ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “အမှုတော်နှင့် ဝင်ရောက်ခြင်း (၁)” | ကောက်နုတ်ချက် ၁၉၀

လူ၌ အလုပ်လုပ် ပြီး လူ၏ စိတ်သဘောထားကို ပြောင်းလဲသည့် အလုပ်ကို လုပ်သောအခါ၌ ဘုရားသခင်၏ အလုပ်သည် မည်သည့်အခါမျှ မရပ်စဲပေ။ အဘယ်ကြောင့်ဆိုသော် လူတို့၌ မရှိသော အရာများ အလွန်များပြီး သူသတ်မှတ်ထားသည့် စံချိန်စံနှုန်းများကို သူတို့ မမီကြသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏ မျက်စိထဲတွင် သင်တို့သည် အစဉ်ထာဝရ မွေးကင်းစကလေးများ၊ သူ့ကို ကျေနပ်စေသော အရာ အနည်းငယ်ကိုသာ ပိုင်ဆိုင်သူများ ဖြစ်နေလိမ့်မည်ဟု ပြောနိုင် ပါသည်၊ အဘယ်ကြောင့်ဆိုသော် သင်တို့သည် ဘုရားသခင်၏ လက်၌ရှိသော ဖန်ဆင်းခံသတ္တဝါများမှလွဲ၍ ဘာမှမဟုတ် သောကြောင့် ဖြစ်သည်။ လူသည် မိမိဘာသာအားရကျေနပ်နေလျှင် ဘုရားသခင် ရွံရှာသည်ကို ခံရမည် မဟုတ်လော။ ဘုရားသခင်ကို ယနေ့သင်တို့ ကျေနပ်စေ နိုင်သည်ဟု ပြောဆိုခြင်းသည် သင်တို့၏ ဇာတိပကတိ ခန္ဓာ၏ ကန့်သတ်မှုရှိသော ရှုထောင့်မှ ပြောဆိုပြောခြင်းဖြစ်သည်။ သို့သော် ဘုရားသခင်နှင့် အမှန်တကယ် ယှဉ်ဖိုဆိုလျှင် သင်တို့သည် ကြိုးဝိုင်းထဲတွင် ထာဝရရှုံးနိမ့်မည် ဖြစ်သည်။ လူ၏ ဇာတိပကတိသည် တကြိမ်တခါမျှ အောင်မြင်မှုကို မရရှိသေးပေ။ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှု အားဖြင့်သာ လူ၌ အဖတ်ဆယ်နိုင်သော ကြန်အင်လက္ခဏာများ ရှိနိုင်ခြင်း ဖြစ်သည်။ အမှန်တရားမှာ၊ ဘုရားသခင် ဖန်ဆင်း ထားသည့် မြောက်များလှစွာသော အရာများထဲတွင် လူသည် အဆင့်အနိမ့်ဆုံးဖြစ်သည်။ လူသည် အရာအားလုံး၏ အရှင်သခင် ဖြစ်သော်လည်း အားလုံးထဲတွင် လူသည်သာ စာတန်၏ လှည့်စားမှုကိုခံရသူ ဖြစ်သည်၊ အတောမသတ်နိုင်သော နည်းလမ်း အမျိုးမျိုးဖြင့် ၎င်း၏ဖျက်ဆီးမှုတွင် သားကောင်အဖြစ်ခံရသူမှာ လူသာဖြစ်သည်။ လူသည် တကြိမ်တခါမျှ ကိုယ့်ကိုယ်ကို မအုပ်စိုး၊ မထိန်းချုပ်နိုင်သေးပေ။ လူအများအပြားသည် စာတန်၏ ရွံရှာစရာကောင်းသော နေရာ၌ နေကြသည်။ သူတို့သည် စာတန်၏ ပြက်ရယ်ပြုမှုကို ခံရကြသည်၊ ဒုက္ခ၊ သုခ သံသရာတိုင်းနှင့် လူ့လောကရှိ အခက်အခဲတိုင်းကို သူတို့ ကြုံတွေ့ခံစားရပြီး မသေမရှင်ဖြစ်သည် အထိ စာတန်သည် သူတို့ကို ထိုသို့ ကျီစယ်လေ့ရှိသည်။ စာတန်သည် သူတို့ကို ကစားပြီးနောက် သူတို့၏ ကံကြမ္မာကို အဆုံးသတ်လိုက်သည်။ ထို့ကြောင့် လူတို့သည် ဘုရားသခင် သူတို့အတွက် ပြင်ဆင်ပေးထားသော ကောင်းသော အရာများကို တစ်ကြိမ်တစ်ခါမျှပင် မခံစားရဘဲ တစ်ဘဝလုံး ယောင်ချာချာနှင့် စိတ်ရှုပ်ထွေးစွာ အသက်ရှင်ကြရသည်။ စာတန်၏ ဖျက်ဆီးခြင်းကို ခံရပြီး တစစီချိုးဖဲ့ထားခြင်း ခံရသည်။ ယနေ့ သူတို့သည် အလွန်ပင် အားအင်ကုန်ခမ်းပြီး တက်ကြွမှု မရှိသောကြောင့် ဘုရားသခင်၏ အလုပ်ကို အာရုံစိုက်လိုစိတ် မရှိပေ။ လူတို့သည် ဘုရားသခင်၏ အလုပ်ကို အာရုံစိုက်လိုစိတ် မရှိလျှင် သူတို့၏ အတွေ့အကြုံသည် ကျိုးပဲ့ပြီး မပြည့်မစုံဖြစ်နေမည့် အစဉ်ထာဝရ ပျက်စီးမည့်ကိန်းရှိနေသည်။ သူတို့၏ ဝင်ရောက်မှု သည်လည်း ဘာမျှမရှိသော နေရာသို့ ဝင်ရောက်ခြင်းသာ အစဉ်ဖြစ်နေလိမ့်မည်။ ဘုရားသခင် လောကသို့ လာသည့် အချိန်မှစ၍ နှစ်ထောင်ချီသည့် ကာလအတောအတွင်းတွင် အလွန်မြင့်သော စံများထားရှိသူ များစွာကို ဘုရားသခင်သည် နှစ်ပေါင်းများစွာ သူ့အတွက်အလုပ်လုပ်စေဖို့အတွက် အသုံးပြု ခဲ့သည်။ သို့သော်လည်း ဘုရားသခင်၏ အလုပ်အကြောင်းကို သိသောသူ အရေအတွက်မှာမူ အလွန်ပင် နည်းပါးပြီး မရှိသလောက်ပင်ဖြစ်သည်။ ထို့ကြောင့် မရေမတွက်နိုင်အောင် များပြားသော လူတို့သည် ဘုရားသခင်အတွက် အလုပ်လုပ်ကြသည့် အချိန်၌ပင် ဘုရားသခင်ကို မနာခံဘဲနေကြခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် တကယ့်တကယ်တမ်းတွင် သူတို့သည် ဘုရားသခင်ပေးအပ်ထားသည့် နေရာ၌ ဘုရားသခင်၏ အလုပ်ထက် လူ၏အလုပ်ကို လုပ်နေကြသောကြောင့် ဖြစ်သည်။ ထိုသို့လုပ်ခြင်းကို အလုပ်ဟု ခေါ်နိုင်ပါသလား။ သူတို့သည် မည်သို့ ဝင်ရောက်နိုင်မည်နည်း။ လူသားတို့သည် ဘုရားသခင်၏ ကျေးဇူးတော်ကို လက်ခံပြီးနောက် ကျေးဇူးတော်ကို မြေအောက်၌ မြှုပ်လိုက်ကြသည်။ ထိုသို့လုပ်ဆောင်သောကြောင့် အတိတ်က မျိုးဆက်များစွာတွင် ဘုရားသခင်၏ အလုပ်ကို လုပ်သူတို့သည် ဝင်ရောက်မှု နည်းခြင်းဖြစ်သည်။ သူတို့သည် ဘုရားသခင်၏ အလုပ်ကို သိခြင်းနှင့် ပတ်သက်သော အကြောင်းအရာကို မပြောဆိုကြပေ။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ဘုရားသခင်၏ ဉာဏ်အမြော်အမြင်ကို အနည်းအကျဉ်းမျှသာ နားလည်ကြသောကြောင့် ဖြစ်သည်။ ဘုရားသခင်ကို အစေခံသူများစွာ ရှိသော်လည်း ထိုသူတို့သည် ဘုရားသခင် မည်မျှ ချီးမြှောက်ခြင်းခံရသည်ကို မမြင်ကြပေ၊ ထို့ကြောင့် အားလုံးက အခြားသူများ သူတို့ကို ကိုးကွယ်ဖို့အတွက် သူတို့ကိုယ်သူတို့ ဘုရားသခင်အဖြစ် သတ်မှတ်ကြသည်ဟု ပြောနိုင်သည်။

နှစ်ပေါင်း အတန်ကြာသည်အထိ ဘုရားသခင်သည် သူဖန်ဆင်းထားသည့် အရာများကြားတွင် ကွယ်ဝှက်နေခဲ့သည်၊ နွေဦးများစွာ ဆောင်းဦးများစွာ ကျော်လွန်သွားသည့် ကာလအတောအတွင်းတွင် ဘုရားသခင်သည် မြူခိုးဇာပဝါနောက်မှ စောင့်ကြည့်နေခဲ့သည်၊ တတိယကောင်းကင်မှနေပြီး အောက်သို့ နေ့ပေါင်းများစွာ၊ ညပေါင်းများစွာ ကြည့်ရှုနေခဲ့သည်၊ လပေါင်းများစွာ၊ နှစ်ပေါင်းများစွာ လူတို့အကြား၌ လမ်းလျှောက်သွားခဲ့သည်။ ချမ်းအေးသောဆောင်းကာလများစွာကို ဖြတ်သန်းပြီး လူအားလုံး၏ အထက်၌ ထိုင်ကာ တိတ်ဆိတ်စွာ စောင့်ခဲ့သည်။ ဘုရားသခင်သည် မည်သူ့ရှေ့၌မျှ တကြိမ်တခါမျှ သူ့ကိုယ်သူ ပေါ်ပေါ်ထင်ထင် မဖော်ပြဘူးပေ၊ အသံတစ်သံမျှလည်း ထွက်အောင် မလုပ်ခဲ့ပေ၊ နိမိတ်လက္ခဏာတစ်ခုမျှ မပြဘဲ တိတ်တဆိတ် ထွက်ခွာမှုကိုပြုလုပ်နေသကဲ့သို့ပင် တိတ်တဆိတ် ပြန်လာ်နေသည်။ မည်သူက ဘုရားသခင်၏ မျက်နှာအစစ်ကို သိနိုင်သနည်း။ သူသည် အရင်က လူကို တခါမျှ စကားမပြောဖူးပေ၊ တကြိမ်တခါမျှလည်း ကိုယ်ထင်မပြဘူးပေ။ လူတို့အတွက် ဘုရားသခင်၏ အလုပ်ကို လုပ်ဖို့ဆိုသည်မှာ မည်မျှလွယ်ကူသနည်း။ သူတို့ လုံးဝ မသိသောအချက်မှာ ဘုရားသခင်ကို သိကျွမ်းဖို့ဆိုသည်မှာ ရှိရှိသမျှအရာအားလုံးထဲတွင် အခက်ခဲဆုံးဖြစ်သည် ဟူသည့် အချက်ဖြစ်သည်။ ယနေ့ ဘုရားသခင်က လူကို စကားပြောခဲ့သည်။ သို့သော် လူသည် ဘုရားသခင်ကို တခါမျှ မသိကျွမ်းခဲ့ဖူးပေ။ အဘယ်ကြောင့်ဆိုသော် အသက်တာ၌ သူ၏ ဝင်ရောက်မှုသည် အကန့်အသတ်အလွန်ရှိပြီး၊ အလွန်တိမ်သောကြောင့် ဖြစ်သည်။ သူ၏ ရှုထောင့်မှ ကြည့်လျှင် လူတို့သည် ဘုရားသခင်၏ရှေ့သို့လာဖို့ အပြည့်အဝ စံမမီပေ။ သူတို့သည် ဘုရားသခင်ကို နားလည်မှု၌ အလွန်နည်းပြီး ဘုရားသခင်နှင့် အလွန်ဝေးကွာနေကြသည်။ ထို့အပြင် ဘုရားသခင်ကို ယုံကြည်သည့် သူတို့၏ နှလုံးသားသည် အလွန်ရှုပ်ထွေးလွန်းလှသည့်အပြင် သူတို့သည် ဘုရားသခင်၏ ပုံရိပ်ကို သူတို့၏ အတွင်းအကျဆုံးနေရာ၌ ရှိသော နှလုံးသားထဲ၌ မထားကြပေ။ အကျိုးဆက်အနေနှင့် ဘုရားသခင်၏ အပင်ပန်းခံအားထုတ်မှုနှင့် ဘုရားသခင်၏ အလုပ်သည်သဲအောက်မြုပ်နေသော ရွှေအပိုင်းအစများကဲ့သို့ အလင်းတစ်လက်ပင် မထုတ်လွှင့်နိုင်ပေ။ ဘုရားသခင်အတွက်တော့ ထိုလူတို့၏ အစွမ်းအစ၊ အရင်းခံအကြောင်းများနှင့် အမြင်တို့သည် အဆုံးစွန် ရွံရှာဖွယ်ကောင်းသည်။ လက်ခံနိုင်စွမ်းနည်းပါးခြင်း၊ ခံစားမှုမရှိတော့သည့် အဆင့်ရောက်သည်အထိ ကရုဏာတရား မရှိတော့ခြင်း၊ အရည်အသွေးကျလာခြင်း၊ ဆုတ်ယုတ်လာခြင်း၊ အလွန်အမင်း ဖော်လံဖားဖြစ်လာခြင်း၊ အားနည်းခြင်း၊ စိတ်ခွန်အားမရှိတော့ခြင်းတို့ကြောင့် ထိုသူတို့ကို နွားများ၊ မြင်းများကို လမ်းပြသလို လေမ်းပြရမည်။ ထိုသူတို့၏ ဝိညာဉ်တော်သို့ ဝင်ရောက်မှု သို့မဟုတ် ဘုရားသခင်၏ အလုပ်၌ ဝင်ရောက်မှုနှင့် ပတ်သက်ပြီး ပြောရမည်ဆိုလျှင်၊ သူတို့သည် နည်းနည်းလေးမျှ ဂရုမစိုက်ကြ၊ သမ္မာတရားအတွက် ဒုက္ခခံရန် စိတ်ပိုင်းဖြတ်ထားခြင်း နည်းနည်းလေးမျှပင် မရှိကြ။ ထိုသို့သောလူကို ဘုရားသခင်က စုံလင်စေဖို့ဆိုသည်မှာ လွယ်ကူမည် မဟုတ်ပေ။ ထို့ကြောင့် သင်တို့သည် သင်တို့၏ ဝင်ရောက်မှုကို ဤရှုထောင့်မှ စတင်ဖို့ မုချလိုအပ်သည်။ သင်တို့၏ အလုပ်နှင့် သင်တို့၏ ဝင်ရောက်မှုအားဖြင့် သင်တို့သည် ဘုရားသခင်၏ အလုပ်ကို သိအောင်စတင်ချဉ်းကပ်ဖို့ မုချလိုအပ်သည်။

(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ)

သင်သည် သခင် ပြန်ကြွလာခြင်းကို ကြိုဆိုသည့်နည်းလမ်း၊ ဘုရားသခင်နှင့် သာ၍ နီးစပ်သော ပေါင်းသင်းဆက်ဆံရေးတစ်ခုကို တည်ထောင်သည့်နည်းလမ်း၊ ဘုရားသခင်ထံ ဆုတောင်းသည့်နည်းလမ်း စသည်တို့ကို သင်ယူလေ့လာ လိုပါသလား။ ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ဖို့ အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “သင်တို့သည် ရာထူးဂုဏ်ဒြပ်ဆိုင်ရာ ကောင်းချီးများကို ဘေးဖယ်ပြီး လူသားအတွက် ကယ်တင်ခြင်းကို ယူဆောင်လာရန် ဘုရားသခင်၏ အလိုတော်ကို နားလည်သင့်၏” | ကောက်နုတ်ချက် ၈၅

ငါ၏နှုတ်ကပတ်တော်တို့သည် ခက်ထန်နိုင်သော်လည်း ၎င်းတို့အားလုံးကို လူသား၏ ကယ်တင်ခြင်းအတွက် ပြောထားခြင်း ဖြစ်သည်၊ ငါသည် နှုတ်ကပတ်တော်များကို...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ- အခန်း ၁၁” | ကောက်နုတ်ချက် ၂၄၀

ယနေ့ ငါသည်သင်တို့အားဤနေရာအထိ လမ်းပြခဲ့ပြီးဖြစ်သဖြင့် ငါသည် သင့်လျော်သော အစီအမံများကို ပြုလုပ်ပြီးဖြစ်သည့်အပြင် ငါ့တွင်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “သင်၏အနာဂတ်တာဝန်ကို မည်သို့ အာရုံစိုက်၍ လုပ်ဆောင်သင့်သနည်း” | ကောက်နုတ်ချက် ၄၆၃

ခေတ်ကာလနှင့်ပတ်သက်သည့် ဘုရားသခင်၏စိတ်သဘောထားကို ခေတ်ကာလအလိုက် အရေးပါမှုရှိသော သင့်တော်ရာ ဘာသာစကားဖြင့် သင်ဖော်ပြနိုင်ပါသလား။...