ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- သမ္မာကျမ်းစာနှင့် ပတ်သက်သည့် နက်နဲမှုများ | ကောက်နုတ်ချက် ၂၆၆

ဘုရားသခင်သည် ပညတ်တော်ခေတ်၏ အမှုတော်ကို ဆောင်ရွက်ပြီးနောက်တွင်၊ ဓမ္မဟောင်းကျမ်း ထွက်ပေါ်ခဲ့ကာ၊ ထို့နောက်တွင် လူတို့သည် သမ္မာကျမ်းစာကို စတင်ဖတ်ရှုခဲ့ကြသည်။ ယေရှု ကြွလာပြီးနောက် သူက ကျေးဇူးတော်ခေတ်၏ အမှုတော်ကို ဆောင်ရွက်ခဲ့ပြီး၊ သူ့တမန်တော်များက ဓမ္မသစ်ကျမ်းကို ရေးသားခဲ့ကြသည်။ ထိုသို့ဖြင့် သမ္မာကျမ်းစာ၏ ဓမ္မဟောင်းကျမ်း နှင့် ဓမ္မသစ်ကျမ်းတို့ ထွက်ပေါ်လာပြီး၊ ယနေ့တိုင်အောင်ပင် ဘုရားသခင်ကို ယုံကြည်သူများအားလုံးက သမ္မာကျမ်းစာကို ဖတ်နေခဲ့ကြသည်။ သမ္မာကျမ်းစာသည် သမိုင်းစာအုပ်တစ်အုပ်ဖြစ်သည်။ ၎င်း၌ ပရောဖက်များ၏ အနာဂတ်ဆိုင်ရာ ဟောကြားချက်တချို့ ပါဝင်ခဲ့သည်မှာ မှန်သော်လည်း၊ ထိုသို့သော ဟောကြားချက်များသည် သမိုင်းနှင့် လားလားမျှ မသက်ဆိုင်ပေ။ သမ္မာကျမ်းစာထဲမှာ ကဏ္ဍ အမျိုးမျိုးပါဝင်သည်— ၎င်းထဲတွင် ပရောဖက်ပြုချက်များ သို့မဟုတ် ယေဟောဝါ၏ အမှုများ သို့မဟုတ် ရှင်ပေါလု၏ ဩဝါဒစာများသာ ပါခဲ့သည် မဟုတ်ပေ။ သမ္မာကျမ်းစာထဲ၌ အပိုင်းမည်မျှ ပါဝင်သည်ကို သင်တို့ သိရှိကြရမည်၊ ဓမ္မဟောင်းကျမ်းထဲ၌ ကမ္ဘာဦးကျမ်း၊ ထွက်မြောက်ရာကျမ်း...စသဖြင့် ပါဝင်ပြီး ပရောဖက်များက ရေးသားသည့် အနာဂတ္တိကျမ်းများလည်း ရှိသေးသည်။ အဆုံးတွင်၊ ဓမ္မဟောင်းကျမ်းကို မာလခိကျမ်းဖြင့် အဆုံးသတ်ထားသည်။ ၎င်းသည် ယေဟောဝါမှ ဦးဆောင်ခဲ့သည့် ပညတ်တော်ခေတ်၏ အမှုကို မှတ်တမ်းတင်ထားသည်၊ ကမ္ဘာဦးကျမ်းမှ မာလခိကျမ်းအထိ ၎င်းသည် ပညတ်တော်ခေတ်၏ အမှုအားလုံး၏ ပြည့်စုံသော မှတ်တမ်းတစ်ခုဖြစ်သည်။ ဓမ္မဟောင်းကျမ်းသည် ပညတ်တော်ခေတ် ကာလတုန်းက ယေဟောဝါ၏ လမ်းညွှန်မှုကို ခံယူခဲ့ကြသည့်လူများ ကြုံတွေ့ခဲ့ရသည့် အရာများအားလုံးကို မှတ်တမ်းတင်ထားသည်ဟု ဆိုလိုခြင်းဖြစ်သည်။ ဓမ္မဟောင်းကျမ်း ပညတ်တော်ခေတ် ကာလထဲတွင်၊ ယေဟောဝါမှ ပျိုးထောင်လေ့ကျင့် ပေးခဲ့သည့် များပြားလှသည့် ပရောဖက်များသည် ယေဟောဝါ၏ ကိုယ်စား ပရောဖက်ပြုချက်များကို ဟောကြားခဲ့ကြသည်၊ သူတို့သည် အမျိုးမျိုးသော လူမျိုးနွယ်စုများနှင့် တိုင်းနိုင်ငံများကို လမ်းညွှန်ချက်များ ပေးခဲ့ကြပြီး၊ ယေဟောဝါမှ ပြုမည့် အမှုကို ကြိုပြီး ဟောကြားခဲ့ကြသည်။ ထိုသို့ ပျိုးထောင်လေ့ကျင့်ပေးခြင်း ခံခဲ့ကြရသူ အားလုံးတို့အား ပရောဖက်ပြုခြင်းဝိညာဉ်ကို ယေဟောဝါမှ ပေးအပ်ခဲ့သည်- သူတို့သည် ယေဟောဝါထံမှ ရူပါရုံများကို မြင်နိုင်၏၊ ဘုရားသခင်၏အသံကို ကြားနိုင်ကြပြီး၊ ထို့ကြောင့် ဘုရားသခင်၏ စေ့ဆော်ခြင်းခံရပြီး အနာဂတ္တိကျမ်းများကို ရေးခဲ့ကြသည်။ သူတို့ လုပ်ခဲ့သည့် အလုပ်သည် ယေဟောဝါ၏ အသံကို ဖေါ်ပြချက် ဖြစ်ပြီး၊ ယေဟောဝါ၏ ပရောဖက်ပြုချက်ကို ဖော်ပြချက်ဖြစ်လျက်၊ ထိုစဉ်က ယေဟောဝါ၏အမှုက ဝိညာဉ်ကို အသုံးပြုပြီး လူများကို လမ်းညွှန်ပေးရုံမျှ ဖြစ်ခဲ့သည်၊ ဘုရားသခင်သည် ဇာတိပကတိ ဖြစ်မလာခဲ့ဘဲ၊ လူများသည် ဘုရားသခင်၏ မျက်နှာကို မမြင်ခဲ့ကြရပေ။ ထို့ကြောင့်၊ ဘုရားသခင်သည် သူ၏ အလုပ်ကို လုပ်ဆောင်ပေးရန် များစွာသော ပရောဖက်များကို ပျိုးထောင်လေ့ကျင့်ပေးခဲ့ပြီး သူတို့အား ဣသရေလနိုင်ငံထဲက လူမျိုးနွယ်စုတိုင်းနှင့် ဆွေမျိုးစုတိုင်းကို လက်ဆင့်ကမ်းရန် နိမိတ်များကိုပေးခဲ့သည်။ သူတို့၏ အလုပ်က ပရောဖက်ပြုချက်ကို ဟောကြားပေးရန် ဖြစ်ပြီး၊ သူတို့ထဲက အချို့သူတို့သည် အခြားသူတို့အား ပြသပေးရန် ယေဟောဝါ၏ ညွှန်ကြားချက်များကို ချရေးခဲ့ကြပါသည်။ လူများအနေနှင့် ယေဟောဝါ၏ အံ့ဘွယ်ကောင်းမှုနှင့် ဉာဏ်ပညာတို့ကို မြင်တွေ့စေရန်အတွက် ယေဟောဝါသည် ထိုသူများကို ပရောဖက်ပြုချက်များ ဟောကြားရန်၊ အနာဂတ်၏အမှု သို့မဟုတ် ထိုကာလအတွင်း လုပ်ဆောင်ပေးဖို့ ရှိနေသေးသည့် အမှုကို ကြိုပြီး ဟောကြားရန် ပျိုးထောင်လေ့ကျင့်ပေးခဲ့သည်။ ယင်းအနာဂတ္တိကျမ်းများသည် သမ္မာကျမ်းစာထဲက အခြားကျမ်းများနှင့် အတော်များများ မတူကြပေ၊ ၎င်းတို့သည် ပရောဖက်ပြုခြင်းဝိညာဉ်ကို ရရှိခဲ့ကြသူများ— ယေဟောဝါထံမှ ရူပါရုံများ သို့မဟုတ် အသံများ လက်ခံရရှိခဲ့ကြရသူများမှ ဟောကြားခဲ့ကြသည့် သို့မဟုတ် ရေးသားခဲ့ကြသည့် စကားလုံးများ ဖြစ်သည်။ အနာဂတ္တိကျမ်းများမှအပ၊ ဓမ္မဟောင်းကျမ်းထဲ ပါရှိသမျှ အရာအားလုံးမှာ ယေဟောဝါက ၎င်း၏ အမှုကို ပြုပြီးသွားပြီးနောက် လူများက ပြုလုပ်ခဲ့ကြသည့် မှတ်တမ်းများ ဖြစ်သည်။ ကမ္ဘာဦးကျမ်းနှင့် ထွက်မြောက်ရာကျမ်းများကို ဟေရှာယအနာဂတ္တိကျမ်းနှင့် ဒံယေလ အနာဂတ္တိကျမ်းများနှင့် နှိုင်းယှဉ်၍ မရနိုင်သကဲ့သို့ပင်၊ ထိုကျမ်းများသည် ယေဟောဝါမှ ပျိုးထောင် လေ့ကျင့်ပေးခဲ့သည့် ပရောဖက်တို့ပြောကြားခဲ့သည့် ကြိုတင်ဟောကိန်းထုတ်ချက်များကို အစားထိုးနိုင်စွမ်း မရှိနိုင်ကြပေ။ အမှုတော်ကို မလုပ်ဆောင်မီ ပရောဖက်ပြုချက်များကို ပြောကြားခဲ့ခြင်း ဖြစ်သည်။ ကျန်သည့် ကျမ်းများကိုမူ အမှုတော် ဆောင်ရွက်ပြီးနောက်၊ လူများ တတ်စွမ်းနိုင်ခဲ့ကြသည်ကို ရေးသားခဲ့ခြင်း ဖြစ်သည်။ ထိုကာလက ပရောဖက်များသည် ယေဟောဝါ၏ စေ့ဆော်ပေးခြင်းခံခဲ့ရပြီး အချို့သော ပရောဖက်ပြုချက်များကို ပြောကြားခဲ့သည်၊ ၎င်းတို့သည် စကားအများအပြား ပြောကြားခဲ့ပြီး၊ ကျေးဇူးတော်ခေတ်ဆိုင်ရာ အရာများအပြင် ယေဟောဝါမှ လုပ်ဆောင်ရန် စီမံထားသည့် နောက်ဆုံးသောကာလ၌ ကမ္ဘာကြီးအား ဖျက်ဆီးမှု အကြောင်းကိုလည်း ပရောဖက်ပြုခဲ့ကြသည်။ ကျန်သည့် ကျမ်းများအားလုံးမှာ ယေဟောဝါက ဣသရေလနိုင်ငံတွင် ပြုခဲ့သည့်အမှုကို မှတ်တမ်းတင်ထားကြသည်။ သို့ဖြစ်၍၊ သင်တို့ သမ္မာကျမ်းစာကို ဖတ်ရှုသည့်အခါ၊ သင်တို့သည် ယေဟောဝါက ဣသရေလနိုင်ငံတွင် လုပ်ဆောင်ခဲ့သည့်အရာများကို အဓိကအားဖြင့် ဖတ်နေခြင်း ဖြစ်၏၊ သမ္မာကျမ်းစာ၏ ဓမ္မဟောင်းကျမ်းမှာ ဣသရေလနိုင်ငံအား လမ်းညွှန်ပေးရန် ယေဟောဝါ၏ အမှု၊ ဣသရေလ အမျိုးသားတို့ကို ဖါရောဘုရင်၏ သံခြေကျင်းများကို ဖယ်ရှားပေးလျက် တောထဲသို့ လမ်းပြရန် မောရှေကို ယေဟောဝါမှ အသုံးပြုခဲ့ခြင်းနှင့် နောက်ပိုင်း ခါနာန်ပြည်အတွင်း ဝင်ရောက်ခဲ့ပြီး ၎င်းနောက်အားလုံးက ခါနာန်ပြည်ရှိ သူတို့၏ ဘဝအကြောင်းကို အဓိကအားဖြင့် မှတ်တမ်းတင်ထားလေသည်။ ထိုမှအပ အားလုံးသည် ဣသရေလနိုင်ငံတစ်ဝန်းလုံးတွင် ယေဟောဝါ၏ အမှုများ၏ မှတ်တမ်းများ စုစည်းထားခြင်း ဖြစ်သည်။ ဓမ္မဟောင်းကျမ်းထဲ မှတ်တမ်းတင်ထားသည့် အရာအားလုံးသည် ဣသရေလနိုင်ငံ၌ ယေဟောဝါ၏ အမှု၊ ယေဟောဝါက အာဒံနှင့် ဧဝကို ဖန်ဆင်းခဲ့သည့် ပြည်ထဲက ယေဟောဝါ ပြုခဲ့သည့် အမှုဖြစ်သည်။ ဘုရားသခင်က နောဧနောက်ပိုင်း ကမ္ဘာပေါ်ရှိ လူများကို တရားဝင် စတင်ဦးဆောင်လာခဲ့သည့် အချိန်မှစပြီး၊ ဓမ္မဟောင်းကျမ်းထဲ မှတ်တမ်းတင်ထားသမျှ အရာတိုင်းမှာ ဣသရေလနိုင်ငံက အမှုဖြစ်သည်။ ဣသရေလနိုင်ငံပြင်ပက အမှုတစ်ခုကိုမျှ မှတ်တမ်းတင်ထားခြင်း မရှိသည်မှာ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ဣသရေလပြည်သည် လူသားမျိုးနွယ် အစပျိုးရာအရပ် ဖြစ်၍ ဖြစ်သည်။ အစအဦးတွင်၊ ဣသရေလမှအပ အခြားနိုင်ငံများ မရှိခဲ့ကြပေ၊ သို့ဖြစ်၍ ယေဟောဝါသည် အခြားနေရာတွင် အမှုမပြုခဲ့ပေ။ ထိုနည်းဖြင့်၊ သမ္မာကျမ်းစာ၏ ဓမ္မဟောင်းကျမ်းထဲ၌ မှတ်တမ်းတင်ထားသည်များမှာ ထိုစဉ်က ဣသရေလနိုင်ငံရှိ ဘုရားသခင်၏အမှုသက်သက်သာ ဖြစ်သည်။ ပရောဖက်များဖြစ်သည့် ဟေရှာယ၊ ဒံယေလ၊ ယေရမိနှင့် ယေဇကျေလတို့ ပြောကြားသည့် စကားလုံးများ...သူတို့၏ စကားလုံးများသည် ကမ္ဘာကြီးပေါ်က ဘုရားသခင်၏ အခြားအမှုကို ကြိုတင်ဟောကြားခဲ့၏၊ သူတို့သည် ယေဟောဝါဘုရားသခင် ကိုယ်တော်တိုင်၏ အမှုကို ကြိုတင်ဟောကြားခဲ့ကြသည်။ ယင်းအရာများ အားလုံး ဘုရားသခင်ထံမှ လာခဲ့၏၊ ယင်းသည် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ဖြစ်ပြီး၊ ပရောဖက်များ၏ ဤကျမ်းစာအုပ်များမှအပ၊ အခြားအရာ အားလုံးသည် ထိုအချိန်က ယေဟောဝါ၏ အမှုကို လူတို့ကြုံတွေ့ခြင်းများ၏ မှတ်တမ်းတစ်ခုဖြစ်သည်။

ဖန်ဆင်းခြင်းအမှုသည် လူသားမျိုးနွယ် မရှိမီ ဖြစ်ပေါ်ခဲ့သော်လည်း၊ ကမ္ဘာဦးကျမ်းသည် လူသားမျိုးနွယ် ပေါ်လာခဲ့သည့် နောက်မှသာပေါ်လာခဲ့၏၊ ယင်းသည် မောရှေက ပညတ်တော်ခေတ်ထဲတွင် ရေးခဲ့သည့် ကျမ်းတစ်အုပ် ဖြစ်သည်။ ၎င်းမှာ သင်တို့အကြား ယနေ့ဖြစ်ပျက်သည့် အရာများနှင့် တူသည်- ၎င်းတို့ဖြစ်ပျက်သွားသည့် နောက်၊ အနာဂတ်တွင် လူများကို ပြသပေးရန် သင်တို့သည် ထိုအရာများကို ချရေးကြသည်၊ အနာဂတ်ထဲက လူများအတွက်မူ၊ သင် မှတ်တမ်းတင်ထားလိုက်သည့် အရာများက အတိတ်ကာလများတုန်းက ဖြစ်ပျက်ခဲ့သည့် အရာများ ဖြစ်သည်— ၎င်းတို့သည် သမိုင်းသက်သက်ပင် ဖြစ်သည်။ ဓမ္မဟောင်းကျမ်း၌ မှတ်တမ်းတင်ထားသည့် အရာများသည် ဣသရေလနိုင်ငံ၌ ယေဟောဝါ၏ အမှုဖြစ်ပြီး၊ ဓမ္မသစ်ကျမ်းထဲ မှတ်တမ်းတင်ထားသည့် အရာမှာ ကျေးဇူးတော်ခေတ်အတွင်း ယေရှု၏အမှု ဖြစ်သည်၊ ၎င်းတို့သည် မတူညီသည့် ခေတ်နှစ်ခေတ်၌ ဘုရားသခင်က လုပ်ဆောင်ခဲ့သည့် အမှုကို မှတ်တမ်းတင်ထားကြ၏။ ဓမ္မဟောင်းကျမ်းက ပညတ်တော်ခေတ်အတွင်း ဘုရားသခင်၏ အမှုကို မှတ်တမ်းတင်၏၊ ထို့ကြောင့် ဓမ္မဟောင်းကျမ်းက သမိုင်းဝင်စာအုပ် ဖြစ်သော်လည်း၊ ဓမ္မသစ်ကျမ်းကမူ ကျေးဇူးတော်ခေတ် အမှု၏ ရလဒ်ဖြစ်သည်။ အမှုအသစ်ကို စတင်သည့်အခါ၊ ဓမ္မသစ်ကျမ်းသည်လည်း ခေတ်ဟောင်းသွားခဲ့၏— သို့ဖြစ်၍၊ ဓမ္မသစ်ကျမ်းသည်လည်း သမိုင်းဝင်စာအုပ်တစ်အုပ် ဖြစ်၏။ ဓမ္မသစ်ကျမ်းသည် ဓမ္မဟောင်းကျမ်းကဲ့သို့ စနစ်မကျသကဲ့သို့၊ အရာများစွာကိုလည်း ဓမ္မဟောင်းကျမ်းလောက် မှတ်တမ်းမတင်ထားသည်မှာ မှန်ပေသည်။ ယေဟောဝါ မိန့်ကြားခဲ့သည့် နှုတ်ကပတ်တော်များအားလုံးကို သမ္မာကျမ်းစာ၏ ဓမ္မဟောင်းကျမ်းထဲတွင် မှတ်တမ်းတင်ထားသော်လည်း၊ ယေရှု၏နှုတ်ကပတ်တော် အချို့တို့ကိုသာ ခရစ်ဝင်ကျမ်း လေးကျမ်းထဲတွင် မှတ်တမ်းတင်ထားသည်။ ယေရှုသည်လည်း အမှုများစွာ လုပ်ဆောင်ခဲ့သည်မှာ မှန်၏၊ သို့သော်လည်း၊ ၎င်းတို့ကို အသေးစိတ် မှတ်တမ်းမတင်ထားခဲ့ပေ။ ဓမ္မသစ်ကျမ်းထဲတွင် ထိုသို့ မှတ်တမ်းတင်မှု နည်းနေခြင်းမှာ ယေရှုလုပ်ဆောင်ခဲ့သည့် အမှု၏ ပမာဏကြောင့် ဖြစ်သည်၊ သုံးနှစ်ခွဲကြာ ကာလအတွင်း ကမ္ဘာကြီးပေါ်မှာ ယေရှုလုပ်ခဲ့သည့် အမှုပမာဏနှင့် တမန်တော်များ လုပ်ခဲ့ကြသည့် အမှုပမာဏမှာ ယေဟောဝါ၏ အမှုထက် များစွာမှ နည်းပါးခဲ့သည်။ သို့ဖြစ်သောကြောင့်၊ ဓမ္မသစ်ကျမ်းတွင်ဓမ္မဟောင်းကျမ်းထက် ကျမ်းစာအုပ်များ ပိုနည်းခြင်း ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာကျမ်းစာနှင့် ပတ်သက်၍ (၁)

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- နောက်ဆုံးသောကာလတွင် တရားစီရင်ခြင်း | ကောက်နုတ်ချက် ၉၃

နောက်ဆုံးသောကာလအတွင်း ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၏အမှု အတောအတွင်း- ဆိုလိုသည်မှာ သန့်စင်စေခြင်း၏ နောက်ဆုံးသောအမှု...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၀၃

ဘုရားသခင်သည် လူတို့၏အတွင်း၌ အသက်ဖြစ် လာသည်နှင့် တစ်ပြိုင်နက် သူတို့သည် ဘုရားသခင်ကို မစွန့်ခွာနိုင်တော့ပေ။ ဤသည်မှာ ဘုရားသခင်၏...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၄၃

ဤအခိုက်အတန့်တွင်၊ ဘုရားသခင်၏အမှုမှာ လမ်းကြောင်းမှန်ပေါ်သို့ အယောက်တိုင်းအား ဝင်ရောက်စေဖို့၊ ပုံမှန် ဝိညာဉ်ရေးရာအသက်တာနှင့် စစ်မှန်သော...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၅၅

ယောဘသည် ဘုရားသခင်၏ နာမကို ကောင်းချီးပေးပြီး ကောင်းချီးမင်္ဂလာများ သို့မဟုတ် ဘေးဒုက္ခ အကြောင်း မတွေးပေ သမ္မာကျမ်းစာထဲမှ ယောဘ၏...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။