ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “ဘုရားသခင်၏ အလုပ်နှင့် လူသား၏အလုပ်” | ကောက်နုတ်ချက် ၁၇၈

လူသား၏အလုပ်သည် အတိုင်းအတာနှင့် အကန့်အသတ်များရှိသည်။ လူတစ်ဦးသည် တိကျသော အဆင့်တစ်ခု၏ အလုပ်ကိုသာ လုပ်နိုင်ပြီး ခေတ်တစ်ခေတ်လုံး၏ အလုပ်ကို မလုပ်နိုင်ပေ။ သို့မဟုတ်ပါက သူသည် လူတို့ကို စည်းမျဉ်းစည်းကမ်းများဖြင့် ဦးဆောင်လိမ့်မည် ဖြစ်သည်။ လူသားအလုပ်သည် အချိန်တစ်ခု သို့မဟုတ် အဆင့်တစ်ဆင့်တွင်သာ သင့်လျော်နိုင်သည်။ ထိုသို့ဖြစ်ရခြင်းမှာ လူသား၏ အတွေ့အကြုံသည် နယ်ပယ်တစ်ခုရှိသောကြောင့် ဖြစ်သည်။ တစ်ယောက်သောသူသည် လူသား၏အလုပ်ကို ဘုရားသခင်၏ အလုပ်နှင့် နှိုင်းယှဉ်ခြင်းမပြုနိုင်ပေ။ လူသား၏ကျင့်ကြံမှု နည်းလမ်းများနှင့် သမ္မာတရားနှင့်ပတ်သက်သော သူ၏အသိပညာသည် တိကျသော နယ်ပယ်တစ်ခုနှင့်သာ အားလုံးသင့်လျော်လေသည်။ လူသားတို့ နင်းလျှောက်သော လမ်းကြောင်းသည် သန့်ရှင်းသောဝိညာဉ်တော်၏ အလိုတော်အပြည့်အဝဖြစ်သည်ဟု သင်မပြောနိုင်ပေ။ အကြောင်းမှာ လူသားသည် သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ဉာဏ်အလင်းပေးခြင်းကိုသာ ခံရနိုင်ပြီး သန့်ရှင်းသော ဝိညာဉ်တော်ဖြင့် အလုံးစုံ ပြည့်ဝခြင်း မခံရနိုင်ပေ။ လူသားတို့ တွေ့ကြုံနိုင်သည့် အရာများအားလုံးသည် သာမန် လူသားမျိုးနွယ်၏ နယ်ပယ်အတွင်းတွင်သာရှိပြီး သာမန်လူသား၏စိတ်အတွင်းမှ အတွေးများ၏ အတိုင်းအတာထက် မကျော်လွန်နိုင်ပေ။ လက်တွေ့ကျသော ဖော်ပြချက်များနှင့် လူအားလုံးသည် ဤအတိုင်းအတာအတွင်း တွေ့ကြုံကြသည်။ သူတို့သည် သမ္မာတရားကို တွေ့ကြုံချိန်တွင် ယင်းသည် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းပေးမှုအောက်မှ သာမန်လူသား အသက်တာဖြင့် အတွေ့အကြုံတစ်ခုသာ အမြဲဖြစ်ပြီး သာမန်လူသားအသက်တာမှ ကွဲလွဲသောနည်းလမ်း တစ်ခုဖြင့် တွေ့ကြုံခြင်းမဟုတ်ပေ။ သူတို့၏ လူသားအသက်တာတွင် နေထိုင်ခြင်း အခြေခံပေါ်တွင် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးသော သမ္မာတရားကို သူတို့သည် တွေ့ကြုံကြသည်။ ထို့အပြင် ဤသမ္မာတရားသည် လူတစ်ဦးနှင့်တစ်ဦး ကွဲပြားပြီး ထိုအရာ၏အတိမ်အနက်သည် လူတစ်ဦး၏ အခြေအနေနှင့် ဆက်နွှယ်သည်။ လူတစ်ယောက်က သူတို့လျှောက်သော လမ်းသည် သမ္မာတရားကို လိုက်လျှောက်သော လူသားတစ်ဦး၏ သာမန်လူ့အသက်တာဖြစ်ပြီး ယင်းသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းရှိသော သာမန်လူသားတစ်ဦးကလျှောက်သော လမ်းကြောင်းဖြစ်သည်ဟုသာ ဆိုနိုင်ပါသည်။ လူတစ်ယောက်က သူတို့နင်းလျှောက်သော လမ်းကြောင်းသည် သန့်ရှင်းသော ဝိညာဉ်တော် သုံးသောလမ်းကြောင်းမဟုတ်ဟု သင်မဆိုနိုင်ပေ။ သာမန်လူသားအတွေ့အကြုံတွင် လိုက်လျှောက်သော လူတို့သည် မတူညီသောကြောင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သည်လည်း တူညီမှုမရှိပေ။ ထို့အပြင် သူတို့တွေ့ကြုံသော အတွေ့အကြုံများနှင့် သူတို့အတွေ့အကြုံ၏ အတိုင်းအတာများသည် မတူညီသဖြင့်၊ သူတို့၏စိတ်နှင့်အတွေးများ ရောနှောနေခြင်းကြောင့် သူတို့၏အတွေ့အကြုံသည် မတူညီသော အဆင့်များဖြင့် ရောနှောနေပါသည်။ လူတစ်ဦးစီသည် သူတို့တစ်ဦးစီ၏ မတူညီသောအခြအနေများနှင့်အညီ သမ္မာတရားကို နားလည်ကြသည်။ သမ္မာတရား၏ စစ်မှန်သောအဓိပ္ပာယ်အပေါ် သူတို့၏နားလည်မှုသည် မပြည့်စုံဘဲ ယင်း၏ ရှုထောင့်တစ်ခု သို့မဟုတ် ရှုထောင့်အနည်းငယ်သာ ဖြစ်လေသည်။ လူသားတွေ့ကြုံသော သမ္မာတရား၏ နယ်ပယ်သည် လူတစ်ဦးစီ၏ မတူညီသောအခြေအနေများပေါ်တွင် အခြေခံသောကြောင့် တူညီမှုမရှိကြပေ။ ဤနည်းအားဖြင့် မတူညီသောသူများက တူညီသောသမ္မာတရားကို ဖော်ပြသည့် အသိပညာသည် ကွဲပြားလေသည်။ ဆိုလိုသည်မှာ လူသား၏အတွေ့အကြုံသည် အမြဲတမ်းအကန့်အသတ်များရှိပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ အလိုတော်ကို အပြည့်အဝကိုယ်စားပြုနိုင်ခြင်းမရှိပေ။ လူသားဖော်ပြသော အရာသည် ဘုရားသခင်၏ အလိုတော်နှင့် အလွန်နီးစပ်စွာ ဆက်စပ်နေလျှင်ပင်ဖြစ်စေ၊ လူသား၏ အတွေ့အကြုံသည် သန့်ရှင်းသောဝိညာဉ်တော်က လုပ်ဆောင်သော စုံလင်ခြင်းအလုပ်နှင့် အလွန်နီးစပ်နေလျှင်ပင်ဖြစ်စေ လူသားအလုပ်ကို ဘုရားသခင်၏အလုပ်ကဲ့သို့ ရှုမြင်နိုင်ခြင်း မရှိပေ။ လူသားသည် ဘုရားသခင်က သူ့ကို အပ်နှံထားသောအလုပ်ကို လုပ်ဆောင်ပြီး ဘုရားသခင်၏ငယ်သားသာ ဖြစ်နိုင်ပါသည်။ လူသားသည် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းပေးမှုအောက်မှ အသိပညာနှင့် သူတို့ကိုယ်ပိုင်အတွေ့အကြုံများထံမှရရှိသော သမ္မာတရားများကိုသာ ဖော်ပြနိုင်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လမ်းကြောင်းဖြစ်ရန် လူသားသည် အရည်အချင်းမပြည့်မီ၊ အခြေအနေများမရှိပေ။ လူသား၏အလုပ်သည် ဘုရားသခင်၏ အလုပ်ဖြစ်သည်ဟု သူဆိုနိုင်ခွင့်မရှိပေ။ လူသားတွင် လူသား၏ အလုပ်လုပ်သည့် နည်းဥပဒေသများရှိပြီး လူသားအားလုံးသည် ကွဲပြားသော အတွေ့အကြုံများရှိကာ မတူညီသော အခြေအနေများကို ပိုင်ဆိုင်သည်။ လူသားအလုပ်တွင် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးမှုအောက်မှ သူ၏အတွေ့အကြုံအားလုံးပါဝင်သည်။ ဤအတွေ့အကြုံများသည် လူသား၏ ဖြစ်ခြင်းကိုသာ ကိုယ်စားပြုပြီး ဘုရားသခင်၏ဖြစ်ခြင်း သို့မဟုတ် သန့်ရှင်းသော ဝိညာဉ်တော်၏ အလိုတော်ကို ကိုယ်စားပြုခြင်းမရှိပေ။ ထို့ကြောင့် လူသားလျှောက်သော လမ်းကြောင်းသည် သန့်ရှင်းသော ဝိညာဉ်တော်လျှောက်သော လမ်းဖြစ်သည်ဟု မဆိုနိုင်ပေ။ အကြောင်းမှာ လူသား၏အလုပ်သည် ဘုရားသခင်၏အလုပ်ကို ကိုယ်စားမပြုသောကြောင့်ဖြစ်ပြီး လူသား၏အလုပ်နှင့် လူသား၏ အတွေ့အကြုံသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလိုတော်အပြည့်အဝ မဟုတ်သောကြောင့် ဖြစ်သည်။ လူသား၏အလုပ်သည် စည်းမျဉ်းတစ်ခုအတွင်းသို့ ကျရောက်နိုင်ချေရှိပြီး သူ့အလုပ်၏နည်းလမ်းသည် အကန့်အသတ်ရှိသော နယ်ပယ်တစ်ခုအတွင်းတွင် လွယ်လင့်တကူ ကန့်သတ်ထားပြီး လူသားတို့ကို လွတ်မြောက်ခြင်းလမ်းသို့ ဦးဆောင်နိုင်ခြင်းမရှိပေ။ နောက်လိုက်အများစုသည် အကန့်အသတ်ရှိသော နယ်ပယ်တစ်ခုအတွင်းတွင် နေထိုင်ပြီး သူတို့၏တွေ့ကြုံမှုနည်းလမ်းသည်လည်း ထိုနယ်ပယ်အတွင်းတွင် ကန့်သတ်ထားလေသည်။ လူသား၏အတွေ့အကြုံသည် အမြဲတမ်းအကန့်အသတ်ရှိသည်။ သူ့အလုပ်၏ နည်းလမ်းသည် အမျိုးအစားအနည်းငယ်အတွင်းတွင် ကန့်သတ်ထားခြင်းခံရပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏အလုပ် သို့မဟုတ် ဘုရားသခင် ကိုယ်တော်တိုင်၏အလုပ်နှင့် နှိုင်းယှဉ်နိုင်ခြင်းမရှိပေ။ ယင်းသည် နောက်ဆုံး၌ လူသား၏ အတွေ့အကြုံသည် အကန့်အသတ်ရှိခြင်းကြောင့်ဖြစ်သည်။ သို့ရာတွင် ဘုရားသခင်သည် သူ၏အလုပ်ကိုလုပ်သည်။ ထိုအထဲတွင် စည်းမျဉ်းများမပါဝင်ပေ။ ထိုအလုပ်ကို မည်သို့ ပြုလုပ်သည်ဖြစ်စေ ယင်းကို နည်းလမ်းတစ်ခုတည်းဖြင့် ကန့်သတ်ထားခြင်းမဟုတ်ပေ။ ဘုရားသခင်၏ အလုပ်အတွက် မည်သို့ပင်ဖြစ်စေကာမူ စည်းမျဉ်းမရှိပေ။ သူ၏အလုပ်အားလုံးသည် လွတ်လပ်စွာ လုပ်ဆောင်လေသည်။ လူသားသည် ဘုရားသခင်နောက်လိုက်ပြီး အချိန်မည်မျှ ကုန်ဆုံးခဲ့စေကာမူ သူ့အလုပ်၏နည်းလမ်းများအတွက် ဥပဒေများကို အကျဉ်းချုံးဖော်ပြနိုင်ခြင်း မရှိပေ။ ဘုရားသခင်၏ အလုပ်သည် စည်းကမ်းရှိသော်လည်း ယင်းကို အမြဲတမ်းနည်းလမ်းသစ်များဖြင့် ပြုလုပ်ပြီး၊ ယင်းသည် လူသားတို့ လက်လှမ်းမီနိုင်မှုမှကျော်လွန်သည့် အသစ်သော တိုးတက်မှုများ အစဉ်အမြဲရှိသည်။ အချိန်ကာလ တစ်ခုအတွင်းတွင် ဘုရားသခင်သည် ကွဲပြားသော အလုပ်အမျိုးအစားများနှင့် ကွဲပြားသော ဦးဆောင်မှုနည်းလမ်းများရှိနိုင်ကာ လူသားတို့ကို အသစ်သော ဝင်ရောက်မှုများနှင့် အသစ်သော ပြောင်းလဲမှုများရှိရန် ခွင့်ပြုလေသည်။ သင်သည် ဘုရားသခင်အလုပ်၏ ဥပဒေများကို ရှာဖွေနိုင်ခြင်းမရှိပေ။ အကြောင်းမှာ သူသည် အမြဲတမ်း အသစ်သော နည်းလမ်းများဖြင့် အလုပ်လုပ်ကိုင်သောကြောင့် ဖြစ်သည်။ ဤနည်းလမ်းဖြင့်သာ ဘုရားသခင်၏ နောက်လိုက်များသည် စည်းမျဉ်းများထဲသို့ မကျရောက်နိုင်မည် ဖြစ်သည်။ ဘုရားသခင် ကိုယ်တော်တိုင်၏အလုပ်သည် လူသား၏အယူအဆများကို ရှောင်ရှားပြီး သူတို့၏ အယူအဆကို ဆန့်ကျင်သည်။ စစ်မှန်သော နှလုံးသားတစ်ခုနှင့် ဘုရားသခင်နောက်သို့ နောက်လိုက်ပြီး လိုက်လျှောက်သောသူများသာလျှင် သူတို့၏ စိတ်သဘောထားများ အသွင်သဏ္ဌာန်ပြောင်းလဲမှုရှိနိုင်ပြီး၊ မည်သည့်စည်းမျဉ်း၏ အောက်တွင်မှမရှိဘဲ သို့မဟုတ် မည်သည့် ဘာသာတရားအယူအဆများဖြင့် ချုပ်နှောင်ထားခြင်းမရှိဘဲ လွတ်လပ်စွာ နေနိုင်လေသည်။ လူသား၏အလုပ်က လူတို့ကို တောင်းဆိုသည့် အရာသည် သူ၏ကိုယ်ပိုင်အတွေ့အကြုံနှင့် သူကိုယ်တိုင်ရနိုင်သော အရာပေါ်တွင် အခြေခံသည်။ ဤသတ်မှတ်ချက်များ၏ အဆင့်အတန်းသည် တိကျသော နယ်ပယ်တစ်ခုအတွင်းတွင် ကန့်သတ်ထားပြီး ကျင့်ဆောင်သည့် နည်းလမ်းများသည်လည်း အလွန်အကန့်အသတ်ရှိသည်။ ဤသို့ဖြင့် နောက်လိုက်သူများသည် ဤကန့်သတ်သော နယ်ပယ်အတွင်းတွင် မသိလိုက်ပါဘဲနှင့် အသက်ရှင်ကြသည်။ အချိန်ကုန်လွန်လာသည်နှင့်အမျှ ၎င်းတို့သည် စည်းမျဉ်းများနှင့် ရိုးရာဓလေ့များဖြစ်လာသည်။ အကယ်၍ ကာလတစ်ခု၏ အလုပ်သည် ဘုရားသခင်၏ ကိုယ်တိုင်ကိုယ်ကျ စုံလင်အောင်ပြုခြင်းကို မဖြတ်ကျော်ခဲ့ဘဲ တရားစီရင်ခြင်းကိုမရခဲ့သော သူတစ်ဦးမှ ဦးဆောင်ခြင်းခံရလျှင် သူ၏နောက်လိုက်များအားလုံးသည် ဘာသာရေးသမားများနှင့် ဘုရားသခင်ကို ခုခံဆန့်ကျင်ခြင်းတွင် ကျွမ်းကျင်ပညာရှင်များ ဖြစ်လာလိမ့်မည်။ ထို့ကြောင့် အကယ်၍ တစ်စုံတစ်ယောက်သည် အရည်အချင်းရှိသော ခေါင်းဆောင်တစ်ဦးဖြစ်ပါက ထိုသူသည် တရားစီရင်ခြင်းကို ဖြတ်သန်းပြီး စုံလင်အောင်ပြုခြင်းကို လက်ခံသင့်သည်။ တရားစီရင်မှုကို ဖြတ်သန်းခြင်း မရှိသောသူများသည် သန့်ရှင်းသောဝိညာဉ်တော်၏အလုပ် သူတို့၌ရှိနေနိုင်သော်လည်း သူတို့သည် ဝေဝါးပြီး မစစ်မှန်သော အရာများကိုသာ ဖော်ပြသည်။ အချိန်နှင့်အမျှ သူတို့သည် လူတို့ကို ဝေဝါးပြီး သဘာဝလွန်သော စည်းမျဉ်းများအတွင်းသို့ ဦးဆောင်လိမ့်မည်။ ဘုရားသခင်လုပ်ဆောင်သော အလုပ်သည် လူသား၏ ဇာတိပကတိနှင့် ကိုက်ညီခြင်းမရှိပေ။ ယင်းသည် လူသား၏ အတွေးနှင့်အညီမဟုတ်ဘဲ လူသား၏ အယူအဆနှင့် ဆန့်ကျင်လေသည်။ ယင်းသည် ဝေဝါးသောဘာသာတရား အရောင်နှင့် ရောနှောခြင်းမရှိပေ။ ဘုရားသခင်အလုပ်၏ ရလဒ်များကို ဘုရားသခင်က စုံလင်အောင် ပြုပေးခြင်းမခံရသော လူသားတစ်ဦးက မရရှိနိုင်ဘဲ ယင်းသည် လူသား၏အတွေးရောက်နိုင်သည့် အရာထက် ကျော်လွန်လေသည်။

(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ)

သင်သည် သခင် ပြန်ကြွလာခြင်းကို ကြိုဆိုသည့်နည်းလမ်း၊ ဘုရားသခင်နှင့် သာ၍ နီးစပ်သော ပေါင်းသင်းဆက်ဆံရေးတစ်ခုကို တည်ထောင်သည့်နည်းလမ်း၊ ဘုရားသခင်ထံ ဆုတောင်းသည့်နည်းလမ်း စသည်တို့ကို သင်ယူလေ့လာ လိုပါသလား။ ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ဖို့ အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ -“လူသား၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း” -ကောက်နုတ်ချက် ၅၈၉

ဖန်ဆင်းရှင်သည် သက်ရှိသတ္တဝါအားလုံးကို စီစဉ်ညွှန်ကြားရန် ရည်ရွယ်၏။ သူလုပ်သည့်အရာတစ်ခုကိုမျှ သင်စွန့်ပစ်ခြင်း သို့မဟုတ် မနာခံခြင်း မပြုရ။...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “သင်သည် ဘုရားသခင်ကို ယုံကြည်သောကြောင့် သမ္မာတရားအတွက် အသက်ရှင်သင့်သည်” | ကောက်နုတ်ချက် ၃၉၃

လူသားအားလုံး၌ တည်ရှိနေသော ဘုံပြဿနာမှာ ၎င်းတို့သည် သမ္မာတရားကို သဘောပေါက် နားလည်ပါလျက်နှင့် လက်တွေ့ကျင့်သုံးရန် ပျက်ကွက်ခြင်း ဖြစ်သည်။...