ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၂၁) အခန်း တစ်

အန္တိခရစ် စိတ်သဘောထားရှိသူများထံမှ အန္တိခရစ်များကို မည်သို့ ခွဲခြားပိုင်းခြားမည်နည်း

သမ္မာတရားအပေါ် ၎င်းတို့၏ သဘောထားများကို အခြေခံ၍ ၎င်းတို့ကို ခွဲခြားသိမြင်ခြင်း

ယနေ့တွင် ငါတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များနှင့်ပတ်သက်၍ ဆက်လက်မိတ်သဟာယဖွဲ့ကြမည်။ မိတ်သဟာယကို တရားဝင်မစတင်မီ၊ ယခင်က မိတ်သဟာယဖွဲ့ခဲ့ပြီးဖြစ်သည့် အန္တိခရစ်များနှင့်သက်ဆိုင်သော အကြောင်းအရာများထဲမှ တစ်ခုကို ပြန်လည်သုံးသပ်ကြပါစို့။ အန္တိခရစ် စိတ်သဘောထားရှိသူများကို အန္တိခရစ် အနှစ်သာရရှိသူများထံမှ မည်သို့ ခွဲခြားသိမြင်မည်နည်း၊ ပြီးလျှင် ဤလူနှစ်မျိုးကြား ကွာခြားချက်များမှာ အဘယ်နည်း။ ပထမဆုံးအနေဖြင့်၊ အန္တိခရစ်များအား မည်သို့ ပိုင်းခြားသိမြင်ရမည်ကို ငါတို့ မိတ်သဟာယဖွဲ့ကြမည်။ ဤသည်မှာ အလွန်ခက်ခဲသည်မဟုတ်။ ဦးစွာပထမ၊ သင်သည် အန္တိခရစ်များဖြစ်ကြသူတို့ ပြသသည့် သိသာထင်ရှားသော လက္ခဏာရပ်ဆိုင်ရာ သရုပ်သကန်များက အဘယ်အရာဖြစ်သည်ကို ရှင်းလင်းစွာ မြင်သင့်သည်။ သို့မှသာ သင်သည် စစ်မှန်သော အန္တိခရစ်တစ်ဦးကို အချိန်တိုအတွင်း ဖော်ထုတ်နိုင်ပြီး၊ ထိုသူသည် အန္တိခရစ် စိတ်သဘောထားသာရှိသူ သို့မဟုတ် အန္တိခရစ်များ၏ လမ်းကြောင်းကို လျှောက်လှမ်းနေသူတစ်ဦးမျှသာ လုံးဝ မဟုတ်ကြောင်းကိုပါ ဆုံးဖြတ်နိုင်မည် ဖြစ်သည်။ ဤနည်းအားဖြင့်၊ သင်သည် အန္တိခရစ်များနှင့်ပတ်သက်၍ ပိုင်းခြားသိမြင်နိုင်စွမ်း ရှိလာမည်ဖြစ်ပြီး ၎င်းတို့၏ အထင်အမြင်မှားစေခြင်း၊ အမိဖမ်းခြင်းနှင့် ထိန်းချုပ်ခြင်းတို့ကို ခံရတော့မည်မဟုတ်ပေ။ ယခုအခါ အရေးအကြီးဆုံးအရာမှာ အန္တိခရစ်တို့၏ သဘာဝအနှစ်သာရရှိသူများနှင့် အန္တိခရစ် စိတ်သဘောထားရှိသူများအကြားရှိ သိသာထင်ရှားသော ကွာခြားချက်များကို ခွဲခြားသိမြင်နိုင်ရန် ဖြစ်သည်။ ဤလူစားနှစ်မျိုးကို ပိုင်းခြားသိမြင်ရန်၊ သင်သည် ၎င်းတို့၏ အဓိကလက္ခဏာရပ်များကို ဦးစွာ သဘောပေါက်ရမည်။ အချို့လူများသည် မိမိတို့၏ အဆင့်အတန်းကို အခိုင်အမာပြောဆိုတတ်ခြင်းနှင့် အခြားသူများကို ဆုံးမစကားပြောတတ်ခြင်းကဲ့သို့သော အန္တိခရစ်တို့၏ နေ့စဉ်အသက်တာရှိ ဖောက်ပြန်ပျက်စီးခြင်း ထုတ်ဖော်ပြမှုများကိုသာ သဘောပေါက်ကြသော်လည်း၊ အန္တိခရစ်တို့၏ သဘာဝအနှစ်သာရကိုမူ မပိုင်းခြားနိုင်ကြပေ။ ဤသည်မှာ မှန်ကန်သလော။ (မမှန်ကန်ပါ။) အန္တိခရစ်တို့၏ အထင်ရှားဆုံးသော သရုပ်သကန်များမှာ ၎င်းတို့၏ မာနထောင်လွှားခြင်းနှင့် စိတ်ကြီးဝင်ခြင်းတို့ဖြစ်သည်ဟု ပြောဆိုကြပြီး၊ မာနထောင်လွှားကာ စိတ်ကြီးဝင်သောလူအားလုံးကို အန္တိခရစ်များအဖြစ် သတ်မှတ်ကြသူများလည်း ရှိသည်။ ဤသည်မှာ မှန်ကန်သလော။ (မမှန်ကန်ပါ။) အဘယ်ကြောင့် မမှန်ကန်သနည်း။ အကြောင်းမှာ မာနထောင်လွှားခြင်းနှင့် စိတ်ကြီးဝင်ခြင်းတို့သည် အန္တိခရစ်တို့၏ အထင်ရှားဆုံးသော သရုပ်သကန်များ မဟုတ်သောကြောင့် ဖြစ်သည်။ ယင်းတို့သည် ဖောက်ပြန်ပျက်စီးသော လူသားအားလုံးတွင် ရှိကြသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသာ ဖြစ်ကြသည်။ လူတိုင်းတွင် မာနထောင်လွှားပြီး စိတ်ကြီးဝင်သော စိတ်သဘောထားတစ်ခု ရှိကြသည်။ ထို့ကြောင့် မာနထောင်လွှားကာ စိတ်ကြီးဝင်သောလူအားလုံးကို အန္တိခရစ်များအဖြစ် သတ်မှတ်ခြင်းသည် ဆိုးရွားသော အမှားတစ်ခု ဖြစ်သည်။ သို့ဆိုလျှင်၊ အန္တိခရစ်များနှင့် အန္တိခရစ် စိတ်သဘောထားရှိသူများအကြားရှိ အနှစ်သာရပိုင်းဆိုင်ရာ ကွာခြားချက်များကို တစ်ချက်ကြည့်ရုံဖြင့် ရှင်းလင်းစွာ မြင်စေနိုင်သည့်အပြင်၊ ဤလူစားနှစ်မျိုး၏ အနှစ်သာရများမှာ မတူညီကြောင်းနှင့် ထိုသို့သောလူများကို ကွဲပြားစွာ ဆက်ဆံသင့်ကြောင်း လူတစ်ဦးအား ပိုင်းခြားသိမြင်စေနိုင်သည့် အန္တိခရစ်တို့၏ အနှစ်သာရပိုင်းဆိုင်ရာ သရုပ်သကန်များမှာ အဘယ်အရာများ ဖြစ်သနည်း။ လုပ်ရပ်များ၊ အပြုအမူများနှင့် စိတ်သဘောထားများကဲ့သို့သော အချို့ ကဏ္ဍများတွင်၊ ဤလူနှစ်မျိုး၌ တူညီမှုများနှင့် ဆင်တူမှုများ ရှိကြသလော။ (ရှိပါသည်။) သင်သည် သေချာစွာ မလေ့လာလျှင်၊ အလေးအနက် မခွဲခြားလျှင် သို့မဟုတ် သင်၏စိတ်နှလုံးထဲ၌ ဤလူနှစ်မျိုး၏ စိတ်သဘောထား၊ အနှစ်သာရတို့နှင့်ပတ်သက်၍ တိကျသော နားလည်သဘောပေါက်မှုနှင့် ပိုင်းခြားသိမြင်နိုင်စွမ်း မရှိလျှင်၊ ၎င်းတို့ကို တစ်မျိုးတစ်စားတည်းဖြစ်သည့်အလား သဘောထားရန် အလွန်လွယ်ကူသည်။ သင်သည် အန္တိခရစ်တစ်ဦးကို အန္တိခရစ် စိတ်သဘောထားရှိသူတစ်ဦးအဖြစ်လည်းကောင်း၊ အပြန်အလှန်အနေဖြင့်လည်းကောင်း မှားယွင်းစွာ မှတ်ယူကောင်းမှတ်ယူနိုင်သည်။ ဆိုလိုသည်မှာ ဤသို့သော မှားယွင်းသည့် အကဲဖြတ်ချက်များကို လွယ်ကူစွာ ချမှတ်မိခြင်း ဖြစ်သည်။ သို့ဆိုလျှင်၊ မည်သူက အန္တိခရစ်ဖြစ်ပြီး မည်သူက အန္တိခရစ် စိတ်သဘောထားရှိသူဖြစ်သည်ကို ခိုင်မာသော သက်သေအထောက်အထားဖြင့် လူတစ်ဦးအား ခွဲခြားပိုင်းခြားနိုင်စေမည့် ဤလူနှစ်မျိုးအကြားရှိ အဓိကလက္ခဏာရပ်များနှင့် ကွာခြားချက်များမှာ အဘယ်အရာများ ဖြစ်ကြသနည်း။ သင်တို့သည် ဤအကြောင်းအရာကို ရင်းနှီးပြီးသား ဖြစ်ရမည်။ ထို့ကြောင့် သင်တို့၏ အတွေးအမြင်များကို နားထောင်စို့။ (အန္တိခရစ်များနှင့် အန္တိခရစ် စိတ်သဘောထားရှိသူများကို ခွဲခြားသိမြင်ရာတွင် အသုံးပြုသည့် ကဏ္ဍတစ်ခုမှာ သမ္မာတရားအပေါ် ၎င်းတို့၏ သဘောထားမှတစ်ဆင့် ဖြစ်ပါသည်။ နောက်တစ်ခုမှာ ၎င်းတို့၏ လူ့သဘာဝမှတစ်ဆင့် ဖြစ်ပါသည်။ သမ္မာတရားအပေါ် ၎င်းတို့၏ သဘောထားတွင်၊ အန္တိခရစ်တို့သည် သမ္မာတရားကို မုန်းတီးပြီး လုံးဝလက်မခံကြပါ။ ၎င်းတို့သည် အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို ဖြစ်စေသည့် ဒုစရိုက်အမှုမည်မျှကို ကျူးလွန်သည်ဖြစ်စေ၊ ပြီးလျှင် သင်က ၎င်းတို့နှင့် မည်သို့ပင် မိတ်သဟာယဖွဲ့သည်ဖြစ်စေ သို့မဟုတ် ၎င်းတို့ကို ပြုပြင်သည်ဖြစ်စေ ၎င်းတို့သည် ယင်းကို ဝန်မခံသည့်အပြင် စွဲမြဲခိုင်မာစွာဖြင့် နောင်တမရဘဲ ရှိကြပါသည်။ အန္တိခရစ် စိတ်သဘောထားရှိသူများသည်လည်း သမ္မာတရားကို နားမလည်သည့်အခါ သို့မဟုတ် စည်းမျဉ်းများကို သဘောမပေါက်သည့်အခါတွင် မှားယွင်းသောအရာများကို လုပ်ဆောင်ကောင်းလုပ်ဆောင်နိုင်သော်လည်း၊ ၎င်းတို့ ပြုပြင်ခြင်းခံရသည့်အခါတွင်မူ၊ သမ္မာတရားကို လက်ခံနိုင်ကြသည်၊ မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်ပြီး သိရှိနိုင်ကြသည်၊ နောင်တရကာ ပြုပြင်ပြောင်းလဲနိုင်ကြပါသည်။ သမ္မာတရားအပေါ် ၎င်းတို့၏ သဘောထားနှင့်ဆိုင်သည့် ရှုထောင့်အမြင်မှကြည့်လျှင် အန္တိခရစ်တို့၏ အနှစ်သာရမှာ ၎င်းတို့က သမ္မာတရားကို မုန်းတီးကြသော်လည်း အန္တိခရစ် စိတ်သဘောထားရှိသူများမှာမူ သမ္မာတရားကို လက်ခံနိုင်ကြပါသည်။ ၎င်းတို့၏ လူ့သဘာဝ ရှုထောင့်အမြင်မှကြည့်လျှင်၊ အန္တိခရစ်တို့သည် အသိစိတ် သို့မဟုတ် ရှက်စိတ်မရှိသော ဆိုးယုတ်သည့်လူများဖြစ်ကြပြီး၊ အန္တိခရစ် စိတ်သဘောထားရှိသူများမှာမူ အသိစိတ်နှင့် ရှက်စိတ်ရှိကြပါသည်။) ထူးခြားသော လက္ခဏာရပ်နှစ်ခုကို သင် ဖော်ပြခဲ့သည်။ ဤအကြောင်းအရာကို ယခင်က မိတ်သဟာယဖွဲ့ခဲ့သလော။ ဤသည်တို့ကို သိသာထင်ရှားသော ထူးခြားသည့် လက္ခဏာရပ်များအဖြစ် မှတ်ယူထားသလော။ (မှတ်ယူထားပါသည်။) သမ္မာတရားအပေါ် အန္တိခရစ်များနှင့် အန္တိခရစ် စိတ်သဘောထားရှိသူများ၏ သဘောထားများမှာ လုံးဝကွဲပြားသည်။ ဤသည်မှာ အလွန်အရေးကြီးသော အချက်ဖြစ်ပြီး၊ သိသာထင်ရှားသော ထူးခြားသည့်လက္ခဏာရပ်များပါသည့် သရုပ်သကန်တစ်ခု ဖြစ်သည်။ အန္တိခရစ်တို့သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ကြသည့်အပြင် ယင်းကို လုံးဝလက်မခံကြပေ။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များက သမ္မာတရားဖြစ်ကြောင်း ဝန်ခံဖို့ထက် သေလိုက်ချင်မည်ဖြစ်သည်။ သင်သည် သမ္မာတရားနှင့်ပတ်သက်၍ မည်သို့ပင် မိတ်သဟာယဖွဲ့ပါစေ၊ ၎င်းတို့သည် စိတ်ထဲတွင် အတိုက်အခံလုပ်ပြီး ယင်းကို အလွန်အမင်း မနှစ်မြို့ကြပေ။ ၎င်းတို့သည် သင့်ကို အထင်သေးသော သဘောထားဖြင့် ဆက်ဆံလျက် သင့်ကို စိတ်ထဲ၌ ကျိန်ဆဲပင်ကျိန်ဆဲနိုင်သည်၊ လှောင်ပြောင်ပြီး မထီမဲ့မြင်ပြုခြင်းတို့ကိုပင် ပြုလုပ်နိုင်သည်။ အန္တိခရစ်တို့သည် သမ္မာတရားကို ရန်လိုကြသည်။ ဤသည်မှာ သိသာထင်ရှားသော လက္ခဏာရပ်တစ်ခု ဖြစ်သည်။ ပြီးလျှင် အန္တိခရစ် စိတ်သဘောထားရှိသူများ၏ လက္ခဏာရပ်များမှာ အဘယ်အရာများ ဖြစ်ကြသနည်း။ တိကျပြီး ဓမ္မဓိဋ္ဌာန်ကျကျဆိုရလျှင်၊ အန္တိခရစ် စိတ်သဘောထားရှိသော်လည်း အသိစိတ်နှင့် ဆင်ခြင်တုံတရားအချို့ရှိသော လူတို့သည် အခြားသူများက ၎င်းတို့နှင့် သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းမှတစ်ဆင့် မိမိတို့၏ အယူအဆများကို ပြောင်းလဲနိုင်ပြီး သမ္မာတရားကို လက်ခံနိုင်ကြသည်။ ၎င်းတို့ ပြုပြင်ခြင်းခံရလျှင်လည်း၊ ၎င်းတို့ ကျိုးနွံနာခံနိုင်ကြသည်။ ဆိုလိုသည်မှာ၊ အန္တိခရစ် စိတ်သဘောထားရှိသူများသည် ဘုရားသခင်ကို ရိုးသားစစ်မှန်စွာ ယုံကြည်သရွေ့၊ ၎င်းတို့အများစုသည် သမ္မာတရားကို အတိုင်းအတာအမျိုးမျိုးဖြင့် လက်ခံနိုင်ကြသည်။ အချုပ်အားဖြင့်၊ အန္တိခရစ် စိတ်သဘောထားရှိသူများသည် မိမိတို့ကိုယ်တိုင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်း၊ ဘုရားသခင်၏ ဆုံးမပဲ့ပြင်ခြင်းနှင့် ဉာဏ်အလင်းပေးခြင်းကို လက်ခံခြင်း သို့မဟုတ် ညီအစ်ကိုမောင်နှမများ၏ ပြုပြင်ခြင်း၊ ကူညီခြင်းနှင့် ထောက်ပံ့ခြင်းကဲ့သို့သော နည်းလမ်းများမှတစ်ဆင့် သမ္မာတရားကို လက်ခံနိုင်ပြီး ကျိုးနွံနာခံနိုင်ကြသည်။ ဤသည်မှာ သိသာထင်ရှားသော ထူးခြားသည့်လက္ခဏာရပ်တစ်ခု ဖြစ်သည်။ သို့သော်လည်း၊ အန္တိခရစ်တို့မှာမူ ကွဲပြားသည်။ မည်သူက သမ္မာတရားကို မိတ်သဟာယဖွဲ့သည်ဖြစ်စေ၊ ၎င်းတို့သည် နားထောင်ခြင်းမရှိသည့်အပြင်၊ ကျိုးနွံနာခံခြင်းလည်း မရှိကြပေ။ ၎င်းတို့တွင် သဘောထားတစ်ခုတည်းသာ ရှိသည်။ ၎င်းတို့သည် သမ္မာတရားကို လက်ခံဖို့ထက် သေလိုက်ချင်ကြမည်ဖြစ်သည်။ သင်က ၎င်းတို့ကို မည်သို့ပင် ပြုပြင်ပါစေ၊ အချည်းနှီးဖြစ်သည်။ သင်သည် သမ္မာတရားကို တတ်နိုင်သမျှ ရှင်းလင်းစွာ မိတ်သဟာယဖွဲ့လျှင်ပင်၊ ၎င်းတို့ လက်မခံကြပေ။ ၎င်းတို့သည် စိတ်ထဲ၌ပင် အတိုက်အခံလုပ်ပြီး ယင်းကို အလွန်အမင်း မနှစ်မြို့ကြပေ။ သမ္မာတရားကို မုန်းတီးသည့် ထိုသို့သော စိတ်သဘောထားရှိသူတစ်ဦးသည် ဘုရားသခင်ကို ကျိုးနွံနာခံနိုင်သလော။ သေချာပေါက် မနာခံနိုင်ပေ။ ထို့ကြောင့်၊ အန္တိခရစ်တို့သည် ဘုရားသခင်၏ ရန်သူများဖြစ်ကြပြီး၊ ပြုပြင်၍မရနိုင်သောသူများ ဖြစ်ကြသည်။

၎င်းတို့၏ လူ့သဘာဝကို အခြေခံ၍ ခွဲခြားသိမြင်ခြင်း

ယခုတင် အန္တိခရစ်များကို အန္တိခရစ် စိတ်သဘောထားရှိသူများနှင့် ခွဲခြားသိမြင်ရန်အတွက် လူ့သဘာဝရှုထောင့်မှဖြစ်သည့် နောက်ထပ်ထူးခြားသော လက္ခဏာရပ်တစ်ခုကိုလည်း သင်တို့ ဖော်ပြခဲ့ကြသည်။ ဤထူးခြားသော လက္ခဏာရပ်နှင့်ပတ်သက်၍ မည်သူက ထပ်မံ မိတ်သဟာယဖွဲ့လိုသနည်း။ (အန္တိခရစ်တို့တွင် အထူးသဖြင့် မလိုမုန်းထားသော လူ့သဘာဝတစ်ခု ရှိပါသည်။ ၎င်းတို့သည် လူတို့ကို ဖိနှိပ်ပြီး ညှဉ်းပန်းနိုင်ကြသည့်အပြင် မည်မျှပင် မကောင်းမှုပြုလုပ်ပါစေ နောင်တရရကောင်းမှန်း မသိကြပါ။) မှန်သည်၊ အန္တိခရစ်တို့၏ အဓိက ထူးခြားသော လက္ခဏာရပ်မှာ ၎င်းတို့၏ မလိုမုန်းထားသော လူ့သဘာဝ၊ ၎င်းတို့၏ အရှက်တရားမဲ့ခြင်းနှင့် ၎င်းတို့၏ အသိစိတ်နှင့် ဆင်ခြင်တုံတရား ကင်းမဲ့ခြင်းတို့ ဖြစ်သည်။ ၎င်းတို့သည် အသင်းတော်၌ ဒုစရိုက်အမှုမည်မျှ ကျူးလွန်သည်ဖြစ်စေ သို့မဟုတ် အသင်းတော်၏အလုပ်ကို မည်မျှပင် ထိခိုက်နစ်နာမှုဖြစ်စေသည်ဖြစ်စေ၊ ၎င်းတို့သည် ယင်းကို ရှက်ဖွယ်ဖြစ်သည်ဟု မထင်ကြသည့်အပြင်၊ မိမိတို့ကိုယ်ကို အပြစ်သားများအဖြစ်လည်း မမြင်ကြပေ။ ဘုရားအိမ်တော်က ၎င်းတို့ကို ဖော်ထုတ်သည်ဖြစ်စေ သို့မဟုတ် ညီအစ်ကိုမောင်နှမများက ၎င်းတို့ကို ပြုပြင်သည်ဖြစ်စေ၊ ၎င်းတို့သည် မတုန်မလှုပ်ရှိနေကြပြီး၊ အပြစ်တင်ခံရသည်ဟု မခံစားရ သို့မဟုတ် စိတ်မကောင်းမဖြစ်ကြပေ။ ဤသည်မှာ လူ့သဘာဝပိုင်းဆိုင်ရာ အန္တိခရစ်တို့၏ သရုပ်သကန် ဖြစ်သည်။ ၎င်းတို့၏ အဓိက ထူးခြားသော လက္ခဏာရပ်များမှာ အသိစိတ်နှင့် ဆင်ခြင်တုံတရား ကင်းမဲ့ခြင်း၊ အရှက်တရား ကင်းမဲ့ခြင်းနှင့် အလွန်အမင်း ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထားတစ်ခုတို့ ဖြစ်သည်။ ၎င်းတို့၏ အကျိုးစီးပွားများကို ထိပါးသည့် မည်သူမဆိုသည် ၎င်းတို့၏ ဝေဖန်ခြင်းနှင့် ညှဉ်းပန်းခြင်းကို ခံရပြီး ၎င်းတို့တွင် အထူးသဖြင့် ပြင်းထန်သော လက်စားချေလိုစိတ်ရှိကာ မိမိတို့၏ ဆွေမျိုးရင်းချာများကိုပင် မချန်ဘဲ မည်သူ့ကိုမျှ အလွတ်မပေးကြပေ။ ဤသည်မှာ အန္တိခရစ်တို့ မည်မျှ ရက်စက်ကြမ်းကြုတ်ပုံ ဖြစ်သည်။ အခြားတစ်ဖက်တွင်မူ၊ အန္တိခရစ် စိတ်သဘောထားရှိသူများသည် မည်မျှပင် ဖောက်ပြန်ပျက်စီးမှုကို ထုတ်ဖော်ပါစေ၊ သေချာပေါက် ဆိုးယုတ်သည့်လူများ မဟုတ်ကြပေ။ ၎င်းတို့၏ လူ့သဘာဝတွင် မည်သည့် အားနည်းချက်များ သို့မဟုတ် ချို့တဲ့မှုများ ရှိသည်ဖြစ်စေ၊ မည်သည့်အမှားများကို ၎င်းတို့ လုပ်နိုင်သည်ဖြစ်စေ သို့မဟုတ် မည်သည့်ကိစ္စရပ်များတွင် ၎င်းတို့ ကျရှုံးပြီး ခလုတ်တိုက်လဲနိုင်သည်ဖြစ်စေ၊ ၎င်းတို့သည် နောက်ပိုင်းတွင် မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်ပြီး သင်ခန်းစာများ ယူနိုင်ကြသည်။ ပြုပြင်ခြင်းကို ၎င်းတို့ ရင်ဆိုင်ရသည့်အခါ၊ မိမိတို့၏ အမှားများကို ဝန်ခံနိုင်ပြီး နောင်တရနိုင်ကြသည်။ ပြီးလျှင် ညီအစ်ကိုမောင်နှမများက ၎င်းတို့ကို ဝေဖန်သည့်အခါ သို့မဟုတ် ဖော်ထုတ်သည့်အခါတွင်၊ ၎င်းတို့သည် မိမိတို့ကိုယ်ကို အနည်းငယ် ခုခံကာကွယ်ရန် ကြိုးစားပြီး ထိုအချိန်တွင် ဝန်ခံရန် မလိုမလားဖြစ်ကောင်းဖြစ်နိုင်သော်လည်း၊ အမှန်တွင် ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲတွင် မိမိတို့၏အမှားကို ဝန်ခံပြီး ကျိုးနွံနာခံပြီးသား ဖြစ်သည်။ ဤသည်က ၎င်းတို့သည် သမ္မာတရားကို လက်ခံနိုင်သေးကြောင်းနှင့် ပြုပြင်ပြောင်းလဲ၍ ရနိုင်သေးကြောင်း သက်သေပြသည်။ ၎င်းတို့ အမှားများလုပ်မိသည့်အခါ သို့မဟုတ် ပြဿနာတစ်ခုခု ကြုံတွေ့သည့်အခါ၊ ၎င်းတို့၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားက လုပ်ဆောင်နိုင်သေးသည်။ ၎င်းတို့သည် ထုံထိုင်းကာ ခံစားချက်ကင်းမဲ့နေခြင်း သို့မဟုတ် နှလုံးမာကျောပြီး အမှုအရာများကို ဝန်ခံရန် ငြင်းပယ်နေခြင်း မဟုတ်ဘဲ၊ အသိရှိကြသည်။ ထို့အပြင်၊ ဤလူစားမျိုးသည် အန္တိခရစ် စိတ်သဘောထားရှိသော်လည်း၊ အတော်အသင့် မျှဝေခံစားပေးတတ်ပြီး အတော်အတန် ပို၍ ကြင်နာတတ်ကြသည်။ ၎င်းတို့သည် အမျိုးမျိုးသော ကိစ္စရပ်များကို ကြုံတွေ့သည့်အခါ၊ လူ့သဘာဝအရ ၎င်းတို့ပြသသည့် ထူးခြားသော လက္ခဏာရပ်များကို၊ အသင့်လျော်ဆုံးနှင့် အလွယ်ကူဆုံး နားလည်နိုင်သည့် နည်းလမ်းဖြင့်၊ အတော်အသင့် ကျိုးကြောင်းဆီလျော်သောအရာအဖြစ် ဖော်ပြနိုင်သည်။ အကယ်၍ ပြင်းထန်စွာ ပြုပြင်ခြင်းခံရလျှင်၊ အလွန်ဆုံးအနေဖြင့် ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲတွင် အနည်းငယ် အော်ဂလီဆန်သည်ဟု ခံစားရနိုင်သော်လည်း၊ ၎င်းတို့ လူ့သဘာဝ၏ သရုပ်သကန်မှ ကြည့်လျှင်၊ ၎င်းတို့က အရှက်တရားကို သိရှိနေသေးကြောင်း၊ ၎င်းတို့၏ အသိစိတ်က ၎င်းတို့ကို စွပ်စွဲနိုင်ကြောင်းနှင့် ၎င်းတို့၏ ဆင်ခြင်တုံတရားက အတိုင်းအတာတစ်ခုအထိ ချုပ်တည်းသည့် အကျိုးသက်ရောက်မှုကို ဖြစ်စေနိုင်ကြောင်း တွေ့မြင်နိုင်သည်။ အကယ်၍ ၎င်းတို့သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ဆုံးရှုံးမှုများ ဖြစ်စေလျှင် သို့မဟုတ် ညီအစ်ကိုမောင်နှမတစ်ဦးတလေကို ထိခိုက်နစ်နာစေလျှင်၊ စိတ်ထဲတွင် အမြဲ မသက်မသာခံစားရပြီး ဘုရားသခင်ကို စိတ်ပျက်စေခဲ့သည်ဟု ခံစားရသည်။ ဤသရုပ်သကန်များသည် အန္တိခရစ် စိတ်သဘောထားရှိသူများထံတွင် အတိုင်းအတာအမျိုးမျိုးဖြင့် ပေါ်လွင်သည်။ အမှုအရာများ ဖြစ်ပျက်ပြီးနောက် ချက်ချင်း အမှားပြင်ဆင်ခြင်း မပြုလုပ်လျှင် သို့မဟုတ် မှန်ကန်သော ရွေးချယ်မှုများနှင့် မှန်ကန်သော လက်တွေ့လုပ်ဆောင်မှုများကို မပြုလုပ်လျှင်ပင်၊ ဤလူတို့သည် မိမိတို့၏ စိတ်နှလုံးထဲတွင် အသိစိတ်သဘောရှိနေဆဲ ဖြစ်သည်။ ၎င်းတို့၏ အသိစိတ်က ၎င်းတို့ကို စွပ်စွဲသည်။ ၎င်းတို့အနေဖြင့် မှားယွင်းစွာ လုပ်ဆောင်မိပြီးဖြစ်ကာ ထိုသို့ထပ်မံ၍ မပြုမူသင့်တော့ကြောင်း သိကြသည့်အပြင်၊ မိမိတို့သည် လူကောင်းများ မဟုတ်ကြောင်းကိုလည်း ခံစားရသည်။ ဤခံစားချက်များကို ၎င်းတို့အားလုံး မသိမသာ ခံစားမိတတ်ကြသည်။ ထို့အပြင်၊ အချိန်ကြာလာသည်နှင့်အမျှ၊ ၎င်းတို့၏ အခြေအနေသည် ပြောင်းလဲလာမည်ဖြစ်ပြီး၊ ၎င်းတို့တွင် စစ်မှန်သော နောင်တရခြင်း ရှိလာမည် ဖြစ်သည်။ ၎င်းတို့သည် ကနဦးက မှန်ကန်သော ရွေးချယ်မှုများ သို့မဟုတ် မှန်ကန်သော လက်တွေ့လုပ်ဆောင်မှုများကို မပြုလုပ်ခဲ့သည့်အတွက် နောင်တရလျက်၊ အလွန် ဝမ်းနည်းခံစားကြလိမ့်မည်။ ဤသရုပ်သကန်များသည် ဖောက်ပြန်ပျက်စီးသော လူသားများ၏ အတွေ့ရအများဆုံးနှင့် သာမန်အဖြစ်ဆုံးသော သရုပ်သကန်များ အတိအကျပင် ဖြစ်သည်။ သို့သော်လည်း၊ အန္တိခရစ်များဖြစ်ကြသူတို့မှာမူ ထူးခြားကြသည်။ ၎င်းတို့သည် လူများမဟုတ်ဘဲ နတ်ဆိုးများ ဖြစ်ကြသည်။ ၎င်းတို့ မကောင်းမှု သို့မဟုတ် အပြစ်ကျူးလွန်သည့်နောက်အချိန်မည်မျှပင် ကြာသွားပါစေ၊ ၎င်းတို့တွင် နောင်တရခြင်း လုံးဝမရှိပေ။ ၎င်းတို့သည် အဆုံးတိုင် ခေါင်းမာပြီး ဇွဲနဘဲနှင့် ရှိနေကြသည်။ အန္တိခရစ် စိတ်သဘောထားရှိသူများသည် သာမန်ပြုပြင်ခြင်းကို ကြုံတွေ့သည့်အခါ ကျိုးနွံနာခံနိုင်ကြသည်။ ပြင်းထန်သော ပြုပြင်ခြင်းနှင့် ရင်ဆိုင်ရသည့်အခါ၊ ၎င်းတို့သည် ကျိုးကြောင်းပြပြောဆိုခြင်း၊ အမှုအရာများကို ငြင်းပယ်ပြီး ထိုအချိန်တွင် လက်ခံရန် ငြင်းဆန်ခြင်းတို့ကို ပြုလုပ်နိုင်သော်လည်း၊ နောက်ပိုင်းတွင် မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်ပြီး သိရှိနိုင်ကာ၊ နောင်တရပြီး ပြုပြင်ပြောင်းလဲနိုင်ကြသည်။ တစ်စုံတစ်ဦးက ၎င်းတို့ကို လှောင်ပြောင်ပြီး လူ့သဘာဝမရှိဟု ဝေဖန်လျှင်ပင်၊ ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲတွင် နာကျင်မှုကို ခံစားရနိုင်သော်လည်း ပြန်လည်တိုက်ခိုက်မည်မဟုတ် သို့မဟုတ် ထိုလူကို ရန်သူအဖြစ် သဘောထားမည်မဟုတ်ပေ။ ၎င်းတို့သည် “ကျွန်ုပ်က ထိုအမှားကို လုပ်မိသည့်အတွက် ကိုယ့်ကိုယ်ကိုယ်သာ အပြစ်တင်ရမည်။ အခြားသူများက ကျွန်ုပ်ကို မည်သို့ပင် ဆက်ဆံပါစေ ကျွန်ုပ်နှင့် ထိုက်တန်ပါသည်”ဟု တွေးလျက်၊ အခြားသူကိုလည်း နားလည်ပေးနိုင်သည်။ ဤသရုပ်သကန်များသည် မတူညီသောလူများတွင် အတိုင်းအတာအမျိုးမျိုးဖြင့် ၎င်းတို့ဘာသာ ပေါ်လွင်ကြသည်။ တိုတိုပြောရလျှင်၊ ဤထုတ်ဖော်ပြသမှုများသည် အန္တိခရစ် စိတ်သဘောထားရှိသူများ၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားရှိသူများ၏ ပုံမှန်ဖြစ်ပြီး သဘာဝကျသော သရုပ်သကန်များဖြစ်ကြကာ၊ ဤသည်မှာ ၎င်းတို့က အန္တိခရစ်များနှင့် သိသာထင်ရှားစွာ ကွဲပြားသည့်နေရာ ဖြစ်သည်။ ဤအခြေအနေနှစ်ခု၏ ကွဲပြားသော သရုပ်သကန်များမှတစ်ဆင့် မည်သည့်ပုဂ္ဂိုလ်များက ဆိုးယုတ်သည့်လူများနှင့် အန္တိခရစ်များဖြစ်ကြသည်၊ မည်သည့်ပုဂ္ဂိုလ်များက အန္တိခရစ် စိတ်သဘောထားသာရှိပြီး ဆိုးယုတ်သည့်လူများ မဟုတ်ကြသည်ဟူသည်တို့မှာ ချက်ချင်းပင် သိသာထင်ရှားလာပေသည်။

၎င်းတို့ အမှန်တကယ် နောင်တရခြင်း ရှိမရှိဟူသည်ကို အခြေခံ၍ ၎င်းတို့ကို ခွဲခြားသိမြင်ခြင်း

အန္တိခရစ်များနှင့် အန္တိခရစ် စိတ်သဘောထားရှိသူများအကြား ကွာခြားချက်များနှင့်ဆိုင်သည့် သွင်ပြင်လက္ခဏာနှစ်ခုကို ယခုတင် ဖော်ပြခဲ့သည်။ ပထမသွင်ပြင်လက္ခဏာမှာ သမ္မာတရားအပေါ် ၎င်းတို့၏ သဘောထား ဖြစ်သည်။ သမ္မာတရားအပေါ် လူတို့၏ သဘောထားသည် ဘုရားသခင်အပေါ် ၎င်းတို့၏ သဘောထား ဖြစ်သည်။ ဤသွင်ပြင်လက္ခဏာတွင်၊ ဤလူစားနှစ်မျိုးအကြား သိသာထင်ရှားသော ခြားနားချက်တစ်ခု ရှိသည်။ ဒုတိယအချက်အနေနှင့် လူ့သဘာဝအရ ဤလူစားနှစ်မျိုး၌ သိသာထင်ရှားသော အနှစ်သာရပိုင်းဆိုင်ရာ ကွာခြားချက်တစ်ခုလည်း ရှိသည်။ ဤထူးခြားသော လက္ခဏာရပ်နှစ်ခုမှာ အလွန်သိသာထင်ရှားသည်။ ၎င်းတို့သည် လုံးဝကွဲပြားသော လူစားနှစ်မျိုး ဖြစ်ကြသည်။ ဤကွာခြားချက်နှစ်ခုအပြင်၊ နောက်ထပ်သွင်ပြင်လက္ခဏာတစ်ခုမှာ မကောင်းမှုပြုလုပ်ပြီးနောက် နောင်တရခြင်း သရုပ်သကန်တစ်ခုတလေ ရှိမရှိ ဖြစ်သည်။ အန္တိခရစ်များဖြစ်ကြသူတို့၏ ကိစ္စတွင် မည်သည့်ဒုစရိုက်အမှုများကို ၎င်းတို့ ကျူးလွန်သည်ဖြစ်စေ၊ လူတို့ကို ၎င်းတို့ ညှဉ်းပန်းသည်ဖြစ်စေ၊ သီးခြား နယ်ပယ်များ တည်ထောင်သည်ဖြစ်စေ၊ အဆင့်အတန်းအတွက် ဘုရားသခင်နှင့် ပြိုင်ဆိုင်သည်ဖြစ်စေ၊ ပူဇော်သက္ကာများကို ခိုးယူသည်ဖြစ်စေ၊ အခြားမည်သည့်အရာကိုမဆို လုပ်ဆောင်သည်ဖြစ်စေ ၎င်းတို့ တိုက်ရိုက်ဖော်ထုတ်ခြင်းခံရလျှင်ပင် ဤလုပ်ဆောင်ချက်များကို ဝန်မခံကြပေ။ ၎င်းတို့ ဝန်မခံလျှင်၊ နောင်တရနိုင်ကြသလော။ ၎င်းတို့သည် နောင်တရဖို့ထက်၊ သေလိုက်မည်ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ ဒုစရိုက်အမှုများနှင့်ဆိုင်သော အဖြစ်မှန်များကို လက်မခံကြပေ။ ဖော်ထုတ်မှုသည် လုံးဝတိကျမှန်ကန်ကြောင်း ၎င်းတို့ သိရှိလျှင်ပင်၊ ယင်းကို အတိုက်အခံလုပ်ပြီး ဆန့်ကျင်ကြသည်။ ၎င်းတို့အနေဖြင့် မှားယွင်းသော လမ်းကြောင်းပေါ်တွင် ရှိမရှိဟူသည်ကို လုံးဝဆင်ခြင်သုံးသပ်လိမ့်မည်မဟုတ် သို့မဟုတ် “ကျွန်ုပ်ကို အန္တိခရစ်အဖြစ် သတ်မှတ်သည်။ ဤသည်မှာ အလွန်အန္တရာယ်များပြီး၊ ကျွန်ုပ် နောင်တရရန် လိုအပ်သည်” ဟု ပြောလိမ့်မည်မဟုတ်ပေ။ ၎င်းတို့၏ စိတ်ထဲတွင် ဤအတွေးမျိုးများ လုံးဝမရှိကြပေ။ ၎င်းတို့၏ လူ့သဘာဝက ဤအရည်အသွေးများ မပိုင်ဆိုင်ပေ။ ထို့ကြောင့်၊ အန္တိခရစ်များတွင် သိသာထင်ရှားသော ထူးခြားသည့်လက္ခဏာရပ်တစ်ခု ရှိသည်။ ၎င်းတို့သည် ဘုရားသခင်ကို နှစ်ပေါင်းမည်မျှကြာ ယုံကြည်သည်ဖြစ်စေ၊ သမ္မာတရားကို လုံးဝလက်မခံကြသည့်အပြင် စစ်မှန်သော ပြောင်းလဲမှုကို မပြသကြခြင်းပင် ဖြစ်သည်။ ဘုရားသခင်ကို ၎င်းတို့ ပထမဆုံး စတင်ယုံကြည်သည့်အချိန်တွင် ၎င်းတို့သည် လူအုပ်ထဲမှ ထင်ပေါ်ချင်ကြသည်၊ အာဏာနှင့် အကျိုးအမြတ်အတွက် ပြိုင်ဆိုင်ချင်ကြသည်၊ လူတို့ကို ညှဉ်းပန်းချင်ကြပြီး အုပ်စုဖွဲ့ကာ အသင်းတော်ကို သွေးခွဲချင်ကြသည်။ အာဏာကို စွဲကိုင်ရန် ကြိုးစားရာတွင် ၎င်းတို့၏ ရည်ရွယ်ချက်မှာ အသင်းတော်ကို မှီခိုကပ်ရပ်နေရန်နှင့် သီးခြားနယ်ပယ်တစ်ခုကို တည်ထောင်ရန် ဖြစ်သည်။ သုံးနှစ်မှ ငါးနှစ်ကြာ ယုံကြည်ပြီးနောက်၊ ၎င်းတို့ကို သင် တစ်ဖန်ပြန်တွေ့သည့်အခါ၊ ၎င်းတို့သည် မည်သည့်ပြောင်းလဲမှုမျှမရှိဘဲ ဤတူညီသော သရုပ်သကန်များနှင့် လက္ခဏာရပ်များကိုပင် ပြသနေဆဲ ဖြစ်သည်။ ရှစ်နှစ် သို့မဟုတ် ဆယ်နှစ်ကြာပြီးနောက်တွင်ပင်၊ ၎င်းတို့သည် ထိုအတိုင်းပင် ရှိနေကြသည်။ အချို့လူများက “အနှစ် ၂၀ ကြာ ယုံကြည်ပြီးနောက် သူတို့ ပြောင်းလဲကောင်းပြောင်းလဲနိုင်သည်”ဟု ပြောကြသည်။ ၎င်းတို့ ပြောင်းလဲနိုင်သလော။ (မပြောင်းလဲနိုင်ပါ။) ၎င်းတို့သည် ပြောင်းလဲမည်မဟုတ်ပေ။ ၎င်းတို့သည် လူအနည်းငယ်နှင့် ဆက်ဆံသည်ဖြစ်စေ သို့မဟုတ် လူအများစုနှင့် ဆက်ဆံသည်ဖြစ်စေ၊ သာမန်တာဝန်များကို ထမ်းဆောင်သည်ဖြစ်စေ၊ ခေါင်းဆောင်များ သို့မဟုတ် အမှုဆောင်များ ဖြစ်သည်ဖြစ်စေ ဤတူညီသော သရုပ်သကန်များကိုပင် ပြသကြသည်။ ၎င်းတို့သည် မှားယွင်းသောလမ်းကို အဆုံးစွန်ထိတိုင် တစိုက်မတ်မတ် လျှောက်လှမ်းလျက်၊ မည်သည့်အခါမျှ နောင်တမရ သို့မဟုတ် နောက်ကြောင်းပြန်မလှည့်ကြပေ။ ၎င်းတို့သည် လုံးဝနောင်တရလိမ့်မည် မဟုတ်ပေ။ ဤသည်မှာ အန္တိခရစ်တို့ ဖြစ်ကြသည့်ပုံစံ ဖြစ်သည်။ အန္တိခရစ် စိတ်သဘောထားရှိသူများအတွက်မူ၊ အချို့သည် ဆိုးယုတ်သည့်လူများ မဟုတ်လျှင်ပင်၊ ၎င်းတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများလည်း ရှိကြသည်။ ၎င်းတို့သည် မာနထောင်လွှားခြင်း၊ လှည့်ဖြားတတ်ခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်း၊ ယုတ်ညံ့ခြင်းနှင့် အခြားသော ဖောက်ပြန်ပျက်စီးမှုအမျိုးအစားများကို ထုတ်ဖော်ကြသည်။ ညံ့ဖျင်းသော လူ့သဘာဝကိုလည်း ၎င်းတို့ ပြသကြသည်။ ဘုရားသခင်ကို ၎င်းတို့ ပထမဆုံး စတင်ယုံကြည်သည့်အချိန်တွင်၊ ၎င်းတို့သည်လည်း ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် ပြိုင်ဆိုင်လိုကြသည်၊ လူတို့၏ လေးစားမှုကို ရရှိရန် ထင်ပေါ်လိုကြပြီး၊ ခေါင်းဆောင်များဖြစ်ရန်နှင့် အာဏာကို စွဲကိုင်ရန် ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများ ရှိကြသည်။ ဤသရုပ်သကန်များသည် ဖောက်ပြန်ပျက်စီးသော လူသားများတွင် အတိုင်းအတာအမျိုးမျိုးဖြင့် ရှိနေပြီး အန္တိခရစ်များ၏ သရုပ်သကန်များနှင့် များစွာ မကွာခြားပေ။ သို့သော်လည်း၊ ဘုရားသခင်ကို ယုံကြည်ခြင်းဖြစ်စဉ်တွင်၊ ၎င်းတို့သည် ဘုရား နှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ဖော်ထုတ်ခြင်းကို တွေ့ကြုံခြင်းမှတစ်ဆင့် အချို့သော သမ္မာတရားများကို နားလည်လာကြပြီး၊ ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ထုတ်ဖော်ပြခြင်း လျော့နည်းသည်ထက် လျော့နည်းလာကြသည်။ အဘယ်ကြောင့် ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ထုတ်ဖော်ပြခြင်းက နည်းသည်ထက် နည်းလာကြသနည်း။ အဘယ်ကြောင့်ဆိုသော် သမ္မာတရားကို နားလည်ပြီးနောက်၊ ဤအပြုအမူများနှင့် သရုပ်သကန်များသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ ထုတ်ဖော်ပြသမှုများဖြစ်ကြောင်း ၎င်းတို့ သဘောပေါက်ကြသောကြောင့် ဖြစ်သည်။ ဤအချိန်တွင်မှ ၎င်းတို့၏ အသိစိတ်က သိရှိလာပြီး၊ ၎င်းတို့သည် အလွန်အမင်း ဖောက်ပြန်ပျက်စီးနေကြောင်းနှင့် လူသားပုံသဏ္ဌာန် အမှန်တကယ် ကင်းမဲ့နေကြောင်း ၎င်းတို့ မြင်ကြသည်။ ထို့နောက် ၎င်းတို့သည် သမ္မာတရားကို လိုက်စားရန် လိုလားလာကြပြီး ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မည်သို့ဖယ်ရှားရမည်ကိုလည်းကောင်း၊ မိမိတို့၏ ကျေးကျွန်ဘဝမှလွတ်မြောက်ပြီး သမ္မာတရားကို လိုက်စားကာ လက်တွေ့လုပ်ဆောင်သူတစ်ဦး မည်သို့ ဖြစ်လာနိုင်မည်ကိုလည်းကောင်း စဉ်းစားကြလေသည်။ ဤသည်မှာ မည်သည့်သရုပ်သကန် ဖြစ်သနည်း။ ဤသည်မှာ တဖြည်းဖြည်း နောင်တရနေခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ဘုရားသခင်၏အလုပ်ကို တွေ့ကြုံခြင်းဖြစ်စဉ်တွင်၊ ၎င်းတို့သည် မိမိတို့၏ကိုယ်ပိုင်ပြဿနာများကို ရှာဖွေတွေ့ရှိကြသည်၊ မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို အသိအမှတ်ပြုကြပြီး မိမိတို့၏ အမျိုးမျိုးသော အခြေအနေများကို နားလည်ကြသည်။ ၎င်းတို့သည် မိမိတို့၏ လူ့သဘာဝအနှစ်သာရကိုလည်း သိရှိလာကြပြီး၊ ၎င်းတို့၏ အသိစိတ်က တိုး၍ သိရှိလာသည်။ ၎င်းတို့အနေဖြင့် အလွန်အမင်း ဖောက်ပြန်ပျက်စီးနေကြောင်း၊ ဘုရားသခင်အသုံးပြုရန် မသင့်တော်ကြောင်းနှင့် ဘုရားသခင်၏ ရွံရှာမှုကို ခံရကြောင်း တိုး၍ခံစားရပြီး၊ စိတ်ထဲတွင် မိမိတို့ကိုယ်ကို စက်ဆုပ်ရွံရှာကြသည်။ အမှုမဲ့အမှတ်မဲ့ဆိုသလို ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံး အတွင်းတွင် တဖြည်းဖြည်း နောင်တရကြပြီး ဤနောင်တရခြင်းနှင့်အတူ အနည်းငယ်သော ပြောင်းလဲမှုများ၊ ၎င်းတို့၏ အပြုအမူတွင် မြင်နိုင်သည့် အနည်းငယ်သော ပြောင်းလဲမှုများ ဖြစ်ပွားလေသည်။ ဥပမာအားဖြင့် မူလက တစ်စုံတစ်ယောက်သည် မိမိ၏ ပြဿနာများကို ဖော်ထုတ်ပြသသည့်အခါ ၎င်းသည် အော်ဂလီဆန်စိတ် ဖြစ်လာတတ်သည်၊ အရှက်ရကာ ဒေါသအမျက်ချောင်းချောင်းထွက်ပြီး မိမိကိုယ်ကို ရှင်းပြရန်နှင့် မှန်ကြောင်း ရှင်းချက်ထုတ်ရန် ကြိုးစားတတ်သည်၊ ထို့ပြင် မိမိကိုယ်ကို ကာကွယ်ခုခံရန်အတွက် ဆင်ခြေအမျိုးမျိုးနှင့် အကြောင်းပြချက်အဖုံဖုံကို ရှာဖွေရန် အစွမ်းကုန် ကြိုးစားအားထုတ်လေသည်။ သို့သော်လည်း၊ စဉ်ဆက်မပြတ်သော တွေ့ကြုံမှုများမှတစ်ဆင့်၊ ဤအပြုအမူသည် မှားယွင်းကြောင်း ၎င်းတို့ သဘောပေါက်လာပြီး၊ မှန်ကန်သော အမြင်များကို လက်ခံရန် ကြိုးစားလုပ်ဆောင်လျက်၊ အခြားသူများနှင့် သဘောညီညွတ်သော ပူးပေါင်းဆောင်ရွက်ခြင်းအတွက် ကြိုးပမ်းရင်း၊ ဤအခြေအနေနှင့် အပြုအမူကို ပြုပြင်ရန် စတင်ကြသည်။ ၎င်းတို့အပေါ် အမှုအရာများ ဖြစ်ပျက်သောအခါ ၎င်းတို့သည် အခြားသူများထံမှ ရှာဖွေပြီး မိတ်သဟာယဖွဲ့ရန် သင်ယူကြသည့်အပြင်၊ စိတ်နှလုံးထဲမှ ဆက်သွယ်ပြောဆိုရန်နှင့် အခြားသူများနှင့် ခင်ခင်မင်မင် အဆင်ပြေရန် သင်ယူကြသည်။ ဤသည်တို့မှာ နောင်တရခြင်း၏ သရုပ်သကန်များ မဟုတ်လော။ (ဟုတ်ပါသည်။) ဘုရားသခင်ကို ယုံကြည်ပြီးနောက်၊ ၎င်းတို့ ထုတ်ဖော်သည့် အန္တိခရစ်များ၏ စိတ်သဘောထားများ၊ အပြုအမူများနှင့် သရုပ်သကန်အချို့ကို ၎င်းတို့ တဖြည်းဖြည်း စစ်မှန်စွာ နားလည်လာကြသည်။ ထို့နောက် ၎င်းတို့သည် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို တဖြည်းဖြည်း ဖယ်ရှားကြပြီး၊ မိမိတို့၏ ယခင်မှားယွင်းသော နေထိုင်မှုပုံစံများကို စွန့်လွှတ်နိုင်ကာ၊ ကျော်ကြားမှုနှင့် အဆင့်အတန်းကို လိုက်စားခြင်းအား စွန့်လွှတ်နိုင်ပြီး၊ သမ္မာတရား စည်းမျဉ်းများအတိုင်း ပြုမူ၊ ကျင့်ကြံကာ၊ မိမိတို့၏ တာဝန်ကို ထမ်းဆောင်နိုင်ကြသည်။ ထိုသို့သော ပြောင်းလဲမှုတစ်ခုကို မည်သို့ စွမ်းဆောင်ရရှိသနည်း။ ယင်းကို သမ္မာတရားအား လက်ခံခြင်းနှင့် မိမိတို့ကိုယ်ကို စဉ်ဆက်မပြတ် ပြန်လှည့်လာကာ နောင်တရ၍ပြုပြင်ခြင်းတို့မှတစ်ဆင့် စွမ်းဆောင်ရရှိခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ဤအရာအားလုံးကို စဉ်ဆက်မပြတ် နောင်တရခြင်းဖြစ်စဉ်တွင် စွမ်းဆောင်ရရှိခြင်း ဖြစ်သည်။ ထို့နောက်တွင်၊ ၎င်းတို့၏ အခြေအနေသည် ဧကန်မုချ တိုးတက်လာသည်၊ ၎င်းတို့၏ အတွေ့အကြုံများ နက်သည်ထက်နက်ရှိုင်းလာသည်နှင့်အမျှ ၎င်းတို့၏ ဝိညာဉ်ရင့်ကျက်မှုသည်လည်း ကြီးထွားလာပြီး၊ ၎င်းတို့အပေါ် အမှုအရာများ ဖြစ်ပျက်သောအခါ ၎င်းတို့သည် မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်နိုင်ကြသည်။ ၎င်းတို့အနေဖြင့် ဆုတ်ဆိုင်းမှုများ သို့မဟုတ် ကျရှုံးမှုများကို ကြုံတွေ့သည်ဖြစ်စေ၊ သို့မဟုတ် ပြုပြင်ခြင်းခံရသည်ဖြစ်စေ၊ ဤကိစ္စရပ်များကို ဘုရားသခင်ရှေ့မှောက်သို့ ယူဆောင်လာပြီး သူ့ကို ဆုတောင်းကြသည့်အပြင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုနေစဉ် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော အခြေအနေကို ဆက်စပ်သိနိုင်ကြသည်၊ စိတ်ဖြာလေ့လာဆွေးနွေးပြီး နားလည်နိုင်ကြသည်။ ၎င်းတို့အနေဖြင့် ၎င်းတို့အပေါ် အမှုအရာများ ဖြစ်ပျက်သောအခါ ဖောက်ပြန်ပျက်စီးမှုကို ထုတ်ဖော်နေနိုင်သေးသည့်အပြင် မှားယွင်းသော အတွေးအခေါ်များ ဖြစ်ပေါ်နေဆဲဖြစ်နိုင်သော်လည်း ၎င်းတို့သည် မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်ပြီး ပုန်ကန်နိုင်ကြသည်။ ဤပြဿနာများကို ၎င်းတို့ သိရှိလာသရွေ့၊ ယင်းတို့ကို ဖြေရှင်းရန် သမ္မာတရားကို ၎င်းတို့ စဉ်ဆက်မပြတ် ရှာဖွေနိုင်ပြီး နောင်တရခြင်းကို လက်တွေ့လုပ်ဆောင်နိုင်ကြသည်။ ဤတိုးတက်မှုသည် အလွန်နှေးကွေးပြီး ရလဒ်များက မပြောပလောက်သော်လည်း၊ ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံး အတွင်းကျကျနေရာတွင် စဉ်ဆက်မပြတ် ပြောင်းလဲနေကြသည်။ ဤလူစားမျိုးသည် မိမိတို့ကိုယ်ကို ပြန်လှည့်လာခြင်းနှင့် နောင်တရ၍ပြုပြင်ခြင်းနှင့်ဆိုင်သော တက်ကြွသည့်၊ အပြုသဘောဆောင်သည့်၊ မိမိကိုယ်ကို လှုံ့ဆော်သည့်သဘောထားနှင့် အခြေအနေတစ်ခုကို အမြဲထိန်းသိမ်းထားကြသည်။ ၎င်းတို့သည် တစ်ခါတစ်ရံ ကျော်ကြားမှုနှင့် အဆင့်အတန်းအတွက် အခြားသူများနှင့် ပြိုင်ဆိုင်ပြီး အန္တိခရစ်များ၏ သရုပ်သကန်များနှင့် လုပ်ရပ်အချို့ကို အတိုင်းအတာအမျိုးမျိုးဖြင့် ထုတ်ဖော်ကြသော်လည်း၊ အချို့သော ပြုပြင်ခြင်းများ၊ တရားစီရင်ခြင်းများနှင့် ပြစ်တင်ဆုံးမခြင်းများ သို့မဟုတ် ဘုရားသခင်၏ ဆုံးမပဲ့ပြင်ခြင်းကို တွေ့ကြုံပြီးနောက်၊ ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် အတိုင်းအတာအမျိုးမျိုးဖြင့် ဖယ်ရှားခြင်းခံရပြီး ပြောင်းလဲသွားသည်။ ဤရလဒ်များကို စွမ်းဆောင်ရရှိခြင်းအတွက် အဓိကဇာစ်မြစ်မှာ ဤလူစားမျိုးသည် မိမိတို့၏ စိတ်နှလုံး အတွင်းနက်နက်တွင်၊ မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် မိမိတို့လျှောက်လှမ်းခဲ့သော လမ်းကြောင်းအမှားများကို ဆင်ခြင်သုံးသပ်ပြီး နားလည်နိုင်ကာ၊ မိမိတို့ကိုယ်ကို ပြန်လှည့်နိုင်သောကြောင့် ဖြစ်သည်။ ၎င်းတို့၏ ပြန်လှည့်လာခြင်းမှ ရရှိသော ပြောင်းလဲမှုများ၊ ကြီးထွားမှုနှင့် အကျိုးကျေးဇူးများသည် ၎င်းတို့ကိုယ်တိုင်ပင် သတိမထားမိနိုင်သည့် အတိုင်းအတာအထိ အလွန်သေးငယ်ပြီး တိုးတက်မှုက အလွန်နှေးကွေးသော်လည်း၊ သုံးနှစ်မှ ငါးနှစ်ကြာ ထိုသို့တွေ့ကြုံပြီးနောက်၊ ၎င်းတို့သည် မိမိတို့ကိုယ်တိုင်၌ အပြောင်းအလဲအချို့ကို ခံစားနိုင်ပြီး၊ ၎င်းတို့ ပတ်ဝန်းကျင်တွင် ရှိသည့်သူများကလည်း ယင်းကို တွေ့မြင်နိုင်သည်။ မည်သို့ပင်ဖြစ်စေ၊ အန္တိခရစ် စိတ်သဘောထားရှိသည့် ထိုသို့သောလူများနှင့် အန္တိခရစ်များဖြစ်ကြသူတို့အကြား ကွာခြားချက်တစ်ခု ရှိသည်။ ဤကိစ္စနှင့်စပ်လျဉ်း၍ အဓိက ထူးခြားသော လက္ခဏာရပ်မှာ အဘယ်နည်း။ (အန္တိခရစ် စိတ်သဘောထားရှိသူများသည် နောင်တရနိုင်ကြပါသည်။) ၎င်းတို့က တစ်စုံတစ်ရာကို အမှားလုပ်မိသည့်အခါ၊ ပြစ်မှားခြင်းတစ်ခု ကျူးလွန်သည့်အခါ သို့မဟုတ် ပြုပြင်ခြင်း၊ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၊ ရိုက်နှက်ဆုံးမခြင်း သို့မဟုတ် ဆုံးမပဲ့ပြင်ခြင်းတို့ကို ကြုံတွေ့သည့်အခါ၊ နောင်တရနိုင်ကြသည်။ ၎င်းတို့သည် မှားယွင်းစွာ လုပ်ဆောင်ခဲ့ကြောင်း သို့မဟုတ် အမှားတစ်ခုလုပ်မိခဲ့ကြောင်း သဘောပေါက်သည့်အခါတွင်ပင်၊ ၎င်းတို့သည် မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်နိုင်ပြီး မိမိတို့၏ စိတ်နှလုံးထဲတွင် မိမိတို့ကိုယ်ကို ပြန်လှည့်လာခြင်းနှင့် နောင်တရ၍ပြုပြင်ခြင်း သဘောထားတစ်ခု ရှိကြသည်။ ဤသည်မှာ အန္တိခရစ် စိတ်သဘောထားရှိသူများကို အန္တိခရစ်များနှင့် လုံးဝ ကွဲပြားစေသည့် ထူးခြားသော လက္ခဏာရပ်ဆိုင်ရာ ခြားနားချက်တစ်ခု ဖြစ်သည်။

အန္တိခရစ်များနှင့် အန္တိခရစ် စိတ်သဘောထားရှိသူများအကြား ခြားနားချက်များ၏ အကျဉ်းချုပ်

အန္တိခရစ်များဖြစ်ကြသောသူတို့သည် အသက်ရှင်နေသော စာတန်များ ဖြစ်ကြသည်။ ၎င်းတို့သည် စာတန်များအဖြစ် အသက်ရှင်ကြသည်ဟု ဆိုနိုင်သည်။ ၎င်းတို့သည် လူတို့ မြင်နိုင်သော နတ်ဆိုးများနှင့် စာတန်များ ဖြစ်ကြသည်။ သို့ဆိုလျှင် အန္တိခရစ်များနှင့် အန္တိခရစ် စိတ်သဘောထားရှိသူများကြား အနှစ်သာရပိုင်းဆိုင်ရာ ခြားနားချက်များကို အကျဉ်းချုပ်ကြစို့။ သွင်ပြင်လက္ခဏာတစ်ခုမှာ သမ္မာတရားအပေါ် ၎င်းတို့၏ သဘောထား ဖြစ်သည်။ အန္တိခရစ်တို့သည် သမ္မာတရားကို လုံးဝ လက်မခံကြပေ။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များက သမ္မာတရား၊ အပြုသဘောဆောင်သော အရာများနှင့် လူတို့အတွက် အကျိုးရှိသော နှုတ်ကပတ်တော်များအပြင်၊ အပြုသဘောဆောင်သော အရာအားလုံးအတွက် စံသတ်မှတ်ချက်ဖြစ်ကြောင်း၊ ပြီးလျှင် လူတို့အနေဖြင့် ယင်းတို့ကို လက်ခံသင့်ကြောင်း၊ ကျိုးနွံနာခံပြီး လက်တွေ့လုပ်ဆောင်သင့်ကြောင်း နှုတ်ဖြင့် အသိအမှတ်ပြုနိုင်သော်လည်း၊ ဤအရာအားလုံးကို ၎င်းတို့ ပြောနိုင်ကြသော်လည်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့ လုံးဝ လက်တွေ့မလုပ်ဆောင်နိုင်ကြပေ။ အဘယ်ကြောင့် ၎င်းတို့ လက်တွေ့မလုပ်ဆောင်ကြသနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲတွင် သမ္မာတရားကို လက်မခံသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်သည်ဟု မိမိတို့၏ နှုတ်များဖြင့် ပြောဆိုကြသော်လည်း လုံးဝကွဲပြားသော ရည်ရွယ်ချက်တစ်ခုအတွက် ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို လက်မခံသည့်အချက်ကို ဖုံးကွယ်ရန်နှင့် လူတို့ကို အထင်အမြင်မှားစေရန် ဤအရာကို ပြောဆိုခြင်း ဖြစ်သည်။ အန္တိခရစ်တို့က စကားလုံးများနှင့် အယူဝါဒများကို ပြောဆိုနိုင်သောကြောင့်သက်သက်၊ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များက သမ္မာတရားဖြစ်ကြောင်း အသိအမှတ်ပြုသည်ဟု မဆိုလိုပေ။ ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲတွင် ဘုရားနှုတ်ကပတ်တော်များ၏ သမ္မာတရားကို အခြေခံအားဖြင့် လက်မခံသောကြောင့် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်ကြပေ။ ၎င်းတို့သည် သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ရန် သမ္မာတရားကို လက်ခံရန် မလိုလားသည့်အပြင်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် မလိုလားကြပေ။ အခြားတစ်ဖက်တွင်မူ၊ အန္တိခရစ် စိတ်သဘောထားရှိသူများသည် သေချာပေါက် အန္တိခရစ်များ မဟုတ်ကြပေ။ ၎င်းတို့ထဲမှ အချို့သည် သမ္မာတရားကိုလည်းကောင်း၊ အပြုသဘောဆောင်သော အရာများကိုလည်းကောင်း၊ မှန်ကန်သော နှုတ်ကပတ်တော်များကိုလည်းကောင်း အမျိုးမျိုးသော အတိုင်းအတာအထိ လက်ခံပြီး ကျိုးနွံနာခံနိုင်ကြသည်။ ဤသည်မှာ ခြားနားချက်တစ်ခု ဖြစ်သည်။ အန္တိခရစ်၏ အနှစ်သာရရှိသူများသည် သမ္မာတရားအပေါ် ရန်လိုကြပြီး ထိုသမ္မာတရားကို ကျောခိုင်းကြသော်လည်း၊ အန္တိခရစ် စိတ်သဘောထားရှိသူအချို့သည် သမ္မာတရားကို လက်ခံပြီး လက်တွေ့လုပ်ဆောင်နိုင်ကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းမှတစ်ဆင့်လည်းကောင်း၊ ဘုရားသခင်၏ အမှုတော်ကို နှစ်အချို့ကြာ တွေ့ကြုံခြင်းမှတစ်ဆင့်လည်းကောင်း၊ သမ္မာတရားအပေါ် ၎င်းတို့၏ သဘောထားက အနည်းငယ် ပြောင်းလဲနိုင်သည်။ ၎င်းတို့အနေဖြင့် ထိုသမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်သော်လည်း၊ သမ္မာတရားသည် ကောင်းမွန်ပြီး မှန်ကန်သည်ဟု မိမိတို့ စိတ်နှလုံးအတွင်းတွင် ခံစားကြရသည်။ ၎င်းတို့သည် သမ္မာတရားကို မချစ်ကြခြင်း သို့မဟုတ် ယင်းကို စိတ်မဝင်စားခြင်းသာဖြစ်သည်။ ထို့ကြောင့် ယင်းကို လက်တွေ့လုပ်ဆောင်ခြင်းက အားထုတ်မှုနှင့် ကြိုးပမ်းမှုအချို့ လိုအပ်သည်။ သို့ဖြစ်၍၊ အန္တိခရစ် စိတ်သဘောထားရှိသော်လည်း အသိစိတ်နှင့် ဆင်ခြင်တုံတရားအချို့ရှိသူများသည် သမ္မာတရားကို အမျိုးမျိုးသော အတိုင်းအတာအထိ လက်ခံနိုင်ကြသည်။ အနည်းဆုံးအနေဖြင့်၊ ၎င်းတို့၏ စိတ်နှလုံး အတွင်းနက်နက်တွင်၊ ၎င်းတို့သည် သမ္မာတရားကို အတိုက်အခံလုပ်ခြင်း သို့မဟုတ် ပစ်ပစ်ခါခါငြင်းခြင်း မရှိကြသည့်အပြင်၊ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်းလည်း မရှိကြပေ။ လူအများစုသည် ဤအခြေအနေမျိုးတွင် ရှိကြပြီး သမ္မာတရားအပေါ် ဤသရုပ်သကန်မျိုးကို ပြသကြသည်။ ထိုသို့သောလူများကို ဤသို့ ဖော်ပြခြင်းသည် ၎င်းတို့ အပေါ်ယံရွှေမှုန်ကြဲပြောခြင်းလည်း မဟုတ်၊ သွားပုပ်လေလွင့်ပြောခြင်းလည်း မဟုတ်ပေ။ ယင်းမှာ အတော်အတန် ဓမ္မဓိဋ္ဌာန်ကျသည် မဟုတ်လော။ (ဟုတ်ပါသည်။) နောက်ထပ် သွင်ပြင်လက္ခဏာတစ်ခုမှာ ၎င်းတို့ကို လူ့သဘာဝ၏ ရှုထောင့်အမြင်မှ ခွဲခြားသိမြင်ရန်ဖြစ်သည်။ ဆိုလိုသည်မှာ ၎င်းတို့၏ အသိစိတ်၊ ဆင်ခြင်တုံတရားနှင့် ၎င်းတို့ လူ့သဘာဝ၏ ကောင်းမြတ်ခြင်း သို့မဟုတ် ဆိုးယုတ်ခြင်းကို အခြေခံ၍ ခွဲခြားသိမြင်ရန် ဖြစ်သည်။ ဆိုးယုတ်သော လူ့သဘာဝရှိပြီး၊ သမ္မာတရားကို လက်မခံသည့်အပြင်၊ သမ္မာတရားကို အထူးသဖြင့် အလွန်အမင်း မနှစ်မြို့သောသူ မည်သူမဆိုသည် မုချ မယုံကြည်သူတစ်ဦး သို့မဟုတ် အန္တိခရစ်တစ်ဦး ဖြစ်သည်။ အချို့လူများသည် သမ္မာတရားကို အထူးတလည် မချစ်ကြသည့်အပြင် စိတ်မဝင်စားကြပေ။ အခြားသူများက သမ္မာတရားကို မိတ်သဟာယဖွဲ့သည့်အချိန်တွင်၊ ၎င်းတို့သည် ငိုက်မျဉ်းလာပြီး နုံးချိလာကြသည်။ သို့သော်လည်း ဤလူစားမျိုးများသည် ဆိုးယုတ်သော လူ့သဘာဝ မရှိသည့်အပြင် အခြားသူများကို ညှဉ်းပန်းခြင်း မရှိကြပေ။ သင်သည် ဘုရားသခင်၏ ရည်ရွယ်ချက်များ၊ သမ္မာတရား စည်းမျဉ်းများ သို့မဟုတ် ဘုရားအိမ်တော်၏ စည်းမျဉ်းများအကြောင်း မိတ်သဟာယဖွဲ့ပါက၊ ၎င်းတို့သည် နားထောင်နိုင်ပြီး သမ္မာတရားကို လက်ခံကာ ထိုသမ္မာတရားအတွက် ကြိုးပမ်းရန် လိုလားကြသော်လည်း၊ သမ္မာတရားကို သေချာပေါက် လက်တွေ့လုပ်ဆောင်နိုင်မည် မဟုတ်ပေ။ ၎င်းတို့သည် ခေါင်းဆောင်တစ်ဦး ဖြစ်လာပါက၊ သင့်အား သမ္မာတရားကို နားလည်စေရန် ဦးဆောင်နိုင်မည်မဟုတ်၊ သို့မဟုတ် သင့်အား ဘုရားသခင်ရှေ့မှောက်သို့ ခေါ်ဆောင်နိုင်မည်မဟုတ်သော်လည်း၊ သင့်ကို လုံးဝ ညှဉ်းပန်းလိမ့်မည် မဟုတ်ပေ။ ဤသည်မှာ အန္တိခရစ် စိတ်သဘောထားရှိသူများ၏ လူ့သဘာဝ ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ၊ အန္တိခရစ် စိတ်သဘောထားရှိသူများ၏ လူ့သဘာဝသည် ထိုမျှ ဆိုးယုတ်ခြင်းမရှိပေ။ ၎င်းတို့သည် သမ္မာတရားကို အမျိုးမျိုးသော အတိုင်းအတာများအထိ လက်ခံနိုင်ကြသည်။ ဆန့်ကျင်ဘက်အားဖြင့်၊ အန္တိခရစ်တို့သည် အသိစိတ်နှင့် ဆင်ခြင်တုံတရား ကင်းမဲ့သည်သာမက အလွန့်အလွန် ရက်စက်ကြမ်းကြုတ်သော လူ့သဘာဝလည်း ရှိကြသည်။ အန္တိခရစ် စိတ်သဘောထားရှိသူများတွင် အသိစိတ်နှင့် ဆင်ခြင်တုံတရားအချို့ ရှိကြပြီး၊ အချို့သောကိစ္စရပ်များကို ဆင်ခြင်တုံတရားဖြင့် ကိုင်တွယ်နိုင်ကြသည်။ ဥပမာအားဖြင့် ဘုရားအိမ်တော်၏ သတ်မှတ်ချက်များကို ကိုင်တွယ်ဖြေရှင်းရာတွင်လည်းကောင်း၊ အသင်းတော်ရှိ အမျိုးမျိုးသောလူများကို ကိုင်တွယ်ဖြေရှင်းရာတွင်လည်းကောင်း၊ အပြုသဘောဆောင်သော၊ အပျက်သဘောဆောင်သော အရာများကို ကိုင်တွယ်ဖြေရှင်းရာတွင်လည်းကောင်း မည်သို့ရွေးချယ်ရမည်၊ မည်သည့်ဘက်တွင် ရပ်တည်ရမည်ဟူသည့်အချက်များနှင့် ပတ်သက်၍ ၎င်းတို့သည် ဤအရာများနှင့် အခြားထိုသို့သော ကိစ္စရပ်များကို ခွဲခြားသိမြင်နိုင်ကြပြီး နောက်ဆုံးတွင် မိမိတို့၏ အသိစိတ်ကို အခြေခံ၍ မှန်ကန်သော ရွေးချယ်မှုများကို ပြုလုပ်နိုင်ကြသည်။ ဤလူစားမျိုးများသည် ထိုသို့သော ဆိုးယုတ်သည့် လူ့သဘာဝ မရှိကြသည့်အပြင် အတော်အတန် ကြင်နာတတ်သော စိတ်နှလုံးရှိကြသည်။ ငါတို့ ယခုလေးတင် မိတ်သဟာယဖွဲ့ခဲ့သည့် နောက်ထပ် ခြားနားချက်တစ်ခု ရှိသေးသည်။ ယင်းမှာ သမ္မာတရားကို လက်ခံနိုင်သည့် အန္တိခရစ် စိတ်သဘောထားရှိသော လူအချို့ရှိခြင်းဖြစ်ပြီး ၎င်းတို့သည် မှားယွင်းစွာလုပ်ဆောင်မိသည့်အခါ၊ ယင်းကို ဆင်ခြင်သုံးသပ်နိုင်ကာ နောင်တရသော စိတ်နှလုံးရှိကြသည်။ ဆန့်ကျင်ဘက်အားဖြင့်၊ အန္တိခရစ်တို့သည် ဤသရုပ်သကန်နှစ်ခုကို လုံးဝ မပြသကြပေ။ ၎င်းတို့သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ကြပေ။ သမ္မာတရားကို လက်မခံသည့်အပြင်၊ အလွန့်အလွန် ရက်စက်ကြမ်းကြုတ်သော လူ့သဘာဝရှိသောကြောင့် ခေါင်းမာပြီး မပြောင်းလဲနိုင်ကြပေ။ ဤလူစားမျိုးများအတွက် မိမိတို့ကိုယ်ကို ပြန်လှည့်လာပြီး နောင်တရ၍ပြုပြင်ခြင်းကို စွမ်းဆောင်ရရှိရန်မှာ မဖြစ်နိုင်ပေ။ တစ်စုံတစ်ဦးသည် အမှန်တကယ် နောင်တရနိုင်ခြင်း ရှိမရှိဟူသည်မှာ အဓိကအားဖြင့် ၎င်းတို့က အသိစိတ်နှင့် ဆင်ခြင်တုံတရား ပိုင်ဆိုင်ခြင်း ရှိမရှိနှင့် သမ္မာတရားအပေါ် ၎င်းတို့၏ သဘောထားအပေါ်တွင် မူတည်သည်။ အန္တိခရစ် စိတ်သဘောထားရှိသူများသည် ဆိုးယုတ်သော လူ့သဘာဝ မရှိသောကြောင့်၊ အသိစိတ်နှင့် ဆင်ခြင်တုံတရားအချို့ ရှိသောကြောင့်လည်းကောင်း၊ သမ္မာတရားအချို့ကို အမျိုးမျိုးသော အတိုင်းအတာအထိ လက်ခံနိုင်သောကြောင့်လည်းကောင်း၊ မိမိတို့ကိုယ်ကို ပြန်လှည့်လာရန် ဖြစ်နိုင်ခြေရှိကြသည်။ ၎င်းတို့သည် အမှားများ ပြုလုပ်မိသည့်အခါ သို့မဟုတ် ပြစ်မှားခြင်းများ ကျူးလွန်မိသည့်အခါ၊ ပြုပြင်ခြင်းခံရပြီးနောက် နောင်တရနိုင်ကြသည်။ ဤအရာက အန္တိခရစ် စိတ်သဘောထားရှိသူများသည် ကယ်တင်ခြင်းခံရရန် မျှော်လင့်ချက်ရှိကြောင်း ဆုံးဖြတ်ပေးပြီး၊ အန္တိခရစ်တို့မှာမူ ကယ်တင်၍မရနိုင်ကြပေ။ ၎င်းတို့သည် နတ်ဆိုးများနှင့် စာတန်၏ အမျိုးအစားဝင် ဖြစ်ကြသည်။ အန္တိခရစ်များနှင့် အန္တိခရစ် စိတ်သဘောထားရှိသူများအကြား အနှစ်သာရပိုင်းဆိုင်ရာ ခြားနားချက်များမှာ ဤလက္ခဏာရပ်အချို့ ဖြစ်ကြသည်။ ဤအကျဉ်းချုပ်သည် အတော်အတန် ဓမ္မဓိဋ္ဌာန်ကျသည် မဟုတ်လော။ (ဟုတ်ပါသည်။) အန္တိခရစ်တို့၏ ဤလက္ခဏာရပ်အချို့နှင့် စပ်လျဉ်း၍၊ ငါတို့ မိတ်သဟာယဖွဲ့ခဲ့သည့် အသေးစိတ် သရုပ်သကန်များသည် မည်သည့် သွားပုပ်လေလွင့်ပြောဆိုခြင်း အရိပ်လက္ခဏာ ဘာဆိုဘာမျှ မရှိဘဲ ဓမ္မဓိဋ္ဌာန်ကျပြီး အဖြစ်မှန်များနှင့် ကိုက်ညီပေသည်။ ဘုရားသခင် ရွေးချယ်ထားသော လူများအားလုံးသည် ဤအရာကို ကြုံတွေ့ကာ မျက်မြင်တွေ့ပြီးဖြစ်သည်။ ဤသည်မှာ အန္တိခရစ်များ ဖြစ်သည့်အရာသာ ဖြစ်သည်။ အန္တိခရစ် စိတ်သဘောထားရှိသူများနှင့်ပတ်သက်၍မူ၊ ငါတို့သည် အမျိုးမျိုးသော သရုပ်သကန်များကိုလည်း ဖော်ထုတ်ပြီးဖြစ်သည်။ ယင်းတို့အားလုံးသည် လူတို့ မြင်နိုင်သောအရာများဖြစ်ပြီး မည်သည့် အပေါ်ယံရွှေမှုန်ကြဲပြောဆိုခြင်းမျှမပါဘဲ အဖြစ်မှန်များနှင့် ကိုက်ညီပေသည်။

အန္တိခရစ် စိတ်သဘောထားရှိသူများသည် ၎င်းတို့၏ လူ့သဘာဝ၌ ချို့ယွင်းချက်များနှင့် အားနည်းချက်များစွာ ရှိကြပြီး၊ ၎င်းတို့သည်လည်း အမျိုးမျိုးသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများကို မတူညီသော အတိုင်းအတာများအထိ ထုတ်ဖော်ကြသည်။ ဤဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများသည် လူတိုင်း၌ သိသာထင်ရှားသော ထူးခြားသည့် လက္ခဏာရပ်ဆိုင်ရာ သရုပ်သကန်အချို့ ရှိကြသည်။ ဥပမာအားဖြင့်၊ အချို့လူများသည် အထူးပင် မာနထောင်လွှားကြသည်၊ အချို့သည် အထူးသဖြင့် စဉ်းလဲကြပြီး လှည့်ဖြားတတ်ကြသည်၊ အချို့မှာ အထူးပင် နှလုံးမာကျောကြသည်၊ အချို့သည် အထူးပင် ပျင်းရိကြသည် စသည်တို့ ဖြစ်သည်။ ဤဖော်ပြချက်များသည် အန္တိခရစ် စိတ်သဘောထားရှိသူများ၏ သရုပ်သကန်များဖြစ်ကြပြီး၊ ယင်းတို့သည် ထိုသို့သောလူများ၏ လူ့သဘာဝဆိုင်ရာ လက္ခဏာရပ်များ ဖြစ်ကြသည်။ ဤလူများသည် ၎င်းတို့၏နှလုံးသားထဲ၌ ကြင်နာသနားတတ်သောစိတ် အနည်းငယ်ရှိကြကာ ရှင်းရှင်းပြောရလျှင် ၎င်းတို့သည် အတော်အတန် စိတ်သဘောကောင်းသူများဖြစ်ကြသော်လည်း ကိစ္စရပ်များနှင့် ကြုံတွေ့ရသည့်အခါ ဘုရားသခင်၏အိမ်တော် အကျိုးစီးပွားများ ထိခိုက်နစ်နာနေသည်ကို ရှင်းလင်းစွာ မြင်တွေ့ကြရသည်၊ သို့သော် အခြားသူများကို စိတ်အနှောင့်အယှက်ပေးမိမည်ကို စိုးရွံ့သောကြောင့် ၎င်းတို့သည် မိမိအခွံထဲ၌ ပုန်းအောင်းနေသော လိပ်တစ်ကောင်ကဲ့သို့ ဖြစ်သွားကြပြီး စာတန်၏ အတွေးအခေါ်အားဖြင့် အသက်ရှင်နေထိုင်ကာ သမ္မာတရားစည်းမျဉ်းများကို ထိန်းသိမ်းစောင့်ရှောက်ရန် မလိုလားကြချေ။ ၎င်းတို့အနေဖြင့် ဤနည်းအတိုင်း မလုပ်ဆောင်သင့်ကြောင်းနှင့် ဤနည်းအတိုင်း ပြုမူဆောင်ရွက်ခြင်းအားဖြင့် ဘုရားသခင်ကို ပြစ်မှားနေကြကြောင်း စိတ်ထဲတွင် ခံစားရသော်ငြားလည်း၊ ၎င်းတို့သည် လူ့အကြိုက်လိုက်သူတစ်ဦးဖြစ်ရန် ရွေးချယ်မိကြသည်။ ဤသည်မှာ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် အသက်ရှင်ပြီး ရှင်သန်ရပ်တည်ရန်၊ ၎င်းတို့အနေဖြင့် စာတန်၏ အတွေးအခေါ်အပေါ် မှီခိုရမည်ဖြစ်ပြီး၊ ဤနည်းလမ်းဖြင့်သာ မိမိတို့ကိုယ်ကို ကာကွယ်နိုင်မည်ဟု ၎င်းတို့ ယုံကြည်သောကြောင့် ဖြစ်သည်။ ထို့ကြောင့်၊ ၎င်းတို့သည် လူ့အကြိုက်လိုက်သူတစ်ဦးဖြစ်ရန် ရွေးချယ်ပြီး သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ကြပေ။ ဤနည်းအတိုင်း လုပ်ဆောင်ခြင်းဖြင့် ၎င်းတို့က အသိစိတ်မဲ့ပြီး လူ့သဘာဝ ကင်းမဲ့သည်ဟုလည်းကောင်း၊ ၎င်းတို့သည် လူသား မဟုတ်သည့်အပြင် အစောင့်ခွေးတစ်ကောင်ထက် ဆိုးရွားကြသည်ဟုလည်းကောင်း ၎င်းတို့၏ စိတ်နှလုံးထဲတွင် ခံစားကြရသည်။ သို့သော်လည်း၊ မိမိတို့ကိုယ်ကို အပြစ်တင်ပြီးနောက် အခြားအခြေအနေတစ်ခုနှင့် ရင်ဆိုင်ရသည့်အခါ ၎င်းတို့သည် နောင်တမရကြသေးသည့်အပြင် ထိုနည်းအတိုင်းပင် ပြုမူကြသေးသည်။ ၎င်းတို့သည် အမြဲတစေ အားနည်းပြီး အပြစ်ရှိသည့်စိတ်ကို အစဉ်သဖြင့် ခံစားကြရသည်။ ဤသည်က အဘယ်အရာကို သက်သေပြသနည်း။ အန္တိခရစ် စိတ်သဘောထားရှိသူများသည် အန္တိခရစ်များ ကိုယ်တိုင်မဟုတ်ကြသော်လည်း၊ ၎င်းတို့၏ လူ့သဘာဝတွင် ပြဿနာများနှင့် ချို့တဲ့မှုများ အမှန်ပင်ရှိသောကြောင့်၊ ၎င်းတို့သည် ဖောက်ပြန်ပျက်စီးမှုများစွာကို ဧကန်မုချထုတ်ဖော်ကြသည်ကို သက်သေပြသည်။ ထိုသို့သောလူတစ်ဦး၏ အလုံးစုံသော သရုပ်သကန်များကို ကြည့်ရှုသည့်အခါ၊ ၎င်းတို့သည် စာတန်၏ နက်ရှိုင်းစွာ ဖောက်ပြန်ပျက်စီးစေခြင်းကိုခံရခြင်းဖြင့် မပြောင်းမလဲရှိနေသောသူတစ်ဦး လုံးလုံးဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်က စာတန်၏ အမျိုးအနွယ်ဟု ရည်ညွှန်းသည့်အရာ အတိအကျ ဖြစ်ကြသည်။ အန္တိခရစ် စိတ်သဘောထားရှိသူများသည် အန္တိခရစ်များထက် မည်သို့ ပိုမိုကောင်းမွန်ကြသနည်း။ တိတိကျကျဆိုရလျှင်၊ အန္တိခရစ် စိတ်သဘောထားရှိသော်လည်း အန္တိခရစ်၏ အနှစ်သာရမရှိသူများသည် စာတန်၏ အမျိုးမျိုးသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများကို ထုတ်ဖော်ကြသော်လည်း၊ ဧကန်မုချ ဆိုးယုတ်သောလူများ မဟုတ်ကြပေ။ ၎င်းတို့၏ အခြေအနေမှာ လူတစ်ဦးသည် စဉ်းလဲပြီး ဆိုးယုတ်သူလည်းမဟုတ်သည့်အပြင် လူကောင်းတစ်ဦးလည်း မဟုတ်ဟု ပုံမှန်အားဖြင့် ပြောဆိုလေ့ရှိသည့်အတိုင်း ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို ရိုးသားစစ်မှန်စွာ ယုံကြည်ကြပြီး နောင်တရလိုစိတ်ရှိကာ ပြုပြင်ခြင်းခံရပြီးနောက် သမ္မာတရားကို လက်ခံနိုင်ပြီး ကျိုးနွံနာခံမှုအချို့ရှိကြရုံသာ ဖြစ်သည်။ ၎င်းတို့သည် ဆိုးယုတ်သောလူများ မဟုတ်သည့်အပြင်၊ ဘုရားသခင်၏ ကယ်တင်ခြင်းကို ခံရရန် မျှော်လင့်ချက် ရှိနေသေးသော်လည်း၊ ဘုရားသခင် ပြောဆိုသည့် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်ခြင်းဟူသော စံနှုန်းမှ အလှမ်းဝေးကြသည်။ အချို့လူများသည် ဘုရားသခင်ကို သုံးနှစ်မှ ငါးနှစ်အထိ ယုံကြည်ပြီး အပြောင်းအလဲနှင့် တိုးတက်မှုအချို့ ရှိကြသည်။ အချို့လူများသည် ဘုရားသခင်ကို ရှစ်နှစ်မှ ဆယ်နှစ်အထိ ယုံကြည်ပြီး မည်သည့်တိုးတက်မှုမျှ လုံးဝမရှိကြပေ။ အချို့လူများမှာမူ မည်သည့် သိသာထင်ရှားသော ပြောင်းလဲမှုမျှမရှိဘဲ ဘုရားသခင်ကို နှစ် ၂၀ ကြာပင် ယုံကြည်ပြီးဖြစ်သည်။ ၎င်းတို့သည် ယခင်အတိုင်းပင် ရှိနေကြဆဲဖြစ်သည်။ မိမိတို့၏ အယူအဆများကို ခေါင်းမာစွာ ဖက်တွယ်ထားကြသည်။ ၎င်းတို့က ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြားပြီးဖြစ်သည့်အပြင် ဘုရားအိမ်တော်၏ အမျိုးမျိုးသော စည်းမျဉ်းစည်းကမ်းများ၏ ချုပ်ထိန်းခြင်းကို ခံရသောကြောင့်သာ ကြီးမားသော အမှားများကို မပြုလုပ်ခဲ့ကြခြင်းဖြစ်သည်၊ ဘုရားအိမ်တော်အတွက် ဆိုးရွားသော ဆုံးရှုံးမှုများကို ဖြစ်စေသည့် ဒုစရိုက်အမှုများကို မလုပ်ဆောင်ခဲ့ကြခြင်းဖြစ်ပြီး ကြီးမားသော ဘေးအန္တရာယ်များကို မဖြစ်ပေါ်စေခဲ့ကြခြင်း ဖြစ်သည်။ အန္တိခရစ် စိတ်သဘောထားရှိသူများအားလုံးသည် နောက်ဆုံးတွင် ဘုရားသခင်၏ ကယ်တင်ခြင်းကို သေချာပေါက် ခံရနိုင်မည် မဟုတ်ပေ။ ၎င်းတို့ထဲမှ အများစုသည် အလုပ်လုပ်ပေးသူများ ဖြစ်နိုင်ဖွယ်ရှိပြီး အချို့မှာ မလွဲဧကန် ဖယ်ရှားရှင်းလင်းခြင်းခံရလိမ့်မည် ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ၊ ၎င်းတို့သည် ဆိုးယုတ်သောလူများ မဟုတ်ကြသော်လည်း၊ ညံ့ဖျင်းသော လူ့သဘာဝရှိသူများ ဖြစ်ကြသည်။ ၎င်းတို့၏ အဆုံးသတ်များနှင့် ပန်းတိုင်များသည် သေချာပေါက် တူညီကြမည် မဟုတ်ပေ။ အားလုံးမှာ ၎င်းတို့က သမ္မာတရားကို လက်ခံနိုင်ခြင်း ရှိမရှိနှင့် မိမိတို့၏ လမ်းကြောင်းများကို မည်သို့ရွေးချယ်သည်ဟူသည့်အပေါ်တွင် မူတည်သည်။ “ကိုယ်တော်၏စကားက ဆန့်ကျင်ဘက်ဖြစ်နေပါသည်။ ဤလူတို့သည် ပြန်လှည့်လာပြီး နောင်တရ၍ပြုပြင်နိုင်သည်ဟု ကိုယ်တော် ပြောခဲ့သည် မဟုတ်လော”ဟု အချို့လူများက ပြောဆိုကြသည်။ ငါဆိုလိုသည်မှာ ဤလူတို့သည် အချို့သော အခြေအနေများနှင့် မတူညီသော ပတ်ဝန်းကျင်များတွင်၊ သမ္မာတရားကို အမျိုးမျိုးသော အတိုင်းအတာအထိ လက်ခံနိုင်ကြသည်ဟူ၍ ဖြစ်သည်။ “အမျိုးမျိုးသော အတိုင်းအတာအထိ” ဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ အချို့လူများသည် ဘုရားသခင်ကို သုံးနှစ်မှ ငါးနှစ်အထိ ယုံကြည်ပြီးနောက် အပြောင်းအလဲအနည်းငယ်ရှိပြီး၊ ၁၀ နှစ်မှ နှစ် ၂၀ အကြာတွင် သိသာထင်ရှားသော အပြောင်းအလဲရှိသည်ကို ဆိုလိုသည်။ အချို့လူများသည် ဘုရားသခင်ကို ၁၀ နှစ်မှ နှစ် ၂၀ အထိ ယုံကြည်ကြပြီး၊ “ကျွန်ုပ်သည် နောင်တရရမည်၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ကျွန်ုပ် ပြန်လည်ပေးဆပ်ရမည်” ဟု အမြဲတစေ ဟစ်ကြွေးနေကြသော်လည်း၊ လက်တွေ့တွင်မူ မည်သည့်အပြောင်းအလဲမျှ မရှိဘဲ၊ ပထမဆုံး စတင်ယုံကြည်စဉ်ကအတိုင်းပင် ရှိနေကြသေးသည်။ ၎င်းတို့တွင် အသိစိတ်ရှိသောကြောင့်သာ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဤဆန္ဒရှိကြပြီး မိမိတို့ကိုယ်ကို ပြန်လှည့်လာကာ နောင်တရ၍ပြုပြင်ရန် လိုလားကြခြင်း ဖြစ်သည်။ သို့သော်လည်း၊ လိုလားခြင်းသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ခြင်းနှင့် မညီမျှသည့်အပြင်၊ လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ခြင်းနှင့်လည်း မညီမျှပေ။ လိုလားခြင်းသည် သမ္မာတရားကို အတိုက်အခံမလုပ်ခြင်း၊ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့မှု မဖြစ်ခြင်း၊ သမ္မာတရားကို လူသိရှင်ကြား အသရေမဖျက်ခြင်း၊ ဘုရားသခင်ကို လူသိရှင်ကြား မဝေဖန်ခြင်း၊ မရှုတ်ချခြင်း သို့မဟုတ် ပြစ်မှားစော်ကားမှု မရှိခြင်းတို့ မျှသာဖြစ်သည်။ ဤသရုပ်သကန်များသာ ဖြစ်သည်။ သို့သော် ယင်းမှာ သမ္မာတရားကို အမှန်တကယ် ကျိုးနွံနာခံပြီး လက်ခံကာ လက်တွေ့လုပ်ဆောင်နိုင်ခြင်းကို မဆိုလိုသည့်အပြင်၊ ဇာတိပကတိနှင့် မိမိ၏ ကိုယ်ပိုင်လိုအင်ဆန္ဒများကို ပုန်ကန်နိုင်ခြင်းကိုလည်း မဆိုလိုပေ။ ဤသည်မှာ ဓမ္မဓိဋ္ဌာန်ကျသော အဖြစ်မှန်တစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ အတိအကျ ဖြစ်သည့်ပုံစံဖြစ်သည်။ လူတစ်ဦး၏ လူ့သဘာဝတွင် အသိစိတ်နှင့် ဆင်ခြင်တုံတရားအချို့ရှိပြီး နောင်တရသော စိတ်နှလုံးအနည်းငယ် ရှိခြင်းသည် ထိုသူတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမရှိဟု မဆိုလိုပေ။ အန္တိခရစ် စိတ်သဘောထားရှိသူများသည် အန္တိခရစ်များနှင့် အနှစ်သာရပိုင်းအရ ကွဲပြားကြသော်လည်း ဤသည်မှာ ၎င်းတို့အနေဖြင့် သမ္မာတရားကို လက်ခံပြီး ကျိုးနွံနာခံနိုင်သောသူများဖြစ်သည်ဟု မဆိုလိုပေ။ ၎င်းတို့သည် သမ္မာတရား လက်တွေ့ကျမှုရှိသူများဖြစ်သည်ဟုလည်း မဆိုလိုပေ၊ သို့မဟုတ် ဘုရားသခင် ချစ်မြတ်နိုးသောသူများဖြစ်သည်ဟုလည်း မဆိုလိုပေ။ ဤသွင်ပြင်လက္ခဏာနှစ်ခုအကြားတွင် အနှစ်သာရပိုင်းဆိုင်ရာ ခြားနားချက်များ ရှိသည်။ ၎င်းတို့သည် လုံးဝ ကွဲပြားကြသည်။ အန္တိခရစ် စိတ်သဘောထားရှိသူများသည် လူ့သဘာဝ၊ သမ္မာတရားအပေါ် ၎င်းတို့၏ သဘောထားနှင့် ၎င်းတို့၏ နောင်တရခြင်း အတိုင်းအတာတို့အရ အန္တိခရစ်များနှင့် နှိုင်းယှဉ်လျှင် သေချာပေါက် များစွာ သာလွန်ကောင်းမွန်ကြသည်။ သို့သော်လည်း၊ ဘုရားသခင်က လူတို့ကို တိုင်းတာသည့် စံသတ်မှတ်ချက်သည် ၎င်းတို့က အန္တိခရစ်များနှင့် မည်သို့ကွာခြားသည်ဟူသည့်အပေါ်တွင် အခြေမခံပေ။ ဤသည်မှာ စံနှုန်း မဟုတ်ပေ။ ဘုရားသခင်သည် လူတစ်ဦး၏ လူ့သဘာဝကို တိုင်းတာသည်၊ ၎င်းတို့တွင် အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိမရှိ၊ ၎င်းတို့က သမ္မာတရားကို ချစ်မြတ်နိုးပြီး လက်ခံခြင်း ရှိမရှိ၊ ၎င်းတို့က မိမိတို့၏ တာဝန်များကို သစ္စာစောင့်သိမှုဖြင့် ထမ်းဆောင်ခြင်း ရှိမရှိ၊ ၎င်းတို့က ဘုရားသခင်ကို ကျိုးနွံနာခံသူများ ဟုတ်မဟုတ်ဟူသည်နှင့် သမ္မာတရားကို ၎င်းတို့ ရရှိပြီး ကယ်တင်ခြင်းကို စွမ်းဆောင်ရရှိနိုင်ခြင်း ရှိမရှိဟူသည်တို့ကို တိုင်းတာသည်။ ဤသည်တို့မှာ ဘုရားသခင်က လူတို့ကို တိုင်းတာသည့် စံနှုန်းများ ဖြစ်ကြသည်။ ဘုရားသခင်သည် အန္တိခရစ် စိတ်သဘောထားရှိသူများအတွက် အမျိုးမျိုးသော သတ်မှတ်ချက်များကို ချမှတ်ထားပြီးဖြစ်သည်။ ဘုရားသခင်သည် ဤလူတို့ကို ကယ်တင်ရန် ရည်ရွယ်ချက်ဖြင့် အန္တိခရစ် စိတ်သဘောထားရှိသူများကို တိုင်းတာရန် ဤသတ်မှတ်ချက်များကို အသုံးပြုသည်။ ဤသို့ ပြောဆိုသည်ကို ကြားပြီးနောက်၊ သင်တို့ နားလည်ပြီဖြစ်သည်၊ မှန်သလော။ ပထမဆုံးအနေဖြင့် သင့်ထံတွင် အန္တိခရစ် စိတ်သဘောထား မည်မျှရှိသည်ဖြစ်စေ သမ္မာတရားကို သင် လက်ခံနိုင်သရွေ့ သင်သည် အန္တိခရစ်တစ်ဦး မဟုတ်ကြောင်း ရှင်းလင်းစွာ သိရှိရမည်။ သင်သည် အန္တိခရစ်တစ်ဦး မဟုတ်သော်လည်း ယင်းမှာ သင်သည် ဘုရားသခင်ကို ကျိုးနွံနာခံသောသူတစ်ဦးဖြစ်သည်ဟု မဆိုလိုပေ။ သမ္မာတရားကို မရွံရှာခြင်း သို့မဟုတ် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့မှု မရှိခြင်းသည် သင်က သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ကျိုးနွံနာခံသောသူတစ်ဦးဖြစ်သည်ဟု မဆိုလိုပေ။ အသိစိတ်နှင့် ဆင်ခြင်တုံတရားအချို့ရှိခြင်း၊ အတော်အတန် ကြင်နာတတ်သော စိတ်နှလုံးရှိခြင်းနှင့် အန္တိခရစ်များထက် ပိုမိုကောင်းမွန်သော လူ့သဘာဝရှိခြင်းသည် သင်က လူကောင်းတစ်ဦးဖြစ်သည်ဟု သေချာပေါက် ဆိုလိုခြင်းမဟုတ်ပေ။ လူတစ်ဦးက ကောင်းသည် သို့မဟုတ် ဆိုးသည်ဟူသည်ကို တိုင်းတာသည့် စံနှုန်းသည် အန္တိခရစ်တို့၏ လူ့သဘာဝအပေါ်တွင် အခြေမခံပေ။ အန္တိခရစ်တို့သည် မကောင်းမှုများကို မည်မျှ ပြုလုပ်သည်ဖြစ်စေ၊ ၎င်းတို့က မည်သည့်အခါမျှ ဝန်မခံသည့်အပြင် နောင်တလည်းမရဘဲ၊ ထိုနည်းအတိုင်းပင် ဆက်လက်ပြုမူလုပ်ဆောင်ကြသည်။ ၎င်းတို့သည် မည်သည့်အခါမျှ နောက်ပြန်မလှည့်ကြသည့်အပြင်၊ ဘုရားသခင်ကို အဆုံးတိုင် ဆန့်ကျင်ကြသည်။ အန္တိခရစ် စိတ်သဘောထားရှိသူများထဲမှ အချို့သည် မိမိတို့ကိုယ်ကို ပြန်လှည့်လာပြီး နောင်တရ၍ပြုပြင်ရန် ရိုးသားစစ်မှန်စွာ အလိုရှိကြသော်လည်း၊ အနည်းငယ် ပြန်လှည့်လာခြင်းက ၎င်းတို့တွင် စစ်မှန်သော နောင်တရ၍ပြုပြင်ခြင်း ရှိသည်ဟု မဆိုလိုပေ။ နောင်တရရန် စိတ်ပိုင်းဖြတ်မှုရှိခြင်းသည် သမ္မာတရားကို နားလည်နိုင်ခြင်း၊ သမ္မာတရားကို ရရှိခြင်းနှင့် အသက်ကို ရရှိခြင်းတို့အား ဆိုလိုသည်မဟုတ်ပေ။

အချို့လူများက “ကျွန်ုပ်သည် အန္တိခရစ်တစ်ဦး မဟုတ်ပါ၊ ထို့ကြောင့် ကျွန်ုပ်သည် အန္တိခရစ်များထက် သာ၍ကောင်းပြီး အန္တိခရစ်များထက် နက်ရှိုင်းစွာ ဖောက်ပြန်ပျက်စီးမှု လျော့နည်းသည်” ဟု ပြောဆိုကြသည်။ ဤစကားများသည် မှန်ကန်သလော။ ဤသည်မှာ လွဲချော်သော သိနားလည်မှုတစ်ခုလော။ (ဟုတ်ပါသည်။) အန္တိခရစ် စိတ်သဘောထားရှိသူများသည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတွင် အန္တိခရစ်များနှင့် တူညီကြသော်လည်း၊ ၎င်းတို့၏ သဘာဝ အနှစ်သာရမှာမူ ကွဲပြားသည်။ စဉ်းစားကြည့်လော့။ ဤဖော်ပြချက်သည် မှန်ကန်သလော။ (မှန်ကန်ပါသည်။) သို့ဆိုလျှင် ရှင်းပြလော့။ (အန္တိခရစ် စိတ်သဘောထားရှိသူများသည် အန္တိခရစ်များကဲ့သို့ပင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိကြသည်။ ၎င်းတို့နှစ်ဦးစလုံးက မာနထောင်လွှားပြီး ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားများ ရှိကြသည့်အပြင်၊ ၎င်းတို့နှစ်ဦးစလုံးက အဆင့်အတန်းကို လိုက်စားကြသည်။ သို့သော်လည်း၊ ၎င်းတို့၏ လူ့သဘာဝ အနှစ်သာရမှာ ကွဲပြားသည်။ အန္တိခရစ် စိတ်သဘောထားရှိသူများက အသိစိတ်အချို့ ရှိကြပြီး၊ သမ္မာတရားကို အမျိုးမျိုးသော အတိုင်းအတာအထိ လက်ခံနိုင်ကြသည်။ ၎င်းတို့သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့မှု မဖြစ်ကြသည့်အပြင် သမ္မာတရားကို မမုန်းတီးကြပေ။ အခြားတစ်ဖက်တွင်မူ၊ အန္တိခရစ်၏ အနှစ်သာရရှိသူများတွင် မလိုမုန်းထားသော လူ့သဘာဝ အနှစ်သာရ ရှိကြသည်။ ၎င်းတို့တွင် အသိစိတ်မရှိသည့်အပြင်၊ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ကြဘဲ သမ္မာတရားကို မုန်းတီးကြသည်။ ၎င်းတို့ နောင်တရကြလိမ့်မည် မဟုတ်ပါ။) ၎င်းတို့အားလုံးတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိကြသည်၊ သို့ဆိုလျှင် အဘယ်ကြောင့် ဘုရားသခင်သည် အန္တိခရစ်၏ အနှစ်သာရရှိသူများကို အန္တိခရစ်များနှင့် သူ၏ ရန်သူများအဖြစ် သတ်မှတ်သနည်း။ (ယင်းမှာ အဓိကအားဖြင့် သမ္မာတရားအပေါ် ၎င်းတို့၏ သဘောထားကို အခြေခံပါသည်။ အန္တိခရစ်တို့သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ကြသည့်အပြင်၊ သမ္မာတရားကို မုန်းတီးကြသည်၊ ပြီးလျှင် သမ္မာတရားကို မုန်းတီးခြင်းသည် အမှန်တကယ်တွင် ဘုရားသခင်ကို မုန်းတီးခြင်း ဖြစ်ပါသည်။) အခြားရှိသေးသလော။ (အန္တိခရစ်တို့၏ အနှစ်သာရမှာ နတ်ဆိုး၏ အနှစ်သာရပင် ဖြစ်သည်။) မိမိအနှစ်သာရက နတ်ဆိုးများ၏ အနှစ်သာရဖြစ်သော လူတို့တွင် ကယ်တင်ခြင်းခံရရန် မျှော်လင့်ချက် တစ်ခုတလေရှိသလော။ (မရှိပါ။) ဤလူတို့သည် သမ္မာတရားကို လုံးဝ လက်မခံကြသည့်အပြင် ကယ်တင်ခြင်းမခံရနိုင်ပေ။ လူအမျိုးအစားနှစ်မျိုးစလုံးတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိကြသောကြောင့်၊ ကယ်တင်ခြင်းခံရနိုင်သောသူများနှင့် ကယ်တင်ခြင်းမခံရနိုင်သောသူများအကြား ခြားနားချက်မှာ အဘယ်နည်း။ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအရသာလျှင်၊ ဤလူအမျိုးအစားနှစ်မျိုးသည် တူညီကြသည်။ သို့ဆိုလျှင် အန္တိခရစ်များက ကယ်တင်ခြင်းမခံရနိုင်စဉ်တွင် အန္တိခရစ် စိတ်သဘောထားရှိသော်လည်း အန္တိခရစ်၏ အနှစ်သာရမရှိသူများမှာမူ အဘယ်ကြောင့် ကယ်တင်ခြင်းခံရရန် ပါးလျသော မျှော်လင့်ချက်ရှိကြသနည်း။ (အန္တိခရစ် စိတ်သဘောထားရှိသူများသည် သမ္မာတရားနှင့် အပြုသဘောဆောင်သော အရာများအပေါ် အလွန် ရန်လိုကြသော အန္တိခရစ်များကဲ့သို့ မဟုတ်ကြပါ။ သူတို့သည် သမ္မာတရားကို အထူးတလည် မချစ်ကြသော်လည်း၊ သမ္မာတရားကို မရွံရှာကြသည့်အပြင်၊ အမျိုးမျိုးသော အတိုင်းအတာအထိ လက်ခံနိုင်ကြကာ၊ တဖြည်းဖြည်းချင်း ပြောင်းလဲနိုင်ကြသည်။ ထို့အပြင်၊ ၎င်းတို့၏ လူ့သဘာဝတွင် ရှက်စိတ်မရှိသောအန္တိခရစ်များနှင့်မတူဘဲ၊ အသိစိတ်အချို့ ရှိကြပါသည်။) ကယ်တင်ခြင်းခံရရန် မျှော်လင့်ချက်သည် ဤနေရာတွင် တည်ရှိသည်။ ဤသည်မှာ အနှစ်သာရပိုင်းဆိုင်ရာ ခြားနားချက် ဖြစ်သည်။ အန္တိခရစ်တို့၏ အနှစ်သာရမှ အကဲဖြတ်ရလျှင်၊ ဤလူစားမျိုးသည် ကယ်တင်၍မရနိုင်သည့်အပြင် ကယ်တင်ခြင်းခံရရန် မျှော်လင့်ချက်မရှိပေ။ ၎င်းတို့ကို သင် ကယ်တင်လိုလျှင်ပင် မကယ်တင်နိုင်ပေ။ ၎င်းတို့ မပြောင်းလဲနိုင်ကြပေ။ ၎င်းတို့သည် စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားရှိသည့် သာမန်လူအမျိုးအစားတစ်မျိုး မဟုတ်ဘဲ၊ နတ်ဆိုးများနှင့် စာတန်၏ အသက်အနှစ်သာရရှိသော လူအမျိုးအစားတစ်မျိုး ဖြစ်သည်။ ဤလူစားမျိုးသည် လုံးဝ ကယ်တင်ခြင်းမခံရနိုင်ပေ။ ဆန့်ကျင်ဘက်အားဖြင့်၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိသည့် သာမန်လူတို့၏ အနှစ်သာရမှာ အဘယ်နည်း။ ၎င်းတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသာ ရှိကြသည်။ သို့သော်လည်း၊ ၎င်းတို့သည် အသိစိတ်နှင့် ဆင်ခြင်တုံတရား အတိုင်းအတာတစ်ခုအထိ ပိုင်ဆိုင်ကြပြီး၊ သမ္မာတရားအချို့ကို လက်ခံနိုင်ကြသည်။ ဤသည်မှာ သမ္မာတရားက ကယ်တင်ခြင်းခံရရန် မျှော်လင့်ချက်ပေးလျက် ဤလူတို့အပေါ် အကျိုးသက်ရောက်မှု အတိုင်းအတာတစ်ခုအထိ ရှိနိုင်သည်ဟု ဆိုလိုသည်။ ဘုရားသခင် ကယ်တင်သည်မှာ ဤလူစားမျိုး ဖြစ်သည်။ အန္တိခရစ်တို့သည် လုံးဝ ကယ်တင်ခြင်းမခံရနိုင်သော်လည်း အန္တိခရစ် စိတ်သဘောထားရှိသူများမှာမူ ကယ်တင်ခြင်းခံရနိုင်သလော။ (ခံရနိုင်ပါသည်။) ၎င်းတို့ ကယ်တင်ခြင်းခံရနိုင်သည်ဟု ငါတို့ ဆိုလျှင်၊ ဤသည်မှာ ဓမ္မဓိဋ္ဌာန်မကျပေ။ ၎င်းတို့တွင် ကယ်တင်ခြင်းခံရရန် မျှော်လင့်ချက်ရှိသည်ဟုသာ ငါတို့ ဆိုနိုင်သည်။ ဤသည်မှာ အတော်အတန် ဓမ္မဓိဋ္ဌာန်ကျသည်။ နောက်ဆုံးတွင်၊ လူတစ်ဦးက ကယ်တင်ခြင်းခံရနိုင်ခြင်း ရှိမရှိဟူသည်မှာ ထိုတစ်ဦးချင်းအပေါ်တွင် မူတည်သည်။ ယင်းမှာ ၎င်းတို့သည် သမ္မာတရားကို အမှန်တကယ် လက်ခံနိုင်ခြင်းရှိမရှိ၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ခြင်းရှိမရှိဟူသည်နှင့် သမ္မာတရားကို ကျိုးနွံနာခံနိုင်ခြင်း ရှိမရှိဟူသည်တို့အပေါ်တွင် မူတည်သည်။ ထို့ကြောင့် ဤလူစားမျိုးက ကယ်တင်ခြင်းခံရရန် မျှော်လင့်ချက်ရှိသည်ဟုသာ ဆိုနိုင်ပေသည်။ သို့ဆိုလျှင် အန္တိခရစ်တို့သည် အဘယ်ကြောင့် ကယ်တင်ခြင်းခံရရန် မျှော်လင့်ချက်မရှိသနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် အန္တိခရစ်များဖြစ်ကြသောကြောင့် ဖြစ်သည်။ ၎င်းတို့၏ သဘာဝမှာ စာတန်၏ သဘာဝ ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားအပေါ် ရန်လိုကြသည်။ ဘုရားသခင်ကို မုန်းတီးကြပြီး သမ္မာတရားကို လုံးဝ လက်မခံကြပေ။ ဘုရားသခင်သည် ၎င်းတို့ကို ကယ်တင်နိုင်သေးသလော။ (မကယ်တင်နိုင်ပါ။) ဘုရားသခင်သည် ဖောက်ပြန်ပျက်စီးသော လူသားများကို ကယ်တင်ခြင်းဖြစ်သည်၊ စာတန်နှင့် နတ်ဆိုးများကို ကယ်တင်ခြင်းမဟုတ်ပေ။ ဘုရားသခင်သည် သမ္မာတရား လက်ခံသောသူများကို ကယ်တင်ခြင်းဖြစ်သည်၊ သမ္မာတရားကို မုန်းတီးသော လူဖျင်းကို ကယ်တင်ခြင်းမဟုတ်ပေ။ ဤသည်မှာ ရှင်းလင်းသည် မဟုတ်လော။ (ရှင်းလင်းပါသည်။) အချို့လူများက လွဲချော်သော နားလည်မှု ရှိခြင်းကို ရှောင်ရှားရန် ငါတို့ ဤသို့ မိတ်သဟာယဖွဲ့ခြင်း ဖြစ်သည်။ အန္တိခရစ်များနှင့် အန္တိခရစ် စိတ်သဘောထားရှိသူများကို ခွဲခြားသိမြင်ပြီးနောက်၊ အချို့လူများသည် မိမိတို့က အန္တိခရစ်များ မဟုတ်သည့်အပြင်၊ ဤသည်မှာ ၎င်းတို့က ဘေးကင်းလုံခြုံသော နယ်ပယ်တွင် ရှိနေခြင်းဖြစ်ကြောင်း၊ မိမိတို့ကိုယ်တိုင်အတွက် ခိုလှုံရာကို အမှန်တကယ် ရရှိထားပြီဖြစ်ကြောင်းနှင့် အနာဂတ်တွင် သေချာပေါက် ရှင်းလင်းပစ်ခြင်း၊ နှင်ထုတ်ခြင်း သို့မဟုတ် ဖယ်ရှားရှင်းလင်းခြင်း ခံရမည်မဟုတ်ကြောင်းတို့ကို ဆိုလိုသည်ဟု တွေးထင်ကြသည်။ ဤသည်မှာ လွဲချော်စွာ နားလည်ခြင်း မဟုတ်လော။ ကယ်တင်ခြင်းခံရရန် မျှော်လင့်ချက်ရှိခြင်းသည် ကယ်တင်ခြင်းခံရလိမ့်မည်ဟု မဆိုလိုပေ။ ဤမျှော်လင့်ချက်သည် လူတို့ သွား၍ ဆုပ်ကိုင်ရန် လိုအပ်နေသေးသည်။ သမ္မာတရားအပေါ် သင်၏ သဘောထားသည် အန္တိခရစ်တို့၏ သဘောထားနှင့် ကွဲပြားသည်။ သင်သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်း မရှိပေ၊ သို့မဟုတ် သင်၏ လူ့သဘာဝသည် အန္တိခရစ်တို့၏ လူ့သဘာဝထက် အနည်းငယ် သာလွန်ကောင်းမွန်သည်။ သင်သည် အသိစိတ်အချို့ကို ပိုင်ဆိုင်သည်၊ အတော်အတန် ကြင်နာတတ်သော စိတ်နှလုံးရှိသည်၊ အခြားသူများကို ထိခိုက်စေခြင်းမရှိ၊ တစ်စုံတစ်ခုကို မှားယွင်းစွာလုပ်ဆောင်သည့်အခါ နောင်တရ၍ပြောင်းလဲရန် သိရှိပြီး မိမိကိုယ်ကို ပြန်လှည့်လာနိုင်သည်။ ဤအရည်အသွေးအနည်းငယ်ကို ပိုင်ဆိုင်ရုံမျှပိုင်ဆိုင်ခြင်းက သင့်ထံတွင် သမ္မာတရားကို လက်ခံရန်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန်နှင့် ကယ်တင်ခြင်းခံရခြင်းကို စွမ်းဆောင်ရရှိရန် အခြေခံသတ်မှတ်ချက်များရှိသည်ကို ဆိုလိုသည်။ သို့သော် အန္တိခရစ်တစ်ဦး မဟုတ်ခြင်းသည် သင် ကယ်တင်ခြင်းခံရလိမ့်မည်ဟု မဆိုလိုပေ။ သင်သည် အန္တိခရစ်တစ်ဦး မဟုတ်သော်လည်း၊ ဖောက်ပြန်ပျက်စီးသော လူသားတစ်ဦး ဖြစ်နေဆဲဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော လူသားအားလုံးသည် ကယ်တင်ခြင်းခံရနိုင်သလော။ ကယ်တင်ခြင်း ခံရချင်မှ ခံရပေမည်။ လူတစ်ဦးသည် အန္တိခရစ်တစ်ဦး သို့မဟုတ် ဆိုးယုတ်သောလူတစ်ဦး မဟုတ်လျှင်ပင်၊ သမ္မာတရားကို ၎င်းတို့ မလိုက်စားသရွေ့၊ ၎င်းတို့သည် ကယ်တင်ခြင်းမခံရနိုင်သေးပေ။ လူတို့ကို ဘုရားသခင်၏ ကယ်တင်ခြင်းသည် သမ္မာတရားကို ၎င်းတို့ လက်ခံခြင်းနှင့် လိုက်စားခြင်းမှတစ်ဆင့် စွမ်းဆောင်ရရှိခြင်း ဖြစ်သည်။ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် ဘုရားသခင်နှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ တစ်စုံတစ်ဦးတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိနေသရွေ့၊ ၎င်းတို့သည် ဘုရားသခင်ကို ပုန်ကန်နိုင်သေးသည်၊ ဘုရားသခင်ကို အာခံနိုင်သေးသည်၊ ဘုရားသခင်ကို သစ္စာဖောက်နိုင်သေးသည် စသည်ဖြင့် ဖြစ်သည်။ ထို့ကြောင့်၊ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ စမ်းသပ်မှုများနှင့် စစ်ဆေးခြင်းတို့ကို လက်ခံရန် လိုအပ်သည်။ ဘုရားနှုတ်ကပတ်တော်များ၏ ထောက်ပံ့မှုနှင့် လမ်းညွှန်မှု၊ ဘုရားသခင်၏ ပြုပြင်ခြင်း၊ ဆုံးမပဲ့ပြင်ခြင်းနှင့် အပြစ်ဒဏ်ပေးခြင်း စသည်တို့ကို ၎င်းတို့ လိုအပ်သည်။ ဘုရားသခင် လုပ်ဆောင်သည့် ဤအမှုတစ်ခုတလေမျှ မရှိ၍မဖြစ်ပေ။ ထို့ကြောင့်၊ ကယ်တင်ခံရခြင်းကို စွမ်းဆောင်ရရှိရန်၊ တစ်ချက်အနေဖြင့်၊ ဘုရားသခင်၏ အမှုတော် လိုအပ်ပြီး၊ ထပ်လောင်း၍၊ လူတို့က ပူးပေါင်းဆောင်ရွက်ရန် စိတ်ပိုင်းဖြတ်ခြင်း လိုအပ်သည်။ ၎င်းတို့သည် အခက်အခဲကို ခါးစည်းခံကာ အဖိုးအခပေးဆပ်ရန်၊ သမ္မာတရားကို နားလည်ပြီးနောက် သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ရန် စသည်တို့ကို လုပ်ဆောင်နိုင်ရန် လိုအပ်သည်။ ဤသည်မှာ သမ္မာတရားကို နားလည်ခြင်းအပေါ် အခြေခံ၍၊ နောက်ဆုံးသောကာလ ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိရန်နှင့် လူ့ဇာတိခံ ဘုရားသခင်၏ စုံလင်အောင်ပြုခြင်းကို ခံရခြင်းတည်းဟူသော မယုံနိုင်လောက်အောင် ရှားပါးသည့် ကောင်းချီးမင်္ဂလာကို လက်ခံရရှိရန် တစ်ခုတည်းသော နည်းလမ်း ဖြစ်သည်။ ထိုမျှ ရိုးရှင်းပေသည်။ ကောင်းပြီ၊ ဤအကြောင်းအရာနှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့ခြင်းကို ဤနေရာတွင် အဆုံးသတ်ကြစို့။

သက်ဆိုင်သည့် အကြောင်းအရာ

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။