Myanmar Christian Song - ကားစင်တင်ခြင်းခံရချိန် ပေတရု၏ဆုတောင်းချက်

17.05.2023

အိုဘုရား ကိုယ်တော့်၏ အချိန် ရောက်ပြီ၊

ကိုယ်တော်ပြင်ဆင်ပေးသောအချိန် ရောက်ပြီ။

ကျွန်ုပ်သည် ကိုယ်တော့်အတွက် အသေခံ၍၊

ကိုယ်တော့်အတွက် သက်သေ ခံရမည်။

ကျွန်ုပ်ချစ်ခြင်းမေတ္တာ ကိုယ်တော်ကို ဖြည့်ဆည်းနိုင်၊

ပိုဖြူစင်လာနိုင်မည် ကျွန်ုပ်မျှော်လင့်။

ကိုယ်တော့်အတွက် ကားတိုင်ပေါ် အသေခံတာဟာ ကျွန်ုပ်အား နှစ်သိမ့်စိတ်ချမှုကို ပေးသည်။

ကိုယ်တော့်အတွက် ကားတိုင်မှာအသေခံခြင်း၊

အလိုတော်ကို ဖြည့်ဆည်းခြင်း၊ မိမိကိုယ်ကို ကိုယ်တော်လက်သို့ အပ်နှံခြင်း၊

မိမိအသက်ကို ကိုယ်တော့်ထံ ဆက်ကပ်ခြင်းထက် ကျေနပ်စရာ ကျွန်ုပ်တွင် ဘာမှမရှိ။

အိုဘုရားသခင် ကိုယ်တော် အလွန်ချစ်ဖွယ်ဖြစ်သည်။

ကိုယ်တော် ကျွန်ုပ်ကို အသက်ရှင်ခွင့်ပေးနေပါက

ကျွန်ုပ်အသက်ရှင်နေသရွှေ့

ကိုယ်တော်ရှင်ကို ကျွန်ုပ် ပို၍ချစ်လို။

ကိုယ်တော်ကို ပိုနက်ရှိုင်းစွာ ကျွန်ုပ်ချစ်လို။

ကျွန်ုပ် အပြစ်ကျူးလွန်၍ မဖြောင့်မတ်ခဲ့လို့ အကျွန်ုပ်ကို ကိုယ်တော် စီရင်ကာ စမ်းသပ်နေ

ကိုယ်တော်၏ ဖြောင့်မတ်သော စိတ်သဘောထား

ကျွန်ုပ်အတွက် ပို၍ပင် ထင်ရှားလာ

ကိုယ်တော် ကျွန်ုပ်ကို မချစ်လျှင်ပင် ကျွန်ုပ် ကိုယ်တော်ကို ပိုချစ်နိုင်သည့်အတွက် ကောင်းချီးရရှိ။

အဓိပ္ပာယ်ရှိသောအသက်တာ၌ ပိုမိုရှင်သန်နိုင်အောင်

ကိုယ်တော်၏ ဖြောင့်မတ် စိတ်သဘောထားကို ကျွန်ုပ်မြင်တွေ့လို။

ကိုယ်တော့်အလို့ငှာ ကျွန်ုပ်အသေခံသည့်အတွက် ကျွန်ုပ်အသက်တာ ပိုအဓိပ္ပာယ်ရှိသည်ဟု ခံစားရ

ကိုယ်တော့်အတွက် ကျွန်ုပ်သေတာ အဓိပ္ပာယ်ရှိ။

သို့သော် ကျွန်ုပ် မကျေနပ်သေး။

ကိုယ်တော့်အကြောင်းကို ကျွန်ုပ်သိနားလည်မှု ဟာ အလွန်သေးနုပ်နေ

ကိုယ်တော်ရှင်၏ အလိုတော်ကို ကျွန်ုပ်သည်

ပြီးပြည့်စုံစွာ မဖြည့်ဆည်းနိုင်ဘဲ၊

ကိုယ်တော်ကို အနည်းငယ်သာ ကျေးဇူးဆပ်ခဲ့မှန်း ကျွန်ုပ်သိ။

ကျွန်ုပ်၏အသက်တာတွင် အလုံးစုံကို ကိုယ်တော်အား ပြန်လည်ပေးအပ်ဖို့ ကျွန်ုပ် ဝေးနေခဲ့။

ဒီအချိန်ကို ပြန်ကြည့်တော့

ကိုယ်တော့်အပေါ် အလွန်ကျေးဇူးရှိသည်ဟု ခံစားရ

အမှားများနှင့် ပြန်မဆပ်ခဲ့သည့် ချစ်ခြင်းတွေအားလုံး

ပြင်ဆင်ဖို့ ယခုအချိန်သာ ရှိသည်။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် မှ ဖတ်ရွတ်ခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ မှ ဖတ်ရွတ်ခြင်းများ နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဉ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ သံစုံတေးအက ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။