သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ

Recital-Christ-expression
နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ

အမျိုးအစားများ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ
အနန္တတန်ခိုးရှင်ဘုရားသခင်၏ ဖွင့်ဆိုချက်များ (ဘုရားသခင်ကို သိကျွမ်းရာ လမ်းခရီး)
အနန္တတန်ခိုးရှင် ဘုရားသခင်၏ မိန့်မြွက်ချက်များ (ဘုရားသခင်ကို သိကျွမ်းရာ လမ်းခရီး)
ဘုရားသခင်ထံမှ ဂန္တဝင် နှုတ်ကပတ်တော်များ (ကောက်နုတ်ချက်များ)
ဘုရားသခင်ထံမှ ဂန္တဝင် နှုတ်ကပတ်တော်များ (ကောက်နုတ်ချက်များ)

လူသားအနေဖြင့် ဘုရားသခင်ကို ပထမဦးစွာယုံကြည်သည့်အခါမှစ၍ သူရရှိထားသည့်အရာသည် မည်သည့်အရာနည်း။ ဘုရားသခင်၏ အကြောင်း သင် မည်သည့်အရာ သိရှိလာပြီးဖြစ်သနည်း။ ဘုရားသခင်၌ သင်၏ယုံကြည်ခြင်းကြောင့် သင်မည်မျှ ပြောင်းလဲပြီးဖြစ်သနည်း။ ယခုဆိုလျှင် သင်တို့အားလုံး ဘုရားသခင်၌ လူသား၏ယုံကြည်ခြင်းသည် ဝိညာဉ်ကယ်တင်ခြင်းနှင့် ဇာတိခန္ဓာ၏ သုခချမ်းသာအတွက်သာလျှင် မဟုတ်သလို၊ ဘုရားသခင်အား ချစ်ခြင်းမှတစ်ဆင့် သူ၏အသက်တာအား ကြွယ်ဝချမ်းသာစေရန် မဟုတ်မှန်း အစရှိသည်ဖြင့် သိနားလည်ကြသည်။ ဤသို့ဖြစ်သည့်အတိုင်း သင်သည် ဇာတိခန္ဓာ၏ သုခချမ်းသာ သို့မဟုတ် တစ်ခဏတာ သာယာမှုအတွက် ဘုရားသခင်ကို ချစ်ပါက၊ ထို့နောက် အဆုံး၌ ဘုရားသခင်အား သင်၏ချစ်ခြင်းသည် အထွတ်အထိပ် ရောက်ရှိပြီး နောက်ထပ် သင်ဘာမျှပင်မတောင်းဆိုလင့်ကစား သင်ရှာဖွေသော ဤချစ်ခြင်းမေတ္တာသည် ညစ်ညမ်းသော ချစ်ခြင်းမေတ္တာသာ ဖြစ်ပြီး ဘုရားသခင်အဖို့ နှစ်လိုဖွယ်ရာ မဟုတ်ပေ။ ဘုရားသခင်အားချစ်ခြင်းကို မိမိတို့၏ ငြီးငွေ့ဖွယ် တည်ရှိမှုကို ကြွယ်ဝချမ်းသာစေရန်နှင့် မိမိတို့နှလုံးသားများရှိ လစ်ဟာမှုကို ဖြည့်ဆည်းရန် အသုံးပြုသူများမှာ ငြိမ်းအေးသက်သာသော အသက်တာကို အလိုကြီးသော လူမျိုးများသာ ဖြစ်ပြီး ဘုရားသခင်ကိုချစ်ရန် အမှန်တကယ် ရှာဖွေနေသောသူများ မဟုတ်ပေ။ ဤချစ်ခြင်းမျိုးသည် အတင်းအကျပ်ချစ်ခြင်း ဖြစ်သည်၊ စိတ်ကျေနပ်မှုကို လိုက်စားခြင်းဖြစ်ပြီး ဘုရားသခင်သည် ဤကဲ့သို့သော အရာကို မလိုအပ်ပေ။ ထို့ကြောင့် သင်၏ချစ်ခြင်းသည် မည်ကဲ့သို့သော ချစ်ခြင်းမျိုးနည်း။ ဘုရားသခင်ကို သင်မည်သည့်အတွက်ကြောင့် ချစ်သနည်း။ ယခုတွင် သင့်အတွင်း၌ ဘုရားသခင်အတွက် စစ်မှန်သောချစ်ခြင်း မည်မျှရှိ သနည်း။ သင်တို့အများစု၌ရှိသော ချစ်ခြင်းသည် ယခင် အထက်တွင် ဖော်ပြခဲ့ပြီးသည့် အမျိုးအစားဖြစ်သည်။ ထိုကဲ့သို့သော ချစ်ခြင်းမျိုးသည် ရှိရင်းစွဲကိုသာလျှင် ထိန်းသိမ်းနိုင်၏၊ ထာဝရတည်မြဲမှုကို မရရှိနိုင်သကဲ့သို့ လူသား၌လည်း အမြစ်တွယ်နိုင်မည် မဟုတ်ပေ။ ဤချစ်ခြင်းမျိုးသည် အသီးမသီးဘဲ ပွင့်လန်းပြီး ညှိုးနွမ်းသောပန်းနှင့်သာ တူသည်။ တစ်နည်းအားဖြင့်ဆိုရလျှင် ဘုရားသခင်ကို ထိုကဲ့သို့သောနည်းဖြင့် တစ်ကြိမ်ချစ်ပြီးနောက်တွင် ရှေ့၌ရှိသောလမ်းကြောင်း၌ သင့်ကိုဦးဆောင်မည့်သူ မရှိပါက၊ သင်သည် လဲပြိုကျသွားမည်ဖြစ်သည်။ သင်သည် ဘုရားသခင်အား ချစ်နေသည့်အချိန်များ၌သာ ချစ်နိုင်သော်လည်း နောက်ပိုင်းတွင် သင်၏အသက်တာ စိတ်သဘောထား မပြောင်းလဲဘဲ ရှိနေပါက၊ သင်သည် အမှောင်ထုလွှမ်းမိုးမှု၏ ပိတ်ဖုံးမှုအောက်မှ မလွတ်မြောက်နိုင်ဘဲနေပြီး စာတန်မာရ်နတ်၏ အနှောင်အဖွဲ့များနှင့် ယင်း၏ လိမ်လည်လှည့်စားမှုမှလည်း သင်ရုန်းထွက်နိုင်လိမ့်မည် မဟုတ်ပေ။ ဤကဲ့သို့သောလူ မည်သူမျှ ဘုရားသခင်၏ အပြည့်အဝရယူခြင်းကို မခံရနိုင်ပေ။ အဆုံး၌ သူ၏ဝိညာဉ်၊ စိတ်နှင့်ခန္ဓာသည် စာတန်မာရ်နတ်နှင့် သက်ဆိုင်နေဦးမည်။ ဤအကြောင်းနှင့်ပတ်သက်၍ သံသယမရှိနိုင်ပေ။ ဘုရားသခင်၏ အပြည့်အဝရယူခြင်းကို မခံရနိုင်သောသူများသည် သူတို့၏မူလနေရာ၊ ဆိုလိုသည်မှာ စာတန်မာရ်နတ်ထံသို့ ပြန်သွားမည်ဖြစ်ပြီး ဘုရားသခင်၏ အပြစ်ဒဏ်ပေးခြင်းဖြစ်သော နောက်တစ်ဆင့်ကို ခံယူရန် ကန့်နှင့်ရောနှောသောမီးအိုင်သို့ ဆင်းသက်ကြလိမ့်မည်။ ဘုရားသခင်၏ ရယူခြင်းခံရသူတို့သည် စာတန်မာရ်နတ်အား ကျောခိုင်းပြီး သူ၏အုပ်စိုးမှုအောက်မှလည်း လွတ်မြောက်သောသူများ ဖြစ်သည်။ ထိုသူတို့ကို နိုင်ငံတော်၏လူများထဲတွင် တရားဝင် ထည့်တွက်ထားသည်။ ဤသည်မှာ နိုင်ငံတော်၏လူများ ဖြစ်ပေါ်လာပုံဖြစ်သည်။ သင်သည် ဤကဲ့သို့သောလူမျိုးဖြစ်လာရန် ဆန္ဒရှိသလော။ သင်သည် ဘုရားသခင်၏ ရယူခြင်းခံရရန် ဆန္ဒရှိသလော။ စာတန်၏ အုပ်စိုးမှုအောက်မှ လွတ်မြောက်၍ ဘုရားသခင်ထံ ပြန်လာရန် ဆန္ဒရှိသလော။ ယခု သင်သည် စာတန်နှင့် သက်ဆိုင်သလော သို့မဟုတ် နိုင်ငံတော်၏လူများထဲတွင် ထည့်တွက်ခံရသလော။ ဤအရာများသည် ရှင်းရှင်းလင်းလင်း ဖြစ်သင့်ပြီး နောက်ထပ်ရှင်းပြချက် မလိုအပ်ပေ။

အတိတ်ကာလတွင် လူအများသည် အားကြီးသော ရည်မှန်းချက်နှင့် အယူအဆများဖြင့် ရှာဖွေခဲ့ကြသည်၊ ၎င်းတို့သည် မိမိတို့ကိုယ်ပိုင်မျှော်လင့်ချက်များ၏ အကျိုးဆက်အဖြစ် ရှာဖွေကြခြင်းဖြစ်သည်။ ထိုကဲ့သို့သော အကြောင်းကိစ္စများအား ခဏတာမျှ ဘေးဖယ်ထားကြပါစို့၊ ယခု အဓိကအရေးကြီးသော အရာမှာ သင်တို့တစ်ဦးစီကို ဘုရားသခင်၏ ရှေ့မှောက်တွင် ကောင်းမွန်သင့်လျော်သော အခြေအနေတစ်ခုကို ထိန်းသိမ်းစေ၍ စာတန်၏ လွမ်းမိုးခြင်း အချုပ်အနှောင်များမှ တဖြည်းဖြည်းလွတ်မြောက်စေမည့် လက်တွေ့ကျင့်သုံးမှု နည်းလမ်းတစ်ခုအား ရှာဖွေရန်ဖြစ်သည်၊ ဤသို့အားဖြင့် သင်သည် ဘုရားသခင်၏ ရယူခြင်းခံရနိုင်ရန်နှင့် သင့်အား ဘုရားသခင်စေခိုင်းသည့်အရာကို လောကတွင် အသက်ရှင်နေထိုင်နိုင်ရန် ဖြစ်သည်။ ဤနည်းအားဖြင့်သာလျှင် သင်သည် ဘုရားသခင်၏ ရည်ရွယ်ချက်များအား ဖြည့်ဆည်းပေးနိုင်မည် ဖြစ်သည်။ လူအများသည် ဘုရားသခင်အား ယုံကြည်ကြသည်၊ သို့သော် ဘုရားသခင်အလိုရှိသည်မှာ အဘယ်အရာဖြစ်သည် သို့မဟုတ် စာတန်အလိုရှိသည်မှာ အဘယ်အရာဖြစ်သည်ကိုလည်း မသိကြပေ။ သူတို့သည် ရူးမိုက်စွာ၊ ယောင်ချာချာနှင့် ယုံကြည်ကြပြီး ရေလိုက်ငါးလိုက်ဖြင့်သာ လိုက်လျှောက်ကြသဖြင့် လျော်ကန်သော ခရစ်ယာန်အသက်တာကို မည်သည့်အခါမျှ ရရှိခဲ့ခြင်းမရှိပေ။ ထို့ထက်ပို၍ သူတို့သည် ဘုရားသခင်နှင့် ကောင်းမွန်သင့်လျော်သော ဆက်ဆံရေးမဆိုထားနှင့်၊ ကောင်းမွန်သင့်လျော်သော ပုဂ္ဂိုလ်ရေးဆက်ဆံရေးများလည်း မည်သည့်အခါမျှ မရှိခဲ့ကြပေ။ ဤအရာမှနေ၍ လူသား၏ အခက်အခဲများ၊ အားနည်းချက်များနှင့် ဘုရားသခင်၏ အလိုတော်ကို ကဖျက်ယဖျက်လုပ်နိုင်သည့် အခြားသောအရာများမှာ များပြားကြောင်း တွေ့ရှိနိုင်သည်။ လူသားတို့သည် မှန်ကန်သော လမ်းကြောင်းပေါ်တွင် ရောက်ရှိနေခြင်း မရှိသေးသကဲ့သို့ လူ့ဘ၀၏ စစ်မှန်သော အတွေ့အကြုံအတွင်း ၀င်ရောက်ပြီးခြင်း မရှိသေးကြောင်း ဤအခြင်းအရာက အလုံအလောက် သက်သေပြနေသည်။ ထိုသို့ဆိုလျှင် လမ်းကြောင်းမှန်ပေါ် ရောက်ရှိခြင်းသည် အဘယ်အရာကို ဆိုလိုသနည်း။ လမ်းကြောင်းမှန်ပေါ် ရောက်ရှိခြင်းဆိုသည်မှာ ဘုရားသခင်၏ ရှေ့တော်မှောက်တွင် မိမိ၏နှလုံးသားအား အချိန်တိုင်းတွင် ငြိမ်သက်စေနိုင်ခြင်းနှင့် ဘုရားသခင်နှင့် ကောင်းမွန်သင့်လျော်စွာ ဆက်ဆံပြောဆိုနိုင်ခြင်း၊ လူသားတို့၌ ကင်းမဲ့လျက်ရှိနေသောအရာကို တဖြည်းဖြည်းသိလာပြီး ဘုရားသခင်အပေါ် သာ၍နက်နဲစွာ သိနားလည်လာမှုအား တဖြည်းဖြည်းရရှိခြင်းကို ဆိုလိုသည်။ ဤအရာမှတစ်ဆင့် သင်၏ဝိညာဉ်သည် နေ့စဉ်တိုင်းတွင် အသစ်သော ထိုးထွင်းသိမြင်ခြင်းနှင့် အသစ်သော ဉာဏ်အလင်းပွင့်ခြင်းတို့ကို ရရှိသည်၊ သင်၏တောင့်တခြင်းသည် ကြီးထွားလာ၏၊ သင်သည် သမ္မာတရားအတွင်းသို့ ဝင်ရောက်ရန် ကြိုးပမ်းပြီး၊ နေ့ရက်တိုင်းတွင် အသစ်သောအလင်းနှင့် အသစ်သောနားလည်ခြင်းတို့ ရှိလာမည် ဖြစ်သည်။ ဤလမ်းကြောင်းမှတစ်ဆင့် သင်သည် စာတန်၏ လွှမ်းမိုးခြင်းကို တဖြည်းဖြည်းချိုးဖျက်ပြီး သင်၏အသက်တာ၌ ပိုမိုကြီးထွားလာမည် ဖြစ်သည်။ ထိုကဲ့သို့သောသူများသည် လမ်းကြောင်းမှန်ပေါ်တွင် ၀င်ရောက်ပြီးဖြစ်သည်။ သင်ကိုယ်တိုင်၏ အမှန်တကယ် အတွေ့အကြုံများအား စစ်ဆေးကာ သင်၏ယုံကြည်ခြင်း၌ လျှောက်လှမ်းခဲ့သောလမ်းအား ဆန်းစစ်လော့။ သင့်ကိုယ်သင် ဤအရာများအားလုံးဖြင့် တိုင်းတာလော့- သင်သည် လမ်းကြောင်းမှန်ပေါ်တွင် ရောက်ရှိပြီလော။ မည်သည့်ကိစ္စရပ်များတွင် သင်သည် စာတန်မာရ်နတ်၏ ချုပ်နှောင်မှုများနှင့် စာတန်မာရ်နတ်၏ စွမ်းအားမှ လွတ်မြောက်ခဲ့ပြီးဖြစ်သနည်း။ သင်သည် လမ်းကြောင်းအမှန်ပေါ်တွင် ရောက်ရှိရန် လိုအပ်နေသေးလျှင် စာတန်နှင့်သင်၏ ဆက်နွှယ်မှုသည် မဖြတ်တောက်ရသေးပေ။ ဤသည်မှာ မှန်ကန်ပါက၊ ဘုရားသခင်ကို ချစ်ရန် သင်၏ ကြိုးစားခြင်းသည် သင့်အား စစ်မှန်သော၊ မြဲမြံ၍ သန့်ရှင်းသော ချစ်ခြင်းမေတ္တာတစ်ခုသို့ ဦးဆောင်လမ်းပြမည်လော။ ဘုရားသခင်အား သင်၏ချစ်ခြင်းသည် မဆုတ်မနစ်၊ နှလုံးသားဖြင့် အူလှိုက်သည်းလှိုက် ခံစားသောချစ်ခြင်းဟု သင်ပြောသော်လည်း စာတန်မာရ်နတ်၏ ချုပ်နှောင်ခြင်းမှ သင်လွတ်မြောက်ခြင်း မရှိသေးပေ။ သင်သည် ဘုရားသခင်အား လှည့်စားနေခြင်း မဟုတ်လော။ ဘုရားသခင်အပေါ် သင်၏ချစ်ခြင်းသည် မသန့်ရှင်းခြင်းကင်းသည့် အခြေအနေတစ်ရပ်ကို သင်ရရှိလိုပြီး၊ ဘုရားသခင်၏ ရယူခြင်းကို အပြည့်အဝခံရလိုကာ နိုင်ငံတော်၏ လူများထဲတွင် ထည့်တွက်ခံရလိုပါက သင့်ကိုယ်သင် လမ်းကြောင်းမှန်ပေါ် ရောက်ရှိရန် အရင်ဆုံး လုပ်ဆောင်ရမည်ဖြစ်သည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ

ဘုရားသခင်၏ အလုပ်ကို ကိုယ်တွေ့ ကြုံတွေ့သော သူသာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်၏ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၅ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၆ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၉ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၀ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၅ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၆ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၉ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၂၄ ဘုရားသခင်သည် လူသားအားလုံး၏ ကံကြမ္မာကို ထိန်းချုပ်ထား၏ အကျင့်ပျက်သောလူသားသည် ဘုရားသခင်ကို ကိုယ်စားပြုခြင်းငှာ မတတ်စွမ်းနိုင် ပြီးပြည့်စုံလင်စေခြင်း ခံရပြီးသော သူတို့ဆီသို့ ကတိတော်များ ဆိုးသွမ်းသောသူသည် အပြစ်ဒဏ်ပေးခြင်းခံရမည် ခေတ်သစ်၏ ပညတ်တော်များ အနှစ်တစ်ထောင် နိုင်ငံတော် ရောက်ရှိလာပြီ လက်တွေ့ကျသော ဘုရားသခင်ဆိုသည်မှာ ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည်ကို သင်သိသင့်သည် ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားများ စကြဝဠာတစ်ခွင်လုံး ပျံ့နှံ့သွားမည်ဟု နိမိတ်ပြနေသည့် မိုးချုန်းသံ ခုနစ်ချက် လူ့ဇာတိခံယူထားသော ဘုရားသခင်နှင့် ဘုရားအသုံးပြုသောလူတို့ကြား ပဓာနကျသည့် ကွာခြားချက် ဘုရားသခင်အား ယုံကြည်ခြင်း၌ ဘာသာရေး ထုံးတမ်းဓလေ့များထက် လက်တွေ့အရှိတရားအပေါ်တွင် အာရုံစိုက်သင့်သည် ဘုရားသခင်ကို စစ်မှန်သော နှလုံးသားနှင့် နာခံသောသူတို့သည် ဘုရားသခင်ပိုင်သောသူများ ဧကန်အမှန် ဖြစ်ကြလိမ့်မည် အရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် စွမ်းဆောင်ရရှိသည် - အပိုင်း နှစ် အရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် စွမ်းဆောင်ရရှိသည် - အပိုင်း တစ် ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည် - အပိုင်း တစ် ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည် - အပိုင်း နှစ် ဘုရားသခင်ကို ချစ်သောသူများသည် သူ၏အလင်းထဲတွင် ထာဝရနေထိုင်လိမ့်မည် မပြောင်းလဲသော စိတ်သဘောထား ရှိခြင်းသည် ဘုရားသခင်နှင့် ရန်ဘက်ပြုခြင်းဖြစ်သည် သုံးပါးတစ်ဆူ တည်ရှိပါသလော - အပိုင်း တစ် သုံးပါးတစ်ဆူ တည်ရှိပါသလော - အပိုင်း နှစ် ဘုရားသခင်နှင့် ပတ်သက်၍ သင်မည်သို့ နားလည်သနည်း အမျက်ဒေါသကျရောက်မည့်နေ့ကို ဇာတိပကတိဖြစ်သောသူ အဘယ်သူမှ လွတ်မြောက်နိုင်မည် မဟုတ်ပါ ကယ်တင်ရှင်သည် "ဖြူသောမိုးတိမ်" အားစီးလျက် ကြွလာခဲ့ပြီးဖြစ်သည် ဧဝံဂေလိတရားကို ဖြန့်ဝေသည့် အလုပ်သည် လူသားကို ကယ်တင်သည့် အလုပ်လည်းဖြစ်သည် ဘုရားသခင်ကို မိမိ၏ အယူအဆများထဲတွင် အနက်အဓိပ္ပာယ် ဖွင့်ဆိုထားပြီးဖြစ်သော လူသားမှာ ဘုရားသခင်၏ ဗျာဒိတ်များကို အဘယ်သို့ လက်ခံရရှိနိုင်မည်နည်း ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည် - အပိုင်း တစ် ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည် - အပိုင်း သုံး ဘုရားသခင်၏ အလုပ်နှင့် လူ၏လက်တွေ့လုပ်ဆောင်မှု - အပိုင်း တစ် ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည် - အပိုင်း တစ် ဘုရားသခင်၏ အလုပ်နှင့် လူ၏လက်တွေ့လုပ်ဆောင်မှု - အပိုင်း နှစ် လူသား၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း - အပိုင်း တစ် လူသား၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း - အပိုင်း နှစ် လူသား၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း - အပိုင်း သုံး ခေါ်ခြင်းခံရသူ များသော်လည်း ရွေးကောက်ခံရသူ နည်းပါး၏ ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏ ဘုရားသခင်သည် လူသားများအကြား၌ ကြီးမားသည့် အမှုအား ဆောင်ရွက်ခဲ့သည်ကို သင်သိပါသလား နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည် ဘုရားသခင်၏ စိတ်နေသဘောထားကို နားလည်ရန် လွန်စွာအရေးကြီး၏ နိုင်ငံတော်ခေတ်၌ ဘုရားသခင်၏ရွေးချယ်ခံရသူများလိုက်နာရမည့် အုပ်ချုပ်မှုဆိုင်ရာ အမိန့်တော် ဆယ်ရပ် သင်တို့၏ လုပ်ဆောင်ချက်တို့ကို သင်တို့ ပြန်စဉ်းစားသင့်သည် ဘုရားသခင်သည် လူ့အသက်တာ၏ အရင်းအမြစ်ဖြစ်သည် စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၂၉ သင်၏အနာဂတ်သာသနာပြုလုပ်ငန်းကို မည်သို့အာရုံစိုက်၍ လုပ်ဆောင်သင့်သနည်း ဘုရားသခင်၏ စီမံခန့်ခွဲမှုအထဲ၌သာ လူသားသည် ကယ်တင်ခြင်း ခံရနိုင်သည် ဘုရားသခင်ကို မသိသောသူ အားလုံးသည် ဘုရားသခင်ကို ဆန့်ကျင်သောသူများ ဖြစ်ကြသည် အမည်နာမများနှင့် သွင်ပြင်လက္ခဏာနှင့် ပတ်သက်၍ - အပိုင်း တစ် စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၂ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၈ ပေတရု၏ အတွေ့အကြုံများ- သူသိသော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအကြောင်း - အပိုင်း တစ် ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည် - အပိုင်း နှစ် လက်တွေ့ကျခြင်းကို မည်သို့သိမည်နည်း စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၂၈ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည် - အပိုင်း နှစ် ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည် - အပိုင်း သုံး ဘုရားသခင်၏ ယနေ့အမှုကို သိသောသူများသာလျှင် ဘုရားသခင်ကို အစေခံနိုင်သည် အောင်မြင်မှုနှင့် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည် - အပိုင်း တစ် ယုံကြည်ခြင်းအကြောင်း သင်ဘာသိသနည်း လူသားမျိုးနွယ် တစ်ရပ်လုံးသည် လက်ရှိအချိန်အထိ မည်ကဲ့သို့ ဖွံ့ဖြိုးတိုးတက်လာပုံကို သင်သိသင့်သည် - အပိုင်း နှစ် စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၂၇ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၃ ဘုရားသခင်၏ အလုပ်နှင့် လူ၏လက်တွေ့လုပ်ဆောင်မှု - အပိုင်း သုံး လူဇာတိခံယူသော ဘုရားသခင်၏အမှုတော်နှင့် လူ၏တာဝန် ကွဲပြားခြားနားမှု - အပိုင်း နှစ် လူဇာတိခံယူသော ဘုရားသခင်၏အမှုတော်နှင့် လူ၏တာဝန် ကွဲပြားခြားနားမှု - အပိုင်း တစ် သင်သည် ဘုရားသခင်ကို ယုံကြည်ရာတွင်၊ ဘုရားသခင်ကို နာခံသင့်သည် လူသားမျိုးနွယ် တစ်ရပ်လုံးသည် လက်ရှိအချိန်အထိ မည်ကဲ့သို့ ဖွံ့ဖြိုးတိုးတက်လာပုံကို သင်သိသင့်သည် - အပိုင်း တစ် သင်မည်သူ့ကို သစ္စာစောင့်သိသနည်း သတိပေးချက် သုံးချက် ပေတရု၏ အတွေ့အကြုံများ- သူသိသော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအကြောင်း - အပိုင်း သုံး စစ်မှန်သော လူသားဆိုသည်မှာ အဘယ်နည်း ဘုရားသခင်၏ အလုပ်နှင့် လူသား၏အလုပ် - အပိုင်း နှစ် "နှစ်တစ်ထောင်နိုင်ငံတော် ရောက်ရှိလာခဲ့ပြီ" အကြောင်း အကျဉ်းချုပ်ဆွေးနွေးချက် ခရစ်တော်နှင့် သဟဇာတမဖြစ်သောသူများသည် အကယ်စင်စစ် ဘုရားသခင်၏ အတိုက်အခံများဖြစ်ကြသည် ဘုရားသခင်နှင့် လူသားသည် အနားယူခြင်းထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည် - အပိုင်း တစ် စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၇ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၂၅ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၈ အောင်မြင်မှုနှင့် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည် - အပိုင်း နှစ် စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၂၁ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၂၂ စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၂၃ ဘုရားသခင်၏ အလုပ်နှင့် လူသား၏အလုပ် - အပိုင်း တစ် သင်သည် ခရစ်တော်နှင့် သဟဇာတဖြစ်ရေးအတွက် လမ်းခရီးကို ရှာဖွေသင့်သည် စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၁ ပေတရု၏ အတွေ့အကြုံများ- သူသိသော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအကြောင်း - အပိုင်း နှစ် ဘုရားသခင်နှင့် လူသားသည် အနားယူခြင်းထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည် - အပိုင်း နှစ် ဘုရားသခင်နှင့် လူသားသည် အနားယူခြင်းထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည် - အပိုင်း သုံး စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၄ ဘုရားသခင်၏ အလုပ်နှင့် လူသား၏အလုပ် - အပိုင်း သုံး လူသားတွေးခေါ်သည့်အတိုင်း ဘုရားသခင်၏ အမှုသည် ရိုးရှင်းလွန်းသလော စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၄ သင်သက်ဝင်လှုပ်ရှားလာပြီလော အမည်နာမများနှင့် သွင်ပြင်လက္ခဏာနှင့် ပတ်သက်၍ - အပိုင်း နှစ် ဘုရားသခင်၏ ယနေ့ကာလ အလုပ်ကို သိခြင်း နိုင်ငံတော်ခေတ်သည် နှုတ်ကပတ်တော်ခေတ်ဖြစ်သည် - အပိုင်း နှစ် ယေရှု၏ဝိညာဉ်ခန္ဓာကို သင်တွေ့သည့်အချိန်သည် ဘုရားသခင်မှ ကောင်းကင်နှင့်မြေကြီး အသစ်တစ်ဖန်ပြန်၍ပြုလုပ်ပြီးချိန် ဖြစ်မည် အနန္တတန်ခိုးရှင် သက်ပြင်းချတော်မူခြင်း နိုင်ငံတော်ခေတ်သည် နှုတ်ကပတ်တော်ခေတ်ဖြစ်သည် - အပိုင်း တစ် ရွေးနုတ်ခြင်းခေတ်၏အမှု နောက်ကွယ်မှ အဖြစ်မှန် ဘုရားသခင်၏အလိုတော်နှင့် လိုက်လျောညီထွေစွာ အစေခံနည်း ပညတ်တော်ခေတ်မှ အမှုတော် စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၇ ဘုရားသခင်၏ ပေါ်ထွန်းခြင်းသည် ခေတ်သစ်တစ်ခေတ်ကို အစပြုခဲ့၏ ဘာသာရေးအမှုဆောင်ခြင်းကို သန့်စင်ရမည် ခရစ်တော်၏ဂုဏ်ဒြပ်မှာ ကောင်းကင်ဘုံ၌ ရှိတော်မူသော ခမည်းတော်၏ အလိုတော်ကို ဆောင်ခြင်းဖြစ်သည် သင်သည် ဘုရားသခင်ကို ယုံကြည်သူစစ်စစ် ဖြစ်သလော ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှု၌ ဘုရားသခင်၏ ပုံသဏ္ဌာန်ကို မြင်ခြင်း လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၃) (ကောက်နုတ်ချက်များ) လူ့ဇာတိခံယူခြင်းနှစ်ကြိမ်သည် လူ့ဇာတိခံယူခြင်း၏ ရည်ရွယ်ချက်ကို ပြည့်စုံစေသည် ယုံကြည်သူများသည် မည်သည့်ရှုထောင့်အား ဆုပ်ကိုင်ထားသင့်သနည်း လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၂) သိမ်းပိုက်ခြင်းအလုပ်၏ အတွင်းသမ္မာတရား (၂) သိမ်းပိုက်ခြင်းအလုပ်၏ အတွင်းသမ္မာတရား (၃) (ကောက်နုတ်ချက်များ) အမှုတော်နှင့် ဝင်ရောက်ခြင်း (၅) (ကောက်နုတ်ချက်များ) အမှုတော်နှင့် ဝင်ရောက်ခြင်း (၂) (ကောက်နုတ်ချက်များ) အမှုတော်နှင့် ဝင်ရောက်ခြင်း (၁၀) ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃) - အပိုင်း နှစ်

00:00
00:00

0ရှာဖွေခြင်း ရလဒ်များ

ဖတ်ကြားခြင်းများ