ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၁၈၄

ထိုအချိန်က ယေရှု၏ အမှုမှာ လူသားမျိုးနွယ်တစ်ရပ်လုံးကို ရွေးနှုတ်ခြင်း ဖြစ်ခဲ့သည်။ သူ့ကို ယုံကြည်သူတို့၏ အပြစ်များအားလုံးသည် ခွင့်လွှတ်ခြင်း ခံခဲ့ရလျက်၊ သူ့ကို ယုံကြည်နေသရွေ့ သူက သင့်ကို ရွေးနှုတ်မည်၊ အကယ်၍ သင်သည် သူ့ကို ယုံကြည်ပါက သင်၏အပြစ်များ အားလုံး ဖြေလွှတ်ခြင်းခံရပြီး သင်သည် အပြစ်သားတစ်ယောက် မဟုတ်တော့ပေ။ ဤသည်မှာ ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခံရခြင်းနှင့် ဖြောင့်မတ်ရာသို့ရောက်ခြင်း ဟူသည့် အဓိပ္ပာယ်ဖြစ်သည်။ သို့သော် ယုံကြည်ခဲ့ကြသည့် သူများအတွင်း၌ ဘုရားသခင်ကို ဆန့်ကျင် ပုန်ကန်လိုသည့်အရာ ကျန်နေသေး၍ ၎င်းကို တဖြည်းဖြည်းချင်း ဖယ်ရှားပစ်ရန် လိုခဲ့ပါသေးသည်။ ကယ်တင်ခြင်းဟူသည်မှာ လူသားသည် ယေရှု၏ ရယူခြင်းကို အပြည့်အဝ ခံခဲ့ပြီးပြီဟု ဆိုလိုခြင်းမဟုတ်ဘဲ လူသား၏ အပြစ်များခွင့်လွှတ်ခြင်းခံရကာ သူသည်အပြစ်တရားနှင့် မသက်ဆိုင်တော့ခြင်းကို ဆိုလိုပြီး၊ သင်ယုံကြည်ပြီဆိုပါက အပြစ်တရားနှင့် နောက်တစ်ဖန် မည်သည့်အခါမျှ သက်ဆိုင်တော့မည် မဟုတ်ချေ။ ထိုအချိန်က ယေရှုသည် သူ၏တပည့်များ နားလည်နိုင်စွမ်းမရှိသည့် အမှုများစွာကို လုပ်ဆောင်ခဲ့ပြီး၊ လူများ နားမလည်သည့် အရာများစွာကို မိန့်ကြားခဲ့သည်။ ထိုစဉ်တုန်းက သူသည် ရှင်းပြချက်မပေးခဲ့၍ ထိုသို့ဖြစ်ခဲ့ရသည်။ သို့ဖြစ်၍ သူခွဲခွာသွားခဲ့သည့်နောက် နှစ်အချို့ကြာမှ မဿဲက သူ၏ ဆွေစဉ်မျိုးဆက်စာရင်းကို ပြုစုခဲ့ပြီး အခြားသူများကလည်း မိမိတို့ဆန္ဒအလျောက် အလုပ်များစွာ လုပ်ဆောင်ခဲ့ကြသည်။ ယေရှုသည် လူသားကို စုံလင်စေရန်နှင့် ရယူရန် လာခဲ့ခြင်းမဟုတ်ဘဲ၊ အမှု၏ အဆင့်တစ်ဆင့်ကို လုပ်ဆောင်ရန် လာခဲ့ခြင်းဖြစ်သည်- ကောင်းကင် နိုင်ငံတော်၏ ဧဝံဂေလိတရားကို ယူဆောင်လာရန်နှင့် လက်ဝါးကပ်တိုင်ပေါ် အသက်စွန့်သည့်အမှုကို ပြီးဆုံးအောင်လုပ်ဆောင်ရန် ဖြစ်သောကြောင့် ယေရှု ကားစင်တင်သတ်ခြင်းခံခဲ့ရပြီးသည်နှင့် သူ၏အမှုမှာ ပြီးပြည့်စုံသော အဆုံးသတ်ကို ရောက်လာခဲ့သည်။ သို့သော် လက်ရှိအဆင့်ဖြစ်သည့် သိမ်းပိုက်ခြင်းအလုပ်ထဲတွင် သာ၍များသော နှုတ်ကပတ်တော်များကို ပြောကြားရပေမည်၊ သာ၍များသော အလုပ်ကို လုပ်ကိုင်ရပေမည်ဖြစ်ပြီး လုပ်ငန်းစဉ်များ မြောက်မြားစွာ ရှိရမည်ဖြစ်သည်။ သို့ဖြစ်၍ ယေရှုနှင့် ယေဟောဝါတို့၏ အမှု၏ နက်နဲရာများကိုပါ ထုတ်ဖော်ရပေမည်၊ သို့မှသာ လူသားအားလုံးတို့သည် သူတို့၏ ယုံကြည်မှုတွင် နားလည်မှုနှင့် စိတ်ရှင်းလင်းပြတ်သားမှု ရှိနိုင်ကြမည် ဖြစ်သည်၊ အကြောင်းမှာ ဤအရာသည် နောက်ဆုံးသောကာလ၏ အလုပ်ဖြစ်ပြီး နောက်ဆုံးသောကာလသည် ဘုရားသခင့်အလုပ်၏အဆုံး၊ ဤအလုပ်၏ နိဂုံးကာလဖြစ်သောကြောင့် ဖြစ်သည်။ အမှု၏ လက်ရှိအဆင့်က သင့်အား ယေဟောဝါ၏ ပညတ်တရားနှင့် ယေရှု၏ ရွေးနှုတ်ခြင်းတို့ကို ရှင်းပြပေးမည်ဖြစ်၍၊ အဓိကအားဖြင့် သင်သည် ဘုရားသခင်၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်၏ လုပ်ငန်း တစ်ခုလုံးကို နားလည်လျက် ဤအနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်၏ အရေးပါမှုနှင့် အနှစ်သာရအလုံးစုံကို တန်ဖိုးထားရန်၊ ယေရှုလုပ်ဆောင်ခဲ့သည့် အမှုနှင့် သူပြောဆိုခဲ့သည့် နှုတ်ကပတ်တော်များ အားလုံး၏ ရည်ရွယ်ချက်ကို နားလည်ရန်နှင့် သင်၏ သမ္မာကျမ်းစာအပေါ် မျက်ကန်းယုံကြည်လက်ခံမှုနှင့် ကြည်ညိုမှုကိုပင်လျှင် နားလည်ရန် ဖြစ်သည်။ ၎င်းက သင့်အား ထိုအချက်များ အားလုံးကိုစေ့စပ်သေချာစွာ နားလည်လာစေလိမ့်မည်။ သင်သည် ယေရှုလုပ်ဆောင်ခဲ့သည့် အလုပ်ကိုရော ဘုရားသခင်၏ ယနေ့ လုပ်ရပ်ကိုပါ နားလည်လာ လိမ့်မည်ဖြစ်ပြီး၊ သင်သည် သမ္မာတရား၊ အသက်နှင့် လမ်းခရီး အားလုံးတို့ကို သိနားလည်လျက် စွဲကိုင်ထားလိမ့်မည် ဖြစ်သည်။ ယေရှု လုပ်ဆောင်ခဲ့သည့် အလုပ်အဆင့်တွင် ယေရှုသည် အဘယ်ကြောင့် ဆုံးခန်းတိုင်အောင် မလုပ်ဘဲ ထွက်ခွာသွားခဲ့သနည်း။ အဘယ်ကြောင့် ဆိုသော် ယေရှုအလုပ်၏အဆင့်သည် အဆုံးသတ်ခြင်းအလုပ် မဟုတ်ခဲ့၍ ဖြစ်သည်။ သူသည် ကားတိုင်ပေါ် သံမှိုစွဲနှက်ခံရသည့်အချိန်တွင် သူ၏ နှုတ်ကပတ်တော်များသည်လည်း အဆုံးသို့ ရောက်လာခဲ့သည်၊ ကားတိုင်ပေါ် အသက်စွန့်ခဲ့ပြီးသည့်နောက် သူ၏ အလုပ်မှာ လုံးလုံးလျားလျား ပြီးဆုံးသွားခဲ့သည်။ လက်ရှိအဆင့်မှာ ကွဲပြား ခြားနားသည်- နှုတ်ကပတ်တော်များကို အဆုံးတိုင်အောင် မိန့်ကြား ပြီးသွားလျက် ဘုရားသခင်၏ လုပ်ဆောင်ချက် တစ်ရပ်လုံး ပြီးဆုံးသွားမှသာ သူ၏အလုပ်သည် ပြီးဆုံးလိမ့်မည်ဖြစ်သည်။ ယေရှု၏ လုပ်ဆောင်ချက်အဆင့်တွင် ထုတ်မပြောခဲ့သည့် သို့မဟုတ် ရှင်းလင်းစွာ အပြည့်အဝ မမိန့်ကြားခဲ့ဘဲ ကျန်ရစ်ခဲ့သည့် နှုတ်ကပတ်တော်များ မြောက်မြားစွာ ရှိခဲ့သည်။ သို့သော် ယေရှု၏ သာသနာမှာ နှုတ်ကပတ်တော်များနှင့် သက်ဆိုင်သည့်သာသနာ မဟုတ်သည့်အတွက် သူသည် မိန့်ကြားပြီးခဲ့သည့်အရာများ သို့မဟုတ် မမိန့်ကြားခဲ့ သည့်အရာများကို အမှုမထားဘဲ ကားတိုင်ပေါ် သံမှိုစွဲနှက်ခံရပြီးသည်နှင့် ထွက်ခွာသွားခဲ့ခြင်း ဖြစ်သည်။ အမှု၏ ထိုအဆင့်မှာ အဓိကအားဖြင့် ကားတိုင်ပေါ် အသက်စွန့်ဖို့ရန်သာဖြစ်ပြီး ယနေ့အဆင့်နှင့် မတူချေ။ လုပ်ဆောင်ချက်၏ လက်ရှိအဆင့်မှာ အဓိကအားဖြင့် ပြီးပြည့်စုံစေရန်၊ အားလုံး ဖြေရှင်းရန်နှင့် အလုပ်အားလုံးကို နိဂုံးသို့ ပို့ဆောင်ပေးရန်ပင် ဖြစ်သည်။ အမှု၏ ဤအဆင့်မှာ အလုပ်အားလုံးကို အဆုံးသို့ ပို့ဆောင်ပြီး နှုတ်ကပတ်တော်များကို အသုံးပြုခြင်းဖြင့် ပြီးမြောက်ပြီဖြစ်သည့်အတွက် နှုတ်ကပတ်တော်များကို ၎င်းတို့၏အဆုံးထိ မြွက်ကြားမပေးလျှင် လက်ရှိအမှုနိဂုံးချုပ်ရန် ဖြစ်နိုင်လိမ့်မည်မဟုတ်ပေ။ ထိုအချိန်က ယေရှုသည် လူသားနားလည်နိုင်စွမ်းမရှိသည့် အမှုများစွာကို ဆောင်ရွက်ခဲ့သည်။ ယေရှုသည် တိတ်တဆိတ် ထွက်ခွာသွားခဲ့ပြီး ယနေ့တွင် သူ၏ နှုတ်ကပတ်တော်များကို နားမလည်ကြသူများ အများအပြား ရှိနေကြဆဲပင်၊ သူတို့၏ နားလည်ခြင်းသည် မှားနေသော်ငြားလည်း သူတို့က မှန်ကန်သည်ဟု ယုံကြည်နေကြပြီး သူတို့ မှားနေကြောင်းကို မသိရှိကြချေ။ နောက်ဆုံးတွင် လက်ရှိအဆင့်သည် ဘုရားသခင်၏ အလုပ်ကို ပြီးပြည့်စုံသော အဆုံးသတ်သို့ ပို့ဆောင်ပေးလျက် ၎င်း၏နိဂုံးကို စီစဉ်ပေးလိမ့်မည်ဖြစ်သည်။ အားလုံးက ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်ကို နားလည်လျက် သိရှိလာလိမ့်မည်ဖြစ်သည်။ လူသားအတွင်းရှိ အယူအဆများ၊ သူ၏ ရည်ရွယ်ချက်များ၊ သူ၏ လွဲမှားနေသည့် နားလည်မှု၊ ယေဟောဝါနှင့် ယေရှုတို့၏ အမှုအပေါ် သူ၏အယူအဆများ၊ တစ်ပါးအမျိုးသားများအပေါ် သူ၏ အမြင်များနှင့် သူ၏ အခြားလွဲချော်မှုများနှင့် အမှားများမှာ မှန်အောင်ပြင်ပေးခြင်း ခံရလိမ့်မည်ဖြစ်သည်။ ထို့နောက် လူသားသည် အသက်တာ၏ မှန်ကန်သောလမ်းကြောင်းများအားလုံး၊ ဘုရားသခင် လုပ်ဆောင်ခဲ့သည့် အမှုအားလုံးနှင့် သမ္မာတရားတစ်ခုလုံးကို နားလည်လာလိမ့်မည်။ ထိုသို့ဖြစ်လာသည့်အခါ အမှု၏ လက်ရှိအဆင့်မှာ အဆုံးသို့ ရောက်လာလိမ့်မည်။ ယေဟောဝါ၏အမှုမှာ ကမ္ဘာကြီးကို ဖန်ဆင်းခြင်းဖြစ်ပြီး ယင်းမှာ အစအဦးဖြစ်ခဲ့သည်၊ အမှု၏ ယခုအဆင့်မှာမူ အမှု၏ အဆုံးပိုင်းဖြစ်ပြီး နောက်ဆုံးနိဂုံးချုပ်ပင် ဖြစ်သည်။ အစပိုင်းမှာ ဘုရားသခင်၏အမှုကို ဣသရေလ၏ ရွေးချယ်ခံရသည့် သူများကြားတွင် ဆောင်ရွက်ခဲ့ပြီး ထိုအရာမှာ နေရာအားလုံးထဲက အသန့်ရှင်းဆုံးနေရာ၌ ခေတ်သစ်တစ်ခု၏ အစ ဖြစ်ခဲ့သည်။ အမှု၏ နောက်ဆုံးအဆင့်ကို နိုင်ငံများအားလုံးထဲမှ မသန့်ရှင်းဆုံးနိုင်ငံတွင် ဆောင်ရွက်ခဲ့ဖြစ်ပြီး လောကကို တရားစီရင်လျက် ခေတ်ကြီး၏ အဆုံးဆီသို့ ပို့ဆောင်ပေးရန် ဖြစ်သည်။ ပထမအဆင့်တွင် ဘုရားသခင်၏အမှုကို နေရာအားလုံးထဲမှ အတောက်ပဆုံးနေရာတွင် ဆောင်ရွက်ခဲ့ပြီး၊ နောက်ဆုံးအဆင့်ကိုမူ နေရာအားလုံးထဲမှ အမှောင်မိုက်ဆုံးနေရာတွင် ဆောင်ရွက်ခြင်းဖြစ်လျက် ဤအမှောင်ထုကို မောင်းထုတ်ပစ်ကာ အလင်းရောင်ကို ယူဆောင်ပေးပြီး လူအားလုံးကို သိမ်းပိုက်မည်ဖြစ်သည်။ နေရာအားလုံးထဲမှ မသန့်ရှင်းဆုံးနှင့် အမည်းမိုက်ဆုံးဖြစ်သောနေရာမှ လူတို့ကို သိမ်းပိုက်ပြီး၍၊ လူထု တစ်ရပ်လုံးက စစ်မှန်သောဘုရားဖြစ်သည့် ဘုရားသခင်ရှိသည်ကို အသိအမှတ်ပြုပြီး လူတိုင်းသည် အကြွင်းမဲ့ လက်ခံယုံကြည် လာပြီးသောအခါ စကြဝဠာတစ်ခုလုံး၌ သိမ်းပိုက်ခြင်းအလုပ်ကို ဆောင်ရွက်ရန် ဤအချက်ကို အသုံးပြုမည်ဖြစ်သည်။ အမှု၏ လက်ရှိအဆင့်မှာ သင်္ကေတသဘောဆောင်သည်- ဤခေတ်၏အမှုကို ဆောင်ရွက်ပြီးသည်နှင့်၊ နှစ်ပေါင်း ၆၀ဝ၀ ကြာခဲ့သည့် စီမံခန့်ခွဲမှုအလုပ်ပါ ပြီးပြည့်စုံသော အဆုံးသတ်ဆီသို့ ရောက်လာလိမ့်မည်။ နေရာများ အားလုံးထဲမှ အမှောင်မည်းဆုံးနေရာ၌ရှိသောသူတို့ကို သိမ်းပိုက်ပြီးသည် နှင့် အခြားနေရာတိုင်းတွင် အလားတူဖြစ်လာမည်မှာ ပြောစရာ မလိုတော့ပေ။ သို့ဖြစ်၍ တရုတ်နိုင်ငံရှိ သိမ်းပိုက်ခြင်းအလုပ်ကသာလျှင် အဓိပ္ပာယ်ပြည့်ဝသည့် သင်္ကေတဖြင့်သရုပ်ဖော်မှု ပါရှိသည်။ တရုတ်နိုင်ငံသည် အမှောင်စွမ်းအားများအားလုံးကို ပုံဖော်နေပြီး တရုတ်နိုင်ငံမှ လူတို့သည် ဇာတိပကတိ၊ စာတန်နှင့် အသွေးအသားနှင့် စပ်ဆိုင်သောသူများအားလုံးကို ကိုယ်စားပြုသည်။ တရုတ်ပြည်သူတို့သည် အဆင်းနီသော နဂါးကြီး၏ အများဆုံး ဖောက်ပြန်ဖျက်ဆီးခြင်းကို ခံရသောသူများ၊ ဘုရားသခင့်အပေါ် အပြင်းထန်ဆုံးသောဆန့်ကျင်မှု ပြုသူများဖြစ်ပြီး သူတို့၏ လူ့သဘာဝမှာ အနိမ့်ကျဆုံးနှင့် မသန့်စင်ဆုံး ဖြစ်သောကြောင့် သူတို့သည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ် အားလုံး၏ပုံစံ ဖြစ်သည်။ ထိုသို့ပြောလိုက်၍ အခြားနိုင်ငံများ၌ ပြဿနာများ လုံးဝမရှိဟု မဆိုလိုပါ၊ လူသား၏ အယူအဆများမှာ အားလုံး အတူတူပင်ဖြစ်သည်၊ ဤနိုင်ငံများမှ လူများသည် အစွမ်းအစကောင်း ရှိသူများ ဖြစ်ကောင်းဖြစ်နိုင်ကြသော်လည်း သူတို့သည် ဘုရားသခင်ကို မသိရှိကြပါက သူတို့သည် ဘုရားသခင်ကို ဆန့်ကျင်သူများ ဖြစ်ကြရ ပေမည်။ ဂျူးလူမျိုးများသည်လည်း ဘုရားသခင်ကို ဆန့်ကျင်ဖီဆန်ခဲ့ ကြသည်မှာ အဘယ်ကြောင့်နည်း။ ဖာရိရှဲတို့သည်လည်း အဘယ့်ကြောင့် သူ့ကို ဆန့်ကျင်ခဲ့ကြသနည်း။ ယုဒက ယေရှုကို အဘယ့်ကြောင့် သစ္စာဖောက်ခဲ့သနည်း။ ထိုစဉ်တုန်းက တပည့်အများအပြားတို့သည် ယေရှုကို မသိကျွမ်းခဲ့ကြပါ။ ယေရှုသည် အဆုံးစီရင်ခံရပြီး ပြန်လည် ထမြောက်ခဲ့သည့် နောက်မှာပင်လျှင် လူများသည် သူ့ကို မယုံကြည်ခဲ့ကြ သေးသည်မှာ အဘယ်ကြောင့်နည်း။ လူသား၏ မနာခံခြင်းမှာ အားလုံးအတူတူပင် မဟုတ်လော။ တရုတ်ပြည်သူတို့ကို သာဓက တစ်ခုအဖြစ် ယူလိုက်ခြင်းမျှသာဖြစ်သည်၊ သူတို့ကို သိမ်းပိုက်ပြီးသည့် အချိန်တွင် သူတို့သည် စံပြပုံစံနှင့် နမူနာဖြစ်လာပြီး အခြားသူများအတွက် ကိုးကားမှီငြမ်းစရာ ဖြစ်လာမည်ဖြစ်သည်။ သင်တို့သည် ငါ့စီမံခန့်ခွဲမှု အစီအစဉ်၏ အဖြည့်တစ်ခု ဖြစ်သည်ဟု အဘယ့်ကြောင့် ငါအစဉ်တစိုက် ပြောလာခဲ့သနည်း။ ဖောက်ပြန်ပျက်စီးခြင်း၊ မစင်ကြယ်ခြင်း၊ မဖြောင့်မတ်ခြင်း၊ ဆန့်ကျင်ခြင်းနှင့် ပုန်ကန်ခြင်းများကို အပြည့်ဝဆုံး ပေါ်လွင်အောင်ပြသပြီး ၎င်းတို့၏ ပုံစံမျိုးစုံထဲတွင် ထုတ်ဖော်ထားသည်မှာ တရုတ်နိုင်ငံ၏ပြည်သူများ အတွင်း၌ဖြစ်သည်။ တစ်ဖက်တွင် သူတို့၏ အစွမ်းအစမှာ နိမ့်ကျနေလျက်၊ အခြားတစ်ဖက်တွင် သူတို့၏ အသက်တာများနှင့် တွေးခေါ်မှုအလေ့အထမှာ ခေတ်နောက်ကျန်ရစ်နေပြီး သူတို့၏ အမူအကျင့်များ၊ လူမှုဝန်းကျင်၊ မွေးဖွားရာမိသားစု၊ အားလုံးတို့မှာ နိမ့်ကျနေလျက် ခေတ်နောက်အကျဆုံး ဖြစ်နေသည်။ သူတို့၏ အဆင့်အတန်းသည်လည်း နိမ့်ကျသည်။ ဤနေရာ၌ အမှုသည် သင်္ကေတသဘောဆောင်ပြီး၊ လက်ရှိစမ်းသပ်ခြင်းအမှုကို အလုံးစုံ ဆောင်ရွက်ပြီးသည့်နောက်တွင် သူ၏ နောက်ဆက်တွဲအလုပ်သည် များစွာ ပိုမိုကောင်းမွန်လာမည်ဖြစ်သည်။ အလုပ်၏ ဤအဆင့်ကို အပြီးသတ် နိုင်လျှင် နောက်ဆက်တွဲအလုပ်မှာ ပြောစရာလိုအပ်မည် မဟုတ်ပါ။ အလုပ်၏ ဤအဆင့်ကို ပြီးဆုံးအောင် ဆောင်ရွက်ပြီးသည်နှင့် ကြီးမားသော အောင်မြင်မှုကို အပြည့်အဝ ရယူနိုင်လျက် စကြဝဠာတစ်ခုလုံးရှိ သိမ်းပိုက်ခြင်းအလုပ်သည် ပြီးပြည့်စုံသော အဆုံးသတ်ဆီသို့ ရောက်ရှိ လာပါလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၂)

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၁၈၂

တကယ်တမ်းတွင်၊ ဘုရားသခင်၏ အမှုသည် လူ၏ အလုပ်နှင့် မတူကွဲပြား၏၊ ထို့အပြင် သူ၏ ဖော်ပြချက်များသည် အဘယ်သို့ ၎င်းတို့၏ ဖော်ပြချက်များနှင့်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၆၉

လူတို့သည် မိမိကိုယ်ကိုယ် မည်သည့်ယုံကြည်စိတ်ချမှုမျှ မရှိပါက၊ ဤလမ်းကြောင်းအတိုင်း ဆက်သွားရန် ၎င်းတို့အတွက် မလွယ်ကူပေ။ ဘုရားသခင်၏အမှုသည်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အမှုတော် အဆင့်သုံးဆင့် | ကောက်နုတ်ချက် ၄

ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ် အမှုတစ်ရပ်လုံးကို ဘုရားသခင်ကိုယ်တိုင်မှ ဆောင်ရွက်ခြင်းဖြစ်၏။ ပထမအဆင့်ဖြစ်သည့်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၃၇၅

ပြဿနာတစ်ခုကို လူတို့ ကြုံရသည့်အခါတိုင်း ပထမဆုံး လုပ်ဆောင်သင့်သောအရာမှာ မည်သည့်အရာ ဖြစ်သနည်း။ ၎င်းတို့ ဆုတောင်းသင့်၏။ ဆုတောင်းခြင်းသည်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။