ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူ့ဇာတိခံယူခြင်း | ကောက်နုတ်ချက် ၁၃၁

ဘုရားသခင်သည် စကြဝဠာတစ်ခွင်လုံးနှင့် အထက်လောကတွင် အကြီးမြတ်ဆုံးဖြစ်ရာ၊ သူ၏ဇာတိပကတိ ပုံသဏ္ဌာန်ကို အသုံးပြုပြီး သူ့ကိုယ်ကိုယ် အပြည့်အဝ ရှင်းပြနိုင်မည်လော။ သူ့အလုပ်၏ အဆင့်တစ်ခုကို လုပ်ဆောင်ရန်အတွက် ဘုရားသခင်က ဤဇာတိပကတိကို ခံယူခြင်းဖြစ်သည်။ ဤဇာတိ ပကတိ ပုံသဏ္ဌာန်တွင် အထူး သိသာထင်ရှားမှုမရှိ၊ ပြီးခဲ့သည့် ခေတ်များနှင့် ဆက်နွှယ်မှုကို မပြ၊ ဘုရား သခင်၏ စိတ်သဘောထားနှင့်လည်း တစ်ခုမှ မသက်ဆိုင်ပေ။ ယေရှုသည် သူ၏ပုံသဏ္ဌာန်ကို ကျန်ရှိနေစေ ခဲ့ရန် အဘယ်ကြောင့် ခွင့်မပြုခဲ့သနည်း။ သူသည် လူသားအား သူ၏ပုံသဏ္ဌာန်ကို အဘယ်ကြောင့် ပန်းချီ မဆွဲစေဘဲ နောက်လာမည့် မျိုးဆက်များကို လက်ဆင့်ကမ်းရန် ခွင့်မပြုခဲ့သနည်း။ သူ၏ ပုံသဏ္ဌာန်က ဘုရားသခင်၏ ပုံသဏ္ဌာန်ဖြစ်ကြောင်း လူတွေ အသိအမှတ်ပြုရန် ခွင့်မပြုခဲ့သနည်း။ လူသား၏ ပုံသဏ္ဌာန်ကို ဘုရားသခင်၏ ပုံသဏ္ဌာန်နှင့်အညီ ဖန်ဆင်းခဲ့သော်လည်း၊ လူသား၏ ရုပ်သွင်သည် မြင့်မြတ်သည့် ဘုရားသခင်၏ ပုံသဏ္ဌာန်ကို ကိုယ်စားပြုရန် ဖြစ်နိုင်ပါ၏လော။ ဘုရားသခင် လူ့ဇာတိခံယူစဉ်တွင်၊ သူသည် ကောင်းကင်ဘုံမှနေ၍ သီးသန့်ဇာတိပကတိသို့ ကြွဆင်းလာရုံ မျှသာဖြစ်သည်။ ဇာတိပကတိထဲသို့ ကြွဆင်း လာခဲ့သည်မှာ သူ၏ဝိညာဉ်တော် ဖြစ်ပြီး ယင်းမှတစ်ဆင့် သူသည် ဝိညာဉ်တော်၏ အလုပ်ကို လုပ်ဆောင် သည်။ ယင်းသည် ဇာတိပကတိထဲတွင် ဖော်ပြသော ဝိညာဉ်တော်ဖြစ်ပြီး ယင်းသည် ဇာတိပကတိအားဖြင့် သူ၏အလုပ်ကို လုပ်ဆောင်သည့် ဝိညာဉ်တော်ဖြစ်သည်။ ဇာတိပကတိထဲတွင် လုပ်ဆောင်သည့် အလုပ်သည် ဝိညာဉ်တော်ကို အပြည့်အဝ ကိုယ်စားပြုပြီး၊ ဇာတိပကတိသည် အလုပ်အတွက်ဖြစ်သည်၊ သို့ရာတွင် ဇာတိ ပကတိ၏ ပုံသဏ္ဌာန်သည် ဘုရားသခင် ကိုယ်တော်တိုင်၏ စစ်မှန်သည့် ပုံသဏ္ဌာန်၏ အစားထိုးခြင်းဟု မဆိုလိုပါ။ ယင်းသည် ဘုရားသခင် လူ့ဇာတိခံယူသည့် အမှတ်အသား သို့မဟုတ် ရည်ရွယ်ချက် မဟုတ်ပါ။ သူလူ့ဇာတိခံယူရခြင်းမှာ သူ၏အလုပ်ကို လုပ်ဆောင်ရန် သူ၏ဝိညာဉ်တော်က သင့်တော်သည့် နေရာ တစ်ခုတွင် တည်မှီနေရန် အတွက်သာဖြစ်သည်။ ဇာတိပကတိအားဖြင့် သူ၏အလုပ်ကို ပိုမိုကောင်းမွန်စွာ ပြီးမြောက်စေရန်ဖြစ်သည်။ သို့ဖြစ်လျှင် လူတို့သည် သူ၏အလုပ်ကို မြင်နိုင်မည်၊ သူ၏ စိတ်သဘောထားနှင့် တွေ့ထိနီးစပ်လာနိုင်မည်၊ သူ၏စကားများကို ကြားနိုင်ပြီး သူ့အလုပ်၏ အံ့သြဖွယ်များကို သိမည်။ သူ၏ အမည်နာမက သူ၏စိတ်သဘောထားကို ကိုယ်စားပြုသည်၊ သူ့အလုပ်က သူ၏သွင်ပြင် လက္ခဏာကို ကိုယ်စားပြုသည်၊ သို့ရာတွင် သူ၏ ဇာတိပကတိရုပ်သွင်က သူ၏ပုံသဏ္ဌာန်ကို ကိုယ်စားပြုသည်ဟု သူ တစ်ခါမျှ မပြောခဲ့ပါ။ ယင်းသည် လူသား၏ ယူဆချက်မျှသာဖြစ်သည်။ လူ့ဇာတိခံယူသည့် ဘုရားသခင်၏ အရေးပါလှသည့် ကဏ္ဍများမှာ သူ့နာမ၊ သူ့အလုပ်၊ သူ့စိတ်သဘောထားနှင့် သူ၏ကျားမဖြစ်မှုတို့ ဖြစ်ကြပါ သည်။ ယခုခေတ် သူ၏စီမံခန့်ခွဲမှုကို ကိုယ်စားပြုရန် ယင်းတို့ကို အသုံးပြုသည်။ ဇာတိပကတိမှ သူ၏ ရုပ်သွင်သည် သူ၏စီမံခန့်ခွဲမှုနှင့် ဆက်နွှယ်မှုမရှိပါ၊ ထိုအချိန်က သူ၏ လုပ်ဆောင်မှုအတွက် ဖြစ်တည်မှုသာ ဖြစ်ပါသည်။ သို့သော်လည်း လူ့ဇာတိခံယူသည့် ဘုရားသခင်အတွက် သီးခြားရုပ်သွင်ရှိရန် မဖြစ်နိုင်ပေ၊ ထို့ကြောင့် သူ၏ရုပ်သွင်ကို ဆုံးဖြတ်ရန်အတွက် သင့်တော်သည့် မိသားစုကို သူရွေးချယ်သည်။ ဘုရားသခင် ၏ ရုပ်သွင်သည် ထင်ရှားသည့် ကိုယ်စားပြုမှုများ ရှိခဲ့ရမည်ဆိုလျှင်၊ သူနှင့် မျက်နှာ အသွင်အပြင်များ တူသည့် လူများသည်လည်း ဘုရားသခင်ကို ကိုယ်စားပြုရပါလိမ့်မည်။ ယင်းသည် ကမ်းကုန်သည့် အမှားကြီးတစ်ခု ဖြစ်မနေဘူးလော။ ယေရှု၏ ပုံတူပန်းချီသည် လူကသူ့ကို ကိုးကွယ်ဆည်းကပ်ရန်အလို့ငှာ လူကရေးဆွဲခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်က သန့်ရှင်းသော ဝိညာဉ်တော်မှ အထူးတလှယ် လမ်းညွှန်မှုများ မပေးခဲ့ပေ၊ ဤသို့နှင့် လူမှ ပုံတူပန်းချီကို ယနေ့တိုင် လက်ဆင့်ကမ်းခဲ့သည်။ အမှန်အားဖြင့် ဘုရားသခင်၏ မူလရည်ရွယ်ချက်အရ၊ လူသားက ဤအရာကို မပြုလုပ်ခဲ့သင့်ပေ။ ယေရှု၏ ပုံတူပန်းချီကို ယနေ့တိုင် တည်ရှိနေစေခဲ့သည်မှာ လူသား၏ စိတ်အားထက်သန်မှုသာ ဖြစ်သည်။ ဘုရားသခင်သည် ဝိညာဉ်တော်ဖြစ်ပြီး၊ လူသားသည် ဘယ်သောအခါမျှ သူ၏ပုံသဏ္ဌာန်ကို အတည်ပြု ခွဲခြမ်းစိတ်ဖြာမှုကို လုပ်ဆောင်နိုင်စွမ်း ရှိမည်မဟုတ်ပေ။ သူ၏ပုံသဏ္ဌာန်ကို သူ၏စိတ်သဘောထားကပင် ကိုယ်စားပြုနိုင်ပါမည်။ သူ့နှာခေါင်း၊ သူ့ပါးစပ်၊ သူ့မျက်လုံး များနှင့် သူ၏ဆံပင် အသွင်တို့သည် သင်သိရှိနားလည်နိုင်စွမ်းထက် ကျော်လွန်နေပါသည်။ ဗျာဒိတ်တော်သည် ယောဟန်ထံသို့ လာစဉ်တွင်၊ လူသားတော်၏ ပုံသဏ္ဌာန်ကို သူမြင်ခဲ့သည်မှာ— ခံတွင်းတော်ထဲမှ ထက်သော သန်လျက်ထွက်၏၊ မျက်စိတော်သည်လည်း မီးလျှံကဲ့သို့ဖြစ်၏၊ ခေါင်းတော်နှင့် ဆံပင်တော်သည် ဖြူသော သိုးမွေးကဲ့သို့ ဖြူ၏၊ ခြေတော်သည်လည်း မီး၌ချွတ်ပြီးသော ကြေးဝါစစ်နှင့်တူ၏၊ ရင်ဘတ်၌ ရွှေခါးပန်းကို စည်းလျက်ဖြစ်၏။ ယောဟန်၏ စကားလုံးများက အလွန်ထင်ရှားသော်လည်း၊ သူဖော်ပြခဲ့သည့် ဘုရားသခင် ၏ ပုံသဏ္ဌာန်မှာ ဖန်ဆင်းခံတစ်ဦး၏ ပုံသဏ္ဌာန်မဟုတ်ပါ။ သူမြင်ခဲ့သည်မှာ ရူပါရုံတစ်ခုသာ ဖြစ်ပြီး၊ လောကီကမ္ဘာမှ လူတစ်ဦး၏ ပုံသဏ္ဌာန်မဟုတ်ပေ။ ယောဟန်က ရူပါရုံ မြင်တွေ့ခဲ့သော်လည်း၊ ဘုရားသခင် ၏ ရုပ်သွင်အမှန်ကို မျက်မြင်မတွေ့ခဲ့ရပေ။ ဘုရားသခင် ခံယူထားသည့် ဇာတိပကတိ၏ ပုံသဏ္ဌာန်၊ ဖန်ဆင်းခံတစ်ဦး၏ ပုံသဏ္ဌာန်၏ ဖြစ်တည်မှုသည် ဘုရားသခင် စိတ်သဘောထား တစ်ခုလုံးကို ကိုယ်စားမပြု နိုင်ပေ။ ယေဟောဝါသည် လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့စဉ်က၊ သူ၏ပုံသဏ္ဌာန်နှင့်အညီ လူယောကျာ်းနှင့် လူမိန်းမကို ဖန်ဆင်းခဲ့သည်ဟု သူပြောခဲ့သည်။ ထိုအချိန်က သူသည် လူယောကျာ်းနှင့် လူမိန်းမကို ဘုရားသခင်၏ ပုံသဏ္ဌာန်နှင့်အညီ ဖန်ဆင်းခဲ့သည်ဟု သူပြောခဲ့သည်။ လူသား၏ ပုံသဏ္ဌာန်သည် ဘုရား သခင်၏ ပုံသဏ္ဌာန်နှင့် ဆင်တူသော်လည်း၊ ဤသည်ကို လူသား၏သွင်ပြင်သည် ဘုရားသခင်၏ ပုံသဏ္ဌာန် ဖြစ်သည့် အဓိပ္ပာယ်ဟု ဖန်တီး၍မရပါ။ ဘုရားသခင်သည် မြင့်မြတ်လွန်း၊ ကြီးမြတ်လွန်း၊ အံ့ဖွယ်ကောင်း လွန်းပြီး နက်နဲလွန်းသည့်အတွက် ဘုရားသခင်၏ ပုံသဏ္ဌာန်ကို လူသားအသုံးပြုသည့် ဘာသာစကားဖြင့် ပြည့်စုံစွာ စံနမူနာ ယူ၍မရနိုင်ပါ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၁၂

ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လူတို့ ပိုမိုလက်ခံလေ၊ ၎င်းတို့ ပိုမိုဉာဏ်အလင်းပေးခံရလေဖြစ်ကာ ဘုရားသခင်ကို သိကျွမ်းခြင်းအား ၎င်းတို့၏...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူ့ဇာတိခံယူခြင်း | ကောက်နုတ်ချက် ၁၁၁

မိမိ၏အလုပ်ကို မိမိကိုယ်တိုင်လုပ်ဆောင်နေချိန် ဤကာလတွင် လူ့ဇာတိခံယူသော ဘုရားသခင်သည် သူ့နောက်ကို လိုက်သောသူများအဖွဲ့ထံသို့သာ မိမိကိုယ်မိမိ...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၀၈

အကယ်၍ သင်သည် ဘုရားသခင်နှင့် ပုံမှန် ဆက်ဆံရေးရှိလိုပါက သင်၏စိတ်နှလုံးသည် ဘုရားသခင်ထံ လှည့်ရမည်။ ယင်းကို အခြေခံအုတ်မြစ်အဖြစ်ထား၍၊ သင်သည်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၄၂

ဘုရားသခင်ကို သက်သေခံခြင်းသည် အဓိကအားဖြင့် ဘုရားသခင်၏ အမှု၊ လူတို့ကို ဘုရားသခင် သိမ်းပိုက်ပုံ၊ လူတို့ကို သူကယ်တင်ပုံ၊ လူတို့ကို သူ...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။