၁၃၂ စိတ်ထိခိုက်ခံစားရသော ခွဲခွာခြင်း

၁ ဘုရားသခင်နှင့်အတူ ကျွန်ုပ်တို့၏ အချိန်များကို ပြန်ကြည့်ရင်း- ပျော်ရွင်ရယ်မောခြင်းများနှင့် နာကျင်ခြင်း မျက်ရည်များ ရှိပေ။ ဘုရားသခင်၏ ဖော်ပြုခြင်း၌ ကျွန်ုပ်တို့၏ နေ့ရက်များ မည်မျှ ပျော်စရာ ဖြစ်ခဲ့ပေ။ ၎င်းတို့က ကျွန်ုပ်တို့ ဘယ်သောအခါမျှ မမေ့ပျောက်မည့် အမှတ်ရစရာများ ပေးခဲ့။ အို ဘုရားသခင်။ စုဝေးခဲ့သည့် နှစ်များစွာအတောအတွင်း၊ ကိုယ်တော်၏ သမ္မာတရားများက ကျွန်ုပ်တို့၏ ဖောက်ပြန်ပျက်စီးခြင်းကို သန့်စင်ပြီ။ ယခု သမ္မာတရားကို ကျွန်ုပ်တို့ နားလည်သည့်အတွက်၊ ကျွန်ုပ်တို့ ပြောင်းလဲကာ လူသစ်များ ဖြစ်လာပြီ။ အလွန်ဖြူစင်လှ၊ ကိုယ်တော့် ချစ်မေတ္တာ ကျွန်ုပ်တို့၏ စိတ်နှလုံးအတွင်း နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်။ ကိုယ်တော်၏ နှုတ်ကပတ်တော်များက ကျွန်ုပ်တို့၏ ယုံကြည်ခြင်းနှင့် ချစ်ခြင်း ဖြစ်လာပြီ။ ကိုယ်တော့်အတွက် ကျွန်ုပ်တို့၏ ခံစားချက်များက နက်ရှိုင်းပေ၊ ကိုယ်တော့်ထံမှ ကျွန်ုပ်တို့ မခွဲနိုင်ပေ။ သို့သော် ယနေ့ ကျွန်ုပ်တို့ကို မကြာခင် ကိုယ်တော် စွန်ခွာတော့မည်။ ကျွန်ုပ်တို့ အဘယ်သို့ ဝန်မလေးဘဲ နေနိုင်မည်နည်း။

၂ ကိုယ်တော် ကျွန်ုပ်တို့နှင့်အတူ နေ့နေ့ ညည နေထိုင်ခဲ့။ နေ့တိုင်း ကျွန်ုပ်တို့ကို ရေလောင်းရန် သမ္မာတရားကို ကိုယ်တော် ဖော်ပြခဲ့။ ဖောက်ပြန်ပျက်စီးမှု အလွန်များစွာ ကျွန်ုပ်တို့ ထုတ်ဖော်ပြကာ ကိုယ်တော့်ကို နာကျင်စေခဲ့။ စိတ်ရှည်ကာ သည်းခံလျက်၊ ကိုယ်တော် ကျွန်ုပ်တို့ကို အစဉ် လမ်းညွှန်ခဲ့။ အို ဘုရားသခင်။ ကျွန်ုပ်တို့ကို ကယ်တင်ဖို့ အင်မတန် နာကျင်မှုများ ကိုယ်တော် ခံယူခဲ့။ ကျွန်ုပ်တို့၏ ဝိညာဉ်ရေး အသက်တာများ မည်မျှ မရင့်ကျက်သည်ကို ကိုယ်တော် မြင်ကာ စိုးရိမ်ပူပန်ပြီး သောကတိုးပွားခဲ့။ သမ္မာတရားအကြောင်း ကိုယ်တော် စိတ်ရှည်စွာ မိတ်သဟာယပြုခဲ့၊ ကျွန်ုပ်တို့ကို အားပေးကာ ထောက်ပံ့ရင်းလေ။ စမ်းသပ်မှုများနှင့် ခက်ခဲသည့်အချိန်ကာလအတွင်း ကိုယ်တော် ကျွန်ုပ်တို့နှင့်အတူ ရှိခဲ့။ ကျွန်ုပ်တို့အား ကိုယ်တော်၏နှုတ်ကပတ်တော်များဖြင့် လမ်းညွှန်ပြီး ဉာဏ်အလင်းပေးလျက်၊ ကိုယ်တော်သည် ကျွန်ုပ်တို့အား ခိုင်မာစွာ ရပ်တည်စေပြီ။ ကျွန်ုပ်တို့၏ တရားစီရင်ခြင်းနှင့် သန့်ရှင်းခြင်းတို့က ကိုယ်တော်၏ ကျေးဇူးတော် လုံးဝ ဖြစ်ခဲ့ပေ။ ကိုယ်တော်၏ ချစ်ခြင်းမေတ္တာ အလွန်များစွာ နှစ်သက်ခံစားရင်း၊ ကိုယ်တော့်ကို ကျွန်ုပ်တို့ အဘယ်သို့ မချစ်ဘဲနေနိုင်မည်နည်း။ ကိုယ်တော်၏ ချစ်ခြင်းမေတ္တာက ကျွန်ုပ်တို့ကို ဆက်လက်လှုံ့ဆော်ပေ။ ကိုယ်တော်ကို ချစ်ခြင်းအား ကျွန်ုပ်တို့ ဘယ်သောအခါမျှ နောင်တရမည်မဟုတ်ပေ။

၃ ကိုယ်တော်၏ အမှုတော် ပြည့်စုံ၊ မကြာမီ ဇိအုန်ဆီ ကိုယ်တော် ပြန်ကြွလာမည်။ ကိုယ်တော် သွားသည်ကို ကျွန်ုပ်တို့ မကြည်ရက်ပေ။ ကိုယ်တော် ကျွန်ုပ်တို့ကို တစ်လှမ်းချင်း ဦးဆောင်နေခဲ့သည့် ထိုနှစ်ကာလများကို ကျွန်ုပ်တို့ ပြန်တွေးမိခဲ့။ အတိတ်မှ မြင်ကွင်းများက ကျွန်ုပ်တို့၏ မျက်စိများရှေ့ ပေါ်လာခဲ့။ ကိုယ်တော် ကျွန်ုပ်တို့ကို တရားစီရင်ကာ ကျွန်ုပ်တို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သန့်ရှင်းစေခဲ့။ ကိုယ်တော် ကျွန်ုပ်တို့ကို ကယ်တင်ခဲ့ကာ အဆင်းနီသော နဂါးကြီး၏ နှိပ်စက်ညှင်းပန်းခြင်းမှ ကျွန်ုပ်တို့ကို ခေါ်ဆောင်ခဲ့။ ကိုယ်တော်၏ နှုတ်ကပတ်တော်များ ကျွန်ုပ်တို့ကို လမ်းပြကာ ကျွန်ုပ်တို့၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်ခွင့်ပေးခဲ့။ ဆင်းရဲဒုက္ခများနှင့် စမ်းသပ်မှုများကို သည်းခံပြီးနောက်တွင်၊ ကျွန်ုပ်တို့၏ အသက်တာများ ကြီးထွားခဲ့ပေ။ ကိုယ်တော်၏ ချစ်မေတ္တာ အလွန်ကြီးမား၊ ကိုယ်တော်၏ ချစ်ဖွယ်ကောင်းခြင်းက အလွန်များလှပေ။ လူ၏ ချီးမွမ်းခြင်းနှင့် ကိုးကွယ်ခြင်းတို့အတွက် ကိုယ်တော် သင့်တော်ပေ။ ကိုယ်တော်၏ ကယ်တင်ခြင်း ကျေးဇူးတော်က ကျွန်ုပ်၏ စိတ်နှလုံးအတွင်း စွဲကျန်ပေ။ ကျွန်ုပ်၏ တာဝန်ကို ထမ်းဆောင်ကာ လှပပြီး ထူးကဲသည့် သက်သေကို ခံဖို့ ကျွန်ုပ်စိတ်ဆုံးဖြတ်ချက် ချပေ။ ကိုယ်တော်၏ ချစ်ခြင်းမေတ္တာ ကျွန်ုပ်၏ စိတ်နှလုံးထဲ ထာဝရ ကျန်ရှိလိမ့်မည်၊ ကိုယ်တော်ကို ကျွန်ုပ် အစဉ်အမြဲ ချစ်ကာ မြတ်နိုးမည်။

အရှေ့သို့- ၁၃၁ ဘုရားသခင်၏ မှေးမှိန်နေသော သဏ္ဌာန်ကို စောင့်ကြည့်ခြင်း

နောက်တစ်ခုသို့- ၁၃၃ တစ်နေ့ ကျွန်ုပ်တို့ ပြန်တွေ့ရမည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၈၉၇ ဘုရားသည် လူကို အတတ်နိုင်ဆုံး ကယ်နိုင်လောက်သည်အထိ ကယ်တင်လိုသည်

၁ဘုရားသခင်၏ ကယ်တင်ခြင်းအမှုလုပ်ဆောင်နေစဉ်သူသည် ကယ်တင်နိုင်သမျှသောသူတို့ကို ကယ်တင်လိမ့်မည်၊ကယ်တင်နိုင်သမျှသောသူတို့အား...

၂၀၇ ထာဝရအသက်၏မူလအရင်းအမြစ် ကို သင်သိပါသလား

၁ ဘုရားဟာ လူ့အသက်ရဲ့အရင်းအမြစ်၊ဘုရားရဲ့တန်ခိုးတော်ကြောင့် ကောင်းကင်နဲ့မြေကြီး တည်ရှိဘယ်သက်ရှိအရာမျှ ဘုရားရဲ့အုပ်စိုးခြင်း၊အခွင့်တန်ခိုးနဲ့...

၁၆၅ ဘုရား၏ဆင်းကြွခြင်းကို ဘယ်သူမျှ သတိမပြုမိ

၁လူ့သား၏ဘဝသည် မပြောင်းမလဲ ဆက်လက်ရှိနေ လူသား၏နှလုံးသားလည်း ထိုနည်းအတိုင်းပင် ထုံးစံအတိုင်း နေ့ရက်တို့ ကုန်ဆုံး ဘုရားသည် ကျွန်ုပ်တို့ထဲ၌...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။