ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၂၁) အခန်း နှစ်
အချက် ၁၃- ဘုရားသခင် ရွေးချယ်ထားသောလူများကို အန္တိခရစ်များ၏ နှောင့်ယှက်ခြင်း၊ အထင်အမြင်မှားစေခြင်း၊ ထိန်းချုပ်ခြင်းနှင့် ဆိုးဆိုးရွားရွား ထိခိုက်နစ်နာစေခြင်းတို့မှ ကာကွယ်ပေးပြီး ၎င်းတို့အား အန္တိခရစ်များကို ပိုင်းခြားသိမြင်ကာ စိတ်နှလုံးထဲမှ စွန့်လွှတ်နိုင်စေရန် ထောက်ကူပေးလော့
အန္တိခရစ်များက အသင်းတော်ကို နှောင့်ယှက်နေကြောင်း သိမြင်သည့်အခါ ခေါင်းဆောင်များနှင့် အမှုဆောင်များ ဆောင်ရွက်ရမည့် အလုပ်များ
ဆက်လက်၍၊ ငါတို့သည် အဓိကအကြောင်းအရာနှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့ကြမည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ ဆယ့်နှစ်ခုမြောက် တာဝန်နှင့်ပတ်သက်သည့် ငါတို့၏ မိတ်သဟာယက ပြီးဆုံးသွားပြီဖြစ်သည်။ ဤမိတ်သဟာယအတွက်၊ “ဘုရားသခင် ရွေးချယ်ထားသောလူများကို အန္တိခရစ်များ၏ နှောင့်ယှက်ခြင်း၊ အထင်အမြင်မှားစေခြင်း၊ ထိန်းချုပ်ခြင်းနှင့် ဆိုးဆိုးရွားရွား ထိခိုက်နစ်နာစေခြင်းတို့မှ ကာကွယ်ပေးပြီး ၎င်းတို့အား အန္တိခရစ်များကို ပိုင်းခြားသိမြင်ကာ စိတ်နှလုံးထဲမှ စွန့်လွှတ်နိုင်စေရန် ထောက်ကူပေးလော့” ဟူသည့် ဆယ့်သုံးခုမြောက် တာဝန်နှင့်ပတ်သက်၍ ငါတို့ ဆွေးနွေးကြမည်။ ဆယ့်သုံးခုမြောက် တာဝန်တွင် ခေါင်းဆောင်များနှင့် အမှုဆောင်များက အန္တိခရစ်များကို မည်သို့ဆက်ဆံသင့်သည်ဟူသည့် အကြောင်းအရာ ပါဝင်သည်။ အသင်းတော်တွင် အန္တိခရစ်များ ပေါ်ပေါက်လာသည့်အခါ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် မည်သည့်အလုပ်ကို လုပ်ဆောင်သင့်သနည်း။ ပထမဆုံးအနေဖြင့်၊ ထိုသို့သော ပြဿနာများကို ဖြေရှင်းသည့်အခါတွင် ခေါင်းဆောင်များနှင့် အမှုဆောင်များက ညီအစ်ကိုမောင်နှမများကို အန္တိခရစ်များ၏ နှောင့်ယှက်ခြင်း၊ အထင်အမြင်မှားစေခြင်း၊ ထိန်းချုပ်ခြင်းနှင့် ဆိုးဆိုးရွားရွား ထိခိုက်နစ်နာစေခြင်းတို့မှ ကာကွယ်ပေးရန် ရှေ့ထွက်၍ လုပ်ဆောင်ရန် လိုအပ်သည်ဟု ဤတာဝန်က ဖော်ပြထားသည်။ ဤသည်မှာ ၎င်းတို့ လုပ်ဆောင်သင့်သည့် ပထမဆုံးသော တာဝန်ဖြစ်သည်။ အန္တိခရစ်များက ဘုရားသခင် ရွေးချယ်ထားသောလူများကို မည်သို့ နှောင့်ယှက်သည်၊ အထင်အမြင်မှားစေသည်၊ ထိန်းချုပ်သည်၊ ဆိုးဆိုးရွားရွား ထိခိုက်နစ်နာစေသည်ဟူသည်တို့နှင့်ပတ်သက်၍မူ၊ ဤအကြောင်းကို ယခင်က များစွာ မိတ်သဟာယဖွဲ့ပြီးဖြစ်သောကြောင့် ဤအကြောင်းအရာသည် ယနေ့ မိတ်သဟာယ၏ အဓိကအကြောင်းအရာ ဖြစ်လိမ့်မည်မဟုတ်ပေ။ ယနေ့တွင်၊ ဘုရားသခင် ရွေးချယ်ထားသောလူများကို ထိခိုက်နစ်နာခြင်းမရှိအောင် ကာကွယ်ရန်အလို့ငှာ အန္တိခရစ်တို့၏ ဤအပြုအမူများနှင့် လုပ်ရပ်များကို ရင်ဆိုင်ရသည့်အခါ ခေါင်းဆောင်များနှင့် အမှုဆောင်များက မည်သည့်တာဝန်များကို ဖြည့်ဆည်းရမည်၊ မည်သည့်အလုပ်ကို လုပ်ဆောင်ရမည်ဟူသည်ကို ငါတို့ အာရုံစိုက်ကြမည်ဖြစ်သည်။ ပထမဆုံးအနေဖြင့်၊ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဘုရားသခင် ရွေးချယ်ထားသောလူများကို အန္တိခရစ်များ၏ နှောင့်ယှက်ခြင်း၊ အထင်အမြင်မှားစေခြင်း၊ ထိန်းချုပ်ခြင်းနှင့် ဆိုးဆိုးရွားရွား ထိခိုက်နစ်နာစေခြင်းတို့မှ ကာကွယ်ပေးရမည်၊ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များထဲမှ တစ်ခုဖြစ်သည်။ “တာဝန်များထဲမှ တစ်ခု” ဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်သည့် များစွာသော တာဝန်များအနက်၊ ဘုရားသခင် ရွေးချယ်ထားသောလူများက အန္တိခရစ်များ၏ နှောင့်ယှက်ခြင်းနှင့် ဆိုးဆိုးရွားရွားထိခိုက်နစ်နာစေခြင်းတို့မရှိဘဲ ပုံမှန်အသင်းတော်အသက်တာကို အသက်ရှင်နေထိုင်နိုင်ရန် ကာကွယ်ပေးခြင်းသည် အရေးကြီးသော တာဝန်တစ်ခု ဖြစ်သည်ဟု ဆိုလိုသည်။ ယင်းသည် ၎င်းတို့၏ တာဝန်ကို ခေါင်းရှောင်၍မရသည့် မရှောင်လွှဲနိုင်သော တာဝန်တစ်ခုလည်း ဖြစ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဤအရာကို အရေးထားသင့်ပြီး လျစ်လျူမရှုသင့်ပေ။ အသင်းတော်အသက်တာ၏ ပုံမှန်လည်ပတ်မှုကို ထိန်းသိမ်းခြင်းသည် အလွန်အရေးကြီးသော အလုပ်တာဝန်တစ်ခုဖြစ်ပြီး အသင်းတော်အလုပ်အားလုံးတွင် အဓိကအကျဆုံးသော အလုပ်တာဝန်ဖြစ်သည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်တစ်ခုလည်း ဖြစ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ အခြေခံအလုပ်မှာ ဘုရားသခင် ရွေးချယ်ထားသောလူများကို သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဦးဆောင်ရန် ဖြစ်သည်။ စာတန်များ၊ အန္တိခရစ်များက လူတို့ကို နှောင့်ယှက်ရန်နှင့် အထင်အမြင်မှားစေရန်လည်းကောင်း၊ ဘုရားသခင်၏ ရွေးချယ်ထားသောလူများကို လုယူရန် ဘုရားသခင်နှင့် ပြိုင်ဆိုင်ဖို့လည်းကောင်း လာသောအခါ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အန္တိခရစ်များက ၎င်းတို့၏ ပုံစံအမှန်ကို ထုတ်ဖော်ပြစေလျက် ဘုရားသခင် ရွေးချယ်ထားသောလူများက ၎င်းတို့ကို ပိုင်းခြားသိမြင်နိုင်စေရန်အလို့ငှာ ထရပ်ကာ အန္တိခရစ်များကို ဖော်ထုတ်ပြီးနောက် အသင်းတော်မှ ရှင်းလင်းပစ်သင့်သည်။ ဤသည်မှာ ဘုရားသခင်ရွေးချယ်ထားသောလူများကို အန္တိခရစ်များ၏ ထိန်းချုပ်ခြင်းနှင့် ဆိုးဆိုးရွားရွား ထိခိုက်နစ်နာစေခြင်းတို့မှ ကာကွယ်တားဆီးရန် ဖြစ်သည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များက အသင်းတော်အလုပ်ကို လုပ်ဆောင်သည့်အခါ ဖြည့်ဆည်းသင့်သည့် တာဝန်ဖြစ်သည်။ သို့ဆိုလျှင် ဤအရာများကို ကာကွယ်တားဆီးခြင်းဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းတို့ကို မည်သို့ ကာကွယ်တားဆီးသင့်သနည်း။ “ကာကွယ်တားဆီးသည်” ဟူသော ဝေါဟာရမှာ စာသားအတိုင်းဆိုလျှင် တစ်စုံတစ်ခု ဖြစ်ပွားခြင်းကို အကြီးမားဆုံး အတိုင်းအတာအထိ တားဆီးခြင်းကို ဆိုလိုသည်။ ဤနေရာတွင် အဓိကအချက်မှာ အဘယ်နည်း။ ဖြစ်ရပ်များ ဖြစ်ပွားခြင်းကို တားဆီးခြင်းသည် ကာကွယ်တားဆီးခြင်းကို ဖြစ်မြောက်စေသည်။ အန္တိခရစ်များ၏ ဖြစ်ရပ်များကို ကိုင်တွယ်ရာတွင်၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ အဓိကအလုပ်မှာ အန္တိခရစ်များက ဘုရားသခင် ရွေးချယ်ထားသောလူများအား နှောင့်ယှက်ခြင်း၊ အထင်အမြင်မှားစေခြင်း၊ ထိန်းချုပ်ခြင်းနှင့် ဆိုးဆိုးရွားရွား ထိခိုက်နစ်နာစေခြင်းတို့မရှိအောင် အကြီးမားဆုံး အတိုင်းအတာအထိ တားဆီးရန် ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသောလူများကို အန္တိခရစ်များ၏ ထိခိုက်နစ်နာစေခြင်းမရှိအောင် တတ်နိုင်သမျှ ကာကွယ်ပေးရမည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်ရန် လိုအပ်သည့် အဓိကအလုပ်ဖြစ်ပြီး၊ ဆယ့်သုံးခုမြောက် တာဝန်နှင့်ပတ်သက်၍ ငါတို့ ရှင်းလင်းစွာ မိတ်သဟာယဖွဲ့ရန် လိုအပ်သည့်အရာ ဖြစ်သည်။ သို့ဆိုလျှင် ဘုရားသခင် ရွေးချယ်ထားသောလူများကို မည်သို့ ကာကွယ်၍ရနိုင်သနည်း။ အန္တိခရစ်များက လုပ်ဆောင်သည့် ဤဒုစရိုက်အမှုများ ဖြစ်ပွားခြင်းကို တားဆီးခြင်းအားဖြင့် ဖြစ်သည်။ ဖော်ထုတ်ခြင်း၊ ပြုပြင်ခြင်း၊ စိတ်ဖြာလေ့လာဆွေးနွေးခြင်းနှင့် ချုပ်ချယ်ကန့်သတ်ခြင်းကဲ့သို့သော ၎င်းတို့ကို တားဆီးရန် နည်းလမ်းများနှင့် နည်းစနစ်များစွာ ရှိသည်။ အခြားမည်သည့်အရာ ရှိသေးသနည်း။ (နှင်ထုတ်ခြင်း ဖြစ်ပါသည်။) ယင်းမှာ နောက်ဆုံးအဆင့် ဖြစ်သည်။ ညီအစ်ကိုမောင်နှမများတွင် ပိုင်းခြားသိမြင်နိုင်စွမ်း ကင်းမဲ့ဆဲဖြစ်ကာ တစ်စုံတစ်ဦးက အန္တိခရစ်ဖြစ်ကြောင်း မသိသေးသော်လည်း၊ ခေါင်းဆောင်များနှင့် အမှုဆောင်များက ၎င်းတို့ကို အန္တိခရစ်အဖြစ် ဖော်ထုတ်သတ်မှတ်ပြီးဖြစ်ချိန်တွင်၊ ထိုသူတို့ကို တိုက်ရိုက် နှင်ထုတ်လိုက်လျှင်၊ ပိုင်းခြားသိမြင်နိုင်စွမ်းမရှိသူများသည် အယူအဆများနှင့် ဝေဖန်ချက်များ ဖြစ်ပေါ်လာနိုင်ပြီး အချို့မှာ ထိမိ၍လဲသွားနိုင်သည်။ ထိုသို့သောအခြေအနေများတွင်၊ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် မည်သည့်အလုပ်ကို လုပ်ဆောင်သင့်သနည်း။ ငါ အခုတင် မည်သည့်အရာကို ဖော်ပြခဲ့သနည်း။ (ဖော်ထုတ်ခြင်း၊ ပြုပြင်ခြင်း၊ စိတ်ဖြာလေ့လာဆွေးနွေးခြင်းနှင့် ချုပ်ချယ်ကန့်သတ်ခြင်းတို့ ဖြစ်ပါသည်။) အန္တိခရစ်များ မကောင်းမှုပြုခြင်းကို တားဆီးရန် သင်တို့တွင် နည်းလမ်းကောင်းများ တစ်ခုတလေ ရှိသလော။ ၎င်းတို့ကို စောင့်ကြည့်ခြင်းသည် နည်းလမ်းကောင်းတစ်ခုဖြစ်သလော။ ယင်းကို စည်းမျဉ်းများနှင့် ကိုက်ညီသည့် ထိရောက်သော နည်းလမ်းနှင့် နည်းစနစ်တစ်ခုအဖြစ် မှတ်ယူနိုင်သလော။ (မှတ်ယူနိုင်ပါသည်။) အန္တိခရစ်များကို ဆက်ဆံရန် သင့်လျော်သော နည်းလမ်းမှာ အဘယ်နည်း။ တရားစီရင်မှု၊ ပြစ်တင်ဆုံးမခြင်း၊ စမ်းသပ်မှုများနှင့် စစ်ဆေးခြင်းတို့သည် အန္တိခရစ်များအပေါ် အသုံးဝင်နိုင်သလော။ (အသုံးမဝင်ပါ။) အဘယ်ကြောင့် အသုံးမဝင်သနည်း။ (အန္တိခရစ်တို့သည် သမ္မာတရားကို လက်မခံကြပါ။ ၎င်းတို့သည် ထိုသမ္မာတရားကို အလွန်အမင်း မနှစ်မြို့ကြပေ။) အန္တိခရစ်တို့သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့်အပြင်၊ လက်မခံကြသောကြောင့်၊ အန္တိခရစ်များကို ကိုင်တွယ်ရန် စမ်းသပ်မှုများ၊ စစ်ဆေးခြင်းများ၊ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို အသုံးပြုခြင်းသည် မသင့်လျော်ပေ။ ထို့အပြင်၊ ဘုရားသခင်သည် ၎င်းတို့အပေါ် ဤအလုပ်ကို မဆောင်ရွက်ပေ။ ဤစိတ်ကူးသည် မသင့်လျော်ပေ။ ထို့ကြောင့် ဤနည်းလမ်းသည် သေချာပေါက် အလုပ်ဖြစ်မည် မဟုတ်ပေ။ သို့ဆိုလျှင် မည်သည့်နည်းလမ်းကသာ သင့်လျော်သနည်း။ အန္တိခရစ်များ၏ ထိခိုက်နစ်နာစေခြင်းမှ များစွာ ဆင်းရဲဒုက္ခခံစားခဲ့ရသော လူများစွာတို့သည် ၎င်းတို့ကို အလွန်အမင်း မုန်းတီးကြပြီး အန္တိခရစ်များကို တရားစီရင်သင့်သည်၊ ပြစ်တင်ရှုတ်ချသင့်သည်၊ လူအများရှေ့တွင် ဖော်ထုတ်သင့်သည်ဟု ယုံကြည်ကြသည်။ အန္တိခရစ်များကို အသင်းတော်တွင် ၎င်းတို့၏ အမှားများအား ဝန်ခံစေသင့်ပြီး ၎င်းတို့၏ အပြစ်များကို လူအများရှေ့တွင် ဝန်ချတောင်းပန်စေကာ လုံးလုံးလျားလျား အရှက်ရစေသင့်သည်ဟု ၎င်းတို့က တွေးထင်ကြသည်။ ဤနည်းလမ်းများကို ကျင့်သုံးခြင်းသည် သင့်လျော်မည်ဟု သင်တို့ ထင်သလော။ (မထင်ပါ။) အန္တိခရစ်တို့၏ အနှစ်သာရကို ငါတို့ ထည့်သွင်းစဉ်းစားလျှင်၊ ထိုသို့သော လုပ်ဆောင်ချက်များကို လုပ်ဆောင်ခြင်းသည် အမှန်တွင် လွန်ကဲမည်မဟုတ်ပေ။ နတ်ဆိုးများကို မည်သို့ ဆက်ဆံသည်ဖြစ်စေ အဆင်ပြေသည်။ ပိုးဟပ်တစ်ကောင်ကို နင်းခြေသကဲ့သို့ သာမန်ကာလျှံကာ လုပ်ဆောင်၍ရသည်။ သို့ဖြစ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များက ဤအရာကို လုပ်ဆောင်ခြင်း၏ ရည်ရွယ်ချက်သည် အလွန် တရားနည်းလမ်းကျပြီး မှန်ကန်ပုံရသော်လည်း၊ ဤနည်းလမ်းများနှင့်ပတ်သက်၍ ပြဿနာတစ်ခုတလေ ရှိသလော။ ဤအလုပ်သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များနှင့်ဆိုင်သည့် နယ်ပယ်အတွင်းတွင် ရှိသလော။ ဤသို့လုပ်ဆောင်ခြင်းသည် စည်းမျဉ်းများနှင့် ကိုက်ညီသလော၊ မကိုက်ညီသလော။ (မကိုက်ညီပါ။) သိသာထင်ရှားစွာပင်၊ ယင်းသည် စည်းမျဉ်းများနှင့် မကိုက်ညီပေ။ စည်းမျဉ်းများသည် အဘယ်မှ လာသနည်း။ (ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ လာပါသည်။) မှန်ပေသည်။ ထိုသို့သော လုပ်ဆောင်ချက်များ၏ ပစ်မှတ်များက အန္တိခရစ်များ၊ နတ်ဆိုးများ ဖြစ်သော်လည်း၊ နည်းလမ်းများသည်လည်း စည်းမျဉ်းများနှင့်လည်းကောင်း၊ ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်လည်းကောင်း ကိုက်ညီသင့်သည်။ အဘယ်ကြောင့်ဆိုသော် ဤအလုပ်ကို လုပ်ဆောင်ခြင်းဖြင့် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် မိသားစုရေးရာများ သို့မဟုတ် ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စရပ်များကို ကိုင်တွယ်နေခြင်း မဟုတ်ဘဲ ၎င်းတို့၏ တာဝန်များကို ဖြည့်ဆည်းနေခြင်း ဖြစ်သောကြောင့် ဖြစ်သည်။
၁။ ဖော်ထုတ်ခြင်း
အန္တိခရစ်များကို ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ၎င်းတို့အား မကောင်းမှုပြုခြင်း၊ ဘုရားသခင် ရွေးချယ်ထားသောလူများကို အထင်အမြင်မှားစေခြင်းနှင့် ထိခိုက်နစ်နာစေခြင်းတို့မှ တားဆီးခြင်းသည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဖြစ်သည်။ ရည်ရွယ်ချက်မှာ မည်သူ့ကိုမျှ ညှဉ်းပန်းရန် သို့မဟုတ် မည်သူ့ကိုမဆို လက်တုံ့ပြန်ရန် အခွင့်အရေးကို အမိအရ အသုံးချခြင်း မဟုတ်သည့်အပြင်၊ မည်သူ့ကိုမဆို ဆန့်ကျင်သည့် လှုံ့ဆော်စည်းရုံးမှုများ ဆောင်ရွက်ရန် သေချာပေါက် မဟုတ်ဘဲ၊ ဘုရားသခင် ရွေးချယ်ထားသောလူများကို ထိခိုက်နစ်နာခြင်းမရှိအောင် ကာကွယ်ပေးရန် ဖြစ်သည်။ ထို့ကြောင့်၊ အန္တိခရစ်များကို မကောင်းမှုပြုခြင်းမှ အကြီးမားဆုံး အတိုင်းအတာထိ တားဆီးရန် ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်ရန် လိုအပ်သည့် အလုပ်တာဝန်များမှာ အဘယ်နည်း။ ပထမဦးဆုံးမှာ ၎င်းတို့ကို ဖော်ထုတ်ရန် ဖြစ်သည်။ ဖော်ထုတ်ခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ (လူတို့အား ပိုင်းခြားသိမြင်နိုင်စွမ်း ဖြစ်ပေါ်စေရန် ကူညီဖို့ ဖြစ်ပါသည်။) မှန်ပေသည်။ ယင်းမှာ ဘုရားသခင် ရွေးချယ်ထားသောလူများက အန္တိခရစ်တို့၏ အနှစ်သာရကို ပိုင်းခြားသိမြင်နိုင်ဖို့၊ ၎င်းတို့အနေဖြင့် အန္တိခရစ်များနှင့် စိတ်ထဲတွင် ခပ်ကင်းကင်းနေနိုင်ပြီး ၎င်းတို့၏ အထင်အမြင်မှားစေခြင်းကို မခံရစေရန်၊ အန္တိခရစ်တို့က ၎င်းတို့ကို အထင်အမြင်မှားစေပြီး ထိန်းချုပ်ရန်ကြိုးစားချိန်တွင်၊ အန္တိခရစ်များအား ၎င်းတို့ကို ကြိုးကိုင်ခြယ်လှယ်ပြီး ကစားစရာအဖြစ် သဘောထားခွင့်ပေးခြင်းထက်၊ ၎င်းတို့က အန္တိခရစ်တို့ကို တက်ကြွစွာ ငြင်းပယ်နိုင်စေရန် ကူညီပေးဖို့ ဖြစ်သည်။ သို့ဆိုလျှင်၊ ၎င်းတို့ကို ဖော်ထုတ်ခြင်းသည် အရေးကြီးသလော။ (အရေးကြီးပါသည်။) ၎င်းတို့ကို ဖော်ထုတ်ခြင်းသည် အလွန်အရေးကြီးသည်။ သို့သော် သင်သည် ၎င်းတို့ကို တိကျစွာ ဖော်ထုတ်ရမည်။ သို့ဆိုလျှင်၊ သင်သည် ၎င်းတို့ကို မည်သို့ ဖော်ထုတ်သင့်သနည်း။ သင်၏ ဖော်ထုတ်ခြင်းအတွက် အခြေခံအကြောင်းရင်းက အဘယ်အရာ ဖြစ်သင့်သနည်း။ ၎င်းတို့ကို ထင်ရာမြင်ရာအမည်တပ်ခြင်းက အဆင်ပြေသလော။ အခြေခံအကြောင်းရင်းမရှိဘဲ ၎င်းတို့ကို မဆင်မခြင် ပြစ်တင်ရှုတ်ချခြင်းသည် အဆင်ပြေသလော။ (အဆင်မပြေပါ။) သို့ဆိုလျှင် သင်သည် ဘုရားသခင် ရွေးချယ်ထားသောလူများကို ကာကွယ်ပေးသည့် ပန်းတိုင်အား စွမ်းဆောင်ရရှိရန် ၎င်းတို့ကို မည်သို့ တိကျမှန်ကန်စွာ ဖော်ထုတ်သင့်သနည်း။ (တစ်ချက်အနေဖြင့်၊ ကျွန်ုပ်တို့သည် ၎င်းတို့၏ ဒုစရိုက်အမှုများနှင့်ဆိုင်သော အဖြစ်မှန်ကို အခြေခံ၍ ၎င်းတို့ကို ဓမ္မဓိဋ္ဌာန်ကျကျနှင့် အမှန်အတိုင်း ဖော်ထုတ်ရမည်။ ထို့အပြင်၊ ကျွန်ုပ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း ၎င်းတို့ကို ပိုင်းခြားသိမြင်ပြီး စိတ်ဖြာလေ့လာဆွေးနွေးရမည်။) ဤဖော်ပြချက်နှစ်ခုက ကွက်တိဖြစ်သည်။ ကဏ္ဍနှစ်ခုစလုံးသည် မရှိမဖြစ်လိုအပ်သည်။ တစ်ချက်အနေဖြင့်၊ အဖြစ်မှန်နှင့်ဆိုင်သော သက်သေအထောက်အထား ရှိရမည်။ သင်သည် အန္တိခရစ်တို့က ထုတ်ဖော်ပြသည့် မှားယွင်းသော စကားများ၊ လုပ်ရပ်များအပြင်၊ မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အတွေးအခေါ်များနှင့် သဘောထားအမြင်များကို အခြေခံ၍ ၎င်းတို့၏ အနှစ်သာရကို ဝေဖန်အကဲဖြတ်ပြီး သတ်မှတ်ရမည်။ သို့သော်လည်း၊ အရေးကြီးဆုံးအရာမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း ၎င်းတို့ကို ပိုင်းခြားသိမြင်ပြီး စိတ်ဖြာလေ့လာဆွေးနွေးရန် ဖြစ်သည်။ ဘုရားသခင်၏ မည်သည့်နှုတ်ကပတ်တော်များကို သင် ရည်ညွှန်းသင့်သနည်း။ မည်သည့်နှုတ်ကပတ်တော်များက တိုက်ရိုက်အကျဆုံးနှင့် အပြတ်သားဆုံး ဖြစ်သနည်း။ (အန္တိခရစ်များကို ဖော်ထုတ်သည့် နှုတ်ကပတ်တော်များ ဖြစ်ပါသည်။) မှန်ပေသည်၊ သင်သည် ၎င်းတို့ကို ဖော်ထုတ်ရန်နှင့် သင့်တင့်လျောက်ပတ်စွာ၊ မျှတစွာနှင့် လုံးဝတိကျမှန်ကန်စွာ နှိုင်းယှဉ်မှုများ ပြုလုပ်ရန်အတွက် အန္တိခရစ်များကို ဖော်ထုတ်သည့် နှုတ်ကပတ်တော်အချို့ကို ရှာဖွေရမည်။ ညီအစ်ကိုမောင်နှမများသည် ဤအရာကို ကြားပြီးနောက် နားလည်သွားကြလိမ့်မည်။ ၎င်းတို့သည် ပါဝင်ပတ်သက်သူအပေါ် ချက်ချင်း ပိုင်းခြားသိမြင်နိုင်စွမ်း ရှိလာပြီး၊ ၎င်းတို့အပေါ် သတိထားကာကွယ်ကြလိမ့်မည်။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ပိုင်းခြားသိမြင်နိုင်စွမ်းရှိလာပြီးနောက်၊ ဤလူကို ရွံရှာသွားကြလိမ့်မည်။ “သို့ဆိုလျှင်၊ သူတို့သည် အမှန်တွင် အန္တိခရစ်ပင်။ သူက ကျွန်ုပ်ကို ယခင်က ကူညီခဲ့ပြီး ကျွန်ုပ်အပေါ် ကျေးဇူးပင်ပြုခဲ့သည်။ ကျွန်ုပ်က သူ့ကို လူကောင်းတစ်ယောက်ဟု ထင်ခဲ့သည်။ ဤစိတ်ဖြာလေ့လာဆွေးနွေးခြင်းနှင့် မိတ်သဟာယဖွဲ့ခြင်းမှတစ်ဆင့်၊ သူ၏ သူတော်ကောင်းယောင်ဆောင်ခြင်းနှင့် သူ၏ အနှစ်သာရဖြစ်သည့် အန္တိခရစ် သရုပ်သကန်များက ဖော်ထုတ်ခြင်းခံခဲ့ရပြီး၊ ဤလူသည် အန္တရာယ်ရှိသော လူတစ်ယောက်ဖြစ်ကြောင်း လူတိုင်းကို သိမြင်စေခဲ့သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက သူ့ကို အလွန်တိကျမှန်ကန်စွာ ဖော်ထုတ်ခဲ့သည်တကား။ သူသည် လူကောင်းတစ်ယောက် မဟုတ်ပါ။ သူသည် ကောင်းသည့်အရာများကို ပြောပြီး သူ၏ လုပ်ရပ်များတွင် ပြဿနာများမရှိဟုထင်ရသော်လည်း၊ သူ၏အနှစ်သာရကို ဖော်ထုတ်ခြင်းအားဖြင့်၊ သူသည် အမှန်ပင် အန္တိခရစ်တစ်ယောက်ဖြစ်ကြောင်း ယခု သိသာထင်ရှားပြီဖြစ်သည်”ဟူ၍ လူတို့၏ အတွေးအခေါ်များ ပြောင်းလဲခြင်းမှ အကဲဖြတ်ရလျှင်၊ ခေါင်းဆောင်များနှင့် အမှုဆောင်များက အန္တိခရစ်များကို ဖော်ထုတ်သည့်အလုပ်ကို လုပ်ဆောင်နေချိန်တွင်၊ ၎င်းတို့သည် အန္တိခရစ်များအား ဘုရားသခင် ရွေးချယ်ထားသောလူများကို အထင်အမြင်မှားစေခြင်းနှင့် နှောင့်ယှက်ခြင်းတို့မှ အကြီးမားဆုံးသော အတိုင်းအတာအထိ တားဆီးနေခြင်း ဖြစ်သည်။ မှန်ပေသည်၊ ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသောလူများကို အန္တိခရစ်တို့၏ ထိန်းချုပ်ခြင်းနှင့် ဆိုးဆိုးရွားရွား ထိခိုက်နစ်နာစေခြင်းတို့မှ ကာကွယ်ပေးသည့် တာဝန်ကိုလည်း ကောင်းမွန်စွာ ဖြည့်ဆည်းနေခြင်း ဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ အလုပ်တာဝန်များထဲမှ တစ်ခုကို လက်တွေ့ကျသော နည်းလမ်းဖြင့် လုပ်ဆောင်နေခြင်း ဖြစ်သည်။ ဤအလုပ်တာဝန်မှာ အဘယ်နည်း။ အန္တိခရစ်များကို ဖော်ထုတ်ခြင်း ဖြစ်သည်။ အန္တိခရစ်များကို ဖော်ထုတ်သည့်အလုပ်သည် ဘုရားသခင် ရွေးချယ်ထားသောလူများကို ကာကွယ်ပေးရန် ခေါင်းဆောင်များနှင့် အမှုဆောင်များ တာဝန်ယူလုပ်ဆောင်ရမည့် အလုပ်တာဝန်များထဲမှ တစ်ခုဖြစ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်ရမည့် အမျိုးမျိုးသော အလုပ်တာဝန်များနှင့်ပတ်သက်၍မူ၊ ငါတို့သည် ယင်းတို့၏ အတိုင်းအတာ သို့မဟုတ် ယင်းတို့ ရရှိသည့် ရလဒ်များအားဖြင့် အစဉ်လိုက် စီစဉ်မည်မဟုတ်။ “ဖော်ထုတ်ခြင်း” အလုပ်နှင့်ပတ်သက်၍ ဦးစွာ မိတ်သဟာယဖွဲ့ကြစို့။ အန္တိခရစ်တို့၏ သဘာဝအနှစ်သာရကို ဖော်ထုတ်ခြင်းတွင် အသင်းတော်၏အလုပ်ကို နှောင့်ယှက်ပြီး အဖျက်အမှောင့်လုပ်သည့် ၎င်းတို့၏ စဉ်ဆက်မပြတ်သော ဒုစရိုက်အမှုများ၏ ကြံရွယ်ချက်များ၊ ရည်ရွယ်ချက်နှင့် အကျိုးဆက်များကို ဖော်ထုတ်ခြင်း၊ ခေါင်းဆောင်များနှင့် အမှုဆောင်များအဖြစ် အမှုထမ်းဆောင်စဉ်တွင် အန္တိခရစ်တို့က မည်သည့် လက်တွေ့ကျသော အသင်းတော်အလုပ်ကိုမျှ လုံးဝမလုပ်ဆောင်ဘဲ ဘုရားသခင် ရွေးချယ်ထားသောလူများ၏ အသက်ဝင်ရောက်မှုအား လျစ်လျူရှုပုံကို ဖော်ထုတ်ခြင်း၊ မိမိတို့ကိုယ်ကို ဘာဆိုဘာမျှ မသိရှိကြသူများ၊ သမ္မာတရားကို ဘယ်တော့မှ လက်တွေ့မလုပ်ဆောင်သည့်အပြင်၊ လူတို့ကို အထင်အမြင်မှားစေရန် စကားလုံးများနှင့် အယူဝါဒများကိုသာ ပြောဆိုကြသူများဖြစ်သည့် အန္တိခရစ်တို့၏ အကျည်းတန်သော မျက်နှာကို ဖော်ထုတ်ခြင်းအပြင်၊ လူရှေ့နှင့် လူကွယ်ရာတွင် ၎င်းတို့၏ မတူညီသော ပြောဆိုမှုများနှင့် လုပ်ရပ်များကို ဖော်ထုတ်ခြင်းတို့ ပါဝင်သည်။ ဤသွင်ပြင်လက္ခဏာများကို စေ့စေ့စပ်စပ် ဖော်ထုတ်ခြင်းသည် စာတန်များနှင့် ဆိုးယုတ်သော နတ်ဆိုးများအဖြစ် အန္တိခရစ်တို့၏ ပုံစံအမှန်ကို ပြသသည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်ရမည့် အရေးကြီးသော အလုပ်တာဝန်တစ်ခု ဖြစ်သည်။ သို့ဆိုလျှင်၊ ဤတာဝန်ကို ဆောင်ရွက်ရန် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် မည်သည့်အရာကို ပိုင်ဆိုင်ရန် လိုအပ်သနည်း။ ပထမဦးစွာ၊ ၎င်းတို့သည် ဝန်တာစိတ်တစ်ခုခုရှိရန် လိုအပ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ခေါင်းဆောင်များနှင့် အမှုဆောင်များက ဤတာဝန်ကို ထမ်းဆောင်သည့်အခါ၊ ၎င်းတို့က၊ “ထိုလူသည် အန္တိခရစ်တစ်ဦး ဖြစ်သည်။ ညီအစ်ကိုမောင်နှမအချို့သည် မေးခွန်းများဖြင့် သူ့ထံ မကြာခဏ သွားကြပြီး၊ အမြဲတမ်း သူ့ထံ ချဉ်းကပ်ကာ သူနှင့် ဆက်ဆံရေးကောင်းမွန်ကြသည်။ ဤလူ၏ အထင်အမြင်မှားစေခြင်းကို ခံရပြီးနောက်၊ လူများစွာတို့သည် သူ့ကို အထူးသဖြင့် ပုဂ္ဂိုလ်ရေးကိုးကွယ်ကြသည်။ ဤအရာနှင့်ပတ်သက်၍ မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း”ဟု မကြာခဏ စဉ်းစားကြလေသည်။ ၎င်းတို့သည် ဆုတောင်းရန် ဘုရားသခင်ရှေ့မှောက်သို့ လာကြပြီး ဤကိစ္စနှင့်စပ်လျဉ်း၍ သမ္မာတရားဖြင့် မိမိတို့ကိုယ်ကို ပြင်ဆင်လျက်၊ အန္တိခရစ်များကို ဖော်ထုတ်သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မကြာခဏ သတိရှိရှိ ရှာဖွေကြလေသည်။ ထို့နောက် ၎င်းတို့သည် သင့်လျော်သောအချိန်ကို ပြင်ဆင်ပေးရန် ဘုရားသခင်ကို တောင်းလျှောက်သည် သို့မဟုတ် ဤကိစ္စနှင့်ပတ်သက်၍ ညီအစ်ကိုမောင်နှမများနှင့် မိတ်သဟာယဖွဲ့ရန် သင့်လျော်သောအချိန်နှင့် အခွင့်အရေးကို မိမိတို့ဘာသာ ရှာဖွေကြသည်။ ၎င်းတို့သည် ဤအရာကို ၎င်းတို့၏ ဝန်ထုပ်ဝန်ပိုးအဖြစ်လည်းကောင်း၊ နောက်ထပ်လုပ်ဆောင်ရန် လိုအပ်သည့် အရေးကြီးသော တာဝန်တစ်ခုအဖြစ်လည်းကောင်း သဘောထားကြသည်။ ၎င်းတို့သည် စဉ်ဆက်မပြတ် ပြင်ဆင်နေကြသည်၊ ရှာဖွေနေကြသည်၊ လမ်းညွှန်မှုအတွက် ဘုရားသခင်ထံ ဆုတောင်းနေကြသည်။ ၎င်းတို့သည် အမြဲတမ်း ဤစိတ်အခြေအနေနှင့် အနေအထားမျိုးတွင် ရှိနေကြသည်။ ဤသည်မှာ ဝန်တာစိတ်ရှိခြင်းဟု ဆိုလိုသည့်အရာ ဖြစ်သည်။ ထိုသို့သော ဝန်ထုပ်ဝန်ပိုးဖြင့် အချိန်အချို့ကြာ ပြင်ဆင်ပြီးနောက်၊ ၎င်းတို့သည် အခြေအနေများ အသင့်ဖြစ်သည်အထိ စောင့်ဆိုင်းရမည်ဖြစ်သည်။ အနည်းဆုံးအားဖြင့်၊ ၎င်းတို့သည် အန္တိခရစ်ကို စတင်မဖော်ထုတ်မီ လူနှစ်ဦး သို့မဟုတ် သုံးဦးက အန္တိခရစ်အပေါ် စစ်မှန်သော ပိုင်းခြားသိမြင်နိုင်စွမ်း ရှိလာသည်အထိ စောင့်ဆိုင်းရမည်ဖြစ်သည်။ အကယ်၍ ၎င်းတို့က တစ်စုံတစ်ဦးအနေဖြင့် ၎င်းတို့၏ ခံစားချက်များကိုသာ အခြေခံ၍ အန္တိခရစ်တစ်ဦးဖြစ်ပုံရသည်ဟု ဆုံးဖြတ်သော်လည်း၊ ထိုလူက အမှန်တကယ် အန္တိခရစ်ဟုတ်မဟုတ်ဟူသည်ကို ထိုးထွင်းမမြင်နိုင်လျှင်၊ ၎င်းတို့ မဆင်မခြင် မလုပ်ဆောင်ရပေ။ တိုတိုပြောရလျှင်၊ ဤအလုပ်ကို ဆောင်ရွက်သည့်အခါ၊ ၎င်းတို့သည် ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းနှင့် လမ်းညွှန်မှုကို သေချာပေါက် ရရှိကြလိမ့်မည်။ ဤသည်မှာ လက်တွေ့ကျသောအလုပ်ကို လုပ်ဆောင်ကာ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များကို ဖြည့်ဆည်းခြင်းဟု ဆိုလိုသည့်အရာ ဖြစ်သည်။
၂။ ပြုပြင်ခြင်း
အန္တိခရစ်များကို ဖော်ထုတ်ခြင်းအလုပ်အား ဆောင်ရွက်ပြီးသည့်နောက်၊ ညီအစ်ကိုမောင်နှမများက ပိုင်းခြားသိမြင်နိုင်စွမ်း အနည်းငယ် ရရှိကြသော်လည်း၊ အန္တိခရစ်များကို လုံးလုံးလျားလျား ဖော်ထုတ်ခြင်းမပြုမီ၊ ၎င်းတို့သည် လူအများကို ၎င်းတို့အား ပုဂ္ဂိုလ်ရေးကိုးကွယ်စေကာ၊ လေးစားကြည်ညိုစေပြီး ၎င်းတို့ နောက်သို့လိုက်စေလျက်၊ ညီအစ်ကိုမောင်နှမများကို အထင်အမြင်မှားစေပြီး နှောင့်ယှက်ရန် မလွဲမသွေ ပို၍ လုပ်ဆောင်ကြလေသည်။ ဤသည်က ဘုရားသခင်ကို ယုံကြည်ခြင်း၏ လမ်းမှန်ပေါ်သို့ ဝင်ရောက်ခြင်းမှ ဘုရားသခင် ရွေးချယ်ထားသောလူများကို အလွန် နှောင့်နှေးစေပြီး၊ ၎င်းတို့၏ အသက်ဝင်ရောက်မှုကို အဟန့်အတားဖြစ်စေကာ သိသာထင်ရှားသော ထိခိုက်နစ်နာမှုကို ဖြစ်စေသည်။ သို့ဖြစ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်ရမည့် ဒုတိယတာဝန်မှာ၊ အန္တိခရစ်တို့က ညီအစ်ကိုမောင်နှမများကို အထင်အမြင်မှားစေပြီး နှောင့်ယှက်သည့်အခါ သို့မဟုတ် ၎င်းတို့၏ စကားများနှင့် လုပ်ရပ်များက သမ္မာတရား စည်းမျဉ်းများကို သိသာထင်ရှားစွာ ချိုးဖောက်သည့်အခါ၊ ညီအစ်ကိုမောင်နှမများက အန္တိခရစ်တို့၏ စရိုက်အမှန်ကို ပိုင်းခြားသိမြင်နိုင်ရန်အလို့ငှာ ခေါင်းဆောင်များနှင့် အမှုဆောင်များက သက်သေအထောက်အထားကို အမိအရအသုံးချပြီး ၎င်းတို့ကို အချိန်မီ ရှေ့ထွက်ပြုပြင်ကာ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း ၎င်းတို့၏ ဒုစရိုက်အမှုများကို ဖော်ထုတ်ရမည် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင် ရွေးချယ်ထားသောလူများကို ကာကွယ်ခြင်းနှင့် ဘုရားအိမ်တော်၏ အလုပ်ကို ကာကွယ်စောင့်ရှောက်ခြင်းဟူသည့် ရှောင်လွှဲ၍မရသော တာဝန်ဖြစ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ထိုင်ကြည့်မနေသင့် သို့မဟုတ် မသိကျိုးကျွန်ပြုမနေသင့်ပေ။ ၎င်းတို့သည် အခွင့်အရေးများကို အချိန်မီ အမိအရအသုံးချသင့်သည်၊ အဖြစ်အပျက်များကို တိတိကျကျ ဖော်ထုတ်သင့်ပြီး၊ ၎င်းတို့၏ လုပ်ရပ်များ၊ ရည်မှန်းချက်များ၊ လိုအင်ဆန္ဒများနှင့် အနှစ်သာရကို တိကျစွာ ဖော်ထုတ်လျက် အန္တိခရစ်များကို ပြုပြင်ရန် ရှေ့ထွက်သင့်သည်။ အန္တိခရစ်တို့သည် မည်သည့်လူစားမျိုးဖြစ်သည်ကို ပို၍ တိကျစွာ သတ်မှတ်ရန်လည်း လိုအပ်သည်။ သို့မှသာ ညီအစ်ကိုမောင်နှမများက ဤအရာကို ရှင်းလင်းစွာ မြင်နိုင်မည်ဖြစ်သည်။ အန္တိခရစ်များ ကိုယ်တိုင်က ယင်းကို သိရှိမည်ဖြစ်ပြီး လူတိုင်းက ၎င်းတို့အပေါ် ပိုင်းခြားသိမြင်နိုင်စွမ်းမရှိခြင်း မဟုတ်သည့်အပြင်၊ ၎င်းတို့၏ လှည့်စားခြင်းကို ခံရမည်မဟုတ်ကြောင်း၊ အနည်းဆုံးအနေဖြင့် လူအချို့က ၎င်းတို့၏ လုပ်ရပ်များနှင့် အပြုအမူကို ထိုးထွင်းသိမြင်ပြီး၊ ၎င်းတို့၏ ကွယ်ဝှက်ထားသော ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများအပြင် ၎င်းတို့၏ အနှစ်သာရကိုပါ ထိုးထွင်းသိမြင်နိုင်ကြောင်းကို အန္တိခရစ်များ သတိပြုမိမည်ဖြစ်သည်။ အန္တိခရစ်များကို ပြုပြင်ခြင်း၏ ရည်ရွယ်ချက်မှာ စကားများမှတစ်ဆင့် ၎င်းတို့၏ အနှစ်သာရကို ဖော်ထုတ်ရန်သက်သက်သာ မဟုတ်သည်မှာ အမှန်ပင်ဖြစ်သည်။ ပို၍အရေးကြီးသည်မှာ အဘယ်အရာဖြစ်သနည်း။ (တစ်ခုအနေဖြင့် ညီအစ်ကိုမောင်နှမများကို ပိုင်းခြားသိမြင်နိုင်စွမ်း ဖွံ့ဖြိုးလာစေရန် ကူညီဖို့ဖြစ်ပြီး၊ အန္တိခရစ်တို့၏ ဒုစရိုက်အမှုများကို ချုပ်ချယ်ကန့်သတ်ရန်လည်း ဖြစ်ပါသည်။) မှန်ပေသည်။ ၎င်းတို့ကို ချုပ်ချယ်ကန့်သတ်ရန် ဖြစ်သည်၊ သို့မှသာ ၎င်းတို့က လူတို့ကို အထင်အမြင်မှားစေပြီး နှောင့်ယှက်သည့်အရာများကို လုပ်ဆောင်သည့်အခါတွင်၊ ၎င်းတို့၌ သိက္ခာစောင့်စည်းမှုအချို့ ရှိလာပြီး ကြောက်ရွံ့ခြင်းအချို့ကို ခံစားရမည် ဖြစ်သည်။ ၎င်းတို့ကို ချုပ်ချယ်ကန့်သတ်မှုများ ခံစေရန်၊ ချုပ်တည်းမှုအချို့ ရှိစေရန်နှင့် မဆင်မခြင် မပြုမူဝံ့စေရန် ဖြစ်သည်။ ဘုရားအိမ်တော်၌ သမ္မာတရားရှိပြီး သမ္မာတရားက အာဏာစိုးမိုးသည်သာမက၊ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များလည်း ရှိကြောင်း၊ ဘုရားအိမ်တော်၌ နိုင်လိုမင်းထက် ပြုမူပြီး မိမိတို့သဘောအတိုင်း မဆင်မခြင် လုပ်ဆောင်ရန်၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ထိခိုက်စေရန်နှင့် ဘုရားသခင် ရွေးချယ်ထားသောလူများကို ထိခိုက်နစ်နာစေရန်မှာ မဖြစ်နိုင်ကြောင်း ၎င်းတို့ကို သိစေရန် ဖြစ်သည်။ ထို့အပြင်၊ အသင်းတော်၏ အလုပ်ကို နှောင့်ယှက်ပြီး ဘုရားသခင် ရွေးချယ်ထားသောလူများ၏ အသက်ဝင်ရောက်မှုကို ထိခိုက်နစ်နာစေသည့် မဆင်မခြင်ပြုသော ဒုစရိုက်အမှုများကို ကျူးလွန်ခြင်းအတွက် ၎င်းတို့ တာဝန်ခံရမည်ဖြစ်ကြောင်းကိုလည်း သိစေရန် ဖြစ်သည်။ အန္တိခရစ်များကို ချက်ချင်း ပြုပြင်သည့်တစ်ချိန်တည်းတွင်၊ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် လူတို့အား အန္တိခရစ်တို့၏ ရည်မှန်းချက်များ၊ လိုအင်ဆန္ဒများနှင့် ရည်ရွယ်ရင်းအကြံအစည်များကို ပိုင်းခြားသိမြင်နိုင်စွမ်း ဖြစ်ပေါ်စေကာ ထိုးထွင်းမြင်ရန် ကူညီလျက်၊ ၎င်းတို့ကို ဖော်ထုတ်ရန်လည်း ထရပ်ရမည်ဖြစ်သည်။ ဤသည်မှာလည်း ဘုရားသခင် ရွေးချယ်ထားသောလူများကို ကာကွယ်ရန်နှင့် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်ရန် ဖြစ်သည်မှာ အမှန်ပင်ဖြစ်၏။ ဤအရာများအားလုံးသည် ခေါင်းဆောင်များနှင့် အမှုဆောင်များ ထည့်သွင်းစဉ်းစားရမည့်အရာများ ဖြစ်ကြပြီး၊ ဤအလုပ်ကို ဆောင်ရွက်ရန် ၎င်းတို့ တာဝန်များ၏ နယ်ပယ်အတွင်း၌ ရှိသည်။ ၎င်းတို့သည် ယင်းကို လျစ်လျူရှု၍မရ သို့မဟုတ် ယင်းနှင့်ပတ်သက်၍ ပေါ့ဆ၍လည်း မရပေ။ ခေါင်းဆောင်များနှင့် အမှုဆောင်များက အသင်းတော်ထဲတွင် အန္တိခရစ်များကို တွေ့ရှိပါက၊ ၎င်းတို့၏ စကားများ၊ လုပ်ရပ်များနှင့် နောက်ကွယ်တွင် ၎င်းတို့ ဖြန့်ဝေသည့် အဓိပ္ပာယ်မဲ့သော အယူအဆများနှင့်ပတ်သက်၍ အမြဲသတိဝီရိယရှိသင့်ပြီး၊ ၎င်းတို့ကို ပြုပြင်ခြင်းနှင့် ဖော်ထုတ်ခြင်းတို့အား လက်တွေ့လုပ်ဆောင်ရမည်။ ဤသည်မှာ အန္တိခရစ်များ၏ နှောင့်ယှက်ခြင်းနှင့် ထိခိုက်နစ်နာစေခြင်းတို့မှ ဘုရားသခင် ရွေးချယ်ထားသောလူများကို ကာကွယ်ရန် ခေါင်းဆောင်များနှင့် အမှုဆောင်များအတွက် တာဝန်များထဲမှ တစ်ခုဖြစ်သည်။
၃။ စိတ်ဖြာလေ့လာဆွေးနွေးခြင်း
ခေါင်းဆောင်များနှင့် အမှုဆောင်များအတွက် နောက်ထပ်အလုပ်တာဝန်မှာ အဘယ်အရာဖြစ်သနည်း။ စိတ်ဖြာလေ့လာဆွေးနွေးရန် ဖြစ်သည်။ စိတ်ဖြာလေ့လာဆွေးနွေးခြင်းသည် ဖော်ထုတ်ခြင်းနှင့် ဆင်တူနီးပါးဖြစ်သော်လည်း၊ အတိုင်းအတာအားဖြင့် ကွဲပြားမှုများ ရှိသည်။ စိတ်ဖြာလေ့လာဆွေးနွေးခြင်းနှင့်ပတ်သက်လာသည့်အခါ၊ ယင်းမှာ အဖြစ်မှန်တစ်ခု၊ အခြေအနေမှန်တစ်ခု သို့မဟုတ် နောက်ခံအကြောင်းအရာတစ်ခုကို ဖော်ထုတ်ရုံမျှသာ မဟုတ်ပေ။ ယင်းတွင် သတ်မှတ်ခြင်းဆိုင်ရာ ကိစ္စရပ် ပါဝင်သည်၊ ဆိုလိုသည်မှာ ယင်းတွင် အန္တိခရစ်တို့၏ စိတ်သဘောထား၊ ဤပဓာနကျသော၊ ရင်းမြစ် ပြဿနာ ပါဝင်သည်။ ဘုရားသခင်၊ သမ္မာတရား၊ ၎င်းတို့၏ တာဝန်နှင့် ဘုရားအိမ်တော်၏ အလုပ်တို့အပေါ် ၎င်းတို့၏ သဘောထားအပြင်၊ ၎င်းတို့၏ အဓိပ္ပာယ်မဲ့သော အယူအဆများကို ဖြန့်ဝေခြင်းနောက်ကွယ်ရှိ စေ့ဆော်မှုများ၊ ရည်ရွယ်ချက်များနှင့် အကြံအစည်များ၊ ဤအရာကို ၎င်းတို့ လုပ်ဆောင်ရသည့် အကြောင်းရင်းများကို စိတ်ဖြာလေ့လာဆွေးနွေးပြီး၊ ၎င်းတို့၏ အတွေးများ၊ သဘောထားအမြင်များ၊ စကား၊ လုပ်ရပ်များနှင့် ၎င်းတို့ ထုတ်ဖော်သည့် စိတ်သဘောထားများနှင့် သရုပ်သကန်များမှတစ်ဆင့် ၎င်းတို့၏ အနှစ်သာရက အတိအကျ မည်သည့်အရာဖြစ်သည်ကို ပိုင်းခြားသိမြင်လော့။ ညီအစ်ကိုမောင်နှမများက အန္တိခရစ်များနှင့်ဆိုင်သည့် ပို၍ နက်ရှိုင်းသော သိနားလည်မှု ရရှိနိုင်ရန်နှင့် ၎င်းတို့ရှေ့က အန္တိခရစ်များသည် ဤအရာများကို အဘယ်ကြောင့် ပြောဆိုလုပ်ဆောင်ကြသည်၊ ထိုသို့သောလူများအပေါ် ဘုရားသခင်၏ ရှုထောင့်အမြင်မှာ အဘယ်အရာဖြစ်သည်ဟူသည်နှင့် သူက ၎င်းတို့အား မည်သို့ သတ်မှတ်သည်ဟူသည်တို့ကို လက်တွေ့ကျသော ရှုထောင့်အမြင်မှ ရှင်းလင်းစွာ မြင်နိုင်ရန်အလို့ငှာ၊ ဤအရာများကို ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် တိုက်ဆိုင်စစ်ဆေးပြီး ရှင်းပြသင့်သည်။ မှန်ပေသည်၊ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ညီအစ်ကိုမောင်နှမများအား အန္တိခရစ်တို့နှင့် ခပ်ကင်းကင်းနေစေရန်နှင့် ၎င်းတို့ကို ငြင်းပယ်ရန်လည်း ပြောသင့်သည်။ ပြီးလျှင် အန္တိခရစ်တို့ကဲ့သို့ ဘုရားသခင်ကို နားလည်မှုလွဲခြင်း၊ ဘုရားသခင်ကို သတိထားစောင့်ကြည့်ခြင်း၊ ဘုရားသခင်နှင့် ခပ်ကင်းကင်းနေခြင်း၊ ဘုရားသခင်ကို ငြင်းပယ်ခြင်းနှင့် စိတ်ထဲတွင် ဘုရားသခင်ကို ဝေဖန်ကာ ပြစ်တင်ရှုတ်ချခြင်းတို့ကိုပင် ရှောင်ရှားရန်အလို့ငှာ အန္တိခရစ်တို့၏ လုပ်ရပ်များ၊ အပြုအမူများ၊ စကားများနှင့် ရှုထောင့်အမြင်များဖြင့် အထင်အမြင်မှားစေခြင်းကို ခံရခြင်းမရှိအောင် သတိဝီရိယရှိရန်လည်း ပြောသင့်သည်။ ဖော်ထုတ်ခြင်းနှင့် ပြုပြင်ခြင်းကဲ့သို့သော အခြားတာဝန်များကဲ့သို့ပင် စိတ်ဖြာလေ့လာဆွေးနွေးခြင်း၏ ရည်ရွယ်ချက်မှာ ဘုရားသခင် ရွေးချယ်ထားသောလူများကို အန္တိခရစ်တို့၏ အထင်အမြင်မှားစေခြင်း၊ နှောင့်ယှက်ခြင်းနှင့် ထိခိုက်နစ်နာစေခြင်းတို့မှ တားဆီးရန် ဖြစ်သည်။ ယင်းမှာ ဘုရားသခင် ရွေးချယ်ထားသောလူများကို အန္တိခရစ်တို့၏ ဆိုးရွားစွာ ထိခိုက်နစ်နာစေခြင်းမှ ကာကွယ်ရန်နှင့် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်ဆိုင်သည့် လမ်းမှန်မှ သွေဖည်သွားခြင်းမှ ကာကွယ်ရန် ဖြစ်သည်။ အန္တိခရစ်တို့က အသင်းတော်ကို နှောင့်ယှက်ပုံနှင့်ပတ်သက်သည့် အဖြစ်မှန်များနှင့် အခြေအနေမှန်ကို ဘုရားသခင် ရွေးချယ်ထားသောလူတို့က ရှင်းလင်းစွာ မြင်ပြီး အန္တိခရစ်တို့၏ အနှစ်သာရကို ရှင်းလင်းစွာ မြင်သောအခါ၊ ၎င်းတို့သည် နောက်တစ်ဖန် အန္တိခရစ်များ၏ အထင်အမြင်မှားစေခြင်းနှင့် ထိန်းချုပ်ခြင်းကို ခံရတော့မည် မဟုတ်ပေ။ အချို့ နားဝေတိမ်တောင်ဖြစ်သူများနှင့် မိုက်မဲသောလူများက စိတ်ထဲတွင် ၎င်းတို့ကို လေးစားကြည်ညိုပြီး ပုဂ္ဂိုလ်ရေးကိုးကွယ်နေဆဲဖြစ်ကာ ၎င်းတို့နှင့် ထိတွေ့ဆက်ဆံပြီး ချဉ်းကပ်နေလျှင်ပင်၊ အန္တိခရစ်တို့သည် ကြီးမားသော ပြဿနာများကို မဖြစ်စေနိုင်တော့ပေ။ ၎င်းတို့သည် ဘုရားသခင်ကို ရိုးသားစစ်မှန်စွာ ယုံကြည်သောသူတို့၏ အသက်ဝင်ရောက်မှုကို လုံးဝ မထိခိုက်စေဘဲ၊ မိုက်မဲသောလူများကိုသာ အချို့သောအရာများကို လုပ်ဆောင်ကြလိမ့်မည်ဖြစ်ပြီး၊ ထိုသို့ဖြင့် ၎င်းတို့သည် အသင်းတော်၏ အလုပ်ကို နှောင့်ယှက်ကာ အဖျက်အမှောင့်လုပ်နိုင်လိမ့်မည် မဟုတ်ပေ။ ဤအဆင့်သို့ ရောက်ရှိခြင်းသည် ခေါင်းဆောင်များနှင့် အမှုဆောင်များ စွမ်းဆောင်ရရှိနိုင်သင့်သည့်အရာ ဖြစ်သည်။ ဆိုလိုသည်မှာ၊ ဘုရားသခင်ကို ရိုးသားစစ်မှန်စွာ ယုံကြည်ပြီး မိမိတို့၏ တာဝန်များကို လိုလိုလားလား ထမ်းဆောင်သောသူများနှင့် သမ္မာတရားကို ချစ်သောသူတို့သည် ပုံမှန်အသင်းတော်အသက်တာကို အသက်ရှင်နေထိုင်နိုင်ပြီး မိမိတို့၏ တာဝန်များကို ဖြည့်ဆည်းနိုင်ကြောင်း ၎င်းတို့ သေချာစေရမည်ဖြစ်သည်။ တစ်ချိန်တည်းတွင်၊ ဤလူတို့အနေဖြင့် အန္တိခရစ်တို့၏ အထင်အမြင်မှားစေခြင်းများနှင့် နှောင့်ယှက်မှုများကို သတိထားကာကွယ်နိုင်ပြီး အန္တိခရစ်တို့ကို ငြင်းပယ်နိုင်ကြောင်းကိုလည်း ၎င်းတို့ သေချာစေနိုင်ရမည်။ ဤသည်မှာ အန္တိခရစ်တို့၏ မကောင်းမှုပြုခြင်းနှင့် နှောင့်ယှက်မှုများကို အကြီးမားဆုံး အတိုင်းအတာထိ တားဆီးခြင်းဖြစ်ပြီး၊ ဘုရားသခင် ရွေးချယ်ထားသောလူများကို ကာကွယ်ခြင်း၏ အကျိုးသက်ရောက်မှုအား အပြည့်အဝ စွမ်းဆောင်ရရှိခြင်း ဖြစ်သည်။ မှန်ပေသည်၊ သင်၏ အလုပ်ကို သင် မည်မျှထိရောက်စွာ လုပ်ဆောင်သည်ဖြစ်စေ၊ ပြီးလျှင် သင် မည်မျှ စေ့စေ့စပ်စပ် ပြောဆိုသည်ဖြစ်စေ၊ အန္တိခရစ်တို့ကို မငြင်းပယ်နိုင်သည့်အပြင် မိမိတို့စိတ်နှလုံးထဲတွင် ၎င်းတို့ကို အထင်ကြီးလေးစားပြီး အားကိုးနေဆဲဖြစ်လိမ့်မည့် အချို့သော မိုက်မဲသည့်လူများ၊ ညံ့ဖျင်းသော အစွမ်းအစရှိသူများနှင့် နားဝေတိမ်တောင်ဖြစ်သူများ မလွဲမသွေ ရှိလိမ့်မည် ဖြစ်သည်။ သို့သော်လည်း၊ လူအများစုသည် အန္တိခရစ်တို့ကို ငြင်းပယ်နိုင်သည့်အဆင့်သို့ ရောက်ရှိပြီးဖြစ်လိမ့်မည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များက ဤအရာကို စွမ်းဆောင်နိုင်လျှင်၊ ၎င်းတို့သည် အလိုရှိသည့်ရလဒ်ကို အပြည့်အဝ စွမ်းဆောင်ရရှိလျက်၊ ဘုရားသခင် ရွေးချယ်ထားသောလူများကို အကြီးမားဆုံး အတိုင်းအတာအထိ ကာကွယ်ပြီးသား ဖြစ်လိမ့်မည်ဖြစ်သည်။ သမ္မာတရားကို မည်သို့ပင် မိတ်သဟာယဖွဲ့စေကာမူ နားမလည်နိုင်သော ထိုစဉ်းစားဉာဏ်နည်းသူများအတွက်မူ၊ ၎င်းတို့ အနည်းငယ် အလုပ်လုပ်ပေးနိုင်သေးလျှင်၊ ၎င်းတို့ကို ဂရုစိုက်မှုနှင့် အကူအညီအချို့အပြင်၊ နောက်ထပ် ချစ်ခြင်းမေတ္တာ၊ သည်းခံခြင်းနှင့် ခွင့်လွှတ်ခြင်းအချို့ကို ပေးသင့်သည်။ ဤသည်မှာ ပြုသင့်ပြုထိုက်သမျှ အရာအားလုံးကို လုပ်ဆောင်ခြင်းဖြစ်ပြီး၊ ဤနည်းလမ်းဖြင့် အလုပ်လုပ်ခြင်းသည် စည်းမျဉ်းရှိခြင်း ဖြစ်သည်။ ဤစံနှုန်းကို ပြည့်မီနိုင်သော ခေါင်းဆောင်နှင့် အမှုဆောင်များစွာရှိသလော။ (မရှိပါ။) ထို့ကြောင့်၊ အစွမ်းကုန် ကြိုးပမ်းအားထုတ်ရမည်။ သင်တို့သည် ဘုရားသခင် ရွေးချယ်ထားသောလူများကို မမောမပန်း အကြီးမားဆုံး အတိုင်းအတာထိ ကာကွယ်ရမည်။ “အကြီးမားဆုံး အတိုင်းအတာထိ” ဟူသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ယင်းမှာ သင်တို့ နားလည်သည့် သမ္မာတရား စည်းမျဉ်းများကို မိတ်သဟာယဖွဲ့ရန်၊ ရရှိနှင့်ပြီးဖြစ်သည့် သက်သေအထောက်အထားဖြစ်သည့် အန္တိခရစ်တို့၏ ဒုစရိုက်အမှုများနှင့်ဆိုင်သည့် အမျိုးမျိုးသော သရုပ်သကန်များကို တင်ပြရန်၊ ယင်းတို့ကို အန္တိခရစ်များအား ဖော်ထုတ်သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဆက်စပ်ပေးရန်အပြင်၊ ယင်းတို့ကို မိတ်သဟာယဖွဲ့ကာ စိတ်ဖြာလေ့လာဆွေးနွေးရန် ဖြစ်နိုင်သမျှ အရာအားလုံးကို လုပ်ဆောင်ခြင်းအား ဆိုလိုသည်။ ဤသည်မှာ ညီအစ်ကိုမောင်နှမများက အဖြစ်မှန်ကို ရှင်းလင်းစွာ မြင်နိုင်ရန်၊ အန္တိခရစ်တို့၏ အနှစ်သာရကို ပိုင်းခြားသိမြင်ပြီး ထိုးထွင်းသိမြင်နိုင်ရန်နှင့် အန္တိခရစ်တို့အပေါ် ဘုရားသခင်၏ သဘောထားကို သိရှိနိုင်ရန်အလို့ငှာ ဖြစ်သည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ တာဝန်ယူလုပ်ဆောင်ရမည့် အရေးကြီးသော တာဝန်တစ်ခု ဖြစ်သည်။
၄။ ချုပ်ချယ်ကန့်သတ်ခြင်း
ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်ရမည့် နောက်ထပ်အလုပ်တာဝန်မှာ အဘယ်အရာဖြစ်သနည်း။ ချုပ်ချယ်ကန့်သတ်ရန် ဖြစ်သည်။ ဤ “ချုပ်ချယ်ကန့်သတ်ခြင်း” အလုပ်သည် ဆောင်ရွက်ရန် လွယ်ကူသည်။ ယင်းတွင် ချုပ်ချယ်ကန့်သတ်ခြင်း၏ ရလဒ်ကို စွမ်းဆောင်ရရှိရန် အထူးစီမံချက်အချို့ကို ကျင့်သုံးခြင်း ပါဝင်သည်။ ဥပမာအားဖြင့်၊ အန္တိခရစ်တို့သည် အစဉ်သဖြင့် စကားလုံးများနှင့် အယူဝါဒများကို ပြောဆိုသည်၊ အစဉ်သဖြင့် မိမိတို့ကိုယ်ကို ချီးမြှောက်သည်၊ တစ်ခါတစ်ရံ အခြားသူများကို နှိမ်သည်၊ စုဝေးပွဲများအတွင်းတွင် ဆင်းရဲဒုက္ခမည်မျှ ၎င်းတို့ ခါးစည်းခံရပြီးဖြစ်သည်ဟူသည်နှင့်၊ ဘုရားအိမ်တော်၌ မည်သည့် ပံ့ပိုးကူညီမှုများကို ၎င်းတို့ ပြုလုပ်ပြီးဖြစ်သည်ဟူသည်တို့ကို မကြာခဏ သက်သေခံကြပြီး၊ အခြားသူများက ၎င်းတို့အား မည်သို့ လေးစားကြည်ညိုသည်၊ ၎င်းတို့က အခြားသူများထက် မည်သို့ ပိုတော်သည်၊ ၎င်းတို့ မည်သို့ တစ်မူထူးခြားသည် စသည်တို့ကို ပြောဆိုလျက် မိမိတို့ကိုယ်ကို အရှက်မဲ့စွာ သက်သေခံကြသည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အန္တိခရစ်တို့ကို အဆက်မပြတ် အလိုလိုက်မည့်အစား၊ ဘုရားသခင် ရွေးချယ်ထားသောလူများကို အထင်အမြင်မှားစေပြီး ထိန်းချုပ်သည့် အန္တိခရစ်တို့၏ အမျိုးမျိုးသော ဒုစရိုက်အမှုများကို ချုပ်ချယ်ကန့်သတ်ရန် အကောင်းဆုံး ကြိုးစားသင့်သည်။ ၎င်းတို့အနေဖြင့် အန္တိခရစ်တို့၏ စကားပြောချိန်နှင့် အန္တိခရစ်တို့ဆွေးနွေးသည့် အကြောင်းအရာများကို ချုပ်ချယ်ကန့်သတ်သင့်သည်။ ထို့အပြင်၊ လူတို့ကို မိမိတို့ဘက်သို့ ဆွဲဆောင်ရန်အတွက် သေးငယ်သော အကူအညီများကို အသုံးပြုခြင်း၊ သွေးခွဲစကားများ ပြောဆိုခြင်း၊ အယူအဆများနှင့် အပျက်သဘောဆောင်သော မှတ်ချက်များကို ဖြန့်ဝေခြင်း စသည်တို့ကဲ့သို့သော၊ လူရှေ့သူရှေ့၌ဖြစ်စေ နောက်ကွယ်၌ဖြစ်စေ အန္တိခရစ်တို့၏ လုပ်ရပ်များနှင့်ပတ်သက်၍၊ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် နားမကြားသကဲ့သို့၊ မျက်ကန်းသကဲ့သို့ မပြုမူသင့်ပေ။ ၎င်းတို့သည် အန္တိခရစ်တို့၏ လုပ်ရပ်များကို အချိန်မီ သဘောပေါက်သင့်သည်။ အခြားသူများကို အထင်အမြင်မှားစေပြီး နှောင့်ယှက်သည့် အပြုအမူများကို ၎င်းတို့ တွေ့ရှိသည်နှင့်တစ်ပြိုင်နက်၊ ဤအပြုအမူများကို ချက်ချင်း ဖော်ထုတ်ပြီး စိတ်ဖြာလေ့လာဆွေးနွေးသင့်ကာ၊ အန္တိခရစ်တို့အပေါ် ချုပ်ချယ်ကန့်သတ်မှုများ ချမှတ်သင့်ပြီး၊ ၎င်းတို့အား လူတို့ကို အထင်အမြင်မှားစေပြီး အသင်းတော်၏ အလုပ်ကို နှောင့်ယှက်လျက် ဟိုသည်သွားလာခွင့် မပြုသင့်ပေ။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်ရန် လိုအပ်သည့် အရေးကြီးသော အလုပ်တာဝန်များထဲမှ တစ်ခုဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) သင်သည် အန္တိခရစ်များအား ပြုပြင်ခြင်း၊ ဖော်ထုတ်ခြင်းနှင့် စိတ်ဖြာလေ့လာဆွေးနွေးခြင်းမျှဖြင့် ၎င်းတို့၏ ဒုစရိုက်အမှုများကို ချုပ်ချယ်ကန့်သတ်နိုင်သလော။ (မချုပ်ချယ်မကန့်သတ်နိုင်ပါ။) ၎င်းတို့သည် စာတန်များနှင့် ဆိုးယုတ်သော နတ်ဆိုးများ ဖြစ်သောကြောင့် ဤနည်းလမ်းဖြင့် ၎င်းတို့ကို သင် ချုပ်ချယ်မကန့်သတ်နိုင်ပေ။ ၎င်းတို့၏ လက်များနှင့် ခြေထောက်များကို မချည်နှောင်ထားသည့်အပြင် ၎င်းတို့၏ နှုတ်များကို မပိတ်ထားသရွေ့၊ ၎င်းတို့သည် အဓိပ္ပာယ်မဲ့သော အယူအဆများကို ဖြန့်ဝေမည်ဖြစ်ပြီး လူတို့ကို နှောင့်ယှက်သည့် နတ်ဆိုးဆန်သော စကားများကို ပြောဆိုကြလိမ့်မည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ၎င်းတို့ကို ချုပ်ချယ်ကန့်သတ်ရန် အချိန်မီ အရေးယူဆောင်ရွက်ရမည်။ အထူးသဖြင့် လူတို့ကို အထင်အမြင်မှားစေပြီး နှောင့်ယှက်ရန် အဓိပ္ပာယ်မဲ့သော အယူအဆများကို ၎င်းတို့ ဖြန့်ဝေသည့်အခါ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အချိန်မီ ကြားဖြတ်ပြီး ၎င်းတို့ကို တားဆီးရမည်။ ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသောလူများအား ပိုင်းခြားသိမြင်နိုင်စွမ်းရှိစေပြီး အန္တိခရစ်တို့၏ စရိုက်အမှန်ကို ရှင်းလင်းစွာ မြင်စေနိုင်ရမည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်သင့်သည့် လက်တွေ့ကျသော အလုပ် ဖြစ်သည်။
၅။ စောင့်ကြည့်ခြင်း
အန္တိခရစ်များကို ချုပ်ချယ်ကန့်သတ်ပြီးနောက်၊ နောက်ထပ်လုပ်ရမည့်အရာမှာ ၎င်းတို့ကို စောင့်ကြည့်ခြင်း ဖြစ်သည်။ အန္တိခရစ်တို့က မည်သူ့ကို အထင်အမြင်မှားစေခဲ့သည်၊ နောက်ကွယ်တွင် မည်သည့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အယူအဆများနှင့် နတ်ဆိုးဆန်သော စကားများကို ဖြန့်ဝေခဲ့သည်ဟူသည်ကို ကြည့်လော့။ ၎င်းတို့က အဆင်းနီသော နဂါးကြီးဘက်မှ ရပ်တည်ပြီး ၎င်းနှင့်အတူ ပူးပေါင်းလုပ်ဆောင်နေခြင်း ရှိမရှိ၊ ၎င်းတို့သည် ဘာသာရေးလောကနှင့် မဟာမိတ်ဖွဲ့ထားခြင်း ရှိမရှိ၊ ၎င်းတို့သည် မိမိတို့၏ ဂိုဏ်းဝင်များနှင့်အတူ မသမာသော လှည့်ကွက်များကို လျှို့ဝှက်စွာ ပြုလုပ်နေခြင်း ရှိမရှိ၊ ၎င်းတို့သည် ဘုရားအိမ်တော်နှင့်ပတ်သက်သော အရေးကြီးသည့် အချက်အလက်အချို့ကို သစ္စာဖောက်နိုင်မည်လော စသည်တို့ကို စစ်ဆေးလော့။ ဤသည်မှာလည်း ခေါင်းဆောင်များနှင့် အမှုဆောင်များ ဖြည့်ဆည်းသင့်သည့် တာဝန်တစ်ခု ဖြစ်သည်။ အန္တိခရစ်တို့၏ လုပ်ရပ်များ ထင်ရှားမလာမီ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် “ပညာရှိတို့၏ စာအုပ်များကို လေ့လာရာ၌ မိမိတို့ကိုယ်ကို လုံးလုံးမြှုပ်နှံထားခြင်းနှင့် ပြင်ပကိစ္စများကို ဂရုမစိုက်ခြင်း” ကို မလုပ်ဆောင်သင့်ဘဲ မြွေများကဲ့သို့ လိမ္မာပါးနပ်သင့်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များက တစ်စုံတစ်ဦးသည် အန္တိခရစ်ဖြစ်ကြောင်း တွေ့ရှိသည်နှင့်တစ်ပြိုင်နက်၊ ထိုလူကို ရှင်းလင်းပစ်ရန် သို့မဟုတ် နှင်ထုတ်ရန် အချိန်မတန်သေးပါက၊ ၎င်းတို့၏ စကားများနှင့် လုပ်ရပ်များကို ဘုရားသခင် ရွေးချယ်ထားသောလူများက ကြီးကြပ်စောင့်ကြည့်ကြောင်း သေချာစေလျက်၊ ၎င်းတို့ မကောင်းမှု ဆက်လက်လုပ်ဆောင်ခြင်းမရှိအောင် ကာကွယ်ရန် ၎င်းတို့ကို အနီးကပ် စောင့်ကြည့်ရမည်။ အန္တိခရစ်တို့သည် တန်ခိုးအာဏာကို ချစ်ပြီး တန်ခိုးအာဏာရှိသူများနှင့် အဆက်အသွယ်များ ဖန်တီးခြင်းကို နှစ်သက်သောကြောင့်၊ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အန္တိခရစ်တို့က နောက်ကွယ်တွင် မည်သူနှင့် အစဉ်သဖြင့် ထိတွေ့ဆက်ဆံနေသည်ကိုလည်းကောင်း၊ ၎င်းတို့က ဘာသာရေးသမားများနှင့် အဆက်အသွယ်ရှိမရှိဟူသည်ကိုလည်းကောင်း အနီးကပ် စောင့်ကြည့်သင့်သည်။ အချို့ အန္တိခရစ်တို့သည် ဘာသာရေး သင်းအုပ်များ၊ အကြီးအကဲများနှင့် မကြာခဏ ပေါင်းသင်းဆက်ဆံကြပြီး၊ အချို့မှာ စည်းလုံးညီညွတ်ရေးတပ်ဦး လုပ်ငန်းဌာနမှ လူများနှင့်ပင် ထိတွေ့ဆက်ဆံကြသည်။ ထိုသို့သော အဖြစ်အပျက်များ ဖြစ်ပွားသည့်အခါ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဤအရာကို မသိကျိုးကျွန်မပြုသင့်ဘဲ၊ အန္တိခရစ်တို့အပေါ် သတိဝီရိယရှိပြီး သတိထားသင့်သည်။ အကယ်၍ အန္တိခရစ်တစ်ဦးက လူတို့ကို ၎င်းတို့ အထင်အမြင်မှားစေပြီး မိမိတို့ဘက်သို့ ဆွဲဆောင်သည့် နည်းလမ်းများက ဘုရားအိမ်တော်၌ အလုပ်မဖြစ်သည်ကိုလည်းကောင်း၊ ၎င်းတို့၏ ဒုစရိုက်အမှုများ ဖော်ထုတ်ခံရပြီးဖြစ်သည်ကိုလည်းကောင်း မြင်ပါက၊ ပြီးလျှင် ၎င်းတို့အနေဖြင့် ကောင်းသော အဆုံးသတ်သို့ ရောက်မည်မဟုတ်ကြောင်း သိရှိပါက၊ ၎င်းတို့ မည်သည့်အရာကို လုပ်ဆောင်နိုင်သည် သို့မဟုတ် ၎င်းတို့၏ မကောင်းမှုက မည်သည့်အတိုင်းအတာအထိ ဖြစ်နိုင်သည်ကို သင် ခန့်မှန်းနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် တစ်စုံတစ်ဦးက အန္တိခရစ်ဖြစ်ကြောင်း သင့်စိတ်နှလုံးထဲတွင် သေချာသည်နှင့်တစ်ပြိုင်နက် သင်သည် ၎င်းကို မလွှတ်တမ်း အနီးကပ် စောင့်ကြည့်ပြီး ကြည့်ရှုရမည်။ ဤသည်မှာ သင်၏ တာဝန်ဖြစ်သည်။ ဤအရာကို လုပ်ဆောင်ရခြင်း၏ အကြောင်းရင်းမှာ အဘယ်နည်း။ ယင်းမှာ ဘုရားသခင် ရွေးချယ်ထားသောလူများကို ကာကွယ်ရန်နှင့် ညီအစ်ကိုမောင်နှမများကို ထိခိုက်နစ်နာစေရန် အသင်းတော်နှင့် ညီအစ်ကိုမောင်နှမများကို ဆန့်ကျင်၍ မတော်မတရားသော လုပ်ရပ်များကို ကျူးလွန်ခြင်းမရှိအောင် အန္တိခရစ်တို့ကို ဖြစ်နိုင်သမျှ အကြီးမားဆုံး အတိုင်းအတာထိ တားဆီးရန် ဖြစ်သည်။ အချို့ အန္တိခရစ်တို့သည် ပူဇော်သက္ကာများအကြောင်း အစဉ်သဖြင့် စုံစမ်းမေးမြန်းကြသည်။ “ဘုရားအိမ်တော်၏ ငွေကို မည်သူက စီမံခန့်ခွဲသနည်း။ မည်သူက စာရင်းများကို ထိန်းသိမ်းသနည်း။ စာရင်းများကို တိကျမှန်ကန်စွာ ထိန်းသိမ်းထားသလော။ အလွဲသုံးစားလုပ်ခြင်း ဆက်ဖြစ်နိုင်ခြေ ရှိသလော။ အသင်းတော်၏ ငွေကို မည်သည့်နေရာတွင် ထားရှိသနည်း။ ဤအရာများကို လူတိုင်းအား သိပိုင်ခွင့်ပေးလျက် လူသိရှင်ကြား ဖြစ်စေသင့်သည် မဟုတ်လော။ ဘုရားအိမ်တော်၌ ပိုင်ဆိုင်မှု မည်မျှရှိသနည်း။ မည်သူက ပူဇော်သက္ကာ အများဆုံး ပေးလှူပြီးဖြစ်သနည်း။ ဤအရာများကို ကျွန်ုပ် အဘယ်ကြောင့် မသိရသနည်း”ဟူ၍ ဖြစ်သည်။ ၎င်းတို့၏ စကားများက ၎င်းတို့သည် ဘုရားအိမ်တော်၏ ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များကို စိုးရိမ်ပူပန်နေသကဲ့သို့ ထင်ရစေသော်လည်း၊ အမှန်တွင် ၎င်းတို့၌ မတူကွဲပြားသော ရည်ရွယ်ချက်တစ်ခု ရှိသည်။ ငွေကို မတပ်မက်သော အန္တိခရစ် တစ်ဦးတစ်ယောက်မျှ မရှိပေ။ သို့ဆိုလျှင် ထိုသို့သောအခြေအနေများတွင် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ ပထမဆုံးအနေဖြင့်၊ သင်သည် ဘုရားအိမ်တော်၏ ပူဇော်သက္ကာကို စနစ်တကျ စီမံခန့်ခွဲသင့်သည်၊ ယင်းတို့ကို လုံခြုံစွာ ထိန်းသိမ်းခြင်းအတွက် ယုံကြည်စိတ်ချရသော လူများထံ အပ်နှံသင့်သည်။ ပြီးလျှင် သင်သည် အန္တိခရစ်များအား ၎င်းတို့၏ ရည်မှန်းချက်များကို အောင်မြင်စေခွင့် လုံးဝ မပေးသင့်ပေ။ ဤအချက်နှင့်ပတ်သက်၍ သင့်အနေဖြင့် နားဝေတိမ်တောင် မဖြစ်ရပေ။ ဤအခြေအနေမျိုး ပေါ်ပေါက်လာသည်နှင့်တစ်ပြိုင်နက်၊ သင်က၊ “တစ်ခုခု မှားနေပေပြီ။ အန္တိခရစ်က တစ်ခုခု လုပ်တော့မည်။ အသင်းတော်၏ ငွေကို ၎င်းတို့က ပစ်မှတ်ထားနေသည်။ ၎င်းတို့သည် အသင်းတော်၏ ငွေကို ကြံစည်လုယူရန် အဆင်းနီသော နဂါးကြီးနှင့် မဟာမိတ်ဖွဲ့ရန် စီစဉ်နေခြင်း ဖြစ်နိုင်သည်။ ငါတို့ ချက်ချင်း ရွှေ့ပြောင်းရမည်” ဟု သိရှိနားလည်သင့်သည်။ တစ်ချက်အနေဖြင့်၊ သင်သည် ဘုရားအိမ်တော်၏ ဘဏ္ဍာရေးအား မည်သူက စီမံခန့်ခွဲသည်ကို အန္တိခရစ်တို့အား သိခွင့်ပြု၍မရပေ။ ထို့အပြင် ငွေကို စီမံခန့်ခွဲနေသောလူများက လုံခြုံရေးအန္တရာယ်ရှိသည်ဟု ခံစားရပါက ငွေနှင့် ငွေကို စီမံခန့်ခွဲနေသောလူကိုပါ လျင်မြန်စွာ ရွှေ့ပြောင်းရမည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ အလေးထားသင့်သည့်အရာနှင့် ၎င်းတို့ လုပ်ဆောင်သင့်သည့် အလုပ်ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဆန့်ကျင်ဘက်အားဖြင့်၊ မိုက်မဲသော ခေါင်းဆောင်များသည် အန္တိခရစ်တို့ ဤစကားများ ပြောသည်ကို ကြားသော်လည်း၊ “ဤလူသည် ဝန်တာထားပြီး ဘုရားအိမ်တော်၏ ငွေအတွက် စိုးရိမ်ပူပန်ဖို့ သိသည်၊ ထို့ကြောင့် ၎င်းတို့အား တာဝန်အချို့ပေးပြီး စာရင်းအင်းနှင့်ပတ်သက်၍ ကူညီခိုင်းကြစို့”ဟု စဉ်းစားကြသည်။ ဤအရာကို လုပ်ဆောင်ခြင်းဖြင့် ၎င်းတို့သည် ယုဒများ ဖြစ်လာပြီ မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့သည် ပူဇော်သက္ကာများကို ကာကွယ်ရန် ပျက်ကွက်သည်သာမက သစ္စာဖောက်၍ ယင်းတို့ကို အန္တိခရစ်များထံသို့ ပေးခဲ့ရာ အနှစ်သာရအားဖြင့် ယုဒများ ဖြစ်လာခဲ့ကြသည်။ ဤခေါင်းဆောင်များနှင့် အမှုဆောင်များအပေါ် သင်တို့ မည်သို့ထင်သနည်း။ ၎င်းတို့သည် ဆိုးယုတ်သောလူများ မဟုတ်လော။ ၎င်းတို့သည် နတ်ဆိုးများ မဟုတ်လော။ ၎င်းတို့သည် မိမိတို့၏ တာဝန်များကို ဖြည့်ဆည်းရန် ပျက်ကွက်သည်သာမက၊ ဘုရားသခင်၏ ပူဇော်သက္ကာများနှင့် ညီအစ်ကိုမောင်နှမများကိုလည်း အန္တိခရစ်များထံ လွှဲပြောင်းပေးခဲ့ကြသည်။ ထို့ကြောင့်၊ အန္တိခရစ်များရှိသော နေရာများတွင်၊ ခေါင်းဆောင်များနှင့် အမှုဆောင်များက ဤအရာနှင့်ပတ်သက်သည့် သဲလွန်စတစ်ခုတလေကို တွေ့ရှိသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့သည် စုံစမ်းစစ်ဆေးမှုတစ်ခုကို စတင်ရမည်ဖြစ်ပြီး တိကျသော အလုပ်အချို့ကို လုပ်ဆောင်ရမည်ဖြစ်ကာ၊ ထိုအထဲတွင် “စောင့်ကြည့်ခြင်း” အလုပ်သည် မရှိမဖြစ် လိုအပ်သည်။
ခေါင်းဆောင်များနှင့် အမှုဆောင်များက ဆောင်ရွက်သည့် စောင့်ကြည့်ခြင်းအလုပ်သည် သူလျှိုလုပ်ငန်း သို့မဟုတ် မည်သည့် သူလျှိုလုပ်ရပ်မျိုးကိုမဆို လုပ်ဆောင်ခြင်းအကြောင်း မဟုတ်ပေ။ ယင်းမှာ သင်၏ တာဝန်ကို ဖြည့်ဆည်းခြင်း၊ ပို၍ အလေးထားခြင်း၊ ပို၍ သေချာစွာ စောင့်ကြည့်လေ့လာခြင်းနှင့် အန္တိခရစ်တို့က မည်သည့်အရာ လုပ်ဆောင်နေသည်ဟူသည်နှင့် ၎င်းတို့ မည်သည့်အရာ လုပ်ဆောင်ရန် ရည်ရွယ်သည်ဟူသည်တို့ကို မှတ်သားခြင်းမျှသာ ဖြစ်သည်။ ၎င်းတို့ မကောင်းမှုကျူးလွန်ပြီး အသင်းတော်ကို နှောင့်ယှက်သည့် အရိပ်လက္ခဏာတစ်ခုတလေကို သင် ရှာဖွေတွေ့ရှိပါက တန်ပြန်ရေးအစီအမံများကို အမြန်ဆုံး လုပ်ဆောင်ရမည်။ သင်သည် ၎င်းတို့အား အောင်မြင်ခွင့် လုံးဝ ပေး၍မရပေ။ ဤသည်မှာ အန္တိခရစ်တို့က အသင်းတော်၏ အလုပ်ကို နှောင့်ယှက်သည့် အဖြစ်အပျက်များ ဖြစ်ပွားခြင်းမရှိအောင် အကြီးမားဆုံး အတိုင်းအတာအထိ တားဆီးခြင်း ဖြစ်သည်။ သိသာထင်ရှားစွာပင် ဤအရာက အသင်းတော်၏ အလုပ်ကို အကောင်းဆုံး ကာကွယ်စောင့်ရှောက်ပြီး ဘုရားသခင် ရွေးချယ်ထားသော လူများကိုလည်း ကာကွယ်ပေးလေသည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များက မိမိတို့၏ တာဝန်များကို ဖြည့်ဆည်းခြင်းနှင့်ဆိုင်သည့် သရုပ်သကန်တစ်ခု ဖြစ်သည်။ စောင့်ကြည့်ခြင်းသည် လူအနည်းငယ်ကို လျှို့ဝှက်အေးဂျင့်များအဖြစ် ဆောင်ရွက်ရန် စီစဉ်ခြင်းနှင့် ၎င်းတို့ကို သူလျှိုများကဲ့သို့ လူများကို နောက်ယောင်ခံလိုက်ရန်၊ ခြေရာခံရန်နှင့် စောင့်ကြည့်ရန် စေခိုင်းခြင်း၊ သို့မဟုတ် ၎င်းတို့၏ အိမ်များကို ရှာဖွေခြင်းနှင့် ပြင်းထန်သော စစ်ဆေးမေးမြန်းသည့် နည်းလမ်းများကို အသုံးပြုခြင်းအား မဆိုလိုပေ။ ဘုရားအိမ်တော်သည် ထိုသို့သော လုပ်ရပ်များတွင် မပါဝင်ပေ။ သို့သော်လည်း၊ သင်သည် အန္တိခရစ်တို့၏ အခြေအနေကို အချိန်မီ နားလည်ရမည်။ သင်သည် ၎င်းတို့၏ မိသားစုဝင်များ သို့မဟုတ် ၎င်းတို့ကို ပိုင်းခြားသိမြင်နိုင်သော သို့မဟုတ် ၎င်းတို့နှင့် ရင်းနှီးသော ညီအစ်ကိုမောင်နှမများနှင့် စကားပြောဆိုခြင်းဖြင့် ၎င်းတို့၏ လတ်တလော အခြေအနေအကြောင်းကို စုံစမ်းမေးမြန်းနိုင်သည်။ ဤသည်တို့မှာ ဤအလုပ်ကို လုပ်ဆောင်ခြင်းအတွက် နည်းလမ်းများနှင့် နည်းစနစ်များချည်းသာ ဖြစ်ကြသည် မဟုတ်လော။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ၎င်းတို့ တာဝန်များ၏ နယ်ပယ်အတွင်း ကျရောက်ပြီး ဘုရားသခင် တောင်းဆိုသည့် စည်းမျဉ်းများနှင့် ကိုက်ညီသော တာဝန်များကို ဆောင်ရွက်ပါက၊ ၎င်းတို့သည် မိမိတို့၏ တာဝန်များကို ဖြည့်ဆည်းနေခြင်း ဖြစ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များက မိမိတို့၏ တာဝန်များကို ဖြည့်ဆည်းခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်အရာဖြစ်သနည်း။ ယင်းမှာ အန္တိခရစ်တို့အား အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်မှုများကို ဖြစ်စေခြင်းမှ အကြီးမားဆုံး အတိုင်းအတာအထိ တားဆီးရန် သင် တတ်နိုင်သမျှ အရာအားလုံးကို လုပ်ဆောင်ရန်ဖြစ်ပြီး၊ ထိုသို့ဖြင့် ဘုရားသခင် ရွေးချယ်ထားသောလူများကို ထိခိုက်နစ်နာစေခြင်းနှင့် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ရောင်းစားခြင်းမရှိအောင် အန္တိခရစ်တို့ကို တားဆီးကာကွယ်ရန် ဖြစ်သည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဖြစ်သည်။ ဤအရာက အန္တိခရစ် အဖြစ်အပျက်များ ဖြစ်ပွားခြင်းကို အကြီးမားဆုံး အတိုင်းအတာထိ တားဆီးသည် မဟုတ်လော။ ဤလုပ်ရပ်များကို တာဝန်ယူလုပ်ဆောင်သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် တတ်စွမ်းသမျှ ဖြစ်နိုင်သည့် အရာအားလုံးကို လုပ်ဆောင်နေခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ဤသို့လုပ်ဆောင်ရန် ခက်ခဲသလော။ (မခက်ခဲပါ။) ယင်းမှာ မခက်ခဲပေ။ ဤသည်မှာ သမ္မာတရားကို နားလည်သောသူတို့ စွမ်းဆောင်နိုင်သည့်အရာတစ်ခု ဖြစ်သည်။ လူတို့ စွမ်းဆောင်နိုင်သည့်အရာကို ၎င်းတို့က ပြီးမြောက်အောင်မြင်ရန် အစွမ်းကုန် လုပ်ဆောင်သင့်သည်။ ကျန်သည့်အရာမှာ ဘုရားသခင် လုပ်ဆောင်ခြင်း၊ သူ၏ အချုပ်အခြာအာဏာကို ကျင့်သုံးပြီး စီစဉ်ညွှန်ကြားခြင်း၊ လမ်းပြခြင်းတို့နှင့်သာ ဆိုင်သည်။ ဤသည်မှာ ငါတို့ အနည်းဆုံး စိုးရိမ်ပူပန်ရသည့်အရာ ဖြစ်သည်။ ငါတို့၏နောက်တွင် ဘုရားသခင် ရှိသည်။ ငါတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင် ရှိသည်သာမက၊ ငါတို့၌ စစ်မှန်သော ယုံကြည်ခြင်းလည်း ရှိသည်။ ဤသည်မှာ ဝိညာဉ်ရေးရာ အထောက်အပံ့တစ်ခု မဟုတ်ပေ။ အမှန်တွင်၊ ဘုရားသခင်က မမြင်ကွယ်ရာတွင်ရှိပြီး လူတို့ဘက်တွင် ၎င်းတို့နှင့်အတူ အမြဲ ရှိသည်။ လူတို့က မည်သည့်အရာကိုမဆို လုပ်ဆောင်သည့်အခါတိုင်း သို့မဟုတ် မည်သည့်တာဝန်ကိုမဆို ထမ်းဆောင်သည့်အခါတိုင်း၊ သူက စောင့်ကြည့်နေသည်။ သူသည် သင့်ကို ကာကွယ်ကာ စောင့်ရှောက်ပေးလျက် သင့်ကို အချိန်မရွေး နေရာမရွေး ကူညီရန်ရှိနေသည်။ လူတို့ လုပ်ဆောင်သင့်သည့်အရာမှာ ၎င်းတို့ လုပ်ဆောင်သင့်သည့်အရာကို ပြီးမြောက်အောင်မြင်ရန် အစွမ်းကုန် လုပ်ဆောင်ဖို့ ဖြစ်သည်။ ဤသည်မှာ သင် လုပ်ဆောင်သင့်သည့်အရာဖြစ်ကြောင်း၊ ဤသည်မှာ သင့်အား ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ဖြစ်ကြောင်း သင် သတိပြုမိလာသရွေ့၊ သင်၏ စိတ်နှလုံးထဲတွင် ခံစားရသရွေ့၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် မြင်ရသရွေ့၊ သင်၏ ပတ်ဝန်းကျင်ရှိ လူများက သတိပေးသရွေ့၊ သို့မဟုတ် ဘုရားသခင်က သင့်အား သတင်းအချက်အလက်တစ်ခုခုကို ပေးသည့် အချက်ပြမှု သို့မဟုတ် နိမိတ်တစ်ခုတလေကို ပေးသရွေ့ သင်သည် မိမိတို့၏ တာဝန်ကို ဖြည့်ဆည်းသင့်ပြီး ဘာမျှမလုပ်ဘဲ ထိုင်နေခြင်း သို့မဟုတ် ဘေးစည်းတွင် ကြည့်နေခြင်း မပြုသင့်ပေ။ သင်သည် စက်ရုပ် မဟုတ်ပေ။ သင့်တွင် စိတ်နှင့် အတွေးများ ရှိသည်။ တစ်စုံတစ်ခု ဖြစ်ပျက်သည့်အခါ၊ မည်သည့်အရာကို လုပ်ဆောင်သင့်သည်ကို သင် လုံးဝ သိရှိပြီး၊ ခံစားချက်များနှင့် အသိတရား သေချာပေါက် ရှိသည်။ ထို့ကြောင့် ဤခံစားချက်များနှင့် အသိတရားကို လက်တွေ့အခြေအနေများတွင် အသုံးချလော့၊ ယင်းတို့ကို အသက်ရှင်နေထိုင်ပြီး သင်၏ လုပ်ရပ်များအဖြစ်သို့ ပြောင်းလဲလော့။ ဤနည်းလမ်းဖြင့် သင်သည် မိမိ၏ တာဝန်ကို ဖြည့်ဆည်းပြီး ဖြစ်လိမ့်မည်။ သင် သတိပြုမိနိုင်သည့် အရာများအတွက်၊ သင် နားလည်သည့် သမ္မာတရား စည်းမျဉ်းများအတိုင်း လက်တွေ့လုပ်ဆောင်သင့်သည်။ ဤနည်းလမ်းဖြင့်၊ သင်သည် မိမိ၏ တာဝန်ကို ထမ်းဆောင်ရန် အစွမ်းကုန် လုပ်ဆောင်ခြင်းဖြစ်ပြီး အကောင်းဆုံး အားထုတ်နေခြင်း ဖြစ်သည်။ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးအနေဖြင့်၊ အကောင်းဆုံး သင် အားထုတ်သည့်အခါ၊ ဆိုလိုသည်မှာ၊ အန္တိခရစ်တို့၏ ဒုစရိုက်အမှုများ ဖြစ်ပွားခြင်းမရှိအောင် အကြီးမားဆုံး အတိုင်းအတာထိ သင် တားဆီးသည့်အခါ၊ ဤနည်းလမ်းဖြင့် သင် လက်တွေ့လုပ်ဆောင်နိုင်သည်ကို ဘုရားသခင် ကျေနပ်လိမ့်မည်။ ဘုရားသခင်သည် အဘယ်ကြောင့် ကျေနပ်လိမ့်မည်နည်း။ ဘုရားသခင်သည် ထိုသို့သော ခေါင်းဆောင်များ၊ အမှုဆောင်များနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်တစ်ခုကို ပြုလုပ်လိမ့်မည်။ ၎င်းတို့သည် မိမိတို့၏ တာဝန်များကို ဖြည့်ဆည်းနေခြင်းဖြစ်ပြီး မိမိတို့၏ အခန်းကဏ္ဍနှင့် သက်ဆိုင်သော အလုပ်ကို ဆောင်ရွက်ရန် အကောင်းဆုံး အားထုတ်နေကြခြင်း ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ အသိအမှတ်ပြုခြင်း ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။)
၆။ နှင်ထုတ်ခြင်း
ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ ဆယ့်သုံးခုမြောက် တာဝန်တွင် ၎င်းတို့ လုပ်ဆောင်ရမည့် တိကျသော အလုပ်တာဝန်များ ပါဝင်ပြီး၊ ယင်းတို့ထဲမှ အချို့ကို ငါတို့ စာရင်းပြုစုခဲ့သည်။ ၎င်းတို့သည် အန္တိခရစ်များကို ဖော်ထုတ်ခြင်း၊ ပြုပြင်ခြင်း၊ စိတ်ဖြာလေ့လာဆွေးနွေးခြင်း၊ ချုပ်ချယ်ကန့်သတ်ခြင်းနှင့် စောင့်ကြည့်ခြင်းတို့ကို လက်တွေ့လုပ်ဆောင်ရမည် ဖြစ်သည်။ ဤအခြေခံစည်းမျဉ်းများနှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့ခြင်း ပြီးဆုံးသွားပြီဖြစ်သည်။ အထူးအခြေအနေများတွင် ခေါင်းဆောင်များနှင့် အမှုဆောင်များက မည်သည့်တိကျသော လုပ်ဆောင်မှုများကို လုပ်ဆောင်သည်ဖြစ်စေ၊ အန္တိခရစ်များကို ကိုင်တွယ်ဖြေရှင်းခြင်းအတွက် စည်းမျဉ်းများက မပြောင်းလဲဘဲ ရှိနေသည်။ ထို့အပြင်၊ ဤအလုပ်တာဝန်များ၏ အဓိကရည်ရွယ်ချက်မှာ ဘုရားသခင် ရွေးချယ်ထားသောလူများကို ကာကွယ်ရန် ဖြစ်သည်။ ဘုရားသခင် ရွေးချယ်ထားသောလူများက တစ်စုံတစ်ဦးကို အန္တိခရစ်တစ်ဦးအဖြစ် တညီတညွတ်တည်း အသိအမှတ်ပြုပြီးဖြစ်ကာ၊ အန္တိခရစ်က လူတို့ကို အထင်အမြင်မှားစေရန်နှင့် ထိန်းချုပ်ရန် အမြဲ ကြိုးပမ်းကြောင်း ၎င်းတို့ ပိုင်းခြားသိမြင်ပြီး လုံးဝသဘောပေါက်ပြီးဖြစ်သည်ဆိုပါစို့။ အန္တိခရစ် ရှိနေခြင်းနှင့်အတူ ကောင်းသောနေ့ရက်များ သို့မဟုတ် ကောင်းသော အသင်းတော်အသက်တာ မရှိနိုင်ကြောင်း ၎င်းတို့သိရှိကြပြီး လူတိုင်းက အန္တိခရစ်ကို အသင်းတော်မှ ရှင်းလင်းပစ်ရန် တညီတညွတ်တည်း တောင်းဆိုကြသည် ဆိုကြပါစို့။ ဤအခြေအနေများအောက်တွင်၊ အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များက အန္တိခရစ်များကို ဖော်ထုတ်ခြင်း၊ ပြုပြင်ခြင်း၊ စိတ်ဖြာလေ့လာဆွေးနွေးခြင်း၊ ချုပ်ချယ်ကန့်သတ်ခြင်းနှင့် ကြီးကြပ်စောင့်ကြည့်ခြင်းတို့ကို လက်တွေ့လုပ်ဆောင်ခြင်းအတွက် လေ့ကျင့်မှုတစ်ခုအဖြစ် အသုံးပြုခံရရန် အန္တိခရစ်ကို ဆက်ရှိနေခွင့်ပြုဖို့ ထောက်ခံနေကြဆဲ ဖြစ်သည်။ ဤလုပ်ငန်းစဉ်များကို ဖြတ်သန်းရန်လိုအပ်သေးသလော။ အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များက “အကယ်၍ ဤလုပ်ငန်းစဉ်များကို ကျွန်ုပ်တို့ မဖြတ်သန်းလျှင်၊ ကျွန်ုပ်သည် ကျွန်ုပ်၏ တာဝန်များကို လျစ်လျူရှုခြင်း ဖြစ်မည် မဟုတ်လော။ ဤလုပ်ငန်းစဉ်များကို ဖြတ်သန်းခြင်းကသာ ခေါင်းဆောင်တစ်ဦးအဖြစ် ကျွန်ုပ်၏ အခန်းကဏ္ဍကို မီးမောင်းထိုးပြသည်။ ဤအလုပ်ကို ကျွန်ုပ် လုပ်ဆောင်ရမည်။ ညီအစ်ကိုမောင်နှမများက သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ၊ ကျွန်ုပ်သည် ရှေးဦးစွာ အန္တိခရစ်ကို ဆက်ရှိနေခွင့်ပြုရမည်။ ကျွန်ုပ်သည် ၎င်းတို့ကို ဦးစွာ ဖော်ထုတ်မည်၊ ထို့နောက် ၎င်းတို့ကို ပြုပြင်ပြီး စိတ်ဖြာလေ့လာဆွေးနွေးမည်၊ ပြီးလျှင် ၎င်းတို့က အန္တိခရစ်တစ်ဦးဖြစ်ကြောင်း ညီအစ်ကိုမောင်နှမများကို ထပ်မံအတည်ပြုစေမည်။ တညီတညွတ်တည်း သဘောတူညီချက်ရပြီးနောက်၊ ကျွန်ုပ်တို့သည် ၎င်းတို့ကို ရှင်းလင်းပစ်မည် သို့မဟုတ် နှင်ထုတ်မည်။ ဤသည်မှာ ပို၍ ထိရောက်မှုရှိမည် မဟုတ်လော”ဟု ပြောကောင်းပြောပေမည်။ အကျိုးဆက်အနေဖြင့်၊ ဤအချိန်အတောအတွင်းတွင်၊ အန္တိခရစ်သည် လူတို့ကို အထင်အမြင်မှားစေရန် အယူအဆများကို ဖြန့်ဝေကာ အသင်းတော်၏အလုပ်ကို တစ်ဖန် နှောင့်ယှက်လေသည်။ လူတိုင်းအကြားတွင် ထိတ်လန့်မှုကို ဖြစ်စေပြီး၊ အချို့မှာ စုဝေးပွဲများသို့ လာရန်ပင် ငြင်းဆန်ကြသည်။ မိမိတို့၏ စိတ်ပိုင်းဖြတ်မှုကို ပြသရန်နှင့် မိမိတို့၏ တာဝန်များကို လျစ်လျူရှုခြင်းမရှိကြောင်း သက်သေပြရန်အလို့ငှာ၊ ဤခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဟန်ဆောင်လုပ်ပြရုံလုပ်ပြပြီး အလုပ်ကို အချိန်ဆွဲကြသည်။ အကျိုးဆက်အနေဖြင့်၊ ၎င်းတို့သည် မလိုအပ်သော လမ်းလွှဲများစွာကို လျှောက်လှမ်းကြသည်၊ အသင်းတော်အသက်တာ၏ အစီအစဉ်ကို နှောင့်ယှက်ကြပြီး၊ သမ္မာတရားကို လိုက်စားရာတွင် ဘုရားသခင် ရွေးချယ်ထားသောလူများ၏ တန်ဖိုးရှိသော အချိန်ကို ဖြုန်းတီးကြပြီး၊ ထို့နောက်မှသာ အန္တိခရစ်ကို ရှင်းလင်းပစ်ကြသည်။ ဤလုပ်နည်းကိုင်နည်းသည် လက်ခံနိုင်ဖွယ်ရှိသလော။ (လက်ခံနိုင်ဖွယ်မရှိပါ။) ယင်း၌ မည်သည့်အရာ မှားယွင်းနေသနည်း။ (ယင်းသည် စည်းမျဉ်းများကို ပုံသေစောင့်ထိန်းပြီး ဟန်ဆောင်လုပ်ပြခြင်းသာဖြစ်ပါသည်။) ခေါင်းဆောင်များနှင့် အမှုဆောင်များက ဤအလုပ်တာဝန်များကို လုပ်ဆောင်ရခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ (ဘုရားသခင် ရွေးချယ်ထားသောလူများကို ကာကွယ်ရန် ဖြစ်ပါသည်။) သို့ဖြစ်၍၊ အချို့လူများက အန္တိခရစ်ကို ပိုင်းခြားသိမြင်ခြင်းမရှိသေးသည့်အပြင် ၎င်းတို့အပေါ် အတော်အတန် တွယ်တာနေဆဲဖြစ်ပြီး၊ ခေါင်းဆောင်များနှင့် အမှုဆောင်များက အန္တိခရစ်ကို အသင်းတော်မှ နှင်ထုတ်ရန် ဆုံးဖြတ်သည့်အခါ၊ အချို့လူများက မကျေမချမ်းဖြစ်လာပြီး၊ ဘုရားအိမ်တော်က လူတို့ကို ချစ်ခင်ခြင်းမရှိ သို့မဟုတ် တရားမျှတမှုမရှိဟုလည်းကောင်း၊ အမှုအရာများကို လုပ်ဆောင်ရာတွင် စည်းမျဉ်းများ ကင်းမဲ့သည်ဟုလည်းကောင်း စသည်ဖြင့် ပြောဆိုကြလျှင်၊ နားဝေတိမ်တောင်ဖြစ်သောသူအချို့ပင် အန္တိခရစ်၏ အထင်အမြင်မှားစေခြင်းနှင့် လွှမ်းမိုးခြင်းကို ခံရပြီး ၎င်းတို့နောက်သို့လိုက်၍ အသင်းတော်မှ ထွက်သွားလိုလျှင်၊ ဤအခြေအနေတွင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ ဤအချိန်တွင်၊ ညီအစ်ကိုမောင်နှမများက လက်တွေ့ကျကျ သင်ခန်းစာများ သင်ယူနိုင်ပြီး နောက်ဆုံးတွင် အန္တိခရစ်ကို ပိုင်းခြားသိမြင်နိုင်ရန်အလို့ငှာ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အန္တိခရစ်ကို ပြုပြင်ခြင်းကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ၎င်းတို့ကို ဖော်ထုတ်ကာ စိတ်ဖြာလေ့လာဆွေးနွေးရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အသုံးပြုခြင်းကဲ့သို့သော မရှိမဖြစ်လိုအပ်သည့် အလုပ်အချို့ကို လုပ်ဆောင်ရန် လိုအပ်သည်။ တစ်နေ့တွင်၊ ၎င်းတို့က “ဤလူသည် အလွန် စက်ဆုပ်ဖွယ်ကောင်းလှသည်။ ၎င်းတို့သည် အမှန်ပင် ဆိုးယုတ်သောသူတစ်ဦးနှင့် အန္တိခရစ်တစ်ဦး ဖြစ်သည်။ ၎င်းတို့ကို အမြန်ဆုံး သန့်စင်ဖယ်ရှားလိုက်ကြစို့”ဟု ပြောဆိုကြသည်။ ဤသည်မှာ လူတစ်ဦးတည်း၏ အသံမဟုတ်ဘဲ များစွာသော ညီအစ်ကိုမောင်နှမများ၏ အသံဖြစ်သည်။ ဤအခြေအနေတွင်၊ အန္တိခရစ်ကို ချုပ်ချယ်ကန့်သတ်ခြင်းနှင့် စောင့်ကြည့်ခြင်းအလုပ်ကို လုပ်ဆောင်ရန် လိုအပ်နေသေးသလော။ မလိုအပ်ပါ၊ ၎င်းတို့ကို တိုက်ရိုက်သာ နှင်ထုတ်လိုက်လော့။ မိမိတို့၏အလုပ်တွင် ဤအဆင့်သို့ ရောက်ရှိသော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဘုရားသခင် ရွေးချယ်ထားသောလူများအား အန္တိခရစ်များ၏ ဘေးအန္တရာယ်မှ ကာကွယ်ခြင်းရလဒ်ကို စွမ်းဆောင်ရရှိပြီးဖြစ်သည်။ ဤအရာက မည်သည့်အရာကို သက်သေပြသနည်း။ ကဏ္ဍတစ်ခုအနေဖြင့်၊ ဤအသင်းတော်မှ ညီအစ်ကိုမောင်နှမများတွင် ပိုင်းခြားသိမြင်နိုင်စွမ်း၊ အစွမ်းအစနှင့် တရားမျှတစိတ်တို့ ရှိကြောင်း သက်သေပြသည်။ နောက်တစ်ခုမှာ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် လက်တွေ့အလုပ်ကို လုပ်ဆောင်နိုင်စွမ်းရှိခြင်းကြောင့် ဖြစ်နိုင်သည်၊ သို့မဟုတ် ဤအန္တိခရစ်၏ လုပ်ဆောင်ချက်များက အလွန် ဗြောင်ကျလွန်းခြင်း၊ ၎င်းတို့၏ လူ့သဘာဝက အလွန်ဆိုးရွားပြီး အလွန်ကောက်ကျစ်ဆိုးယုတ်ခြင်းတို့ကြောင့် လူအများ၏ မကျေနပ်မှုကို နှိုးဆွပြီး၊ ခေါင်းဆောင်များနှင့် အမှုဆောင်များကို ၎င်းတို့အား ကိုင်တွယ်ဖြေရှင်းရသည့် လုပ်ငန်းစဉ်များစွာမှ သက်သာစေလျက် ၎င်းတို့ကိုယ်တိုင်က မိမိတို့၏ လမ်းကို စောစီးစွာ ပိတ်ဆို့လိုက်သောကြောင့် ဖြစ်နိုင်သည်။ ဤသည်မှာ အားထုတ်မှုများစွာကို သက်သာစေသည် မဟုတ်လော။ ထိုသို့သောအခြေအနေတွင်၊ ၎င်းတို့ကို ရှင်းလင်းပစ်ခြင်း သို့မဟုတ် နှင်ထုတ်ခြင်းသည် ကောင်းသောအရာတစ်ခု ဖြစ်သည် မဟုတ်လော။ ထို့အပြင် ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်ရမည့်အလုပ်မှာ ကျယ်ပြန့်ပြီး ဤအလုပ်တာဝန်တစ်ခုတည်း ကန့်သတ်ထားခြင်းမရှိပေ။ အန္တိခရစ်ကို နှင်ထုတ်လိုက်လျှင် ပြီးဆုံးသွားပြီဟု သင် ထင်သလော။ အရာရာကို ပြီးပြည့်စုံသော အောင်မြင်မှုသို့ သင် ဆောင်ကြဉ်းပြီးပြီဟု ထင်သလော။ မဟုတ်သေးပေ။ သင့်တွင် လုပ်ဆောင်ရမည့် အခြားအလုပ်များ ရှိသေးသည်။ အန္တိခရစ်များကို ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ဘုရားသခင် ရွေးချယ်ထားသောလူများကို ၎င်းတို့၏ ဘေးအန္တရာယ်မှ ကာကွယ်ခြင်းအပြင်၊ ခေါင်းဆောင်များနှင့် အမှုဆောင်များတွင် အခြား များစွာသော အရေးကြီးသည့် အလုပ်တာဝန်များထဲတွင် ဘုရားသခင် ရွေးချယ်ထားသောလူများအား ဘုရားနှုတ်ကပတ်တော်များ၏ လက်တွေ့ကျမှုထဲသို့ ဦးဆောင်ရန်၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းရန် ၎င်းတို့ကို ဦးဆောင်ရန်နှင့် ၎င်းတို့၏ အန္တိခရစ် စိတ်သဘောထားကို ဖြေရှင်းရန်အတွက် ၎င်းတို့ကို ဦးဆောင်ရန် တာဝန်လည်း ရှိပေသည်။ သို့သော်လည်း၊ ဤအလုပ်တာဝန်များကို လုပ်ဆောင်နေစဉ် အန္တိခရစ်တစ်ဦး ပေါ်ပေါက်လာပါက၊ အန္တိခရစ်ကို ကိုင်တွယ်ဖြေရှင်းခြင်းသည် ထိပ်တန်းဦးစားပေး ဖြစ်လာသည်။ ၎င်းတို့သည် ရှေးဦးစွာ အန္တိခရစ်ကို ဖော်ထုတ်ပြီး ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်ကာ၊ သမ္မာတရား၏ အခြားသော သွင်ပြင်လက္ခဏာများနှင့်ပတ်သက်၍လည်း မိတ်သဟာယဖွဲ့ရမည် ဖြစ်သည်။ အကယ်၍ အန္တိခရစ်တစ်ဦး၏ နှောင့်ယှက်မှု ပေါ်ပေါက်လာပြီး အခြားအလုပ်ကို ဆက်လက်လုပ်ဆောင်ရန် အလွန်ခက်ခဲလာလျှင်၊ ထိုအလုပ်က အဟန့်အတားနှင့် ကြားဖြတ်နှောင့်ယှက်မှုတို့ကို ရင်ဆိုင်နေရပြီး၊ အန္တိခရစ်က ညီအစ်ကိုမောင်နှမများ၏ အသက် ကြီးထွားမှု၊ အသင်းတော်အသက်တာ၏ အစီအစဉ်နှင့် တာဝန်များ ထမ်းဆောင်ခြင်းအတွက် ပတ်ဝန်းကျင်တို့ကို ပြင်းထန်စွာ သက်ရောက်မှုရှိနေလျှင်၊ ဤအကြီးမားဆုံးသော ဘေးဆိုးနှင့် ဘေးအန္တရာယ်၏ ဇာစ်မြစ်ကို ဦးစွာ ကိုင်တွယ်ဖြေရှင်းရန် လိုအပ်သည်မှာ အမှန်ပင်ဖြစ်သည်။ အန္တိခရစ်ကို ရှင်းလင်းပစ်ပြီး ကိုင်တွယ်ဖြေရှင်းပြီးနောက်တွင်သာ အခြားအလုပ်များကို ပုံမှန်နှင့် စနစ်တကျ ဆက်လက်လုပ်ဆောင်နိုင်မည် ဖြစ်သည်။ သို့ဖြစ်၍၊ အကယ်၍ အန္တိခရစ်တစ်ဦးသည် အသင်းတော်တစ်ခုတွင် ပေါ်ပေါက်လာပြီး ညီအစ်ကိုမောင်နှမများက ၎င်းတို့ကို အချိန်တိုအတွင်း လျင်မြန်စွာ ပိုင်းခြားသိမြင်ကာ “ထွက်သွားလော့၊ အန္တိခရစ်” ဟု တညီတညွတ်တည်း ပြောဆိုကြလျှင် ဤအရာက ခေါင်းဆောင်များနှင့် အမှုဆောင်များကို အားထုတ်မှုများစွာ သက်သာစေမည် မဟုတ်လော။ သင် တိတ်တဆိတ် ဝမ်းသာသင့်သည် မဟုတ်လော။ သင်က “ဤအန္တိခရစ်၊ ဤနတ်ဆိုးကို ကျွန်ုပ် မကန့်သတ်မချုပ်ချယ်နိုင်မည်ကို စိုးရိမ်မိပါသည်။ အချို့သော ညီအစ်ကိုမောင်နှမများသည် ၎င်းတို့၏ အထင်အမြင်မှားစေခြင်းကို ခံရပြီး ဆိုးရွားစွာ ထိခိုက်နစ်နာမည်ကိုလည်း စိုးရိမ်မိသည်၊ ကျွန်ုပ်၏ ကိုယ်ပိုင်ဝိညာဉ်ရင့်ကျက်မှုက အန္တိခရစ်၏ အနှစ်သာရကို ဖော်ထုတ်ရန်၊ ဤကိစ္စရပ်များကို စေ့စေ့စပ်စပ် စိတ်ဖြာလေ့လာဆွေးနွေးရန်နှင့် ဤပြဿနာကို ဖြေရှင်းရန် အလွန်သေးငယ်သည်ကိုလည်း စိုးရိမ်မိပါသည်”ဟု ပြောကောင်းပြောပေမည်။ ယခုတွင်၊ စိုးရိမ်ရန် မလိုအပ်ပေ။ ညီအစ်ကိုမောင်နှမများထံမှ ဤဖော်ပြချက်တစ်ခုတည်းနှင့်ပင်၊ ပြဿနာက ပြေလည်သွားပြီး ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ “ဝန်ထုပ်” မှာလည်း ပေါ့ပါးသွားပြီ ဖြစ်သည်။ ဤသည်မှာ အလွန်ကောင်းလိုက်လေခြင်းပါတကား။ သင်တို့သည် ဘုရားသခင်ကို ကျေးဇူးတင်သင့်သည်။ ဤသည်မှာ ဘုရားသခင်၏ ကျေးဇူးတော် ဖြစ်သည်။ ဤသို့သောအရာမျိုးသည် အသင်းတော်တွင် ဖြစ်ပွားနိုင်ခြေရှိသည်၊ အကြောင်းမှာ အန္တိခရစ်များကို ဖော်ထုတ်ခြင်းအကြောင်းအရာနှင့်စပ်လျဉ်း၍ များစွာ ဆွေးနွေးပြီးဖြစ်သောကြောင့်လည်းကောင်း၊ ညီအစ်ကိုမောင်နှမများသည် သင် ယူဆကောင်းယူဆနိုင်သကဲ့သို့ ခေါင်းဆောင်များနှင့် အမှုဆောင်များထက် များစွာ နိမ့်ကျခြင်းမရှိသောကြောင့်လည်းကောင်း ဖြစ်ပေသည်။ ဘုရားနှုတ်ကပတ်တော်များ၏ လမ်းညွှန်မှုအောက်တွင်၊ ၎င်းတို့၌ သမ္မာတရားကို အမှီအခိုကင်းစွာ သဘောပေါက်နားလည်ပြီး ပြဿနာများကို ဖြေရှင်းနိုင်သည့် စွမ်းရည်တစ်ခုခုလည်း ရှိသည်။ ၎င်းတို့က မဲခွဲရန်နှင့် အန္တိခရစ်တစ်ဦးကို နှင်ထုတ်ရန် စည်းလုံးညီညွတ်ကြသည့်အခါ၊ ယင်းမှာ ကောင်းသောအရာတစ်ခု၊ ကောင်းသော ဖြစ်စဉ်တစ်ခု ဖြစ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဤအတွက် ဝမ်းနည်းရန်၊ စိတ်ပျက်ရန် သို့မဟုတ် အပျက်သဘောဆောင်ရန် မလိုအပ်ပေ။ ဤအတားအဆီးများဖြစ်သည့် အန္တိခရစ်များကို ရှင်းလင်းပစ်ပြီးနောက်၊ နောက်ဆက်တွဲအလုပ်၏ အဆင့်တိုင်းသည် ခေါင်းဆောင်များနှင့် အမှုဆောင်များအတွက် ပြင်းထန်သော စမ်းသပ်မှုတစ်ခုအဖြစ် ရှိနေဆဲဖြစ်သည်။ ၎င်းတို့ လုပ်ဆောင်ရန် လိုအပ်သည့် အလုပ်တာဝန်တိုင်းတွင် ၎င်းတို့၏ တာဝန်များအပြင်၊ ၎င်းတို့၏ အစွမ်းအစနှင့် အလုပ်လုပ်နိုင်စွမ်းတို့နှင့်စပ်လျဉ်းသော ပြဿနာများ ပါဝင်သည်။