လက်တွေ့လုပ်ဆောင်ခြင်း (၃)

သင်တို့သည် အမှီအခိုကင်းစွာ အသက်ရှင်ဖို့၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မိမိတို့ဘာသာ စားသောက်နိုင်ဖို့၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မိမိတို့ကိုယ်တိုင် တွေ့ကြုံဖို့နှင့် အခြားသူများ၏ ဦးဆောင်မှုမရှိဘဲ ပုံမှန် ဝိညာဉ်ရေးရာ အသက်ကို နေထိုင်ဖို့ အစွမ်းအစ ရှိရမည်။ သင်တို့သည် ယနေ့ ဘုရားသခင် ပြောဆိုသော နှုတ်ကပတ်တော်များအပေါ် အမှီပြုနိုင်ရမည်၊ စစ်မှန်သော အတွေ့အကြုံထဲသို့ ဝင်ရောက်နိုင်ရမည်ဖြစ်ပြီး၊ စစ်မှန်သော ထိုးထွင်းအမြင်များ ရရှိနိုင်ရမည်။ ဤအရာကို လုပ်ဆောင်ခြင်းဖြင့်သာ သင်သည် ခိုင်မာစွာ ရပ်တည်နိုင်လိမ့်မည်။ ယနေ့တွင်၊ လူများစွာတို့သည် အနာဂတ် ဘေးဒုက္ခဆင်းရဲခြင်းများနှင့် စမ်းသပ်မှုများကို အပြည့်အဝ နားမလည်ကြချေ။ အနာဂတ်တွင်၊ လူအချို့သည် ဘေးဒုက္ခဆင်းရဲခြင်းများကို ကြုံတွေ့ရလိမ့်မည်ဖြစ်ပြီး၊ အချို့သည် အပြစ်ဒဏ်ပေးခြင်းကို ကြုံတွေ့ရလိမ့်မည်။ ဤအပြစ်ဒဏ်ပေးခြင်းသည် သာ၍ ပြင်းထန်လိမ့်မည်။ ယင်းသည် အမှန်တရားများ ရောက်လာခြင်း ဖြစ်လိမ့်မည်။။ ယနေ့တွင်၊ သင်ကြုံတွေ့သမျှ၊ လက်တွေ့လုပ်ဆောင်သမျှ နှင့် ထင်ရှားစေသမျှအားလုံးသည် အနာဂတ်၏ စမ်းသပ်မှုများအတွက် အခြေခံအုတ်မြစ် ချပေးပြီး၊ အနည်းဆုံး အနေဖြင့်၊ သင်သည် အမှီအခိုကင်းစွာ အသက်ရှင်နိုင်ရမည်။ ယနေ့တွင်၊ အသင်းတော်ထဲမှ များစွာသောသူတို့နှင့် စပ်လျဉ်းသော အခြေအနေသည် ယေဘုယျအားဖြင့် အောက်ပါအတိုင်း ဖြစ်သည်- အလုပ်ကို လုပ်ဆောင်ဖို့ ခေါင်းဆောင်များနှင့် အလုပ်သမားများ ရှိပါက၊ ၎င်းတို့ ပျော်ရွှင်ကြပြီး၊ မရှိပါက၊ မပျော်ရွှင်ကြချေ။ ၎င်းတို့သည် အသင်းတော်၏ အလုပ်ကို အရေးမထားသည်သာမက၊ ၎င်းတို့ကိုယ်တိုင်၏ ဝိညာဉ်ရေးရာ အသက်တာများကိုလည်း အရေးမထားသကဲ့သို့၊ ဝန်ထုပ် အနည်းငယ်မျှ မရှိကြချေ။- ၎င်းတို့သည် ဟန်ဟောင်ငှက်[က] ကဲ့သို့ တော်စွလျော်စွ ကြုံရာကျပန်းနေကြသည်။ ပွင့်ပွင့်လင်းလင်းပြောရလျှင်၊ များစွာသော သူတို့သည် အခြေခံအားဖြင့် စုံလင်စေခြင်းခံရဖို့ မထိုက်တန်ကြ သည့်အတွက်၊ လူများစွာတွင် ငါလုပ်ဆောင်ခဲ့သော အမှုသည် သိမ်းပိုက်ခြင်း အမှုမျှသာ ဖြစ်သည်။ လူနည်းစုသာ စုံလင်စေခြင်း ခံရနိုင်ပေသည်။ ဤနှုတ်ကပတ်တော်ကို ကြားပြီးနောက် သင်က၊ “ဘုရားသခင် လုပ်ဆောင်သော အမှုသည် လူတို့ကို သိမ်းပိုက်ရန်သာ ဖြစ်သည့်အတွက်၊ ကျွန်ုပ် ဝတ်ကျေတမ်းကျေသာ လိုက်လျှောက်မည်” ဟု စဉ်းစားပါက၊ ထိုသို့သော သဘောထားသည် အဘယ်သို့ လက်ခံနိုင်ဖွယ် ဖြစ်နိုင်မည်နည်း။ သင်တို့သည် အသိစိတ် အမှန်တကယ် ပိုင်ဆိုင်ပါက၊ သင်သည် ဝန်ထုပ်တစ်ခုနှင့် တာဝန်သိစိတ်တစ်ခု ရှိရမည်ဖြစ်သည်။ သင့်အနေဖြင့်၊ “အကျွန်ုပ် အသိမ်းပိုက်ခံရမည် ဖြစ်စေ၊ စုံလင်စေခြင်း ခံရမည် ဖြစ်စေ၊ သက်သေခံချက်၏ ဤအဆင့်ကို မှန်ကန်စွာ ကျွန်ုပ် သက်သေခံရမည်” ဟု သင်ပြောရမည်။ ဘုရားသခင်၏ ဖန်ဆင်းခံသတ္တဝါတစ်ဦး အနေနှင့်၊ လူတစ်ဦးသည် ဘုရားသခင်၏ လုံးဝ သိမ်းပိုက်ခြင်းခံရနိုင်ပြီး၊ ဘုရားသခင်ကို ချစ်သော စိတ်နှလုံးတစ်ခုဖြင့်၊ ပြီးလျှင် မိမိကိုယ်ကိုယ် ဘုရားသခင်ထံ လုံးဝ ဆက်ကပ်ခြင်းဖြင့် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပြန်ပေးဆပ်ရင်း နောက်ဆုံးတွင် ဘုရားသခင်ကို စိတ်ကျေနပ်စေနိုင်လာပေသည်။ ဤသည်မှာ လူသား၏ တာဝန်ဝတ္တရား ဖြစ်သည်၊ လူသားက ထမ်းဆောင်သင့်သည့် ဝတ္တရား ဖြစ်ပြီး၊ လူသားက သယ်ဆောင်သင့်သည့် ဝန်ထုပ်ဖြစ်ကာ ဤစေခိုင်းချက်ကို လူသားက ပြည့်စုံစေရမည်ဖြစ်သည်။ ထိုအခါမျှသာ သူသည် ဘုရားသခင်ကို ဧကန်အမှန် ယုံကြည်ပေသည်။ ယနေ့တွင်၊ အသင်းတော်ထဲ၌ သင်လုပ်ဆောင်သည့် အရာသည် သင်၏တာဝန်ကို ဖြည့်ဆည်းခြင်းလော။ ဤသည်မှာ သင်သည် ဝန်လေးခြင်းရှိမရှိ ဆိုသည့်အပေါ် မူတည်ပြီး၊ သင်၏ ကိုယ်ပိုင်အသိပညာပေါ်တွင် မူတည်ပေသည်။ ဤအမှုကို တွေ့ကြုံခြင်းတွင်၊ လူသားသည် သိမ်းပိုက်ခြင်းခံရပြီး စစ်မှန်သည့် အသိပညာရှိပါက၊ ၎င်းသည် ၎င်း၏ကိုယ်ပိုင် တက်လမ်းများ၊ သို့မဟုတ် ကံကြမ္မာကို ပဓာနမထားဘဲ နာခံနိုင်စွမ်း ရှိလိမ့်မည်။ အသင်လူတို့သည် ဤအရာထက် သာ၍ မည်သည့်အရာမျှ မတတ်စွမ်းနိုင်သကဲ့သို့ သာ၍ မြင့်မားသော မည်သည့် တောင်းဆိုချက်များကိုမျှ မပြည့်စုံစေနိုင်သည့်အတွက်၊ ဤနည်းဖြင့်၊ ဘုရားသခင်၏ ကြီးမြတ်သော အမှုသည် အလုံးစုံ ပြည့်မြောက်လိမ့်မည်။ သို့သော်လည်း အနာဂတ်တွင်၊ လူအချို့သည် စုံလင်စေခြင်း ခံရလိမ့်မည်။ ၎င်းတို့၏ အရည်အချင်း တိုးတက်လိမ့်မည်၊ ၎င်းတို့၏ စိတ်ဝိညာဉ်များ၌ သာ၍ နက်နဲသော အသိပညာကို ရှိကြလိမ့်မည်ဖြစ်ပြီး၊ ၎င်းတို့၏ အသက်တာများ ကြီးထွားကြလိမ့်မည် … သို့သော် အချို့သည် ဤအရာကို လုံးဝ ရရှိနိုင်စွမ်းမရှိကြ၊ ထို့ကြောင့် ကယ်တင်၍ မရနိုင်ပေ။ ၎င်းတို့ ကယ်တင်၍ မရနိုင်ဟု ငါပြောရသည့် အကြောင်းအရင်း ရှိသည်။ အနာဂတ်တွင်၊ အချို့သည် သိမ်းပိုက်ခြင်း ခံရလိမ့်မည်၊ အချို့သည် ပယ်ရှင်းခြင်း ခံရလိမ့်မည်၊ အချို့သည် စုံလင်စေခြင်း ခံရလိမ့်မည်ဖြစ်ပြီး၊ အချို့မှာ အသုံးပြုခံရကြလိမ့်မည်ဖြစ်သည်- ထို့ကြောင့် အချို့သည် ဘေးဒုက္ခဆင်းရဲခြင်းကို တွေ့ကြုံကြလိမ့်မည်၊ အချို့သည် (သဘာဝကပ်ဘေးများနှင့် လူလုပ် ကံအကြောင်းမလှသည့် ဖြစ်ရပ်နှစ်ခုလုံး) အပြစ်ဒဏ်ပေးခြင်းကို တွေ့ကြုံရကြလိမ့်မည်၊ အချို့မှာ ပယ်ရှင်းခံရကြလိမ့်မည် ဖြစ်ပြီး၊ အချို့သည် အသက်ရှင် ကျန်ရစ်ကြလိမ့်မည်။ ဤတွင်၊ အုပ်စုအသီးသီးသည် လူတစ်မျိုးကို ကိုယ်စားပြုရင်း၊ အသီးသီးသည် အမျိုးအစားအလိုက် ခွဲခြားခြင်းခံရကြလိမ့်မည်။ လူအားလုံး သုတ်သင်ပယ်ရှင်းခံရမည် မဟုတ်သကဲ့သို့၊ လူအားလုံးသည်လည်း စုံလင်စေခြင်း ခံရကြမည် မဟုတ်ပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် တရုတ်လူမျိုးတို့၏ အရည်အချင်းသည် အလွန် ညံ့ဖျင်းသောကြောင့် ဖြစ်ပြီး ၎င်းတို့ထဲတွင် ပေါလုကဲ့သို့ မိမိကိုယ်ကိုယ် သိခြင်းမျိုး ပိုင်ဆိုင်သူ အနည်းငယ်သာ ရှိသောကြောင့် ဖြစ်သည်။ သင်တို့ထဲတွင်၊ အနည်းငယ်သည် ပေတရုကဲ့သို့ ဘုရားသခင်ကို ချစ်ရန် စိတ်ပိုင်းဖြတ်ချက် သို့မဟုတ် ယောဘ၌ ရှိခဲ့သည့်အတိုင်း အလားတူ ယုံကြည်ချက်မျိုး ရှိကြသည်။ ဒါဝိဒ် လုပ်ဆောင်ခဲ့သကဲ့သို့ ယေဟောဝါကို ကြောက်ရွံ့ပြီး အစေခံသူ၊ တူညီသည့် သစ္စာစောင့်သိမှု အဆင့်ရှိသူ၊ သင်တို့ထဲတွင် ရှိခဲပေသည်။ သင်တို့သည် သနားစရာ ကောင်းလှပေသည်တကား။

ယနေ့တွင် စုံလင်စေခြင်းခံရခြင်းကို ဆွေးနွေးခြင်းသည် ရှုထောင့်တစ်ခုသာ ဖြစ်သည်။ မည်သို့ပင် ဖြစ်ပါစေ၊ သင်တို့သည် ဤသက်သေခံချက်အဆင့်ကို မှန်ကန်စွာ သက်သေခံရမည်။ အကယ်၍ ဗိမာန်တော်၌ ဘုရားသခင်ကို အစေခံရန် သင်တို့ စေခိုင်းခံရပါက၊ သင်တို့သည် မည်ကဲ့သို့ ထိုသို့လုပ်ဆောင်မည်နည်း။ သင်သည် ယဇ်ပရောဟိတ်တစ်ပါး မဟုတ်သကဲ့သို့၊ သားဦးများ သို့မဟုတ် ဘုရားသခင်၏ သားများ၏ အဆင့်အတန်း မရှိပါက၊ သစ္စာစောင့်သိနိုင်ဦးမည်လော။ နိုင်ငံတော် ကျယ်ပြန့်စေခြင်း အလုပ်တွင် သင်၏ အားထုတ်မှုအားလုံးကို သုံးနိုင်ဦးမည်လော။ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်နှင့်ဆိုင်သည့် အလုပ်ကို သင် မှန်ကန်စွာ လုပ်ဆောင်နိုင်စွမ်း ရှိဦးမည်လော။ သင်၏ အသက်တာ မည်မျှ ကြီးထွားပြီးဖြစ်သည်ကို ပဓာနမထားဘဲ၊ ယနေ့၏ အမှုသည် သင့်ကို အတွင်း၌ အပြည့်အဝ ယုံကြည်လက်ခံဖို့နှင့် သင်၏ အယူအဆများအားလုံးကို ဘေးဖယ်ထားဖို့ ဖြစ်စေလိမ့်မည်။ အသက်အား လိုက်စားဖို့ လိုအပ်သည့်အရာ သင်၌ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဘုရားသခင်၏ အမှုသည် သင့်ကို အပြည့်အဝ လက်ခံယုံကြည်စေလိမ့်မည်။ လူအချို့က၊ “အကျွန်ုပ်သည် ဘုရားသခင်ကို ယုံကြည်ရုံမျှယုံကြည်ပြီး၊ အသက်ကို လိုက်စားရှာဖွေရန်ဆိုသည်မှာ မည်သည့်အရာဆိုလိုသည်ကို ကျွန်ုပ် နားမလည်ပါ” ဟု ဆိုကြသည်။ ပြီးလျှင် အချို့က “ဘုရားသခင်၌ ကျွန်ုပ်၏ ယုံကြည်ခြင်းတွင် ကျွန်ုပ်သည် စိတ်ရှုပ်ထွေးသည်။ အကျွန်ုပ် စုံလင်စေခြင်း မခံနိုင်သည်ကို ကျွန်ုပ် သိပါသည်၊ ထို့ကြောင့် ပြစ်တင်ဆုံးမခြင်းကို ခံရန် ကျွန်ုပ် အသင့်ရှိပါသည်” ဟု ဆိုကြသည်။ ပြစ်တင်ဆုံးမခြင်းခံရန် သို့မဟုတ် ဖျက်ဆီးခြင်းခံရန် အသင့်ရှိသော ဤကဲ့သို့ လူများကိုပင်လျှင်၊ ယနေ့၏ အမှုကို ဘုရားသခင် ဆောင်ရွက်သည်ကို အသိအမှတ် ပြုစေရမည်လည်း ဖြစ်သည်။ အချို့ကလည်း၊ “စုံလင်စေခြင်းခံရဖို့ ကျွန်ုပ် မတောင်းဆိုပါ၊ သို့သော် ယနေ့တွင် ဘုရားသခင်၏ လေ့ကျင့်ပေးခြင်း အားလုံးကိုလက်ခံရန် ကျွန်ုပ် လိုလားနေပြီး၊ ပုံမှန် လူ့သဘာဝကို အသက်ရှင်နေထိုင်ဖို့၊ ကျွန်ုပ်၏ အရည်အချင်းကို တိုးတက်စေဖို့နှင့် ဘုရားသခင်၏ စီစဉ်မှုများအားလုံးကို နာခံဖို့ လိုလားလျက်ရှိပါသည်...” ဟု ဆိုကြသည်။ ဤအရာတွင်၊ ၎င်းတို့သည် သိမ်းပိုက်ခြင်း ခံကြရပြီးဖြစ်ကာ သက်သေခံကြပြီး ဖြစ်သည်၊ ယင်းက ဤလူများအတွင်း၌ ဘုရားသခင်၏အမှုနှင့် သက်ဆိုင်သည့် အသိပညာတစ်ချို့ ရှိသည်ကို သက်သေပြပေသည်။ အမှု၏ဤအဆင့်ကို အလွန့်အလွန် မြန်မြန်ဆန်ဆန် ဆောင်ရွက်ပြီးဖြစ်ကာ၊ အနာဂတ်တွင် နိုင်ငံရပ်ခြား၌ သာ၍ပင် လျင်မြန်စွာ ဆောင်ရွက်လိမ့်မည်ဖြစ်သည်။ ယနေ့တွင် နိုင်ငံရပ်ခြားရှိ လူတို့သည် အနည်းငယ်မျှ မစောင့်ဆိုင်းနိုင်ကြပေ၊ ၎င်းတို့အားလုံးသည် တရုတ်ပြည်သို့ အပြေးအလွှားသွားကြလေသည်- ထို့ကြောင့် သင်တို့သည် စုံလင်စေခြင်း မခံရနိုင်ပါက၊ နိုင်ငံရပ်ခြားမှ လူတို့အား ကြန့်ကြာစေလိမ့်မည်ဖြစ်သည်။ ထိုအချိန်တွင်၊ သင်တို့ မည်မျှကောင်းမွန်စွာ ဝင်ရောက်ပြီးသည်ဖြစ်စေ၊ သို့မဟုတ် သင်တို့ မည်သည့်အရာကဲ့သို့ ဖြစ်ကြပါစေ၊ အချိန်တန်လျှင် ငါ၏ အမှုသည် အဆုံးသတ်ကာ ပြည့်စုံလိမ့်မည်ဖြစ်သည်။ ငါ၏ အမှုသည် သင်တို့အားဖြင့် နှောင့်နှေးလိမ့်မည်မဟုတ်။ ငါသည် လူသားမျိုးနွယ် အားလုံးနှင့်ဆိုင်သည့် အမှုကို လုပ်ဆောင်ပြီး၊ သင်တို့နှင့်ပတ်သက်၍ နောက်ထပ် မည်သည့်အချိန်မျှ ကုန်ဆုံးဖို့ ငါ့အတွက် မလိုအပ်ပေ။ သင်တို့သည် မိမိကိုယ်ကို သိခြင်း ကင်းမဲ့လွန်းကြလျက်၊ အလွန်မတက်ကြွလွန်းကြပေ။ သင်တို့သည် စုံလင်စေခြင်းခံရဖို့ မထိုက်တန်ကြ- သင်တို့သည် မည်သည့်အလားအလာမျှ မရှိသလောက် ဖြစ်သည်။ အနာဂတ်တွင်၊ လူတို့သည် ဆက်လက် လျော့ရဲလွန်းကာ ဖြစ်ကတတ်ဆန်းနိုင်ပြီး၊ ၎င်းတို့၏ အရည်အချင်းကို တိုးတက်ခြင်းငှာ မတတ်စွမ်းနိုင်မြဲရှိလျှင်ပင်၊ ဤအရာသည် စကြဝဠာတစ်ခုလုံး၏ အမှုကို ကြန့်ကြာစေမည်မဟုတ်ပေ။ ဘုရားသခင်၏ အမှု အပြီးသတ်ဖို့အတွက် အချိန်ကျလာသည့်အခါတွင်၊ ယင်းသည် အပြီးသတ်လိမ့်မည်ဖြစ်ပြီး၊ လူတို့ ပယ်ရှင်းခံရဖို့အတွက် အချိန်ကျလာသည့်အခါတွင်၊ ၎င်းတို့ ပယ်ရှင်းခံရလိမ့်မည်။ ဟုတ်ပေ၏၊ စုံလင်စေခြင်း ခံရသင့်သော သူများနှင့် စုံလင်စေခြင်းငှာ ထိုက်တန်သော သူများသည်လည်း စုံလင်စေခြင်းခံရလိမ့်မည်- သို့သော် သင်တို့သည် အမှန်တကယ် မျှော်လင့်ချက် မရှိပါက၊ ဘုရားသခင်၏ အမှုသည် သင်တို့ကို စောင့်လိမ့်မည်မဟုတ်။ နောက်ဆုံးတွင်၊ သင်သည် သိမ်းပိုက်ခြင်းခံရပါက၊ ဤအရာကိုလည်း သက်သေခံခြင်းအဖြစ် ယူဆနိုင်သည်။ သင်တို့ကို ဘုရားသခင် တောင်းဆိုသည့်အရာတွင် ကန့်သတ်ချက်များ ရှိ၏။ လူက ရရှိနိုင်သည့် ဝိညာဉ်ရင့်ကျက်မှု၏ မည်သည့်အထွတ်အထိပ်မဆိုသည် သူ့ကို တောင်းဆိုထားသည့် သက်သေခံချက်၏ အထွတ်အထိပ်ဖြစ်သည်။ ထိုအရာသည် လူသားက စိတ်ကူးသကဲ့သို့ ထိုသို့သောသက်သေခံချက်သည် အလွန်မြင့်မားဆုံးသော ကန့်သတ်ချက်များထိ ရောက်ရှိလိမ့်မည်၊ ပြီးလျှင် ယင်းသည် ထူးကဲလိမ့်မည်ဟူ၍ မဟုတ်ပေ- အသင် တရုတ်လူမျိုးများထဲတွင် ဤအရာကို ရရှိနိုင်ဖို့ နည်းလမ်းမရှိပေ။ ငါသည် သင်တို့နှင့် ဤတစ်ချိန်လုံး ထိတွေ့ပြီးဖြစ်ကာ သင်တို့ ကိုယ်တိုင်လည်း ဤအရာကို မြင်တွေ့ကြပြီးဖြစ်သည်- ငါသည် သင်တို့ကို မခုခံဖို့ ၊ မပုန်ကန်ဖို့၊ အနှောင့်အယှက်ဖြစ်စေသည့် အရာများ မပြုလုပ်ဖို့ သို့မဟုတ် ငါ၏ နောက်ကွယ်တွင် ဖျက်လိုဖျက်ဆီးမလုပ်ဖို့ ပြောပြီး ဖြစ်သည်။ ငါသည် ဤအကြိမ်များစွာ ဤအရာနှင့်ပတ်သက်၍ လူတို့ကို ဝေဖန်ပြီးဖြစ်သော်လည်း၊ ယင်းသည်ပင် မလုံလောက်ပေ- အချို့သည် စိတ်မလုံမလဲဖြစ်ခြင်း တစ်ခုတစ်လေမျှမရှိဘဲ၊ ငါ့ကို တိတ်တဆိတ် ခုခံကြစဉ်တွင်၊ ၎င်းတို့သည် လှည့်လိုက်သည့်အခိုက်တွင်ပင် ပြောင်းလဲကြလေသည်။ ဤအရာ တစ်စုံတစ်ရာကိုမျှ ငါ မသိဟု သင် ထင်သလော။ သင်သည် ငါ့အတွက် ပြဿနာဖြစ်စေပြီး၊ ထိုအရာမှ မည်သည့်အရာမျှ ဖြစ်လာမည်မဟုတ်ဟု သင် ထင်သလော။ သင်သည် ငါ၏ အမှုကို ငါ့နောက်ကွယ်တွင် ဖြိုချဖျက်ဆီးရန် ကြိုးစားသောအခါ၊ ငါမသိဟု သင်ထင်သလော။ သင်၏ သေးနုပ်လှသော ပရိယာယ်များသည် သင်၏ စရိုက်လက္ခဏာအတွက် အစားဝင်ပေးနိုင်မည်ဟု သင် ထင်သလော။ သင်သည် အမြဲ နာခံတတ်ပုံပေါ်သော်လည်း၊ တိတ်တဆိတ် သစ္စာဖောက်တတ်သည်၊ သင်သည် မကောင်းသောအတွေးများကို သင်၏ စိတ်နှလုံးတွင် ကွယ်ဝှက်ထားပြီး၊ သေခြင်းသည်ပင် သင်ကဲ့သို့သော လူများအတွက် လုံလောက်သော ပြစ်ဒဏ်ပေးခြင်း မဟုတ်ပေ။ သင်၏အထဲတွင် သန့်ရှင်းသော ဝိညာဉ်တော်ပြုသော သေးငယ်သည့် အမှုအချို့သည် ငါ့အတွက် သင်၏ ကြည်ညိုခြင်းကို အစားထိုးနိုင်သည်ဟု သင်ထင်သလော။ ကောင်းကင်ဘုံသို့ အော်ခေါ်ခြင်းမှတစ်ဆင့် ဉာဏ်အလင်းပေးခြင်းကို သင် ရရှိခဲ့သည်ဟု ထင်ပါသလော။ သင်သည် ရှက်ရကောင်းမှန်း မသိပေ။ သင်သည် အလွန် အသုံးမကျသောသူ ဖြစ်၏။ သင်၏ ကောင်းမှု တို့သည် ကောင်းကင်ဘုံသို့ ရောက်ရှိနေပြီး အပြန်အလှန်အနေဖြင့် သူသည် ခြွင်းချက်တစ်ခုအဖြစ် သင့်အား သင့်တင့်သော အရည်အချင်းတို့ကို ပေးအပ်လျက် သင့်အား အပြောကောင်းစေပြီး သူတစ်ပါးတို့ကို လှည့်စားခွင့်၊ ငါ့ကို လှည့်စားခွင့်ပေးသည်ဟု သင် ထင်သလော။ သင်သည် မလျော်ကန်လိုက်လေစွ။ သင်၏ ဉာဏ်အလင်းပေးခံရခြင်းသည် မည်သည့်နေရာမှ လာသည်ကို သင် သိသလော။ သင်သည် မည်သူ၏ အစာကို စားသုံးပြီး အရွယ်ရောက်လာကြသည်ကို သင်သိသလော။ သင်သည် လွန်ကဲလိုက်လေစွ။ သင်တို့ထဲမှ အချို့သည် လေးနှစ် သို့မဟုတ် ငါးနှစ်ကြာ ကိုင်တွယ်ဖြေရှင်းခံရပြီးနောက် ပြောင်းလဲပင်မပြောင်းလဲကြသေးသကဲ့သို့ ဤကိစ္စရပ်များနှင့် ပတ်သက်၍ သင်တို့ ရှင်းလင်းကြပေသည်။ သင်တို့သည် သင်တို့၏သဘာဝနှင့်ပတ်သက်၍ ရှင်းရှင်းလင်းလင်း သိသင့်ပြီး တစ်နေ့ သင်တို့ အစွန့်ပစ်ခံရသည့်အခါ မကန့်ကွက်ကြနှင့်။ ၎င်းတို့၏အစေခံမှုတွင် အထက်တွင်ရှိသောသူနှင့် အောက်၌ရှိသောသူနှစ်ဦးလုံးကို လှည့်ဖြားသော သူအချို့သည် များစွာ ကိုင်တွယ်ဖြေရှင်းခံကြရပြီး ဖြစ်သည်။ အချို့သည်လည်း ငွေကို အလိုကြီးသောကြောင့် မနည်းသော အတိုင်းအတာဖြင့် ကိုင်တွယ်ဖြေရှင်းခံရကြပြီးဖြစ်သည်။ အချို့သည် ယောက်ျားနှင့် မိန်းမကြား နယ်နိမိတ်များကို ရှင်းရှင်းလင်းလင်း မထိန်းထားကြသောကြောင့်လည်း၊ မကြာခဏ ကိုင်တွယ်ဖြေရှင်း ခံရကြပြီးဖြစ်သည်။ အချို့တို့သည် ပျင်းရိကာ ဇာတိပကတိကိုသာ အရေးထားပြီး၊ အသင်းတော်များသို့ လည်ပတ်သောအခါ အခြေခံ သဘောတရားများအတိုင်း မပြုမူကြသောကြောင့် များစွာ ကိုင်တွယ်ဖြေရှင်းခံရကြပြီး ဖြစ်သည်။ အချို့တို့သည် ၎င်းတို့ သွားလေရာရာ၌ သက်သေမခံနိုင်ကြသောကြောင့်၊ တစ်ဇွတ်ထိုးနှင့် မဆင်မခြင်ပြုမူကာ အပြစ်များကို သိလျက်နှင့်ပင် ကျူးလွန်ကြ သောကြောင့်၊ ဤအရာနှင့်ပတ်သက်၍ အကြိမ်များစွာ သတိပေးခံရကြပြီး ဖြစ်သည်။ စည်းဝေးပွဲများအတွင်းတွင် အခြားသူတိုင်းထက် သာလွန်သကဲ့သို့ ပြုမူရင်း၊ သမ္မာတရား၏ စစ်မှန်မှု စိုးစဉ်းမျှမရှိဘဲ ၎င်းတို့၏ညီအစ်ကို မောင်နှမများကို လျှို့ဝှက်ကြံစည်ပြီး ပြိုင်ဆိုင်လျက်၊ နှုတ်ကပတ်တော်များနှင့် အယူဝါဒများကို ဆွေးနွေးရုံမျှ ဆွေးနွေးသောသူအချို့- ၎င်းတို့သည် ဤအရာကြောင့် မကြာခဏ ဖော်ထုတ်ခံရပြီး ဖြစ်သည်။ ငါသည် ဤနှုတ်ကပတ်တော်များကို သင်တို့အား အကြိမ်များစွာ ပြောဆိုပြီးဖြစ်ကာ၊ ယနေ့တွင် ဤအရာကို ငါ နောက်ထပ်ပြောတော့မည်မဟုတ်- သင်တို့ လုပ်ချင်သည့်အရာကို လုပ်ဆောင်ကြလော့။ သင်တို့ ကိုယ်တိုင် ဆုံးဖြတ်ကြလော့။ လူများစွာတို့သည် ယုံကြည်သူဖြစ်လာကတည်းက ကိုင်တွယ်ဖြေရှင်းခြင်း ခံရလျက် ဤနည်းဖြင့် ကိုင်တွယ်ဖြေရှင်းခြင်းကို တစ်နှစ်၊ နှစ်နှစ်ခံရသူရှိသကဲ့သို့၊ အချို့သူများက သုံးလေးနှစ် ကြာမြင့်ခဲ့စဉ်တွင် အချို့သူများက ဆယ်စုနှစ်တစ်စုကြာ တွေ့ကြုံခံစားရသော်လည်း၊ ယနေ့တိုင် ၎င်းတို့အထဲတွင် ပြောင်းလဲမှု အနည်းငယ်သာ ရှိလေသည်။ သင် မည်သို့ သဘောရသနည်း၊ သင်သည် ဝက်နှင့် တူသည်မဟုတ်လော။ ဘုရားသခင်သည် သင့်အဖို့ မတရားသည်များ ဖြစ်နိုင်သလော။ သင်တို့သည် အဆင့်တစ်ခုခုသို့ ရောက်ရှိနိုင်စွမ်းမရှိပါက၊ ဘုရားသခင်၏ အမှု အပြီးသတ်လိမ့်မည်မဟုတ်ဟု မထင်နှင့်။ သင်တို့သည် ဘုရားသခင်၏ သတ်မှတ်ချက်များကို ဖြည့်ဆည်းနိုင်စွမ်းမရှိပါက၊ ဘုရားသခင်သည် သင်တို့ကို စောင့်ဆိုင်းလိမ့်ဦးမည်လော။ သင့်ကို ငါရှင်းရှင်းပြောမည်—ဤသည်မှာ မမှန်ပေ။ အမှုအရာများနှင့် သက်ဆိုင်၍ ထိုသို့သော အားတက်စဖွယ် အမြင်မျိုး မရှိနှင့်။ ယနေ့၏ အမှုအဖို့ အချိန် အကန့်အသတ် ရှိပြီး၊ ဘုရားသခင်သည် သင်နှင့် ဆော့ကစားနေသည်သာ မဟုတ်။ ယခင်က၊ အစေခံသူများ၏ စမ်းသပ်မှုကို တွေ့ကြုံခြင်းနှင့် ပတ်သက်လာသည့်အခါ၊ လူတို့က ၎င်းတို့အနေဖြင့် ဘုရားသခင်အား ၎င်းတို့၏ သက်သေခံချက်တွင် ခိုင်ခိုင်မာမာ ရပ်တည်ပြီး သူ၏ သိမ်းပိုက်ခြင်းကို ခံရကြမည်ဆိုပါက၊ ၎င်းတို့သည် အဆင့်တစ်ခုခုသို့ ရောက်ရှိခဲ့ရမည်ဖြစ်သည်- ၎င်းတို့သည် လိုလိုလားလားနှင့် ဝမ်းမြောက်ဝမ်းသာ အစေခံသူများ ဖြစ်ရမည်ဖြစ်ပြီး၊ ဘုရားသခင်အား နေ့စဉ် ချီးမွမ်းရမည်ဖြစ်ကာ၊ နည်းနည်းမျှ မထိန်းမသိမ်းနိုင် သို့မဟုတ် ဖြစ်ကတတ်ဆန်း မဖြစ်ရဟု ထင်ခဲ့ကြသည်။ ထိုအခါမှသာ ၎င်းတို့အနေဖြင့် အမှန်တကယ် အစေခံသူတစ်ဦး ဖြစ်လိမ့်မည်ဟု ထင်ခဲ့ကြသည်၊ သို့သော် ယင်းမှာ အမှန်တကယ် ဖြစ်ပါသလော။ ထိုအချိန်က၊ အမျိုးမျိုးသော လူတို့သည် ထုတ်ဖော်ခံခဲ့ကြရသည်။ ၎င်းတို့က အပြုအမူမျိုးစုံကို ထုတ်ဖော်ပြသခဲ့ကြသည်။ အချို့က ညည်းညူခဲ့ကြသည်၊ အချို့က အယူအဆများကို ဖြန့်ဖြူးခဲ့ကြသည်၊ အချို့က တွေ့ဆုံပွဲများ တက်ရောက်ခြင်းကို ရပ်တန့်ခဲ့ကြပြီး၊ အချို့က အသင်းတော်၏ ငွေကိုပင် ပေးဝေခဲ့ကြသည်။ ညီအစ်ကိုမောင်နှမများသည် တစ်ဦးအပေါ်တစ်ဦး လျှို့ဝှက်ကြံစည်နေခဲ့ကြသည်။ ယင်းသည် ကြီးစွာသော လွတ်မြောက်ခြင်းတစ်ခု အမှန်တကယ် ဖြစ်ခဲ့သော်လည်း၊ ယင်းနှင့် ပတ်သက်၍ ကောင်းသည့်အရာတစ်ခု ရှိခဲ့သည်- မည်သူမျှ နောက်မဆုတ်ခဲ့ကြပေ။ ဤသည်မှာ အခိုင်မာဆုံးသော အချက် ဖြစ်သည်။ ဤအရာကြောင့် ၎င်းတို့သည် စာတန်ရှေ့တွင် သက်သေတစ်ဆင့်ကို ခံခဲ့ကြပြီး၊ နောက်ပိုင်းတွင် ဘုရားသခင်၏ လူမျိုးနှင့်ဆိုင်သော ကိုယ်ပိုင်လက္ခဏာကို ရရှိခဲ့ကြကာ၊ ယနေ့ထိတိုင် အောင်မြင်ကြပြီး ဖြစ်သည်။ ဘုရားသခင်၏ အမှုကို သင် စိတ်ကူးသကဲ့သို့ ဆောင်ရွက်သည် မဟုတ်၊ ယင်းအစား၊ အချိန်တန်သည့်အခါ၊ မည်သည့်အဆင့်သို့ သင် ရောက်ရှိပြီးသည်ဖြစ်စေ အမှုသည် အဆုံးသတ်လိမ့်မည်ဖြစ်သည်။ လူအချို့က၊ “ဤသို့ ပြုမူခြင်းအားဖြင့်၊ ကိုယ်တော်သည် လူများကို မကယ်တင်ပါ၊ သို့မဟုတ် မချစ်ပါ- ကိုယ်တော်သည် ဖြောင့်မတ်သော ဘုရားသခင် မဟုတ်” ဟု ပြောကောင်း ပြောနိုင်သည်။ သင့်ကို ငါရှင်းရှင်းပြောမည်- ယနေ့ ငါ၏အမှု၏ အချက်အချာမှာ သင့်ကို သိမ်းပိုက်ခြင်းနှင့် သင့်ကို သက်သေခံစေခြင်း ဖြစ်သည်။ သင့်ကို ကယ်တင်ခြင်းသည် အဖြည့်မျှသာ ဖြစ်သည်၊ သင် အကယ်တင်ခံရနိုင်ခြင်း ရှိမရှိဆိုသည်မှာ သင်၏ ကိုယ်ပိုင် အားထုတ်မှုအပေါ် မူတည်ပြီး ငါနှင့် ဆက်နွှယ်ခြင်းမရှိပေ။ သို့သော် ငါသည် သင့်ကို သိမ်းပိုက်ရမည်ဖြစ်သည်။ ငါ့ကို လုံးဝထိန်းချုပ်ဖို့ မကြိုးစားနှင့်- ယနေ့ ငါသည် အမှုပြုပြီး သင့်ကို ကယ်တင်၏၊ ပြောင်းပြန် မဟုတ်ပေ။

ယနေ့ သင်တို့ နားလည်လာရသော အရာသည် သမိုင်းတစ်လျှောက် စုံလင်စေခြင်း မခံခဲ့ရသည့် မည်သူမဆို၏ နားလည်မှုထက် သာ၍ မြင့်မားပေသည်။ စမ်းသပ်မှုများနှင့်ဆိုင်သည့် သင်၏ အသိပညာဖြစ်စေ၊ ဘုရားသခင်၌ ယုံကြည်ခြင်းဖြစ်စေ၊ အားလုံးသည် ဘုရားသခင်၌ ယုံကြည်သူ မည်သူမဆိုထက် သာ၍ မြင့်မားလေသည်။ သင်တို့ နားလည်သော အရာများမှာ ပတ်ဝန်းကျင်များနှင့်ဆိုင်သော စမ်းသပ်မှုများကို သင်တို့ မကြုံမီ သိလာသည့် အရာများဖြစ်သော်လည်း၊ သင်တို့၏ တကယ့် ဝိညာဉ်ရင့်ကျက်မှုသည် ထိုအရာများနှင့် လုံးဝ သဟဇာတမဖြစ်ပေ။ သင်တို့ သိသောအရာသည် သင်တို့ လက်တွေ့ လုပ်ဆောင်သော အရာထက် သာ၍ မြင့်မားသည်။ ဘုရားသခင်ကို ယုံကြည်သောသူတို့သည် ဘုရားသခင်ကို ချစ်သင့်ပြီး၊ ကောင်းချီးမင်္ဂလာများအတွက်မဟုတ်ဘဲ ဘုရားသခင်၏ အလိုကို ဖြည့်ဆည်းဖို့သာ ကြိုးပမ်းသင့်သည်ဟု သင်တို့ ပြောသော်လည်း၊ သင်တို့၏ အသက်တာတွင် ပေါ်လွင်ထင်ရှားသည့် အရာများမှာ ဤအရာနှင့် တခြားစီဖြစ်နေပြီး အလွန်စွန်းထင်းလေပြီဖြစ်သည်။ လူအများစုသည် ငြိမ်သက်ခြင်းနှင့် အခြားသော အကျိုးကျေးဇူးများအတွက် ဘုရားသခင်ကို ယုံကြည်ကြသည်။ သင်၏ အကျိုးအဖို့မဟုတ်ပါက၊ ဘုရားသခင်ကို သင်မယုံကြည်သကဲ့သို့၊ ဘုရားသခင်၏ ကျေးဇူးတရားများကို သင်မရရှိနိုင်ပါက၊ သင် သုန်မှုန်လေသည်။ သင်ပြောပြီးသောအရာသည် သင်၏ စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှု မည်သို့ဖြစ်နိုင်မည်နည်း။ ကလေးများ နေမကောင်းဖြစ်ခြင်း၊ ချစ်ရသူများ ဆေးရုံတက်ရခြင်း၊ သီးနှံဖြစ်ထွန်းမှုများ ညံ့ဖျင်းခြင်းနှင့် မိသားစုဝင်များ၏ ဖိနှိပ်ညှဉ်းဆဲမှုခံရခြင်းကဲ့သို့သော ရှောင်လွှဲ၍မရသည့် မိသားစု အဖြစ်အပျက်များနှင့် ပတ်သက်လာသည့်အခါ၊ ဤမကြာခဏ နေ့စဉ်ဖြစ်ပွားမှုများသည်ပင် သင့်အတွက် လွန်လွန်းလှပေသည်။ ထိုသို့သော အရာများ ဖြစ်ပျက်သည့်အခါ၊ ရုတ်တရက် ထိန်းမနိုင် သိမ်းမရအောင် ကြောက်စိတ်ဝင်ကာ၊ မည်သည့်အရာ လုပ်ဆောင်ရမည်ကို သင် မသိပေ- ပြီးလျှင် အချိန်အများစုတွင်၊ သင်သည် ဘုရားသခင်နှင့် ပတ်သက်၍ ညည်းတွားလေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက သင့်အား လှည့်စားသည်၊ ဘုရားသခင်၏ အမှုက သင့်ကို မထီလေးစားပြုသည်ဟု သင် မကျေမနပ်ပြောသည်။ ထိုသို့သော အတွေးများ သင်တို့၌ မရှိသလော။ သင်တို့အလယ်တွင် ထိုသို့သော အရာများ ရံဖန်ရံခါမျှသာ ဖြစ်သည်ဟု သင် ထင်သလော။ ထိုသို့သော အဖြစ်အပျက်များကြားတွင် သင်သည် နေ့စဉ် အသက်ရှင်ရင်း အချိန်ကုန်ဆုံးလေသည်။ သင်သည် ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်းနှင့်ဆိုင်သည့် အောင်မြင်မှုနှင့် ဘုရားသခင်၏ အလိုကို မည်သို့ ဖြည့်ဆည်းရမည်ကို အနည်းငယ်မျှ သင် မတွေးတောပေ။ သင်တို့၏ စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှုသည် ငယ်လွန်းသည်၊ ကြက်ပေါက်စကလေး၏ အရွယ်ထက်ပင် ပို၍ ငယ်သည်။ သင်၏ မိသားစု၏လုပ်ငန်းတွင် ငွေအရှုံးပေါ်သည့်အခါ ဘုရားသခင်ကို သင် ညည်းတွားသည်၊ ဘုရားသခင်၏ ကွယ်ကာမှုမရှိသည့် ပတ်ဝန်းကျင်တွင် သင်ရှိနေသည်ကို သင်တွေ့ရသည့်အခါ၊ ဘုရားသခင်ကို သင် ညည်းတွားဆဲ ဖြစ်ပြီး၊ သင်၏ ကြက်ကလေးများထဲမှ တစ်ကောင် သေသည့်အခါ သို့မဟုတ် နွားခြံထဲက နွားအိုကြီးတစ်ကောင် ဖျားနာသည့်အခါတွင်ပင် သင် ညည်းတွားလေသည်။ သင်၏သား အိမ်ထောင်ပြုရန် အချိန်တန်သော်လည်း၊ သင်၏မိသားစု၌ ငွေကြေးအလုံအလောက် မရှိသည့်အခါတွင် သင် ညည်းတွားသည်။ သင်သည် ဧည့်ဝတ်ပြုခြင်းတာဝန်ကို ဆောင်ရွက်ချင်သော်လည်း၊ ယင်းကို အကုန်အကျ မတတ်နိုင်ပေ၊ ထိုအခါ၌လည်း သင်ညည်းတွားလေသည်။ သင်သည် ညည်းတွားမှုများနှင့် ပြည့်လျှံလျက်ရှိပြီး ဤအရာကြောင့် သင်သည် တစ်ခါတစ်ရံ တွေ့ဆုံပွဲများကို မတက်ရောက်ပေ၊ သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များကိုလည်း မစားသောက်ပေ၊ တစ်ခါတစ်ရံ အချိန်ကြာမြင့်စွာ သင်သည် အပျက်သဘောဆောင်လေသည်။ ယနေ့ သင်၌ ဖြစ်ပျက်သည့် မည်သည့်အရာမျှ သင်၏ တက်လမ်းများ သို့မဟုတ် ကံကြမ္မာနှင့် မည်သည့်ဆက်နွှယ်မှုမျှ မရှိပေ။ သင်သည် ဘုရားသခင်ကို မယုံကြည်ခဲ့လျှင်ပင်လည်း၊ ဤအရာများ ဖြစ်ပျက်လိမ့်မည်ဖြစ်သည်၊ သို့သော် ယနေ့တွင် သင်သည် ထိုအရာများအတွက်တာဝန်ကို ဘုရားသခင်ကို ကမ်းပေးပြီး၊ ဘုရားသခင်က သင့်ကို ဖယ်ရှင်းလေပြီဟု ခိုင်ခိုင်မာမာ ပြောဆိုလေသည်။ သင်၏ ဘုရားသခင်၌ယုံကြည်မှုရော၊ အဘယ်သို့နည်း။ သင်၏ အသက်တာကို အမှန်တကယ် ဆက်ကပ်ပြီးပြီလော။ သင်တို့သည် ယောဘကဲ့သို့ အလားတူ စမ်းသပ်ခြင်းကို ခံစားခဲ့ရပါက၊ ယနေ့ ဘုရားသခင် နောက်လိုက်သော သင်တို့ထဲတွင် မည်သူမျှ ခိုင်ခိုင်မာမာ ရပ်တည်နိုင်လိမ့်မည် မဟုတ်၊ သင်တို့အားလုံး ပြိုလဲကြမည်ဖြစ်သည်။ ထို့အပြင် သင်တို့နှင့် ယောဘ အကြားတွင် အင်မတန် တကယ့်ကို ကွာခြားနေပေသည်။ ယနေ့တွင် သင်တို့၏ ပိုင်ဆိုင်မှုပစ္စည်းဥစ္စာများ ထက်ဝက် အသိမ်းယူခံရပါက၊ ဘုရားသခင်၏ တည်ရှိခြင်းကို သင် ငြင်းဝံ့လိမ့်မည်။ သင်တို့၏ သား သို့မဟုတ် သမီးကို သင်တို့ထံမှ ယူသွားခံရပါက၊ သင်တို့သည် မတရားဟု အော်ဟစ်ရင်း လမ်းများပေါ် ပြေးကြလိမ့်မည်။ အကယ်၍ သင်၏ အသက်မွေးဝမ်းကျောင်းပြုရန် တစ်ခုတည်းသောနည်းလမ်းသည် လမ်းဆုံးရောက်ပါက၊ သင်သည် ကြိုးစားကာ ဘုရားသခင်နှင့် ဆွေးနွေးလိမ့်မည်ဖြစ်သည်။ သင့်ကို ကြောက်လန့်စေရန် အစတွင် အဘယ်ကြောင့် နှုတ်ကပတ်တော်များစွာ ငါပြောဆိုခဲ့သည်ကို သင် မေးလိမ့်မည်။ ထိုသို့သော အချိန်များတွင် သင်တို့ မလုပ်ဝံ့မည့်အရာ မည်သည့်အရာမျှ မရှိပေ။ ဤအရာက သင်တို့သည် စစ်မှန်သော ထိုးထွင်းအမြင်များ တစ်ခုတစ်လေမျှ မရရှိသေးသကဲ့သို့ စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှု မရှိကြသေးသည်ကို ပြသပေသည်။ ထို့ကြောင့်၊ သင်တို့သည် အလွန်များစွာ သိကြသည့်အတွက် သင်တို့အထဲက စမ်းသပ်မှုများသည် အလွန်ကြီးမား၏၊ သို့သော် သင် အမှန်တကယ် နားလည်သည့်အရာမှာ သင်တို့ သတိပြုမိသော အရာ၏ တစ်ထောင်ပုံ တစ်ပုံပင် မရှိချေ။ နားလည်ခြင်းနှင့် အသိပညာ၌သာ မရပ်တန့်ကြနှင့်။ သင်တို့ မည်မျှ အမှန်တကယ် လက်တွေ့လုပ်ဆောင်နိုင်သည်၊ သင်တို့၏ ကိုယ်တိုင် ကြိုးပမ်းလုပ်ဆောင်မှု၏ ချွေးမှတစ်ဆင့် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပြခြင်း မည်မျှ ရရှိခဲ့သည်ဆိုသည်နှင့် သင်တို့၏ လက်တွေ့လုပ်ဆောင်မှုများထဲမှ မည်မျှတွင် သင်တို့၏ ကိုယ်ပိုင် စိတ်ဆုံးဖြတ်ချက်ကို ပြီးမြောက်စေပြီးဖြစ်သည် ဆိုသည်တို့ကို သင် မြင်လျှင် အကောင်းဆုံး ဖြစ်သည်။ သင်၏ ဝိညာဉ်ရင့်ကျက်မှုနှင့် လက်တွေ့လုပ်ဆောင်မှုကို သင်အလေးအနက် ထားသင့်သည်။ ဘုရားသခင်၌ သင်၏ ယုံကြည်မှုတွင်၊ မည်သည့်အတွက်မျှ ဟန်ဆောင်လုပ်ပြရုံမျှ လုပ်ပြရန် သင် မကြိုးစားသင့်ပေ- နောက်ဆုံးတွင် သမ္မာတရားနှင့် အသက်ကို သင်ရယူနိုင်ခြင်း ရှိ၊ မရှိ ဆိုသည်မှာ သင်ကိုယ်တိုင်၏ အားထုတ်မှုအပေါ် မူတည်ပေသည်။

အောက်ခြေမှတ်စု(များ)-

က။ ဟန်ဟောင်ငှက် ပုံပြင်သည် အီစွတ် ပုံပြင်များထဲမှ ပုရွက်ဆိတ်နှင့် နှံကောင်ပုံပြင်နှင့် အလွန် တူသည်။ ဟန်ဟောင်ငှက်သည် သူ၏ အိမ်နီးချင်း ငှက်ဖြစ်သော သပိတ်လွယ်ငှက်က မည်မျှပင် အထပ်ထပ် သတိပေးစေကာမူ ရာသီဥတုနွေးထွေးစဉ် အသိုက်ဆောက်မည့်အစား အိပ်စက်ရန် သာ၍ နှစ်သက်ခဲ့သည်။ ဆောင်းဥတု ရောက်သည့်အခါတွင်၊ ထိုငှက်သည် အေးခဲကာ သေဆုံးသွားလေသည်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။