Christian Song - လူသားကို ကယ်တင်ဖို့ လူ့ဇာတိခံဘုရားသခင် တိတ်ဆိတ်စွာ အမှုတော်ဆောင်ရွက်

27.06.2025

ဘုရားသခင်သည် သာမန်လူတစ်ဦးအဖြစ် လူ့ဇာတိခံယူကာ လူတို့ကြားတွင် ကွယ်ဝှက်နေပြီး ကျွန်ုပ်တို့ကို ကယ်တင်သည့် အမှုသစ်ကို ပြုနေသည်။ သူသည် ငါတို့ကို မည်သည့် ရှင်းပြချက်မျှ မပေးသကဲ့သို့၊ အဘယ်ကြောင့် ကြွလာပြီးဖြစ်သည်ကိုလည်း ငါတို့ကို မပြောပြပေ၊ သို့သော် သူ၏အစီအစဉ်နှင့် သူ၏လုပ်ရိုးလုပ်စဉ်တို့အတိုင်း သူလုပ်ရန်ရည်ရွယ်သည့် အမှုကိုသာ လုပ်ဆောင်လေသည်။ သူ၏ နှုတ်ကပတ်တော်များနှင့် မိန့်မြွက်ချက်များသည် ယခင်ထက်ပို၍ မကြာမကြာဖြစ်လာသည်။ နှစ်သိမ့်ခြင်း၊ တိုက်တွန်းခြင်း၊ အသိပေးခြင်းနှင့် သတိပေးခြင်းမှသည် အပြစ်တင်ခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းတို့အထိ၊ သိမ်မွေ့ကာ သာယာညင်းပျောင်းသော လေသံမှသည် ခက်ထန်၍ ဘုန်းအာနုဘော်ရှိသော နှုတ်ကပတ်တော်များအထိ ယင်းတို့အားလုံးသည် လူကို ကြီးမားသော သနားကရုဏာနှင့် လုံးလုံး ထိတ်လန့်ကြောက်ရွံ့ခြင်းတို့ကို ခံစားရစေသည်။ သူပြောသမျှအရာတိုင်းသည် ငါတို့အတွင်းရှိ နက်နက်ရှိုင်းရှိုင်း ကွယ်ဝှက်ထားသည့် လျှို့ဝှက်ချက်များကို အရှိုက်ထိလေသည်။ သူ၏နှုတ်ကပတ်တော်များသည် ငါတို့၏ နှလုံးသားများကို စူးသည်၊ ငါတို့၏ စိတ်ဝိညာဉ်တို့ကို စူးပြီး၊ ငါတို့အနေဖြင့် မည်သည့်နေရာတွင် ပုန်းရမည်ကို နည်းနည်းမျှ မသိစေဘဲလျက်၊ မခံမရပ်နိုင်သော အရှက်ရခြင်းဖြင့် ငါတို့ကို ပြည့်စေသည်။

ငါတို့သည် သူ့ထံမှ အသက်ရေ၏ အဆုံးမရှိသော အထောက်အပံ့တစ်ခုကို မွေ့လျော်ခံစားရပြီး၊ သူမှတစ်ဆင့် ငါတို့သည် ဘုရားသခင်နှင့် မျက်နှာချင်းဆိုင် အသက်ရှင်ရသည်။ သို့သော် ငါတို့သည် ကောင်းကင်ဘုံ၌ရှိသော သခင်ယေရှု၏ ကျေးဇူးတော်ကိုသာ ကျေးဇူးတင်နေကြပြီး၊ ဘုရား သဘောသဘာဝကို ပိုင်ဆိုင်သည့် ဤသာမန်လူ၏ ခံစားချက်များကိုမူ လုံးဝ မည်သို့မျှ အရေးမစိုက်ကြပေ။ သို့ဖြစ်စေကာမူ၊ သူသည် လူသားတို့၏ သူ့အား ပစ်ပယ်မှုကို အာရုံမခံစားနိုင်သည့်အလား၊ လူသား၏ ကလေးဆန်မှုနှင့် မသိနားမလည်မှုကို ထာဝရခွင့်လွှတ်ပေးနေပြီး၊ သူ့အပေါ် လူသား၏ အကြည်ညိုမရှိသည့် သဘောထားကို အစဉ်အမြဲ သည်းခံသည့်အလား၊ သူ၏အတွင်းအကျဆုံး နှလုံးသားကို ဖော်ပြလျက်နေရင်း၊ ယခင်ကကဲ့သို့၊ သူသည် နှိမ့်ချစွာဖြင့် လူ့ဇာတိတွင် ကွယ်ဝှက်လျက်၊ သူ၏ အမှုကို လုပ်ဆောင်ဆဲဖြစ်လေသည်။

ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် အသက် အစွမ်းတန်ခိုးကို သယ်ဆောင်သည်၊ ငါတို့ လျှောက်လှမ်းသင့်သည့် လမ်းခရီးကို ပေးပြီး သမ္မာတရားက မည်သည့်အရာ အတိအကျ ဖြစ်သည်ကို ငါတို့အား သဘောပေါက်နားလည်စေသည်။ သူသည် ငါတို့ကိုယ်စား အပင်ပန်းခံကြိုးစားသည်၊ ငါတို့အတွက်ကြောင့် အအိပ်ပျက်ခံပြီး အစားပျက်ခံသည်၊ ငါတို့အတွက် ငိုကြွေးသည်၊ သက်ပြင်းချသည်၊ ငါတို့အတွက် နာမကျန်းဖြစ်လျက် ညည်းညူသည်။ ငါတို့၏ ခရီးပန်းတိုင်နှင့် ငါတို့၏ ကယ်တင်ခြင်းအတွက် အရှက်ကွဲခြင်းကိုခံသည်၊ ပြီးလျှင် ငါတို့၏ ထုံထိုင်းခြင်းနှင့် ပုန်ကန်ခြင်းက သူ၏စိတ်နှလုံးမှ မျက်ရည်များနှင့် သွေးများကို ကျစေသည်။ မည်သည့်သာမန်လူတစ်ဦးမျှ ဤသို့သော အရာအားလုံးနှင့် ဖြစ်ခြင်းကို မပိုင်ဆိုင်သကဲ့သို့ ဖောက်ပြန်ပျက်စီးသော မည်သည့်လူသားတစ်ဦးကမျှ မပိုင်ဆိုင်နိုင်ပေ သို့မဟုတ် မရရှိနိုင်ပေ။ သူ့တွင် မည်သည့် သာမန်လူကမျှ မပိုင်ဆိုင်သည့် သည်းခံခြင်းနှင့် စိတ်ရှည်ခြင်းတို့ ရှိပြီး သူ့ချစ်ခြင်းမေတ္တာသည် မည်သည့် ဖန်ဆင်းခံတစ်ဦးမျှ မရှိသည့်အရာတစ်ခုဖြစ်သည်။

နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၄)- ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှု၌ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို ရှုမြင်ခြင်း မှ

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် မှ ဖတ်ရွတ်ခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ မှ ဖတ်ရွတ်ခြင်းများ နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ သံစုံတေးအက ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။