ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၃၈၁

12.05.2021

လူအများစုသည် ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်ခြင်း၌ အပြုအမူအပေါ် အထူးအသားပေးကြသည်၊ ယင်း၏ရလဒ်ကြောင့် ၎င်းတို့၏ အပြုအမူ၌ အချို့သော အပြောင်းအလဲများ ဖြစ်ပေါ်လေသည်။ ဘုရားသခင်ကို ၎င်းတို့ စတင် ယုံကြည်ပြီးသည့်နောက်၊ ၎င်းတို့သည် အခြားသူများနှင့် ယှဉ်ပြိုင်ခြင်း၊ အခြားသူများကို စော်ကားခြင်းနှင့် ရန်ဖြစ်ခြင်း၊ ဆေးလိပ်သောက်ခြင်း နှင့် အရက်သောက်ခြင်း၊ ပြီးလျှင် သံတစ်ချောင်းမျှသာဖြစ်စေ၊ ပျဉ်ပြားတစ်ချပ်မျှသာဖြစ်စေ- ပြည်သူပိုင်ပစ္စည်းဥစ္စာ တစ်ခုတစ်လေကို ခိုးယူခြင်းတို့ကို ရပ်လိုက်ကြပြီး၊ ၎င်းတို့သည် ဆုံးရှုံးမှုများကို ခံစားရသည့်အခါတိုင်း သို့မဟုတ် မတရား ပြုခံရသောအခါတိုင်းတွင်၊ တရားရုံးတို့၌ တိုင်တန်းခြင်းကိုပင် မပြုကြသည်အထိဖြစ်သည်။ ၎င်းတို့သည် ဧကန်အမှန် အပြုအမူဆိုင်ရာ အပြောင်းအလဲအချို့ ကြုံရသည်မှာ သံသယဖြစ်ဖွယ် မရှိပေ။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်ကို ၎င်းတို့ ယုံကြည်သည်နှင့်တစ်ပြိုင်နက်၊ မှန်သောလမ်းခရီးကို လက်ခံခြင်းက လူတို့အား အထူးသဖြင့် ကောင်းမွန်သော စိတ်ခံစားချက် ဖြစ်စေပြီး၊ ၎င်းတို့သည် ယခု သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ဆိုင်ရာ ကျေးဇူးတော်ကိုလည်း မြည်းစမ်းခဲ့ပြီးသောကြောင့်၊ ၎င်းတို့သည် အထူးသဖြင့် စိတ်အားထက်သန်ကြပြီး၊ ၎င်းတို့မစွန့်လွှတ်နိုင်သော၊ သို့မဟုတ် ဒုက္ခဆင်းရဲမခံနိုင်သောအရာ တစ်စုံတစ်ခုမျှပင် မရှိပေ။ သို့သော် သုံးနှစ်၊ ငါးနှစ်၊ ဆယ်နှစ် သို့မဟုတ် အနှစ်သုံးဆယ် ယုံကြည်ပြီးသည့်နောက်တွင် ၎င်းတို့၏ အသက်စိတ်သဘောထားများ၌ အပြောင်းအလဲ မရှိခဲ့သောကြောင့်၊ ၎င်းတို့သည် ဒုံရင်းအခြေအနေ ပြန်ဆိုက်ရောက်ခြင်းဖြင့် အဆုံးသတ်ကြသည်။ ၎င်းတို့၏ မာနထောင်လွှားခြင်းနှင့် မောက်မာခြင်းတို့ တိုး၍ သိသာလာသည်။ ၎င်းတို့သည် အာဏာနှင့် အကျိုးအမြတ်အတွက် စတင် ပြိုင်ဆိုင်လာကြသည်၊ ၎င်းတို့သည် အသင်းတော်၏ငွေကို တပ်မက်ကြသည်၊ ၎င်းတို့၏ ကိုယ်ပိုင်အကျိုးများကို ဖြည့်ဆည်းရန် မည်သည့်အရာကိုမဆို ၎င်းတို့လုပ်ကြသည်၊ ၎င်းတို့သည် အဆင့်အတန်းနှင့် အပျော်အပါးများကို မက်မောကြပြီး၊ ၎င်းတို့သည် ဘုရားသခင်၏အိမ်တော်၏ ကပ်ပါးကောင်များ ဖြစ်လာကြပြီးဖြစ်သည်။ အထူးသဖြင့် ခေါင်းဆောင်အများအဖြစ် အစေခံသောသူအများစုသည် လူတို့၏ စွန့်ပယ်ခြင်းကို ခံကြရသည်။ ပြီးလျှင် ဤအချက်အလက်များသည် မည်သည့်အရာကို သက်သေပြသနည်း။ အပြုအမူဆိုင်ရာ အပြောင်းအလဲများမျှသည် ရေရှည်မတည်တံ့ပေ။ အကယ်၍ လူတို့၏ အသက်စိတ်သဘောထားများ၌ ပြောင်းလဲခြင်း မရှိပါက၊ ၎င်းတို့၏ ဆိုးယုတ်သောဘက်များသည် ယင်းတို့ဘာသာ အနှေးနှင့်အမြန် ပေါ်လာလိမ့်မည်ဖြစ်သည်။ ၎င်းတို့၏ အပြုအမူ ပြောင်းလဲမှုများ၏ အရင်းအမြစ်မှာ ထိုအချိန်က သန့်ရှင်းသောဝိညာဉ်တော်၏ အမှုတစ်ခုခုနှင့် ပူးတွဲထားသော စိတ်အားထက်သန်မှု ဖြစ်သောကြောင့်၊ ၎င်းတို့အတွက် စိတ်အားထက်သန်လာရန်၊ သို့မဟုတ် ခဏတာ သနားကြင်နာမှု ဖော်ပြရန်မှာ အလွန့်အလွန် လွယ်ကူသည်။ “ကောင်းမှုတစ်ခုလုပ်ရန် လွယ်သည်၊ ခက်ခဲသည်မှာ ကောင်းမှုများကို ရာသက်ပန်ပြုရန်ပင် ဖြစ်သည်” ဟု မယုံကြည်သူများ ပြောသကဲ့သို့ပင် ဖြစ်သည်။ လူတို့သည် ၎င်းတို့၏ ဘဝတစ်ခုလုံးတစ်လျှောက် ကောင်းမှုများကို ပြုနိုင်စွမ်းမရှိကြချေ။ တစ်ဦးတစ်ယောက်၏အပြုအမူကို အသက်က စီမံညွှန်ကြားပေသည်။ မိမိ၏ဘဝမှာ မည်သည့်အရာဖြစ်ပါစေ၊ မိမိ၏ အပြုအမူလည်း ထိုနည်းအတိုင်းပင်ဖြစ်ပြီး၊ သဘာဝအတိုင်း ထုတ်ဖော်သော အရာသည်သာ အသက်တာအပြင်၊ လူတစ်ဦး၏ သဘာဝဗီဇကို ကိုယ်စားပြုသည်။ အတုအယောင်ဖြစ်သော အရာများမှာ ကြာရှည်မတည်နိုင်ပေ။ ဘုရားသခင်သည် လူသားကို ကယ်တင်ရန် အမှုပြုသောအခါ လူသားကို ကောင်းသောအပြုအမူဖြင့် ဆင်မြန်းရန် မဟုတ်ပေ- ဘုရားသခင်၏အမှု၏ ရည်ရွယ်ချက်မှာ လူတို့၏စိတ်သဘောထားများကို အသွင်ပြောင်းလဲရန်၊ ၎င်းတို့ကို အသစ်သောလူအဖြစ် တစ်ဖန်ပြန်မွေးဖွားစေရန် ဖြစ်သည်။ ထို့ကြောင့် လူသားအပေါ် ဘုရားသခင်၏ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ စမ်းသပ်ခြင်းများနှင့် စစ်ဆေးခြင်းများအားလုံးက လူသားအနေဖြင့် ဘုရားသခင်အပေါ် အကြွင်းမဲ့ ကျိုးနွံနာခံခြင်းနှင့် ဆည်းကပ်ခြင်းတို့ကို စွမ်းဆောင်ရရှိနိုင်ဖို့အလို့ငှာနှင့်၊ သူ့ကို ပုံမှန် ကိုးကွယ်လာကြဖို့အလို့ငှာ သူ၏စိတ်သဘောထားကို ပြောင်းလဲရန် အသုံးတော်ခံဖို့ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏အမှု၏ ရည်ရွယ်ချက်ဖြစ်သည်။ ကောင်းမွန်စွာ ပြုမူခြင်းသည် ခရစ်တော်နှင့် သဟဇာတဖြစ်ခြင်းနှင့် တူညီဖို့မဆိုထားနှင့်၊ ဘုရားသခင်ကို ကျိုးနွံနာခံခြင်းနှင့်ပင် မတူညီပေ။ အပြုအမူ အပြောင်းအလဲများသည် အယူဝါဒအပေါ် အခြေခံပြီး စိတ်အားထက်သန်မှုမှ ပေါ်ပေါက်လာခြင်းဖြစ်သည်၊ ၎င်းတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြခြင်းအပေါ် အခြေတည်ဖို့ မဆိုထားနှင့်၊ ဘုရားသခင်အကြောင်း စစ်မှန်သောအသိ၊ သို့မဟုတ် သမ္မာတရားကို အခြေခံထားခြင်း မဟုတ်ပေ။ လူတို့လုပ်သော အရာအချို့တို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ ညွှန်ကြားမှုကြောင့်ဖြစ်သော အချိန်များရှိသော်လည်း၊ ဤသည်မှာ ဘုရားသခင်ကိုသိခြင်းနှင့် တူညီရန် မဆိုထားနှင့်၊ အသက်၏ ဖော်ပြချက်တစ်ခုပင် မဟုတ်ပေ။ လူတစ်ဦး၏ အပြုအမူ မည်မျှပင် ကောင်းပါစေ၊ ၎င်းတို့သည် ဘုရားသခင်ကို ကျိုးနွံနာခံပြီးဖြစ်သည် သို့မဟုတ် သမ္မာတရားကို လက်တွေ့ကျင့်ဆောင်သည်ဟု သက်သေပြခြင်း မရှိပေ။ အပြုအမူဆိုင်ရာ အပြောင်းအလဲများသည် တစ်ခဏမျှသာဖြစ်သော စိတ်၏လှည့်စားမှုတစ်ခုသာ ဖြစ်သည်။ ၎င်းတို့မှာ စိတ်အားသန်ခြင်း၏ သရုပ်သကန်များသာဖြစ်သည်။ ယင်းတို့ကို အသက်၏ ဖော်ပြချက်အဖြစ် ယူဆ၍မရနိုင်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။