Christian Dance (ဘုရားသခင်အတွက် ချစ်ခြင်းနှင့်ဆိုင်သော သီချင်းများကို ကျွန်ုပ်တို့ သီဆိုမှု မရပ်နိုင်)

28.06.2024

ဘုရားသခင်အတွက် ချစ်ခြင်းနှင့်ဆိုင်သော သီချင်းများကို ကျွန်ုပ်တို့ သီဆိုမှု မရပ်နိုင်။

သီဆိုလေ၊ ခံစားချက်က ချိုမြိန်လေပါ။

ဘုရားသခင်၏ လူ့ဇာတိခံခြင်း၊ သူ၏ပလ္လင်တော်ရှေ့ ကျွန်ုပ်တို့ ချီမခံရခြင်းအကြောင်းကို သီဆိုကြပေ။

အနန္တတန်ခိုးရှင် ဘုရားသခင်က ကျွန်ုပ်တို့နှင့် မျက်နှာချင်းဆိုင်ရှိသည့်အတွက်၊

ခါးသီးစွာ တမ်းတလျက် ကောင်းကင်သို့ ကျွန်ုပ်တို့ မကြည့်ကြတော့ပေ။

ကျွန်ုပ်တို့ကို ထိန်းကျောင်းဖို့ သမ္မာတရားကို သူဖော်ပြ။

ကျွန်ုပ်တို့နံဘေးတွင် သူပါရှိ၊ အလွန် စစ်မှန်ကာ လက်တွေ့ကျပေ။

နေ့ရက်စဉ်တိုင်း ဘုရားနှုတ်ကပတ်တော်များကို ကျွန်ုပ်တို့ မွေ့လျော်ခံစား။

သမ္မာတရားကို သိနားလည်ခြင်းက အလွန် ချိုမြိန်လှပေ။

ဘုရားသခင်၏ ချစ်ဖွယ်သော မျက်နှာသွင်ပြင်ကို မြင်ရသည့်အခါ

ကျွန်ုပ်တို့၏ စိတ်နှလုံးက သူ့အတွက် ချစ်ခြင်းနှင့်ပြည့်ပေ။

ချီးမွမ်းခြင်းဖြင့် ကျွန်ုပ်တို့ သီဆို၊ ကခုန်ကြ။

ဘုရားသခင်၏ ချစ်ဖွယ်ဖြစ်ခြင်းအကြောင်းကို ကျွန်ုပ်တို့ ပြောမလောက်နိုင်ပေ။

ဘုရားသခင်အတွက် ချစ်ခြင်းနှင့်ဆိုင်သော သီချင်းများကို ကျွန်ုပ်တို့ သီဆိုမှု မရပ်နိုင်။

အနန္တတန်ခိုးရှင် ဘုရားသခင်သည် ချီးမွမ်းခြင်းများနှင့် ထိုက်တန်လှပေ။

ဘုရားသခင်အတွက် ချစ်ခြင်းနှင့်ဆိုင်သော သီချင်းများကို ကျွန်ုပ်တို့ သီဆိုမှု မရပ်နိုင်။

သီဆိုလေ၊ ခံစားချက်က ချိုမြိန်လေပါ။

ဘုရားသခင်က သူ၏ ဖြောင့်မတ်သော တရားစီရင်ခြင်းကို ဆောင်ကြဉ်းခြင်းအကြောင်း၊ သူ၏ နှုတ်ကပတ်တော်များက

ကျွန်ုပ်တို့ကို သန့်စင်ကာ ကယ်တင်ခြင်းအကြောင်း ကျွန်ုပ်တို့ သီဆို။

ဘုရားနှုတ်ကပတ်တော်များက လူ၏ စာတန်ဆန်သော သဘာဝကို ဖော်ထုတ်သည်။

လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးခြင်း အမှန်တရားကို ပြသနေ။

ကျွန်ုပ်တို့၏ စာတန်ဆန်သော စိတ်သဘောထားများကို သန့်စင်စေကာ

ကျွန်ုပ်တို့ကို လူသစ်များ ဖြစ်စေတာ။

စာတန်၏ စွမ်းအားကို ကျွန်ုပ်တို့ စွန့်ပယ်ကာ

ဘုရားသခင်၏ မေတ္တာ အလွန် စစ်မှန်ကြောင်း မြင်ရလေပြီ။

ဘုရားသခင်၏ ဖြောင့်မတ်ခြင်းနှင့် သန့်ရှင်းခြင်းတို့က အလွန် ချစ်ဖွယ်ဖြစ်ပေ။

သူ့ကို ကျွန်ုပ်တို့ လုံလောက်အောင် မချစ်နိုင်ကြပေ။

ဘုရားသခင်ကို ကျွန်ုပ်တို့ ချီးမွမ်း၊ ကျွန်ုပ်တို့၏ ခံစားချက်များကို ချုပ်တည်းမထားနိုင်ပေ။

ကျွန်ုပ်တို့နှင့် ဘုရားသခင်ကြား မည်သည့်အရာမျှ မလာနိုင်။

ဘုရားသခင်အတွက် ချစ်ခြင်းနှင့်ဆိုင်သော သီချင်းများကို ကျွန်ုပ်တို့ သီဆိုမှု မရပ်နိုင်။

အနန္တတန်ခိုးရှင် ဘုရားသခင်သည် ချီးမွမ်းခြင်းများနှင့် ထိုက်တန်လှပေ။

ဘုရားသခင်အတွက် ချစ်ခြင်းနှင့်ဆိုင်သော သီချင်းများကို ကျွန်ုပ်တို့ သီဆိုမှု မရပ်နိုင်။

သီဆိုလေ၊ ခံစားချက်က ချိုမြိန်လေပါ။

ဘုရားနှုတ်ကပတ်တော်က နိုင်ငံတော် အသက်တာတွင် အုပ်စိုးသည်။

အလင်းထဲတွင် ကျွန်ုပ်တို့ အသက်ရှင်။

သမ္မာတရားကို ရရှိခြင်းက အလွန် လွတ်လပ်လှပေ။

စိတ်နှလုံးဖြင့်၊ ရိုးသားမှုဖြင့် ဘုရားသခင်ကို ကျွန်ုပ်တို့ ကိုးကွယ်။

ဘုရားသခင်၏ ယုံကြည်ရသူများ ဖြစ်လာ။

သစ္စာရှိစွာ ကျွန်ုပ်တို့ အစေခံကာ သူ့အတွက် ဝန်ထုပ်ထမ်းကြပေ။

ကျွန်ုပ်တို့၏ တာဝန်ကို စိတ်နှလုံးအကြွင်းမဲ့ ကျွန်ုပ်တို့ လုပ်ဆောင်ကြ။

ဘုရားသခင်ကို ချစ်ခြင်း လမ်းကြောင်းပေါ် အမြဲ တိုးတက်နေကြပေ။

ယခု ဘုရားသခင်ကို ကျွန်ုပ်တို့ ချစ်ကာ ကျိုးနွံနာခံနိုင်ကြပေ။

သူ့အတွက် အသက်ရှင်ခြင်းက အကြီးမားဆုံး ပျော်ရွှင်မှုပေ။

အနန္တတန်ခိုးရှင် ဘုရားသခင်၊ ကိုယ်တော်ကို ကျွန်ုပ်တို့ ချီးမွမ်းပါ၏။

ထာဝရကာလထိ ကိုယ်တော်ကို ကျွန်ုပ်တို့ ကိုးကွယ်မည်။

ဘုရားသခင်အတွက် ချစ်ခြင်းနှင့်ဆိုင်သော သီချင်းများကို ကျွန်ုပ်တို့ သီဆိုမှု မရပ်နိုင်။

အနန္တတန်ခိုးရှင် ဘုရားသခင်သည် ချီးမွမ်းခြင်းများနှင့် ထိုက်တန်လှပေ။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် မှ ဖတ်ရွတ်ခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ သံစုံတေးအက ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။