သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

အမျိုးအစားများ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ
အနန္တတန်ခိုးရှင်ဘုရားသခင်၏ ဖွင့်ဆိုချက်များ (ဘုရားသခင်ကို သိကျွမ်းရာ လမ်းခရီး)
အနန္တတန်ခိုးရှင် ဘုရားသခင်၏ မိန့်မြွက်ချက်များ (ဘုရားသခင်ကို သိကျွမ်းရာ လမ်းခရီး)
Recital-Christ-expression
နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ
ဘုရားသခင်ထံမှ ဂန္တဝင် နှုတ်ကပတ်တော်များ (ကောက်နုတ်ချက်များ)
ဘုရားသခင်ထံမှ ဂန္တဝင် နှုတ်ကပတ်တော်များ (ကောက်နုတ်ချက်များ)

ဘုရားသခင်အား ယုံကြည်သောသူ တစ်ယောက်ဖြစ်သော သင်သည် ယနေ့ နောက်ဆုံးသောကာလရှိ ဘုရားသခင်၏အမှုနှင့် သင့်အထဲ၌ ဘုရားသခင်၏စီမံချက်၏ အမှုအားလုံးကိုလက်ခံရာ၌၊ သင်သည် ဘုရားသခင်၏ ကြီးစွာသော ချီးမြှောက်ခြင်းနှင့် ဘုရားသခင်ထံမှ ကယ်တင်ခြင်းကို အမှန်တကယ်ပင် လက်ခံရရှိပြီး ဖြစ်ကြောင်း နားလည်သင့်သည်။ စကြဝဠာတစ်ဝှမ်းလုံးရှိ ဘုရားသခင်၏ အမှုအားလုံးသည် ဤလူတစ်စုအပေါ်တွင် အာရုံစူးစိုက်ထားလျက်ရှိခဲ့သည်။ ဘုရားသခင်သည် သူ၏ ကြိုးစားအားထုတ်မှုအားလုံးအား သင်တို့အတွက် ပေးအပ်မြှုပ်နှံထားပြီး၊ သင်တို့အတွက် အရာအားလုံးကို စွန့်လွှတ်ပေးဆပ်ခဲ့၏၊ သူသည် စကြဝဠာတစ်ခွင်လုံးမှ ဝိညာဉ်တော်၏ အမှုများအား ပြန်လည်သိမ်းယူကာ သင့်အားပေးအပ်ခဲ့၏။ ထိုအကြောင်းကြောင့် သင်တို့သည် မင်္ဂလာရှိသူများ ဖြစ်သည်ဟု ငါပြောဆိုရခြင်းဖြစ်သည်။ ထို့အပြင် ဘုရားသခင်သည် သင်တို့ လူစုမှတစ်ဆင့် သူ့အစီအစဉ်၏ ရည်ရွယ်ချက်ကို အပြည့်အဝ ထင်ရှားပြသနိုင်ရန် သူ၏ဘုန်းတော်အား သူ၏ရွေးကောက်ခံ လူမျိုးဖြစ်သည့် ဣသရေလလူမျိုးထံမှ သင်တို့ထံသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် သင်တို့သည် ဘုရားသခင်၏ အမွေအား လက်ခံရရှိမည့်သူများ ဖြစ်ရုံမျှသာမက ဘုရားသခင်၏ ဘုန်းတော်အား ဆက်ခံသော သူများလည်း သာ၍ ဖြစ်နေသည်။ “အကြောင်းမူကား ယခုခဏခံရ၍ ပေါ့ပါးသော ဆင်းရဲခြင်းဒုက္ခသည် အတိုင်းအထက် အလွန်ကြီးမြတ် လေးလံသော နိစ္စထာဝရ ဘုန်းအသရေကို ငါတို့အဖို့ ဖြစ်စေတတ်၏” ဟူသည့် နှုတ်ကပတ်တော်အား သင်တို့အားလုံး မှတ်မိကောင်းမှတ်မိလိမ့်မည်။ အတိတ်ကာလက ဤစကားအား သင်တို့အားလုံး ကြားဖူးကြသော်လည်း မည်သူမျှ ဤနှုတ်ကပတ်တော်များ၏ စစ်မှန်သောအဓိပ္ပာယ်ကို နားမလည်ခဲ့ကြပေ။ ယနေ့ ၎င်းတို့၏ စစ်မှန်သောရည်ရွယ်ချက်အား သင်တို့ ကောင်းစွာသိရှိ နေပြီဖြစ်သည်။ ဤနှုတ်ကပတ်တော်များသည် နောက်ဆုံးသောကာလတွင် ဘုရားသခင် ပြီးမြောက်စေမည့် အရာများဖြစ်ကြသည်။ ထိုအရာများတို့သည် အဆင်းနီသော နဂါးကြီး၏ ကိန်းဝပ်ရာနေရာ၌ ရက်စက်စွာ ဒုက္ခပေးခြင်းကို ခံစားရသူများအပေါ် ပြီးပြည့်စုံစေမည် ဖြစ်သည်။ အဆင်းနီသော နဂါးကြီးသည် ဘုရားသခင်အား နှိပ်စက်ညှဉ်းပန်းပြီး ဘုရားသခင်၏ ရန်သူဖြစ်သောကြောင့် ဤနယ်မြေတွင် ဘုရားသခင်အား ယုံကြည်သော သူများတို့သည် အရှက်ကွဲခြင်းနှင့် နှိပ်စက်ညှဉ်းပန်းခြင်းတို့ ခံစားကြရသည်။ ထိုအကြောင်းကြောင့် ဤနှုတ်ကပတ်တော်များသည် သင်တို့လူစုအတွင်းတွင် အမှန်တရားတစ်ခု ဖြစ်လာမည်။ ဘုရားသခင်အား ဆန့်ကျင်သည့်နယ်မြေတွင် ဤအမှုအား ဆောင်ရွက်နေစဉ်အတွင်း ဘုရားသခင်၏အမှုအားလုံးသည် လွန်ကဲသည့် အတားအဆီးများနှင့် တွေ့ကြုံရကာ သူ၏နှုတ်ကပတ်တော် များစွာသည်လည်း အချိန်အခါ ကောင်း၌ ပြည့်စုံနိုင်ခြင်း မရှိပေ၊ သို့ဖြစ်၍ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကြောင့် စစ်ဆေးခြင်းခံကြရသည်။ ၎င်းအရာသည်လည်း ဒုက္ခဆင်းရဲခံခြင်း၏ အခြေခံကျသည့် အရာတစ်ခုဖြစ်သည်။ အဆင်းနီသောနဂါးကြီး၏ နယ်မြေ၌ သူ၏အမှုအား လုပ်ဆောင်ရခြင်းသည် ဘုရားသခင်အဖို့ ကြီးမားစွာ အားစိုက် လုပ်ဆောင်ရသည့် ကိစ္စဖြစ်သော်လည်း ဘုရားသခင်သည် သူ၏ ဉာဏ်ပညာနှင့် အံ့သြဖွယ်ကောင်းသည့် အမှုအရာများအား ထင်ရှားစေရန် ဤကဲ့သို့သော ခက်ခဲမှုမှတစ်ဆင့် သူ့အမှု၏ အဆင့်တစ်ဆင့်အား ဆောင်ရွက်ခြင်းဖြစ်သည်။ ဘုရားသခင်သည် ဤလူစုအား ပြီးပြည့်စုံစေရန် ဤအခွင့်အရေးကို အသုံးချသည်။ လူတို့၏ ဒုက္ခခံစားရခြင်း၊ သူတို့၏ အရည်အသွေးနှင့် ဤမသန့်ရှင်းသည့် နယ်မြေ၌ ရှိနေကြသည့် လူတို့၏ စာတန်ဆန်သော သဘောထားအားလုံးတို့ကြောင့်၊ ဘုရားသခင်သည် သူ၏ သန့်ရှင်းစေခြင်းနှင့် သိမ်းပိုက်အောင်မြင်ခြင်းအမှုအား ပြုရခြင်းဖြစ်ပြီး ထိုအရာမှတဆင့် သူဘုန်းပွင့်ကာ လုပ်ရပ်များအား သက်သေခံသူများ ရရှိရန်ဖြစ်သည်။ ၎င်းသည် ဤလူစုအတွက် ဘုရားသခင်ပြုသော စွန့်လွှတ်ခြင်းအရာများတို့၏ ရည်ရွယ်ချက် အပြည့်ပင်ဖြစ်သည်။ ဆိုလိုသည်မှာ ဘုရားသခင်သည် သူ့အားဆန့်ကျင်သော သူများအားဖြင့်သာ သိမ်းပိုက်အောင်မြင်ခြင်းအမှုကို ပြုသည်။ ဤကဲ့သို့ လုပ်ဆောင်ခြင်းအားဖြင့် သာလျှင် ဘုရားသခင်၏ ကြီးမားသောတန်ခိုးအား ထင်ရှားစေနိုင်မည်ဖြစ်သည်။ တစ်နည်းဆိုရပါမူ မသန့်ရှင်းသော နယ်မြေတွင်ရှိနေသည့် သူများတို့သည်သာ ဘုရားသခင်၏ ဘုန်းတော်အား အမွေခံထိုက်သူများဖြစ်ကာ ၎င်းအရာကသာလျှင် ဘုရားသခင်၏ ကြီးမားသော တန်ခိုးတော်အား ထင်ရှားစေနိုင်သည်။ ထို့ကြောင့် ဘုရားသခင်၏ ဘုန်းတော်သည် မသန့်ရှင်းသည့် နယ်မြေနှင့် ထိုနယ်မြေ၌နေသော သူများထံမှ ရရှိသည်ဟု ငါဆိုရခြင်းဖြစ်သည်။ ထိုအရာသည် ဘုရားသခင်၏ အလိုတော်ဖြစ်သည်။ ၎င်းသည် ယေရှု၏အမှု၏ အဆင့်တစ်ဆင့်မှာကဲ့သို့ပင် ဖြစ်သည်၊ သူ့အား နှိပ်စက်ညှဉ်းပန်းခဲ့သည့် ဖာရိရှဲများကြား၌သာ သူသည် ဘုန်းတော်ထင်ရှားနိုင်သည်။ အကယ်၍ ထိုနှိပ်စက် ညှဉ်းပန်းခံရခြင်းနှင့် ယုဒ၏ သစ္စာဖောက်ခြင်းတို့ မရှိခဲ့ပါက ယေရှုသည် ကားတိုင်တွင်တင်၍ သတ်ခြင်းကိုမဆိုထားနှင့် လှောင်ပြောင်သရော်ခြင်းများနှင့် ကဲ့ရဲ့ခြင်းများအား ခံခဲ့ရမည် မဟုတ်ပေ၊ ထို့ကြောင့် ဘုန်းတော်သည်လည်း ထင်ရှားခဲ့လိမ့်မည် မဟုတ်ပေ။ ဘုရားသခင်သည် ခေတ်ကာလအသီးသီး၌ သော်လည်းကောင်း၊ သူ၏လူ့ဇာတိ၌သော်လည်းကောင်း၊ မည်သည့်အရပ်တွင် လုပ်ဆောင်သည်ဖြစ်စေ၊ ထိုအရပ်၌ ဘုန်းပွင့်ကာ ထိုအရပ်၌ သူရည်ရွယ်ထားသည့် သူများအားလည်း ရရှိသည်။ ဤအရာသည် ဘုရားသခင်အမှု၏ အစီအစဉ်ဖြစ်ကာ၊ ဤအရာသည် သူ၏စီမံခန့်ခွဲခြင်းလည်း ဖြစ်သည်။

(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ)

00:00
00:00

0ရှာဖွေခြင်း ရလဒ်များ

ဖတ်ကြားခြင်းများ