Myanmar Sermon Series 2022 - ယုံကြည်ခြင်းမှရရှိသော ကယ်တင်ခြင်းသည် ဘုရားသခင်၏နိုင်ငံတော်သို့ဝင်သည့်လမ်းကို ပေးပါသလား

23.01.2022

ကပ်ရောဂါတစ်ခုသည် မရပ်မနား ပျံ့နှံ့နေပြီး ငလျင်များ၊ ရေကြီးမှုများ၊ အင်းဆက်ပိုးကောင်အုပ်များ၊ အစာငတ်မွတ်မှုများ စတင်ဖြစ်ပွားလာသည်။ လူများစွာတို့သည် အဆက်မပြတ် ပူပင်နေရသည့် အခြေအနေတွင် ရှိနေပြီး ယုံကြည်သူတို့သည် သခင်နှင့် တွေ့ဆုံဖို့အတွက် ကောင်းကင်ပေါ်သို့ ချီဆောင်ခံရရန်၊ ကပ်ဘေးများတစ်လျှောက် ဒုက္ခခံရခြင်းမှ လွတ်မြောက်ပြီး ဘုရားသခင်၏ နိုင်ငံတော်ထဲသို့ ဝင်ရောက်ရန် သခင် မိုးတိမ်စီးပြီး ကြွလာခြင်းကို စိုးရိမ်တကြီး စောင့်မျှော်နေကြသည်။ ၎င်းတို့သည် သခင်နှင့် တွေ့ဆုံရန် အဘယ်ကြောင့် ချီဆောင်ခြင်းမခံရသေးသည်ကို မသိကြပေ။ ၎င်းတို့သည် စိတ်မသက်မသာဖြစ်ကြပြီး သခင်၏ စွန့်ပစ်ခြင်းကို ခံရကာ ကပ်ဘေးများထဲသို့ ကျရောက်ခဲ့ပြီဟု ခံစားကြရသည်။ ၎င်းတို့သည် စိတ်ရှုပ်ထွေးပြီး လမ်းပျောက်နေကြသည်။ သခင်ယေရှုသည် ကပ်ဘေးများမတိုင်မီ ကြွရောက်လာပြီး ထိုကပ်ဘေးများထဲသို့ မကျရောက်စေရန် ကျွန်ုပ်တို့ကို ကောင်းကင်သို့ ချီဆောင်လိမ့်မည်ဟု ဗျာဒိတ်ကျမ်းက ပရောဖက်ပြုထားခဲ့သည်။ သို့သော် ကပ်ဘေးများက စတင် ကျရောက်လာပြီဖြစ်သည်။ ထို့ကြောင့် သခင်သည် ယုံကြည်သူများကို လက်ခံရန်အတွက် အဘယ်ကြောင့် မိုးတိမ်စီး၍ မကြွလာသေးသနည်း။ ကျွန်ုပ်တို့၏ ယုံကြည်ခြင်းမှတစ်ဆင့် ကျွန်ုပ်တို့ အပြစ်များ ခွင့်လွှတ်ခြင်းခံရသည်။ ကယ်တင်ခြင်း ကျေးဇူးတော် ခံစားရပြီး ဖြောင့်မတ်ခြင်း အပ်နှင်းခံရသည်။ အဘယ်ကြောင့် ကျွန်ုပ်တို့သည် ကောင်းကင်နိုင်ငံတော်ထဲသို့ ချီဆောင်ခြင်းမခံရသေးသနည်း။ ဤအရာတို့သည် ယုံကြည်သူများစွာတွင်ရှိသော မေးခွန်းများဖြစ်သည်။ ဤသို့ဆိုလျှင် ယုံကြည်ခြင်းမှတစ်ဆင့် ကယ်တင်ခြင်းသည် ကျွန်ုပ်တို့အား ကောင်းကင်နိုင်ငံတော်ထဲသို့ အမှန်တကယ် ရောက်စေသလော။ ဤ စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အပိုင်းတွင် ဤအရာကို ကျွန်ုပ်တို့ အတူတကွ နှိုက်နှိုက်ချွတ်ချွတ်ရှာဖွေပြီး အဖြေရှာနိုင်ပါသည်။

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။