Christian Dance (အိုး ဘုရားသခင်၊ ကိုယ်တော်မရှိဘဲ ကျွန်ုပ် မနေနိုင်ပါ)
08.09.2024
၁
ဘုရားသခင်၏အသံတော်ကို ကြားလျှင် ကျွန်ုပ်သည် သူ့ကို ကြိုဆိုပြီး၊
ကျွန်ုပ်၏စိတ်နှလုံးသည် တကယ့်ကို ဝမ်းသာရွှင်မြူးခြင်းကို ခံစားရပါသည်။
ကျွန်ုပ်၏စိတ်နှလုံးကို လုံးဝ သိမ်းပိုက်ထားသည်မှာ
ဘုရားသခင်၏စစ်မှန်သောချစ်ခြင်းနှင့် သူ၏နှုတ်ကပတ်တော်များဖြစ်သည်။
ဘုရားသခင်၏နှုတ်ကပတ်တော်များသည် အလွန် အဖိုးထိုက်တန်ပြီး၊
ယင်းတို့တစ်ခုချင်းစီသည် ကျွန်ုပ်၏စိတ်နှလုံးကို တင်းတင်းကျပ်ကျပ် ခိုင်မြဲစွာဆုပ်ကိုင်ထားသည့် သမ္မာတရားဖြစ်သည်။
ဘုရားသခင်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းခြင်းကို မြင်သော်
သူ၏ချစ်ခြင်းအကြောင်း ကျွန်ုပ် မကြာခဏ စဉ်းစားမိသည်။
၂
ဘုရားသခင်၏နှုတ်ကပတ်တော်များကို မွေ့လျော်နေရင်း၊
ဘုရားသခင်သည် သမ္မာတရားဖြစ်သည်ကို ကျွန်ုပ် မြင်ပါသည်၊
သူ၏လှပသောမျက်နှာထားသည် ချစ်ခြင်းကို ဖြစ်စေသည်။
ဘုရားသခင်၏နှုတ်ကပတ်တော်များသည် ကျွန်ုပ်တို့ကို ဖော်ထုတ်သည်၊ တရားစီရင်သည်၊
ပြီးလျှင် ပြုပြင်ပေးသည်။
သူ၏ကြင်နာသောနှုတ်ကပတ်တော်များက ကျွန်ုပ်တို့၏စိတ်နှလုံးများကို ဆွဲငင်သည်။
ဘုရားသခင်၏ချစ်ခြင်းမေတ္တာကို ကျွန်ုပ် မြည်းစမ်းကြည့်ဖူးပြီးသည့်နောက်တွင်
ကျွန်ုပ်၏အသက်စိတ်သဘောထားသည် ပြောင်းလဲသွားခဲ့သည်။
ဘုရားသခင်၏ချစ်ခြင်းမေတ္တာသည် ကျွန်ုပ်၏စိတ်နှလုံးကို ပိုင်ဆိုင်သည်။
သူမရှိဘဲ ကျွန်ုပ် မနေနိုင်ပါ။
၃
ဆင်းရဲဒုက္ခများနှင့် စမ်းသပ်မှုများမှတဆင့် ဘုရားသခင်သည် ချစ်ခင်နှစ်လိုဖွယ်ကောင်းကာ
သူ၏စိတ်သဘောထားသည် သန့်ရှင်းပြီး ဖြောင့်မတ်သည်ကို ကျွန်ုပ်မြင်မိ။
ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် စမ်းသပ်ခြင်းတို့ကို ခံယူအပြီးတွင်
ကျွန်ုပ်သည် သမ္မာတရားနှင့် အသက်ကို ရရှိသည်။
ကျွန်ုပ်၏ဖောက်ပြန်ပျက်စီးသောစိတ်သဘောထားသည် သန့်စင်သွားပြီး၊
ကျွန်ုပ်သည် ဘုရားသခင်၏ကြင်နာခြင်းနှင့် ချစ်ခင်နှစ်လိုဖွယ်ကောင်းခြင်းကို ပို၍ပင် ခံစားရသည်။
ကျွန်ုပ်သည် ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့ ဉာဏ်စွမ်းရှိသမျှ ချစ်ပါမည်။
ကျွန်ုပ်သည် စောဒကမတက်ဘဲ ဘုရားစီစဉ်ညွှန်ကြားခြင်းများ၏ ပြုသမျှကို အပြည့်အဝခံပါမည်။
၄
ဘုရားသခင်၏တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့သည် လူသားမျိုးနွယ်ကို ကယ်တင်ခဲ့ပြီ၊
ဘုရားသခင်၏ချစ်ခြင်းမေတ္တာသည် အလွန်ကြီးမားပြီး အမှန်တကယ်ကို ရှိသည်။
စမ်းသပ်ခြင်းများနှင့် စစ်ဆေးခြင်းတို့ များပြားလှသော်လည်း၊
ကျွန်ုပ်တွင် ဘုရားသခင့်နှုတ်ကပတ်တော်များ၏လမ်းညွှန်မှုရှိသည်။
ပို၍ကြီးမားသော အတိဒုက္ခများပင် ကျွန်ုပ်ကို ကြောက်အောင် မလုပ်နိုင်။
ကျွန်ုပ်သည် ဘုရားသခင်အပေါ် ယုံကြည်ခြင်းအပြည့်ရှိပြီး၊
သေသည့်တိုင်အောင် သူ့နောက်သို့ သစ္စာစောင့်သိစွာ လိုက်လျှောက်ပါမည်။
မည်မျှများပြားနေစေကာမူ စမ်းသပ်မှုများအားလုံးကို ကျွန်ုပ် သည်းခံပါမည်။
ကျွန်ုပ်၏စိတ်နှလုံးထဲတွင် ဘုရားသခင်အပေါ် ကျွန်ုပ်၏ချစ်ခြင်းသည် ဘယ်တော့မှ ပြောင်းလဲမည်မဟုတ်ပါ။
သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
အခြား ဗီဒီယိုအမျိုးအစားများ