ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အမှုတော် အဆင့်သုံးဆင့် | ကောက်နုတ်ချက် ၃၁

ခပ်သိမ်းသောအရာအားလုံးကို သိမ်းပိုက်ခြင်းအားဖြင့် အမျိုးအစားအလိုက် မျိုးတူစုခံရမည့်အချိန်သည် နောက်ဆုံးသောကာလ ဖြစ်သည်။ သိမ်းပိုက်ခြင်းသည် နောက်ဆုံးသောကာလ၏ လုပ်ငန်းဖြစ်သည်၊ တစ်နည်းအားဖြင့် လူပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ အပြစ်များကို စီရင်ခြင်းသည် နောက်ဆုံးသောကာလ၏ လုပ်ငန်းဖြစ်သည်။ ထိုသို့မဟုတ်လျှင် လူများကို မည်သို့ အမျိုးအစားခွဲခြားနိုင်မည်နည်း။ သင်တို့အကြား လုပ်ဆောင်လျက်ရှိသော ခွဲခြားခြင်းအမှုသည် စကြဝဠာတစ်ခွင်လုံး၌ ဤကဲ့သို့သောအလုပ်၏ အစဖြစ်သည်။ ဤနောက်တွင်ကား နေရာတိုင်းတွင်ရှိသော တိုင်းနိုင်ငံအားလုံးမှ လူတို့သည် သိမ်းပိုက်ခြင်းအလုပ်ကို ခံစားစေရကြလိမ့်မည်။ ဤသည်မှာ ဖန်ဆင်းရာထဲ၌ရှိသော ပုဂ္ဂိုလ်တိုင်း တရားစီရင်ခံရဖို့ တရားစီရင်ရာပလ္လင်ရှေ့သို့ လာကြပြီး အမျိုးအစားအလိုက် ခွဲခြားခံရမည်ကို ဆိုလိုသည်။ ဤပြစ်တင်ဆုံးမခြင်း နှင့် တရားစီရင်ခြင်းကို ကြုံရခြင်းမှ အဘယ်ပုဂ္ဂိုလ်နှင့် အဘယ်အရာမျှ မလွတ်မြောက်နိုင်၊ ထို့ပြင် အဘယ်ပုဂ္ဂိုလ်နှင့် အဘယ်အရာမျှ ဤအမျိုးအစားအလိုက် ခွဲခြားစုဖွဲ့ခြင်းကို ရှောင်ကွင်းမသွားနိုင်၊ အယောက်တိုင်း အတန်းအစားများထဲသို့ ခွဲခြားခံရမည်ဖြစ်သည်။ ထိုအရာမှာ အရာခပ်သိမ်းတို့အတွက် အဆုံးသတ်နီးလာပြီး ခပ်သိမ်းသော ကောင်းကင်နှင့်မြေကြီးတို့သည် သူတို့၏နိဂုံးသို့ ရောက်ရှိလာကြသောကြောင့်ပင် ဖြစ်သည်။ လူသည် သူ့တည်ရှိမှု၏အဆုံးသတ်ကို အဘယ်သို့ လွှဲရှောင်နိုင်မည်နည်း။ ထို့ကြောင့် သင်တို့သည် သင်တို့၏ မနာခံမှုလုပ်ရပ်များကို မည်မျှကြာကြာ ဆက်လက်လုပ်နေနိုင်မည်နည်း။ သင်တို့၏ နောက်ဆုံးကာလ ရောက်အံ့ဆဲဆဲ ဖြစ်သည်ကို သင် တို့ မမြင်သလော။ ဘုရားသခင်ကို ကြောက်ရွံ့ပြီး သူပေါ်ထွန်းလာဖို့ တောင့်တသူတို့အနေဖြင့် ဘုရားသခင်၏ ဖြောင့်မတ်သော ပေါ်ထွန်းလာခြင်း နေ့ရက်ကို မည်သို့ မမြင်နိုင်သနည်း။ ကောင်းမြတ်မှုအတွက် နောက်ဆုံးဆုလာဘ်ကို သူတို့ မည်သို့ မခံယူနိုင်သနည်း။ သင်သည်ကောင်းသောအမှုကို ပြုသောသူတစ်ဦးလော သို့မဟုတ် မကောင်းသောအမှုကို ပြုသောသူတစ်ဦးလော။ သင်သည် ဖြောင့်မတ်သော တရားစီရင်ခြင်းကို လက်ခံပြီးနောက် နာခံသောသူတစ်ဦးလော သို့မဟုတ် နောက်တွင် ကျိန်ခြင်းခံရသောသူလော။ သင်သည် တရားစီရင်ရာ ပလ္လင်တော်ရှေ့ အလင်း၌ အသက်ရှင်ခဲ့သောသူလော သို့မဟုတ် မရဏနိုင်ငံထဲ မှောင်မိုက်၌ အသက်ရှင်ခဲ့သူလော။ သင်ကိုယ်တိုင် သင်၏အဆုံးသတ်က ဆုလာဘ်ရသောသူတစ်ဦး သို့မဟုတ် ပြစ်ဒဏ်ပေးခြင်းခံရသူတစ်ဦးဟု အရှင်းလင်းဆုံး သိထားသူတစ်ဦးမဟုတ်သလော။ သင်သည် ဘုရားသခင်ဖြောင့်မတ်သည်ဟု အရှင်းလင်းဆုံးသိပြီး အနက်ရှိုင်းဆုံး နားလည်သဘောပေါက်သောသူ မဟုတ်လော။ ထို့ကြောင့် အမှန်တကယ်အားဖြင့်၊ သင်၏အမူအကျင့်က အဘယ်သို့နည်း၊ သင်၏ စိတ်နှလုံး ကအဘယ်မှာနည်း။ သင့်ကို သိမ်းပိုက်ခြင်းအကြောင်း ယနေ့ငါပြောသည်နှင့်အညီ၊ သင်၏ အပြုအမူက ဆိုးညစ်သောအရာ သို့မဟုတ် ကောင်းမြတ်သောအရာနှင့်ဆိုင်သည်ဟု သင့်အတွက် ရှင်းလင်းဖော်ပြဖို့ ငါ့ကို အမှန်တကယ် သင်လိုအပ်သလော။ ငါ့အတွက် အဘယ်မျှလောက် သင်စွန့်လွှတ်ခဲ့ပြီးသနည်း။ အဘယ်မျှလောက် နက်နက်ရှိုင်းရှိုင်း ငါ့ကို သင်ကိုးကွယ်သနည်း။ သင် ငါ့အပေါ် အဘယ်သို့ရှိသည်ကို သင်ကိုယ်တိုင် အရှင်းလင်းဆုံးသိသည်— ဆိုသည်မှာ မမှန်သလော။ အဆုံးစွန် သင်မည်သို့ အဆုံးသတ်လိမ့်မည်ကို မည်သူမဆိုထက် သင်ပို၍ကောင်းကောင်း သိသင့်သည်။ ငါအမှန်ဆိုသည်ကား ငါသာ လူသားတို့ကို ဖန်ဆင်းခဲ့ပြီး သင့်ကို ဖန်ဆင်းခဲ့သည်၊ သို့သော် သင်တို့ကို ငါ စာတန်လက်သို့ မအပ်ခဲ့၊ သင်တို့ ငါ့ကို ပုန်ကန် သို့မဟုတ် အတိုက်အခံလုပ်သောကြောင့် ငါ့အားဖြင့် ပြစ်ဒဏ်ပေးခံရရန်လည်း ရည်ရွယ်ချက်ရှိရှိ ငါသင်တို့ကို မလုပ်ခဲ့။ သင်တို့ စိတ်နှလုံးများ အလွန်အမင်း မာကြောပြီး သင်တို့ အမူအကျင့်က အလွန်အမင်း စက်ဆုပ်ရွံ့ရှာဖွယ်ကောင်းသောကြောင့် ဤဘေးဒုက္ခများကို သင်တို့ ရရှိခဲ့ကြသည်မဟုတ်လော။ ထို့ကြောင့် သင်တို့၏ကိုယ်ပိုင်အဆုံးသတ်ကို သင်တို့ဆုံးဖြတ်နိုင်သည်ဆိုသည်မှာ အမှန်မဟုတ်လော။ မည်သို့ သင်တို့ အဆုံးသတ်မည်ကို မည်သူမဆိုထက် သင်တို့စိတ်နှလုံးများထဲ၌ သင်တို့ပိုသိကြသည်မှာ အမှန်မဟုတ်လော။ လူတို့ကို ငါ သိမ်းပိုက်နေခြင်းအကြောင်းရင်းမှာ သူတို့ကို ဖော်ထုတ်ရန်နှင့် သင်၏ ကယ်တင်ခြင်းကို ပို၍ သေချာစေရန်လည်း ဖြစ်သည်။ သင် မကောင်းသောအရာကို လုပ်ဖို့ သို့မဟုတ် ပျက်ဆီးခြင်းငရဲထဲသို့ သင့်ကို တမင်တကာ လျှောက်စေဖို့ မဟုတ်ပါ။ အချိန်ကျရောက်လာသောအခါ သင်၏ ဒုက္ခဝေဒနာ၊ သင်၏ ငိုကြွေးခြင်း နှင့် အံကြိတ်ခြင်းအားလုံး— ထိုအရာအားလုံးသည် သင်၏ အပြစ်များကြောင့် ဖြစ်လိမ့်မည် မဟုတ်လော။ ထို့ကြောင့် သင့်ကိုယ်ပိုင် ကောင်းမြတ်ခြင်း သို့မဟုတ် သင့်ကိုယ်ပိုင် ဆိုးညစ်ခြင်းက အကောင်းဆုံးသော သင်၏တရားစီရင်ခြင်း မဟုတ်လော။ ထိုအရာသည် သင်၏ အဆုံးသတ်မည်သည့်အရာဖြစ်မည် ဆိုသည့် အကောင်းဆုံးသက်သေအထောက်အထား မဟုတ်လော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သိမ်းပိုက်ခြင်းအလုပ်၏ အတွင်းသမ္မာတရား (၁)

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၂၀

ယေရှုနောက်လိုက်သည့် အချိန်အတောအတွင်းတွင်၊ ကိုယ်တော်နှင့်ပတ်သက်သည့် အယူအဆများစွာ ပေတရု ဖြစ်ပေါ်ခဲ့ပြီး မိမိ၏ ကိုယ်ပိုင်ရှုထောင့်အမြင်မှနေ၍...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၆၃

လူသားကို ဖျက်ဆီးရန် စာတန်အသုံးချသော အဓိကလှည့်ကွက်များ ခြောက်ခုရှိ၏ ပထမသည်ကား ထိန်းချုပ်ခြင်းနှင့် အကျပ်ကိုင်ခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၃၂၉

ဘုရားသခင် ကောင်းကင်ပေါ်တွင် ကျိန်းဝပ်နေခဲ့စဉ်က လူတို့သည် သူ၏ လုပ်ဆောင်ချက်များနှင့် ဘုရားသခင်အား လှည့်စားရန် ကြိုးစားခဲ့သည်။ ယနေ့ခတ်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၂၄

တတိယ ဆုံမှတ်- အမှီအခိုကင်းခြင်း လူတစ်ယောက်သည် ကလေးဘဝနှင့် ကြီးကောင်ဝင်ချိန်တို့ကို ဖြတ်သန်းပြီး ရင့်ကျက်ခြင်းကို တဖြည်းဖြည်းနှင့်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။