ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူ့ဇာတိခံယူခြင်း | ကောက်နုတ်ချက် ၁၁၀

ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းဖြစ်သော သူသည် ဘုရားသခင်၏ အနှစ်သာရကို တင်ဆောင်ထားမည်ဖြစ်ပြီး ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းဖြစ်သော သူသည် ဘုရားသခင်၏ ထုတ်ဖော်ပြသမှုကို ခံယူထားမည် ဖြစ်သည်။ ဘုရားသခင်သည် လူ့ဇာတိအဖြစ်ကို ခံယူသည့်အတွက် ဘုရားသခင် လုပ်ရမည့်အလုပ်ကို လုပ်မည်ဖြစ်သည်၊ ဘုရားသခင်သည် လူ့ဇာတိအဖြစ်ကို ခံယူသည့်အတွက် ဘုရားသခင်၏ ဖြစ်ခြင်းကို ထုတ်ဖော်ပြသမည်၊ ထို့ပြင် လူသားတို့ဆီသို့ သမ္မာတရားကို သယ်ဆောင်လာမည်၊ လူသားတို့အပေါ် အသက်ကို အပ်နှင်းမည်၊ လူသားတို့အား လမ်းခရီးကို ပြမည် ဖြစ်သည်။ ဘုရားသခင်၏ အနှစ်သာရ မပါဝင်သည့် အသွေးအသားသည် လူ့ဇာတိကို ခံယူသော ဘုရားသခင် မဟုတ်သည်မှာ သေချာပါသည်၊ သံသယဖြစ်ဖွယ်ရာ မရှိပါ။ ဘုရားသခင် ခံယူထားသော လူ့ဇာတိ ဟုတ် မဟုတ် စူးစမ်းရန်အတွက် လူသားတို့သည် သူ ဖော်ထုတ်ပြသသည့် စိတ်သဘောထားနှင့် သူပြောဆိုသည့် စကားများမှ စိစစ်ဆုံးဖြတ်ရပေမည်။ ဆိုလိုသည်မှာ ဘုရားသခင် ခံယူထားသော လူ့ဇာတိ ဟုတ် မဟုတ်၊ မှန်ကန်သော လမ်းခရီး ဟုတ်မဟုတ်ကို သူ၏ အနှစ်သာရကိုကြည့်၍ ဆုံးဖြတ်ရမည်။ ထို့အတွက်ကြောင့် လူ့ဇာတိခံယူသော ဘုရားသခင်၏ ဇာတိခန္ဓာ ဟုတ် မဟုတ် ဆုံးဖြတ်ရန်မှာ သူ၏ အပြင်ပန်း ပုံသဏ္ဌာန်ထက် သူ၏ အနှစ်သာရ (သူ၏ အလုပ်၊ သူ၏ စကား၊ သူ၏ စိတ်သဘာထားနှင့် အခြားသော အရာများ များစွာ) ကို ဂရုပြုရမည်မှာ အဓိကသော့ချက်ဖြစ်သည်။ အကယ်၍ လူတို့သည် ဘုရားသခင်၏ အပြင်ပန်း ပုံသဏ္ဌာန်ကိုသာ ကြည့်ပြီး ဘုရားသခင်၏ အနှစ်သာရကို မကြည့်ပါက ယင်းသည် လူသားတို့၏ မသိနားမလည်ခြင်းနှင့် နုံအခြင်းကို ပြနေသည်။ အပြင်ပန်းပုံသဏ္ဌာန်သည် အနှစ်သာရကို မတိုင်းတာနိုင်ပါ၊ ထို့ပြင် ဘုရားသခင်၏ အမှုသည် လူတို့၏ အယူအဆနှင့် ဘယ်သောအခါမျှ သဘောချင်း ကိုက်ညီမည် မဟုတ်ပါ။ ယေရှု၏ အပြင်ပန်း ပုံသဏ္ဌာန်သည် လူတို့၏ အယူအဆများနှင့် ကွဲပြားခဲ့သည် မဟုတ်ပါလား။ ယေရှု၏ သွင်ပြင်နှင့် အဝတ်အစားသည် သူသည် အမှန်တကယ် မည်သူမည်ဝါ ဖြစ်ကြောင်းကို သဲလွန်စပေးနိုင်ခြင်း မရှိခဲ့ဘူး မဟုတ်လား။ အစောပိုင်းက ဖာရိရှဲများက ယေရှုကို ဆန့်ကျင်ခြင်း အကြောင်းရင်းမှာ သူ၏ အပြင်ပန်းသွင်ပြင်ကိုသာ ကြည့်ပြီး သူပြောသော စကားများကိုမူ နှလုံးမသွင်းခဲ့ကြခြင်းကြောင့် မဟုတ်ပါလား။ ဘုရားသခင်၏ အပြင်ပန်းပုံသဏ္ဌာန်ကို ရှာဖွေကြသော ညီအစ်ကို မောင်နှမများသည် သမိုင်းထဲက အဖြစ်ဆိုးလို ထပ်မံမဖြစ်ကြစေရန် ငါမျှော်လင့်သည်။ သင်တို့သည် ခေတ်သစ် ဖာရိရှဲများ အဖြစ် ဘုရားသခင်ကို ကားတိုင်တွင် ရိုက်ထားသူများ ထပ်မံ မဖြစ်ပါစေနှင့်။ သင်တို့သည် ဘုရားသခင် ပြန်လည်ကြွလာခြင်းကို မည်သို့ ကြိုဆိုရန် သေသေချာချာ စဉ်းစားထားသင့်ပြီး သမ္မာတရားကို ကျိုးနွံအပ်နှံထားသည့် သူတစ်ဦး မည်သို့ဖြစ်ရန် ကြည်လင်သောစိတ်ထား ရှိသင့်ပါသည်။ ဤသည်မှာ သခင်ယေရှုသည် မိုးတိမ်များနှင့်အတူ ပြန်လည်ကြွမြန်းလာမည်ကို စောင့်ကြိုနေသည့် လူတိုင်း၏ တာဝန်ဖြစ်ပါသည်။ ငါတို့၏ ဝိညာဉ် မျက်စိကို ပွတ်သပ်ကြည့်သင့်ပြီး စိတ်ကူးယဉ် စကားလုံးများ၏ သားကောင်ဘဝသို့ မကျရောက်သင့်ပါ။ ငါတို့သည် ဘုရားသခင်၏ လက်တွေ့ လုပ်ဆောင်မှုအကြောင်းကို စဉ်းစားသင့်ပြီး ဘုရားသခင်၏ စစ်မှန်သည့်ဘက်ကို ကြည့်သင့်သည်။ စိတ်ကူးယဉ်မှုများတွင် သင်တို့ကိုယ်သင်တို့ ပျောက်ဆုံး ဝေးလွင့်မသွားပါစေနှင့်၊ သူ့ကို ဘယ်သော အခါကမျှ မသိခဲ့ဖူး သို့မဟုတ် မမြင်ဖူးရုံမက သူ၏ အလိုကို မည်သို့ဆောင်ရွက်ရမည်ကို မသိသော သင်တို့အား ဆောင်ယူရန် သခင်ယေရှုသည် သင်တို့အကြားသို့ မိုးတိမ်ပေါ်မှ ရုတ်တရက် ကြွရောက် ဆင်းသက်လာမည့်နေ့ကို အမြဲတမ်း စောင့်စားမနေပါနှင့်။ လက်တွေ့ကျသော ကိစ္စများအကြောင်း တွေးတော ကြည့်ရသည်မှာ ပိုကောင်းသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကျမ်းဦးစကား

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၃၇၅

ပြဿနာတစ်ခုကို လူတို့ ကြုံရသည့်အခါတိုင်း ပထမဆုံး လုပ်ဆောင်သင့်သောအရာမှာ မည်သည့်အရာ ဖြစ်သနည်း။ ၎င်းတို့ ဆုတောင်းသင့်၏။ ဆုတောင်းခြင်းသည်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၅၆

ယနေ့တွင် ဘာသာရေး အယူအဆများမရှိဘဲ မိမိတို့၏ ကိုယ်ဟောင်းကို စွန့်လွှတ်ရန် အသင့်ရှိသူများ၊ ရိုးသားပွင့်လင်းစွာဖြင့် ဘုရားသခင်ကို...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၁၆

သင်တို့၏ နေ့စဉ်အသက်တာတွင် ဆုတောင်းခြင်းကို သင်တို့ အရေးမထားပေ။ လူသားသည် ဆုတောင်းခြင်း ကိစ္စရပ်ကို လျစ်လျူရှု၏။ ဆုတောင်းချက်များသည်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၃၆၄

ငါ့အားအစေခံသည့် ငါ၏ လူအားလုံးသည် အတိတ်ကို ပြန်လည်စဉ်းစားသင့်ကြ၏- ငါ့ကို သင်တို့၏ ချစ်ခြင်းသည် မစင်ကြယ်ခြင်းနှင့် စွန်းထင်းခဲ့သလော။ ငါ့ကို...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။