အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ - အခန်း (၃၄)

အနန္တတန်ခိုးရှင်ဘုရားသခင်သည် အကြွင်းမဲ့ တန်ခိုးနှင့်ပြည့်စုံပြီး၊ အလုံးစုံကို ရယူကာ လုံးလုံးလျားလျား စစ်မှန်သောဘုရားသခင်ဖြစ်သည်။ သူသည် ကြယ်ခုနစ်လုံးကို ကိုင်ဆောင်သည်သာမက ဝိညာဉ်တော်ခုနစ်ပါးကို ခံယူကာ၊ မျက်လုံးခုနစ်လုံးရှိပြီး၊ တံဆိပ်ခုနစ်ချက်ကိုဖွင့်၍ စာစောင်ကိုဖွင့်သည့်အပြင် ဘေးဒဏ်ခုနစ်ပါးနှင့် ဖလားခုနစ်လုံးကို စီမံခန့်ခွဲပြီး ခုနစ်ချက်သော မိုးချုန်းသံများကို ဖွင့်လေသည်။ လွန်လေပြီးသောအခါက သူသည် တံပိုးခုနစ်လုံးကို တီးမှုတ်မူခဲ့သည်။ သူ၏ဖန်ဆင်းခြင်းခံပြီး သူ၏ပြည့်စုံစေခြင်းကိုခံရသော အရာရာတိုင်းသည် သူ့ကိုချီးမွမ်းသင့်သည်။ သူ့ကိုဂုဏ်သရေပေးပြီး၊ သူ့ရာဇပလ္လင်ကိုချီးမြှောက်သင့်သည်။ အို၊ အနန္တတန်ခိုးရှင် ဘုရားသခင်။ သင်သည် ခပ်သိမ်းသော အရာရာတိုင်းဖြစ်၏။ သင်သည် အရာရာတိုင်းကို ပြီးမြောက်ခဲ့၍ သင်နှင့်ဆိုလျှင် အားလုံးသည် ပြီးပြည့်စုံကာ လင်းလက်တောက်ပပြီး အဆီးအတားမှ လွတ်ကင်း၍ အားလုံး လွတ်လပ်၊ သန်မာကာ တန်ခိုးနှင့် ပြည့်ပေ၏။ အားလုံးသော နက်နဲရာအချက်များသည် သင်နှင့်ဆိုလျှင် ဖော်ထုတ်ခံကြရသည်။ ဘာမျှဖုံးကွယ်ထားခြင်း သို့မဟုတ် ကွယ်ဝှက်ထားခြင်းမရှိ။ ထို့အပြင် သင်သည် များပြားလှသော သင်၏ရန်သူများကို တရားစီရင်၍ သင်၏ ဘုန်းအာနုဘော်ကိုပြကာ၊ သင်၏အမျက်တော်မီးကိုပြပြီး၊ သင်၏အမျက်ဒေါသကိုပြသည့်အပြင် သင်၏ မကြုံစဖူးဖြစ်သော၊ ထာဝရခိုင်မြဲသော၊ လုံးလုံးလျားလျား အနန္တဖြစ်သော ဘုန်းကိုပြလေသည်။ လူအပေါင်းတို့သည် အကြွင်းမဲ့ စစ်မှန်သော၊ အကြွင်းမဲ့ အသက်ရှင်သော၊ ကြွယ်ဝသော၊ ဘုန်းကြီးပြီး စစ်မှန်၍ ထာဝရကာလမှ ထာဝရကာလတိုင်ဖြစ်သော အနန္တတန်ခိုးရှင်ကို ထောမနာပြုလျက် ခြွင်းချက်မရှိ နိုးကြားပြီး သြဘာပေးကာ သီကျူးသင့်ပေသည်။ သူ၏ပလ္လင်ကို အဆက်မပြတ် ချီးမွမ်းသင့်သည်။ သူ၏ သန့်ရှင်းသော နာမသည် ချီးမွမ်းခံရပြီး၊ ဘုန်းထင်ရှားသည်။ ဤသည်မှာ ငါဘုရားသခင်၏ ထာဝရအလိုတော်ဖြစ်ကာ ငါတို့အပေါ် သူ ထုတ်ဖော်ပြပြီး နှင်းအပ်သည့် အကန့်အသတ်မဲ့သော ကောင်းချီးပေတည်း။ ငါတို့အထဲမှ မည်သူသည် ထိုကောင်းချီးများကို မဆက်ခံရသနည်း။ ဘုရားသခင်၏ ကောင်းချီးများကို ဆက်ခံဖို့ရန်အတွက် တစ်စုံတစ်ယောက်သည် ဘုရားသခင်၏ သန့်ရှင်းသောနာမကို ချီးကျူးပြီး သူ၏ပလ္လင်ကို ဝန်းရံကာ ကိုးကွယ်ရန် လာရမည်ဖြစ်သည်။ သူ့ရှေ့တွင် အခြားအကြောင်းရင်းနှင့် ရည်ရွယ်ချက်များဖြင့် သွားကြသောသူများသည် သူ၏အမျက်တော်မီးဖြင့် ပျောက်ကွယ် သွားကြမည်ဖြစ်သည်။ ဤနေ့သည် သူ၏ရန်သူများ တရားစီရင်ခြင်းခံရမည့် နေ့ရက်ဖြစ်ပြီး သူတို့ ပျက်ဆီးရမည်မှာလည်း ဤနေ့မှာပင်ဖြစ်သည်။ ထိုထက်မက ယင်းမှာ ငါအနန္တတန်ခိုးရှင် ဘုရားသခင် ပေါ်လွင်ထင်ရှားမည့်နေ့ နှင့် ဘုန်းအသရေနှင့် ဂုဏ်ပြုခြင်းကို ငါရရှိမည့်နေ့လည်း ဖြစ်သည်။ အို လူအပေါင်းတို့။ ချစ်ခင်ကြင်နာမှု၊ ကယ်တင်ခြင်းအား ငါတို့ကို ထာဝရအစဉ် ပေး၍ ကောင်းချီးများကို ငါတို့ပေါ် သွန်းလောင်းပေးကာ၊ သူ၏သားများကို ပြီးပြည့်စုံစေပြီး သူ၏နိုင်ငံတော်ကို အောင်အောင်မြင်မြင် စွမ်းဆောင်ရရှိစေသော အနန္တဘုန်းတန်ခိုးရှင် ဘုရားသခင်ကို ထောမနာပြု၍ ကြိုဆိုဖို့ရန် အလျင်အမြန်ထကြလော့။ ဤအရာသည် ဘုရားသခင်၏ အံ့သြဖွယ် ဆောင်ရွက်ချက်ပင်ဖြစ်လေစွ။ ဤအရာသည် ဘုရားသခင်၏ ထာဝရတည်သော ကြိုတင်ခွဲခန့်မှတ်သားထားချက်နှင့် စီမံမှုဖြစ်သောကြောင့် ငါတို့ကို ကယ်တင်ရန်၊ ပြီးပြည့်စုံစေရန်နှင့် ဘုန်းတော်ထဲသို့ ခေါ်ဆောင်သွားရန် သူကိုယ်တိုင် ကြွရောက်လာခြင်းဖြစ်သည်။

ထပြီး သက်သေမခံသောသူတို့သည် မျက်ကန်းသူတို့၏ ဘိုးဘေးဘီဘင်များ၊ မသိမိုက်မဲသောသူတို့၏ ဘုရင်များ ဖြစ်ကြပြီး သူတို့သည် ထာဝရ မသိမိုက်မဲသူများ၊ ထာဝရ လူ့အန္ဓများနှင့် ထာဝရမျက်ကန်းလူသေများ ဖြစ်လာကြမည်။ ထို့ကြောင့် ငါတို့၏ ဝိညာဉ်များသည် နိုးကြားသင့်ပြီ။ လူသားအားလုံး ထမြောက်သင့်ပြီ။ ဘုန်းကြီးသော ရှင်ဘုရင်၊ ကရုဏာ၏အဘ၊ ရွေးနုတ်ခြင်း၏သားတော်၊ ကြွယ်ဝသော ဝိညာဉ်တော်ခုနစ်ပါးနှင့် ဘုန်းအာနုဘော်ပြည့်သော အမျက်တော်မီးနှင့် ဖြောင့်မတ်သော တရားစီရင်ခြင်းကို ယူဆောင်လာသော၊ အကြွင်းမဲ့ လုံလောက်သော၊ ကြွယ်ဝသော၊ အနန္တတန်ခိုးရှိ၍ ပြီးပြည့်စုံသော အနန္တတန်ခိုးရှင်ဘုရားသခင်ကို သြဘာပေး၊ ချီးမွမ်း၍ ထောမနာပြုကြလော့။ သူ၏ပလ္လင်သည် အစဉ်အမြဲ ချီးမွမ်းခြင်းခံရလိမ့်မည်။ ဤအရာမှာ ဘုရားသခင်၏ ဉာဏ်ပညာဖြစ်ကြောင်း၊ သူ၏ အံ့သြဖွယ်ကောင်းသော ကယ်တင်ခြင်းလမ်းခရီးဖြစ်ကြောင်းနှင့် သူ၏ ဘုန်းကျက်သရေရှိသော အလိုတော်ဖြစ်ကြောင်း မြင်သင့်သည်။ ငါတို့သည် ထပြီး သက်သေမခံလျှင် ထိုအချိန်အခါ ကုန်လွန်ပြီးသည်နှင့် နောက်ကြောင်းပြန်ရန် မဖြစ်နိုင်ပေ။ ငါတို့သည် ကောင်းချီးများ ရရှိမည်လော သို့တည်းမဟုတ် ကံဆိုးခြင်းကို ရရှိမည်လောဆိုသည်ကို ငါတို့ခရီး၏ လက်ရှိအဆင့်တွင် ယခုအချိန်၌ ငါတို့ အဘယ်အရာကို လုပ်ဆောင်သည်၊ တွေးတောသည်နှင့် အသက်ရှင်သည်တို့နှင့်အညီ အဆုံးအဖြတ်ပေးသည်။ ထို့ကြောင့် သင်တို့သည် မည်ကဲ့သို့ ပြုမူသင့်သနည်း။ ဘုရားသခင်အတွက် သက်သေခံပြီး သူ့ကိုထာဝရချီးမွမ်းကြ၊ ထာဝရတည်၍ အတုမရှိဘဲ စစ်မှန်သော ဘုရားသခင်ဖြစ်သည့် အနန္တတန်ခိုးရှင် ဘုရားသခင်၊ နောက်ဆုံးသောကာလ၏ ခရစ်တော်ကို ချီးမွမ်းကြလော့။

ယခုအချိန်မှစပြီး ဘုရားသခင်ကို သက်သေမခံသော၊ အတုမရှိ၍ စစ်မှန်သော ဘုရားသခင်အတွက် သက်သေမခံသော သူ့အပေါ် သံသယရှိနေသူအားလုံးတို့သည် မကျန်းမာ၊ သေဆုံးကြပြီး ဘုရားသခင်ကို အာခံဖီဆန်သောသူများ ဖြစ်ကြောင်းကို သင်တို့သည် ရှင်းရှင်းလင်းလင်း သိမြင်သင့်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ရှေးသရောအခါကတည်းကပင် သက်သေပြခဲ့ပြီးဖြစ်သည်။ ငါနှင့်စုရုံးခြင်း မရှိသူအားလုံးသည် ကွဲလွင့်ကြပြီး ငါနှင့်မဟုတ်သောသူတို့သည် ငါ့ကိုဆန့်ကျင်သောသူများ ဖြစ်ကြသည်။ ဤအရာသည် ကျောက်ပေါ်တွင် ရေးထွင်းထားသော မပြောင်းလဲနိုင်သည့် သမ္မာတရားဖြစ်သည်။ ဘုရားသခင်ကို သက်သေမခံသောသူများသည် စာတန်၏ လက်ပါးစေများဖြစ်ကြသည်။ ထိုလူများသည် ဘုရားသခင်၏ သားသမီးများကို နှောင့်ယှက်၊ လှည့်ဖြားရန်၊ ဘုရားသခင်၏ စီမံခန့်ခွဲမှုကို ကြားဖြတ်ရန်လာကြပြီး သူတို့ကို ဓားရှည်နှင့် ကွပ်မျက်ရမည်ဖြစ်သည်။ ထိုသူတို့အပေါ် ကောင်းမွန်သော စေတနာတရားများကို ပြသောသူတို့သည် သူတို့ကိုယ်သူတို့၏ ဖျက်ဆီးခြင်းကို ရှာနေခြင်းသာ ဖြစ်သည်။ သင်တို့သည် ဘုရားသခင်၏ ဝိညာဉ်တော်စကားကို ကြားပြီး ယုံကြည်သင့်သည်၊ ဘုရားသခင် ဝိညာဉ်တော်၏ လမ်းကြောင်းကို လျှောက်လှမ်းကာ ဘုရားသခင် ဝိညာဉ်တော်၏ နှုတ်ကပတ်တော်အတိုင်း အသက်ရှင်‌နေထိုင်သင့်ပြီး ထိုထက်မက အနန္တတန်ခိုးရှိသော ဘုရားသခင်၏ ပလ္လင်ကို ထာဝရ ချီးမွမ်းသင့်သည်။

အနန္တတန်ခိုးရှင် ဘုရားသခင်သည် ဝိညာဉ်တော်ခုနစ်ပါး၏ ဘုရားသခင်ဖြစ်သည်။ မျက်လုံးခုနစ်လုံးနှင့် ကြယ်ခုနစ်လုံးတို့ ရှိသူမှာလည်း သူပင်ဖြစ်သည်။ သူသည် တံဆိပ်ခုနစ်ချက်ကို ဖွင့်ပြီး စာစောင်အားလုံးသည် သူ၏ဖွင့်ခြင်းကို ခံရသည်။ သူသည် တံပိုးခုနစ်လုံးကို မှုတ်ခဲ့ပြီး၊ ဖလားခုနစ်လုံးနှင့် ဘေးဒဏ်ခုနစ်ပါးသည် သူ့အလိုတော်အတိုင်း လွှတ်ထုတ်ရန် သူ့လက်ထဲတွင် ရှိသည်။ အို၊ အစဉ်အမြဲ ချိပ်ပိတ်ထားခြင်း ခံရသော မိုးချုန်းသံ ခုနစ်ချက်တို့။ ၎င်းတို့ကို ဖွင့်ဖို့ရာအချိန်သည် ရောက်လာပြီ။ မိုးချုန်းသံ ခုနစ်ချက်ကို ဖွင့်ပေးမည့်သူသည် ငါတို့၏ မျက်စိရှေ့တွင် ပေါ်ထွန်းလာလေပြီ။

အနန္တတန်ခိုးရှင် ဘုရားသခင်၊ သင်နှင့်ဆိုလျှင် အရာရာတိုင်းသည် အတားအဆီး အချုပ်အနှောင်မရှိ လွတ်လပ်ပြီး၊ အခက်အခဲများမရှိ၊ အရာတိုင်းသည် ချောမွေ့စွာ စီးဆင်းပေ၏။ အဘယ်အရာမျှ သင့်ကို ဟန့်တားခြင်း သို့မဟုတ် နှောင့်ယှက်ခြင်း မပြုရဲဘဲ အရာရာတိုင်းသည် သင့်ကို ကျိုးနွံနာခံကြသည်။ ကျိုးနွံနာခံခြင်း မရှိသူအားလုံးသည် သေဆုံးကြသည်။

အနန္တဘုန်းတန်ခိုးရှင် ဘုရားသခင်၊ မျက်လုံးခုနစ်လုံးရှိသော ဘုရားသခင်၊ အရာရာတိုင်းသည် လုံးလုံးလျားလျား ရှင်းလင်းပြီး အရာရာတိုင်းသည် တောက်ပကာ ဖုံးကွယ်ထားခြင်းမရှိဘဲ ထုတ်ဖော်ခြင်းခံရကာ ဖွင့်ချခြင်းခံရသည်။ သူနှင့်ဆိုလျှင် အရာရာတိုင်းသည် ရှင်းလင်းပြတ်သားပြီး ဘုရားသခင် ကိုယ်တော်တိုင်သည်သာ ဤကဲ့သို့ မဟုတ်ဘဲ သူ၏သားများသည်လည်း ထိုနည်းအတိုင်းဖြစ်ကြသည်။ မည်သူမျှ၊ မည်သည့်အရာမျှ၊ မည်သည့်အကြောင်းအရာမျှ သူနှင့် သူ၏သားများရှေ့မှောက်တွင် ဖုံးကွယ်ထား၍ မရပေ။

အနန္တတန်ခိုးရှင် ဘုရားသခင်၏ ကြယ်ခုနစ်လုံးသည် တောက်ပကြသည်။ အသင်းတော်သည် သူ့အားဖြင့် စုံလင်အောင်ပြုခြင်းကို ခံရသည်။ သူသည် မိမိအသင်းတော်၏ တမန်များကို တည်ထောင်ပြီး အသင်းတော်တစ်ခုလုံးသည် သူ၏ထောက်ပံ့ခြင်းအောက်တွင် ရှိသည်။ သူသည် တံဆိပ်ခုနစ်ချက်စလုံးကို ဖွင့်ပြီး သူကိုယ်တိုင် သူ့စီမံခန့်ခွဲမှု အစီအစဉ်နှင့် သူ့အလိုတော်ကို ပြည့်စုံခြင်းသို့ ယူဆောင်သည်။ စာစောင်သည် သူ့စီမံခန့်ခွဲမှု၏ လျှို့ဝှက်ဆန်းကြယ်သော ဝိညာဉ်ဘာသာစကားဖြစ်ပြီး သူသည် ထိုစာစောင်ကို ဖွင့်ပြ၍ ထုတ်ဖော်ပြီးဖြစ်သည်။

လူသားအားလုံးတို့သည် သူ၏တံပိုးခုနစ်လုံး မြည်ဟည်းသံကို နားဆင်သင့်သည်။ သူနှင့်ဆိုလျှင်၊ အရာရာတိုင်းသည် ဘယ်သောအခါမျှ ပြန်လည်ဖုံးကွယ်ထားခြင်း ဖြစ်မလာစေရန် ထင်ရှားစေခြင်းခံရပြီး နောက်ထပ်ဝမ်းနည်းစရာ မရှိပေ။ အရာအားလုံးကို ဖော်ထုတ်ပြီး အရာအားလုံးသည် အောင်မြင်လေသည်။

အနန္တဘုန်းခိုးရှင်ဘုရားသခင်၏ တံပိုးခုနစ်လုံးသည် ဖွင့်ပြီး ဘုန်းအသရေရှိ၍ အောင်မြင်ခြင်းနှင့်ပြည့်စုံသော တံပိုးများဖြစ်သည်။ ၎င်းတို့သည် သူ၏ရန်သူများကို တရားစီရင်သော တံပိုးများလည်းဖြစ်သည်။ သူ၏အောင်မြင်ခြင်း အလယ်တွင် သူ၏ဦးချိုသည် ချီးမြှောက်ခြင်းကို ခံရသည်။ သူသည် စကြဝဠာတစ်ခုလုံးအပေါ် အုပ်စိုးသည်။

သူသည် ဘေးဒဏ်များ၏ ဖလားခုနစ်လုံးကို ပြင်ဆင်ပြီး၊ သူ၏ရန်သူများအပေါ်တွင် အကြီးကျယ်ဆုံး အဆင့်ထိ လျင်မြန်စွာ လွှတ်ပေးပြီ။ သူတို့သည် သူ့အမျက်တော်မီးများ၏ ဝါးမျိုခြင်းကို ခံကြရမည် ဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်သည် သူ့ရန်သူများအပေါ်တွင် သူ့သြဇာအာဏာ၏ခွန်အားကိုပြပြီး သူ့ရန်သူအားလုံးသည် သေဆုံးကြသည်။ နောက်ဆုံးသော မိုးချုန်းသံခုနစ်ချက်သည် အနန္တတန်ခိုးရှင် ဘုရားသခင်၏ရှေ့မှောက်တွင် ချိပ်ပိတ်ထားခြင်း ခံရမည် မဟုတ်တော့ပေ။ ၎င်းတို့အားလုံးသည် ဖွင့်လျက် ရှိကြသည်။ အားလုံးသည် ဖွင့်လျက်ရှိကြပြီ။ ဘုရားသခင်သည် သူ့ရန်သူများကို မိုးချုန်းသံ ခုနစ်ချက်ဖြင့် သေစေပြီး မြေကြီးကို တည်ငြိမ်စေကာ သူ့ကိုအစေခံဖို့နှင့် ဘယ်သောအခါမျှ ထပ်မံ၍ အကြွင်းမဲ့ဖျက်ဆီးခြင်း မခံရရန် လုပ်ဆောင်သည်။

ဖြောင့်မတ်သော အနန္တတန်ခိုးရှင်ဘုရားသခင်၊ ငါတို့ သင့်ကို ထာဝရ ချီးမွမ်းပါ၏။ သင်သည် မကုန်လွန်နိုင်သော ချီးမွမ်းခြင်း၊ မကုန်ဆုံးနိုင်သော ထောမနာပြုခြင်းနှင့် ချီးမြှောက်ခြင်းကို ခံထိုက်ပေ၏။ သင်၏ မိုးချုန်းသံ ခုနစ်ချက်သည် သင်၏ တရားစီရင်ခြင်းအတွက် သက်သက်သာမဟုတ်ဘဲ အရာအားလုံးကို ပြီးပြည့်စုံစေရန်အလို့ငှာ သင်၏ ဘုန်းနှင့် အာဏာအတွက် သာ၍ဖြစ်ပေသည်။

လူမျိုးအပေါင်းတို့သည် ပလ္လင်ရှေ့တွင် ဂုဏ်ပြုကာ၊ အနန္တတန်ခိုးရှင် ဘုရားသခင်၊ နောက်ဆုံးသောကာလ၏ ခရစ်တော်ကို ထောမနာပြုလျက် ချီးမွမ်းနေကြသည်တကား။ သူတို့၏ အသံများသည် မိုးချုန်းသံကဲ့သို့ စကြဝဠာတစ်ခွင်လုံးကို လှုပ်ခါလေ၏။ အရာရာတိုင်းသည် အမှန်တကယ်ပင် သူ့ကြောင့်သာ တည်ရှိကြပြီး သူ့ကြောင့်သာ ထကြွကြသည်။ အားလုံးသော ဘုန်းအသရေ၊ ဂုဏ်ပြုခြင်း၊ သြဇာအာဏာ၊ ဉာဏ်ပညာ၊ သန့်ရှင်ခြင်း၊ အောင်နိုင်ခြင်းနှင့် ဗျာဒိတ်များသည် သူ့ကြောင့်သာဖြစ်ကြောင်း လုံးလုံးလျားလျား မယူမှတ်ဘဲ မည်သူသည် နေဝံ့သနည်း။ ဤအရာသည် သူ့အလိုတော်ကို ပြည့်စုံစေခြင်းဖြစ်ပြီး သူ့စီမံခန့်ခွဲမှုကို ဖော်ဆောင်ခြင်း၏ နောက်ဆုံး ပြီးမြောက်ခြင်းပင်ဖြစ်သည်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။