Christian Song - ဘုရားသခင်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းခြင်းကို ကျွန်ုပ်တို့အားလုံး သိပါစေ 2026 “ချီးမွမ်းခြင်း၏ အသံများ”

14.01.2026

ဘုရားသခင်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းခြင်းကို ငါတို့အားလုံး သိရှိနိုင်ပြီး ငါတို့၏ ဘုရားသခင်ကို ငါတို့စိတ်နှလုံး၏ နက်ရှိုင်းရာမှ ချစ်မြတ်နိုးနိုင်ကာ ငါတို့၏ ခြားနားသော အနေအထားများတွင် ဘုရားသခင်အတွက် ငါတို့အားလုံး၌ရှိသော ချစ်ခြင်းမေတ္တာကို ဖော်ပြနိုင်ရန်အတွက် ဘုရားသခင် ငါတို့ကို အသိဉာဏ်ဖွင့်ပေးပါစေ။ ကိုယ်တော်အတွက် အရိုးခံချစ်ခြင်း၏ မသွေဖည်သော စိတ်နှလုံးများကို ဘုရားသခင် ငါတို့အပေါ် နှင်းအပ်ပါစေ။ ဤသည်မှာ ဘုရားသခင် မျှော်လင့်သောအရာ ဖြစ်သည်။ ဤညစ်ညူးသောမြေတွင် မွေးဖွားခဲ့ကြသော ငါတို့သည် အဆင်းနီသော နဂါးကြီး၏ ညှဉ်းပန်းနှိပ်စက်မှုကို အလူးအလဲ ခံစားခဲ့ရပြီးဖြစ်သောကြောင့် ၎င်းကို မုန်းတီးစိတ် ဖြစ်ပေါ်လာခဲ့ကြသည်။ ယင်းသည် ဘုရားသခင်ကို ချစ်သော ငါတို့၏ စိတ်နှလုံးကို ဟန့်တားပြီး ငါတို့၏ အနာဂတ်ရှေ့ရေးများအတွက် ငါတို့၏ လောဘကြီးခြင်းကို သွေးဆောင်ဖြားယောင်းသည်။ ယင်းက ငါတို့ကို အပျက်သဘောဆောင်စေရန်၊ ဘုရားသခင်ကို အတိုက်အခံလုပ်ရန် စုံစမ်းသွေးဆောင်လေသည်။ ဘုရားသခင်၏ ချစ်ခြင်းကို ငါတို့၏ စိတ်နှလုံးဖြင့် ကျေးဇူးမဆပ်နိုင်သည်အထိပင် ယခုတိုင်အောင် ငါတို့ကို အထင်အမြင်မှားစေသူ၊ ငါတို့ကို ဖောက်ပြန်ပျက်စီးစေသူ၊ ငါတို့ကို ရုပ်ပျက်ဆင်းပျက်ဖြစ်စေသူမှာ အဆင်းနီသော နဂါးကြီးဖြစ်နေခဲ့ပြီး ငါတို့သည် စိတ်နှလုံးထဲတွင် ဘုရားသခင်ကို ချစ်လိုသော်လည်း ကိုယ့်လုပ်ရပ်များကိုယ် ထိန်းချုပ်နိုင်ခြင်းမရှိဘဲ ငါတို့သည် ခွန်အား လုံးဝ မရှိကြပေ။

ဤညစ်ညူးသောမြေတွင် မွေးဖွားခဲ့ကြသော ငါတို့သည် အဆင်းနီသော နဂါးကြီး၏ ညှဉ်းပန်းနှိပ်စက်မှုကို အလူးအလဲ ခံစားခဲ့ရပြီးဖြစ်သည်။ ငါတို့အားလုံးသည် ၎င်း၏ သားကောင်များ ဖြစ်ကြသည်။ ဤအကြောင်းကြောင့် ငါတို့သည် ၎င်းကို အရိုးထဲစွဲအောင် မုန်းတီးကြပြီး ဘုရားသခင်က ၎င်းကို ဖျက်ဆီးပေးရန် စောင့်ဆိုင်းနေရုံသာ ရှိသည်။ ငါတို့သည် ဘုရားသခင်၏ အလိုတော်ကို လိုက်လျှောက်ခြင်းဖြစ်သော ကိုယ်တော်ကို ချစ်ခင်ခြင်းအပေါ်၌ စိတ်နှလုံးထားရှိအပ်၏။ ဤသည်မှာ ငါတို့ လျှောက်လှမ်းသင့်သော လမ်းခရီးဖြစ်ပြီး ငါတို့၏ အသက်တာများကို အသက်ရှင်နေထိုင်သင့်သည့် နည်းလမ်းလည်း ဖြစ်သည်။ ငါတို့သည် ဘုရားသခင်၏ အလိုတော်ကို လိုက်လျှောက်ခြင်းကို ငါတို့၏ ရည်မှန်းချက်ပန်းတိုင်အဖြစ် သတ်မှတ်ရမည်ဖြစ်ပြီး အဓိပ္ပာယ်ရှိ၍ ထွန်းလင်းတောက်ပပြီး အရောင်အဝါခံ့ညားသော အသက်တာတစ်ခုကို အသက်ရှင်နေထိုင်ရမည်။ ထိုသို့ဖြင့် ငါတို့သည် နောင်တကင်းစွာ သေဆုံးနိုင်ကြလိမ့်မည်ဖြစ်သည်၊ ဤသို့လုပ်ဆောင်မှသာလျှင် ငါတို့၏ စိတ်နှလုံးထဲ၌ ကျေနပ်နှစ်သက်မှုကို ခံစားရလိမ့်မည်။ ဘုရားသခင်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းခြင်းကို ငါတို့အားလုံး သိရှိနိုင်ပြီး ငါတို့၏ ဘုရားသခင်ကို ငါတို့စိတ်နှလုံး၏ နက်ရှိုင်းရာမှ ချစ်မြတ်နိုးနိုင်ကာ ငါတို့၏ ခြားနားသော အနေအထားများတွင် ဘုရားသခင်အတွက် ငါတို့အားလုံး၌ရှိသော ချစ်ခြင်းမေတ္တာကို ဖော်ပြနိုင်ရန်အတွက် ဘုရားသခင် ငါတို့ကို အသိဉာဏ်ဖွင့်ပေးပါစေ။ ကိုယ်တော်အတွက် အရိုးခံချစ်ခြင်း၏ မသွေဖည်သော စိတ်နှလုံးများကို ဘုရားသခင် ငါတို့အပေါ် နှင်းအပ်ပါစေ။

နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လမ်းကြောင်း... (၂) မှ

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် မှ ဖတ်ရွတ်ခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ မှ ဖတ်ရွတ်ခြင်းများ နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း မှ ဖတ်ရွတ်ခြင်းများ နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ သံစုံတေးအက ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။