ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အမှုတော် အဆင့်သုံးဆင့် | ကောက်နုတ်ချက် ၃

ဘုရားသခင်သည် သက်ရှိသတ္တဝါများအပေါ်တွင် လုံးဝရန်ငြိုးမထားပါ။ စာတန်ကိုသာ ရှုံးနိမ့်စေလို၏။ ပြစ်တင်ဆုံးမခြင်းဖြစ်စေ၊ တရားစီရင်ခြင်းဖြစ်စေ၊ သူ၏အမှုအားလုံးသည် စာတန်အပေါ် ရည်ရွယ်ထားခြင်းဖြစ်၏။ ဤသည်မှာ လူသားမျိုးနွယ်၏ ကယ်တင်ခြင်းအတွက် အကောင်အထည်ဖော်ခြင်းဖြစ်၍၊ အားလုံးမှာ စာတန် ရှုံးနိမ့်စေရန်အတွက်ဖြစ်ကာ၊ ၎င်းတွင် အဆုံးတိုင်အောင် စာတန်နှင့်တိုက်ပွဲဝင်ခြင်းဟူသည့် ရည်ရွယ်ချက် တစ်ခုသာရှိ၏။ ထို့အပြင် ဘုရားသခင်သည် စာတန်အပေါ်အောင်နိုင်ခြင်း မရှိသရွေ့ မည်သည့်အခါမျှ နားမည်မဟုတ်ပေ။ စာတန်ကိုရှုံးနိမ့်စေပြီးသည်နှင့် နားမည်ဖြစ်သည်။ ဘုရားသခင်ဆောင်ရွက်သည့်အမှု အားလုံးသည် စာတန်ကို ရည်ရွယ်ထားသည့်အတွက်နှင့် စာတန်၏ဖျက်ဆီးခြင်းခံရသူများ အားလုံးသည် စာတန်၏ပိုင်နက်၏ ချုပ်ကိုင်မှုအောက်တွင်ရှိလျက် စာတန်၏ပိုင်နက်အောက်တွင် နေသည့်အတွက်၊ စာတန်နှင့်ဆန့်ကျင်တိုက်ပွဲဝင်ခြင်းနှင့် ၎င်းကို ချိုးဖျက်ခြင်း မပြုဘဲနှင့်၊ စာတန်သည် ထိုသူတို့အပေါ် ၎င်း၏ချုပ်ကိုင်မှုကို လျှော့ပေးမည်မဟုတ်ပေ။ ထို့အပြင် ၎င်းတို့ကို ရယူနိုင်မည်လည်း မဟုတ်ပေ။ ၎င်းတို့ကို ရယူနိုင်ခြင်းမရှိပါက စာတန်သည် ရှုံးနိမ့်ခြင်းမရှိသေးကြောင်းနှင့် ၎င်းကိုနှိမ်နင်းခဲ့ခြင်း မရှိသေးကြောင်း သက်သေပြခြင်းဖြစ်မည်။ ထို့ကြောင့် ဘုရားသခင်၏ အနှစ် ၆၀ဝ၀ စီမံခန့်ခွဲခြင်းအစီအစဉ်၌ ပထမအဆင့်အတွင်း သူသည် ပညတ်တရားအမှုကို ဆောင်ရွက်ခဲ့၏။ ဒုတိယအဆင့်တွင် သူသည် ကျေးဇူးတော်ခေတ်၏ အမှုကို ဆောင်ရွက်၏။ ကားတိုင်တွင် အသေခံခြင်းအမှုဟု ဆိုလိုသည်။ ထို့နောက် တတိယအဆင့်တွင် သူသည် လူသားမျိုးနွယ်အား သိမ်းပိုက်ခြင်းအမှုကို ဆောင်ရွက်ခဲ့၏။ ဤအမှုအားလုံးသည် စာတန်က လူသားမျိုးနွယ်ကို ဖျက်ဆီးခဲ့သည့်အတိုင်းအတာအပေါ် ရည်ရွယ်ထားခြင်းဖြစ်၏။ အားလုံးမှာ စာတန်ကို ရှုံးနိမ့်စေခြင်းအတွက် ဖြစ်၍ စာတန်ကို ရှုံးနိမ့်စေခြင်းအတွက် မဟုတ်သည့်အဆင့် တစ်ဆင့်မျှ ဤအဆင့်များတွင် မရှိပေ။ ဘုရားသခင်၏ အနှစ် ၆၀ဝ၀ စီမံခန့်ခွဲခြင်းအမှု၏ အနှစ်သာရသည် အဆင်းနီသော နဂါးကြီးကို ဆန့်ကျင်သည့်တိုက်ပွဲဖြစ်၍ လူသားမျိုးနွယ်ကို စီမံခန့်ခွဲသည့်အမှုသည်လည်း စာတန်ကို ရှုံးနိမ့်စေခြင်းအမှုဖြစ်၍ စာတန်နှင့် တိုက်ပွဲဝင်ခြင်းအမှုဖြစ်၏။ ဘုရားသခင်သည် အနှစ် ၆၀ဝ၀ ကြာ တိုက်ပွဲဝင်ခဲ့သည်။ ထို့ကြောင့် အဆုံးတွင် လူသားတို့ကို နိုင်ငံတော်သစ်တို့ ခေါ်ဆောင်လာရေးအတွက် အနှစ် ၆၀ဝ၀ ကြာ အမှုဆောင်ခဲ့ပြီဖြစ်၏။ စာတန်ရှုံးနိမ့်သည့်အခါ လူသားသည် လုံးဝလွတ်မြောက်မည် ဖြစ်၏။ ဤသည်မှာ ယနေ့ဘုရားသခင်၏အမှု ဦးတည်ချက်ပင် မဟုတ်သလော။ လူသားအပေါ် မည်သည့်စည်းကမ်းများ၏ သတ်မှတ်ခံရခြင်းမျှ မရှိ၊ ချုပ်နှောင်ထားခြင်းများ သို့မဟုတ် ကန့်သတ်ချက်များဖြင့် ကန့်သတ်ခံရခြင်း မရှိစေရန် လူသားကို လုံးဝလွတ်မြောက်ရေးနှင့် လွတ်လပ်ရေးသည် ယနေ့အမှု၏ ဦးတည်ရာ အတိအကျပင် ဖြစ်၏။ ဤအမှုအားလုံးကို သင်တို့၏ဝိညာဉ်အသက်တာနှင့် သင်တို့၏လိုအပ်ချက်များနှင့်အညီ ဆောင်ရွက်၏။ သင်တို့ဖြစ်မြောက်နိုင်သည့်အတိုင်း သင်တို့ကို ပေးထားသည်ဟု ဆိုလိုခြင်းဖြစ်၏။ “ဘဲတစ်ကောင်ကို အိပ်တန်းသို့ မောင်းနှင်” သည့် ကိစ္စတစ်ရပ်၊ သင်တတ်စွမ်းသည်ထက် ကျော်လွန်သည့် အရာများကို သင့်အား အဓမ္မ ပြုလုပ်စေသည့် ကိစ္စတစ်ရပ် မဟုတ်ပေ။ ထိုသို့ဖြစ်မည့်အစား ဤအမှုအားလုံးသည် သင်၏အမှန်စင်စစ် လိုအပ်ချက်များနှင့်အညီ အကောင်အထည်ဖော်ခြင်း ဖြစ်၏။ အမှု၏ အဆင့်တစ်ဆင့်စီသည် လူသား၏ အမှန်စင်စစ်လိုအပ်ချက်နှင့် လူသားအပေါ်သတ်မှတ်ချက်များနှင့် အညီဖြစ်၍ စာတန်ကို ရှုံးနိမ့်စေရန်ဖြစ်၏။ အကယ်စင်စစ်မူ၊ အစအဦး၌ ဖန်ဆင်းရှင်နှင့် သူဖန်ဆင်းသည့် သတ္တဝါတို့အကြား အတားအဆီးများ မရှိပေ။ ၎င်းတို့အားလုံးမှာ စာတန်က ပြုလုပ်ခြင်းဖြစ်၏။ စာတန်၏နှောင့်ယှက်မှုနှင့် ၎င်း၏ပျက်စီးမှုကြောင့် လူသားသည် မည်သည့်အရာကိုမျှ မြင်နိုင်စွမ်း၊ ထိနိုင်စွမ်းတို့ မရှိခြင်း ဖြစ်လာသည်။ လူသားသည် ဒုက္ခခံရသူ၊ လှည့်ဖြားခံရသူ ဖြစ်၏။ စာတန်ရှုံးနိမ့်သည်နှင့် သက်ရှိသတ္တဝါများသည် ဖန်ဆင်းရှင်ကို မြင်လိမ့်မည်ဖြစ်၍ ဖန်ဆင်းရှင်သည် သက်ရှိသတ္တဝါများကို ကြည့်လျက် ၎င်းတို့ကို သူကိုယ်တိုင် လမ်းပြနိုင်လိမ့်မည်။ ဤသည်သာလျှင် လူသားအနေဖြင့် ကမ္ဘာမြေကြီးပေါ်တွင် ရှိသင့်သည့် အသက်တာဖြစ်၏။ ထို့ကြောင့် ဘုရားသခင်၏အမှုသည် အဓိကအားဖြင့် စာတန်ရှုံးနိမ့်စေရန်ဖြစ်၍ စာတန်ရှုံးနိမ့်သည်နှင့် အရာခပ်သိမ်း ဖြေရှင်းပြီး ဖြစ်လိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၅၉

ပြုပြင်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်း၊ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို ကြုံပြီးသောသူများ၏ အလုပ်တွင် သွေဖည်မှု အလွန်နည်းပါးပြီး...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၈၁

ယေရှုသည် ရှင်ပြန်ထမြောက်ပြီးနောက် ပေါင်မုန့်ကိုစားပြီး ကျမ်းစာကို ရှင်းပြ၏ ရှင်လုကာခရစ်ဝင်ကျမ်း ၂၄:၃၀-၃၂ စားပွဲ၌ သူတို့နှင့်အတူ...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၁၈

ဘုရားသခင်ကို ယုံကြည်ရန်နှင့် သိကျွမ်းရန်မှာ ကောင်းကင်ဘုံ၏ဥပဒေနှင့် ကမ္ဘာမြေကြီး၏ နိယာမဖြစ်ပြီး လူ့ဇာတိခံယူသော ဘုရားသခင်သည် သူ၏အမှုကို...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၁၅၀

ပထမဦးစွာ ဘုရားသခင်သည် အာဒံနှင့် ဧဝကို ဖန်ဆင်းခဲ့ပြီး မြွေကိုလည်း ဖန်ဆင်းခဲ့သည်။ အရာခပ်သိမ်းထဲတွင် ဤမြွေသည် အဆိပ်အပြင်းဆုံး ဖြစ်ခဲ့သည်။...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။