ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၁၈၇

ယုဒပြည်၌ ယေရှုအမှုထမ်းခဲ့ချိန်တွင် ပွင့်လင်းစွာ သူပြုခဲ့သည်၊ သို့သော် ယခုမူ ငါသည် သင်တို့ကြားထဲတွင် လျှို့ဝှက်စွာ အလုပ်လုပ်၍ စကားပြောသည်။ မယုံကြည်သူများသည် ၎င်းကို လုံးလုံးသတိမထားမိပါ။ သင်တို့ကြားထဲတွင် ငါလုပ်သောအလုပ်သည် အပြင်ဘက်၌ရှိသောသူများအတွက် ပိတ်ထားလျက်ရှိသည်။ ဤနှုတ်ကပတ်တော်များ၊ ပြစ်တင်ဆုံးမခြင်းများနှင့် တရားစီရင်မှုများကို သင်တို့ကသာ သိကြပြီး အခြားသောသူများက မသိကြပါ။ ဤအမှုအလုံးစုံတို့ကို သင်တို့အလယ်တွင် လုပ်ဆောင်ခြင်းဖြစ်ပြီး သင်တို့အတွက်သာ ဖွင့်ထားလျက်ရှိသည်၊ အချိန်မကျသေးသောကြောင့် ၎င်းကို မယုံကြည်သူမည်သူမျှ မသိကြ။ ဤနေရာ၌ရှိသောသူများသည် ပြစ်တင်ဆုံးမခြင်းများကို ခံပြီးနောက် စုံလင်စေခြင်းခံရရန် နီးစပ်သည်၊ သို့သော် ၎င်းကို အပြင်လူများက မသိပါ။ ဤအမှုသည် အလွန်လျှို့ဝှက်သည့်အရာ ဖြစ်သည်။ ဘုရားသခင်သည် လူ့ဇာတိခံယူ၏ဟူသည်မှာ သူတို့အတွက် ဖုံးကွယ်ထားလျက်ရှိသည်၊ သို့သော် ဤရေစီးကြောင်းအတွင်း၌ရှိသောသူများအတွက်မူ သူသည်ဖွင့်ထားလျက်ရှိသည်ဟု ပြော၍ရသည်။ ဘုရားသခင်၌ အရာအားလုံးသည် ဖွင့်ထားလျက်၊ ထုတ်ဖော်ထားလျက်၊ လွတ်လပ်လျက် ရှိကြသော်လည်း၊ သူ့ကိုယုံကြည်သောသူများအတွက်သာ ဤအရာမှန်ကန်သည်၊ ကျန်သောသူများဖြစ်သည့် မယုံကြည်သူများနှင့် ပတ်သက်၍ မည်သည့်အရာမျှ သိစေခြင်းမရှိပါ။ ဤနေရာတွင် ယခုလုပ်ဆောင်နေသောအလုပ်သည် သူတို့မသိနိုင်အောင် တင်းတင်းကြပ်ကြပ် ပိတ်ထားလျက်ရှိသည်။ ဤအလုပ်ကို သူတို့သတိထားမိခဲ့ပါလျှင်လည်း ၎င်းကို ပြစ်တင်ရှုတ်ချခြင်းနှင့် ညှင်းပန်းနှိပ်စက်ခြင်းအောက် အပ်နှံခြင်းကိုသာ သူတို့ပြုလုပ်ကြမည်ဖြစ်သည်။ ၎င်းကို သူတို့ယုံကြည်ကြမည် မဟုတ်ပါ။ ခေတ်နောက်ပြန်ဆုံးနေရာဖြစ်သော အဆင်းနီသောနဂါးကြီး၏ တိုင်းနိုင်ငံတွင် အလုပ်လုပ်ရန်မှာ လွယ်ကူသည့်အရာ မဟုတ်ပေ။ ဤအလုပ်ကို လူမြင်ကွင်းတွင် ထားမည်ဆိုပါက ဆက်လက်လုပ်ဆောင်ရန် ဖြစ်နိုင်မည် မဟုတ်ချေ။ ဤအလုပ်အဆင့်ကို ဤနေရာတွင် အကယ်ပင် လုပ်ဆောင်၍မရပေ။ ဤအလုပ်ကို လူမြင်ကွင်းတွင် လုပ်ဆောင်မည်ဆိုပါက ၎င်းကို ရှေ့ဆက်လုပ်ဆောင်ရန် သူတို့မည်သို့ခွင့်ပြုနိုင်မည်နည်း။ ဤအလုပ်ကို ပိုကြီးမားသည့်အန္တရာယ်အောက်သို့ ပို့မည်မဟုတ်လော။ ဤအလုပ်ကို ဖုံးကွယ်ထားခြင်းမရှိဘဲ မကျန်းမာသူများကို ခမ်းနားကြီးကျယ်စွာ ကျန်းမာစေပြီး နတ်ဆိုးများကိုလည်း နှင်ထုတ်ခဲ့သည့် ယေရှု၏ခေတ်ကာလကဲ့သို့ လုပ်ဆောင်မည်ဆိုလျှင် ဤအလုပ်သည် နတ်ဆိုးများ၏ “အကျဉ်းသား” ဖြစ်ခဲ့သည်မှာ ကြာညောင်းခဲ့ပြီး ဖြစ်လိမ့်မည်မဟုတ်လော။ ဘုရားသခင်၏တည်ရှိမှုကို သူတို့သည်းခံနိုင်ပါမည်လော။ ယခုတွင် တရားဟောရန်နှင့် သွန်သင်ပြသရန် ခန်းမကြီးထဲသို့ ငါဝင်ခဲ့ပါက ငါသည် အစိတ်စိတ်အမြွှာအမြွှာဖြစ်ခဲ့မည်မှာ ကြာညောင်းခဲ့ပြီး ဖြစ်လိမ့်မည်မဟုတ်လော။ ဤကဲ့သို့ဖြစ်ခဲ့ပါက ငါ့အလုပ်ကို မည်သို့ ဆက်လက်လုပ်ဆောင်နိုင်မည်နည်း။ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ပွင့်လင်းစွာ မပေါ်လွင်စေရခြင်းမှာ ဖုံးကွယ်ခြင်းအတွက် ဖြစ်သည်။ ထို့ကြောင့်၊ မယုံကြည်သူများအတွက် ငါ့အလုပ်သည် မြင်၍မရ၊ သိ၍မရ၊ ရှာဖွေတွေ့ရှိ၍လည်း မရပေ။ ဤအလုပ်အဆင့်ကို ကျေးဇူးတော်ခေတ်တွင် ယေရှုလုပ်ခဲ့သည်နည်းတူ လုပ်မည်ဆိုပါလျှင် ယခုကဲ့သို့ တည်တည်ငြိမ်ငြိမ် ရှိနိုင်မည် မဟုတ်ပါ။ ထို့ကြောင့်၊ ဤကဲ့သို့လျှို့ဝှက်စွာ အလုပ်လုပ်ခြင်းသည် သင်တို့အကျိုးအတွက်နှင့် ယေဘုယျအားဖြင့် အလုပ်အကျိုးအတွက်လည်း ဖြစ်သည်။ လောကတွင် ဘုရားသခင်၏အလုပ် အဆုံးသတ်သည့်အခါ၊ တစ်နည်းအားဖြင့် ဤလျှို့ဝှက်သောအလုပ် နိဂုံးချုပ်သည့် အချိန်တွင်၊ ဤအလုပ်သည် လူမြင်ကွင်းသို့ ပွင့်ထွက်သွားမည် ဖြစ်သည်။ တရုတ်ပြည်တွင် အောင်မြင်သူလူတစ်စုရှိကြောင်းကို အားလုံးသိကြမည် ဖြစ်သည်၊ ဘုရားသခင်သည် တရုတ်ပြည်တွင် လူ့ဇာတိခံယူကြောင်းကို အားလုံးက သိကြမည်ဖြစ်ပြီး သူ၏အလုပ်သည် ဆုံးခန်းတိုင်သို့ ရောက်ကြောင်းကိုလည်း သိကြမည် ဖြစ်သည်။ ထိုအခါမှသာ တရုတ်ပြည်က အဘယ်ကြောင့် ကျဆုံးခြင်း၊ သို့မဟုတ် ပြိုလဲခြင်း မရှိသေးသည့်အကြောင်းကို လူသားတို့ သဘောပေါက်လာမည် ဖြစ်သည်။ ဘုရားသခင်သည် သူ၏အလုပ်ကို တရုတ်ပြည်တွင် ကိုယ်တိုင်လုပ်ဆောင်လျက်ရှိနေပြီး လူတစ်စုကို အောင်မြင်သူများအဖြစ် စုံလင်စေခဲ့ခြင်းဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၂)

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၃၉၁

လူသားအနေဖြင့် ဘုရားသခင်ကို ပထမဦးစွာယုံကြည်သည့်အခါမှစ၍ သူရရှိထားသည့်အရာသည် မည်သည့်အရာနည်း။ ဘုရားသခင်၏ အကြောင်း သင် မည်သည့်အရာ...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အမှုတော် အဆင့်သုံးဆင့် | ကောက်နုတ်ချက် ၃၉

ကျေးဇူးတော်ခေတ်သည် ယေရှု၏ အမည်နှင့် စတင်ခဲ့သည်။ ယေရှုသည် သူ၏အမှုတော်ကို စတင် ဆောင်ရွက်သောအခါ သန့်ရှင်းသော ဝိညာဉ်တော်သည် ယေရှု၏အမည်ကို စတင်၍...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူ့ဇာတိခံယူခြင်း | ကောက်နုတ်ချက် ၁၀၄

ယေရှု၏အလုပ်၌ လူ့ဇာတိခံယူခြင်း၏ အဓိပ္ပာယ်မှာ ပြီးပြည့်စုံခဲ့ခြင်းမရှိဟု ငါပြောရခြင်းမှာ အဘယ်ကြောင့်နည်း။ အကြောင်းမှာ နှုတ်ကပတ်တော်သည်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၅၉

စမ်းသပ်မှုများ နောက်ပိုင်းမှ ယောဘ ယောဘ ၄၂:၇-၉ ထိုသို့ ယေဟောဝါက ယောဘကို ဤစကားများ မိန့်တော်မူပြီးလျှင်၊ တေမန်လူမျိုး ဧလိဖတ်အား ယေဟောဝါက၊...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။