သင်တို့သည် အမှုတော်ကို သိနားလည်ရမည်- စိတ်ရှုပ်ထွေးမှုဖြင့် မလိုက်ကြလေနှင့်။

လက်ရှိအချိန်တွင် စိတ်ရှုပ်ထွေးသည့်ပုံစံဖြင့် ယုံကြည်သောလူ များစွာ ရှိသည်။ သင်တို့သည် စူးစမ်းလိုစိတ် များလွန်းကြသည်၊ ကောင်းချီး မင်္ဂလာများအတွက် လိုအင်ဆန္ဒ များလွန်းကြပြီး၊ အသက်ကို ရှာဖွေဖို့ ပြင်းပြသောဆန္ဒမှာ နည်းပါးလွန်းလှသည်။ ယနေ့ခေတ် လူတို့သည် ယေရှုကို ၎င်းတို့၏ ယုံကြည်ကိုးကွယ်မှု၌ စိတ်အားထက်သန်မှုနှင့် ပြည့်နေကြသည်။ ယေရှုသည် ၎င်းတို့ကို ကောင်းကင်အိမ်တော်သို့ ပြန်ခေါ်ဆောင်မည် ဖြစ်သောကြောင့် ၎င်းတို့ မယုံကြည်ဘဲ အဘယ်သို့ နေနိုင်မည်နည်း။ လူအချို့သည် ၎င်းတို့တစ်သက်တာလုံး ယုံကြည်သူများ ဖြစ်ကြသည်။ အနှစ်လေးဆယ်၊ ငါးဆယ်ကြာ ယုံကြည်ခြင်းရှိပြီးသည့် နောက်တွင်ပင် ၎င်းတို့သည် ကျမ်းစာဖတ်ခြင်းကို ဘယ်သောအခါမျှ ငြီးငွေ့သွားခြင်း မရှိကြချေ။ ဤသည်မှာ မည်သည့်အရာ ဖြစ်ပျက်ပါစေ ယုံကြည်ခြင်းရှိနေသရွေ့ ကောင်းကင်ဘုံသို့ ရောက်ရှိလိမ့်မည်ဟု ၎င်းတို့ ထင်က ကြသောကြောင့် ဖြစ်သည်။ သင်တို့သည် ဤလမ်းကြောင်း တစ်လျှောက် နှစ်အနည်းငယ်မျှသာ ဘုရားသခင်နောက် လိုက်ကြပြီး ဖြစ်သည်၊ သို့သော်လည်း သင်တို့သည် ရည်မှန်းချက် ပျောက်ဆုံးကြလေပြီ။ ကောင်းချီးမင်္ဂလာရရှိဖို့ သင်တို့၏ စိတ်ဆန္ဒ ပြင်းပြလွန်းသောကြောင့် သင်တို့၏သည်းခံခြင်းကို ဆုံးရှုံးကြလေပြီ။ စစ်မှန်သော ဤလမ်းကို သင်တို့၏ လျှောက်လှမ်းခြင်းအား ကောင်းချီးမင်္ဂလာရရှိဖို့ဖြစ်သည့် သင်တို့၏ စိတ်ဆန္ဒနှင့် သင်တို့၏ သိချင်စိတ်ပြင်းပြခြင်းတို့က စိုးမိုးထားသည်။ အမှု၏ဤအဆင့်နှင့် စပ်လျဉ်း၍ သင်တို့၌ သိနားလည်မှုများစွာ မရှိကြချေ။ ယနေ့ ငါပြောနေသော အရာများစွာတို့သည် ယေရှုကို ယုံကြည်သောသူများအား ဦးတည်ခြင်း မဟုတ်သကဲ့သို့၊ ၎င်းတို့၏ အယူအဆများကို ဆန့်ကျင်ဖို့သာ ငါ ပြောနေခြင်းလည်း မဟုတ်ပေ။ အမှန်တွင်၊ သင်တို့သည် သမ္မာကျမ်းစာ ဘေးဖယ်ခံထားရသည့်အကြောင်းအရင်း၊ ယေဟာဝါ၏ အမှု ဟောင်းသွားသည်ဟု ငါ ပြောဆိုရသည့် အကြောင်းအရင်း၊ သို့မဟုတ် ယေရှု၏ အမှု အိုဟောင်းသွားပြီဟု ငါ ပြောဆိုသည့် အကြောင်းအရင်းကို သင်တို့ နားမလည်ကြသည့်အတွက်၊ ထုတ်ဖော်ခံရသည့် ဤအယူအဆများသည် သင်တို့၏ အတွင်းထဲ၌ရှိသော အယူအဆများပင် ဖြစ်သည်။ အမှန်မှာ သင်တို့ ဖွင့်ဟမပြောသည့် အယူအဆများစွာကို သင်တို့ သိုထားကြသည့်အပြင်၊ သင်တို့၏ စိတ်နှလုံးများထဲတွင် နက်နက်ရှိုင်းရှိုင်း ပိတ်ဆို့ထားသည့် အမြင်များစွာရှိကာ လူအုပ်နောက်ကိုသာ သင်တို့ လိုက်ကြလေသည်။ အယူအဆများစွာကို သင်တို့ သိုထားခြင်းမရှိဟု သင်တို့ အမှန်တကယ် ထင်ကြသလော။ သင်တို့သည် ၎င်းတို့ကို မပြောဆိုခြင်းသာ ဖြစ်သည်။ အမှန်တွင်၊ သင်တို့သည် ဘုရားသခင်နောက် ဝတ်ကျေတမ်းကျေသာ လိုက်ကြ၏၊ သင်တို့သည် စစ်မှန်သောလမ်းကို ရှာဖွေရန် လုံးဝ မလာကြသကဲ့သို့၊ အသက်ကို ရရှိခြင်း ရည်ရွယ်ချက်ဖြင့် မလာကြပေ။ သင်တို့၏ သဘောထားမှာ မည်သည့်အရာ ဖြစ်ပျက်မည်ကို မြင်ချင်ရုံသက်သက်သာ ဖြစ်သည်။ သင်တို့သည် သင်တို့၏ အယူအဆဟောင်းများကို လက်လွှတ်ခြင်းမရှိကြသောကြောင့်၊ မိမိတို့ကိုယ်ကိုယ် အပြည့်အဝ ဆက်ကပ်နိုင်သောသူတစ်ဦး သင်တို့ထဲတွင် မရှိပေ။ ဤအခြေအနေသို့ ရောက်ရှိပြီးဖြစ်သဖြင့်၊ နေ့နေ့ ညည အပြင်းအထန် လှုပ်ရှားနေသည့် သင်တို့၏ အတွေးများဖြင့်၊ သင်တို့သည် သင်တို့၏ကံကြမ္မာနှင့်ပတ်သက်၍ ဘယ်သောအခါမျှ လက်မလွှတ်နိုင်ဘဲ ဆက်လက် စိုးရိမ်ပူပန်နေကြပေသည်။ ငါသည် ဖါရိရှဲတို့အကြောင်းကို ပြောဆိုသည့်အခါ ဘာသာရေးထဲက “အဖိုးအိုများ” ကို ရည်ညွှန်းနေသည်ဟု သင်တို့ ထင်ကြသလော။ သင်တို့ကိုယ်တိုင်သည် မျက်မှောက်ခေတ်၏ အဆန်းသစ်ဆုံးသော ဖာရိရှဲများကို ကိုယ်စားပြုသောသူများ ဖြစ်ကြသည် မဟုတ်လော။ သမ္မာကျမ်းစာနှင့်ယှဉ်၍ ငါ့ကို အကဲဖြတ်သောသူများကို ငါဖော်ပြသည့်အခါ၊ ဘာသာရေးအသိုင်းအဝိုင်းများ၏ သမ္မာကျမ်းစာ ကျွမ်းကျင်သူများကို ငါသီးသန့်ရည်ညွှန်းသည်ဟု သင်ထင်သလော။ ဘုရားသခင်ကို နောက်တစ်ဖန် ကားတိုင်တွင် သံမှိုရိုက်နှက်နေသူများ အကြောင်း ငါပြောဆိုသည့်အခါ၊ ဘာသာရေးအသိုင်းအဝိုင်းများ၏ ခေါင်းဆောင်များအကြောင်းကို ငါပြောဆိုနေသည်ဟု သင်ထင်မြင်သလော။ သင်တို့သည် ဤအခန်းကဏ္ဍကို ကပြဖို့ရန် တကယ့်အတော်ဆုံးသော သရုပ်ဆောင်များ ဖြစ်ကြသည် မဟုတ်လော။ လူတို့၏ အယူအဆများကို တုံ့ပြန်ဖို့ ငါ မိန့်မြွက်သည့် နှုတ်ကပတ်တော်များအားလုံးသည် ဘာသာတရား၏ သင်းအုပ်ဆရာများနှင့် အကြီးအကဲတို့ကို လှောင်ပြောင်ခြင်းတစ်ခုမျှသာ ဖြစ်သည်ဟု သင် ထင်သလော။ သင်တို့သည်လည်း ဤအရာများအားလုံးတွင် သင်တို့၏ အပိုင်းကို ဆောင်ရွက်ခဲ့ကြသည် မဟုတ်လော။ အယူအဆအနည်းငယ် သိုထားသည်ဟု သင် လက်ခံယုံကြည်သလော။ ယင်းမှာ သင်တို့သည် ယခု အလွန်ပါးနပ်ဖို့ရန် အရာအားလုံးကို သင်ယူကြခြင်းသာ ဖြစ်သည်။ သင်တို့ နားမလည်သည့် အရာများအကြောင်းကို သင်တို့ မပြောဆိုကြသကဲ့သို့၊ ထိုအရာများနှင့်ပတ်သက်၍ သင်တို့၏ ခံစားချက်များကို ထုတ်ပြောခြင်း မရှိသော်လည်း၊ ကြောက်ရွံ့ပြီး နာခံသည့် စိတ်နှလုံးသည် သင်တို့ အတွင်းတွင် လုံးဝ မရှိပေ။ သင်တို့ မြင်ကြသည့်အတိုင်း၊ လေ့လာခြင်း၊ စောင့်ကြည့်ခြင်းနှင့် စောင့်ဆိုင်းခြင်းတို့သည် ယနေ့ လက်တွေ့လုပ်ဆောင်ခြင်းအတွက် သင်တို့၏ အကောင်းဆုံး နည်းလမ်းများ ဖြစ်သည်။ သင်တို့သည် လိမ္မာပါးနပ်လွန်းဖို့ရန် သင်ယူကြပြီး ဖြစ်သည်။ သို့သော် ဤသည်မှာ စိတ်ပိုင်းဆိုင်ရာ ကလိမ်ကကျစ်တစ်မျိုး ဖြစ်သည်ကို သင်တို့ နားလည်ကြသလော။ သင်တို့အပိုင်းမှ လိမ္မာပါးနပ်ခြင်း အခိုက်အတန့်သည် ထာဝရပြစ်တင်ဆုံးမခြင်းမှ လွတ်မြောက်အောင် သင်တို့ကို ကူညီပေးလိမ့်မည်ဟု သင်တို့ထင်ကြသလော။ သင်တို့သည် အလွန် “ဉာဏ်ပညာ” ရှိဖို့ သင်ယူကြပြီးဖြစ်သည်။ ထို့အပြင် လူအချို့သည်- “တစ်နေ့နေ့တွင် ဘာသာရေး အသိုင်းအဝိုင်းများထဲက လူတို့က၊ ‘သင်တို့၏ ဘုရားသခင်သည် အဘယ်ကြောင့် နိမိတ်လက္ခဏာ တစ်ခုမျှ မဆောင်ရွက် ရသေးသနည်း။’ ဟု မေးကြသည့်အခါ၊ အဘယ်သို့ ကျွန်ုပ် ရှင်းပြသင့် ပါသနည်း။” ကဲ့သို့သော မေးခွန်းများကို မေးတတ်ကြသည်။ ယနေ့တွင် ယင်းမှာ ဘာသာရေး အသိုင်းအဝိုင်းများထဲက လူများသာ မေးကြမည့် အရာတစ်ခု မဟုတ်ပေ။ ယင်းမှာ ယနေ့၏ အမှုကို သင်တို့ နားမလည်ကြသကဲ့သို့ အလွန်များလှသော အယူအဆများဖြင့် သင်တို့ လုပ်ကိုင်ကြခြင်းလည်း ဖြစ်ပေသည်။ ဘာသာရေးအရာရှိများဟု ငါ ဖော်ပြသည့်အခါ အဘယ်သူကို ငါရည်ညွှန်းသည်ကို သင်တို့ မသိကြသေးသလော။ မည်သူ့အတွက် သမ္မာကျမ်းစာကို ငါ ရှင်းပြနေသည်ကို သင်တို့ မသိကြသလော။ ဘုရားသခင်၏ အမှုအဆင့်သုံးဆင့်ကို ရှင်းလင်းဖော်ပြသည့်အခါတွင် မည်သူ့အတွက် ငါ ပြောဆိုနေသည်ကို သင်မသိသလော။ ငါသည် ဤအရာများကို မပြောခဲ့ပါက၊ သင်တို့ အလွန်လွယ်လင့်တကူ လက်ခံယုံကြည် ခဲ့ကြလိမ့်မည်လော။ သင်တို့သည် အလွန်လွယ်လင့်တကူ ဦးညွှတ် ခဲ့ကြလိမ့်မည်လော။ သင်တို့သည် ထိုအယူအဆဟောင်းများကို သိပ်အခက်အခဲ မရှိဘဲ ဘေးဖယ်ထားခဲ့ကြလိမ့်မည်လော။ အထူးသဖြင့် မည်သူ့ကိုမျှ ကျိုးနွံနာခံခြင်းမရှိဖူးသည့် “ယောက်ျားပီသသောလူများ”- ၎င်းတို့သည် အလွန်လွယ်လင့်တကူ ကျိုးနွံနာခံခဲ့ကြလိမ့်မည်လော။ သင်တို့၏ လူ့သဘာဝသည် နိမ့်ကျသော အဆင့်ရှိပြီး၊ သင်တို့သည် အရည်အချင်း အလွန်နိမ့်ကျကာ၊ ဦးနှောက်များက ဖွံ့ဖြိုးမှုနည်းပါးပြီး ဘုရားသခင်ကို အလွန်ကြာရှည်စွာ ယုံကြည်ခဲ့သည့် ရာဇဝင်တစ်ခု မရှိသော်လည်း၊ သင်တို့သည် အတော်အတန်များပြားသည့် အယူအဆများ အမှန်တကယ် ရှိကြပြီး၊ သင်တို့၏ မွေးရာပါ သဘာဝမှာ မည်သူ့ကိုမျှ ပေါ့ပေါ့တန်တန် ကျိုးနွံခြင်းမရှိဖို့ ဖြစ်သည်ကို ငါသိ၏။ သို့သော် ယနေ့တွင်မူ သင်တို့သည် အတင်းအကျပ်ပြုခံရပြီး ခိုကိုးရာမဲ့ကြသောကြောင့် ကျိုးနွံနိုင်ကြသည်။ သင်တို့သည် မိမိတို့၏ ကျွမ်းကျင်မှုများကို လွတ်လွတ်လပ်လပ် မတင်ဆက်နိုင်သည့် သံလှောင်အိမ်ထဲက ကျားများ ဖြစ်ကြပေသည်။ သင်တို့တွင် တောင်ပံများရှိခဲ့လျှင်ပင် ပျံသန်းဖို့ ခက်ခဲသည်ကို သင်တို့ တွေ့ရလိမ့်မည်။ ကောင်းချီးမင်္ဂလာများ ခံစားရခြင်း မရှိသော်လည်း၊ သင်တို့သည် ရှေ့ဆက်လိုက်လျှောက်ရန် လိုလားနေကြဆဲ ဖြစ်သည်။ သို့သော်၊ ဤသည်မှာ “လူကောင်းများ” အဖြစ် သင်တို့၏ အနိုင်မခံအရှုံးမပေးသည့် စိတ်ဓာတ်မဟုတ်ပေ။ ယင်းထက်၊ သင်တို့သည် လုံးလုံးလျားလျား အလဲထိုးခံကြရပြီးဖြစ်ကာ၊ ကြံရာမရဖြစ်နေကြခြင်း ဖြစ်ပေသည်။ ယင်းမှာ ဤအမှုအားလုံးက သင်တို့ကို အလဲထိုးပြီးခြင်း ဖြစ်ပေသည်။ ယခင်က သင်တို့အားလုံးသည် တောထဲက ရိုင်းစိုင်းသော မြည်းများ ဖြစ်ခဲ့ကြသောကြောင့်၊ သင်တို့ ရရှိနိုင်သည့်အရာ တစ်ခုခုရှိခဲ့ပါက၊ ယနေ့လောက် သင်တို့ နာခံကြလိမ်မ့ည်မဟုတ်ပေ။ ထို့ကြောင့် ယနေ့ ပြောဆိုနေသည့်အရာသည် အမျိုးမျိုးသော ဘာသာတရားများနှင့် ဂိုဏ်းဂဏများနှင့်ဆိုင်သည့် လူများအပေါ် ရည်ညွှန်းခြင်းသာ မဟုတ်သကဲ့သို့ ၎င်းတို့၏ အယူအဆများကို တုံ့ပြန်ဖို့မျှလည်း မဟုတ်ပေ။ ယင်းသည် သင်တို့၏ အယူအဆများကို တုံ့ပြန်ဖို့ ဖြစ်သည်။

ဖြောင့်မတ်ခြင်း၏ တရားစီရင်ခြင်း စတင်လေပြီ။ ဘုရားသခင်သည် လူတို့အတွက် အပြစ်ဖြေရာယဇ်အဖြစ် အသုံးတော်ခံလိမ့်ဦးမည်လော။ သူသည် ၎င်းတို့အတွက် ကြီးမြတ်သော သမားတော်အဖြစ် တစ်ဖန် သရုပ်ဆောင်လိမ့်ဦးမည်လော။ ဘုရားသခင်၌ ဤအရာထက် သာ၍ ကြီးမားသော ဩဇာအာဏာမရှိသလော။ လူတစ်စုသည် စုံလင်စေခြင်း ခံရနှင့်ပြီးဖြစ်ကာ၊ ပလ္လင်တော်ရှေ့သို့ ချီမခြင်းခံရပြီး ဖြစ်သည်။ သူသည် နတ်ဆိုးများကိုနှင်ထုတ်ပြီး အနာရောဂါကို ငြိမ်းစေလိမ့်ဦးမည်လော။ ယင်းသည် အလွန်ရှေးကျသည် မဟုတ်လော။ ဤအရာ ဆက်ဖြစ်ပါက၊ သက်သေခံချက် ဖြစ်နိုင်မည်လော။ တစ်ကြိမ် လက်ဝါးကားတိုင်တွင် သံမှိုရိုက်ခံခဲ့ရခြင်းက ဘုရားသခင်ကို ထာဝရ ကားစင်တင် ခံရစေနိုင်သလော။ သူသည် နတ်ဆိုးများကို တစ်ကြိမ် နှင်ထုတ်ပြီး ထာဝရ ဆက်လက်နှင်ထုတ်နေနိုင်မည်လော။ ဤအရာကို အရှက်ခွဲခြင်းအဖြစ် သဘောမထားသလော။ အမှု၏ ဤအဆင့်သည် ယခင်အဆင့်ထက် သာ၍ မြင့်မားသည့်အခါမှသာ ခေတ်သည် ရှေ့ဆက် တိုးတက်လိမ့်မည် ဖြစ်ပြီး၊ နောက်ဆုံးသောကာလသည် ရောက်ရှိ လိမ့်မည်ဖြစ်ကာ၊ ယင်းသည် ဤခေတ် အဆုံးသတ်ဖို့ အချိန်ဖြစ်လိမ့်မည်။ ထို့ကြောင့် သမ္မာတရားကို အားထုတ်သောလူများသည် ရူပါရုံများအား နားလည်သဘောပေါက်ခြင်းကို အာရုံစိုက်ရမည်ဖြစ်သည်။ ဤသည်မှာ အခြေခံအုတ်မြစ်ဖြစ်၏။ ငါသည် ရူပါရုံများနှင့်ပတ်သက်၍ သင်တို့နှင့် မိတ်သဟာယပြုသည့်အခါတိုင်းတွင်၊ လူအချို့သည် မျက်ခွံများစင်းလျက်၊ နားထောင်ရန် လိုလားခြင်းမရှိဘဲ တစ်မှေး အိပ်ပျော်သွားကြသည်ကို ငါ အမြဲမြင်ရသည်။ အခြားသော သူများက၊ “သင် အဘယ်ကြောင့် နားမထောင်သနည်း” ဟု မေးကြသည်။ ၎င်းတို့က “ဤအရာသည် ကျွန်ုပ်၏အသက် သို့မဟုတ် ကျွန်ုပ်၏ စစ်မှန်ခြင်းထဲသို့ ဝင်ရောက်မှုကို အကူအညီမပေးပါ။ ကျွန်ုပ်တို့ လိုချင်သည်မှာ လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းများ ဖြစ်သည်။” ဟု ပြန်ဖြေကြသည်။ ငါသည် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းများထက် အမှုနှင့်သက်ဆိုင်၍ ငါပြောသည့်အခါတိုင်းတွင်၊ ၎င်းတို့က “အမှုအကြောင်း သင် ပြောဆိုသည်နှင့်တစ်ပြိုင်နက်၊ ကျွန်ုပ် စတင် အိပ်မောကျသည်။” ဟု ပြောကြသည်။ လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းများနှင့်ပတ်သက်၍ ငါ စတင်ပြောဆိုသည်နှင့် တစ်ပြိုင်နက်၊ ၎င်းတို့သည် စတင် ရေးမှတ်ကြပြီး၊ ဤအမှုကို ငါ ပြန်၍ အသေးစိတ် ရှင်းပြသည့်အခါ၊ နားထောင်ခြင်းကို ၎င်းတို့ တစ်ဖန် ရပ်လိုက်ကြသည်။ သင်တို့သည် ယခု မည်သည့်အရာနှင့် ပြင်ဆင်ထားဖို့ လိုအပ်သည်ကို သင်တို့ သိကြသလော။ ယင်း၏ ရှုထောင့်တစ်ခုတွင် အမှုနှင့်ပတ်သက်သည့် ရူပါရုံများ ပါဝင်ပြီး၊ အခြားရှုထောင့်မှာ သင်၏ လက်တွေ့လုပ်ဆောင်ခြင်း ဖြစ်သည်။ သင့်အနေဖြင့် ဤရှုထောင့်နှစ်ခုစလုံးကို သဘောပေါက် ရမည်ဖြစ်သည်။ အသက်၌တိုးတက်ဖို့ သင်ရှာဖွေခြင်းတွင် ရူပါရုံများမရှိပါက သင်သည် အခြေခံအုတ်မြစ် ရှိလိမ့်မည်မဟုတ်ပေ။ သင်သည် ရူပါရုံအနည်းငယ်မျှမရှိဘဲ လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းများသာ ရှိပြီး၊ အထွေထွေစီမံခန့်ခွဲမှု အစီအစဉ်၏ အလုပ်ကို မည်သို့မျှ သိနားလည်ခြင်း မရှိပါက၊ သင်သည် အသုံးမကျသောသူတစ်ဦး ဖြစ်သည်။ သင်သည် ရူပါရုံများ ပါဝင်သည့် သမ္မာတရားများကို နားလည်ရမည်ဖြစ်ပြီး၊ လက်တွေ့လုပ်ဆောင်ခြင်းနှင့် ဆက်နွှယ်သည့် သမ္မာတရားများအတွက်မူ၊ ၎င်းတို့ကို သင် နားလည် ပြီးနောက် သင့်တော်သည့် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းများကို ရှာတွေ့ဖို့ လိုအပ်သည်။ နှုတ်ကပတ်တော်များနှင့်အညီ သင် လက်တွေ့လုပ်ဆောင်ရမည် ဖြစ်ပြီး၊ သင်၏ အခြေအနေများနှင့်အညီ ဝင်ရောက်ရမည် ဖြစ်သည်။ ရူပါရုံများသည် အခြေခံအုတ်မြစ်ဖြစ်ပြီး၊ ဤအချက်ကို သင်အာရုံမစိုက်ပါက အဆုံးထိ သင် ရှေ့ဆက် လိုက်လျှောက် နိုင်မည် မဟုတ်ပေ။ ထိုသို့သော ပုံစံဖြင့် တွေ့ကြုံခြင်းသည် သင့်ကို သွေဖည်သွားစေမည် သို့မဟုတ် သင့်ကို ပြိုလဲစေကာ ကျရှုံးသွားစေမည် ဖြစ်သည်။ သင့်အတွက် အောင်မြင်မည့်နည်းလမ်း ရှိလိမ့်မည် မဟုတ်ပေ။ ကြီးမြတ်သော ရူပါရုံများကို မိမိတို့၏ အခြေခံအုတ်မြစ်များအဖြစ် မရှိကြသည့်လူများသည် ကျရှုံးရုံသာရှိသည်။ မအောင်မြင်နိုင်ပေ။ သင်သည် ခိုင်မြဲစွာ မရပ်တည်နိုင်ပေ။ ဘုရားသခင်အား ယုံကြည်ခြင်းတွင် မည်သည့်အရာ ပါဝင်သည်ကို သင် သိသလော။ ဘုရားသခင်နောက်သို့ လိုက်ခြင်းသည် မည်သည့်အရာ ဆိုလိုသည်ကို သင်သိသလော။ ရူပါရုံများမရှိဘဲနှင့် မည်သည့်လမ်းကြောင်းကို သင်လိုက်လျှောက်မည်နည်း။ ယနေ့၏အမှုတွင် သင်၌ ရူပါရုံများမရှိပါက၊ သင်သည် စုံလင်ခြင်းခံရဖို့ လုံးဝ ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။ အဘယ်သူ၌ သင်ယုံကြည်သနည်း။ သူ့ကို သင် အဘယ်ကြောင့် ယုံကြည်သနည်း။ သင်သည် အဘယ်ကြောင့် သူ့နောက်သို့လိုက်သနည်း။ သင်သည် သင်၏ ယုံကြည်ခြင်းကို ကစားပွဲ တစ်မျိုးကဲ့သို့ မြင်သလော။ သင်၏ အသက်တာကို ကစားစရာ တစ်မျိုးကဲ့သို့ သင် ကိုင်တွယ်နေသလော။ ယနေ့၏ ဘုရားသခင်သည် အကြီးမြတ်ဆုံးသော ရူပါရုံဖြစ်သည်။ သူ့အကြောင်းကို သင်မည်မျှ သိသနည်း။ သူနှင့်ပတ်သက်၍ သင် မည်မျှ တွေ့မြင်ပြီးပြီနည်း။ ယနေ့၏ ဘုရားသခင်ကို တွေ့ပြီးဖြစ်သောကြောင့်၊ သင့်ယုံကြည်ခြင်း၏ အခြေခံအုတ်မြစ်သည် ခိုင်မာသလော။ ဤမရေရာသော လမ်းတစ်လျှောက် သင်လိုက်လျှောက်သရွေ့ ကယ်တင်ခြင်းကို ရရှိလိမ့်မည်ဟု သင်ထင်သလော။ ဗွက်ထူသောရေထဲတွင် ငါးဖမ်း၍ ရနိုင်သည်ဟု သင်ထင်သလော။ ယင်းသည် ဤမျှ ရိုးရှင်းသလော။ ဘုရားသခင် ယနေ့ မိန့်မြွက်သည့် နှုတ်ကပတ်တော်များနှင့် စပ်လျဉ်းသည့် အယူအဆများ မည်မျှကို သင် ဘေးဖယ်ထားပြီးပြီနည်း။ ယနေ့ ဘုရားသခင်၏ ရူပါရုံ သင်၌ရှိသလော။ ယနေ့၏ ဘုရားသခင်နှင့် သက်ဆိုင်သည့် သင်၏ သိနားလည်မှုသည် မည်သည့်နေရာတွင် တည်ရှိသနည်း။ သူ့နောက် လိုက်ရုံမျှဖြင့် သို့မဟုတ် သူ့ကို မြင်ရုံမျှဖြင့် သူ့အား သင်ရရှိနိုင်ပြီး၊ သင့်ကို မည်သူမျှ ဖယ်ရှားနိုင်ကြလိမ့်မည် မဟုတ်ဟု သင် အမြဲယုံကြည်ထားသည်။ ဘုရားသခင်နောက်လိုက်ခြင်းသည် လွန်စွာ လွယ်ကူသည့် ကိစ္စရပ်တစ်ခုဟု မထင်မှတ်လေနှင့်။ အဓိကသော့ချက်မှာ သူ့ကို သင်သိရမည်၊ သူ၏အမှုကို သင်သိရမည်ဖြစ်ပြီး၊ သူ့အတွက် အခက်အခဲကို ကြံ့ကြံ့ခံဖို့၊ သူ့အတွက် သင်၏ အသက်ကို စတေးဖို့နှင့် သူ၏ စုံလင်စေခြင်းခံရဖို့ လိုအင်ဆန္ဒ သင်၌ ရှိရမည်ဖြစ်သည်။ ဤသည်မှာ သင့်၌ ရှိသင့်သည့် ရူပါရုံဖြစ်သည်။ သင်၏ အတွေးများသည် ကျေးဇူးတော်ကို မွေ့လျော်ခံစားမှုအပေါ် အစဉ်အမြဲ စိတ်အလွန်ထက်သန်နေပါက အလုပ်ဖြစ်မည် မဟုတ်ပေ။ ဘုရားသခင်သည် လူများ၏ ပျော်ရွှင်မှု အတွက်သာ သို့မဟုတ် ၎င်းတို့အပေါ် ကျေးဇူးတော် အပ်နှင်းဖို့သာ ဤနေရာတွင် ရှိနေခြင်းဖြစ်သည်ဟု မယူမှတ်လိုက်လေနှင့်။ သင် မှားလိမ့်မည်။ အကယ်၍ လူတစ်ဦးသည် သူ့နောက်လိုက်ဖို့ မစွန့်စားနိုင်ပါက၊ ပြီးလျှင် လူတစ်ဦးသည် နောက်လိုက်ဖို့ လောကီ ပိုင်ဆိုင်မှုတိုင်းကို မစွန့်လွှတ်နိုင်ပါက၊ ၎င်းတို့အနေဖြင့် သူ့နောက်သို့ အဆုံးထိတိုင် ဧကန်မုချ လိုက်လျှောက်နိုင်ကြမည် မဟုတ်ပေ။ သင့်အနေဖြင့် ရူပါရုံများကို သင်၏အခြေခံအုတ်မြစ်အဖြစ် ရှိရမည်ဖြစ်သည်။ အကယ်၍ တစ်နေ့တွင် ကံအကြောင်းမလှသည့် ဖြစ်ရပ် သင့်အပေါ် ကျရောက်ပါက၊ မည်သည့်အရာကို သင်လုပ်ဆောင်သင့်သနည်း။ သူ့နောက်သို့ သင် လိုက်လျှောက်နိုင်လိမ့်ဦးမည်လော။ သင် အဆုံးထိ လိုက်လျှောက်နိုင်ခြင်း ရှိမည် မရှိမည်ကို ပေါ့ပေါ့တန်တန် မပြောလိုက်နှင့်။ ယခု မည်သည့် အချိန်ဖြစ်သည်ကို မြင်ဖို့ရန် သင်၏ မျက်စိများကို ဦးစွာပထမ ကျယ်ကျယ်ဖွင့်သင့်သည်။ လတ်တလောတွင် သင်တို့သည် ဗိမာန်တော်၏ တိုင်များကဲ့သို့ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း၊ လက်ရှိအချိန်တွင် သင်တို့၌ ကင်းမဲ့နေသည့် ရူပါရုံများစွာရှိသည့်အတွက်၊ ထိုသို့သော တိုင်များသည် ဗိမာန်တော်ကို ပြိုလဲဖို့ဖြစ်စေလျက်၊ ပိုးကောင်များ၏ ကိုက်ဖြတ်ခြင်းခံရမည့် အချိန်ကာလတစ်ခု ရောက်လာလိမ့်မည်။ သင်တို့သည် သင်တို့၏ ကိုယ်ပိုင်ကမ္ဘာငယ်လေးများကိုသာ အာရုံစိုက်ကြပြီး၊ မည်သည့်အရာက ယုံကြည်စိတ်အချရဆုံးနှင့် အသင့်တော်ဆုံးသော ရှာဖွေခြင်းနည်းလမ်း ဖြစ်သည်ကို သင်တို့မသိကြချေ။ ယနေ့အမှု၏ ရူပါရုံကို သင်တို့ အရေးမစိုက်ကြသကဲ့သို့၊ ဤအရာများကို စိတ်နှလုံးများထဲတွင် ထိန်းသိမ်းခြင်းလည်း မရှိပေ။ တစ်နေ့တွင် သင်တို့၏ဘုရားသခင်သည် သင်တို့ကို အကျွမ်းတဝင်မရှိဆုံးသော နေရာတစ်ခုတွင် ထားရှိမည်ကို သင်တို့ စဉ်းစားဖူးသလော။ သင်တို့ထံမှ အရာအားလုံးကို ငါလုယူကောင်း လုယူနိုင်သည့်တစ်နေ့တွင် သင်တို့ မည်သည့်အရာဖြစ်လာမည်ကို သင်တို့ စိတ်ကူးနိုင်ပါသလော။ ထိုနေ့တွင် သင်တို့၏အားအင်များသည် ယခုကဲ့သို့ ဖြစ်မည်လော။ သင်တို့၏ ယုံကြည်ခြင်းသည် ပြန်ပေါ်လာမည်လော။ ဘုရားသခင်၏ နောက်သို့လိုက်ရာတွင်၊ “ဘုရားသခင်” ဟူသည့် အကြီးမားဆုံး ရူပါရုံကို သိရမည်။ ဤသည်မှာ အရေးကြီးဆုံးသော ကိစ္စရပ်ဖြစ်သည်။ ထို့အပြင်၊ သန့်ရှင်းစင်ကြယ်လာဖို့ရန် လောကီဆန်သူများ နှင့် လမ်းခွဲလိုက်ခြင်းဖြင့်၊ သင်သည် ဘုရားသခင်၏ မိသားစုထဲတွင် သေချာပေါက်ရှိလိမ့်မည်ဟု မထင်မှတ်လိုက်လေနှင့်။ ဤနေ့ရက် ကာလများတွင်၊ ဖန်ဆင်းခြင်းကြား အမှုပြုနေသူမှာ ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည်။ စည်းရုံးလှုံ့ဆော်မှုများ ပြုလုပ်ရန် မဟုတ်- သူကိုယ်တိုင်၏အမှုကို ပြုရန် လူတို့အကြားလာလေသည်မှာ သူပင်ဖြစ်၏။ ယနေ့၏အမှုသည် လူ့ဇာတိခံယူထားသည့် ကောင်းကင်ဘုံရှိ ဘုရားသခင်၏ အမှုဖြစ်သည်ကို သင်တို့အထဲ၌ သိနိုင်သူ အနည်းငယ်မျှပင် မရှိချေ။ ဤသည်မှာ သင်တို့ကို ပါရမီရှိသည့် ထူးချွန်သော လူများ ဖြစ်စေသည့်အကြောင်း မဟုတ်ပေ။ ဤသည်မှာ လူ့ဘဝ၏ အရေးပါမှုကို သိရှိရန်၊ လူသားများ၏ ခရီးပန်းတိုင်ကို သိရှိရန်နှင့် ဘုရားသခင်နှင့် သူ၏အလုံးစုံတို့ကို သိရှိရန် သင်တို့ကို ကူညီဖို့ဖြစ်သည်။ သင်သည် ဖန်ဆင်းရှင်၏လက်ထဲက ဖန်ဆင်းခံရသူတစ်ဦး ဖြစ်သည်ကို သင် သိသင့်သည်။ သင် မည်သည့်အရာကို နားလည် သင့်သည်၊ မည်သည့်အရာကို သင်လုပ်သင့်ပြီး ဘုရားသခင်နောက်သို့ မည်ကဲ့သို့ သင် လိုက်သင့်သည်- ဤအရာများသည် သင်နားလည်သဘောပေါက်ရမည့် သမ္မာတရားများ မဟုတ်လော။ ထိုအရာများသည် သင်မြင်သင့်သည့် ရူပါရုံများဖြစ်သည် မဟုတ်လော။

လူတို့သည် ရူပါရုံများရှိသည်နှင့်တစ်ပြိုင်နက်၊ အခြေခံအုတ်မြစ်တစ်ခု ပိုင်ဆိုင်ကြပေသည်။ ဤအခြေခံအုတ်မြစ်အတိုင်း သင် လက်တွေ့ လုပ်ဆောင်သောအခါ၊ ဝင်ရောက်ရန် များစွာ ပို၍ လွယ်ကူလိမ့်မည် ဖြစ်သည်။ ထိုသို့ဖြစ်သဖြင့် ဝင်ရောက်ခြင်းအတွက် အခြေခံအုတ်မြစ် တစ်ခုရှိသည်နှင့် သင်၌ ဒွိဟများ ရှိမည်မဟုတ်ဘဲ သင့်အတွက် ဝင်ရောက်ရန် အလွန် လွယ်ကူလိမ့်မည် ဖြစ်သည်။ ရူပါရုံများကို နားလည်ခြင်းနှင့် ဘုရားသခင်၏ အမှုကိုသိရှိခြင်းတို့နှင့်ဆိုင်သည့် ဤရှုထောင့်သည် အရေးပါပေသည်။ သင်တို့၏ သိုလှောင်ဆည်းပူးထားသောနေရာတွင် ထိုရှုထောင့် ရှိရမည်။ အကယ်၍ သင်သည် သမ္မာတရား၏ ဤရှုထောင့်ဖြင့် မပြင်ဆင်ထားဘဲ လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းများအကြောင်း မည်သို့ ပြောဆိုရမည်ကိုသာ သိရှိပါက၊ သင်သည် ကြီးကြီးမားမား ချွတ်ယွင်းနေလိမ့်မည်။ သင်တို့ထဲမှ များစွာသော သူတို့သည် ဤသမ္မာတရား၏ ရှုထောင့်ကို အလေးထားခြင်းမရှိသကဲ့သို့၊ ယင်းကို သင်တို့ နားထောင်သည့်အခါ နှုတ်ကပတ်တော်များနှင့် အယူဝါဒများကိုသာ နားထောင်နေပုံရသည်ကို ငါ တွေ့ရှိရပြီးဖြစ်သည်။ တစ်နေ့တွင် သင်တို့သည် ဆုံးရှုံးရလိမ့်မည်။ ဤနေ့ရက်ကာလများတွင် သင်တို့ သိပ်နားမလည် သကဲ့သို့ လက်မခံကြသည့် မိန့်မြွက်ချက်အချို့ရှိ၏။ ထိုသို့သော အခြေအနေများတွင်၊ သင်သည် စိတ်ရှည်စွာ ရှာဖွေသင့်ပြီး၊ သင်နားလည်သည့်နေ့ရက် ရောက်ရှိလာလိမ့်မည် ဖြစ်သည်။ သာ၍ သာ၍ များပြားသော ရူပါရုံများဖြင့် ဖြည်းဖြည်းချင်း မိမိကိုယ်ကိုယ် ပြင်ဆင်လော့။ ဝိညာဉ်ရေးဆိုင်ရာ အယူဝါဒ အနည်းအကျဉ်းကိုသာ သင် နားလည်လျှင်ပင်၊ ယင်းသည် ရူပါရုံများကို အာရုံမစိုက်ခြင်းထက် သာ၍ကောင်းမွန်ဆဲဖြစ်ပြီး မည်သည့်အရာကိုမျှ လုံးဝ နားမလည်ခြင်းထက် သာ၍ကောင်းသေး၏။ ဤအရာအားလုံးသည် သင်၏ ဝင်ရောက်မှုအတွက် အထောက်အကူ ဖြစ်သကဲ့သို့၊ သင်၏သံသယများကိုလည်း ရှင်းလင်းပေးမည် ဖြစ်သည်။ ယင်းသည် သင်အယူအဆများနှင့် ပြည့်နှက်နေခြင်းထက် သာ၍ ကောင်းပေ၏။ ဤရူပါရုံများကို အခြေခံအုတ်မြစ်အဖြစ် သင်ရှိပါက၊ များစွာသာ၍ကောင်းပေမည်။ သင့်အနေဖြင့် မည်သို့မျှ ဒွိဟများ ရှိလိမ့်မည် မဟုတ်သကဲ့သို့ ရဲဝံ့စွာနှင့် ယုံကြည်စိတ်ချစွာ ဝင်ရောက်နိုင်လိမ့်မည်။ အဘယ်ကြောင့် ထိုသို့သော စိတ်ရှုပ်ထွေး၍ သံသယများသည့် ပုံစံဖြင့် ဘုရားသခင်နောက် အမြဲလိုက်ရင်း အပင်ပန်းခံရသနည်း။ ယင်းသည် သင်၏ဦးခေါင်းကို သဲထဲမြှုပ်ထားခြင်းနှင့် တူသည်မဟုတ်လော။ ဝင့်ကြွားကြွား လှမ်းချီခြင်းနှင့် ဟိတ်ဟန်ထုတ်၍ လျှောက်ခြင်းဖြင့် နိုင်ငံတော်ထဲသို့ ခြေလှမ်းကျဲကျဲ လျှောက်ဖို့မှာ အဘယ်မျှ ကောင်းလိုက်မည်နည်း။ အဘယ်ကြောင့် ဒွိဟများနှင့် အလွန် ပြည့်နေရသနည်း။ သင်သည် မိမိကိုယ်ကိုယ် ဆင်းရဲဒုက္ခခံနေရခြင်းသာ မဟုတ်သလော။ ယေဟောဝါ၏အမှု၊ ယေရှု၏အမှုနှင့် ဤအဆင့်၏အမှုတို့ကို သင် နားလည်သည်နှင့်တစ်ပြိုင်နက်၊ သင်၌ အခြေခံအုတ်မြစ်တစ်ခု ရှိလိမ့်မည်။ ဤအခိုက်အတန့်တွင်၊ ယင်းကို သင့်အ နေဖြင့် အတော်အတန် ရိုးရှင်းသောအရာအဖြစ် စိတ်ကူးကောင်း စိတ်ကူးလိမ့်မည်။ လူအချို့က၊ “အချိန်ကျရောက်လာပြီး သန့်ရှင်းသောဝိညာဉ်တော်သည် ကြီးမားသော အမှုကို စတင်လုပ်ဆောင်သည့်အခါ၊ ကျွန်ုပ်သည် ဤအရာအားလုံးကို ပြောဆိုနိုင်မည် ဖြစ်သည်။ ယခု ကျွန်ုပ် တကယ်နားမလည်သည့် အချက်မှာ သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်ကို ထိုမျှ ဉာဏ်အလင်း မပေးသေးသောကြောင့် ဖြစ်သည်” ဟု ပြောကြသည်။ ယင်းမှာ သိပ်မလွယ်ကူပေ။ ယင်းမှာ သင်သည် ယခုပင် သမ္မာတရား ကို လက်ခံဖို့ လိုလားလျက်ရှိပြီးနောက် အချိန်ကျရောက် လာသည့်အခါ ထိုသမ္မာတရားကို ကျွမ်းကျင်စွာ အသုံးပြုမည်ကဲ့သို့ မဟုတ်ပေ။ ထိုသို့ သေချာပေါက် မဟုတ်ပေ။ သင့်အနေဖြင့် လတ်တလောတွင် အလွန်ကောင်းစွာ ပြင်ဆင်ထားပြီး၊ ထိုဘာသာရေးသမားများနှင့် အကြီးမြတ်ဆုံးသော အယူအဆသမားများကို တုံ့ပြန်ခြင်းနှင့် ၎င်းတို့ကို ချေပခြင်းတွင်ပင် ပြဿနာမရှိဟု သင် ယုံကြည်သည်။ သင်သည် အမှန်တကယ် ထိုသို့ လုပ်ဆောင် နိုင်လိမ့်မည်လော။ သင်၏ ထိုအပေါ်ယံ အတွေ့အကြုံလောက်နှင့် မည်သည့် သိနားလည်မှုကို သင်ပြောနိုင်သနည်း။ သမ္မာတရားဖြင့် ပြင်ဆင်မှု ရှိသွားခြင်း၊ သမ္မာတရားနှင့်ဆိုင်သော တိုက်ပွဲကို တိုက်ခိုက်ခြင်းနှင့် ဘုရားသခင်၏ နာမကို သက်သေခံခြင်းတို့သည်- ဘုရားသခင် အမှုပြုနေသရွေ့ အရာအားလုံး ပြီးမြောက်လိမ့်မည်ဟု သင်ထားသည့်အရာ မဟုတ်ပေ။ ထိုအချိန်တွင်၊ သင်သည် မေးခွန်း အချို့ကြောင့် အကျပ်ရိုက်ကောင်း ရိုက်လိမ့်မည်ဖြစ်ပြီးနောက် ကြက်သေ သေသွားလိမ့်မည်။ အဓိကအချက်မှာ သင်သည် အမှု၏ ဤအဆင့်နှင့်ဆိုင်သည့် သိနားလည်မှု ရှင်းရှင်းလင်းလင်း ရှိမရှိဆိုသည်နှင့် ထိုအရာနှင့်ပတ်သက်၍ အမှန်တကယ် မည်မျှသိရှိသည်ဆိုသည့်အရာ ဖြစ်သည်။ သင်သည် ရန်သူ အင်အားစုများကို အောင်မြင်ကျော်လွှားနိုင်ခြင်း မရှိပါက သို့မဟုတ် ဘာသာရေး အင်အားစုများကို အနိုင်မယူနိုင်ပါက၊ အသုံးမကျသည့်သူ ဖြစ်သွားလိမ့်မည် မဟုတ်လော။ သင်သည် ယနေ့၏ အမှုကို တွေ့ကြုံရပြီးဖြစ်ကာ သင်၏မျက်လုံးများဖြင့် မြင်ကာ သင်ကိုယ်တိုင်၏ နားများဖြင့် ကြားရပြီးဖြစ်သော်လည်း၊ နောက်ဆုံးတွင် သက်သေခံနိုင်ခြင်းမရှိပါက၊ သင် ဆက်လက် အသက်ရှင်ဝံ့လိမ့်ဦးမည်လော။ မည်သူ့ကို သင် ရင်ဆိုင် နိုင်မည်နည်း။ ယင်းသည် ဤမျှရိုးရှင်းလိမ့်မည်ဟု ယခု စိတ်မကူးကြနှင့်။ အနာဂတ်၏အမှုသည် သင်စိတ်ကူးသကဲ့သို့ ရိုးရှင်းလိမ့်မည်မဟုတ်။ သမ္မာတရား၏တိုက်ပွဲကို တိုက်ခိုက်ခြင်းသည် ဤမျှမလွယ်ကူပေ၊ ဤမျှ မရိုးစင်းပေ။ သင့်အနေဖြင့် ယခုပင် ပြင်ဆင်ထားဖို့လို၏။ သင်သည် သမ္မာတရားဖြင့် မပြင်ဆင်ထားပါက၊ အချိန်ကျရောက်လာပြီး သန့်ရှင်းသောဝိညာဉ်တော်သည် သဘာဝလွန် ပုံစံဖြင့် အမှုမပြုသည့် အခါတွင်၊ သင်သည် ဘာလုပ်ရ၊ ဘာပြောရမှန်းမသိ ဖြစ်လိမ့်မည်။

အောက်ခြေမှတ်စုများ-

က။ မူရင်းစာသားတွင် “၎င်းတို့ ထင် (သောကြောင့်)” ဆိုသည့် စကားစု မပါဝင်ပါ။

ခ။ မူရင်းစာသားတွင် “သူ့အား” ဆိုသည့် စကားလုံး မပါဝင်ပါ။

ဂ။ မူရင်းစာသားတွင် “သမ္မာတရား” ဆိုသည့် စကားစု မပါဝင်ပါ။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။