နောက်ဆုံးသောကာလ၏ လူ့ဇာတိခံဘုရားသည် နှုတ်ကပတ်တော်အားဖြင့် လူကိုစုံလင်စေ၏ကျူး

27.07.2020

ဘုရားသခင် လောကသို့ လာသည်မှာ အဓိကအားဖြင့် သူ၏ နှုတ်ကပတ်တော်များကို ပြောဖို့ ဖြစ်သည်။

သင်ကျွမ်းဝင်သောအရာ၊

သင်မြင်သောအရာ၊ သင်ကြားသောအရာ၊ သင်လိုက်နာ စောင့်ရှောက်သော အရာနှင့်

သင်ကိုယ်တိုင် ကြုံတွေ့ခံစားသော အရာများသည် ဘုရားသခင်၏ နှုတ်ကပတ်တော် ဖြစ်သည်။

လူ့ဇာတိခံယူထားသော ထိုဘုရားသခင်သည် လူသားကို စုံလင်အောင် ပြုလုပ်ပေးရန်အတွက်

နှုတ်ကပတ်တော်ကို အဓိက အသုံးပြုသည်။

သူသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို မပြပါ၊

အထူးသဖြင့် ယေရှုအတိတ်က လုပ်ခဲ့သည့် အလုပ်ကို ပြန်မလုပ်ပါ။

ထိုသူတို့ နှစ်ဦးစလုံးသည် ဘုရားသခင် ဖြစ်သော်လည်း၊

လူ့ဇာတိ ဖြစ်သော်လည်း သူတို့၏ သာသနာအလုပ်ချင်း မတူပေ။

ယနေ့ခေတ်တွင် ဘုရားသခင်သည် လူ့ဇာတိခံသည်မှာ အဓိကအားဖြင့်

“လူ့ဇာတိ၌ နှုတ်ကပတ်တော် ပေါ်လာခြင်း” ၏အလုပ်ကို ပြီးမြောက်အောင် လုပ်ဆောင်ရန်၊

နှုတ်ကပတ်တော်ကို အသုံးပြုပြီး လူသားကို စုံလင်အောင် ပြုလုပ်ပေးရန်နှင့်

နှုတ်ကပတ်တော်၏ ဆုံးမမှုနှင့် စစ်ဆေးမှုကို လူလက်ခံအောင် ပြုလုပ်ရန်ဖြစ်သည်။

သူပြောသည့် နှုတ်ကပတ်တော်များဖြင့် သူ့ထံမှ ထောက်ပံ့မှုနှင့် အသက်ကို သင့်အား ရစေခဲ့သည်။

သူ၏ နှုတ်ကပတ်တော်များအားဖြင့် သင်သည် သူ၏အလုပ်နှင့် သူ၏လုပ်ရပ်ကို မြင်တွေ့သည်။

ဘုရားသခင်သည် သင့်ကို ပြစ်တင်ဆုံးမရန်နှင့် သန့်စင်ရန်အတွက် နှုတ်ကပတ်တော်ကို အသုံးပြုသည်။

သင်အခက်အခဲနှင့် ကြုံလျှင်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်ကြောင့်သာ ဖြစ်သည်။

ယနေ့ခေတ်၌ ဘုရားသခင်သည် အချက်အလက်များကို အသုံးပြုပြီး အလုပ်မလုပ်ပါ၊

သူ၏ နှုတ်ကပတ်တော်များကိုသာ အသုံးပြုပြီး အလုပ်လုပ်သည်။

သူ၏ နှုတ်ကပတ်တော် သင့်အပေါ်၌တည်မှသာ သန့်ရှင်းသော ဝိညာဉ်တော်က သင့်အထဲ၌ အလုပ်လုပ်နိုင်သည်၊

ဝေဒနာ သို့မဟုတ် ချိုမြိန်မှုကို ခံစားစေနိုင်သည်။

ဘုရားသခင်၏ နှုတ်ကပတ်တော်က သာလျှင် သင့်အား လက်တွေ့အရှိသဘောထဲသို့ ခေါ်ဆောင်နိုင်သည်၊

ဘုရားသခင်၏ နှုတ်ကပတ်တော်မှသာလျှင် သင့်ကို စုံလင်အောင် လုပ်ပေးနိုင်စွမ်းရှိသည်။

နောက်ဆုံးသောကာလ၌ ဘုရားသခင်လုပ်သည့် အလုပ်သည်

မူအားဖြင့် သူ၏ နှုတ်ကပတ်တော်ကို အသုံးပြုပြီး လူတိုင်းကို စုံလင်အောင် ပြုလုပ်ပေးဖို့နှင့်

လူကို လမ်းပြဖို့ ဖြစ်သည်ဟူသည့် အချက်ဖြစ်သည်။

ဘုရားသခင်လုပ်သမျှ အလုပ် အားလုံးသည် နှုတ်ကပတ်တော်အားဖြင့် လုပ်သော အလုပ်များဖြစ်သည်။

သင့်ကို ပြစ်တင်ဆုံးမရန် ဘုရားသခင်သည် အချက်အလက်များကို အသုံးမပြုပါ။

အချို့လူများက ဘုရားသခင်ကို မနာခံသည့် အချိန်များ ရှိသည်။

ဘုရားသခင်က သင့်ကို အလွန်အမင်း စိတ်ဆင်းရဲအောင်မလုပ်ပေ။

သင်၏ ဇာတိခန္ဓာသည်လည်း ပြစ်တင်ဆုံးမခြင်းမခံရ၊ သင်သည်လည်း ဆင်းရဲဒုက္ခ မရောက်ပေ။

သို့သော် ဘုရားသခင်၏ နှုတ်ကပတ်တော် သင့်အပေါ်၌ တည်စေပြီး သင့်ကို သန့်စင်သည်နှင့်

တစ်ပြိုင်နက် သင်လုံးဝ ခံနိုင်မည် မဟုတ်။

ထို့ကြောင့် နောက်ဆုံးသောကာလ၌ ဘုရားသခင်သည် လူ့ဇာတိခံယူသောအခါ

အရာအားလုံးကို အထမြောက်စေဖို့နှင့် အရာအားလုံးကို ရှင်းလင်းအောင်

ပြုလုပ်ဖို့အတွက် နှုတ်ကပတ်တော်ကို အဓိကအသုံးပြုသည်။

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။