ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို ပို၍လိုအပ်သည်” | ကောက်နုတ်ချက် ၁၁၉

လူ့ဇာတိခံယူသော ဘုရားသခင်သည် ဇာတိခန္ဓာထဲသို့ ကြွလာသည့် တစ်ခုတည်းသော အကြောင်းရင်းမှာ ဖောက်ပြန်ပျက်စီးနေသော လူသား၏ လိုအပ်ချက်များကြောင့်ဖြစ်သည်။ ယင်းသည် လူ၏လိုအပ်ချက်များကြောင့် ဖြစ်ပြီး၊ ဘုရားသခင်၏ လိုအပ်ချက်ကြောင့်မဟုတ်ပေ။ ဘုရားသခင်၏ ပေးဆပ်မှုများနှင့် ဒုက္ခခံယူမှုအားလုံးသည် လူသားမျိုးနွယ်အတွက်ဖြစ်ပြီး၊ ဘုရားသခင်ကိုယ်တိုင်၏ အကျိုးအမြတ်အတွက် မဟုတ်ပေ။ ဘုရားသခင်အတွက် အကောင်းများ၊ အဆိုးများ သို့မဟုတ် ဆုလာဘ်များ မရှိပါ။ ဘုရားသခင်သည် အနာဂတ် အကျိုးအမြတ်အချို့ကို ရိတ်သိမ်းမည်မဟုတ်ဘဲ မူလကတည်းက သူထံတွင် အကြွေးတင်ထားပြီးသည့် အရာတို့ကို ရိတ်သိမ်းမည်။ လူသားမျိုးနွယ်အတွက် သူပြုလုပ်ခဲ့သော၊ ပေးဆပ်ခဲ့သော အရာအားလုံးသည် ကြီးစွာသော ဆုလာဘ်များကို ရရှိရန်အတွက် မဟုတ်ဘဲ၊ လူသားမျိုးနွယ်အတွက် သက်သက်သာလျှင်ဖြစ်သည်။ ဇာတိခန္ဓာ၌ပြုသော ဘုရားသခင်၏အမှုတွင် တွေးထင်မထားနိုင်သော အခက်အခဲများစွာ ပါဝင်သော်လည်း ယင်းအမှု၏ နောက်ဆုံး၌ရရှိမည့် အကျိုးသက်ရောက်မှုများသည် ဝိညာဉ်တော်က တိုက်ရိုက်လုပ်ဆောင်သော အမှုများထက် သာလွန်များပြားသည်။ ဇာတိခန္ဓာ၏ အမှုတွင် များစွာသော အခက်အခဲများ ပါဝင်သည်။ ထို့အပြင် ဇာတိခန္ဓာသည် ၀ိညာဉ်တော်နည်းတူ သြဇာအာဏာကို ပိုင်ဆိုင်ရန် မဆိုထားနှင့် ဝိညာဉ်တော်ကဲ့သို့ ကြီးမြတ်သည့် တူညီသော အဆင့်အတန်းကို မရရှိနိုင်၊ ဝိညာဉ်တော်ကဲ့သို့ တူညီသော သဘာဝလွန် လုပ်ဆောင်ချက်များကို မဆောင်ရွက်နိုင်ပေ။ သို့သော်လည်း ထူးခြားမှုမရှိသော ဤဇာတိခန္ဓာက လုပ်ဆောင်သောအမှု၏ အနှစ်သာရသည် ဝိညာဉ်တော်ဖြင့် တိုက်ရိုက်လုပ်ဆောင်သော အမှုထက်သာ၍ ကြီးမြတ်လှပြီး ဤဇာတိခန္ဓာ ကိုယ်တော်တိုင်သည် လူသားတို့ လိုအပ်ချက်အားလုံး၏ အဖြေဖြစ်လေသည်။ ကယ်တင်ခြင်းခံရမည့် သူများအားလုံးအတွက် ဝိညာဉ်တော်၏ အသုံးပြုနိုင်သော တန်ဖိုးသည် ဇာတိခန္ဓာထက် သာ၍ သေးငယ်သည်။ ဝိညာဉ်တော်၏ အမှုသည် စကြဝဠာ တစ်ခုလုံး၊ တောင်တန်းများ၊ မြစ်များ၊ ရေကန်များနှင့် သမုဒ္ဒရာတို့ အားလုံးအပေါ်၌ လွှမ်းခြုံနိုင်သော်လည်း ဇာတိခန္ဓာ၏ အမှုသည် သူနှင့် အဆက်အသွယ်ရှိသော သူအားလုံးအတွက် ပို၍ထိရောက်စွာ ပတ်သက်အကျုံးဝင်လေသည်။ ထို့အပြင် ထိတွေ့နိုင်သော သဏ္ဌာန်တော်နှင့် ဘုရားသခင်၏ ဇာတိခန္ဓာကို လူသားအနေဖြင့် ပို၍နားလည်ကာ ပို၍ယုံကြည်နိုင်ပြီး၊ ဘုရားသခင်နှင့်ပတ်သက်သော လူ၏အသိပညာကို ပို၍နက်ရှိုင်းစေနိုင်ကာ၊ ဘုရားသခင်၏ လုပ်ဆောင်ချက်အမှန်များနှင့်ပတ်သက်၍ ပို၍လေးနက်သော ထင်မြင်ချက်များကို လူသားတို့ထံတွင် ချန်ထားခဲ့နိုင်ပါသည်။ ဝိညာဉ်တော်၏ အမှုသည် နက်နဲမှုဖြင့် ဖုံးကွယ်နေပြီး၊ သေမျိုးဖြစ်သည့် လူသားတို့အတွက် နားလည်ရန်ခက်ခဲလှကာ၊ တွေ့မြင်နိုင်ရန် ပို၍ပင်ခက်ခဲသဖြင့် သူတို့သည် အနှစ်သာရမဲ့သော ထင်မြင်ချက်များအပေါ်တွင်သာ မှီခိုနိုင်သည်။ သို့ရာတွင် ဇာတိခန္ဓာ၏ အမှုသည် သာမန်ဖြစ်ပြီး၊ အရှိတရားအပေါ်တွင် အခြေခံကာ ကြွယ်ဝသော အသိဉာဏ်ရှိကာ လူသား၏ ခန္ဓာမျက်လုံးဖြင့် မြင်တွေ့နိုင်သည့် အချက်ဖြစ်သည်။ လူသည် ဘုရားသခင့်အမှု၏ ဉာဏ်ပညာကို ကိုယ်တိုင် တွေ့ကြုံခံစားနိုင်ကာ များပြားလှသော သူ၏ စိတ်ကူးစိတ်သန်းများကို အသုံးချရန် မလိုအပ်တော့ပေ။ ဤသည်မှာ ဇာတိခန္ဓာထဲရှိ ဘုရားသခင် အမှု၏ တိကျ၍စစ်မှန်သော တန်ဖိုးဖြစ်သည်။ ဝိညာဉ်တော်သည် လူတို့မမြင်နိုင်သော အရာများကိုသာ လုပ်နိုင်ပြီး လူတို့ တွေးထင်ရန် ခက်ခဲသောအရာများ၊ ဥပမာ- ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်း၊ ဝိညာဉ်တော် လှုပ်ရှားထိတွေ့ခြင်းနှင့် ဝိညာဉ်တော်၏ လမ်းညွှန်ခြင်းတို့ကိုသာ ပြုနိုင်သည်။ သို့ရာတွင် စိတ်နှလုံးရှိသော လူသားတို့အတွက် ဤအရာတို့သည် ရှင်းလင်းသော အဓိပ္ပာယ်ကို မထောက်ပံ့ပေးနိုင်ချေ။ ယင်းတို့သည် စိတ်ထိခိုက်စေသော သို့မဟုတ် ကျယ်ပြန့်သော အဓိပ္ပာယ်ကိုသာ ပေးအပ်ပြီး စကားလုံးများဖြင့် ညွန်ကြားချက်တစ်ခုကို မပေးအပ်နိုင်ပေ။ ဇာတိခန္ဓာထဲရှိ ဘုရားသခင်၏ အမှုမှာမူ အလွန်ပင် ကွာခြားသည်။ ထိုအမှု၌ တိကျသော လမ်းညွှန်သည့် စကားလုံးများရှိပြီး၊ ရှင်းလင်းသော အလိုတော်နှင့် ရှင်းလင်းသော လိုအပ်သည့် ပန်းတိုင်တို့ရှိသည်။ သို့ဖြစ်၍ လူတို့သည် မှန်းဆချက်များကို ပြုလုပ်ရန်မဆိုနှင့် စမ်းတဝါးဝါးပင် သွားလာနေစရာ သို့မဟုတ် သူတို့အတွေးအထင်များကို အသုံးပြုစရာ မလိုတော့ပေ။ ဤသည်မှာ ဇာတိခန္ဓာ၏အမှုနှင့် ဝိညာဉ်တော်၏ အမှုတို့ ကြီးမားစွာကွာခြားမှုအပေါ် ရှင်းပြချက်ဖြစ်သည်။ ဝိညာဉ်တော်၏ အမှုသည် ကန့်သတ်ထားသော နယ်ပယ်တစ်ခုအတွက်သာ သင့်လျော်ပြီး၊ ဇာတိခန္ဓာ၏ အမှုကို အစားမထိုးနိုင်ပေ။ ဇာတိခန္ဓာ၏ အမှုသည် ဝိညာဉ်တော်၏ အမှုထက် လူသားကို ပို၍တိကျပြီး လိုအပ်သော ပန်းတိုင်များ၊ ပို၍စစ်မှန်တန်ဖိုးရှိသော အသိပညာများ ပေးသည်။ ဖောက်ပြန်ပျက်စီးသော လူသားအတွက် အကြီးမားဆုံးသော တန်ဖိုးရှိသည့် အမှုမှာ တိကျသော စကားများ၊ လိုက်လျှောက်ရန် ရှင်းလင်းသော ပန်းတိုင်များကို ထောက်ပံ့ပေးသော အမှုဖြစ်ပြီး မြင်တွေ့နိုင်ကာ ထိတွေ့နိုင်သော အမှုဖြစ်သည်။ လက်တွေ့ကျသော အမှုနှင့် အချိန်မီ လမ်းညွှန်မှုတို့သည်သာလျှင် လူသား၏အကြိုက်တို့နှင့် သင့်လျော်ပြီး၊ စစ်မှန်သော အမှုသာလျှင် လူကို သူ၏ ဖောက်ပြန်ပျက်စီး၍ စာရိတ္တပျက်ပြားသော စိတ်သဘောထားမှ ကယ်တင်နိုင်သည်။ ဤအရာကို လူ့ဇာတိခံယူသော ဘုရားသခင်ထံမှသာလျှင် ရရှိနိုင်သည်။ လူ့ဇာတိခံယူသော ဘုရားသခင်သာလျှင် လူသား၏ ယခင်က ဖောက်ပြန်ပျက်စီး၍ စာရိတ္တပျက်ပြားသော စိတ်သဘောထားမှ လူသားကို ကယ်တင်နိုင်သည်။ ဝိညာဉ်တော်သည် ဘုရားသခင်၏ ရှိရင်းစွဲအနှစ်သာရဖြစ်သော်လည်း ဤသို့သောအမှုကို သူ၏ ဇာတိခန္ဓာဖြင့်သာ လုပ်ဆောင်နိုင်သည်။ အကယ်၍ ဝိညာဉ်တော်သည် တစ်ဦးတည်းသာ အလုပ်လုပ်မည်ဆိုပါက၊ သူ၏အမှုသည် အကျိုးသက်ရောက်မှုရှိရန် ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။ ယင်းမှာ သိသာသော အမှန်တရားဖြစ်သည်။ လူအများစုသည် ဤဇာတိခန္ဓာကြောင့် ဘုရားသခင်၏ ရန်သူများဖြစ်လာကြသော်လည်း ဘုရားသခင်သည် သူ၏အမှုကို အဆုံးသတ်သောအခါ သူ့ကိုဆန့်ကျင်သောသူများသည် သူ၏ရန်သူဖြစ်ခြင်းမှ ရပ်တန့်ရုံတင်မကဘဲ ဆန့်ကျင်ဘက်အနေဖြင့် သူ၏သက်သေများ ဖြစ်လာလိမ့်မည်။ သူတို့သည် ဘုရားသခင်၏ သိမ်းပိုက်ခြင်း ခံရသော သက်သေများ၊ သူနှင့်သဟဇာတရှိသော၊ သူနှင့်ခွဲ၍မရသော သက်သေများဖြစ်လာလိမ့်မည်။ ဘုရားသခင်သည် လူသားကို ဇာတိခန္ဓာဖြင့် လုပ်ဆောင်သော သူ့အမှု၏ အရေးကြီးမှုကို သိရှိစေပြီး၊ လူသားသည်လည်း သူ၏တည်ရှိမှု၌ ထိုဇာတိခန္ဓာ၏ အရေးပါပုံကို နားလည်လာကာ၊ လူ့အသက်တာကြီးထွားမှု၌ ဘုရားသခင်၏ စစ်မှန်သောတန်ဖိုးကို သိလာလိမ့်မည်။ ထို့အပြင် ဤဇာတိခန္ဓာသည် လူသားတို့ ခွဲခွာရန် မစွမ်းသာသော ဘဝ၏ သက်စမ်းရေဖြစ်လာမည်ဟု သိလာလိမ့်မည်။ လူ့ဇာတိခံယူသော ဘုရားသခင်၏ ဇာတိခန္ဓာသည် ဘုရားသခင်၏ သွင်ပြင်လက္ခဏာ၊ အနေအထားနှင့်တူညီရန် ဝေးကွာလှကာ လူသားအတွက် ဘုရား၏ အခြေအနေအစစ်နှင့် သဟဇာတဖြစ်ပုံ မပေါ်သော်လည်း၊ ဘုရားသခင်၏ ပုံရိပ်အစစ် သို့မဟုတ် သွင်ပြင်လက္ခဏာအစစ်ကို မပိုင်ဆိုင်ထားသော ဤဇာတိခန္ဓာသည် ဘုရားသခင်ဝိညာဉ်တော်က တိုက်ရိုက်မလုပ်ဆောင်နိုင်သော အမှုကို လုပ်ဆောင်နိုင်သည်။ ယင်းသည် ဘုရားသခင့် လူ့ဇာတိခံယူမှု၏ စစ်မှန်သောထင်ရှားမှုနှင့် တန်ဖိုးဖြစ်ပြီး၊ လူက အသိအမှတ်ပြုရန်နှင့် လက်ခံနိုင်ရန် မတတ်နိုင်သော ထင်ရှားမှုနှင့် တန်ဖိုးတို့ဖြစ်သည်။ လူသားအားလုံးသည် ဘုရားသခင်၏ဝိညာဉ်တော်ကို ကြည်ညိုကြပြီး၊ ဘုရားသခင်၏ ဇာတိခန္ဓာကို အထင်သေးကြသော်လည်း၊ သူတို့မည်သို့ပင် ကြည့်ရှု တွေးထင်စေကာမူ ဇာတိခန္ဓာ၏ စစ်မှန်သော ထင်ရှားမှုနှင့် တန်ဖိုးသည် ဝိညာဉ်တော်၏ ထင်ရှားမှုနှင့် တန်ဖိုးထက် များစွာသာလွန်ပါသည်။ ဤအရာသည် ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်နှင့်သာ သက်ဆိုင်သောအရာဖြစ်သည်မှာ အမှန်ပင်ဖြစ်သည်။ သမ္မာတရားကိုရှာဖွေကာ ဘုရားသခင်၏ ပေါ်ထွန်းမှုကို တောင့်တသောသူအားလုံးအတွက် ၀ိညာဉ်တော်၏အမှုသည် စိတ်ထိတွေ့မှု သို့မဟုတ် ဗျာဒိတ်တော်နှင့် ရှင်းမပြနိုင်သော၊ တွေးထင်မထားနိုင်သော အံ့သြဖွယ်ခံစားချက်နှင့် ကြီးမြတ်သော၊ မြင့်မြတ်သော၊ နှစ်လိုဖွယ်ကောင်းသော ခံစားချက်တို့ကိုသာ ထောက်ပံ့ပေးနိုင်သည်၊ သို့သော်လည်း ထိုအရာသည် အားလုံးအတွက် ရယူရန်မဖြစ်နိုင်၊ မရရှိနိုင်သောအရာလည်း ဖြစ်သည်။ လူသားနှင့် ဘုရားသခင်၏ဝိညာဉ်တော်သည် သူတို့ကြားတွင် ကြီးမားသော အကွာအဝေးတစ်ခု ရှိဘိသည့်အလား တစ်ဦးနှင့်တစ်ဦး အဝေးမှသာ ကြည့်နိုင်ကြပြီး၊ မမြင်ရသော အပိုင်းအခြားတစ်ခုက ခွဲခြားထားသည့်နှယ် သူတို့သည် မည်သည့်အခါမှ တူညီနိုင်ခြင်းမရှိပေ။ အမှန်တွင်မူ ယင်းသည် ဝိညာဉ်တော်က လူသားကိုပေးသော အထင်မှားစေသည့်အရာ တစ်ခုဖြစ်သည်။ အကြောင်းမှာ ဝိညာဉ်တော်နှင့် လူသားသည် တစ်မျိုးတည်း တစ်စားတည်း မဟုတ်သောကြောင့် ဖြစ်ပြီး၊ ဝိညာဉ်တော်နှင့် လူသားသည် တူညီသော လောကကြီးထဲတွင် မည်သည့်အခါမှ ယှဉ်တွဲနေထိုင်နိုင်မည် မဟုတ်သောကြောင့် ဖြစ်ကာ၊ ဝိညာဉ်တော်၌ လူနှင့်ဆိုင်သောအရာ ဘာမျှမရှိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် လူသားထံတွင် ဝိညာဉ်တော်လိုအပ်ချက် မရှိပေ။ အကြောင်းမှာ ဝိညာဉ်တော်သည် လူသားတို့က အလိုအပ်ဆုံးသော အမှုကို တိုက်ရိုက်မဆောင်ရွက်နိုင်သောကြောင့် ဖြစ်သည်။ ဇာတိခန္ဓာ၏အမှုသည် လူသားတို့ကို မီအောင်လိုက်ရမည့် စစ်မှန်သော ရည်ရွယ်ချက်များ၊ ရှင်းလင်းသော စကားလုံးများနှင့် ဘုရားသခင်သည် စစ်မှန်ကာ ပုံမှန်ဖြစ်ကြောင်း၊ သူသည် နှိမ့်ချပြီး သာမန်ဖြစ်သည်ဟူသောခံစားမှု စသည်တို့ကို ပေးသည်။ လူသားသည် သူ့ကိုကြောက်ရွံ့ကောင်း ကြောက်ရွံ့နိုင်သော်လည်း လူအများစုအတွက် သူသည် နားလည်ဆက်စပ်နိုင်ရန် လွယ်ကူသည်။ လူသားသည် ဘုရားသခင်၏ မျက်နှာကိုမြင်တွေ့နိုင်၊ သူ၏အသံကိုကြားနိုင်ပြီး သူ့ကို အဝေးမှကြည့်ရန် မလိုအပ်ပေ။ ဤဇာတိခန္ဓာသည် လူသားတို့အတွက် ချဉ်းကပ်နိုင်သည်ဟု ခံစားရပြီး၊ ဝေးကွာခြင်း၊ နားမလည်နိုင်ခြင်းမရှိဘဲ၊ ဤဇာတိခန္ဓာသည် လူသားတို့နှင့် တူညီသောကမ္ဘာလောကကြီးတွင် ရှိနေသဖြင့် မြင်နိုင် ထိတွေ့နိုင်ပေသည်။

(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ)

သင်သည် သခင် ပြန်ကြွလာခြင်းကို ကြိုဆိုသည့်နည်းလမ်း၊ ဘုရားသခင်နှင့် သာ၍ နီးစပ်သော ပေါင်းသင်းဆက်ဆံရေးတစ်ခုကို တည်ထောင်သည့်နည်းလမ်း၊ ဘုရားသခင်ထံ ဆုတောင်းသည့်နည်းလမ်း စသည်တို့ကို သင်ယူလေ့လာ လိုပါသလား။ ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ဖို့ အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “ဘုရားသခင်၏ စိတ်နေသဘောထားကို နားလည်ရန်မှာ အလွန်အရေးကြီးပေ၏” | ကောက်နုတ်ချက် ၂၄၆

ငါပြောဆိုခဲ့သည့် ဝါကျတိုင်းတွင် ဘုရားသခင်၏ စိတ်နေသဘောထားပါ၏။ ငါ၏ နှုတ်ကပတ်တော်တို့ကို သေချာစွာ တွေးဆပါက သင်တို့သည် ၎င်းတို့မှ ကြီးစွာသော...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ -“ခေတ်သစ်၏ ပညတ်တော်များ” -ကောက်နုတ်ချက် ၂၄၃

လူတို့သည် မိမိတို့ ဆောင်ရွက်သင့်သော တာဝန်များစွာကို လိုက်နာ ဆောင်ရွက်ရမည် ဖြစ်ပါသည်။ ယင်းသည် လူတို့ လိုက်နာ ဆောင်ရွက်ရမည့် တာဝန်ဖြစ်ပြီး...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ- အခန်း ၂၈” | ကောက်နုတ်ချက် ၂၂၇

သင်တို့သည် အဆင်းနီသောနဂါးကြီးကို အမှန်ပင်မုန်းပါသလား။ သင်တို့သည် အမှန်စင်စစ် မုန်းပါသလား။ ငါသည် အဘယ်ကြောင့် သင်တို့ကို ကြိမ်ဖန်များစွာ...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “မပြောင်းလဲသော စိတ်သဘောထား ရှိခြင်းသည် ဘုရားသခင်နှင့် ရန်ဘက်ပြုခြင်းဖြစ်သည်” | ကောက်နုတ်ချက် ၃၀၁

လူသား၏ ယိုယွင်းပျက်စီးသော စိတ်သဘောထားသည် စဉ်းစားတွေးခေါ်မှု၊ အကျင့်စာရိတ္တ၊ ထိုးထွင်းဉာဏ်နှင့် အသိဉာဏ်များကို စာတန်က ဆိုးဆိုးရွားရွား...