Christian Dance (ဘုရားသခင်ကို ကျွန်ုပ်သာ၍နက်ရှိုင်းစွာ ချစ်လို၏)

04.11.2024

ဘုရားသခင်ကို ကျွန်ုပ်၏စိတ်နှလုံးတွင် နက်ရှိုင်းစွာ ချစ်ခင်၍

ကိုယ်တော့်ထံမှ မည်သည့်အခါမျှ ထပ်မံထွက်ခွာမည်မဟုတ်။

ဘုရားသခင်၏ ချစ်ခြင်းသည် ကျွန်ုပ်၏စိတ်နှလုံးကို အရည်ပျော်စေခဲ့ပြီးဖြစ်ကာ

ကိုယ်တော်၏ စေ့စပ်သေချာသော ရည်ရွယ်ချက်များကို ကျွန်ုပ်နားလည်။

ဘုရားသခင်၏ စိတ်နှလုံးနှင့် ချစ်ခြင်းကို ကျွန်ုပ်နားလည်၊

ဘုရားသခင်၏ ချစ်ခြင်းသည် နက်ရှိုင်း၍ သန်စွမ်းကြောင်း ကျွန်ုပ်သိရှိ။

ယခုမှစ၍ ကျွန်ုပ်သည် ဘုရားသခင်အပေါ် မည်သည့်အခါမျှ နားလည်မှုလွဲမည်မဟုတ်ကာ

ကိုယ်တော့်ထံ ကျွန်ုပ်၏ စစ်မှန်သော ချစ်ခြင်းကို ပူဇော်ဆက်ကပ်မည်ဖြစ်။

ဘုရားသခင်ကို ကျွန်ုပ်၏စိတ်နှလုံးတွင် နက်ရှိုင်းစွာ ချစ်ခင်၍

ကိုယ်တော့်ထံမှ မည်သည့်အခါမျှ ထပ်မံထွက်ခွာမည်မဟုတ်။

ဘုရားသခင်၏ ချစ်ခြင်းသည် အလွန်စစ်မှန်သော်လည်း

ကျွန်ုပ်၏ စစ်မှန်သော ချစ်ခြင်းသည် နည်းပါးရသည့်အပေါ် နောင်တရ။

လူများကို ကယ်တင်ရန် ဘုရားသခင်သည် ဤညစ်ညမ်းသောမြေသို့ ကြွလာကာ

လူကို ထာဝရအသက်၏ လမ်းခရီးကို ပေးအပ်။

ဘုရားသခင်သည် လူသားမျိုးနွယ်အတွက် သူ့ကိုယ်သူ ရည်စူးအပ်နှံ၊

ဘုရားသခင်၏ ချစ်ခြင်းသည် အဖိုးအတန်ဆုံးနှင့် အကြီးမြတ်ဆုံးဖြစ်ကြောင်း ယခုအခါ ကျွန်ုပ်သိရှိ။

ဘုရားသခင်ကို ကျွန်ုပ်၏စိတ်နှလုံးတွင် နက်ရှိုင်းစွာ ချစ်ခင်၍

ကိုယ်တော့်ထံမှ မည်သည့်အခါမျှ ထပ်မံထွက်ခွာမည်မဟုတ်။

အခက်အခဲများနှင့် စစ်ဆေးခြင်းများသည် ဘာမျှမဟုတ်၊ ကျွန်ုပ်တွင် ပို၍တောင့်ခံလိုစိတ်ရှိ။

ဘုရားသခင်အတွက် ချစ်ခြင်းသည် ကောင်းချီးမင်္ဂလာများမှ ဖြစ်လာခြင်းမဟုတ်။

ဒုက္ခမရှိပါက စစ်မှန်သော ချစ်ခြင်း အဘယ်သို့ရှိနိုင်မည်နည်း။

ဘုရားသခင်၏ ချစ်ခြင်းသည် အလွန်စင်စစ်ဖြစ်၍ စစ်မှန်၊

ကျွန်ုပ်သည် ဒုက္ခခံစား၍ အရာခပ်သိမ်းကို စွန့်လွှတ်အနစ်နာခံလျှင်ပင် ယင်းနှင့်မထိုက်တန်။

ဘုရားသခင်ကို ကျွန်ုပ်၏စိတ်နှလုံးတွင် နက်ရှိုင်းစွာ ချစ်ခင်၍

ကိုယ်တော့်ထံမှ မည်သည့်အခါမျှ ထပ်မံထွက်ခွာမည်မဟုတ်။

ယခုအခါ ကိုယ်တော့်ကို ကျွန်ုပ်ရရှိပြီးဖြစ်၊ ကိုယ်တော့်ကို ထပ်မံ၍ ရှာမတွေ့နိုင်မည်ကို

ကျွန်ုပ်ကြောက်ရွံ့သောကြောင့် ကိုယ်တော့်ကို ကျွန်ုပ်ဆုံးရှုံးခြင်း မဖြစ်စေရ။

ဘုရားသခင်၏ ကြင်နာမှု၊ ကိုယ်တော်၏ချစ်ခြင်း

သို့မဟုတ် ကိုယ်တော်၏တာဝန်ပေးစေခိုင်းချက်နှင့် အစီအစဉ်များကို

ကျွန်ုပ် မည်သည့်အခါမျှ မေ့မည်မဟုတ်။

ဘုရားသခင်သည် ကျွန်ုပ်ကို များစွာချီးမြှောက်ပေး၊

ကျွန်ုပ်သေဆုံးရလျှင်ပင် ကိုယ်တော်၏ချစ်ခြင်းကို ပြန်ပေးဆပ်မည်ဖြစ်။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် မှ ဖတ်ရွတ်ခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ သံစုံတေးအက ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။