အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ

Recital-Christ-expression
နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ

အမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ ဖွင့်ဆိုချက်များ (ဘုရားသခင်ကို သိကျွမ်းရာ လမ်းခရီး)
အနန္တတန်ခိုးရှင်ဘုရားသခင်၏ ဖွင့်ဆိုချက်များ (ဘုရားသခင်ကို သိကျွမ်းရာ လမ်းခရီး)

လူအများစုသည် ၎င်းတို့၏ အနာဂတ် ပန်းတိုင်အတွက်၊ သို့မဟုတ် ခဏတာ ပျော်ရွှင်မှုအတွက် ဘုရားသခင်ကို ယုံကြည်ကြသည်။ မည်သည့် ပြုပြင်ဆုံးမခြင်းကိုမျှ မခံယူကြသော ထိုသူတို့အတွက်မူ၊ ဘုရားသခင်အား ယုံကြည်ခြင်းသည် ကောင်းကင်ဘုံသို့ ဝင်ရောက်ရန်အတွက်၊ ဆုလာဘ်များ ရရှိနိုင်ရန် အတွက်သာ ဖြစ်သည်။ ယင်းမှာ ပြီးပြည့်စုံလင်စေခြင်း ခံရရန်မဟုတ်၊ သို့မဟုတ် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ တာဝန်ကို ထမ်းဆောင်ရန် အတွက်လည်း မဟုတ်ပါ။ ပြောရမည်ဆိုလျှင် လူအများစုသည် ၎င်းတို့၏ ဝတ္တရားကို ဖြည့်ဆည်းရန် အလို့ငှာ၊ သို့မဟုတ် ၎င်းတို့၏ တာဝန်ကို ပြည့်စုံစေရန် အလို့ငှာ ဘုရားသခင်အား ယုံကြည်ကြခြင်း မဟုတ်ပေ။ လူများသည် အဓိပ္ပာယ် ပြည့်ဝသော အသက်တာကို နေထိုင် နိုင်ရန် ဘုရားသခင်အား ယုံကြည်ကြသည်မှာ ကြုံတောင့် ကြုံခဲပင် ဖြစ်ပြီး၊ လူသည် အသက်ရှင်သည့်အတွက် သူသည် ဘုရားသခင်အား ချစ်သင့်သည်၊ အကြောင်းမှာ ယင်းသို့ ပြုခြင်းသည် ကောင်းကင်ဘုံ၏ ဥပဒေသနှင့် ကမ္ဘာမြေကြီး၏ နိယာမဖြစ်သောကြောင့် ဖြစ်ပြီး၊ ယင်းသည် လူ၏ ပင်ကိုယ် လုပ်ငန်းဆောင်တာပင် ဖြစ်သည်ဟူ၍ ယုံကြည်သော သူများလည်း မရှိပါ။ ဤသို့ကြောင့်၊ ကွဲပြားခြားနားသော လူများသည် အသီးသီး မိမိတို့၏ ပန်းတိုင်များကို မီအောင်လိုက်ကြ သော်လည်း၊ ၎င်းတို့ လိုက်ခြင်း၏ ရည်မှန်းချက်နှင့် ယင်းနောက်ကွယ်မှ လှုံ့ဆော်မှုမှာမူ အားလုံးအတူတူပင် ဖြစ်ကြသည်၊ ပြီးလျှင်၊ ထပ်ရှိသေးသည့် အရာမှာ၊ ၎င်းတို့ အများစုအတွက်မူ ၎င်းတို့ ဝတ်ပြုကိုးကွယ်ခြင်း၏ ရည်ရွယ်ချက်များမှာလည်း ထပ်တူပင် ဖြစ်သည်။ လွန်ခဲ့သော နှစ်ထောင်ချီများ အတွင်း၊ များစွာသော ယုံကြည်သူတို့သည် သေဆုံးခဲ့ကြပြီး ဖြစ်သည်၊ များစွာတို့ သည်လည်း သေဆုံးခဲ့လျက် တဖန်ပြန်လည် မွေးဖွားခဲ့ကြပြီး ဖြစ်သည်။ ယင်းမှာ ဘုရားသခင်ကို ရှာသောသူ တစ်ယောက် နှစ်ယောက်သာမဟုတ်၊ တစ်ထောင် နှစ်ထောင်ပင်လျှင် မဟုတ်ပေ၊ သို့သော် ဤလူအများစု၏ လိုက်ခြင်းမှာ ၎င်းတို့၏ ကိုယ်ပိုင်အလားအလာများ၊ သို့မဟုတ် အနာဂတ်အတွက် ၎င်းတို့၏ ဘုန်းကျက်သရေ ရှိသော မျှော်လင့်ချက်များ အတွက်သာ ဖြစ်သည်။ ခရစ်တော်အား ဆည်းကပ်သော ထိုသူများမှာ အလွန်ပင် ရှားပါးသည်။ ဘုရားဝတ်၌ မွေ့လျော်သော ယုံကြည်သူ များစွာသည်ပင် ၎င်းတို့၏ ကိုယ်ပိုင် ကွန်များတွင် ကျော့မိလျက် သေဆုံးခဲ့ကြပြီး၊ ထို့အပြင် အောင်မြင်မှုကို ရရှိခဲ့သော လူအရေအတွက်မှာ အလွန်ပင် သေးနုပ် လှသည်။ ယနေ့ကာလထိတိုင် လူများ ရှုံးနိမ့်ရခြင်း၏ အကြောင်းရင်းများ၊ သို့မဟုတ် ၎င်းတို့ အောင်မြင်မှု၏ လျှို့ဝှက်ချက်များကို ၎င်းတို့ မသိရှိကြသေးပေ။ ခရစ်တော်အား ဖွေရှာခြင်းကို စိတ်စွဲလမ်းကြသော ထိုသူများသည် ၎င်းတို့၏ ရုတ်ခြည်း ထိုးထွင်းဉာဏ်၏ အခိုက်အတန့်ကို မရရှိကြသေးပေ၊ ၎င်းတို့သည် ဤနက်နဲ မှုများ ၏ အခြေသို့ မရောက်ရှိခဲ့ကြပေ၊ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် လုံးဝ မသိကြသောကြောင့်ပင် ဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ လိုက်ခြင်းတွင် အပတ်တကုတ် ကြိုးထုတ်မှုများ ပြုကြသော်ငြားလည်း၊ ၎င်းတို့ လျှောက်သော လမ်းကြောင်းသည် ယခင်က ၎င်းတို့၏ အရင်ကျသောသူများမှ လျှောက်ခဲ့သော ရှုံးနိမ့်မှု လမ်းကြောင်းပင် ဖြစ်ပြီး၊ အောင်မြင်မှု လမ်းကြောင်း မဟုတ်ပေ။ ဤသို့ဖြင့်၊ ၎င်းတို့သည် မည်မျှပင် ဖွေရှာသည် ဖြစ်စေ၊ ၎င်းတို့ လျှောက်သော လမ်းကြောင်းသည် အမှောင်ထုဆီသို့ ဦးတည်သည့် လမ်းကြောင်း ပင် မဟုတ်ပေလော။ ၎င်းတို့ ရရှိသည့် အရာမှာ ခါးသက်သော အသီးပင် မဟုတ်လော။ အတိတ် အချိန်များတွင် အောင်မြင်ခဲ့ကြသော ထိုသူများကို လိုက်တုကြသော လူများသည် အဆုံးတွင် ပေါကြွယ်မည်လော သို့မဟုတ် ဘေးဒုက္ခတွေ့မည်လော ဆိုသည်အား ခန့်မှန်းရန်မှာ ခက်ခဲပါသည်။ ထိုသို့ဆိုလျှင် ရှုံးနိမ့်ခဲ့သော သူများ၏ ခြေရာများနောက် လိုက်လျှောက်ရင်း ဖွေရှာကြသော သူများအတွက်မူ အောင်မြင်ကိန်းမှာ မည်မျှ ဆိုးရွားနေလိမ့်မည်နည်း။ ၎င်းတို့သည် သာ၍ ကြီးမားသည့် ရှုံးနိမ့်မှု အလားအလာပေါ်တွင် ရပ်နေခြင်းပင် မဟုတ်လော။ ၎င်းတို့ လျှောက်သော လမ်းကြောင်းတွင် မည်သည့် တန်ဖိုးရှိသနည်း။ ၎င်းတို့သည် ၎င်းတို့၏ အချိန်ကို ဖြုန်းနေခြင်းပင် မဟုတ်တုံလော။ လူများသည် ၎င်းတို့၏ လိုက်ခြင်းတွင် အောင်မြင်မည် သို့မဟုတ် ရှုံးနိမ့်မည် စသည်မရွေး၊ အတိုချုပ်ဆိုရလျှင်၊ ယင်းတွင် ၎င်းတို့ ထိုသို့ပြုခြင်း၏ အကြောင်းရင်းတစ်ခု ရှိပြီး၊ ၎င်းတို့၏ အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် ၎င်းတို့ နှစ်သက်သလို ဖွေရှာမှုအားဖြင့် အဆုံးအဖြတ်ပေး သည် ဆိုသည်မှာ မမှန်ကန်ပါ။

ဘုရားသခင်အား လူ့ယုံကြည်ခြင်း၏ အခြေခံလိုအပ်ချက်မှာ သူ့တွင် ရိုးဖြောင့်သော နှလုံးသားရှိခြင်း၊ သူ့ကိုယ်သူ ပြည့်ဝစွာ ဘုရားဝတ်၌ မွေ့လျော်ခြင်းနှင့် စစ်မှန်စွာ နာခံခြင်းတို့ ဖြစ်သည်။ လူအတွက် အခက်ခဲ ဆုံးသော အရာမှာ စစ်မှန်သော ယုံကြည်ခြင်းနှင့် အလဲအလှယ်ပြုရာတွင် သူ၏ အသက်တာ တစ်ခုလုံးအား ထောက်မခြင်းပင်ဖြစ်သည်၊ ယင်းမှတစ်ဆင့် သူသည် အလုံးစုံသော သမ္မာတရားကို ရရှိနိုင်ပြီး၊ ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး အနေနှင့် သူ၏ တာဝန်ကို ဖြည့်ဆည်းနိုင်မည် ဖြစ်သည်။ ဤအရာသည် ရှုံးနိမ့်သော ထိုသူတို့မှ မရရှိနိုင်သည့် အရာပင် ဖြစ်ပြီး၊ ခရစ်တော်အား ရှာမတွေ့သော ထိုသူများအတွက်မူ သာ၍ပင် မရနိုင်စရာ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လူသည် မိမိကိုယ်မိမိ ဘုရားသခင်ထံ လုံးလုံးလျားလျား ဆည်းကပ်ခြင်း၌ မတော်သောကြောင့်ပင် ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် လူသည် ဖန်ဆင်းရှင်ထံ သူ၏ တာဝန်ကို ထမ်းဆောင်ရန် ဆန္ဒမရှိသောကြောင့် ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် လူသည် သမ္မာတရားကို တွေ့ပြီးသော်လည်း ၎င်းကို ရှောင်ဖယ်လျက် မိမိ၏ ကိုယ်ပိုင် လမ်းကြောင်းကို လျှောက်ခြင်းကြောင့်ပင် ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် လူသည် ရှုံးနိမ့်ခဲ့သော ထိုသူတို့၏ လမ်းကြောင်းနောက် လိုက်ခြင်းဖြင့် အမြဲပင် ဖွေရှာသောကြောင့် ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် လူသည် အမြဲပင် ကောင်းကင်ဘုံအား ဖီဆန် အန်တုသောကြောင့်ပင် ဖြစ်သည်၊ သို့အတွက်ကြောင့်၊ လူသည် အမြဲပင် ရှုံးနိမ့်ပြီး၊ စာတန်၏ လှည့်ကွက်၌ အမြဲပင် ကျရှုံးရကာ၊ မိမိ၏ ကိုယ်ပိုင် ကွန်တွင်ပင် ကျော့မိခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် လူသည် ခရစ်တော်ကို မသိသောကြောင့်ပင် ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် လူသည် သမ္မာတရားကို နားလည်ခြင်း နှင့် တွေ့ကြုံခြင်း၌ မကျွမ်းကျင်သောကြောင့် ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် လူသည် ပေါလုအား အလွန် တရာမှပင် ရိုသေပြီး ကောင်းကင်ဘုံအား အလွန်တရာမှပင် တပ်မက်သောကြောင့် ဖြစ်သည်၊ အဘယ်ကြောင့် ဆိုသော် လူမှာ ခရစ်တော်သည် သူ့အား နာခံရန် အမြဲပင် တောင်းဆိုပြီး ဘုရားသခင်အားလည်း အပေါ်စီးမှ ပြောဆိုဆက်ဆံသောကြောင့် ဖြစ်သည်၊ သို့အတွက်ကြောင့် ထိုကြီးမြတ်သည့် ပုဂ္ဂိုလ်ကြီးများနှင့် လောက၏ ပြောင်းလဲမှုဒဏ်ကို ကြုံတွေ့ခဲ့ရသော ထိုသူများသည် သေမျိုးများဖြစ်လျက်ပင် နေသေးပြီး၊ ဘုရားသခင်၏ ပြစ်တင်ဆုံးမမှုအလယ်တွင် သေဆုံးလျက်ပင် ရှိသေးသည်။ ထိုသို့သော လူများကို ငါပြောနိုင်သည်မှာ ထိုသူ တို့သည် ကြေကွဲဖွယ် သေဆုံးကြပြီး၊ ၎င်းတို့အတွက် အကျိုးဆက်ဖြစ်သည့် ၎င်းတို့၏ သေခြင်းမှာ တရားမမျှတမှု မရှိပေ။ ၎င်းတို့၏ ရှုံးနိမ့်မှုသည် ကောင်းကင်ဘုံ၏ ဥပဒေသအတွက် သည်းမခံနိုင်စရာ သာ၍ပင် ဖြစ်သေးသည် မဟုတ်လော။ သမ္မာတရားသည် လူ့လောကကြီးမှ လာသော်ငြားလည်း၊ လူတို့ အကြားထဲမှ သမ္မာတရားသည် ခရစ်တော်မှ လက်ဆင့်ကမ်း ပေးခဲ့ခြင်း ဖြစ်သည်။ ယင်းသည် ခရစ်တော်ထံမှ မူလအစပြုသည်၊ ဆိုလိုသည်မှာ၊ ဘုရားသခင် ကိုယ်တိုင်မှ မူလအစပြုခြင်းဖြစ်ပြီး၊ လူမှ ရယူနိုင်ခြင်း မရှိပေ။ သို့သော် ခရစ်တော်သည် သမ္မာတရား တစ်ခုတည်းကိုသာ ထောက်ပံ့ပေးသည်။ လူသည် ၎င်း၏ သမ္မာတရား ကို လိုက်ခြင်း၌ အောင်မြင်မှု ရှိလိမ့်မည်၊ မရှိလိမ့်မည်ကို ဆုံးဖြတ်ရန် ကြွလာခြင်း မဟုတ်ပေ။ သို့ကြောင့် ရလဒ်အနေနှင့် သမ္မာတရား၌ ရှုံးနိမ့်မှု သို့မဟုတ် အောင်မြင်မှုသည် လူ၏ လိုက်ခြင်းအပေါ်၌သာ လုံးလုံး မူတည်ပေသည်။ လူ၏သမ္မာတရား၌ အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် မည်သည့်အခါမျှပင် ခရစ်တော်နှင့် သက်ဆိုင်ခဲ့ခြင်း မရှိခဲ့ချေ၊ ထိုအစား ယင်းမှာ သူ၏ လိုက်ခြင်းအားဖြင့်သာ သတ်မှတ်ခံရခြင်း ဖြစ်သည်။ လူ၏ ပန်းတိုင်နှင့် သူ၏ အောင်မြင်မှုနှင့် ရှုံးနိမ့်မှုသည် ဘုရားသခင်၏ ခေါင်းအပေါ်တွင်သာ ပုံချထား၍ မရပေ၊ ထို့ကြောင့်ပင် ဘုရားသခင် ကိုယ်တိုင်သည် ယင်းအရာအား ခံယူရန် ပြုခဲ့သည်၊ အကြောင်းမှာ ဤအရေး ကိစ္စသည် ဘုရားသခင် ကိုယ်တိုင်အတွက် မဟုတ်ပဲ၊ ယင်းသည် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါများမှ ထမ်းဆောင်သင့်သည့် တာဝန်နှင့် တိုက်ရိုက်ဆက်နွယ်နေ၍ ဖြစ်သည်။ လူအများစုသည် ပေါလု၊ ပေတရုတို့၏ လိုက်ခြင်းနှင့် ပန်းတိုင်နှင့် ပတ်သက်၍ အသိတရား အနည်းငယ်သာ ရှိကြသည်၊ သို့သော်လည်း လူတို့သည် ပေတရုနှင့် ပေါလုတို့၏ ရလဒ်အဖြေထက် ပို၍ ဘာမျှ မသိကြပဲ၊ ပေတရု၏ အောင်မြင်မှု နောက်ကွယ်မှ လျှို့ဝှက်ချက်၊ သို့မဟုတ် ပေါလု၏ ရှုံးနိမ့်မှုကို ဦးတည်သွားစေသည့် ချို့တဲ့ချက်များနှင့် ပတ်သက်၍ အသိခေါက်ခက်လျက်ပင် ရှိသည်။ ထို့ကြောင့်၊ သင်တို့သည် ၎င်းတို့ လိုက်ခြင်း၏ အခြင်းအရာကို ထိုးဖောက် မြင်ခြင်းငှာ လုံးဝ မတတ်စွမ်းနိုင်ပဲ ရှိနေပါက၊ သင်တို့အများစု၏ လိုက်ခြင်းသည် ရှုံးနိမ့်ဦးမည်ပင် ဖြစ်ပြီး၊ သင်တို့အထဲမှ အရေအတွက် အနည်းငယ်သော သူတို့သည် အောင်မြင်ငြားသော်လည်း၊ ၎င်းတို့သည် ပေတရု နှင့် ညီမျှနိုင်သေးမည် မဟုတ်ပါ။ သင်လိုက်သော လမ်းကြောင်းသည် မှန်ကန်သော လမ်းကြောင်းဖြစ်သည် ဆိုလျှင်၊ သင့်တွင် အောင်မြင်ရန် မျှော်လင့်ချက် ရှိ၏။ သမ္မာတရားအား လိုက်ခြင်းတွင် သင်နင်းလျှောက်သော လမ်းကြောင်းသည် မှားယွင်းသော လမ်းကြောင်းဖြစ်ပါလျှင်၊ သင်သည် အောင်မြင်ရန် ထာဝရ မတတ်စွမ်း နိုင်ပဲ ဖြစ်လိမ့်မည်ဖြစ်ပြီး၊ ပေါလုကဲ့သို့ပင် တူညီသော နိဂုံးကို ကြုံရမည် ဖြစ်သည်။

ပေတရုသည်စုံလင်စေရန် ပြုခြင်းကို ခံခဲ့ရသော သူတစ်ယောက် ဖြစ်သည်။ ပြစ်တင်ဆုံးမမှု နှင့် တရားစီရင်ခြင်းကို ကြုံတွေ့ပြီး၊ ထိုသို့အားဖြင့် ဘုရားသခင်၏ စစ်မှန်သော ချစ်ခြင်းကို ရရှိပြီးသည့် နောက်မှသာလျှင်၊ သူသည် ပြည့်ဝစွာ စုံလင်သွားခြင်း ဖြစ်သည်။ သူလျှောက်ခဲ့သော လမ်းကြောင်း သည် စုံလင်စေရန် ပြုပေးသည့် လမ်းကြောင်းဖြစ်သည်။ ပြောရမည်ဆိုလျှင်၊ အစအဦးကတည်းက ပေတရု လျှောက်ခဲ့သော လမ်းကြောင်းသည် မှန်ကန်သော လမ်းကြောင်းဖြစ်ခဲ့ပြီး၊ ဘုရားသခင်အား ယုံကြည် ခြင်းအတွက် သူ၏ လှုံ့ဆော်မှုမှာလည်း မှန်ကန်သော လှုံ့ဆော်မှု ဖြစ်ခဲ့သောကြောင့် ဖြစ်သည်၊ ထို့ကြောင့်ပင် သူသည် စုံလင်စေရန် ပြုခြင်းကို ခံရသောသူတစ်ယောက် ဖြစ်လာခဲ့ပြီး သူသည် လူတို့ မည်သည့်အခါကမျှ မလျှောက်ခဲ့သော အသစ်သော လမ်းကြောင်းတစ်ခုအပေါ် နင်းလျှောက်ခဲ့ခြင်း ဖြစ်သည်၊ သို့သော် ပေါလု အစအဦး ကတည်းက လျှောက်ခဲ့သော လမ်းကြောင်းမှာမူ ခရစ်တော်နှင့် ဆန့်ကျင်သော လမ်းကြောင်း ဖြစ်ခဲ့ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်မှ သူ့အား အသုံးပြုရန် ဆန္ဒရှိခဲ့ခြင်းကြောင့် သာလျှင်၊ သူ၏ အလုပ်အတွက် ၎င်း၏ ဆုကျေးဇူးများနှင့် ၎င်း၏ ထူးချွန်မှုများ၏ အကျိုးကို ရယူရန် ဆန္ဒရှိခဲ့ခြင်းကြောင့် သာလျှင်၊ သူသည် ခရစ်တော်အတွက် ဆယ်စုနှစ်အချို့ကြာ အမှုထမ်းခဲ့ခြင်း ဖြစ်သည်။ သူသည် သန့်ရှင်းသော ဝိညာဉ်တော်မှ အသုံးပြုခဲ့သော တစ်စုံတစ်ယောက်မျှသာ ဖြစ်ခဲ့ပြီး၊ ယေရှုမှ သူ၏ လူ့သဘာဝ အပေါ်တွင် အကောင်းမြင် ခဲ့သောကြောင့် သူသည်အသုံးခံခဲ့ရခြင်း မဟုတ်ပဲ၊ သူ၏ ဆုကျေးဇူးများကြောင့်သာ ဖြစ်သည်။ ယေရှုအတွက် သူအမှုထမ်းနိုင်ခဲ့ရခြင်းမှာ သူသည် ထိုးနှက်ခံခဲ့ရခြင်း ကြောင့်သာဖြစ်ပြီး၊ ထိုသို့လုပ်ရသည်ကို သူပျော်သောကြောင့် မဟုတ်ပေ။ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်း ဖွင့်ပြခြင်းနှင့် လမ်းပြမှုကြောင့်သာ သူသည် ယင်းကဲ့သို့သော အလုပ်ကို ထမ်းဆောင်နိုင်ခဲ့ခြင်း ဖြစ်ပြီး၊ သူလုပ်ခဲ့သော အလုပ်မှာ မည်သို့နှင့်မျှ သူ၏ လိုက်ခြင်း သို့မဟုတ် သူ၏ လူ့သဘာဝကို ကိုယ်စားမပြုခဲ့ပါ။ ပေါလု၏ အလုပ်သည် အစေခံ တစ်ယောက်၏ အလုပ်ကိုသာ ကိုယ်စားပြုသည်၊ ပြောရမည်ဆိုလျှင် သူသည် တမန်တော်တစ်ဦး၏ အလုပ်ကိုသာ ထမ်းဆောင်ခဲ့ခြင်း ဖြစ်သည်။ ပေတရုကမူ ကွဲပြားခြားနားသည်။ သူသည်လည်း အလုပ်တစ်ချို့ကို ထမ်းဆောင်ခဲ့သည်၊ သို့သော်လည်း ယင်းမှာ ပေါလု၏ အလုပ်ကဲ့သို့ မကြီးကျယ်ခဲ့ပေမဲ့ သူသည် မိမိ၏ကိုယ်ပိုင် ဝင်ရောက်ခြင်းအား လိုက်ခြင်းအကြားတွင် ထမ်းဆောင်ခဲ့ပြီး၊ သူ၏ အလုပ်မှာ ပေါလု၏ အလုပ်နှင့် ကွဲပြား ခြားနားသည်။ ပေတရု၏ အလုပ်မှာ ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ တာဝန်ကို ထမ်းဆောင်ခြင်း ဖြစ်သည်။ ဘုရားသခင်၏ ချစ်ခြင်းအား သူ၏ လိုက်ခြင်း ကာလအတောအတွင်း မှလွဲ၍ သူသည် တမန်တော် တစ်ဦး၏ နေရာတွင် မထမ်းဆောင်ခဲ့ပါ။ ပေါလု၏ အလုပ်တွင်လည်း သူ၏ တကိုယ်ရည် လိုက်ခြင်း ပါဝင်ခဲ့ သည်။ သူ၏ လိုက်ခြင်းသည် အနာဂတ်အတွက် သူ၏ မျှော်လင့်ချက်များနှင့် သူ၏ ကောင်းမွန်သော ပန်းတိုင်အား လိုချင်မှုတို့ အတွက်မှလွဲ၍ အခြားမည်သည့်အတွက်မှ မဟုတ်။ သူ၏ အလုပ်ကာလအတွင်း သူသည် စစ်ဆေးခြင်းအား မခံယူခဲ့သကဲ့သို့ သူသည် ဆုံးမခြင်းနှင့် ပြုပြင်ခြင်းကိုလည်း မခံယူခဲ့ပေ။ သူလုပ်သည့် အလုပ်သည် ဘုရားသခင်၏ လိုအင်ကို ကျေနပ်စေနေသ၍၊ သူလုပ်သည့် အလုပ်သည် ဘုရားသခင်အား စိတ်ကျေနပ်စေနေသ၍၊ အဆုံးတွင် သူ့အား ဆုလာဘ်တစ်ခုမှ စောင့်ကြိုနေသည်ဟု သူ ယုံကြည်ခဲ့သည်။ သူ၏ အလုပ်ထဲတွင် ကိုယ်ပိုင် အတွေ့အကြုံများ မရှိခဲ့ပေ၊ အားလုံးမှာ သူ၏ ကိုယ်ကျိုး အတွက်သာဖြစ်ပြီး၊ ပြောင်းလဲခြင်းအား လိုက်ခြင်းအလို့ငှာ ဆောင်ရွက်ခဲ့ခြင်း မဟုတ်ပေ။ သူ့အလုပ်ထဲမှ အရာအားလုံးမှာ အရောင်းအဝယ်မျိုးသာ ဖြစ်ခဲ့ပြီး၊ ယင်းတွင် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ ဆက်ကပ်အပ်နှံခြင်း သို့မဟုတ် တာဝန် တစ်ခုမျှ မပါဝင်ပါ။ ပေါလု၏ အလုပ်ကာလ တစ်လျှောက်တွင်၊ သူ၏ ဟောင်းသော စိတ်သဘောထားထဲတွင် ပြောင်းလဲမှု ဘာမျှ မဖြစ်ပွားခဲ့ချေ။ သူ၏အလုပ်မှာ အခြားသူများအား အစေကျွန်ခံခြင်းမျှသာ ဖြစ်ခဲ့ပြီး၊ သူ၏ စိတ်သဘောထားထဲတွင် ပြောင်းလဲမှုများ ဖော်ဆောင်နိုင်ရန် မတတ်စွမ်းနိုင်ခဲ့ပေ။ ပေါလုသည် သူ၏ အလုပ်အား ပြီးပြည့်စုံလင်အောင် ပြုခံရခြင်း သို့မဟုတ် ဆုံးမခံရခြင်း မရှိပဲ တိုက်ရိုက် ထမ်းဆောင်ခဲ့ပြီး၊ သူသည် ဆုလာဘ်အားဖြင့် လှုံ့ဆော်ခံခဲ့ရခြင်း ဖြစ်သည်။ ပေတရုကမူ ကွဲပြားခြားနားသည်။ သူသည် ပြုပြင်ခြင်းနှင့် ဆုံးမခြင်းအား ခံယူခဲ့သူဖြစ်ပြီး၊ စစ်ဆေးခြင်းကို ခံယူခဲ့သူလည်း ဖြစ်သည်။ ပေတရုအလုပ်၏ ရည်ရွယ်ချက်နှင့် လှုံ့ဆော်မှုသည် ပေါလု အလုပ်နှင့် အခြေခံအားဖြင့် ကွဲပြား ခြားနားသည်။ ပေတရုသည် အလုပ်ပမာဏ ကြီးမားစွာ မလုပ်ဆောင်ခဲ့သော်ငြားလည်း၊ သူ၏ စိတ်သဘော ထားသည် ပြောင်းလဲမှုများစွာကို ခံယူခဲ့ရပြီး၊ သူဖွေရှာခဲ့သည့် အရာမှာလည်း သမ္မာတရားနှင့် စစ်မှန်သော ပြောင်းလဲမှုပင် ဖြစ်သည်။ သူ၏ အလုပ်အား အလုပ်ကိုယ်တိုင် အတွက်သာ ထမ်းဆောင်ခဲ့ခြင်း မဟုတ်ပေ။ ပေါလုသည် များစွာသော အလုပ်ကို လုပ်ခဲ့သော်ငြားလည်း၊ ယင်းတို့အားလုံးမှာ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်များသာ ဖြစ်ခဲ့ပြီး၊ ပေါလုသည် ဤအလုပ်ထဲတွင် ပူးပေါင်းပါဝင်ခဲ့သော်လည်း၊ သူသည် ယင်းအရာကို မတွေ့ကြုံ မခံစားခဲ့ပေ။ ပေတရုသည် သာ၍နည်းသော အလုပ်ကို လုပ်ခဲ့ခြင်းမှာ သန့်ရှင်းသော ဝိညာဉ်တော် သည် သူမှတစ်ဆင့် များစွာသော အလုပ်ကို မလုပ်ခဲ့သောကြောင့်သာ ဖြစ်သည်။

၎င်းတို့အလုပ်၏ ပမာဏသည် ၎င်းတို့မှာ စုံလင်စေခြင်း ခံခဲ့ရသလော မခံခဲ့ရသလော အပေါ် ဆုံးဖြတ်သည်မဟုတ်။ တစ်ယောက်သောသူ၏ လိုက်ခြင်းမှာကား ဆုလာဘ်များ ရရန်အလို့ငှာ ဖြစ်ပြီး၊ အခြား တစ်ယောက်၏ လိုက်ခြင်းမှာမူ ဘုရားသခင်၏ အဆုံးစွန်သော ချစ်ခြင်းကို ရရှိနိုင်ရန်နှင့်၊ ဘုရားသခင်၏ လိုအင်ကို ကျေနပ်စေရန်အတွက် ချစ်ခင်နှစ်သက်ဖွယ် ပုံရိပ်နှင့် သူနေထိုင်သွားနိုင်သည့် အတိုင်းအတာအထိ ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးအနေနှင့် သူ၏ တာဝန်ကို ဖြည့်ဆည်း ခြင်းဖြစ်သည်။ အပြင်ပန်းအရ ၎င်းတို့သည် ကွဲပြားခြားနားကြပြီး၊ ၎င်းတို့၏ အခြင်းအရာများသည်လည်း ကွဲပြားခြားနားကြသည်။ ၎င်းတို့ ဆောင်ရွက်ခဲ့သော အလုပ်ပမာဏကို အခြေခံလျက် ၎င်းတို့အထဲမှ မည်သူမှာ စုံလင်စေခြင်း ခံခဲ့ရသူ ဖြစ်သည်ကို သင်မဆုံးဖြတ်နိုင်ပါ။ ပေတရုသည် ဘုရားသခင် ချစ်ခင်သော လူတစ်ယောက်၏ ပုံရိပ်၊ ဘုရား သခင်အား နာခံသော သူတစ်ယောက်အဖြစ်၊ ပြုပြင်ခြင်းနှင့် ဆုံးမခြင်းကို လက်ခံသော သူတစ်ယောက်အဖြစ်၊ ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးအနေနှင့် သူ၏ တာဝန်ကို ဖြည့်ဆည်းခဲ့သည့် လူတစ်ဦး အနေနှင့် နေထိုင်နိုင်ရန် ဖွေရှာခဲ့သည်။ သူသည် သူကိုယ်တိုင်၏ အလုံးစုံကို ဘုရားသခင်၏ လက်ထဲထည့်ထားရန်၊ သေဆုံးသည်အထိ သူ့အား နာခံနိုင်ရန် မိမိကိုယ်ကို ဘုရားသခင်ထံဆက်ကပ်နိုင်ခဲ့သည်။ ဤသည်မှာ သူ လုပ်ဆောင်ရန် အဓိဋ္ဌာန်ပြုထားသော အရာပင်ဖြစ်ပြီး၊ ထို့အပြင် သူပြီးမြောက် အောင်မြင်သွားသော အရာပင် ဖြစ်သည်။ သူ၏နိဂုံးသည် ပေါလု၏နိဂုံးနှင့် ကွဲပြားခြားနားရခြင်း၏ အခြေခံအကြောင်းတရားမှာ ဤသည်ပင် ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်မှ ပေတရုအပေါ် ပြုခဲ့သည့် အလုပ်မှာ သူ့အား စုံလင်စေရန် ဖြစ်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်မှ ပေါလုအပေါ် ပြုခဲ့သော အလုပ်မှာမူ သူ့အား အသုံးပြုရန်ပင် ဖြစ်သည်။ ယင်းကြောင့်ပင် ၎င်းတို့၏ သဘာဝများနှင့် လိုက်ခြင်းအပေါ် ထားရှိသည့် ၎င်းတို့၏ အမြင်များသည် မတူညီ ရခြင်း ဖြစ်သည်။ နှစ်ဦးစလုံးတွင် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ခြင်း ရှိသည်။ ပေတရုသည် ဤအလုပ်အား မိမိကိုယ်ကိုအပေါ် အသုံးချပြီး၊ အခြားသူများ အတွက်လည်း ထောက်ပံ့ပေးသည်။ ပေါလု မှာမူ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ခြင်း အလုံးစုံကို အခြားသူများ အတွက်သာ ထောက်ပံ့ပေးပြီး၊ ယင်းထဲမှ မိမိကိုယ်ကိုအတွက် ဘာမျှ မရယူခဲ့ပေ။ ဤသို့ဖြင့်၊ သူသည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ခြင်းကို နှစ်ပေါင်းများစွာ တွေ့ကြုံခံစားခဲ့ရပြီးနောက်၊ ပေါလုအထဲမှ ပြောင်းလဲခြင်းသည် အမှန် တကယ်မရှိခြင်းနှင့် နီးစပ်နေသည်။ သူသည် သူ၏ ပင်ကိုယ်သဘာဝ အခြေအနေအတိုင်းကျန်ရစ်လျက်ပင် ရှိနေခဲ့ပြီး၊ ယခင်က ပေါလုပင် ဖြစ်နေခဲ့သည်။ နှစ်ပေါင်းများစွာ အလုပ်လုပ်ရင်း အခက်အခဲဒုက္ခကို ကြံ့ကြံ့ခံ ခဲ့ခြင်း၏ နောက်ပိုင်းတွင်၊ သူသည် မည်ကဲ့သို့ လုပ်ဆောင်ရမည်နှင့် မည်ကဲ့သို့ ကြံ့ကြံ့ခံရမည်ကို သင်ယူခဲ့ရ ခြင်းမျှသာ ဖြစ်ပြီး၊ သူ၏ အလွန်ပင် နိုင်လိုစိတ်ပြင်း၍ ကြေးစားသဘောရှိသော သဘောဝဖြစ်သည့် သူ၏ ပင်ကိုယ်သဘာဝ အဟောင်းမှာ ကျန်ရစ်လျက်ပင် ရှိသေးသည်။ နှစ်ပေါင်းများစွာ အလုပ်လုပ်ပြီးနောက်၊ သူ သည် မိမိ၏ ယိုယွင်းပျက်စီးသော စိတ်သဘောထားကို မသိသကဲ့သို့၊ မိမိ၏ ဟောင်းသော စိတ်သဘောထား ကိုလည်း မစွန့်ပစ်ပဲ၊ ယင်းအရာသည် သူ၏ အလုပ်ထဲ၌ ရှင်းလင်းစွာ တွေ့မြင်နေခဲ့ရဆဲ ဖြစ်သည်။ သူ၏ အထဲတွင် အလုပ်အတွေ့အကြုံ ပိုများနေခဲ့ခြင်း မျှသာဖြစ်သည်၊ သို့သော် ထိုသေးနုပ်သော အတွေ့အကြုံ တစ်ခုတည်းသည် သူ့အား ပြောင်းလဲရန် တတ်စွမ်းနိုင်ခြင်း မရှိခဲ့၊ ပြီးလျှင် သူ့လိုက်ခြင်း၏ အရေးပါမှု သို့မဟုတ် တည်ရှိဖြစ်တည်မှုနှင့် ပတ်သက်သည့် သူ၏ အမြင်များကိုလည်း ပြုပြင်ပြောင်းလဲနိုင်ခြင်း မရှိခဲ့။ ခရစ်တော်အတွက် သူသည် နှစ်ပေါင်းများစွာ လုပ်ဆောင်ခဲ့ပြီး၊ သခင်ယေရှုအား နောက်တစ်ဖန် မည်သည့် အခါမျှ မညှည်းဆဲတော့ သော်ငြားလည်း၊ သူ၏ နှလုံးသားတွင်မူ ဘုရားသခင်နှင့် ပတ်သက်၍ သူ၏ အသိ ပညာသည် ပြောင်းလဲခြင်း မရှိခဲ့ပေ။ ယင်းအရာက ပြဆိုနေသည်မှာ ဘုရားသခင်ထံ မိမိကိုယ်ကို ဆက်ကပ်ရန် အလို့ငှာ သူသည် လုပ်ဆောင်ခဲ့ခြင်း မဟုတ်ပဲ၊ ထိုအစား၊ သူ၏ အနာဂတ် ပန်းတိုင်အတွက် အတင်းအကျပ် လုပ်ဆောင် ခဲ့ခြင်း ဖြစ်သည်။ အကြောင်းမှာ အစအဦး၌ သူသည် ခရစ်တော်အား ညှည်းဆဲ ခဲ့ပြီး၊ ခရစ်တော်ထံ မဆက်ကပ် မအပ်နှံခဲ့သောကြောင့် ဖြစ်သည်။ သူသည် ပင်ကိုယ်ဗီဇအားဖြင့် ခရစ်တော် အား တမင်တကာ ညှည်းဆဲသော ပုန်ကန်သူတစ်ဦးဖြစ်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ခြင်းနှင့် ပတ်သက်၍ အသိပညာ မရှိသောသူ တစ်ယောက်ဖြစ်သည်။ သူ့အလုပ်၏ နိဂုံးအပိုင်းတွင်၊ သူသည် သန့်ရှင်း သော ဝိညာဉ်တော်၏ လုပ်ဆောင်ခြင်းကို မသိလျက်ပင် ရှိသေးပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလိုကို စိုးစဥ်းမျှပင် အမှုမထားပဲ၊ သူ၏ ပင်ကိုယ်သဘာဝနှင့် ကိုက်ညီသည့် သူ၏ သဘောအတိုင်းသာ ပြုမူခဲ့ခြင်းမျှ ဖြစ်သည်။ ထို့ကြောင့် သူ၏ သဘာဝသည် ခရစ်တော်နှင့် မသင့်မြတ်သော အရာပင်ဖြစ်ပြီး သမ္မာတရားအား နာခံခြင်းလည်း မရှိချေ။ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ခြင်းမှ စွန့်ပယ်ခြင်း ခံရသူ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ခြင်းကို မသိသူနှင့် ခရစ်တော်အားလည်း ဆန့်ကျင်သူဖြစ်သည့် ဤကဲ့သို့သောသူ တစ်စုံတစ်ယောက်သည် မည်သို့လျှင် ကယ်တင်ခံရမည်နည်း။ လူသည် ကယ်တင်ခံရမည်လော၊ မခံရမည် လော ဆိုသည်မှာ သူသည် အလုပ်မည်မျှ လုပ်ဆောင်ခဲ့သည်၊ သို့မဟုတ် သူသည် မည်မျှ ဆည်းကပ်သည် တို့အပေါ်တွင် မူတည်နေခြင်း မဟုတ်ပဲ၊ ထိုအစား သူသည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ခြင်းကို သိ၊ မသိ၊ သူသည် သမ္မာတရားအား လက်တွေ့ကျင့်သုံးခြင်း ရှိ၊ မရှိနှင့် လိုက်လျှောက်ခြင်းအပေါ် ထားရှိသော သူ၏ အမြင်များသည် သမ္မာတရားနှင့် ညီညွှတ်မှု ရှိ၊ မရှိ စသည်တို့နှင့်သာ သတ်မှတ်သည်။

ပေတရုသည် ယေရှုနောက် စတင် လိုက်သည့် နောက်ပိုင်းတွင် သဘာဝဆိုင်ရာ ဖွင့်ပြခြင်းများ ရှိခဲ့သော်ငြားလည်း၊ သဘာဝအရ သူသည်၊ အစအဦးကတည်းက ခရစ်တော်အား ဖွေရှာရန် သန့်ရှင်းသော ဝိညာဉ်တော်ထံ ဆက်ကပ်အပ်နှံရန် ဆန္ဒရှိခဲ့သည် ဖြစ်သည်။ သူ၏ သန့်ရှင်းသော ဝိညာဉ်တော်အား နာခံခြင်းမှာ ဖြူစင်သည်။ သူသည် ကျော်ကြားမှုနှင့် ကြွယ်ဝမှုကို မဖွေရှာခဲ့ပဲ၊ ထိုအစား သမ္မာတရားအား နာခံခြင်းအားဖြင့် လှုံ့ဆော် ခံခဲ့ရခြင်း ဖြစ်သည်။ ပေတရုသည် ခရစ်တော်အား မသိဟု သုံးကြိမ်တိုင် ငြင်းဆိုခဲ့သည့် အချိန်များ ရှိခဲ့ သော်ငြားလည်း၊ သူသည် သခင်ယေရှုအား သွေးဆောင်ခဲ့ သော်ငြားလည်း၊ ထိုကဲ့သို့သော လူသား၏ ပါးလျသည့် အားနည်းမှုသည် သူ၏ သဘာဝနှင့် ဆက်နွယ်နေခြင်း မရှိ၊ သူ၏ အနာဂတ် လိုက်ခြင်းကိုလည်း အကျိုးသက်ရောက်မှု မရှိသကဲ့သို့၊ သူ၏ သွေးဆောင်မှုမှာ အန္တိခရစ်၏ လုပ်ဆောင်ချက် ဖြစ်သည်ဆိုသည် အား လုံလောက်စွာ သက်သေပြနိုင်ခြင်းလည်း မရှိပေ။ ပုံမှန်လူသား အားနည်းချက်သည် လောကတစ်ဝှမ်းမှ လူအားလုံး၌ ရှိသည့်အရာ ဖြစ်ပြီး၊ သင်သည် ပေတရုအား ကွဲပြားခြားနားနေမည်ဟု မျှော်လင့်သလော။ ပေတရု သည် မိုက်မဲသော အမှားတစ်ချို့ လုပ်ခဲ့သည့်အတွက်ကြောင့် လူများသည် သူနှင့်ပတ်သက်သည့် အချို့သော အမြင်များ ကိုင်စွဲထားကြသည် မဟုတ်လော။ ပြီးလျှင် လူများသည် ပေါလုအား လေးမြတ်ကြသည်မှာ သူလုပ်ဆောင်ခဲ့သော အလုပ်အားလုံးကြောင့်နှင့် သူရေးသားခဲ့သော သြဝါဒစာစောင်များ အားလုံးကြောင့်ပင် မဟုတ်လော။ လူသည် အဘယ်နည်းနှင့် လူ၏ အနှစ်သာရကို ဖောက်ထွင်း၍ မြင်နိုင်ခြင်းငှာ တတ်စွမ်းနိုင် မည်နည်း။ အသိစိတ် အမှန်တကယ်ရှိသော ထိုသူများမှာ ထိုကဲ့သို့သော အရေးမပါသည့် အရာကို မြင်နိုင်ကြသည်မှာ သေချာ၏ မဟုတ်လော။

ပေတရု၏ နှစ်ပေါင်းများစွာကြာသော နာကျင်မှုများနှင့် ပြည့်နေသည့် အတွေ့အကြုံများသည် သမ္မာ ကျမ်းစာထဲတွင် မှတ်တမ်း မတင်ထားခဲ့သော်ငြားလည်း၊ ယင်းသည် ပေတရု၌ စစ်မှန်သော အတွေ့အကြုံများ မရှိခဲ့၊ သို့မဟုတ် ပေတရုသည် စုံလင်စေခြင်း မခံခဲ့ရဟု သက်သေမပြပေ။ ဘုရားသခင်၏ အလုပ်ကို လူမှ မည်သို့လျှင် ပြည့်ဝစွာ နားလည်ဉာဏ်မီနိုင်မည်နည်း။ သမ္မာကျမ်းစာထဲမှ မှတ်တမ်းများသည် ယေရှုမှ ကိုယ်တိုင်ကိုယ်ကျ ရွေးချယ်ခဲ့ခြင်းမဟုတ်ပဲ၊ နောက်ပိုင်း မျိုးဆက်များမှ စုဆောင်းပြုစု ထားခြင်းဖြစ်သည်။ ဤသို့ဆိုလျှင် သမ္မာကျမ်းစာထဲ မှတ်တမ်းတင်ထားသည့် အရာများ အားလုံးသည် လူ၏ စိတ်ကူးအကြံနှင့် အညီသာ ရွေးချယ်ခဲ့ခြင်း မဟုတ်သလော။ ထို့အပြင် ပေတရုနှင့် ပေါလု၏ နိဂုံးများ အကြောင်းကို သြဝါဒစာများထဲတွင် ရှင်းလင်းစွာ မဖော်ပြထားချေ၊ ထို့ကြောင့် လူသည် ပေတရုနှင့် ပေါလုကို သူ၏ ကိုယ်ပိုင် ရှုထောင့်များအရနှင့် သူ၏ နှစ်သက်မှုများအရသာ အကဲဖြတ်သည်။ ပေါလုသည် အလုပ်များစွာကို လုပ်ဆောင် ခဲ့ပြီး၊ သူ၏ "ပံ့ပိုးပါဝင်မှု"သည်လည်း အလွန် ကြီးမြတ်ခဲ့သည့်အတွက်၊ သူသည် လူထု၏ ယုံကြည်ခြင်းကို ရခဲ့သည်။ လူသည် အပေါ်ယံအရာများကိုသာ အလေးပြုသည် မဟုတ်လော။ လူသည် အဘယ်နည်းနှင့် လူ၏ အနှစ်သာရကို ဖောက်ထွင်း၍ မြင်ခြင်းငှာ တတ်စွမ်းနိုင်မည်နည်း။ ပေါလုသည် ဝတ်ပြုကိုးကွယ်ခြင်း၏ အရာအဖြစ် နှစ်ပေါင်းထောင်ချီကြာအောင် ဖြစ်ခဲ့သည်ကို ထောက်သော်၊ မည်သူသည် သူ၏ အလုပ်အား မိုက်ကန်းစွာ ငြင်းပယ်ဝံ့မည်နည်း။ ပေတရုသည် တံငါသည်မျှသာ ဖြစ်ခဲ့သည်၊ ထို့အတွက် သူ၏ ပံ့ပိုးပါဝင်မှု သည် အဘယ်သို့လျှင် ပေါလုကဲ့သို့ ကြီးမြတ်နိုင် မည်နည်း။ ပံ့ပိုးပါဝင်မှုကို အခြေပြုလျှင်၊ ပေါလုသည် ပေတရုထက်အလျင် ဆုချခံရသင့်ပြီး၊ ဘုရားသခင်၏ မျက်နှာသာကို ရရှိရန် သာ၍ အရည်အချင်းပြည့်မီသော သူတစ်ယောက် ဖြစ်ခဲ့သင့်သည်။ သူ၏ ပေါလုအား ဆက်ဆံခြင်းတွင်၊ ဘုရားသခင်သည် သူ့အား သူ၏ ဆုကျေးဇူးများမှ တစ်ဆင့်သာ လုပ်ဆောင်စေခဲ့ပြီး၊ ပေတရုကိုမူ ဘုရားသခင်က စုံလင်စေခဲ့သည်ကို မည်သူက စိတ်ကူးမိမည်နည်း။ သခင်ယေရှုမှ ပေတရုနှင့် ပေါလုတို့အတွက် အစအဦးကတည်းမှ အစီအစဉ်များ ချမှတ်ခဲ့ခြင်း လုံးဝမဟုတ်ပါ။ ထိုအစား၊ သူတို့သည် စုံလင်စေခြင်းကို ခံရခြင်း သို့မဟုတ် ၎င်းတို့၏ ပင်ကိုယ် သဘာဝများအရ လုပ်ဆောင်စေခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် လူတို့မြင်သည့်အရာမှာ လူ၏ အပြင်ပန်း ပံ့ပိုးကူညီမှုများကိုသာ ဖြစ်ပြီး၊ ဘုရားသခင် မြင်သည့်အရာမှာမူ လူ၏ အနှစ်သာရ၊ အစအဦး ကတည်းက လူမှ မီအောင်လိုက်လျှောက်ခဲ့သည့် လမ်းကြောင်းနှင့် လူ၏ လိုက်ခြင်းနောက်ကွယ်မှ လှုံ့ဆော်မှုကို ဖြစ်သည်။ လူတို့သည် လူတစ်ယောက်ကို ၎င်းတို့၏ အယူအဆများအရနှင့် ၎င်းတို့၏ ကိုယ်ပိုင် ရှုထောင့်များ အရသာ တိုင်းထွာသည်၊ သို့သော်ငြားလည်း လူတစ်ယောက်၏ နောက်ဆုံးနိဂုံးသည် သူ၏ အပြင်ပန်းအရာများ အားဖြင့် သတ်မှတ်ခံရသည် မဟုတ်ပေ။ ထို့ကြောင့် အစအဦးကတည်းမှ သင်လျှောက်သော လမ်းကြောင်း သည် အောင်မြင်မှု၏ လမ်းကြောင်းဖြစ်ပြီး၊ လိုက်လျှောက်ခြင်းအပေါ် ထားရှိသော သင်၏ အမြင်ရှုထောင့်သည် အစ အဦးကတည်းမှ မှန်ကန်နေခဲ့ပါက၊ သင်သည် ပေတရုနှင့် တူသည်ဟု ငါပြောမည်။ အကယ်၍ သင် နင်းလျှောက်သော လမ်းကြောင်းသည် ရှုံးနိမ့်မှု၏ လမ်းကြောင်းဖြစ်ပါက၊ သင်သည် မည်ကဲ့သို့သော ပေးဆပ်မှုကို ပြုသည်ဖြစ်စေ၊ သင်၏ နိဂုံးသည် ပေါလု၏ နိဂုံးနှင့် အတူတူပင် ဖြစ်နေလိမ့်မည် ဖြစ်သည်။ မည်သို့ပင် ဖြစ်နေစေကာမူ၊ သင်၏ ပန်းတိုင်နှင့်၊ သင်သည် ရှုံးနိမ့်မည် သို့မဟုတ် အောင်မြင်မည် ဟူသည့် နှစ်ခုလုံးသည်၊ သင်၏ ပေးဆပ်ခြင်းခြင်း၊ သို့မဟုတ် သင်ပေးဆပ်သော တန်ဖိုးထက်၊ သင်ဖွေရှာသည့် လမ်းကြောင်းမှာ မှန်ကန်သည့် အရာဟုတ်သည်၊ မဟုတ်သည် အားဖြင့်သာ သတ်မှတ်သည်။ ပေတရုနှင့် ပေါလု၏ အခြင်းအရာ များနှင့် သူတို့ အမီလိုက်လျှောက်ခဲ့သော ပန်းတိုင်များသည် ကွဲပြားခြားနားသည်။ လူသည် ထိုကဲ့သို့သော အရာများကို ဖွေရှာသိရှိရန် မတတ်စွမ်းနိုင်ပဲ၊ ၎င်းတို့ကို ဘုရားသခင်ကသာ ၎င်းတို့၏ အလုံးစုံအရ သိကျွမ်းနိုင်သည်။ အကြောင်းမှာ ဘုရားသခင်သည် လူ၏ အနှစ်သာရကို မြင်ပြီး၊ လူကမူ မိမိ၏ အခြင်းအရာနှင့် ပတ်သက်၍ ဘာမျှမသိ။ လူသည် လူ၏အတွင်းထဲရှိ အခြင်းအရာကို သို့မဟုတ် သူ၏ ဝိညာဉ်အသက်တာ အမှန်အား ရှုမြင်ခြင်းငှာ မတတ်စွမ်းနိုင်ချေ၊ ထို့ကြောင့် ပေါလုနှင့် ပေတရု၏ ရှုံးနိမ့်မှုနှင့် အောင်မြင်မှု၏ အကြောင်းရင်း ကို ခွဲခြားဖော်ထုတ်ခြင်းငှာ မတတ်စွမ်းနိုင်ပေ။ လူအများစုသည် ပေတရုကို မဟုတ်ပဲ ပေါလုကို ဝတ်ပြုကြ ရခြင်း၏ အကြောင်းရင်းမှာ ပေါလုအား အများပြည်သူ အလုပ်အတွက် အသုံးပြုခဲ့ခြင်းကြောင့် ဖြစ်ပြီး၊ လူသည်လည်း ဤအလုပ်အား မှတ်ယူလေ့လာရန် တတ်စွမ်းနိုင်ကာ၊ သို့အတွက်ကြောင့် လူများသည် ပေါလု၏ "ပြီးမြောက် အောင်မြင်ခြင်းများ" ကို အသိအမှတ် ပြုကြခြင်း ဖြစ်သည်။ ပေတရု၏ အတွေ့အကြုံများမှာမူ လူ့အတွက် မမြင်နိုင်ပဲ၊ သူဖွေရှာခဲ့သော အရာမှာလည်း လူ့အနေနှင့် ရယူ နားလည်နိုင်ခြင်း မရှိသည့် အရာဖြစ်သည်၊ ထို့ကြောင့် လူသည် ပေတရု၌ စိတ်ဝင်စားခြင်း မရှိချေ။

နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ

ဘုရားသခင်၏ အလုပ်ကို ကိုယ်တွေ့ ကြုံတွေ့သော သူသာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်၏ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၅ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၆ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၉ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၀ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၅ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၆ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၉ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၂၄ ဘုရားသခင်သည် လူသားအားလုံး၏ ကံကြမ္မာကို ထိန်းချုပ်ထား၏ အကျင့်ပျက်သောလူသားသည် ဘုရားသခင်ကို ကိုယ်စားပြုခြင်းငှာ မတတ်စွမ်းနိုင် ပြီးပြည့်စုံလင်စေခြင်း ခံရပြီးသော သူတို့ဆီသို့ ကတိတော်များ ဆိုးသွမ်းသောသူသည် အပြစ်ဒဏ်ပေးခြင်းခံရမည် ခေတ်သစ်၏ ပညတ်တော်များ အနှစ်တစ်ထောင် နိုင်ငံတော် ရောက်ရှိလာပြီ လက်တွေ့ကျသော ဘုရားသခင်ဆိုသည်မှာ ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည်ကို သင်သိသင့်သည် ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားများ စကြဝဠာတစ်ခွင်လုံး ပျံ့နှံ့သွားမည်ဟု နိမိတ်ပြနေသည့် မိုးချုန်းသံ ခုနစ်ချက် လူ့ဇာတိခံယူထားသော ဘုရားသခင်နှင့် ဘုရားအသုံးပြုသောလူတို့ကြား ပဓာနကျသည့် ကွာခြားချက် ဘုရားသခင်အား ယုံကြည်ခြင်း၌ ဘာသာရေး ထုံးတမ်းဓလေ့များထက် လက်တွေ့အရှိတရားအပေါ်တွင် အာရုံစိုက်သင့်သည် ဘုရားသခင်ကို စစ်မှန်သော နှလုံးသားနှင့် နာခံသောသူတို့သည် ဘုရားသခင်ပိုင်သောသူများ ဧကန်အမှန် ဖြစ်ကြလိမ့်မည် အရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် စွမ်းဆောင်ရရှိသည် - အပိုင်း နှစ် အရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် စွမ်းဆောင်ရရှိသည် - အပိုင်း တစ် ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည် - အပိုင်း တစ် ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည် - အပိုင်း နှစ် ဘုရားသခင်ကိုသိသောသူများသာလျှင် ဘုရားသခင်အတွက် သက်သေကို ခံနိုင်ကြသည် ဘုရားသခင်ကို ချစ်သောသူများသည် သူ၏အလင်းထဲတွင် ထာဝရနေထိုင်လိမ့်မည် မပြောင်းလဲသော စိတ်သဘောထား ရှိခြင်းသည် ဘုရားသခင်နှင့် ရန်ဘက်ပြုခြင်းဖြစ်သည် သုံးပါးတစ်ဆူ တည်ရှိပါသလော - အပိုင်း တစ် သုံးပါးတစ်ဆူ တည်ရှိပါသလော - အပိုင်း နှစ် ဘုရားသခင်နှင့် ပတ်သက်၍ သင်မည်သို့ နားလည်သနည်း အမျက်ဒေါသကျရောက်မည့်နေ့ကို ဇာတိပကတိဖြစ်သောသူ အဘယ်သူမှ လွတ်မြောက်နိုင်မည် မဟုတ်ပါ ကယ်တင်ရှင်သည် "ဖြူသောမိုးတိမ်" အားစီးလျက် ကြွလာခဲ့ပြီးဖြစ်သည် ဧဝံဂေလိတရားကို ဖြန့်ဝေသည့် အလုပ်သည် လူသားကို ကယ်တင်သည့် အလုပ်လည်းဖြစ်သည် ဘုရားသခင်ကို မိမိ၏ အယူအဆများထဲတွင် အနက်အဓိပ္ပာယ် ဖွင့်ဆိုထားပြီးဖြစ်သော လူသားမှာ ဘုရားသခင်၏ ဗျာဒိတ်များကို အဘယ်သို့ လက်ခံရရှိနိုင်မည်နည်း ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည် - အပိုင်း တစ် ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည် - အပိုင်း သုံး ဘုရားသခင်၏ အလုပ်နှင့် လူ၏လက်တွေ့လုပ်ဆောင်မှု - အပိုင်း တစ် ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည် - အပိုင်း တစ် ဘုရားသခင်၏ အလုပ်နှင့် လူ၏လက်တွေ့လုပ်ဆောင်မှု - အပိုင်း နှစ် လူသား၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း - အပိုင်း တစ် လူသား၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း - အပိုင်း နှစ် လူသား၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း - အပိုင်း သုံး ခေါ်ခြင်းခံရသူ များသော်လည်း ရွေးကောက်ခံရသူ နည်းပါး၏ ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏ ဘုရားသခင်သည် လူသားများအကြား၌ ကြီးမားသည့် အမှုအား ဆောင်ရွက်ခဲ့သည်ကို သင်သိပါသလား နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည် ဘုရားသခင်၏ စိတ်နေသဘောထားကို နားလည်ရန် လွန်စွာအရေးကြီး၏ နိုင်ငံတော်ခေတ်၌ ဘုရားသခင်၏ရွေးချယ်ခံရသူများလိုက်နာရမည့် အုပ်ချုပ်မှုဆိုင်ရာ အမိန့်တော် ဆယ်ရပ် သင်တို့၏ လုပ်ဆောင်ချက်တို့ကို သင်တို့ ပြန်စဉ်းစားသင့်သည် ဘုရားသခင်သည် လူ့အသက်တာ၏ အရင်းအမြစ်ဖြစ်သည် စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၂၉ သင်၏အနာဂတ်သာသနာပြုလုပ်ငန်းကို မည်သို့အာရုံစိုက်၍ လုပ်ဆောင်သင့်သနည်း ဘုရားသခင်၏ စီမံခန့်ခွဲမှုအထဲ၌သာ လူသားသည် ကယ်တင်ခြင်း ခံရနိုင်သည် ဘုရားသခင်ကို မသိသောသူ အားလုံးသည် ဘုရားသခင်ကို ဆန့်ကျင်သောသူများ ဖြစ်ကြသည် အမည်နာမများနှင့် သွင်ပြင်လက္ခဏာနှင့် ပတ်သက်၍ - အပိုင်း တစ် စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၂ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၈ ပေတရု၏ အတွေ့အကြုံများ- သူသိသော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအကြောင်း - အပိုင်း တစ် ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည် - အပိုင်း နှစ် လက်တွေ့ကျခြင်းကို မည်သို့သိမည်နည်း စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၂၈ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည် - အပိုင်း နှစ် ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည် - အပိုင်း သုံး ဘုရားသခင်၏ ယနေ့အမှုကို သိသောသူများသာလျှင် ဘုရားသခင်ကို အစေခံနိုင်သည် အောင်မြင်မှုနှင့် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည် - အပိုင်း တစ် ယုံကြည်ခြင်းအကြောင်း သင်ဘာသိသနည်း လူသားမျိုးနွယ် တစ်ရပ်လုံးသည် လက်ရှိအချိန်အထိ မည်ကဲ့သို့ ဖွံ့ဖြိုးတိုးတက်လာပုံကို သင်သိသင့်သည် - အပိုင်း နှစ် စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၂၇ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၃ ဘုရားသခင်၏ အလုပ်နှင့် လူ၏လက်တွေ့လုပ်ဆောင်မှု - အပိုင်း သုံး လူဇာတိခံယူသော ဘုရားသခင်၏အမှုတော်နှင့် လူ၏တာဝန် ကွဲပြားခြားနားမှု - အပိုင်း နှစ် လူဇာတိခံယူသော ဘုရားသခင်၏အမှုတော်နှင့် လူ၏တာဝန် ကွဲပြားခြားနားမှု - အပိုင်း တစ် သင်သည် ဘုရားသခင်ကို ယုံကြည်ရာတွင်၊ ဘုရားသခင်ကို နာခံသင့်သည် လူသားမျိုးနွယ် တစ်ရပ်လုံးသည် လက်ရှိအချိန်အထိ မည်ကဲ့သို့ ဖွံ့ဖြိုးတိုးတက်လာပုံကို သင်သိသင့်သည် - အပိုင်း တစ် သင်မည်သူ့ကို သစ္စာစောင့်သိသနည်း သတိပေးချက် သုံးချက် ပေတရု၏ အတွေ့အကြုံများ- သူသိသော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအကြောင်း - အပိုင်း သုံး စစ်မှန်သော လူသားဆိုသည်မှာ အဘယ်နည်း ဘုရားသခင်၏ အလုပ်နှင့် လူသား၏အလုပ် - အပိုင်း နှစ် "နှစ်တစ်ထောင်နိုင်ငံတော် ရောက်ရှိလာခဲ့ပြီ" အကြောင်း အကျဉ်းချုပ်ဆွေးနွေးချက် ခရစ်တော်နှင့် သဟဇာတမဖြစ်သောသူများသည် အကယ်စင်စစ် ဘုရားသခင်၏ အတိုက်အခံများဖြစ်ကြသည် ဘုရားသခင်နှင့် လူသားသည် အနားယူခြင်းထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည် - အပိုင်း တစ် စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၇ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၂၅ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၈ အောင်မြင်မှုနှင့် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည် - အပိုင်း နှစ် စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၂၁ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၂၂ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၂၃ ဘုရားသခင်၏ အလုပ်နှင့် လူသား၏အလုပ် - အပိုင်း တစ် သင်သည် ခရစ်တော်နှင့် သဟဇာတဖြစ်ရေးအတွက် လမ်းခရီးကို ရှာဖွေသင့်သည် စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၁ ပေတရု၏ အတွေ့အကြုံများ- သူသိသော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအကြောင်း - အပိုင်း နှစ် ဘုရားသခင်နှင့် လူသားသည် အနားယူခြင်းထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည် - အပိုင်း နှစ် ဘုရားသခင်နှင့် လူသားသည် အနားယူခြင်းထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည် - အပိုင်း သုံး စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၄ ဘုရားသခင်၏ အလုပ်နှင့် လူသား၏အလုပ် - အပိုင်း သုံး လူသားတွေးခေါ်သည့်အတိုင်း ဘုရားသခင်၏ အမှုသည် ရိုးရှင်းလွန်းသလော စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၄ သင်သက်ဝင်လှုပ်ရှားလာပြီလော အမည်နာမများနှင့် သွင်ပြင်လက္ခဏာနှင့် ပတ်သက်၍ - အပိုင်း နှစ် ဘုရားသခင်၏ ယနေ့ကာလ အလုပ်ကို သိခြင်း နိုင်ငံတော်ခေတ်သည် နှုတ်ကပတ်တော်ခေတ်ဖြစ်သည် - အပိုင်း နှစ် ယေရှု၏ဝိညာဉ်ခန္ဓာကို သင်တွေ့သည့်အချိန်သည် ဘုရားသခင်မှ ကောင်းကင်နှင့်မြေကြီး အသစ်တစ်ဖန်ပြန်၍ပြုလုပ်ပြီးချိန် ဖြစ်မည် အနန္တတန်ခိုးရှင် သက်ပြင်းချတော်မူခြင်း နိုင်ငံတော်ခေတ်သည် နှုတ်ကပတ်တော်ခေတ်ဖြစ်သည် - အပိုင်း တစ် ရွေးနုတ်ခြင်းခေတ်၏အမှု နောက်ကွယ်မှ အဖြစ်မှန်

00:00
00:00

0ရှာဖွေခြင်း ရလဒ်များ