ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “ကျမ်းဦးစကား” | ကောက်နုတ်ချက် ၂၄

ယေဟောဝါ၏ အမှုပြီးသည့်နောက်တွင် ယေရှုသည် မိမိ၏အလုပ်ကို လုပ်ဆောင်ရန် လူသားများ ကြားထဲသို့ လူသားအဖြစ် ကြွလာခဲ့သည်။ သူ၏ အလုပ်ကို သီးသန့်လုပ်ဆောင်ခြင်း မဟုတ်ပါ၊ သို့သော် ယေဟောဝါ၏ အလုပ်ပေါ်တွင် အခြေခံထားခြင်းဖြစ်သည်။ ပညတ်တော်ခေတ်ကို ဘုရားသခင် အဆုံးသတ်ပြီးနောက် ခေတ်သစ်တစ်ခုအတွက် လုပ်ဆောင်ရမည့် အလုပ်ဖြစ်သည်။ ထိုနည်းတူ ယေရှု၏အမှု ပြီးမြောက် ပြီးနောက် ဘုရားသခင်သည် နောက်ခေတ်အတွက် သူ၏ အလုပ်ကို ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်သည်။ အကြောင်းမှာ ဘုရားသခင်၏ စီမံအုပ်ချုပ်မှု တစ်ခုလုံးသည် ရှေ့သို့ ဆက်လက်လုပ်ဆောင်မြဲ ဖြစ်သော ကြောင့်တည်း။ ခေတ်ဟောင်း ကုန်ဆုံးပြီးနောက် ခေတ်သစ်တစ်ခု အစားထိုး ဝင်ရောက်လာလိမ့်မည်။ အမှုဟောင်း စုံလင်သည်နှင့် အမှုသစ်သည် ဘုရားသခင်၏ စီမံအုပ်ချုပ်မှုကို ဆက်လက် လုပ်ဆောင် ပါလိမ့်မည်။ ဤသည်မှာ ယေရှု၏ အမှုပြည့်စုံခြင်းနောက် ဘုရားသခင်၏ ဒုတိယအကြိမ် လူ့ဇာတိအဖြစ် ကြွလာခြင်း ဖြစ်သည်။ ဟုတ်ပါသည်၊ လူ့ဇာတိအဖြစ် ကြွလာခြင်းသည် သီးခြားဖြစ်လာခြင်း မဟုတ်ဘဲ ပညတ်တော်ခေတ်နှင့် ကျေးဇူးတော်ခေတ် နောက်ပိုင်း အမှု တတိယအဆင့် ဖြစ်ပါသည်။ ဘုရားသခင့်အမှု၏ အဆင့်သစ်တိုင်းသည် အသစ်သော အစပြုခြင်းနှင့် ခေတ်သစ်တစ်ခုကို အမြဲ ဆောင်ကြဉ်းလာသည်။ ထို့ကြောင့် ဘုရားသခင်၏ စိတ်သဘောထား၊ သူ၏ အလုပ်လုပ်ပုံ၊ သူ၏အမှု လုပ်ဆောင်ရာနေရာနှင့် သူ၏ နာမတော်တို့သည်လည်း လိုက်လျောညီထွေသော အပြောင်းအလဲများ ရှိပါသည်။ လူသားတို့အဖို့ ခေတ်သစ်ထဲတွင် ဘုရားသခင်၏ အမှုကို လက်ခံရန် ခက်ခဲသည်မှာ အံ့ဩဖွယ် မရှိပါ။ သို့သော် လူသားတို့အနေဖြင့် သူ့ကို မည်သို့ပင် ဆန့်ကျင်စေကာမူ ဘုရားသခင်သည် မိမိ၏ အလုပ်ကို လုပ်မြဲဖြစ်ပြီး လူသားမျိုးနွယ် တစ်ခုလုံးကို ရှေ့သို့ အမြဲဦးဆောင်နေသည်။ ယေရှုက ဤလူ့လောကသို့ လာသောအခါ သူသည် ပညတ်တော်ခေတ်ကို အဆုံးသတ်ပြီး ကျေးဇူးတော်ခေတ်သို့ ရောက်စေခဲ့သည်။ နောက်ဆုံးသော ကာလတွင် ဘုရားသခင်သည် နောက်တစ်ကြိမ် လူ့ဇာတိအဖြစ်ကို ခံယူပြီး ဤတစ်ကြိမ် လူ့ဇာတိအဖြစ် ကြွလာချိန်တွင် ကျေးဇူးတော်ခေတ်ကို ချုပ်ငြိမ်းစေကာ နိုင်ငံတော်ခေတ်သို့ ရောက်စေမည်။ ဘုရားသခင်၏ လူ့ဇာတိအဖြစ် ဒုတိယအကြိမ် ကြွလာခြင်းကို လက်ခံသောသူ အပေါင်းတို့သည် နိုင်ငံတော်ခေတ်သို့ ဦးဆောင်ခေါ်ယူသွားခြင်းကို ခံယူရမည် ဖြစ်ပြီး ဘုရားသခင်၏ ဦးဆောင်မှုကို ကိုယ်တိုင်ကိုယ်ကျ လက်ခံနိုင်လိမ့်မည်။ ယေရှုသည် လူသားတို့ အကြားတွင် အလုပ်များစွာ လုပ်ခဲ့သော်လည်း သူသည် လူသားမျိုးနွယ် အားလုံးအတွက် ရွေးနုတ်ကယ်တင်ခြင်းကိုသာ ပြီးမြောက်စေခဲ့ပြီး လူသားတို့၏ အပြစ်ဖြေရာယဇ် ဖြစ်ခဲ့သည်။ သို့သော် လူသားတို့၏ ယိုယွင်းပျက်စီးသော စိတ်သဘောထားကို ပယ်ရှင်းမပေးခဲ့ပါ။ စာတန်၏ လွှမ်းမိုးမှုမှ လူသားများကို အပြည့်အဝ ကယ်တင်ခြင်းသည် ယေရှုကို အပြစ်ဖြေရာယဇ်အဖြစ် လူသားတို့၏ အပြစ်များကို ယူဆောင်သွားရန် လိုအပ်သည်သာမက စာတန် ယိုယွင်းဖျက်ဆီးခဲ့သော လူသားတို့၏ စိတ်သဘောထားကို လုံးဝပယ်ရှင်းရန် ဘုရားသခင်၏ ပိုကြီးမြတ်သော အမှုလည်း လိုအပ်သည်။ ထို့ကြောင့် လူသားတို့သည် မိမိတို့အပြစ်ကို ခွင့်လွှတ်ခြင်း ခံရပြီးနောက် ဘုရားသခင်သည် လူသားတို့ကို ခေတ်သစ်တစ်ခုဆီသို့ ဦးဆောင်ခေါ်သွားရန် လူ့ဇာတိအဖြစ် ပြန်ကြွလာခဲ့ပြီး ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအလုပ်ကို စတင်ခဲ့ကာ ထိုအလုပ်သည် လူသားတို့အား ပိုမိုကြီးမြတ်သော နယ်ပယ်တစ်ခုဆီသို့ ဆောင်ကြဉ်းခဲ့သည်။ သူ၏ အုပ်စိုးမှုကို နာခံသူအားလုံးသည် ပိုမြင့်သော သမ္မာတရားနှင့် ပိုကြီးမြတ်သော ကောင်းချီးများကို ခံစားရလိမ့်မည်။ သူတို့သည် အလင်းတွင် အမှန်တကယ် နေထိုင်ရမည်ဖြစ်ပြီး သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကိုလည်း ရလိမ့်မည်။

(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ)

နောက်ဆုံးသောကာလ ခရစ်တော်သည် နိုင်ငံတော်ခေတ်ကို ယူဆောင်လာပြီ

ယေရှု လူ့လောကသို့ ကြွခဲ့ချိန် ပညတ်တော်ခေတ်ကို အဆုံးသတ်ကာ၊ ကျေးဇူးတော်ခေတ်ကို သူ ယူဆောင်လာခဲ့ နောက်ဆုံးသောကာလ၌ နောက်ထပ်တစ်ဖန် ဘုရား လူ့အဖြစ်ခံယူခဲ့ ကျေးဇူးတော်ခေတ်ကို အဆုံးသတ်ကာ၊ နိုင်ငံတော်ခေတ်ကို သူ ယူဆောင်လာခဲ့၊ စာတန်၏ ကောက်ကျစ်သောအုပ်စိုးမှုမှ လူကို ကယ်တင်ရန် ယေရှုအတွက် အပြစ်ပူဇော်ခြင်းပြုရန် မလုံလောက်ပေ၊ စာတန်ကြောင့် ညစ်စွန်းခဲ့သေ လူ၏စိတ်ထားကို ဖယ်ရှားပစ်ရန် ဘုရားသခင် ပိုကြီးသော အမှုဆောင်ရွက်ရန်လိုအပ် လူကို ရွေးနုတ်ကယ်တင်ဖို့ လူတွေကြား အမှုများစွာ ယေရှု လုပ်ဆောင်ခဲ့ လူ့အပြစ်များအတွက် ယဇ်ကောင်အဖြစ် သူ့ကိုယ်သူ ပေးအပ်ပူဇော်ခဲ့၊ သို့သော် လူ၏ဖောက်ပြန်သော စိတ်ထား ကျန်ရစ် ဘုရားသခင် ဒုတိယအကြိမ် လူသားအဖြစ်ခံယူခြင်းကို လက်ခံသူအားလုံး နိုင်ငံတော်ခေတ်သို့ ခေါ်ဆောင်ခြင်းခံရ၍ ဘုရား၏လမ်းညွှန်မှု ရရှိလိမ့်မည်၊

လူကို အပြစ်ခွင့်လွှတ်ပြီး ခေတ်သစ်သို့ ဦးဆောင်လမ်းပြရန် ဘုရား လူ့ဇာတိပြန်ယူ၊ ဆုံးမခြင်းနှင့် စစ်ကြောစီရင်ခြင်းကာလ စတင်၊ လူသားကို ပို၍ မြင့်သောအရပ်သို့ ချီးမြှောက် သူ၏အုပ်စိုးမှုကို နာခံသူအားလုံး သာ၍မြင့်မြတ်သော သမ္မာတရားနှင့် ပို၍ကြွယ်ဝသော ကောင်း ချီးရိတ်သိမ်းရမည် အို ထိုသူတို့ အလင်း၌ နေရ၍ လမ်းခရီး၊ သမ္မာတရားနှင့် အသက်ကို ရရှိမည် လူကို ရွေးနုတ်ကယ်တင်ဖို့ လူတွေကြား အမှုများစွာ ယေရှု လုပ်ဆောင်ခဲ့ လူ့အပြစ်များအတွက် ယဇ်ကောင်အဖြစ် သူ့ကိုယ်သူ ပေးအပ်ပူဇော်ခဲ့၊ သို့သော် လူ၏ဖောက်ပြန်သော စိတ်ထား ကျန်ရစ် ဘုရားသခင် ဒုတိယအကြိမ် လူသားအဖြစ်ခံယူခြင်းကို လက်ခံသူအားလုံး နိုင်ငံတော်ခေတ်သို့ ခေါ်ဆောင်ခြင်းခံရ၍ ဘုရား၏လမ်းညွှန်မှု ရရှိလိမ့်မည်၊

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

ဘုရားသခင်၌ မည်သည့်ယုံကြည်မှုမျိုးသည် သူ၏ ချီးမွမ်းခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အဖြေများကို ရရှိဖို့ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ- အခန်း ၁၅” | ကောက်နုတ်ချက် ၂၄၁

ကမ္ဘာမြေကြီးပေါ်တွင် ငါသည် လူတို့၏ နှလုံးသားများထဲ၌ ရှိသည့် လက်တွေ့ကျသော ဘုရားသခင် ကိုယ်တိုင်ပင် ဖြစ်သည်။ ကောင်းကင်ဘုံတွင် ငါသည်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “နာကျင်သည့်စမ်းသပ်မှုများကို တွေ့ကြုံခြင်းဖြင့်သာ ဘုရားသခင်၏နှစ်လိုဖွယ်ကောင်းခြင်းကို သိနိုင်မည်” | ကောက်နုတ်ချက် ၅၀၆

ယနေ့တွင် လူအများစု၌ ထိုအသိပညာ မရှိကြပေ။ ဒုက္ခဝေဒနာခံစားရခြင်းမှာ တန်ဖိုးမရှိဟု ၎င်းတို့ယုံကြည်ကြသည်၊ ၎င်းတို့သည် လောကကြီး၏...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “အဖြည့်ခံဖြစ်ရန် သင်အဘယ်ကြောင့် လိုလားခြင်းမရှိသနည်း” | ကောက်နုတ်ချက် ၃၂၇

သင်တို့ ရှာဖွေရာတွင်၊ တစ်ဦးချင်းစီ၌ များစွာသော အယူအဆများ၊ မျှော်လင့်ချက်များနှင့် အနာဂတ်များ ရှိကြသည်။ လက်ရှိအမှုမှာ ရာထူးအဆင့်အတန်းအပေါ်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)” | ကောက်နုတ်ချက် ၃၃

အလုပ်၏ ဤနောက်ဆုံးအဆင့်တွင် ရလဒ်များကို နှုတ်ကပတ်တော်၏ ဆောင်ကြဉ်းမှုအားဖြင့် ရယူသည်။ နှုတ်ကပတ်တော် အားဖြင့် လူသည် နက်နဲရာအချက်...