် ၎င်းတို့နားလည်သင့်သော အရာတို့နှင့် ပတ်သက်သည့် သာ၍ ရှင်းလင်းပြတ်သားမှုကို ပေးလေသည်။ ယင်းတွင် လူတို့ကို သမ္မာတရားကို သိနားလည်ခြင်းနှင့် တွေ့ကြုံခြင်းဆီသို့ ဦးဆောင်ခြင်း ပါဝင်လေသည်။ လူသား၏ အလုပ်သည် လူတို့ကို အားဖြည့်ရန်ဖြစ်သည်၊ ဘုရားသခင်၏ အမှုသည် လူသားမျိုးနွယ်အတွက် လမ်းကြောင်းသစ်များနှင့် ခေတ်သစ်များကို ဖွင့်လှစ်ပေးရန် ဖြစ်ပြီး၊ လူတို့ကို သူ၏ စိတ်သဘောထားအား သိရှိနိုင်စေရင်း၊ သေမျိုးများ မသိထားကြသည့် အရာကို လူများအား ထုတ်ဖော်ပြဖို့ ဖြစ်သည်။ ဘုရားသခင်၏ အမှုသည် လူသားမျိုးနွယ် အားလုံးကို ဦးဆောင်ရန်ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုနှင့် လူသား၏အလုပ်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ ပေါ်ထွန်းခြင်း နှင့် အမှုတော် | ကောက်နုတ်ချက် ၄၇

ဖိလဒေလဖိအသင်းတော်သည် ရုပ်လုံးပေါ်လာခဲ့သည်မှာ ဘုရားသခင်၏ကျေးဇူးနှင့် ကရုဏာတော်ကြောင့် လုံးလုံးဖြစ်၏။ ၎င်းတို့၏ ဝိညာဉ်ရေးရာ ခရီးပေါ်တွင်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၁၃

သင်သည် ဘုရားသခင်၌ ယုံကြည်သူတစ်ဦးနှင့်ဆိုင်သည့် လမ်းကြောင်း၏ အလွန်သေးငယ်သည့် အစိတ်အပိုင်း တစ်ခုကိုသာ လျှောက်လှမ်းပြီးဖြစ်ကာ လမ်းမှန်ပေါ်သို့...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၇၃

သင်မည်သည့်အရာကို လုပ်ဆောင်ပါစေ၊ အဘယ်ကြောင့် သင်လုပ်ဆောင်နေသည်၊ ဤအရာကို လုပ်ဆောင်ရန် မည်သည့် ရည်ရွယ်ချက်က သင့်ကို ညွှန်ကြားသည်၊ ယင်းကို...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၀၂

တစ်ခါတစ်ရံတွင် လူတို့သည် ဘုရားသခင်အား သူတို့ဘဝဖြစ်စေမည်ဟု ပြောကြသော်လည်း သူတို့သည် ထိုအဆင့်၌ တွေ့ကြုံခံစားရသည့် အတွေ့အကြုံကို မရရှိကြသေးပေ။...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။