ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၂၁၅

သမ္မာကျမ်းစာထဲမှ သောဒုံမြို့ကို ဘုရားသခင် ဖျက်ဆီးခဲ့သည့် မြင်ကွင်းကို ပြန်လည်သတိရလျက် လောတ၏မိန်းမ မည်ကဲ့သို့ ဆားတိုင်ဖြစ်သွားခဲ့သည်ကိုလည်း စဉ်းစားကြည့်ပါ။ နိနေဝေမြို့သားများသည် လျှော်တေအဝတ်ကို ဝတ်ဆင်ပြီး ပြာထဲ၌ထိုင်ကာ မိမိတို့၏အပြစ်များအတွက် မည်သို့ နောင်တရသည်ကိုလည်းကောင်း၊ လွန်ခဲ့သည့် နှစ်ပေါင်း ၂,၀၀၀ ကျော်က သခင်ယေရှုကို ကားတိုင်ပေါ်တွင် ရိုက်ထားပြီးနောက် ယုဒလူမျိုးများ မည်သည့်နောက်ကို လိုက်လျှောက်ခဲ့ကြသည်ကိုလည်းကောင်း ပြန်ပြောင်းသတိရပါ။ ယုဒလူများသည် ဣသရေလလူများထံမှ နှင်ထုတ်ခြင်းခံရပြီး ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများဆီသို့ ပြန့်နှံ့ရောက်ရှိသွားခဲ့ကြသည်။ လူအများအပြား အသတ်ခံခဲ့ရပြီး ယုဒနိုင်ငံ တစ်ခုလုံးသည် မကြုံစဖူး ဖျက်ဆီးခြင်းကို ခံခဲ့ရသည်။ သူတို့သည် ဘုရားသခင်ကို ကားတိုင်ပေါ်တွင် ရိုက်ခဲ့ကြပြီး စက်ဆုပ်ရွံရှာဖွယ်ကောင်းသော ပြစ်မှုတစ်ခုကို ကျူးလွန်ခဲ့ကြကာ ဘုရားသခင်၏ စိတ်နေသဘောထားကို ထိပါးစော်ကားခဲ့ကြသည်။ သူတို့လုပ်ခဲ့သည့် အပြစ်ကို သူတို့ပေးဆပ်ခဲ့ရပြီး သူတို့ လုပ်ဆောင်ခဲ့သည့် အရာများ၏ နောက်ဆက်တွဲ အကျိုးဆက်ကို ခံခဲ့ကြရသည်။ သူတို့သည် ဘုရားသခင်ကို ရှုတ်ချခဲ့သည်၊ ငြင်းပယ်ခဲ့သည်၊ သို့အတွက်ကြောင့် သူတို့တွင် ဘုရားသခင်၏ အပြစ်ပေးခံရခြင်း ဆိုသည့် ကံကြမ္မာတစ်ခု ရှိလေသည်။ ဤသည်မှာ သူတို့၏ တိုင်းနိုင်ငံအပေါ် သူတို့၏ အုပ်ချုပ်သူများ သက်ရောက်စေခဲ့သော ခါးသီးဖွယ် အကျိုးဆက်နှင့် ဘေးဒုက္ခပင် ဖြစ်ပါသည်။

ယနေ့ခေတ်တွင် ဘုရားသခင်သည် အလုပ်လုပ်ရန်အတွက် ဤလောကသို့ ပြန်ကြွလာခဲ့သည်။ ဘုရားသခင်၏ ပထမဆုံးမှတ်တိုင်မှာ အာဏာရှင်အုပ်ချုပ်သူများ ဘာသာမဲ့အယူဝါဒကို ယုံကြည်သူများရှိရာ တရုတ်နိုင်ငံပင်ဖြစ်သည်။ ဘုရားသခင်သည် မိမိ၏ ပညာနှင့် အင်အားတို့အားဖြင့် လူတစ်စုကို ပိုင်ဆိုင်ပြီးဖြစ်သည်။ ထိုကာလအတွင်း ဘုရားသခင်သည် တရုတ်နိုင်ငံ အာဏာရပါတီ၏ နည်းအမျိုးမျိုးဖြင့် နှောင့်ယှက်ခြင်းကို ခံရပြီး ဦးခေါင်းတော် ချစရာနေရာမရှိ၊ နားခိုစရာနေရာ မတွေ့နိုင်ဘဲ အလွန် ဒုက္ခကြီးစွာ ခံခဲ့ရသည်။ သို့ဖြစ်စေကာမူ ဘုရားသခင်သည် လုပ်ဆောင်ရန် ရည်ရွယ်ထားသည့် အလုပ်ကို ဆက်လက် လုပ်ဆောင်ခဲ့သည်။ ဘုရားသခင်သည် မိမိ၏အသံတော်ကို ဖွင့်ဟပြီး ဧဝံဂေလိ တရားတော်ကို ဖြန့်ကြက်ခဲ့သည်။ ဘုရားသခင်၏ ဘုန်းတော်ကြီးမြတ်မှုကို မည်သူတစ်ဦးတစ်ယောက်ကမျှ နားလည်သဘောပေါက်နိုင်ခြင်း မရှိပါ။ ဘုရားသခင်ကို ရန်သူကဲ့သို့ မှတ်ယူသည့် နိုင်ငံတစ်ခုဖြစ်သည့် တရုတ်နိုင်ငံတွင် ဘုရားသခင်သည် မိမိအလုပ်ကို မည်သည့်အခါမျှ ရပ်နားခြင်းမရှိခဲ့ပါ။ တစ်နည်းအားဖြင့် ဘုရားသခင်သည် လူသားတိုင်းကို ကယ်တင်ရန် အစွမ်းကုန် ဆောင်ရွက်သည့်အတွက် ကိုယ်တော်၏ အလုပ်နှင့် စကားတော်တို့ကို လက်ခံသည့်သူများ ပိုမိုများလာခဲ့သည်။ ဘုရားသခင် ရယူရန် အလိုတော်ရှိ သည့်အရာကို မည်သည့်နိုင်ငံ သို့မဟုတ် မည်သည့်စွမ်းအားကမျှ မခံနိုင်ကြောင်း ကျွန်ုပ်တို့ ယုံကြည်ပါသည်။ ဘုရားသခင်၏ အမှုတော်ကို နှောင့်ယှက်သူများ၊ ဘုရားသခင်၏ စကားတော်ကို ဆန့်ကျင်ပြီး ဘုရားသခင်၏ အကြံအစည်တော်ကို နှောင့်ယှက်ဟန့်တားသူများသည် ဘုရားသခင်၏ အပြစ်ဒဏ်ပေးခြင်းကို နောက်ဆုံးတွင် ခံရကြပါမည်။ ဘုရားသခင်၏ အမှုတော်ကို အာခံဖီဆန်သူသည် ငရဲသို့ချခြင်းခံရမည်၊ ဘုရားသခင်၏ အမှုတော်ကို အာခံဖီဆန်သော မည်သည့်နိုင်ငံမဆိုသည် ဖျက်ဆီးခြင်းကိုခံရမည်၊ ဘုရားသခင်၏ အမှုတော်ကို ဆန့်ကျင်ရန် ပုန်ကန်သော မည်သည့်တိုင်းပြည်မဆိုသည် ဤကမ္ဘာပေါ်မှ ဖယ်ရှားခံရမည်ဖြစ်ပြီး အပြီးတိုင် ကွယ်ပျောက်သွားလိမ့်မည်။ တိုင်းနိုင်ငံတိုင်းနှင့် လုပ်ငန်းများမှ လူတိုင်းကို ကျွန်ုပ် တိုက်တွန်း နှိုးဆော်လိုသည်မှာ ဘုရားသခင်၏ အမှုတော်ကို ကြည့်ရှုရန်၊ လူသားတို့၏ ကံကြမ္မာကို သတိမူကြရန် ဖြစ်ပါသည်။ ဤနည်းအားဖြင့် ဘုရားသခင်အား အသန့်ရှင်းဆုံး၊ ဂုဏ်အသရေအရှိဆုံး၊ အမြင့်မားဆုံးနှင့် လူသားတို့ ကိုးကွယ်ဆည်းကပ်ရာ တစ်ပါးတည်းသောသူ ဖြစ်စေလျက် ဘုရားသခင် အစအဦး ဖန်ဆင်းခဲ့သော ဧဒင်ဥယျာဉ်အတွင်း နေထိုင်ခဲ့သော အာဒံနှင့်ဧဝတို့ကဲ့သို့ ထာဝရဘုရား၏ ကတိတော်များဖြင့် နေထိုင်ခဲ့ကြသော အာဗြဟံ၏ မျိုးဆက်များအဖြစ်၊ လူသားအားလုံးကို ဘုရားသခင်၏ ကောင်းကြီး မင်္ဂလာများဖြင့် အသက်ရှင်စေမည် ဖြစ်ပါသည်။

ဘုရားသခင်၏ အလုပ်သည် ကြီးမားပြင်းထန်သော လှိုင်းလုံးများ တလိပ်လိပ်တက်လာသကဲ့သို့ ဖြစ်သည်။ မည်သူတစ်ဦးတစ်ယောက်ကမျှ ဘုရားသခင်ကို မထိန်းချုပ်နိုင်သလို မည်သူကမျှလည်း ဘုရားသခင်၏ ခြေတော်ရာများကို မရပ်တန့်စေနိုင်ပါ။ ဘုရားသခင်၏ စကားတော်ကို သေချာစွာ နားထောင်သောသူများနှင့် ဘုရားသခင်ကို ဆာငတ်လျက် ရှာဖွေသောသူများသည်သာ ဘုရားသခင်၏ ခြေတော်ရာနောက်သို့ လိုက်နိုင်မည်ဖြစ်ပြီး ဘုရားသခင်၏ ကတိတော်များကိုလည်း ခံစားရမည်ဖြစ်သည်။ ထိုသို့ မဟုတ်သူများမှာမူ ဘေးဒုက္ခများနှင့် တွေ့ကြုံခံစားရမည်ဖြစ်ပြီး ပြစ်ဒဏ်ကျခံထိုက်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၂)- လူသားမျိုးနွယ်တစ်ရပ်လုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် တာဝန်ယူဦးဆောင်သည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၅၁

ယောဘ၏ စစ်မှန်သော သဘောသဘာဝ၊ လိမ်ညာမှု ကင်းပြီး စစ်မှန် ဖြူစင်ခြင်း ယောဘ ၂:၇-၈ ကို ဖတ်ကြပါစို့- “သို့ဖြင့် စာတန်သည် ယေဟောဝါ၏ထံတော်မှောက်မှ...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၁၉

လူငါးမျိုး လောလောဆယ်မှာမူ ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားနှင့်ပတ်သက်ပြီး ငါတို့၏ မိတ်သဟာယပြုခြင်းကို ဤနေရာမှာပဲ အဆုံးသတ်လိုက်ပါမည်။...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၂၇

လူ၏အသက်တာ တစ်ခုလုံးသည် စာတန်၏ အုပ်စိုးမှုအောက်တွင် နေထိုင်ခဲ့ပြီး စာတန်၏ သြဇာ လွှမ်းမိုးမှုမှ မိမိခွန်အားဖြင့် လွတ်မြောက်အောင်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၂၂

ယခုတွင် ပေတရု လျှောက်လှမ်းခဲ့သည့် တိကျသည့်လမ်းကြောင်းကို သင် ရှင်းရှင်းလင်းလင်း မြင်နိုင်သင့်ပေသည်။ ပေတရု၏ လမ်းကြောင်းကို သင်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။