ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အမှုတော် အဆင့်သုံးဆင့် | ကောက်နုတ်ချက် ၂၇

နောက်ဆုံးသောကာလ၏ အမှုတွင် နှုတ်ကပတ်တော်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများ၏ ထင်ရှားပြသခြင်းထက် ပိုမိုအစွမ်းထက်ပြီး နှုတ်ကပတ်တော်၏ သြဇာအာဏာသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်မှုများ၏ သြဇာအာဏာကို ကျော်လွန်သည်။ နှုတ်ကပတ်တော်သည် လူသား၏ စိတ်နှလုံးထဲ နက်ရှိုင်းစွာ မြှုပ်နေသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထား အားလုံးကို ဖော်ထုတ်သည်။ သင်သည် သင်ကိုယ်တိုင်အားဖြင့် ထိုအရာများကို သိနားလည်နိုင်မည်မဟုတ်။ ယင်းတို့ကို နှုတ်ကပတ်တော်မှတစ်ဆင့် သင့်ရှေ့၌ ဖွင့်ဟထားသည့်အခါ သင်သည် အလိုအလျောက် ယင်းတို့ကို တွေ့ရှိလာလိမ့်မည်။ ထိုအရာများကို သင်သည် ငြင်းပယ်နိုင်မည်မဟုတ်ဘဲ သင်သည် လုံးဝဥဿုံ လက်ခံယုံကြည်လိမ့်မည်။ ဤကား နှုတ်ကပတ်တော်၏ သြဇာအာဏာ မဟုတ်လော။ ယင်းသည် ယနေ့ကာလ နှုတ်ကပတ်တော်၏ အလုပ်ကြောင့် ရရှိလာသော ရလဒ်ဖြစ်သည်။ သို့ဖြစ်ရာ လူသားသည် သူ၏အပြစ်များမှ အပြည့်အဝ ကယ်တင်ခံရခြင်းကို အနာရောဂါများကို ကုသခြင်းနှင့် နတ်ဆိုးများကို နှင်ထုတ်ခြင်းတို့ဖြင့် မခံရနိုင်သကဲ့သို့၊ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများကို ထင်ရှားပြသခြင်း အားဖြင့်လည်း အပြည့်အဝ စုံလင်ခြင်းသို့ မရောက်နိုင်ပေ။ အနာရောဂါများကို ကုသခြင်းနှင့် နတ်ဆိုးများကို နှင်ထုတ်ခြင်းတို့သည် လူအား ကျေးဇူးတော်ကိုသာ ပေးနိုင်သည်၊ သို့သော်လည်း လူသား၏ ဇာတိပကတိသည် စာတန်၏ ပိုင်ဆိုင်ခြင်းကို ခံနေရဆဲဖြစ်ပြီး လူ့အတွင်းတွင် ဖောက်ပြန်ပျက်စီးသော စာတန်စိတ်သဘောထား ကျန်ရှိနေဆဲဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော် သန့်ရှင်းခြင်း မခံရသေးသောအရာသည် အပြစ်နှင့် ညစ်ညူးမှုတို့၏ ပိုင်ဆိုင်ခြင်းကို ခံနေရဆဲဖြစ်သည်။ လူသားသည် နှုတ်ကပတ်တော်၏ ဆောင်ကြဉ်းမှု အားဖြင့် သန့်စင်စေခြင်းခံရသည့် အခါမှသာလျှင် ဘုရားသခင်၏ ရယူခြင်းကို ခံရနိုင်ပြီး သန့်ရှင်းစင်ကြယ်စေခြင်းခံရသော လူတစ်ဦး ဖြစ်လာသည်။ လူသားအတွင်းမှ နတ်ဆိုးများကို နှင်ထုတ်ပြီးနောက် သူသည် ရွေးနှုတ်ခြင်းခံရသည့်အခါ၊ ယင်းမှာ သူသည် စာတန်လက်ထဲမှ ပြန်လည်လုယူခြင်းခံရပြီး ဘုရားသခင်ထံသို့ တစ်ဖန်ပြန်လာခြင်းကိုသာ ဆိုလိုသည်။ သို့ရာတွင် ဘုရားသခင်အားဖြင့် သန့်ရှင်းစေခြင်းနှင့် ပြောင်းလဲစေခြင်းကို မခံရသေးလျှင် လူသည် ဖောက်ပြန်ပျက်စီးနေဆဲ ဖြစ်သည်။ လူအတွင်းတွင် ညစ်ညမ်းခြင်း၊ ဆန့်ကျင်ခြင်းနှင့် ပုန်ကန်ခြင်းတို့ ဆက်လက် တည်ရှိနေသည်၊ လူသည် ရွေးနှုတ်ခြင်း မှတစ်ဆင့် ဘုရားသခင်ထံ ပြန်လာခဲ့ခြင်းသာ ဖြစ်သည်၊ သို့သော် လူ၌ ဘုရားသခင်နှင့် ပတ်သက်သည့် အသိပညာမရှိဘဲ ဘုရားသခင်ကို ခုခံပြီး သစ္စာဖောက်နိုင်စွမ်း ရှိနေဆဲဖြစ်သည်။ လူသည် ရွေးနုတ်ခြင်း မခံရမီ စာတန်၏ အဆိပ်အများအပြားသည် သူ့အတွင်းတွင် အမြစ်စွဲလျက် ရှိပြီးဖြစ်သည်၊ စာတန်၏ ဖျက်ဆီးခြင်းကို နှစ်ထောင်ချီ ခံရပြီးနောက် လူသည် သူ့အတွင်းတွင် ဘုရားသခင်ကို ဆန့်ကျင်သည့် အခြေခိုင်နေသောသဘာဝ ရှိလာခဲ့ပြီးဖြစ်သည်။ သို့ဖြစ်ရာ လူသားကို ရွေးနုတ်ပြီးသောအခါ ယင်းသည် လူကိုအဖိုးအခကြီးစွာ ပေးဝယ်ရသည့် ရွေးနုတ်ခြင်းထက် ဘာမျှမပိုဘဲ သူ့အတွင်းတွင်ရှိသည့် အဆိပ်သင့်သော သဘာဝကမူ ဖယ်ထုတ်ခြင်းကို မခံရပေ။ ညစ်ညမ်းလွန်းလှသော လူသည် ဘုရားသခင်ကို အစေခံရန် မထိုက်တန်မီတွင် ပြောင်းလဲခြင်းကို တွေ့ကြုံရန် လိုအပ်သည်။ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းဆိုင်ရာ ဤအလုပ်မှတစ်ဆင့် လူသည် သူ့ကိုယ်အတွင်းတွင်ရှိသော ညစ်ညူးပြီး ဖောက်ပြန်သည့် အရာများကို အပြည့်အဝသိလာလိမ့်မည်ဖြစ်သည်၊ ထို့ပြင် သူသည် လုံးလုံးပြောင်းလဲနိုင်ကာ သန့်စင်လာလိမ့်မည်။ ထိုနည်းလမ်းအားဖြင့်သာ လူသည် ဘုရားသခင်၏ ပလ္လင်တော် ရှေ့မှောက်သို့ ပြန်လာရန် ထိုက်တန်နိုင်ပေသည်။ လူသားသည် သန့်ရှင်းပြီး ပြောင်းလဲအောင် ပြုခံရနိုင်ရန်အလို့ငှာ ယနေ့မျက်မှောက်တွင် အလုပ်အားလုံးကို လုပ်ဆောင်ပြီးစီးခဲ့ခြင်းဖြစ်သည်၊ နှုတ်ကပတ်တော်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့အားဖြင့်သာမက စစ်ဆေးခြင်း အားဖြင့်လည်း လူသားသည် သူ၏ ဖောက်ပြန်ပျက်စီးခြင်းကို ဖယ်ထုတ်နိုင်ပြီး သန့်ရှင်းအောင်ပြုခြင်းကို ခံရနိုင်သည်။ ဤအဆင့်ရှိ အလုပ်ကို ကယ်တင်ခြင်းအလုပ်ဟု ယူဆမည့်အစား သန့်ရှင်း စင်ကြယ်စေခြင်း အလုပ်ဟု ပြောခြင်းက ပိုမိုသင့်တော်သည်။ အမှန်တကယ်အားဖြင့် ဤအဆင့်သည် သိမ်းပိုက်ခြင်းအဆင့် ဖြစ်သည်သာမက ကယ်တင်ခြင်းအလုပ်ရှိ ဒုတိယအဆင့်လည်း ဖြစ်သည်။ လူသည် နှုတ်ကပတ်တော်အားဖြင့် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း မှတစ်ဆင့် ဘုရားသခင်၏ ရယူခြင်းကို ခံရသည်။ နှုတ်ကပတ်တော်ကို အသုံးပြုလျက် စစ်ဆေးပဲ့ပြင်ခြင်း၊ တရားစီရင်ခြင်းနှင့် ဖော်ထုတ်ခြင်း မှတစ်ဆင့် လူ၏ စိတ်နှလုံးအတွင်းရှိ မသန့်ရှင်းခြင်း အားလုံး၊ အယူအဆများ၊ ရည်ရွယ်ချက်များနှင့် တစ်ဦးချင်း မျှော်လင့်ချက်များသည် လုံးဝ ဖော်ထုတ်ခံရသည်။ လူသည် သူ့အပြစ်များမှ ခွင့်လွှတ်ခြင်းနှင့် ရွေးနှုတ်ခြင်းကို ခံရပြီး ဖြစ်သော်လည်း ဘုရားသခင်သည် လူ၏ လွန်ကျူးခြင်းများကို သတိရမှု မရှိခြင်းနှင့် လူ၏ လွန်ကျူးခြင်းများ နှင့်အညီ လူကို ဆက်ဆံခြင်း မပြုဟုသာ မှတ်ယူခဲ့သည်။ သို့ရာတွင် လူသည် ဇာတိပကတိတွင် နေထိုင်စဉ်တွင် သူ့ကို အပြစ်မှ လွှတ်ထားပြီးခြင်း မရှိသေးရာ သူသည် အပြစ်ကိုသာလျှင် ဆက်လုပ်နိုင်ပြီး ယိုယွင်းပျက်စီးသော စာတန် စိတ်သဘောထားကို အဆုံးမရှိ ဖော်ထုတ်နေသည်။ ယင်းမှာ အပြစ်နှင့် ခွင့်လွှတ်ခြင်း၏ အဆုံးမရှိသော စက်ဝန်း ဖြစ်သည့် လူများ ဦးဆောင်သော အသက်တာဖြစ်သည်။ လူအများစုတို့မှာ ညနေပိုင်းတွင် အပြစ်ဝန်ခံရန် အတွက်သာ နေ့ပိုင်းတွင် အပြစ်လုပ်ကြသည်။ သို့ဖြစ်ရာ အပြစ်ဖြေရာယဇ်သည် လူအတွက် အစဉ်အမြဲ သက်ရောက်မှု ရှိနေလျှင်ပင် လူကို အပြစ်မှ ကယ်တင်ရန် တတ်နိုင်လိမ့်မည် မဟုတ်ပေ။ လူတွင် ယိုယွင်းပျက်စီးသော စိတ်သဘောထား ရှိနေဆဲဖြစ်ရာ ကယ်တင်ခြင်း လုပ်ငန်း တစ်ဝက်သာလျှင် ပြီးဆုံးပေသေးသည်။ ဥပမာအားဖြင့် လူများသည် သူတို့သည် မောဘမှ ဆင်းသက်သူများ ဖြစ်ကြောင်း သိသည့်အခါ သူတို့သည် စောဒကတက်သည့် စကားလုံးများ ကို ပြောကြားကြသည်၊ အသက်ကို ရှာဖွေခြင်း မရှိတော့ပဲ လုံးလုံးလျားလျားပင်အပျက်သဘောဆောင်လာကြသည်။ သူတို့သည် ဘုရားသခင်၏ အုပ်စိုးမှု အောက်တွင် အပြည့်အဝ ဆက်ကပ်အပ်နှံနိုင်စွမ်း မရှိဆဲ ဖြစ်နေသည်ကို ပြသမနေဘူးလား။ ယင်းမှာ ယိုယွင်းပျက်စီးသော စာတန် စိတ်သဘောထား အတိအကျပင် မဟုတ်ပါလား။ သင်သည် ပြစ်တင်ဆုံးမခြင်းကို မခံရသည့်အခါ သင်၏ လက်များသည် အခြားသူများထက် သာ၍ မြင့်အောင် မြှင့်ထားသည်၊ ယေရှုထက်ပင် မြင့်သေးသည်။ ပြီးလျှင် သင်သည် ကျယ်လောင်သော အသံဖြင့် အော်သည်။ “ဘုရားသခင်၏ ချစ်မြတ်နိုးသော သားဖြစ်ပါစေ။ ဘုရားသခင်၏ အနီးဆုံးသူ ဖြစ်ပါစေ၊ ကျွန်ုပ်တို့သည် စာတန်ကို ဆက်ကပ်အပ်နှံမည့်အစား အသေခံလိုပါသည်။ ဟောင်းနွမ်းနေသော စာတန်ကို တော်လှန်ကြ၊ အဆင်းနီသော နဂါးကြီးကို တော်လှန်ကြ။ အဆင်းနီသော နဂါးကြီးကို သြဇာအာဏာမှ လုံးဝ ကျဆင်းအောင် လုပ်ကြစို့။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို ပြည့်စုံပါစေသော်”။ သင်၏ အော်ဟစ်မှုသည် အခြားသူများထက်ပိုမို ကျယ် လောင်သည်။ သို့သော်လည်း ထို့နောက်တွင် ပြစ်တင်ဆုံးမသည့် အချိန်ရောက်လာခဲ့ပြီး နောက်တစ်ဖန် လူတို့၏ ယိုယွင်းပျက်စီးသော စိတ်သဘောထားသည် ထုတ်ဖော်ခြင်းခံရသည်။ ထို့နောက် သူတို့၏ အော်ဟစ်မှုလည်း အဆုံးသတ်သွားခဲ့ပြီး သူတို့တွင် စိတ်ပိုင်းဖြတ်မှုလည်း မရှိတော့ပေ။ ယင်းမှာ လူ၏ ယိုယွင်းပျက်စီးမှု ဖြစ်သည်။ ယင်းသည် အပြစ်ထက်ပို၍ နက်ရှိုင်းသည်၊ စာတန်က စိုက်ထူထားခြင်းဖြစ်ပြီး လူအတွင်းတွင် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေသည်။ လူအတွက် သူ၏ အပြစ်များကို သတိပြုမိရန်မှာ မလွယ်ကူလှချေ။ လူသည် သူ့ကိုယ်တိုင်တွင် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေသော သဘာဝကို သတိမပြုနိုင်ပေ။ နှုတ်ကပတ်တော်၏ တရားစီရင်ခြင်းအားဖြင့်သာ ယင်းသက်ရောက်မှုများ ရရှိနိုင်သည်။ သို့ဖြင့်သာလျှင် လူသည် ထိုအမှတ်မှစ၍ နောက်ပိုင်းတွင် တဖြည်းဖြည်း ပြောင်းလဲလာနိုင်သည်။ လူသည် အတိတ်က ယင်းကို အော်ဟစ်ခဲ့သည်၊ အဘယ်ကြောင့် ဆိုသော် လူသည် သူ၏ မူလ ယိုယွင်းပျက်စီးသော စိတ်သဘောထားကို နားလည်ခြင်း မရှိ သောကြောင့် ဖြစ်သည်။ ယင်းတို့မှာ လူ့အတွင်း၌ရှိသော မသန့်ရှင်းခြင်းများ ဖြစ်သည်။ ကာလရှည်ကြာသော တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း တစ်လျှောက်လုံးတွင် လူသည် တင်းမာမှုရှိသော ပတ်ဝန်းကျင်တွင် နေထိုင်ခဲ့သည်။ ယင်းတို့အားလုံး နှုတ်ကပတ်တော် မှတစ်ဆင့် ရရှိခဲ့ခြင်း မဟုတ်လော။ အစေခံသူများ၏ စစ်ဆေးမှုက မတိုင်မီတွင် သင်သည်လည်း အလွန်ကျယ်သော အသံဖြင့် မအော်ဟစ် ခဲ့ဘူးလား။ “နိုင်ငံတော်သို့ ဝင်ရောက် ကြလော့။ ဤနာမတော်ကို လက်ခံသူအားလုံးတို့သည် နိုင်ငံတော်သို့ ဝင်ရောက်ကြလိမ့်မည်။ အားလုံးသည် ဘုရားသခင်တွင် ပါဝင်ကြလိမ့်မည်။” အစေခံသူများ၏ စစ်ဆေးမှု ရောက်သောအခါ သင်သည် မအော်ဟစ်တော့။ ပထမတွင် အားလုံးသည် “ဘုရားသခင်၊ ကိုယ်တော် ကျွန်ုပ်ကို မည်သည့်နေရာ၌ပင် ထားထား၊ ကျွန်ုပ်သည် ကိုယ်တော် ပို့ဆောင်ရာသို့ ဆက်ကပ်ပါမည်” ဟု ဟစ်အော်ခဲ့ကြသည်။ “မည်သူသည် ငါ၏ ပေါလု ဖြစ်မည်နည်း” ဟူသော ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရှုသောအခါ လူက “ကျွန်ုပ် ဖြစ်လိုသည်” ဟု ပြောသည်။ ထို့နောက် သူသည် “သို့လျှင် ယောဘ၏ ယုံကြည်ခြင်းကား မည်သည်နည်း” ဟူသော နှုတ်ကပတ်တော်များကို တွေ့သည်။ ထို့ကြောင့် သူက “ကျွန်ုပ်သည် ယောဘ၏ ယုံကြည်ခြင်းကို ယူဆောင်လိုသည်။ ဘုရားသခင် ကျွန်ုပ်ကို စမ်းသပ်တော်မူပါ” ဟုပြောသည်။ အစေခံသူများ၏ စစ်ဆေးမှုလာသည့်အခါ သူသည် ချက်ချင်း လဲပြိုသွားပြီး နောက်တစ်ကြိမ် ပြန်ရပ်နိုင်ခြင်း မရှိသည့်နီးပါး ဖြစ်သည်။ ထို့နောက်တွင် လူ၏ စိတ်နှလုံးတွင်ရှိသော မသန့်ရှင်းမှု များသည် တဖြည်းဖြည်း မှေးမှိန်သွားခဲ့သည်။ ယင်းကို နှုတ်ကပတ်တော် မှတစ်ဆင့် ရရှိခဲ့သည် မဟုတ်လော။ ထို့ကြောင့် မျက်မှောက်တွင် သင်တို့ တွေ့ကြုံခဲ့ရသော အရာများမှာ နှုတ်ကပတ်တော်မှ တစ်ဆင့် ရရှိသော ရလဒ်များ ဖြစ်ပြီး ယင်းတို့သည် ယေရှု၏ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာအမှုများ လုပ်ဆောင်မှုမှ တစ်ဆင့် ရရှိသော အရာများထက် ကြီးမားသည်။ ဘုရားသခင်၏ ဘုန်းနှင့် သင်တွေ့မြင်ရသော ဘုရားသခင် ကိုယ်တိုင်၏ အခွင့်အာဏာတို့သည် လက်ဝါးကပ်တိုင်တွင် အသေခံခြင်း၊ အနာရောဂါများကို ပျောက်ကင်းစေခြင်းနှင့် နတ်ဆိုး များကို နှင်ထုတ်ခြင်းတို့မှ တစ်ဆင့် မြင်တွေ့ရသည်သာ မဟုတ်ဘဲ နှုတ်ကပတ်တော်အားဖြင့် သူ၏ တရား စီရင်ခြင်းမှ တစ်ဆင့်လည်း ပိုမိုသိရှိပေသည်။ ယင်းသည် နိမိတ်လက္ခဏာများ ပြသခြင်း၊ အနာရောဂါများကို ပျောက်ကင်းစေခြင်းနှင့် နတ်ဆိုးများကို နှင်ထုတ်ခြင်း၊ ဘုရားသခင်၏ အခွင့်အာဏာနှင့် တန်ခိုးတို့သာမက နှုတ်ကပတ်တော် အားဖြင့် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အခွင့်အာဏာကို ကိုယ်စားပြုပြီး သူ၏ အနန္တ တန်ခိုးတို့ကို ကိုယ်စားပြုကြောင်း သင့်ကို ပြသနေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၄၉

လူသားကို ဖောက်ပြန်ပျက်စီးစေရန် စာတန်က ရိုးရာယဉ်ကျေးမှုကို အသုံးပြုပုံ ရိုးရာယဉ်ကျေးမှု၏ အစိတ်အပိုင်းအဖြစ် မှတ်ယူခြင်း ခံရသည့်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၅၅

ဘုရားသခင်သည် စကြဝဠာတစ်ဝှမ်းလုံးထဲတွင် အလုပ်စတင် ဆောင်ရွက်ကတည်းက အတန်းအစား အားလုံးမှ လူများအပါအဝင် များစွာသော သူများကို သူ့အား အစေခံဖို့ရန်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ပန်းတိုင်များနှင့် အဆုံးသတ်များ | ကောက်နုတ်ချက် ၅၈၃

ငါ၏ အလင်းတွင်၊ လူတို့သည် အလင်းကို တစ်ဖန် မြင်ကြ၏။ ငါ၏ နှုတ်ကပတ်တော်ထဲတွင်၊ လူတို့သည် ၎င်းတို့ မွေ့လျော်သည့် အရာများကို ရှာတွေ့ကြ၏။ ငါသည်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၁၅၆

ယင်းတွင် ဘုရားသခင်ကိုယ်တိုင်၏ အလုပ်ကို အဓိကအားဖြင့် ရည်ညွှန်းသည့် ရူပါရုံများပါဝင်ပြီး၊ ယင်းတွင် လူက လုပ်ဆောင်သင့်သည့်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။