ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အမှုတော် အဆင့်သုံးဆင့် | ကောက်နုတ်ချက် ၃၉

ကျေးဇူးတော်ခေတ်သည် ယေရှု၏ အမည်နှင့် စတင်ခဲ့သည်။ ယေရှုသည် သူ၏အမှုတော်ကို စတင် ဆောင်ရွက်သောအခါ သန့်ရှင်းသော ဝိညာဉ်တော်သည် ယေရှု၏အမည်ကို စတင်၍ သက်သေခံခဲ့ပြီး၊ ယေဟောဝါ၏ အမည်ကို ထပ်မံပြောကြားခြင်း မရှိတော့ပေ။ ယင်းအစား သန့်ရှင်းသော ဝိညာဉ်တော်သည် ယေရှု၏ နာမတော်အောက်တွင် အဓိကအားဖြင့် အလုပ်သစ်ကို လုပ်ဆောင်ခဲ့သည်။ သူ့ကို ယုံကြည်သူများ၏ သက်သေခံချက်သည် ယေရှုခရစ်တော်အတွက် သက်သေခံခြင်းဖြစ်ပြီး၊ သူတို့လုပ်ခဲ့သော အလုပ်သည်လည်း ယေရှုခရစ်တော်အတွက် ဖြစ်သည်။ ဓမ္မဟောင်း ပညတ်တော်ခေတ် အဆုံးသတ်ခြင်း ဆိုသည်မှာ ယေဟောဝါ၏ နာမတော်အောက်တွင် အဓိကထားပြီး လုပ်ဆောင်ခဲ့သော အလုပ်များ အဆုံးသတ်သို့ ရောက်ခြင်းကို ဆိုလိုသည်။ ၎င်းအချိန်မှစတင်၍ ဘုရားသခင်၏ အမည်သည် ယေဟောဝါအဖြစ် ဆက်ရှိ မနေတော့ပေ။ ယင်းအစား သူ့ကို ယေရှုဟုခေါ်ပြီး ဤနေရာမှစတင်၍ သန့်ရှင်းသော ဝိညာဉ်တော်သည် ယေရှု၏ နာမတော်အောက်တွင် အဓိကအားဖြင့် အလုပ်စတင်ခဲ့သည်။ ထို့ကြောင့် ယနေ့တွင် လူသည် ယေဟောဝါ၏ နှုတ်ကပတ်တော်များကို စားသောက်ဆဲဖြစ်ပြီး ပညတ်တော်ခေတ်၏ အလုပ်များအတိုင်း အရာရာကို လုပ်ဆာင်နေဆဲဖြစ်ရာ— ဤနေရာရှိ စည်းမျဉ်းများကို သင်သည် မျက်စိမှိတ်လျက် လိုက်နာနေသည် မဟုတ်လော။ သင်သည် အတိတ်တွင် တွယ်ငြိနေခြင်း မဟုတ်သလော။ သင်တို့သည် ယခုအခါတွင် နောက်ဆုံးသောကာလ ရောက်လာပြီကို သိကြသည်။ ယေရှုလာသောအခါ သူ့ကို ယေရှုဟုခေါ်ဆဲ ဖြစ်နိုင်သလော။ ယေဟောဝါသည် ဣသရေလလူမျိုးတို့ကို မေရှိယကြွလာလိမ့်မည်၊ သူလာသည့်အခါ သူ့ကို မေရှိယဟုမခေါ်ဘဲ ယေရှုဟုခေါ်လိမ့်မည်ဟု ပြောခဲ့သည်။ ယေရှုက သူထပ်လာဦးမည်၊ သူသည် ကိုယ်တော် ထွက်ခွာသွားသည်ကဲ့သို့ ရောက်ရှိလာလိမ့်မည်ဟု ပြောခဲ့သည်။ ယင်းတို့မှာ ယေရှု၏ နှုတ်ကပတ်တော်များ ဖြစ်ခဲ့သော်လည်း သင်သည် ယေရှုထွက်ခွာသွားသည့် လမ်းကို မြင်ခဲ့ပါသလော။ ယေရှုသည် ဖြူသောမိုးတိမ်ကို စီးလျက် ထွက်ခွာခဲ့သော်လည်း သူသည် သူကိုယ်တိုင် လူအများကြား ဖြူသော မိုးတိမ်ပေါ်တွင် ပြန်လာလိမ့်မည်မှာ ဖြစ်နိုင်သလော။ ထိုသို့ဖြစ်ခဲ့ပါက ကိုယ်တော့်ကို ယေရှုဟုခေါ်ဆဲ ဖြစ်လိမ့်မည် မဟုတ်လော။ ယေရှု တဖန်ပြန်လာ သောအခါ ခေတ်သည် ပြောင်းနေပြီး ဖြစ်လိမ့်မည်ဖြစ်ရာ သူ့ကို ယေရှုဟု ခေါ်ဦးမည်လော။ ဘုရားသခင်ကို ယေရှုအမည်ဖြင့်သာ သိခဲ့ခြင်း ဖြစ်ပါသလော။ ခေတ်သစ်တွင် သူသည် အမည်သစ်ဖြင့် အခေါ်ခံရခြင်း မဖြစ်နိုင်ဘူးလော။ လူပုဂ္ဂိုလ် တစ်ဦး၏ ရုပ်လွှာနှင့် တစ်ခုတည်းသော အမည်သည် ဘုရားသခင်ကို လုံးလုံးလျားလျား ကိုယ်စားပြုနိုင်ပါသလော။ ခေတ်တစ်ခုစီတိုင်းတွင်၊ ဘုရားသခင်သည် အလုပ်သစ်ကို လုပ်ဆောင်ပြီး အမည်သစ် ခေါ်ဆိုခံရသည်။ မတူသောခေတ်များတွင် တူညီသော အလုပ်ကို သူ့အနေဖြင့် မည်သို့လျှင် လုပ်နိုင်မည်နည်း။ အဘယ်သို့လျှင် အဟောင်းကို သူတွယ်ဖက်ထားနိုင်မည်နည်း။ ယေရှုအမည်နာမကို ရွေးနှုတ်ခြင်းအလုပ် လုပ်ရန်အတွက် ယူထားခြင်းဖြစ်ရာ၊ နောက်ဆုံးသောကာလတွင် သူပြန်လည်ကြွလာသောအခါ ထိုအမည်ကိုပင် ခေါ်နေဆဲဖြစ်မည်လော။ သူသည် ရွေးနှုတ်ခြင်းအလုပ်ကို လုပ်နေဆဲ ဖြစ်မည်လော။ ယေဟောဝါနှင့် ယေရှုသည် တစ်လုံးတစ်ဝတည်းဖြစ်သော်လည်း မတူညီသော ခေတ်များတွင် မတူညီသောနာမတော်များဖြင့် ခေါ်ဆိုခံရခြင်းမှာ အဘယ်ကြောင့်နည်း။ ယင်းသို့ ခေါ်ဆိုခံရခြင်းမှာ သူတို့အလုပ်၏ ခေတ်များသည် မတူညီခြင်းကြောင့် မဟုတ်သလော။ အမည်တစ်ခုတည်းက ဘုရားသခင်ကို လုံးလုံးလျားလျား ကိုယ်စားပြုနိုင်သလော။ ထိုသို့ဖြစ်သောကြောင့် ဘုရားသခင်ကို မတူညီသော ခေတ်တစ်ခေတ်တွင် မတူသော အမည်တစ်ခုဖြင့် ခေါ်ဆိုရလိမ့်မည်ဖြစ်ပြီး၊ ခေတ်ကို ပြောင်းလဲရန်နှင့် ကိုယ်စားပြုရန် အမည်နာမကို အသုံးပြုရမည်။ အကြောင်းမှာ မည်သည့်အမည် တစ်ခုကမျှ ဘုရားသခင်ကိုယ်တော်တိုင်ကို အပြည့်အဝ ကိုယ်စားမပြုနိုင်သောကြောင့်ဖြစ်ပြီး အမည်တစ်ခုချင်းသည် သက်ဆိုင်ရာခေတ်တွင် ဘုရားသခင် စိတ်သဘောထား၏ ယာယီရှုထောင့်ကိုသာလျှင် ကိုယ်စားပြုနိုင်သောကြောင့် ဖြစ်သည်။ ယင်းအမည် လုပ်ရမည့်အလုပ် အားလုံးမှာ သူ၏အလုပ်ကို ကိုယ်စားပြုရန်ဖြစ်သည်။ သို့ဖြစ်ရာ ဘုရားသခင်သည် ခေတ်တစ်ခုလုံးကို ကိုယ်စားပြုရန် သူ၏စိတ်သဘောထားနှင့် လိုက်လျောညီထွေရှိစေမည့် မည်သည့်နာမတော်ကိုမဆို ရွေးချယ်နိုင်သည်။ ယေဟောဝါ၏ခေတ် ဖြစ်သည်ဖြစ်စေ၊ သို့မဟုတ် ယေရှု၏ခေတ် ဖြစ်သည်ဖြစ်စေ၊ ခေတ်တစ်ခုချင်းသည် အမည်နာမတစ်ခုဖြင့် ကိုယ်စားပြုခြင်းခံရသည်။ ကျေးဇူးတော်ခေတ် အဆုံးတွင်၊ နောက်ဆုံးသောခေတ် ရောက်လာခဲ့ပြီး ယေရှုသည် လာရောက်ခဲ့ပြီးဖြစ်သည်။ သူ့ကို မည်သို့လျှင် ယေရှုဟု ဆက်ခေါ်မည်နည်း။ သူ့အနေဖြင့် မည်သို့လျှင် လူများအကြားတွင် ယေရှု၏ ပုံသဏ္ဌာန်ကို ယူနိုင်မည်နည်း။ ယေရှုသည် နာဇရက်လူတစ်ဦး၏ ပုံရိပ်ထက် မပိုသည်ကို သင်မေ့သွားပြီလော။ ယေရှုသည် လူသားမျိုးနွယ်၏ ရွေးနှုတ်သူသာ ဖြစ်သည်ဆိုသည်ကို သင်မေ့သွားပြီလော။ နောက်ဆုံးသော ကာလတွင် သူသည် အဘယ်သို့လျှင် သိမ်းပိုက်ခြင်းနှင့် လူကိုစုံလင်ခြင်းသို့ ရောက်စေခြင်း အလုပ်ကို လုပ်နိုင် မည်နည်း။ ယေရှုသည် ဖြူသော မိုးတိမ်ကို စီးလျက် ထွက်ခွာသွားသည်— ယင်းမှာ မှန်သောအချက်ဖြစ်သည်— သို့သော်လည်း သူသည် မည်သို့လျှင် လူများကြားတွင် ဖြူသော မိုးတိမ်ကိုစီးလျက် ပြန်လာပြီး ယေရှုဟုပင် အခေါ်ခံရဆဲမှာ အဘယ်သို့ ဖြစ်နိုင်မည်နည်း။ သူသည် ဖြူသော မိုးတိမ်ပေါ်တွင် အမှန်စင်စစ် ရောက်ရှိလာခဲ့ပါက၊ လူသားသည် သူ့ကို မည်သို့လျှင် မမှတ်မိဘဲ ရှိမည်နည်း။ ကမ္ဘာတဝှမ်းရှိ လူများအားလုံး သူ့ကို မှတ်မိမည် မဟုတ်လော။ သို့ဖြစ်လျှင် ယေရှု တစ်ပါးတည်းသည်သာ ဘုရားသခင် ဖြစ်လိမ့်မည် မဟုတ်ပါသလော။ သို့ဖြစ်လျှင် ဘုရားသခင်၏ ပုံသဏ္ဌာန်သည် ယုဒတစ်ယောက်၏ သွင်ပြင်မျိုး ဖြစ်ရုံ သာမက ထာဝရ ထိုသို့ ဖြစ်နေလိမ့်မည် မဟုတ်လော။ ယေရှုက သူထွက်ခွာသွားသကဲ့သို့ ပြန်ကြွလာမည်ဟု ပြောခဲ့သော်လည်း သူ့နှုတ်ကပတ်တော်များ၏ အမှန်တကယ် အဓိပ္ပာယ်ကို သင်သိပါသလော။ သင်တို့ အုပ်စုကို ထိုအရာ သူပြောသည်မှာ ဖြစ်နိုင်သလော။ သင်သိထားသမျှအားလုံးမှာ သူထွက်ခွာခဲ့သည့်အတိုင်း မိုးတိမ်ကို စီးလျက် သူပြန်လာလိမ့်မည်၊ သို့သော်လည်း ဘုရားသခင် ကိုယ်တော်တိုင်က သူ၏အလုပ်ကို မည်ကဲ့သို့ လုပ်ကိုင်သည်ကို သင်အတိအကျ သိပါသလော။ သင်သည် အမှန်တကယ် မြင်နိုင်သည်ဆိုပါက ယေရှုပြောခဲ့သော နှုတ်ကပတ်တော်များကို အဘယ်သို့ အဓိပ္ပာယ် ဖွင့်မည်နည်း။ သူပြောခဲ့သည်မှာ “နောက်ဆုံးသောကာလတွင် လူသား၏သားတော် ကြွလာသောအခါ သူကိုယ်တော်တိုင် သိလိမ့်မည်မဟုတ်၊ ကောင်းကင်တမန်များ သိလိမ့်မည်မဟုတ်၊ ကောင်းကင်ဘုံရှိ တမန်တော်များ သိလိမ့်မည်မဟုတ်၊ လူသား မျိုးနွယ် အားလုံးတို့သည် သိလိမ့်မည်မဟုတ်။ ခမည်းတော်သည်သာလျှင် သိလိမ့်မည်၊ ဆိုလိုသည်မှာ ဝိညာဉ်တော်သာလျှင် သိလိမ့်မည်။” လူ၏ သားတော်ပင်လျှင် သိသည် မဟုတ်သည့်အတွက် သင်သည် အဘယ်သို့လျှင် မြင်နိုင် သိနိုင်မည်နည်း။ အကယ်၍ သင်သည် သင်၏ ပကတိမျက်စိဖြင့် သိနိုင်ပြီး မြင်နိုင်ခဲ့ပါက ဤစကားလုံးများကို ပြောသည်မှာ အချည်းနှီးဖြစ်မည် မဟုတ်ပါလော။ ထိုအချိန်က ယေရှု အဘယ်အရာ ပြောခဲ့သနည်း။ “ထိုနေ့ရက်နှင့် နာရီတို့ကို မည်သူမျှမသိ၊ ကောင်းကင်မှ ကောင်းကင်တမန်များလည်း မသိ၊ သားတော်လည်းမသိ၊ ငါ၏အဘသာလျှင် သိသည်။ သို့ရာတွင် နောဧ၏ နေ့ရက်များကဲ့သို့ပင် လူ၏ သားတော်လာရောက်ခြင်းသည်လည်း အလားတူ ဖြစ်လိမ့်မည်။...သို့ဖြစ်ရာ လူ၏ သားတော်မလာဟု သင်တို့ထင်သည့် နာရီအတွက် သင်တို့သည်လည်း အသင့်ပြင်ကြလော့။” ထိုနေ့ရက် ရောက်လာသည့်အခါ လူ၏ သားတော် ကိုယ်တိုင်သိလိမ့်မည် မဟုတ်ပေ။ လူ၏ သားတော်ဆိုသည်မှာ လူ့ဇာတိခံယူတော်မူသော ဘုရားသခင်၊ သာမန်နှင့် ရိုးရိုးလူပုဂ္ဂိုလ်ကို ဆိုလိုသည်။ လူသားတော် ကိုယ်တိုင်ပင်လျှင် မသိလျှင် သင်သည် မည်သို့လျှင် သိနိုင်မည်နည်း။ ယေရှုပြောခဲ့သည်မှာ သူသည် ထွက်ခွာသွားသကဲ့သို့ သူပြန်လည် ရောက်ရှိလိမ့်မည်။ သူရောက်ရှိမည့် အချိန်ကို သူကိုယ်တိုင်ပင်လျှင် မသိ၊ သို့ဖြစ်ရာ သင့်ကို ကြိုတင်ပြီး သူက မည်သို့ အသိပေးနိုင်မည်နည်း။ သင်သည် သူဆိုက်ရောက်ခြင်းကို မြင်နိုင်မည်လော။ ယင်းသည် ရယ်စရာ ပြက်လုံး မဟုတ်ဘူးလော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ ပေါ်ထွန်းခြင်း နှင့် အမှုတော် | ကောက်နုတ်ချက် ၅၀

နိုင်ငံတော်၏ ရှင်ဘုရင်ဖြစ်သည့် အနန္တတန်ခိုးရှင် ဘုရားသခင်သည် သက်သေထူခံရပြီး ဖြစ်သည့်အချိန်ကတည်းက၊ ဘုရားသခင်၏ စီမံခန့်ခွဲမှု အတိုင်းအတာကို...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- နောက်ဆုံးသောကာလတွင် တရားစီရင်ခြင်း | ကောက်နုတ်ချက် ၈၂

အမှုနှင့်စပ်လျဉ်း၍ ပြောဆိုပါက လူ့ဇာတိထဲရှိ ဘုရားသခင်၏ အမှုသည် အရေးပါဆုံးဖြစ်ပြီး၊ အမှုကို နောက်ဆုံး အဆုံးသတ်ပေးသူမှာ လူ့ဇာတိခံ ဘုရားသခင်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၁၈၇

ယုဒပြည်၌ ယေရှုအမှုထမ်းခဲ့ချိန်တွင် ပွင့်လင်းစွာ သူပြုခဲ့သည်၊ သို့သော် ယခုမူ ငါသည် သင်တို့ကြားထဲတွင် လျှို့ဝှက်စွာ အလုပ်လုပ်၍ စကားပြောသည်။...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၃၄၅

အသင် ငယ်ရွယ်နုပျိုသောသူအားလုံးသည် ခြင်္သေ့ပျိုများကဲ့သို့ ဖြစ်ကြပါသော်လည်း သင်တို့၏ စိတ်နှလုံးများတွင် မှန်သောလမ်းခရီး ရှိခဲလှပေသည်။...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။