ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူ့ဇာတိခံယူခြင်း | ကောက်နုတ်ချက် ၁၁၅

ဘုရားသခင်၏လူ့ဇာတိကို လူတို့သိစေရန် သို့တည်းမဟုတ် လူ့ဇာတိခံယူသော ဘုရားသခင်၏ ဇာတိခန္ဓာနှင့် လူသား၏ ဇာတိပကတိကြားမှ ကွဲပြားခြားနားချက်များကို လူတို့ခွဲခြားတတ်စေရန်ဟူသော ရည်ရွယ်ချက်ဖြင့် ဘုရားသခင် လူ့ဇာတိခံယူခြင်း မဟုတ်ပေ။ ဘုရားသခင်သည် လူသား၏ ချင့်ချိန်နိုင်စွမ်းကို လေ့ကျင့်ပေးရန် လူ့ဇာတိခံယူခြင်းလည်းမဟုတ်၊ ထို့အပြင် ကြီးစွာသော ဘုန်းထင်ရှားခြင်း ဖြစ်စေရန်အလို့ငှာ၊ လူတို့အား လူ့ဇာတိခံယူသော ဘုရားသခင်ကို ကိုးကွယ်စေခြင်း ရည်ရွယ်ချက်ဖြင့်လည်း ထိုကဲ့သို့ ပြုသည်မဟုတ်ချေ။ ဤအရာတို့သည် လူ့ဇာတိခံယူရာ၌ ဘုရားသခင်၏ မူလရည်ရွယ်ချက် မဟုတ်ပေ။ ဘုရားသခင်သည် လူသားကို ပြစ်တင်ရှုတ်ချရန်သော်လည်းကောင်း၊ လူသားကို တမင်ရည်ရွယ်ကာ ထုတ်ဖော်ရန်သော်လည်းကောင်း၊ လူသားကို အခက်ကြုံစေရန်သော်လည်းကောင်း လူ့ဇာတိခံယူခြင်း မဟုတ်ပေ။ ဤအရာတို့သည် ဘုရားသခင်၏ မူလရည်ရွယ်ချက် မဟုတ်ကြချေ။ ဘုရားသခင် လူ့ဇာတိခံသည့်အကြိမ်တိုင်းသည် ရှောင်လွှဲ၍မရသော အမှုပုံစံတစ်မျိုးသာ ဖြစ်သည်။ သူ၏ သာ၍ကြီးမားသော အမှုနှင့် သာ၍ကြီးမားသော စီမံခန့်ခွဲမှုအတွက် သူပြုသည့်အတိုင်း သူလုပ်ဆောင်ခြင်းဖြစ်၏၊ လူသားစိတ်ကူးသော အကြောင်းပြချက်များအတွက် မဟုတ်ပေ။ ဘုရားသခင်သည် သူ့အမှုတော် တောင်းဆိုသည့်အခါမှသာ ကမ္ဘာမြေကြီးပေါ်သို့ လာခြင်းဖြစ်ပြီး၊ လိုအပ်မှသာ လာခြင်းဖြစ်သည်။ သူသည် ကမ္ဘာမြေကြီးပေါ်တွင် လှည့်လည်သွားလာရန်ဟူသော ရည်ရွယ်ချက်ဖြင့် ကြွလာခြင်းမဟုတ်၊ သူပြုသင့်သောအမှုကို လုပ်ဆောင်ရန်အတွက်သာဖြစ်သည်။ သို့မဟုတ်လျှင် သူသည် ဤအမှုကို လုပ်ဆောင်ရန်အတွက် ထိုမျှလေးလံသောဝန်တစ်ခုကို အဘယ်ကြောင့် လက်ခံ၍၊ အဘယ်ကြောင့် ထိုမျှကြီးမားစွာ အရဲစွန့်မည်နည်း။ ဘုရားသခင်သည် မဖြစ်မနေ ပြုရမည့်အချိန်တွင်သာ လူ့ဇာတိခံယူခြင်းဖြစ်ပြီး၊ ထူးခြားသော အဓိပ္ပာယ်သည် အမြဲတွဲလျက်ပါ၏။ အကယ်၍ လူတို့အနေဖြင့် သူ့အားမြင်စေရန်၊ ၎င်းတို့၏အမြင်များကို ဖွင့်လှစ်ပေးရန်အတွက်သာ ဖြစ်ခဲ့ပါမူ၊ သူသည် လူတို့ကြားသို့ မည်သည့်အခါမျှ အလွန်ပေါ့တန်စွာဖြင့် ကြွလာမည်မဟုတ်သည်မှာ မုချသေချာလှသည်။ သူသည် သူ၏စီမံခန့်ခွဲမှုနှင့် ပို၍ကြီးမားသော သူ၏အမှုအတွက် ကမ္ဘာမြေကြီးပေါ်သို့ ကြွလာခြင်းဖြစ်ကာ၊ ပို၍များသောလူတို့ကို ရရှိနိုင်ရန်အတွက်လည်း ဖြစ်သည်။ သူသည် ခေတ်ကာလကို ကိုယ်စားပြုရန် လာ၏၊ စာတန်ကို အနိုင်ယူရန် လာ၏၊ စာတန်ကို အနိုင်ယူရန်အလို့ငှာ သူသည် လူ့ဇာတိဖြင့်လွှမ်းခြုံ၏။ ထိုမျှမက သူသည် လူသားမျိုးနွယ်တစ်ရပ်လုံးကို ၎င်းတို့၏အသက်တာများအား ရှင်သန်ရာ၌ လမ်းပြရန်အလို့ငှာ ကြွလာခြင်းဖြစ်သည်။ ဤအရာအားလုံးသည် သူ၏စီမံခန့်ခွဲမှုနှင့် သက်ဆိုင်ပြီး၊ ယင်းသည်လည်း စကြဝဠာတစ်ခုလုံး၏အမှုနှင့် သက်ဆိုင်၏။ အကယ်၍ ဘုရားသခင်သည် သူ၏လူ့ဇာတိကို လူတို့မြင်စေရန်နှင့် ၎င်းတို့၏မျက်လုံးများကို ဖွင့်ပေးရုံအတွက်မျှသာ လူ့ဇာတိခံယူခဲ့သည်ဆိုလျှင်၊ သူသည် အဘယ်ကြောင့် တိုင်းနိုင်ငံအားလုံးသို့ မလှည့်လည်ဘဲနေမည်နည်း။ ဤသည်မှာ အလွန့်အလွန် လွယ်ကူသော ကိစ္စတစ်ခု မဟုတ်သလော။ သို့သော်လည်း သူသည် ထိုကဲ့သို့ မပြုခဲ့ပေ၊ ယင်းအစား အခြေချရန်နှင့် သူပြုသင့်သောအမှုကို စတင်ရန်အတွက် သင့်လျော်သောနေရာတစ်ခုကို ရွေးချယ်ခဲ့၏။ ဤလူ့ဇာတိတစ်ခုတည်းပင်လျှင် လွန်စွာအရေးပါလှ၏။ သူသည် ခေတ်ကာလတစ်ခုလုံးကို ကိုယ်စားပြုသကဲ့သို့၊ ခေတ်ကာလတစ်ခုလုံး၏ အမှုကိုလည်း လုပ်ဆောင်လေသည်။ သူသည် ယခင်ခေတ်ကာလကို အဆုံးသတ်စေသကဲ့သို့၊ ခေတ်ကာလအသစ်ကိုလည်း ဖွင့်လှစ်ပေး၏။ ဤအရာအားလုံးသည် ဘုရားသခင်၏စီမံခန့်ခွဲမှုနှင့် သက်ဆိုင်သည့် အရေးကြီးသော အကြောင်းအရာတစ်ခုဖြစ်၏၊ ထို့ပြင် ဘုရားသခင်က ကမ္ဘာမြေကြီးပေါ် လာရောက်၍ လုပ်ဆောင်သော အမှုတော်အဆင့်တစ်ခု၏ ရည်ရွယ်ချက်လည်း ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၃)

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၄၈

လူသားသည် ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းသည် အမှန်အားဖြင့် လူသားတို့၏အတွင်းမှ ရှိရင်းစွဲ အရာအလုံးစုံကို စွမ်းဆောင်အောင်မြင်ခြင်းပင်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၉၄

ဖန်ဆင်းရှင်၏ သြဇာအာဏာသည် အချိန်၊ နေရာ သို့မဟုတ် မြေမျက်နှာသွင်ပြင်အားဖြင့် ကန့်သတ်ထားခြင်းမရှိဖြစ်ပြီး ဖန်ဆင်းရှင်၏ သြဇာအာဏာသည်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၁၇၈

လူသား၏အလုပ်သည် အပိုင်းအခြားတစ်ခုအတွင်း ရှိနေပြီး အကန့်အသတ် ရှိ၏။ လူတစ်ဦးသည် အဆင့်တစ်ခုခု၏ အလုပ်ကိုသာ လုပ်နိုင်ပြီး ခေတ်တစ်ခေတ်လုံး၏...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၄၃

သင်ယုံကြည်သည့် နှစ်များတစ်လျှောက် ဘုရားသခင် သင့်အပေါ်ပြုခဲ့သည့် အရာတွေအားလုံးကို ယခုအချိန်အထိ သင်တို့ အသက်တာများအပေါ် ပြန်ကြည့်ကြည့်ပါ။...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။