Myanmar Sermon Series 2022 - ဘာသာရေးခေါင်းဆောင်များနောက်သို့ လိုက်ခြင်းသည် ဘုရားသခင်နောက်သို့ လိုက်ခြင်းဖြစ်ပါသလား

23.02.2022

လွန်ခဲ့တဲ့ အနှစ် ၂၀၀၀ တုန်းက ကျွန်တော်တို့ရဲ့ ကယ်တင်ရှင် သခင်ယေရှုဟာ ရွေးနုတ်ခြင်းအမှုကို ပြုဖို့အတွက် ကြွလာခဲ့ပါတယ်။ ဂျူးဘာသာဝင်အများစုဟာ သူတို့ရဲ့ ဘာသာရေးခေါင်းဆောင်တွေနဲ့ ဖာရိရှဲတွေကို ကြည်ညိုလေးစားကြတာကြောင့် အဲဒီအန္တိခရစ်တွေနောက်ကို လိုက်ပြီး သခင်ယေရှုကို ရှုတ်ချငြင်းပယ်ခဲ့ကြတဲ့အပြင် အဆုံးမှာတော့ သခင့်ကို ကားစင်တင်ရာမှာ ကူညီပေးခဲ့ကြပါတယ်။ ဒီလိုနဲ့ ဘုရားသခင်ရဲ့ စီရင်တာနဲ့ အပြစ်ဒဏ်ပေးတာကို သူတို့ခံရပြီး ဣသရေလနိုင်ငံဟာလည်း အနှစ် ၂၀၀၀ ကြာ ကံဆိုးမိုးမှောင်ကျခဲ့ရပါတယ်။ နောက်ဆုံးသော ကာလမှာ သခင်ယေရှုဟာ လူ့ဇာတိခံ အနန္တတန်ခိုးရှင် ဘုရားသခင်အဖြစ် ပြန်ကြွလာပြီး လူသားမျိုးနွယ်ကို အပြည့်အဝ သန့်စင်ကယ်တင်ဖို့ သမ္မာတရားတွေကို ဖော်ပြပြီး တရားစီရင်ခြင်းအမှုကို ပြုနေပါတယ်။ ဘာသာရေးခေါင်းဆောင်တွေရဲ့ အရူးအမူး ရှုတ်ချတာနဲ့ အာခံတာကိုလည်း ကိုယ်တော်ရင်ဆိုင်ရပါတယ်။ မျက်မှောက်ခေတ် ဘာသာရေးလောကထဲက လူအများကြီးဟာ ကိုယ့်ရဲ့ဓမ္မဆရာတွေကို မစဉ်းမစား ကိုးကွယ်ကြတာကြောင့် သူတို့ရဲ့ဘာသာရေးခေါင်းဆောင်တွေကို ဘုရားက နေရာချထားတာဖြစ်တယ်၊ သူတို့ကို နာခံတာက ဘုရားကို နာခံတာဖြစ်တယ်လို့ ယုံကြည်နေကြပါတယ်။ ရလဒ်အနေနဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေဟာ သမ္မာတရားဖြစ်တယ်၊ တန်ခိုးရှိပြီး အာဏာရှိတဲ့အပြင် ဘုရားဆီက လာတယ်ဆိုတာ ရှင်းရှင်းလင်းလင်းကို သူတို့မြင်ကြပေမဲ့ ဒီနှုတ်ကပတ်တော်တွေကို လေ့လာစုံစမ်းဖို့နဲ့ လက်ခံဖို့ ကြောက်ရွံ့နေကြတယ်။ အဲဒီအစား သူတို့ဟာ ဘာသာရေးခေါင်းဆောင်တွေနောက်ကို လိုက်ပြီး ပြန်ကြွလာတဲ့ သခင်ယေရှုကို ငြင်းပယ်ရှုတ်ချကြလို့ သခင့်ကို ကြိုဆိုဖို့ သူတို့ရဲ့ အခွင့်အရေးကို ဆုံးရှုံးရတဲ့အပြင် ကပ်ဘေးတွေထဲ ကျရောက်ကြရတယ်။ ဒါဟာ တကယ်ကို စိတ်မကောင်းစရာပါပဲ။ ဒီလိုဆိုရင် ဘာသာရေးခေါင်းဆောင်တွေကို တကယ်ပဲ ဘုရားသခင်က နေရာချထားပေးတာလား။ သူတို့ကို နာခံတာက ဘုရားသခင်နောက်ကို လိုက်တာနဲ့ အတူတူပဲလား။ “စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း” ရဲ့ ဒီအပိုင်းက သမ္မာတရားကို ရှာဖွေဖို့နဲ့ အဖြေကို ရှာတွေ့ဖို့ မိတ်ဆွေကို လမ်းပြပေးပါလိမ့်မယ်။

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။