ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၂၂၇

သင်တို့သည် အဆင်းနီသောနဂါးကြီးကို အမှန်ပင်မုန်းပါသလား။ သင်တို့သည် အမှန်စင်စစ် မုန်းပါသလား။ ငါသည် အဘယ်ကြောင့် သင်တို့ကို ကြိမ်ဖန်များစွာ မေးခဲ့သနည်း။ ငါသည် အဘယ်ကြောင့် သင်တို့ကို ဤမေးခွန်း ထပ်တလဲလဲ မေးနေသနည်း။ သင်တို့၏ နှလုံးသားထဲတွင် အဆင်းနီသောနဂါးကြီး၏ မည်သည့်ပုံရိပ် ရှိသနည်း။ ၎င်းကို တကယ်ပင် ဖယ်ရှားပြီးပြီလား။ ၎င်းကို သင်တို့၏ဖခင်ဟု အမှန်ပင် မမှတ်ယူပေဘူးလား။ ငါ၏မေးခွန်းများတွင် ငါ့ရည်ရွယ်ချက်ကို လူအားလုံး သတိမူမိသင့်သည်။ ဤသည်မှာ လူတို့၏ ဒေါသအမျက်ကို နှိုးဆော်ရန်မဟုတ်၊ လူသားတို့အကြား ပုန်ကန်မှုကို လှုံ့ဆော်ရန် မဟုတ်၊ လူသားသည် မိမိ၏ထွက်ရပ်လမ်းကို ရှာတွေ့စေရန်မဟုတ်ပါ။ သို့သော် ဤသည်မှာ လူအားလုံးကို အဆင်းနီသောနဂါးကြီး၏ အချုပ်အနှောင်မှ လွတ်မြောက်ခွင့်ပေးရန် ဖြစ်သည်။ သို့သော် မည်သူမျှ မစိုးရိမ်သင့်ပါ။ ငါ၏စကားများဖြင့် အရာခပ်သိမ်း ဖြစ်မြောက်အောင်မြင်လိမ့်မည်။ မည်သည့်လူသားမျှ မပါဝင်ရ၊ မည်သည့်လူသားမျှလည်း ငါလုပ်ဆောင်မည့်အမှုကို မလုပ်နိုင်ပါ။ ငါသည် နိုင်ငံအားလုံး၏ လေထုကို လုံးဝသန့်စင်ပြီး ကမ္ဘာမြေပေါ်ရှိ နတ်ဆိုးတို့ကို အစအနမကျန် အားလုံး ပပျောက်စေမည်။ ငါသည် စတင်လိုက်ပြီဖြစ်ပြီး အဆင်းနီသောနဂါးကြီး နေသည့်နေရာတွင် ငါ၏ဆုံးမသည့်အလုပ် ပထမအဆင့်ကို စတင်မည်။ ထို့ကြောင့် ငါသည် ခပ်သိမ်းသော နိုင်ငံများကို ကြည့်သဖြင့် စကြဝဠာတစ်ခုလုံးအပေါ်သို့ ငါ၏အဆုံးအမ ကျရောက်ကြောင်းနှင့် အဆင်းနီသောနဂါးကြီးနှင့် ညစ်ညူးသောနတ်မျိုးစုံတို့ ငါ၏အဆုံးအမမှ လွတ်မြောက်နိုင်စွမ်း မရှိကြောင်းကို တွေ့နိုင်သည်။ မြေကြီးပေါ်တွင် ငါ၏အမှု ပြီးသည့်အခါ၊ ဆိုလိုသည်မှာ တရားစီရင်ရာကာလ အဆုံးသတ်သည့်အခါ၊ ငါသည် အဆင်းနီသောနဂါးကြီးကို စနစ်တကျ ဆုံးမမည်။ ငါ၏လူတို့သည် အဆင်းနီသောနဂါးကြီးအပေါ် ငါ၏ဖြောင့်မတ်သည့် ဆုံးမမှုကို တွေ့လိမ့်မည်။ ငါ၏ဖြောင့်မတ်မှုကြောင့် ချီးမွမ်းခြင်းကို သွန်းလောင်းပြီး ငါ၏ဖြောင့်မတ်ခြင်းကြောင့် ငါ၏သန့်ရှင်းသော နာမတော်ကို အစဉ်ချီးကျူးထောမနာပြုလိမ့်မည်။ ထို့ကြောင့် သင်တို့သည် သင်တို့၏တာဝန်ကို စနစ်တကျ ထမ်းဆောင်ပြီး အတိုင်းတိုင်းအပြည်ပြည်တွင် ငါ့ကို အစဉ်အမြဲ တရားဝင် ချီးမွမ်းလိမ့်မည်။

တရားစီရင်သောကာလသည် အထွတ်အထိပ်သို့ ရောက်သောအခါ ငါ၏အလုပ်ကို အဆောတလျင် အဆုံးမသတ်ဘဲ ဆုံးမရာကာလ၏ အထောက်အထားနှင့် ပေါင်းစပ်ကာ ဤအထောက်အထားကို ငါ၏လူခပ်သိမ်းကို မြင်စေမည်။ ဤသည်မှ သာ၍ကြီးမားသော အကျိုးအမြတ်ရရှိမည်။ ဤအထောက်အထားသည် အဆင်းနီသောနဂါးကြီးအား ငါ၏ဆုံးမနည်းဖြစ်ပြီး ငါ၏လူများ ငါ့စိတ်သဘောကို ပို၍သိစေရန် ၎င်းတို့၏မျက်စိဖြင့် ကြည့်မြင်စေမည်။ အဆင်းနီသောနဂါးကြီး ဆုံးမခံရသည့်အချိန်သည် ငါ၏လူများ ငါ၌မွေ့ပျော်ချိန်ဖြစ်သည်။ အဆင်းနီသောနဂါးကြီး၏လူများကို ထကြွတော်လှန်အောင် ပြုလုပ်ရေးမှာ ငါ၏အစီအစဉ်ဖြစ်ပြီး ငါ၏လူများကို စုံလင်စေသည့်နည်းဖြစ်ကာ ငါ့လူခပ်သိမ်းအနေဖြင့် ဘဝတွင် တိုးတက်မြင့်မားလာရေးအတွက် အခွင့်အရေးကြီးတစ်ရပ် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၂၈)

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၁၇၀

ဘုရားသခင်၏ စိတ်သဘောထား အလုံးစုံသည် နှစ်ပေါင်း ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ် တစ်လျှောက်တွင် ဖော်ထုတ်ခဲ့ပြီးဖြစ်သည်။ ယင်းတို့ကို...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အမှုတော် အဆင့်သုံးဆင့် | ကောက်နုတ်ချက် ၃၉

ကျေးဇူးတော်ခေတ်သည် ယေရှု၏ အမည်နှင့် စတင်ခဲ့သည်။ ယေရှုသည် သူ၏အမှုတော်ကို စတင် ဆောင်ရွက်သောအခါ သန့်ရှင်းသော ဝိညာဉ်တော်သည် ယေရှု၏အမည်ကို စတင်၍...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၃၅

မည်မျှလောက်သော ဘာသာရေးထုံးတမ်းအစဉ်အလာများကို သင်စောင့်ထိန်းသနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အကြိမ်မည်မျှ ဆန့်ကျင်ကာ မိမိအလိုအတိုင်း...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၃၀၃

ဘုရားသခင်တွင် ခံစားတတ်သော စိတ်ရှိသောကြောင့် လူသားသည် ဘုရားသခင်နှင့် မဆည်းပူးနိုင်ခြင်း မဟုတ်ပေ။ လူသား၏ဆည်းပူးခြင်းကို ဘုရားသခင်က...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။