ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၂၁) အခန်း သုံး
အန္တိခရစ်များက အနှောင့်အယှက်များ ဖြစ်စေချိန်တွင် အယောင်ဆောင် ခေါင်းဆောင်များ ပြသသည့် သရုပ်သကန်များ
ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ ဆယ့်သုံးခုမြောက် တာဝန်ဖြစ်သည့် “ဘုရားသခင် ရွေးချယ်ထားသောလူများကို အန္တိခရစ်များ၏ နှောင့်ယှက်ခြင်း၊ အထင်အမြင်မှားစေခြင်း၊ ထိန်းချုပ်ခြင်းနှင့် ဆိုးဆိုးရွားရွားထိခိုက်နစ်နာစေခြင်းတို့မှ ကာကွယ်ပေးပြီး ၎င်းတို့အား အန္တိခရစ်များကို ပိုင်းခြားသိမြင်၍ စိတ်နှလုံးထဲမှ စွန့်လွှတ်နိုင်စေရန် ထောက်ကူပေးလော့”ဟူသည် နှင့်ပတ်သက်၍ ငါတို့ မိတ်သဟာယဖွဲ့ပြီးဖြစ်သည်။ ဆက်လက်၍၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်ရမည့် အလုပ်နှင့် နှိုင်းယှဉ်ခြင်းအားဖြင့်၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များကို မဖြည့်ဆည်းနိုင်သော လူစားတစ်မျိုးဖြစ်သည့် အယောင်ဆောင် ခေါင်းဆောင်များ၏ သရုပ်သကန်များကို ငါတို့ စိတ်ဖြာလေ့လာဆွေးနွေးပြီး ဖော်ထုတ်ကြမည်။ ဤအလုပ်ကို လုပ်ဆောင်ရာတွင်၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်ရန် လိုအပ်သည့် အလုပ်တာဝန်များစွာ ရှိပြီး၊ ၎င်းတို့အနေဖြင့်အစွမ်းအစတစ်ခုခုရှိရန်၊ အာရုံစိုက်တတ်ရန်၊ စေ့စပ်သေချာရန်၊ လေးနက်တည်ကြည်ရန်၊ တာဝန်ယူတတ်ရန်၊ ဘုရားသခင်၏ ဝန်တာကို အလေးထားရန်၊ ဘုရားသခင် ရွေးချယ်ထားသောလူများကို ကာကွယ်ပေးသည့် ချစ်ခြင်းမေတ္တာပါသော စိတ်နှလုံးရှိရန် စသည်တို့ကို လိုအပ်သည်။ ဤအရည်အသွေးများဖြင့်သာ ၎င်းတို့သည် မိမိတို့၏ တာဝန်ဝတ္တရားများကို ဖြည့်ဆည်းနိုင်ပေသည်။ သို့သော်လည်း၊ အယောင်ဆောင် ခေါင်းဆောင်များသည် ဤအရာနှင့် လုံးဝ ဆန့်ကျင်ဘက်ဖြစ်သည်၊ ၎င်းတို့၏ လူ့သဘာဝတွင် ဤအရည်အသွေးများ ကင်းမဲ့နေသည်။ ၎င်းတို့တွင် သမ္မာတရားကို သဘောပေါက်နားလည်နိုင်စွမ်းနှင့် အန္တိခရစ်များကို ပိုင်းခြားသိမြင်နိုင်စွမ်းတို့ဖြင့် အစွမ်းအစတစ်ခုခု ရှိကောင်းရှိနိုင်သည်၊ သို့မဟုတ် ၎င်းတို့သည် အန္တိခရစ်များ၏ သဘာဝ အနှစ်သာရကို အပြည့်အဝ မပိုင်းခြားနိုင်လျှင်ပင် များစွာသော ဒုစရိုက်အမှုများကို ကျူးလွန်သည့် သိသာထင်ရှားသော အန္တိခရစ်အချို့ကို အနည်းဆုံး ပိုင်းခြားသိမြင်နိုင်လျက် အနည်းငယ်နိမ့်သော အစွမ်းအစ ရှိကောင်းရှိနိုင်သည်၊ သို့မဟုတ်၊ ၎င်းတို့၏ အစွမ်းအစမှာ အန္တိခရစ်များ၏ အနှစ်သာရရှိသူများနှင့် အန္တိခရစ်များ၏ စိတ်သဘောထားရှိသူများအကြား ကွာခြားချက်များကို မပိုင်းခြားနိုင် သို့မဟုတ် ထိုးထွင်းမမြင်နိုင်သည်အထိ အလွန်ညံ့ဖျင်းကောင်း ညံ့ဖျင်းပေမည်။ မည်သို့ပင်ဖြစ်စေ၊ အယောင်ဆောင် ခေါင်းဆောင်များသည် ဤသရုပ်သကန်နှစ်မျိုးကို ပြသသည်။ တစ်ခုမှာ ၎င်းတို့သည် လက်တွေ့အလုပ်ကို မလုပ်ဆောင်ခြင်းဖြစ်သည်။ နောက်တစ်ခုမှာ ၎င်းတို့သည် အပေါ်ယံဆန်သည့်၊ အထွေထွေ အရေးကိစ္စဖြစ်သော အလုပ်များတွင်သာ ပါဝင်စဉ်တွင် လက်တွေ့ပြဿနာများကို ဖြေရှင်းရန် သို့မဟုတ် လက်တွေ့အလုပ်ကို လုပ်ဆောင်ရန် လုံးဝ မတတ်နိုင်ခြင်း ဖြစ်သည်။ ဆယ့်သုံးခုမြောက် တာဝန်နှင့် ဆက်စပ်သော အလုပ်တွင်၊ အယောင်ဆောင် ခေါင်းဆောင်များ၏ ဤထူးခြားသော လက္ခဏာနှစ်ခုမှာ ထင်ရှားနေဆဲဖြစ်သည်။ ဆက်လက်၍၊ ၎င်းတို့တွင် မည်သည့် တိကျသော သရုပ်သကန်များသာ ရှိသည်ကို ငါတို့ မိတ်သဟာယဖွဲ့ကြမည်။
၁။ အန္တိခရစ်များအား စိတ်အနှောင့်အယှက်ပေးမိမည်ကို စိုးရွံ့သောကြောင့် မဖော်ထုတ်ရဲခြင်းနှင့် မကိုင်တွယ်ရဲခြင်း
အန္တိခရစ်များက ဘုရားသခင် ရွေးချယ်ထားသောလူများကို နှောင့်ယှက်ခြင်း၊ အထင်အမြင်မှားစေခြင်း၊ ထိန်းချုပ်ခြင်း သို့မဟုတ် ဆိုးဆိုးရွားရွား ထိခိုက်နစ်နာစေခြင်းတို့ ပြုလုပ်သည့်အခါ၊ အယောင်ဆောင် ခေါင်းဆောင်များ၏ ပထမဆုံး သရုပ်သကန်မှာ ဘာကိုမျှမလုပ်ခြင်း ဖြစ်သည်။ ဘာကိုမျှမလုပ်ခြင်းက မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ လက်တွေ့အလုပ်ကို မလုပ်ဆောင်ခြင်းအား ဆိုလိုသည်။ လက်တွေ့အလုပ်ကို မလုပ်ဆောင်ခြင်း၏ နောက်ကွယ်တွင် အကြောင်းရင်းများ ရှိသည်။ အဓိကအားဖြင့် လူတို့အား စိတ်အနှောင့်အယှက်ဖြစ်စေမိမည်ကို ကြောက်ရွံ့ခြင်းနှင့် စည်းမျဉ်းများကို ထိန်းသိမ်းရန် သတ္တိမရှိခြင်းတို့ ဖြစ်သည်။ ခေါင်းဆောင်များ ဖြစ်လာပြီးနောက်၊ ဤလူများသည် “ယခု ငါ့မှာ အဆင့်အတန်းရှိပြီ၊ ငါသည် အသင်းတော်၏ အရာရှိတစ်ဦး ဖြစ်သည်။ ငါသည် ညီအစ်ကိုမောင်နှမများ၏ အစားအသောက်၊ အဝတ်အစား၊ အိမ်ရာနှင့် သွားရေးလာရေးတို့ကို စီမံခန့်ခွဲရမည်၊ ညီအစ်ကိုမောင်နှမများ ပြောဆိုသည့်အရာသည် သမ္မာတရားနှင့် ကိုက်ညီမှုရှိမရှိနှင့် သူတော်စင်တို့၏ အမူအကျင့်နှင့် ညီညွတ်မှုရှိမရှိဟူသည်ကို ငါ ပိုင်းခြားသိမြင်ရမည်။ သူတို့အနေဖြင့် ဘုရားသခင်အပေါ် ရိုးသားစစ်မှန်မှုရှိမရှိ၊ ၎င်းတို့၏ ဝိညာဉ်ရေးရာအသက်တာများ ပုံမှန်ဟုတ်မဟုတ်၊ ၎င်းတို့အနေဖြင့် နံနက်ခင်းနှင့် ညနေခင်းဆုတောင်းခြင်းများ ပြုလုပ်ခြင်းရှိမရှိ၊ ၎င်းတို့၏ ပုံမှန်စုဝေးပွဲများ ပုံမှန်ရှိမရှိဟူသည်တို့ကို ငါ ကြည့်ရမည်။ ဤအရာအားလုံးကို ငါ စီမံခန့်ခွဲရမည်” ဟု တွေးလျက် မိမိတို့၏ အာဏာကို စတင် ကြွားဝါကြသည်။ အယောင်ဆောင် ခေါင်းဆောင်များက ဤကိစ္စရပ်များကိုသာ ဂရုစိုက်ကြသည်။ လုပ်ရိုးလုပ်စဉ်အရ၊ ၎င်းတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များကို ဖြည့်ဆည်းသည့်ပုံ ပေါ်သော်လည်း၊ မရှိမဖြစ်လိုအပ်သော စည်းမျဉ်းဆိုင်ရာ ကိစ္စရပ်များ ပေါ်ပေါက်လာသည့်အခါ၊ သို့မဟုတ် အန္တိခရစ်များ ပေါ်ပေါက်လာသည့်အခါတွင်ပင်၊ ခေါင်းဆောင်အယောင်ဆောင်များသည် အရိပ်ထဲတွင် ပုန်းအောင်းနေကြပြီး နှုတ်ဆိတ်နေကာ မည်သည့်အရာကိုမျှ သတိမမူမိသည့်အပြင် သတိမပြုမိနိုင်သည့်ဟန် ဆောင်ကြသည်။ အန္တိခရစ်များက မည်သို့သော မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အယူအဆများကို ဖြန့်ဝေသည်ဖြစ်စေ၊ ၎င်းတို့က မကြားဟန်ဆောင်ကြသည်။ အန္တိခရစ်များက ဘုရားသခင် ရွေးချယ်ထားသောလူများကို နှောင့်ယှက်ခြင်း၊ အထင်အမြင်မှားစေခြင်းနှင့် ထိန်းချုပ်ခြင်းတို့ ပြုလုပ်သည့်အခါတွင်လည်း၊ ဤအချက်အလက်အားလုံးက ၎င်းတို့ထံ ရောက်သည့်အခါ ပျောက်ကွယ်သွားသည့်အလား၊ ၎င်းတို့သည် သတိမမူမိဟန်လည်း ဆောင်ကြသည်။ သာမန် ညီအစ်ကိုမောင်နှမများပင် ပိုင်းခြားသိမြင်နိုင်သည့် အန္တိခရစ်များကို ၎င်းတို့က “ကျွန်ုပ်သည် ၎င်းတို့ကို ထိုးထွင်းမမြင်နိုင်ပါ။ ကျွန်ုပ် လူမှားပြီး နှင်ထုတ်မိလျှင် မည်သို့လုပ်မည်နည်း။ ညီအစ်ကိုမောင်နှမများကို ကျွန်ုပ် မှားယွင်းစွာ သတ်မှတ်မိလျှင် မည်သို့လုပ်မည်နည်း။ ထို့အပြင် ဘုရားအိမ်တော်သည် အစေခံမှု ပေးရန် လူများ လိုအပ်နေဆဲ ဖြစ်သည်” ဟု ပြောဆိုလျက် မပိုင်းခြားနိုင်သည့်ဟန် ဆောင်ကြသည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များကို ရှောင်လွှဲရန် ဆင်ခြေမျိုးစုံကို အသုံးပြုလျက်၊ ၎င်းတို့သည် အန္တိခရစ်များကို ကိုင်တွယ်ဖြေရှင်းခြင်းအား ရှောင်ရှားပြီး ညီအစ်ကိုမောင်နှမများကို အန္တိခရစ်များ၏ ဘေးအန္တရာယ်မှ မကာကွယ်ကြပေ။ အချို့သော အယောင်ဆောင် ခေါင်းဆောင်များကပင် “အကယ်၍ ကျွန်ုပ်သည် အန္တိခရစ်များကို အမြဲ ဖော်ထုတ်နေလျှင်၊ ၎င်းတို့က ကျွန်ုပ်ကို တိုက်ခိုက်ဖို့ ညီအစ်ကိုမောင်နှမများကို လှုံ့ဆော်လျှင် မည်သို့လုပ်မည်နည်း။ ထိုအခါ နောက်ရွေးကောက်ပွဲတွင် မည်သူမျှ ကျွန်ုပ်ကို မဲပေးတော့မည် မဟုတ်သည့်အပြင် ကျွန်ုပ်သည် ခေါင်းဆောင်တစ်ဦးအဖြစ် ဆက်ရှိနိုင်တော့မည် မဟုတ်ပါ။ ကျွန်ုပ်၏ ဩဇာလွှမ်းမိုးမှုသည် ၎င်းတို့လောက် မကြီးပါ”ဟု ပြောဆိုကြသည်။ မိမိတို့၏ အဆင့်အတန်းနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံမှုကို ကာကွယ်ရန်၊ အယောင်ဆောင် ခေါင်းဆောင်များသည် ဘုရားသခင် ရွေးချယ်ထားသောလူများကို ကာကွယ်ရန် မိမိတို့၏ တာဝန်ကို လုံးဝ မဖြည့်ဆည်းသည့်အပြင်၊ အန္တိခရစ်များက ညီအစ်ကိုမောင်နှမများကို ထိခိုက်နစ်နာစေခြင်းမရှိအောင် အကြီးမားဆုံး အတိုင်းအတာထိ မတားဆီးကြပေ။ ၎င်းတို့သည် လူ့အကြိုက်လိုက်သူတစ်ဦးအဖြစ်လည်းကောင်း၊ မိမိ၏အခွံထဲတွင် ပုန်းအောင်းနေသော လိပ်တစ်ကောင်အဖြစ်လည်းကောင်း ပြုမူကြစဉ်တွင် တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ကောင်းသောသူတစ်ဦးလည်း ဖြစ်သည်။ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများကို မကာကွယ်ဘဲ မိမိတို့ကိုယ်ကို မည်သို့ကာကွယ်ရမည်ကို စဉ်းစားရာတွင်မူ အလွန် စေ့စပ်ကြသည်။ အန္တိခရစ်များကို ကိုင်တွယ်ဖြေရှင်းခြင်း သို့မဟုတ် ညီအစ်ကိုမောင်နှမများက ပိုင်းခြားသိမြင်နိုင်စွမ်း ရရှိစေရန် ၎င်းတို့ကို ပြုပြင်ခြင်းနှင့် ဖော်ထုတ်ခြင်းတို့နှင့် ပတ်သက်လာသည့်အခါ၊ ၎င်းတို့သည် သေမလောက် ကြောက်ရွံ့ကြသည်။ မိမိတို့၏ အဆင့်အတန်းကို ဆုံးရှုံးမည်ကို စိုးရိမ်ကြပြီး ထိုသို့လုပ်ဆောင်ခြင်းက မိမိတို့အတွက် အန္တရာယ်ရှိသည်ဟု ခံစားရသည်။ ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသောလူများ၏ အကျိုးစီးပွားကို လုံးဝ အလေးမထားကြပေ။ မိမိတို့၏ ကိုယ်ပိုင်အကျိုးစီးပွား၊ ဂုဏ်သတင်း၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ ဘေးကင်းလုံခြုံမှုနှင့် မိမိတို့မိသားစု၏ လုံခြုံမှုကိုသာ ထည့်သွင်းစဉ်းစားကာ၊ မတော်တဆ အန္တိခရစ်များကို စိတ်အနှောင့်အယှက်ဖြစ်စေခြင်းက ၎င်းတို့အား ရက်စက်ကြမ်းကြုတ်စွာ ရန်လိုလာစေပြီး လက်စားချေခြင်း ဖြစ်စေမည်ကို ကြောက်ရွံ့ကြသည်။ ဤသို့သော အယောင်ဆောင် ခေါင်းဆောင်မျိုးသည် အမှန်တကယ်တွင် အစွမ်းအစတစ်ခုခု ရှိသည်။ ၎င်းတို့၏ အစွမ်းအစနှင့် ထိုးထွင်းသိမြင်မှုဖြင့်၊ အန္တိခရစ်များက မည်သူဖြစ်သည်ကို ၎င်းတို့ အပြည့်အဝ သိရှိကြသော်လည်း၊ ပြဿနာမှာ အန္တိခရစ်များအား စိတ်အနှောင့်အယှက်ဖြစ်စေမိသည်ကို ၎င်းတို့၏ ကြောက်ရွံ့ခြင်း၌ တည်ရှိနေသည်။ အန္တိခရစ်များ၏ ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထားကို မြင်တွေ့ရသဖြင့်၊ ၎င်းတို့သည် ထိုအန္တိခရစ်များကို စိတ်အနှောင့်အယှက်မဖြစ်စေဝံ့ကြချေ။ သို့သော်လည်း၊ မိမိတို့ကိုယ်ကို ကာကွယ်ရန်၊ ၎င်းတို့သည် ဘုရားအိမ်တော်နှင့် ဘုရားသခင် ရွေးချယ်ထားသောလူများ၏ အကျိုးစီးပွားကို စတေးရန် နောက်မတွန့်ကြပေ။ ညီအစ်ကိုမောင်နှမများကို အန္တိခရစ်များ၏ လက်ထဲသို့ လွှဲအပ်ခြင်းခံရသည်ကို ၎င်းတို့ ဂရုမစိုက်စွာ ကြည့်နေကြပြီး၊ အန္တိခရစ်များက ၎င်းတို့ကို အလိုရှိသလို အထင်အမြင်မှားစေရန်၊ ထိန်းချုပ်ရန်နှင့် ဆိုးဆိုးရွားရွားထိခိုက်နစ်နာစေရန် ခွင့်ပြုကြသည်။ ၎င်းတို့အား ခြိမ်းခြောက်မှုမပြုသော အတော်အတန် ဟန်ဆောင်မှုကင်းပြီး လူ့သဘာဝကောင်းရှိသည့် လူအချို့ကို နောက်ကွယ်တွင် အယောင်ဆောင် ခေါင်းဆောင်များက၊ “ထိုလူသည် အန္တိခရစ်တစ်ဦး ဖြစ်သည်။ ၎င်းတို့သည် အခြားသူများကို အထင်အမြင်မှားစေသည်။ ၎င်းတို့သည် လူကောင်းတစ်ဦး မဟုတ်ပါ” ဟု ရံဖန်ရံခါသာ ပြောကြသည်။ သို့သော်လည်း၊ ညီအစ်ကိုမောင်နှမများအားလုံး၏ ရှေ့မှောက်နှင့် အန္တိခရစ်များ၏ ရှေ့မှောက်တွင်၊ ၎င်းတို့သည် အန္တိခရစ်များကို “မဟုတ်ပါ” ဟူ၍ တစ်လုံးတစ်ပါဒမျှ ပြောဆိုရန် မည်သည့်အခါမျှ မဝံ့ရဲကြပေ။ ၎င်းတို့သည် အန္တိခရစ်များ၏ ဒုစရိုက်အမှုများတစ်ခုတလေ သို့မဟုတ် အနှစ်သာရကို ဖော်ထုတ်ရန် သတ္တိ လုံးဝမရှိကြပေ။ စုဝေးပွဲများအတွင်းတွင်ပင်၊ အန္တိခရစ်များက စင်ကို လက်ဝါးကြီးအုပ်ကာ တစ်နာရီ သို့မဟုတ် နှစ်နာရီကြာ ပြောဆိုသည့်အခါ၊ ၎င်းတို့သည် အသံတစ်ချက်မျှ မထွက်ဝံ့ကြပေ။ အကယ်၍ အန္တိခရစ်များက စားပွဲကို လက်ဖြင့်ရိုက်ပြီး လူတို့ကို စူးစိုက်ကြည့်လျှင်၊ ၎င်းတို့သည် အသက်ပင် သိပ်ကျယ်ကျယ် မရှူဝံ့ကြပေ။ ၎င်းတို့၏ အလုပ်နယ်ပယ်အတွင်းတွင်၊ ဝိညာဉ်ရင့်ကျက်မှု သေးငယ်သူများ၊ သူရဲဘောကြောင်သော လူ့သဘာဝရှိသူများနှင့် သမ္မာတရားကို လိုက်စားလိုသော်လည်း ပိုင်းခြားသိမြင်နိုင်စွမ်း မရရှိသေးသူများသည် အန္တိခရစ်များ၏ ဒုစရိုက်အမှုများကို ရှေ့ထွက်၍ ဖော်ထုတ်ပြီး ပိုင်းခြားသိမြင်ပေးနိုင်သည့် ခေါင်းဆောင်များ သို့မဟုတ် အမှုဆောင်များ မရှိသောကြောင့် စိတ်ဆင်းရဲကြရသည်။ အန္တိခရစ်များက အသင်းတော်တွင် အာဏာရှင်ဆန်ဆန် ပြုမူသည့်အခါတွင် မဆင်မခြင် လက်လွတ်စပယ် ပြုမူပြီး အသင်းတော်အသက်တာကို နှောင့်ယှက်ခြင်းကို တန်ပြန်ရန် မည်သည့်နည်းလမ်းမျှမရှိဘဲ ကူကယ်ရာမဲ့ ကြည့်နေကြရသည်။ ထိုစဉ်အတောအတွင်းတွင်၊ အယောင်ဆောင် ခေါင်းဆောင်များကမူ မည်သည့် လက်တွေ့အလုပ်ကိုမျှ မလုပ်ဆောင်သည့်အပြင် ဘုရားသခင် ရွေးချယ်ထားသောလူများအတွက် လက်တွေ့ပြဿနာများကို မဖြေရှင်းကြပေ။ ညီအစ်ကိုမောင်နှမများက အခက်အခဲများထဲသို့ ကျရောက်သည့်အခါ၊ အယောင်ဆောင် ခေါင်းဆောင်များသည် အန္တိခရစ်များ၏ ဒုစရိုက်အမှုများကို ဖော်ထုတ်ရန်နှင့် ချုပ်ချယ်ကန့်သတ်ရန် ပျက်ကွက်သည်သာမက၊ မျှတသော စကားတစ်ခွန်းကိုပင် မပြောဆိုဝံ့ကြချေ။ ၎င်းတို့၏ အသိစိတ်က တစ်စုံတစ်ရာ ခံစားရပြီး ၎င်းတို့ကို အနည်းငယ် စွပ်စွဲကာ၊ နောက်ကွယ်တွင် ဘုရားသခင်ထံ ဆုတောင်းခြင်းဖြင့် မျက်ရည်အနည်းငယ် ကျလျှင်ပင်၊ နောက်တစ်နေ့ စုဝေးပွဲအတောအတွင်း၊ အန္တိခရစ်များက ဘုရားအိမ်တော်၏ အလုပ်နှင့်ပတ်သက်၍ တာဝန်မဲ့သော မှတ်ချက်များ ပေးကာ မဆင်မခြင် ဝေဖန်သည်ကိုလည်းကောင်း၊ ဘုရားသခင်ကိုပင် သွယ်ဝိုက်၍ ဝေဖန်ပြီး ဘုရားသခင်နှင့်ပတ်သက်သော အယူအဆများကို ဖြန့်ဝေသည်ကိုလည်းကောင်း ၎င်းတို့ မြင်သည့်အခါ၊ မှားမှန်းသိလျက်နှင့်ပင် မည်သည့်အရာကိုမျှ မလုပ်ဆောင်ကြပေ။ အန္တိခရစ်များက ဘုရားအိမ်တော်၏ ပူဇော်သက္ကာများအား ဖြုန်းတီးနေသည်ကို တွေ့မြင်သည့်အခါတွင်ပင်၊ ၎င်းတို့သည် ယင်းကို ဘေးဖယ်သည့် သဘောထားကို ခံယူကြသည်။ ၎င်းတို့သည် အန္တိခရစ်များကို လုံးဝ ဖော်ထုတ်ခြင်းမရှိ၊ သို့မဟုတ် ကန့်သတ်ချုပ်ချယ်ခြင်း မရှိသည့်အပြင်၊ ၎င်းတို့၏ စိတ်နှလုံးထဲတွင် မိမိတို့ကိုယ်ကို အပြစ်တင်ကြိမ်းမောင်းခြင်း အနည်းငယ်မျှပင် မခံစားရပေ။ ဤသည်မှာ အလွန့်အလွန် တာဝန်မဲ့ခြင်း ဖြစ်သည်။ အသိစိတ်တစ်ခုခုရှိသောသူ မည်သူမဆို၊ မိမိ၏ အင်အားက အလွန်နည်းပါးသည်ဟု ခံစားရလျှင်ပင်၊ ဤကိစ္စနှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့ရန်နှင့် အန္တိခရစ်များအား မည်သို့ကိုင်တွယ်ဖြေရှင်းရမည်ကို ဆွေးနွေးရန် ဝိညာဉ်ရင့်ကျက်မှုနှင့် ပိုင်းခြားသိမြင်နိုင်စွမ်းအချို့ရှိသော ညီအစ်ကိုမောင်နှမများနှင့် ပူးပေါင်းသင့်သည်။ သို့သော် အယောင်ဆောင် ခေါင်းဆောင်များတွင် ထိုသို့သော စိတ်ပိုင်းဖြတ်မှုနှင့် သတ္တိကင်းမဲ့သည့်အပြင်၊ ထို့ထက်ပင်ပို၍ ထိုသို့သော တာဝန်သိစိတ်လည်း ကင်းမဲ့ကြသည်။ ၎င်းတို့က ညီအစ်ကိုမောင်နှမများကိုပင် “အန္တိခရစ်များသည် အလွန် ရက်စက်ကြမ်းကြုတ်သည်။ အကယ်၍ ၎င်းတို့ကို ကျွန်ုပ်တို့ စိတ်အနှောင့်အယှက်ပေးမိလျှင်၊ ၎င်းတို့က ကျွန်ုပ်တို့ကို အစိုးရထံ တိုင်ကြားလိမ့်မည်။ ထိုအခါ ကျွန်ုပ်တို့ထဲမှ မည်သူမျှ ဘုရားသခင်ကို ယုံကြည်နိုင်တော့မည် မဟုတ်ပါ။ အန္တိခရစ်များသည် အသင်းတော်၏ စုဝေးရာနေရာများကို သိသည်၊ ထို့ကြောင့် ကျွန်ုပ်တို့ ၎င်းတို့ကို ရန်စ၍မရပါ”ဟု ပြောဆိုကြသည်။ ဤသည်မှာ လုံးဝ အန္တိခရစ်များထံ လက်နက်ချကာ အညံ့ခံခြင်း၊ စာတန်နှင့် အပေးအယူလုပ်ခြင်းနှင့် အသနားခံခြင်း၏ အကျည်းတန်သော ပြုမူပြောဆိုပုံဖြစ်သည်။
မိမိတို့ကိုယ်ကို ကာကွယ်ခြင်းအပြင်၊ အယောင်ဆောင် ခေါင်းဆောင်များသည် ဘုရားသခင် ရွေးချယ်ထားသောလူများကို ကာကွယ်ခြင်းနှင့် အန္တိခရစ်များအပေါ် ပိုင်းခြားသိမြင်နိုင်စွမ်း ရရှိရန် ၎င်းတို့ကို ကူညီခြင်းကဲ့သို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်သင့်သည့် အလုပ်တစ်ခုကိုမျှ မလုပ်ဆောင်ကြသည့်အပြင်၊ မည်သည့် တာဝန်ဝတ္တရားများကိုမျှ လုံးဝ မဖြည့်ဆည်းကြဘဲ၊ ညီအစ်ကိုမောင်နှမများက ၎င်းတို့အား ခေါင်းဆောင်များအဖြစ် ရွေးကောက်တင်မြှောက်ရန် အစဉ်အမြဲ လိုလားနေကြဆဲ ဖြစ်သည်။ ၎င်းတို့ သက်တမ်းတစ်ခု ပြီးဆုံးပြီးနောက်၊ နောက်သက်တမ်းအတွက် ရွေးကောက်တင်မြှောက်ခံရရန် အလိုရှိကြသည်။ ဤသည်မှာ အရှက်မဲ့ပြီး အဖတ်ဆယ်၍မရနိုင်ခြင်း မဟုတ်လော။ ထိုသို့သောလူများသည် ခေါင်းဆောင်များဖြစ်ရန် ထိုက်တန်သလော။ (မထိုက်တန်ပါ။) ဘုရားအိမ်တော်သည် သိုးအုပ်ကို သင့်ထံ အပ်နှံသည်၊ သို့သော် သားရဲတိရစ္ဆာန်များ လာသည့်အခါ၊ အရေးကြီးသည့် အခိုက်အတန့်တွင်၊ သင်သည် သင့်ကိုယ်သင်သာ ကာကွယ်ပြီး သိုးအုပ်ကို သားရဲတိရစ္ဆာန်များထံ လွှဲပြောင်းပေးလိုက်သည်။ သင်သည် မိမိကိုယ်ကို ပုန်းအောင်းရန် ခိုလှုံရာတစ်ခု၊ လုံခြုံသောနေရာတစ်ခုကို ရှာဖွေလျက် ကျုံ့ကျုံ့လေးဖြစ်နေသော လိပ်တစ်ကောင်ကဲ့သို့ ပြုမူသည်။ အကျိုးဆက်အနေဖြင့်၊ သိုးအုပ်မှာ ထိခိုက်နစ်နာရသည်၊ သိုးအချို့မှာ ကိုက်သတ်ခံရပြီး အချို့မှာ ပျောက်ဆုံးသွားသည်။ အသင်းတော်၏အလုပ်ကို အန္တိခရစ်များက မဆင်မခြင် နှောင့်ယှက်နေသည်ကိုလည်းကောင်း၊ ဘုရားသခင် ရွေးချယ်ထားသောလူများကို အထင်အမြင်မှားစေပြီး ထိန်းချုပ်နေသည်ကိုလည်းကောင်း ခေါင်းဆောင်တစ်ဦးက မြင်ရသော်လည်း၊ မိမိ၏ သိက္ခာ၊ အဆင့်အတန်းနှင့် အသက်မွေးဝမ်းကျောင်းအား ကာကွယ်ရန်နှင့် မိမိ၏ ကိုယ်ပိုင်လုံခြုံမှုကို သေချာစေရန် ယင်းကို လျစ်လျူရှုသည့် သဘောထားကို ခံယူသည် ဆိုကြပါစို့။ အကျိုးဆက်အနေဖြင့် ဘုရားသခင် ရွေးချယ်ထားသောလူ အများစုမှာ အထင်အမြင်မှားစေခြင်းကို ခံရပြီး၊ ကူကယ်ရာမဲ့ ခံစားရကာ၊ အပျက်သဘောဆောင်လာသည့်အပြင် အားနည်းလာကြသည်၊ အချို့မှာ အန္တိခရစ်များ၏ ဖမ်းစားခြင်းကိုပင် ခံရပြီး၊ အချို့မှာ မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရန် မလိုလားကြတော့ပေ။ သို့တိုင်၊ ဤခေါင်းဆောင်သည် အန္တိခရစ်များက ဖြစ်စေသော နှောင့်ယှက်မှုများကို မြင်သည့်အခါ မည်သည့်အရာကိုမျှ မခံစားရပေ။ ၎င်း၏ အသိစိတ်သည် အပြစ်တင်ခြင်းကို မခံစားရပေ။ ဤသို့သော ခေါင်းဆောင် သို့မဟုတ် အမှုဆောင်မျိုးတွင် လူ့သဘာဝ အနည်းငယ်မျှ ရှိသလော။ မိမိကိုယ်ကို ကာကွယ်စောင့်ရှောက်ခြင်းဟူသော မိမိတို့၏ ကိုယ်ပိုင်ပန်းတိုင်ကို စွမ်းဆောင်ရရှိရန်အလို့ငှာ၊ ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသောလူများကို အန္တိခရစ်များထံ လွှဲပြောင်းပေးရန်နှင့် အန္တိခရစ်များက ၎င်းတို့ကို အထင်အမြင်မှားစေရန်၊ ရက်စက်စွာ အန္တရာယ်ပေးရန်နှင့် ဖျက်ဆီးရန် ခွင့်ပြုဖို့ နောက်မတွန့်ကြပေ။ ဤသည်မှာ မည်သည့် ခေါင်းဆောင်မျိုး ဖြစ်သနည်း။ (အယောင်ဆောင် ခေါင်းဆောင်တစ်ဦး ဖြစ်ပါသည်။) ဤသည်မှာ စာတန်၏ ကြံရာပါတစ်ဦး မဟုတ်လော။ ၎င်းတို့သည် အမှန်တကယ် မည်သည့်ဘက်တွင် ရှိနေကြသနည်း။ ၎င်းတို့သည် အယောင်ဆောင် ခေါင်းဆောင်တစ်ဦးအဖြစ် သတ်မှတ်ခံရသော်လည်း၊ ဤပြဿနာ၏ အနှစ်သာရမှာ အယောင်ဆောင် ခေါင်းဆောင်တစ်ဦး ဖြစ်ခြင်းထက်ပင် ပို၍ ဆိုးရွားကောင်းဆိုးရွားပေမည်။ ယင်းတွင် ညီအစ်ကိုမောင်နှမများကို သစ္စာဖောက်ခြင်း သဘာဝ ရှိသည်၊ ဖမ်းဆီးနှိပ်စက်ခံရပြီး ယုဒများ ဖြစ်လာကာ ညီအစ်ကိုမောင်နှမများကို ကြီးစွာ ထိခိုက်နစ်နာစေရန် အဆင်းနီသော နဂါးကြီးထံ လွှဲပြောင်းပေးလိုက်သည့် ထိုလူများကဲ့သို့ပင် ဖြစ်သည်။ သို့ဆိုလျှင်၊ အယောင်ဆောင် ခေါင်းဆောင်တစ်ဦးက ဘုရားသခင် ရွေးချယ်ထားသောလူများကို အန္တိခရစ်များထံ လွှဲပြောင်းပေးခြင်း၏ သဘာဝမှာ အဘယ်နည်း။ ထိုသို့သော အယောင်ဆောင် ခေါင်းဆောင်များသည် အလွန် ယုတ်မာကြသည် မဟုတ်လော။ အန္တိခရစ်များနှင့် နှိုင်းယှဉ်လျှင်၊ ဤအယောင်ဆောင် ခေါင်းဆောင်များသည် အပြင်ပန်းတွင် သမ္မာတရားကို အတိုက်အခံလုပ်ရန် ရည်ရွယ်ချက်ရှိပုံမပေါ်ပေ။ ၎င်းတို့သည် သမ္မာတရားအချို့ကို မိတ်သဟာယဖွဲ့နိုင်ပုံရသည်၊ သဘောပေါက်နားလည်နိုင်စွမ်းအချို့ ရှိပုံရသည့်အပြင်၊ သမ္မာတရားအနည်းငယ်ကို လက်တွေ့လုပ်ဆောင်နိုင်ပုံ ရပြီး၊ ၎င်းတို့ထဲမှ အချို့မှာ ဆင်းရဲဒုက္ခကိုပင် ခံနိုင်ကာ အဖိုးအခပေးဆပ်နိုင်သည်။ သို့တိုင်၊ ဘုရားအိမ်တော်က ဘုရားသခင်၏ သိုးအုပ်ကို ၎င်းတို့ထံ အပ်နှံသည့်အခါနှင့် ဆိုးယုတ်သောလူများနှင့် နတ်ဆိုးများ ပေါ်ပေါက်လာသည့်အခါ၊ ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသောလူများကို ကာကွယ်ရန် မိမိတို့၏ အသက်များကို အသုံးပြု၍ တတ်နိုင်သမျှ အရာအားလုံးကို မလုပ်ဆောင်ကြပေ။ ထိုအစား၊ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်လုံခြုံမှုနှင့် အကျိုးစီးပွားကို ရရှိရန်အလို့ငှာ ညီအစ်ကိုမောင်နှမများကို ကာကွယ်ပေးသည့် ဒိုင်းတစ်ခုအဖြစ် ပြုမူရန် တွန်းထုတ်လျက်၊ မိမိတို့ကိုယ်ကို ကာကွယ်ရန် တတ်နိုင်သမျှ အရာအားလုံးကို လုပ်ဆောင်ကြသည်။ ဤလူများသည် စက်ဆုပ်ဖွယ်ကောင်းပြီး တစ်ကိုယ်ကောင်းဆန်လိုက်လေခြင်းပါတကား။ အပေါ်ယံအားဖြင့်၊ ၎င်းတို့၏ လူ့သဘာဝတွင် ကြီးမားသော ပြဿနာများ မရှိပုံပေါ်သည်။ ၎င်းတို့က လူတို့အပေါ် ချစ်ခြင်းမေတ္တာရှိသည်၊ အခြားသူများကို ကူညီနိုင်သည်၊ အဖိုးအခပေးဆပ်ရန် လိုလားပြီး မိမိတို့၏ တာဝန်များကို ထမ်းဆောင်စဉ် မည်သည့်ဆင်းရဲဒုက္ခကိုမဆို ခံနိုင်ရည်ရှိသည်။ သို့သော်လည်း၊ အန္တိခရစ်များ ပေါ်ပေါက်လာသည့်အခါ၊ ၎င်းတို့သည် မျှော်လင့်မထားသော၊ နားမလည်နိုင်သော အရာတစ်ခုကို လုပ်ဆောင်ကြသည်။ အန္တိခရစ်များက ဘုရားသခင် ရွေးချယ်ထားသောလူများကို မည်သို့ပင် အထင်အမြင်မှားစေသည်ဖြစ်စေ သို့မဟုတ် အသင်းတော်အသက်တာကို နှောင့်ယှက်သည်ဖြစ်စေ၊ မည်သည့်အရာကိုမျှ ၎င်းတို့ မလုပ်ဆောင်ကြပေ။ လူမည်မျှက အန္တိခရစ်များ၏ တိုက်ခိုက်ခြင်း၊ ဖယ်ကြဉ်ခြင်း သို့မဟုတ် ထိခိုက်နစ်နာစေခြင်းတို့ကို ခံရသည်ဖြစ်စေ၊ ၎င်းတို့က လျစ်လျူရှုကြသည်။ ထိုသို့လုပ်ဆောင်ခြင်းဖြင့်၊ ဤခေါင်းဆောင်များသည် ဘုရားသခင် ရွေးချယ်ထားသောလူများကို အန္တိခရစ်များ၏ ထိန်းချုပ်မှုအောက်သို့ လုံးဝ လွှဲပြောင်းပေးလိုက်ပြီး၊ အန္တိခရစ်များက ထိုသူတို့ကို အလိုရှိသလို အထင်အမြင်မှားစေရန်နှင့် ဆိုးဆိုးရွားရွားထိခိုက်နစ်နာစေရန် ခွင့်ပြုကာ၊ ဤခေါင်းဆောင်များ ကိုယ်တိုင်ကမူ မည်သည့်အလုပ်ကိုမျှ လုံးဝ မလုပ်ဆောင်ကြပေ။ အန္တိခရစ်များကို သန့်စင်ဖယ်ရှားပြီး ပြဿနာ ပြေလည်သွားသည့်အခါ၊ ဤခေါင်းဆောင်များသည် မိမိတို့ မည်သို့ အားနည်းခဲ့ကြောင်း၊ သူရဲဘောကြောင်ခဲ့ကြောင်း၊ ကြောက်ရွံ့ခဲ့ကြောင်း၊ တစ်ကိုယ်ကောင်းဆန်ခဲ့ကြောင်းနှင့် လှည့်ဖြားတတ်ခဲ့ကြောင်း၊ ၎င်းတို့ သစ္စာမစောင့်သိခဲ့ကြောင်း၊ ဘုရားသခင် ရွေးချယ်ထားသောလူများကို ကောင်းစွာ မကာကွယ်ခဲ့ကြောင်းအပြင်၊ ဘုရားသခင်နှင့် ညီအစ်ကိုမောင်နှမများကို စိတ်ပျက်စေခဲ့ကြောင်းတို့နှင့်ပတ်သက်သည့် မိမိတို့ကိုယ်ကို သိသည့်အသိအကြောင်း မိတ်သဟာယဖွဲ့ရန် ထွက်ပေါ်လာကြသည်။ ၎င်းတို့သည် အလွန် နောင်တရပုံပေါ်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ပြုပြင်ပြီး နောင်တရနိုင်စွမ်းရှိပုံ ပေါ်သည်။ သို့သော်လည်း၊ အန္တိခရစ်များ တစ်ဖန် ပေါ်ပေါက်လာသည့်အခါ၊ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများကို ပြီးခဲ့သည့်အခေါက်ကကဲ့သို့ပင် အန္တိခရစ်များထံ တွန်းပို့ပြီး၊ မိမိတို့ကိုယ်တိုင်အတွက် ပုန်းအောင်းရန် လုံခြုံသောနေရာတစ်ခုကို ရှာဖွေကြသည်။ ၎င်းတို့သည် အန္တိခရစ်များ၏ အထင်အမြင်မှားစေခြင်း သို့မဟုတ် ထိခိုက်နစ်နာစေခြင်းကို ကိုယ်တိုင် မခံရသော်လည်း၊ မိမိတို့၏ တာဝန်ဝတ္တရားများကို ပျက်ကွက်ခဲ့ပြီး ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို သစ္စာဖောက်ခဲ့ကြသည်။ ၎င်းတို့၏ တာဝန်အပေါ်ထားသည့် သဘောထား၊ ဘုရားသခင် ရွေးချယ်ထားသောလူများအပေါ်ထားသည့် သဘောထားနှင့် ၎င်းတို့၏ သရုပ်အမှန်တို့က လုံးဝ ဖော်ထုတ်ခြင်းခံရသည်။ အန္တိခရစ်များ ထွက်ပေါ်သည့်အခါတိုင်းတွင်၊ ၎င်းတို့သည် ဘုရားသခင်ဘက်တွင် ရပ်တည်ပြီး အန္တိခရစ်များကို အဆုံးတိုင် တိုက်ခိုက်ရန် မရွေးချယ်ကြပေ။ ပြီးလျှင် ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဖြည့်ဆည်းရန် ခေါင်းဆောင်များ၏ တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန် မဆိုထားနှင့်၊ ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသောလူများအား ကာကွယ်ရန်နှင့် ထိုသို့ဖြင့် မိမိတို့၏ အသိစိတ်တွင် ငြိမ်သက်ခြင်းကို ခံစားရရန် ပြောသင့်သည့်အရာ အနည်းငယ်ကို မပြောဆိုကြ သို့မဟုတ် လုပ်သင့်သည့်အလုပ် အနည်းငယ်ကို မလုပ်ဆောင်ကြပေ။ ဤအယောင်ဆောင် ခေါင်းဆောင်များ၏ ရွေးချယ်မှုများနှင့် လုပ်ဆောင်ချက်များအားလုံးသည် မိမိတို့၏ ကိုယ်ပိုင်အဆင့်အတန်းကို ထိခိုက်နစ်နာခြင်းမရှိအောင် ကာကွယ်စောင့်ရှောက်ရန်အတွက်သာ လုံးလုံး ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသောလူများ၏ အသက်ရှင်ခြင်းကိုဖြစ်စေသေဆုံးခြင်းကိုဖြစ်စေ ဂရုမစိုက်ကြပေ။ ၎င်းတို့အတွက်မူ၊ မိမိတို့၏ ကိုယ်ပိုင်ဂုဏ်သတင်း၊ အကျိုးစီးပွားနှင့် အဆင့်အတန်းတို့ မထိခိုက်သရွေ့ အရာအားလုံးက အဆင်ပြေသည်။ မည်သူက အန္တိခရစ်များကို ဖော်ထုတ်သည်၊ မည်သူက နှင်ထုတ်သည်၊ အန္တိခရစ်များကို မည်သို့ ကိုင်တွယ်ဖြေရှင်းသင့်သည်၊ ဤကိစ္စရပ်များသည် ၎င်းတို့နှင့် သက်ဆိုင်ခြင်းမရှိသည့်အလား ဖြစ်နေသည်။ ၎င်းတို့သည် ဂရုလည်းမစိုက်သည့်အပြင်ဝင်ရောက်စွက်ဖက်ခြင်းလည်း မပြုကြပေ။ အန္တိခရစ်များက အသင်းတော်အသက်တာကို နှောင့်ယှက်သည့်အခါ၊ ဘုရားသခင် ရွေးချယ်ထားသောလူများကို ထိခိုက်နစ်နာစေပြီး သမ္မာတရားကို လိုက်စားသူများကို အမှုဆင်ကာညှဉ်းပန်းနှိပ်စက်သည့်အခါ၊ ၎င်းတို့က လျစ်လျူရှုကြသည်။ ဤအရာများသည် ၎င်းတို့အတွက် အရေးမကြီးပေ။ မိမိတို့၏ အဆင့်အတန်းကို အန္တရာယ်ပြုခြင်းမခံရသရွေ့ ၎င်းတို့အတွက် အားလုံး အဆင်ပြေသည်။ ဤလူစားမျိုးကို သင်တို့ မည်သို့ထင်သနည်း။ ပုံမှန်အားဖြင့်၊ ၎င်းတို့၏ လူ့သဘာဝသည် မဆိုးဟုထင်ရပြီး၊ ၎င်းတို့သည် အလုပ်အချို့ကို လုပ်ဆောင်နိုင်ပုံပေါ်သည်။ ပြုပြင်ခြင်းကို ၎င်းတို့ ရင်ဆိုင်ရသည့်အခါ၊ မိမိတို့ကိုယ်ကို သိနိုင်ပုံပေါ်ပြီး နောင်တရသော စိတ်နှလုံးအနည်းငယ် ရှိပုံပေါ်သည်။ သို့သော်လည်း၊ အန္တိခရစ်များက အသင်းတော်ကို နှောင့်ယှက်ခြင်းအား ၎င်းတို့ ကြုံတွေ့ရသည့်အခါ၊ ၎င်းတို့သည် မိမိတို့၏ ဆင်ခြင်တုံတရားကို လုံးဝ ဆုံးရှုံးသွားသည်၊ ၎င်းတို့တွင် တရားမျှတစိတ် မရှိသည့်အပြင်၊ အန္တိခရစ်များကို တိုက်ခိုက်ရန် သတ္တိပင် ကင်းမဲ့နေသည်။ နတ်ဆိုးများနှင့် စာတန်များကို မြင်သည့်အခါ ၎င်းတို့က အပေးအယူလုပ်ကြသည်။ ဆိုးယုတ်သောလူများက နှောင့်ယှက်မှုများ ပြုလုပ်သည်ကို မြင်သည့်အခါ ၎င်းတို့က ရှောင်ရှားသွားကြသည်။ ဆိုးယုတ်သောလူများနှင့် အန္တိခရစ်များအပေါ်ထားသည့် ၎င်းတို့၏ သဘောထားမှ အကဲဖြတ်ရလျှင်၊ ၎င်းတို့သည် မည်သည့်လမ်းကြောင်းကို အတိအကျ လိုက်လျှောက်နေကြသနည်း။ ဤသည်မှာ ၎င်းတို့၏ ပြဿနာကို အလွန် သရုပ်ဖော်ပြနေသည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤလူစားမျိုးသည် အပေါ်ယံအားဖြင့် အန္တိခရစ်တစ်ဦးဟု မထင်ရနိုင်သော်လည်း၊ ဆိုးယုတ်သောလူများနှင့် အန္တိခရစ်များ၏ လုပ်ဆောင်ချက်များနှင့် အပြုအမူများအပေါ် ၎င်းတို့ ပြသသည့် သဘောထားသည် အန္တိခရစ်များ၏ စိတ်သဘောထား အတိအကျပင် ဖြစ်ပြီး၊ ဤအရာ၏ သဘာဝမှာ ဆိုးရွားလှပေသည်။ ယင်းမှာ မိမိတို့၏ တာဝန်ဝတ္တရားများကို စွန့်လွှတ်ခြင်းနှင့် ဘုရားသခင် ရွေးချယ်ထားသောလူများကို သစ္စာဖောက်ခြင်း၏ သဘာဝဖြစ်သည်ဟု ဆိုနိုင်သည်။ ဤသဘာဝသည် အလွန် ဆိုးရွားသည် မဟုတ်လော။ ၎င်းတို့သည် အသင်းတော်၏အလုပ်နှင့် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်အပေါ် သစ္စာစောင့်သိမှု တစ်ခုခု ပြသကြသလော။ ၎င်းတို့တွင် တာဝန်ယူလိုသည့် သဘောထား အရိပ်အယောင်ပင် ရှိသလော။ ၎င်းတို့ကို တာဝန်ပေးစေခိုင်းချက်တစ်ခု သို့မဟုတ် အလုပ်တာဝန်တစ်ခုကို မည်သည့်အချိန်တွင် အပ်နှံသည်ဖြစ်စေ၊ ၎င်းတို့၏ စည်းမျဉ်းမှာ လူတို့ကို စိတ်အနှောင့်အယှက်ဖြစ်စေခြင်းအား ရှောင်ရှားရန်နှင့် မိမိတို့ကိုယ်ကို ကာကွယ်ရန် ဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ ကျင့်ကြံပြုမူခြင်းအတွက် အမြင့်ဆုံးသော စံနှုန်းဖြစ်ပြီး အမှုအရာများကို လုပ်ဆောင်ခြင်းအတွက် ၎င်းတို့၏ စည်းမျဉ်းဖြစ်ကာ၊ ဤအရာသည် မည်သည့်အခါမျှ ပြောင်းလဲမည် မဟုတ်ပေ။ ထိုသို့သောလူများ ကယ်တင်ခြင်းခံရနိုင်မည်လောဟူသော မေးခွန်းကို ယခုလောလောဆယ် ဘေးဖယ်ထားကြစို့။ အန္တိခရစ်များကို ကိုင်တွယ်ဖြေရှင်းခြင်းအလုပ်အရ အကဲဖြတ်ရုံမျှဖြင့်၊ ဤအယောင်ဆောင် ခေါင်းဆောင်များသည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို လက်ခံရန် ထိုက်တန်သလော။ ၎င်းတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များဖြစ်ရန် ထိုက်တန်သလော။ (မထိုက်တန်ပါ။) ဤလူများသည် ခေါင်းဆောင်များနှင့် အမှုဆောင်များဖြစ်ရန် မထိုက်တန်ပေ။ ဤသည်မှာ ၎င်းတို့တွင် အသိစိတ်နှင့် ဆင်ခြင်တုံတရား ကင်းမဲ့သောကြောင့်ဖြစ်ပြီး၊ အသင်းတော်ခေါင်းဆောင်ပိုင်း၏ အလုပ်ကို ၎င်းတို့ တာဝန်ယူရန် မထိုက်တန်ပေ။ ၎င်းတို့အနေဖြင့်အန္တိခရစ်များက ဘုရားသခင် ရွေးချယ်ထားသောလူများကို ထိခိုက်နစ်နာစေခြင်းမရှိအောင်အကြီးမားဆုံး အတိုင်းအတာထိမတားဆီးကြသည့်အပြင်၊ ဘုရားသခင် ရွေးချယ်ထားသောလူများကို ကာကွယ်ရန်အလို့ငှာ ဤတာဝန်ကို ဖြည့်ဆည်းဖို့ သို့မဟုတ် ဤအလုပ်ကို ကောင်းစွာလုပ်ဆောင်ဖို့ အစွမ်းကုန်လည်း မလုပ်ဆောင်ကြပေ။ ဤသည်မှာ ၎င်းတို့တွင် အစွမ်းအစ ညံ့ဖျင်းပြီး ဤအရာကို မလုပ်ဆောင်နိုင်ခြင်းကြောင့် မဟုတ်ဘဲ၊ ထိုအစား ၎င်းတို့သည် လုံးဝ မလုပ်ဆောင်ခြင်းကြောင့်သာ ဖြစ်သည်။ ထို့ကြောင့်၊ ဤရှုထောင့်အမြင်မှ ကြည့်လျှင်၊ အခြားသူများအား စိတ်အနှောင့်အယှက်ဖြစ်စေမည်ကို ကြောက်ရွံ့သောလူများသည် ခေါင်းဆောင်များနှင့် အမှုဆောင်များဖြစ်ရန် လုံးဝ မထိုက်တန်ပေ။ ဤခေါင်းဆောင်များနှင့် အမှုဆောင်များ အတော်များများ မရှိဘူးလော။ (ရှိပါသည်။) မည်သည့်အရာမျှ မဖြစ်ပွားသေးသည့်အခါ၊ ၎င်းတို့သည် အခြားမည်သူ့ထက်မဆို ပို၍ စိတ်အားထက်သန်စွာ ပြေးလွှားကြသည်၊ ၎င်းတို့သည် ဆံပင်ပင်မဖြီး၊ သို့မဟုတ် မျက်နှာပင်မသစ်နိုင်အောင် အလွန်အလုပ်များကြပြီး၊ အလွန် ဝိညာဉ်ရေးရာဆန်သော အဆင့်သို့ ရောက်ရှိနေပုံရသည်။ သို့သော် အန္တိခရစ်များ ထွက်ပေါ်လာသည့်အခါ၊ ၎င်းတို့သည် ပျောက်ကွယ်သွားကြသည်။ ၎င်းတို့သည် ရှောင်တိမ်းရန် ဆင်ခြေမျိုးစုံကို ရှာဖွေပြီး၊ အန္တိခရစ်များကို တကယ်ကို မကိုင်တွယ်ကြပေ။ ဤအပြုအမူ၏ သဘာဝမှာ အဘယ်နည်း။ ယင်းမှာ မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရာတွင် သစ္စာစောင့်သိမှု ကင်းမဲ့ခြင်းနှင့် မယုံကြည်ထိုက်ခြင်း ဖြစ်သည်။ အရေးကြီးသည့် အချိန်များတွင်၊ ၎င်းတို့သည် ဘုရားသခင်ကိုပင် သစ္စာဖောက်ပြီး စာတန်ဘက်တွင် ရပ်တည်နိုင်ကာ၊ အသင်းတော်၏အလုပ်က ဆိုးယုတ်သောလူများနှင့် အန္တိခရစ်များ၏ နှောင့်ယှက်ခြင်းနှင့် ဖျက်ဆီးခြင်းကို ခံရသည်ကို လျစ်လျူရှုကြသည်။ ၎င်းတို့သည် အစောင့်ခွေးတစ်ကောင်လောက်ပင် အသုံးမဝင်ပေ။ ဤသည်မှာ အယောင်ဆောင် ခေါင်းဆောင်တစ်မျိုး ဖြစ်သည်။
၂။ အန္တိခရစ်များကို ပိုင်းခြားသိမြင်နိုင်မှု မရှိခြင်း
နောက်ထပ် အယောင်ဆောင်ခေါင်းဆောင်တစ်မျိုး ရှိ၏။ အန္တိခရစ်များ ထွက်ပေါ်လာသည့်အခါ ၎င်းတို့တွင် မည်သည့်စိတ်သဘောထားနှင့် အနှစ်သာရ ရှိသည်ကိုလည်းကောင်း၊ ၎င်းတို့ မည်သည့်အရာကို ပေါ်လွင်ထင်ရှားစေပြီး ထုတ်ဖော်သည်ကိုလည်းကောင်း၊ ညီအစ်ကိုမောင်နှမများအတွက် ၎င်းတို့ ဖြစ်ပေါ်စေသည့် နှောင့်ယှက်မှုအမျိုးအစားများကိုလည်းကောင်း၊ မည်သည့်ဖော်ပြချက်များ၊ အတွေးများ၊ သဘောထားအမြင်များနှင့် အပြုအမူများက ညီအစ်ကိုမောင်နှမများကို အထင်အမြင်မှားစေပြီး နှောင့်ယှက်နိုင်သည်ကိုလည်းကောင်း၊ လူတို့ကို ထိန်းချုပ်ရန် အန္တိခရစ်များ အသုံးပြုသည့် နည်းလမ်းများကိုလည်းကောင်း၊ မည်သည့်အခြေအနေများအောက်တွင် ညီအစ်ကိုမောင်နှမများက အန္တိခရစ်များ၏ အထင်အမြင်မှားစေခြင်း၊ ထိန်းချုပ်ခြင်းနှင့် ပြင်းထန်စွာ ထိခိုက်နစ်နာစေခြင်းတို့အား ခံရနိုင်သည်ကိုလည်းကောင်း စသည်တို့မှာ အယောင်ဆောင် ခေါင်းဆောင်များ ပိုင်းခြားသိမြင်နိုင်ခြင်းမရှိသည့် ကိစ္စရပ်များချည်းသာ ဖြစ်သည်။ အန္တိခရစ်များက ညီအစ်ကိုမောင်နှမများကို အထင်အမြင်မှားစေကြသည်။ ၎င်းတို့၏ အထင်အမြင်မှားစေခြင်းခံရသော ညီအစ်ကိုမောင်နှမများသည် မိမိတို့၏ကိုယ်ပိုင်စုဝေးပွဲများ ကျင်းပရန်နှင့် သီးခြားနိုင်ငံတော်များ တည်ထောင်ရန် အသင်းတော်မှ ခွဲထွက်သွားကြသည်။ ၎င်းတို့သည် လူတို့အတွက် ဘုရားသခင်၏ သတ်မှတ်ချက် တစ်ခုတလေကို ကျိုးနွံနာခံရန် မဆိုထားနှင့်၊ ဘုရားအိမ်တော်၏ ဦးဆောင်မှုကို လက်မခံကြ၊ ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များကို လက်မခံကြသည့်အပြင်၊ ဘုရားအိမ်တော်ထံမှ မည်သည့်အစီအစဉ် သို့မဟုတ် လမ်းညွှန်ချက်များကိုမျှ ကျိုးနွံနာခံခြင်း မရှိကြပေ။ သို့သော် ဘုရားသခင်ရွေးချယ်ထားသောလူများကို အထင်အမြင်မှားစေရန် အန္တိခရစ်များ၏ ထိုသို့သောလုပ်ဆောင်ချက်အားလုံးကို အယောင်ဆောင် ခေါင်းဆောင်များက ပြဿနာများအဖြစ် သဘောမထားကြပေ။ အန္တိခရစ်များ၏ စကားများ၊ လုပ်ဆောင်ချက်များ၊ အတွေးအခေါ်များနှင့် သဘောထားအမြင်များက လူတို့အား မည်သို့ နှောင့်ယှက်သည်၊ အထင်အမြင်မှားစေသည်၊ ဒုက္ခပေးသည်ကို ၎င်းတို့ မြင်နိုင်ရန်မဆိုထားနှင့်၊ ဤအခြေအနေများတွင် မည်သည့်အရာ လွဲချော်နေသည်ကို ၎င်းတို့ မမြင်နိုင်ကြပေ။ ဤအပျက်သဘောဆောင်သော သက်ရောက်မှုများကို ၎င်းတို့ မမြင်နိုင်သည့်အပြင် ယင်းတို့အား မည်သို့ ပိုင်းခြားသိမြင်ရမည်ကိုလည်း မသိကြပေ။ အချို့သော သာမန်ညီအစ်ကိုမောင်နှမများသည် များစွာ မြင်တွေ့ကာ ကြားသိဖူးခြင်းကြောင့် ပိုင်းခြားသိမြင်နိုင်စွမ်း၊ သိမြင်နားလည်နိုင်စွမ်းနှင့် သတိပြုမိခြင်း အနည်းငယ် ရှိနိုင်သော်လည်း၊ အယောင်ဆောင် ခေါင်းဆောင်များမှာမူ ဤအရာများကို ထိုးထွင်းမြင်နိုင်ခြင်း မရှိကြပေ။ တစ်စုံတစ်ဦးက မည်သူမည်ဝါသည် လူတို့ကို အထင်အမြင်မှားစေရန်နှင့် နောက်ကွယ်တွင် အုပ်စုဖွဲ့ရန် အချို့အရာများကို လုပ်ဆောင်နေကြောင်း ထောက်ပြသည့်အခါတွင်ပင်၊ အယောင်ဆောင် ခေါင်းဆောင်များက “ကျွန်ုပ်တို့သည် ဤဖော်ပြချက်များကို မဖြန့်ဝေနိုင်ပါ။ နှောင့်ယှက်မှုများ မဖြစ်စေနှင့်။ သူတို့တွင် ကောင်းမွန်သော ဆက်ဆံရေးရှိသည်။ သူတို့ အတူတကွ မိတ်သဟာယဖွဲ့ခြင်းသည် မည်သည့်အရာ မှားယွင်းသနည်း။ ကျွန်ုပ်တို့သည် လူတို့အား လွတ်လပ်ခွင့် ပေးရန်လိုအပ်သည်” ဟုဆိုလျက် ဆက်လက်၍ တားဆီးကြသည်။ ၎င်းတို့သည် ဤအရာကို ထိုးထွင်းမြင်နိုင်ခြင်း မရှိသေးပေ။ အကယ်၍ ၎င်းတို့သည် အမှုအရာများကို ထိုးထွင်းမမြင်နိုင်ပါက၊ ၎င်းတို့သည် စောင့်ကြည့်လေ့လာပြီး ရှာဖွေနိုင်သည့်အပြင်၊ သမ္မာတရားကို နားလည်ပြီး ပိုင်းခြားသိမြင်နိုင်စွမ်းအချို့ရှိသော ညီအစ်ကိုမောင်နှမများနှင့် မိတ်သဟာယဖွဲ့နိုင်သည်။ သို့သော်လည်း အယောင်ဆောင် ခေါင်းဆောင်များသည် အတော်ပင် မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်ကြသည်။ ညီအစ်ကိုမောင်နှမများက ၎င်းတို့အား သတိပေးသည့်အခါ ၎င်းတို့က၊ “သင်သည် ခေါင်းဆောင်လော သို့မဟုတ် ကျွန်ုပ်က ခေါင်းဆောင်လော။ ကျွန်ုပ်သည် ခေါင်းဆောင်အဖြစ် ရွေးချယ်ခံခဲ့ရသည့်အတွက်၊ ကျွန်ုပ်သည် သာမန်လူတစ်ဦးထက် သမ္မာတရားကို ပို၍ နားလည်ရမည် ဖြစ်သည်။ သို့မဟုတ်ပါက၊ အခြားတစ်စုံတစ်ဦးအစား ကျွန်ုပ် အဘယ်ကြောင့် ရွေးချယ်ခံရမည်နည်း။ ဤသည်မှာ ကျွန်ုပ်သည် သင်တို့အားလုံးထက် ပို၍ တော်ကြောင်းကို သက်သေပြနေသည်။ ကျွန်ုပ်သည် သင်တို့ထက် အသက်ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ၊ ကျွန်ုပ်၏ အစွမ်းအစသည် သင်တို့၏ အစွမ်းအစထက် သေချာပေါက် ပို၍ ကောင်းမွန်သည်။ အန္တိခရစ်တစ်ဦး ပေါ်ပေါက်လာသည့်အခါ၊ သူတို့ကို ဦးစွာ ဖော်ထုတ်သူမှာ ကျွန်ုပ်ဖြစ်သင့်သည်။ အကယ်၍ သင်တို့က ၎င်းတို့ကို ဦးစွာ ဖော်ထုတ်ပါက၊ သင်တို့၏ အကဲဖြတ်ချက်ကို ကျွန်ုပ် သဘောတူမည် မဟုတ်ပါ။ တစ်စုံတစ်ခု မလုပ်ဆောင်မီ ကျွန်ုပ် သူတို့ကို ဖော်ထုတ်သည်အထိ ကျွန်ုပ်တို့ စောင့်ဆိုင်းကြမည်”ဟု တွေးလျက် လက်မခံကြပေ။ အကျိုးဆက်အနေဖြင့် အန္တိခရစ်သည် ညီအစ်ကိုမောင်နှမများအကြားတွင် အယူမှားများနှင့် မှားယွင်းသော အယူအဆများစွာကို ဖြန့်ဝေပြီး ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များကို ပွင့်ပွင့်လင်းလင်း အတိုက်အခံလုပ်သည့်အပြင် အသင်းတော်၊ ဘုရားအိမ်တော်နှင့် အထက်မှ အလုပ်အစီအစဉ်များကိုပါ ပွင့်ပွင့်လင်းလင်း ပွက်လောညံအောင် ကန့်ကွက်ကြလေသည်။ ပါဝင်သူများက အန္တိခရစ်ကိုယ်တိုင် ဟောပြောသည်ကိုသာ နားထောင်ပြီး ၎င်း၏ဦးဆောင်မှုကိုသာ လက်ခံသည့် သီးသန့်စုဝေးပွဲများတွင် ပါဝင်ရန် အန္တိခရစ်က ညီအစ်ကိုမောင်နှမများကို မိမိဘက်သို့ ပွင့်ပွင့်လင်းလင်း ဆွဲဆောင်သည်အထိပင် ပြုလုပ်သည်။ အသင်းတော်တွင် အစွမ်းအစ အညံ့ဖျင်းဆုံးသောသူများပင်လျှင် ဤလူက အန္တိခရစ်တစ်ဦးဖြစ်ကြောင်း မြင်နိုင်ကြသည်။ ထိုသို့သောအခြေအနေတွင်သာ အယောင်ဆောင် ခေါင်းဆောင်များက “အလိုလေး၊ သူက အန္တိခရစ်တစ်ဦးပါတကား။ ကျွန်ုပ်သည် ဤအရာကို အဘယ်သို့ဖြစ်ပြီး ယခုမှသာ သိရှိရသနည်း။ မဟုတ်ပါ၊ ကျွန်ုပ်သည် ယခင်ကတည်းက သိရှိပြီးဖြစ်သော်လည်း၊ ညီအစ်ကိုမောင်နှမများက ဝိညာဉ်ရင့်ကျက်မှုနုနယ်ပြီး ပိုင်းခြားသိမြင်နိုင်စွမ်း ကင်းမဲ့မည်ကို စိုးရိမ်သောကြောင့် တစ်စုံတစ်ရာ မပြောခဲ့ခြင်း ဖြစ်ပါသည်”ဟု ဝန်ခံကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်တိုင်အတွက် သိပ်ကောင်းသော လိမ်ညာမှုတစ်ခုကိုပင် လုပ်ကြံဖန်တီးကြသည်။ ညီအစ်ကိုမောင်နှမများကို အန္တိခရစ်ထံမှ ထိခိုက်နစ်နာမှုများစွာ ခံစားစေသည်မှာ ၎င်းတို့ကိုယ်တိုင်က ထုံထိုင်း၊ ဉာဏ်ထိုင်းကာ ညံ့ဖျင်းသော အစွမ်းအစရှိပြီး အန္တိခရစ်ကို ပိုင်းခြားသိမြင်နိုင်ခြင်း မရှိသောကြောင့်ဖြစ်သည်မှာ သိသာထင်ရှားပေသည်။ အပြစ်ရှိသည်ဟု ခံစားရမည့်အစား၊ ၎င်းတို့က ညီအစ်ကိုမောင်နှမများကို အဓိပ္ပာယ်မရှိသောစကားများ ပြောဆိုခြင်း၊ အခြေအမြစ်မရှိသော ကောလာဟလများ ဖြန့်ဝေခြင်း၊ လူတို့ကို နားလည်မှုလွဲမှားခြင်း စသည်တို့အတွက် အပြစ်တင်ကြသည်။ ဤသည်မှာ မည်သည့် ခေါင်းဆောင်မျိုး ဖြစ်သနည်း။ ၎င်းတို့သည် လုံးဝ နားဝေတိမ်တောင်ဖြစ်နေကြသည် မဟုတ်လော။ ထိုသို့သော ခေါင်းဆောင်မျိုးသည် အသင်းတော်၏ အလုပ်ကို အခြေခံအားဖြင့်ပင် ထမ်းရွက်နိုင်စွမ်း မရှိပေ။ အပေါ်ယံအားဖြင့် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မကြာခဏ စားသောက်ခြင်း၊ ဆုတောင်းခြင်း၊ စုဝေးပွဲများ တက်ရောက်ခြင်း၊ တရားဒေသနာများ နားထောင်ခြင်း၊ ဝိညာဉ်ရေးရာ မှတ်စုများ ရေးသားခြင်းနှင့် သက်သေခံချက်ဆိုင်ရာ ဆောင်းပါးများ ရေးသားခြင်းတို့ကို ပြုလုပ်ကာ အလွန်ကြိုးစားအားထုတ်ကြသည့်ပုံရသော်လည်း ပြဿနာများ ပေါ်ပေါက်လာသည့်အခါတွင်မူ ယင်းတို့ကို မဖြေရှင်းနိုင်ပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း သမ္မာတရားကို မရှာဖွေနိုင်သည့်အပြင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အခြေခံ၍ အန္တိခရစ်များကိုလည်း သေချာပေါက် ပိုင်းခြားသိမြင်နိုင်ခြင်း မရှိပေ။ အယောင်ဆောင် ခေါင်းဆောင်များသည် ပုံမှန်အားဖြင့် တစ်နာရီ သို့မဟုတ် နှစ်နာရီကြာ တရားဟောနိုင်ပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် မိမိတို့၏ကိုယ်ပိုင်အတွေ့အကြုံများကို မိတ်သဟာယဖွဲ့သည့်အခါ အဆုံးမရှိ တတွတ်တွတ်ပြောနိုင်သော်လည်း၊ အန္တိခရစ်များက အယူမှားများနှင့် မှားယွင်းသော အယူအဆများကို ဖြန့်ဝေကာ ညီအစ်ကိုမောင်နှမများကို အထင်အမြင်မှားစေပြီး အသင်းတော်၏အလုပ်ကို နှောင့်ယှက်သည့်အခါတွင်မူ၊ ၎င်းတို့တွင် ပြောစရာဘာမျှမရှိသည့်အပြင် မည်သည့်အလုပ်ကိုမျှ လုံးဝမလုပ်ဆောင်ကြပေ။ ၎င်းတို့သည် ကြိုတင်ကာကွယ်မှု အစီအမံတစ်ခုတလေကို အကောင်အထည်ဖော်ရန်ဖြစ်စေ၊ ညီအစ်ကိုမောင်နှမများကို အန္တိခရစ်များ၏ အယူမှားတရားများနှင့် မှားယွင်းသော အယူအဆများကို ပိုင်းခြားသိမြင်စေဖို့ ဦးဆောင်ရန်ဖြစ်စေ ပျက်ကွက်သည်သာမက အန္တိခရစ်များကြောင့် ဖြစ်ပေါ်လာသော အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်မှုများကို မြင်သည့်အခါတွင်ပင်၊ ၎င်းတို့ကို ဖော်ထုတ်ခြင်း သို့မဟုတ် စိတ်ဖြာလေ့လာဆွေးနွေးခြင်း မပြုသည့်အပြင် အန္တိခရစ်များကိုလည်း မပြုပြင်ကြပေ။ ၎င်းတို့သည် မည်သည့်အလုပ်ကိုမျှ လုံးဝ မလုပ်ဆောင်ကြပေ။ ထိုသို့သော လူများနှင့်ပတ်သက်၍ မည်သည့်ပြဿနာ ရှိသနည်း။ (၎င်းတို့၏ အစွမ်းအစက အလွန်ညံ့ဖျင်းပါသည်။) ၎င်းတို့၏ အစွမ်းအစညံ့ဖျင်းနေသော်လည်း ၎င်းတို့က မိမိတို့သည် ဝိညာဉ်ရေးရာလူများ၊ ခေါင်းဆောင်ကောင်းများနှင့် သမ္မာတရားကို လိုက်စားပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ချစ်မြတ်နိုးသူများဖြစ်သည်ဟု ကြွားဝါနေကြဆဲဖြစ်ပြီး၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များကို ဖြည့်ဆည်းရန် မိသားစုနှင့် ဇာတိပကတိဆိုင်ရာ သာယာမှုများကို စွန့်လွှတ်ခဲ့သည်ဟုလည်း အရှက်ကင်းမဲ့စွာ အခိုင်အမာဆိုကြသည်။ လက်တွေ့တွင်၊ ၎င်းတို့သည် တာဝန်မဲ့ပြီး၊ အသိစိတ်နှင့် ဆင်ခြင်တုံတရား ကင်းမဲ့ကာ၊ မြင့်မားသော အတိုင်းအတာထိ ထုံထိုင်းပြီး ဉာဏ်ထိုင်းသည့် အယောင်ဆောင် ခေါင်းဆောင်စစ်စစ်များဖြစ်ကြသည်။ ၎င်းတို့သည် စစ်မှန်သည့်၊ သူတော်ကောင်းယောင်ဆောင်သည့် ဖာရိရှဲများ ဖြစ်ကြသည်။ ၎င်းတို့သည် အယူဝါဒများကို ဟောပြောရန်နှင့် ကြွေးကြော်သံများကို ဟစ်ကြွေးရန်သာ သိကြသည်။ လူတို့က ၎င်းတို့ကို မေးခွန်းများမေးသည့်အခါ၊ ၎င်းတို့သည် လူတို့ကို အထင်အမြင်မှားစေရန် သီအိုရီ တစ်ပြုံတစ်ခေါင်းကို ပြောနိုင်သော်လည်း၊ လက်တွေ့တွင်မူ၊ ၎င်းတို့သည် သမ္မာတရား စည်းမျဉ်းများကို ရှင်းလင်းစွာ လုံးဝ ရှင်းပြနိုင်ခြင်း မရှိကြပေ။ သို့ဖြစ်ပါလျက်၊ ၎င်းတို့က မိမိတို့ကိုယ်ကို သဘောပေါက်နားလည်နိုင်စွမ်းရှိပြီး သမ္မာတရားကို သိနားလည်မှုရှိသည်ဟု မှတ်ယူကြသည်။ ၎င်းတို့၏ စိတ်နှလုံးထဲတွင်၊ လူတို့က ပြဿနာအတွက် ဖြေရှင်းချက်များကို ၎င်းတို့ထံ ရှာဖွေသည့်အခါ၊ သမ္မာတရားနှင့် ကိုက်ညီသောအဖြေများကို မပေးနိုင်ကြောင်း ၎င်းတို့ ရှင်းလင်းစွာ သိကြသော်လည်း၊ ခေါင်းဆောင်ကောင်းများနှင့် ဝိညာဉ်ရေးပြည့်ဝသောလူများအဖြစ် ဟန်ဆောင်နေကြဆဲဖြစ်သည်။ ဤသည်မှာ အတော်အတန် အရှက်ကင်းမဲ့ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) အယောင်ဆောင် ခေါင်းဆောင်အများစုသည် တူညီသော လက္ခဏာတစ်ခုနှင့် တူညီသော ပြဿနာတစ်ခု ရှိကြသည်။ ယင်းမှာ အရှက်ကင်းမဲ့ခြင်း ဖြစ်သည်။ ၎င်းတို့သည် ခေါင်းဆောင်တစ်ဦး၏ အဆင့်အတန်းနှင့် ဂုဏ်ပုဒ်ရှိခြင်း၊ ဝိညာဉ်ရေးရာ သီအိုရီများအကြောင်း ပြောဆိုနိုင်ခြင်းတို့က ၎င်းတို့ကို ဝိညာဉ်ရေးရာပြည့်ဝသည့်လူတစ်ဦး ဖြစ်စေသည်ဟု တွေးထင်ကြသည်။ ၎င်းတို့သည် အခြားသူများထက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်း၊ တရားဒေသနာများ နားထောင်ခြင်းနှင့် ဘုရားအိမ်တော်မှ ဗီဒီယိုများကို ကြည့်ရှုခြင်းတို့တွင် အချိန်ပိုကုန်ဆုံးကြပြီး၊ အခြားသူများအား ဘုရားသခင်၏ နှုတ်ကပတ်တော်များအကြောင်း ပို၍ မိတ်သဟာယဖွဲ့ကြသောကြောင့်၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ အလုပ်ကို ၎င်းတို့ လုပ်ဆောင်နိုင်ပြီး ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များကို ဖြည့်ဆည်းနိုင်သည်ဟု ယုံကြည်ကြသည်။ သို့သော် အမှန်တရားမှာ အန္တိခရစ်များက ဘုရားသခင်ရွေးချယ်ထားသောလူများကို အတင့်ရဲစွာ အထင်အမြင်မှားစေပြီး နှောင့်ယှက်သည့် ကြီးမားသောကိစ္စရပ် ပေါ်ပေါက်လာသည့်အခါ၊ ၎င်းတို့သည် ကြည့်နေရုံမှတစ်ပါး မည်သည့်အရာကိုမျှ လုပ်ဆောင်ရန် အင်အားမရှိကြသည့်အပြင်၊ ညီအစ်ကိုမောင်နှမများက ပိုင်းခြားသိမြင်နိုင်စွမ်း ရရှိစေရန်၊ အန္တိခရစ်များကို မိမိတို့၏ စိတ်နှလုံးထဲမှ ငြင်းပယ်စေရန်နှင့် ထိုအန္တိခရစ်တို့၏ အထင်အမြင်မှားစေခြင်းနှင့် ထိန်းချုပ်ခြင်းကို ရှောင်ရှားနိုင်စေရန်အလို့ငှာ အန္တိခရစ်များနှင့် ဆက်စပ်ပြီး စိတ်ဖြာလေ့လာဆွေးနွေးရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲမှ မည်သည့်အပိုင်းများအား အသုံးပြုရမည်ကို မသိကြပေ။ တစ်ခါတစ်ရံ ၎င်းတို့သည် စိတ်ထဲတွင် အနည်းငယ် ထိတ်လန့်သော်လည်း၊ ဘုရားသခင်ကို အချိန်ကြာမြင့်စွာ ယုံကြည်ပြီးဖြစ်ကာ တရားဒေသနာများစွာကို နားထောင်ပြီးဖြစ်ကြောင်း၊ သာမန်လူတစ်ဦးထက် သမ္မာတရားကို ပို၍ နားလည်ပြီး ကျွမ်းကျင်စွာ ပြောဆိုနိုင်ကြောင်း ၎င်းတို့ တွေးထင်ကြဆဲဖြစ်သည်။ ၎င်းတို့သည် “ကျွန်ုပ်သည် ဝိညာဉ်ရေးရာပြည့်ဝသည်။ ကျွန်ုပ် တရားဟောနိုင်သည်။ အန္တိခရစ်များက ဘုရားသခင်ရွေးချယ်ထားသောလူများကို အထင်အမြင်မှားစေပြီး နှောင့်ယှက်သည့် ပြဿနာကို ကျွန်ုပ် မဖြေရှင်းနိုင်သော်လည်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အန္တိခရစ်များနှင့် ဆက်စပ်ပြီး ၎င်းတို့ကို ပိုင်းခြားသိမြင်နိုင်ခြင်း မရှိသော်လည်း၊ ကျွန်ုပ် လုပ်ဆောင်သင့်သည့်အလုပ်ကို လုပ်ဆောင်ခဲ့ပြီးဖြစ်ကာ ပြောဆိုသင့်သည့်အရာကို ပြောဆိုခဲ့ပြီးဖြစ်သည်။ ညီအစ်ကိုမောင်နှမများ နားလည်နိုင်သရွေ့၊ အဆင်ပြေပါသည်”ဟု မကြာခဏ ကြွားဝါကြသည်။ နောက်ဆုံးရလဒ်က အဘယ်အရာဖြစ်သည်၊ ဘုရားသခင် ရွေးချယ်ထားသောလူများက ကာကွယ်ခံခဲ့ရခြင်း ရှိမရှိကိုမူ၊ မိမိတို့၏ စိတ်နှလုံးထဲတွင် ဤအရာနှင့်ပတ်သက်၍ မရှင်းလင်းကြပေ။ ၎င်းတို့သည် မိမိတို့ကိုယ်ကို လိမ္မာပါးနပ်သည်ဟု ထင်မှတ်ကာ ပြဿနာများကို ဖြေရှင်းသယောင်ဟန်ဆောင်ကြသော်လည်း၊ အဆုံးတွင်မူ၊ ကိစ္စရပ်များကို အမှန်တကယ် မဖြေရှင်းဘဲ စကားလုံးများနှင့် အယူဝါဒများစွာကိုသာ ပြောဆိုကြသည်။ ၎င်းတို့သည် အန္တိခရစ်များကို ဖော်ထုတ်ရန်နှင့် စိတ်ဖြာလေ့လာဆွေးနွေးရန် သမ္မာတရားကို မိတ်သဟာယမဖွဲ့နိုင်ကြပေ။ ထိုအစား၊ မိမိတို့ကိုယ်ကို မှန်ကြောင်းပြရန်နှင့် ကာကွယ်ရန် စကားလုံးများနှင့် အယူဝါဒများကိုသာ ရေပက်မဝင်အောင်ပြောဆိုကြပြီး၊ တစ်နာရီ သို့မဟုတ် နှစ်နာရီကြာ ပြောဆိုကာ လူတို့ကို လုံးဝ စိတ်ရှုပ်ထွေးသွားစေပြီး၊ မူလက ၎င်းတို့ နားလည်ခဲ့သည့်အရာများကိုပင် မသဲမကွဲဖြစ်သွားစေသည်။ ညီအစ်ကိုမောင်နှမများကို အန္တိခရစ်များ၏ အထင်အမြင်မှားစေခြင်းမှ ကယ်ဆယ်ရန် ပျက်ကွက်ကြသည့်အပြင်၊ ၎င်းတို့အား အန္တိခရစ်များအပေါ် ပိုင်းခြားသိမြင်နိုင်စေပြီး မိမိတို့၏ စိတ်နှလုံးထဲမှ ငြင်းပယ်နိုင်စေရန် ပျက်ကွက်သည်။ ညီအစ်ကိုမောင်နှမများကို ကာကွယ်ပေးခြင်းနှင့်ဆိုင်သည့် ရလဒ်ကို ၎င်းတို့ လုံးဝ မစွမ်းဆောင်နိုင်ခဲ့ကြပေ။ ဤအကျိုးဆက်ကို ၎င်းတို့ မြင်နိုင်လျှင်ပင်၊ ၎င်းတို့သည် မိမိတို့ကိုယ်ကို ခေါင်းဆောင်အဖြစ် ဆက်လက်ခံယူထားဆဲဖြစ်ပြီး အခြားသူများနှင့်အတူ သမ္မာတရားကို ရှာဖွေရန် မိမိတို့ကိုယ်ကို နှိမ့်ချခြင်း မရှိသည့်အပြင် ဖြေရှင်းချက်များ ရှာဖွေရန် ပြဿနာကို အထက်သို့ တင်ပြခြင်းလည်း မရှိကြပေ။ ထိုသို့သောလူများသည် လူလိမ်လူညစ်များ မဟုတ်လော။ သင်သည် ဘာမျှမဟုတ်သည့်တိုင် ဟန်ဆောင်နေသေးသည်။ မည်သည့်အရာအတွက် သင် ဟန်ဆောင်နေသနည်း။ သင်သည် ခေါင်းဆောင်တစ်ဦး မဖြစ်နိုင်သည့်အတွက်၊ ရာထူးမှဆင်းပြီး အခြားတစ်နေရာတွင် သွား၍ ဟန်ဆောင်သင့်သည်။ ဘုရားသခင်ရွေးချယ်ထားသောလူများကို သင် မထိခိုက်ရပေ။ သင် ဟန်ဆောင်နေစဉ်တွင်၊ အန္တိခရစ်များသည် လူတို့ကို နှောင့်ယှက်ပြီး ထိန်းချုပ်ကာ၊ လူများစွာကို အထင်အမြင်မှားစေပြီး ဒုက္ခပေးသည့် ဆိုးယုတ်သောအမှုများစွာကို လုပ်ဆောင်ရန် အခွင့်အရေးကို ရယူကြသည်။ ဤအတွက် မည်သူက တာဝန်ယူမည်နည်း။ မည်သူက တာဝန်ရှိသည်ကို ဘုရားအိမ်တော်က ဖော်ထုတ်လိမ့်မည်။
အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အန္တိခရစ်အဖြစ်အပျက်များကို ကိုင်တွယ်ဖြေရှင်းသည့်အခါ မည်သည့်လက်တွေ့အလုပ်ကိုမျှ မလုပ်ဆောင်ကြသည့်အပြင် အန္တိခရစ်များကိုလည်း ပိုင်းခြားသိမြင်နိုင်ခြင်း မရှိကြပေ။ အန္တိခရစ်များက ညီအစ်ကိုမောင်နှမများကို အထင်အမြင်မှားစေပြီး ထိန်းချုပ်သည့် ကာလအတောအတွင်းတွင် ၎င်းတို့သည် အန္တိခရစ်များ၏ ဒုစရိုက်အမှုများနှင့် အနှစ်သာရကို မည်သည့်အခါမျှ အမှန်တကယ် မဖော်ထုတ်ကြသည့်အပြင် ၎င်းတို့ကို ရှင်းလင်းစွာ ရှင်းပြနိုင်ခြင်းလည်း မရှိကြပေ။ နောက်ပိုင်းတွင် ပိုင်းခြားသိမြင်နိုင်စွမ်းရှိသော ဘုရားသခင်ရွေးချယ်ထားသည့်လူအချို့က အန္တိခရစ်များကို ဖော်ထုတ်ပြီး နှင်ထုတ်ကာ ဤအယောင်ဆောင်ခေါင်းဆောင်များက ယင်းကို မိမိတို့၏ကိုယ်ပိုင်အောင်မြင်မှုဖြစ်သည်ဟု ခံစားကြသည်။ အန္တိခရစ်များ နှင်ထုတ်ခံရပြီးနောက် ၎င်းတို့သည် အကျဉ်းချုပ်တစ်ခု ပြုလုပ်ပြီး အယူဝါဒအချို့ကို ပြောဆိုကြသည်။ “ကြည့်ပါ၊ အန္တိခရစ်များ ပြောဆိုလုပ်ဆောင်သည့်အခါ အသင်းတော်အသက်တာက မူမမှန်ဖြစ်လာသည်။ လူတို့ နှောင့်ယှက်ခြင်းခံရကာ ၎င်းတို့၏အသက်တာတွင် ဆုံးရှုံးမှုများကို ခံစားကြရသည်။ အန္တိခရစ်များ၏ ဒုက္ခပေးခြင်းကို ရှောင်ရှားရန်၊ ကျွန်ုပ်တို့သည် အန္တိခရစ်များ၏ လုပ်ဆောင်ချက်များ၊ စကားများ၊ လူ့သဘာဝ၊ အနှစ်သာရ စသည်တို့ကို ပိုင်းခြားသိမြင်ရမည်၊ ဤအရာအားလုံးကို ကျွန်ုပ်တို့ နားလည်သင့်သည်။ ကျွန်ုပ်တို့အနေဖြင့် မိမိတို့ကိုယ်ကို သမ္မာတရားဖြင့် ပြင်ဆင်နိုင်ရန်၊ ပိုင်းခြားသိမြင်နိုင်စွမ်းတွင် ကြီးထွားလာရန်နှင့် ကျွန်ုပ်တို့၏ ဝိညာဉ်ရင့်ကျက်မှုကို တတ်နိုင်သမျှ အမြန်ဆုံး တိုးပွားစေရန်အလို့ငှာ ဘုရားသခင်သည် အန္တိခရစ်များအား အမှုအရာများ လုပ်ဆောင်ခွင့်ပေးပြီး ၎င်းတို့၏ကိုယ်ပိုင်အကျည်းတန်မှုကို ဖော်ထုတ်ခွင့်ပေးလျက်၊ အန္တိခရစ်များကို ထုတ်ဖော်ရင်း၊ အသင်းတော်တွင် အန္တိခရစ်များကို ထွက်ပေါ်ခွင့်ပေးသည်။ ဤအရာတွင် ဘုရားသခင်၏ ရည်ရွယ်ချက်များ ရှိသည်။ ယခု ငါတို့သည် အန္တိခရစ်များကို ပိုင်းခြားသိမြင်ပြီးဖြစ်၍ ၎င်းတို့၏ ဘောင်ခတ်ခြင်းကို မခံရတော့ပါ။ လူတိုင်းက ၎င်းတို့ကို ငြင်းပယ်နိုင်ကြသည်။ ဤသည်မှာ ဂုဏ်ပြုထိုက်သော ကိစ္စရပ်တစ်ခု ဖြစ်သည်” ဟူ၍ ဖြစ်သည်။ အဆုံးတွင်၊ အယောင်ဆောင် ခေါင်းဆောင်များသည် မိမိတို့သည် လက်တွေ့အလုပ်များစွာကို လုပ်ဆောင်ခဲ့ပြီး၊ ကြီးမားသော အဖိုးအခကို ပေးဆပ်ခဲ့ကာ၊ အန္တိခရစ်များကို နှင်ထုတ်ရာတွင် သိသာထင်ရှားသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည့်အလား ပြောဆိုလျက်၊ အရာရှိတစ်ဦး၏ လေသံကို ယူပြီး မိမိတို့၏ အကျဉ်းချုပ်ကို ပြောဆိုကြသည်။ ဤသည်မှာ အတော်အတန် အရှက်မရှိခြင်း မဟုတ်လော။ သိသာထင်ရှားစွာပင်၊ အစမှအဆုံးတိုင်၊ အန္တိခရစ်တစ်ဦးက မည်သည့်အရာဖြစ်သည်ကို ၎င်းတို့ ပိုင်းခြားသိမြင်နိုင်ခြင်း မရှိခဲ့ပေ။ အန္တိခရစ်များက လူတို့အား မည်သို့ အထင်အမြင်မှားစေသည်၊ ဘုရားသခင်ရွေးချယ်ထားသောလူများအပေါ် မည်သည့်အရာကို လုပ်ဆောင်သည် သို့မဟုတ် အန္တိခရစ်များ၏ စိတ်သဘောထား အနှစ်သာရက အဘယ်အရာဖြစ်သည်ဟူသည်တို့ကို ၎င်းတို့ နားမလည်ကြသော်လည်း၊ ၎င်းတို့က အလုပ်များစွာကို လုပ်ဆောင်ပြီးဖြစ်သည့်အလား ဟန်ဆောင်ကြသည်။ အန္တိခရစ်များကို ပိုင်းခြားသိမြင်ပြီး အသင်းတော်မှ နှင်ထုတ်ခဲ့သူက ညီအစ်ကို မောင်နှမများဖြစ်သည်မှာ သိသာထင်ရှားလှပေသည်။ အယောင်ဆောင် ခေါင်းဆောင်များက ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်သင့်သည့် အခန်းကဏ္ဍကို လုပ်ဆောင်ခဲ့ခြင်း မရှိ သို့မဟုတ် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များကို ဖြည့်ဆည်းခြင်း မရှိခဲ့သည်မှာ သိသာထင်ရှားလှသော်လည်း၊ ၎င်းတို့သည် အရာအားလုံးကို စောစီးစွာကတည်းက ကြိုတင်စီစဉ်ခဲ့ပြီးဖြစ်သည့်အလား၊ ယခုအခါတွင် မိမိတို့၏လုပ်ဆောင်ချက်များက ရလဒ်များထွက်ပေါ်ခဲ့ပြီး ကြီးမားသောအောင်မြင်မှုတစ်ခုဖြစ်ခဲ့ကြောင်း ညီအစ်ကို မောင်နှမများကို ပြောပြနေသည့်အလား အကျဉ်းချုပ်တစ်ခု ပြုလုပ်ကာ မိမိတို့ကိုယ်တိုင်အတွက် နာမည်ကောင်းယူကြဆဲဖြစ်သည်။ ဤသည်မှာ အရှက်မရှိခြင်း မဟုတ်လော။ သင်သည် အဘယ်ကြောင့် ထိုသို့သော အရာရှိဟန်ပန်ဖြင့် ပြောဆိုနေရသနည်း။ သင်သည် မည်သည့်လက်တွေ့အလုပ်ကိုမျှ မလုပ်ဆောင်ဘဲ အရာရှိတစ်ဦးကဲ့သို့ ပြောဆိုနေသည်။ သင်သည် အဆင်းနီသော နဂါးကြီး၏ အရာရှိတစ်ဦးလော။ ထိုသို့သောလူများသည် ဖာရိရှဲများ မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့သည် ကြွေးကြော်သံများကို ဟစ်ကြွေးရန်နှင့် အယူဝါဒများကို ဟောပြောရန်သာ သိကြသည်။ အမှုအရာများ ဖြစ်ပျက်သည့်အခါ၊ မှန်ကန်စွာ ကိုင်တွယ်ရန် ၎င်းတို့ ပျက်ကွက်သည်သာမက၊ လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းလည်း မရှိကြပေ။ ၎င်းတို့သည် အဓိပ္ပာယ်မရှိသော စကားများကိုသာ ရေပက်မဝင်အောင်ပြောဆိုပြီး စည်းမျဉ်းစည်းကမ်းများကို ကြောင်းကျိုးမမြင်ဘဲ ကျင့်သုံးကြသည်။ ၎င်းတို့သည် မည်သည့်ပြဿနာကိုမျှ အခြေခံအားဖြင့် မဖြေရှင်းနိုင်ကြပေ။ အမှုအရာများ ကုန်လွန်သွားပြီးနောက်၊ ၎င်းတို့သည် မည်သည့်အရာမျှ မဖြစ်ခဲ့သည့်အလား ပြုမူကြပြီး လူကောင်းများအဖြစ် ဟန်ဆောင်ကာ၊ ဗြောင်ကျကျ အရှက်ကင်းမဲ့စွာဖြင့် မိမိတို့ကိုယ်တိုင်အတွက် နာမည်ကောင်းယူကြသည်။ ဤလူများသည် စံပြ ဖာရိရှဲများ ဖြစ်ကြသည်။ ၎င်းတို့သည် အယူဝါဒများကိုသာ ဟောပြောနိုင်ကြသည်၊ ကြွေးကြော်သံများကိုသာ ဟစ်ကြွေးနိုင်ကြသည်၊ အားထုတ်မှုအချို့ကိုသာ ပြုလုပ်နိုင်ကြပြီး ဆင်းရဲဒုက္ခအချို့ကိုသာ ကြံ့ကြံ့ခံနိုင်ကြလေသည်။ ၎င်းတို့အနေဖြင့် မည်သည့်လက်တွေ့အလုပ်ကိုမျှ မလုပ်ဆောင်နိုင်သော်လည်း ဝိညာဉ်ရေးရာပြည့်ဝသည့် လူများအဖြစ် ဟန်ဆောင်ကြဆဲဖြစ်သည်။ ၎င်းတို့သည် ဖာရိရှဲများ ဖြစ်ကြသည်။ ယင်းမှာ ဤအယောင်ဆောင် ခေါင်းဆောင်မျိုး၏ အနှစ်သာရ ဖြစ်သည်။ ၎င်းတို့သည် လူတိုင်း၏ရှေ့တွင် အယူဝါဒများစွာကို ဟောပြောနိုင်သည်၊ သို့ဆိုလျှင် အဘယ်ကြောင့် အန္တိခရစ်များကို ဖော်ထုတ်ပြီး မကိုင်တွယ်နိုင်ကြသနည်း။ ၎င်းတို့သည် နာရီပေါင်းများစွာ တရားဟောနိုင်ပြီး အလွန်အပြောကောင်းကြသည်။ သို့ဆိုလျှင် လက်တွေ့ပြဿနာများနှင့် ရင်ဆိုင်ရသည့်အခါ၊ အထူးသဖြင့် အန္တိခရစ်များ၏ ဒုစရိုက်အမှုများနှင့် ရင်ဆိုင်ရသည့်အခါ၊ အဘယ်ကြောင့် ၎င်းတို့ကို မကိုင်တွယ်နိုင်ဘဲ၊ ဆွံ့အသွားပုံ ပေါ်ရသနည်း။ ဤအတွက် အကြောင်းရင်းမှာ အဘယ်နည်း။ အကြောင်းမှာ ၎င်းတို့၏ အစွမ်းအစသည် အလွန်ညံ့ဖျင်းသောကြောင့် ဖြစ်သည်။ မည်မျှအထိ ညံ့ဖျင်းသနည်း။ ၎င်းတို့တွင် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိကြပေ။ ၎င်းတို့သည် ပညာတတ်ပြီး ဉာဏ်ကောင်းကြသည်၊ အပြင်ပန်း ကိစ္စရပ်များကို ကိုင်တွယ်ရာတွင် အတော်ပင် လိမ္မာပါးနပ်ကြပြီး၊ ဥပဒေကို အနည်းငယ် နားလည်ကြသည်။ သို့သော်လည်း၊ ဘုရားသခင်ကို ယုံကြည်ခြင်းဆိုင်ရာ ကိစ္စရပ်များ၊ ဝိညာဉ်ရေးရာ ကိစ္စရပ်များနှင့် အမျိုးမျိုးသော အနှစ်သာရပိုင်းဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်လာသည့်အခါ၊ ၎င်းတို့သည် ပိုင်းခြားသိမြင်နိုင်စွမ်းမရှိသည့်အပြင် မည်သည့်အရာကိုမျှ ထိုးထွင်းမသိမြင်နိုင်ဘဲ မည်သည့်သမ္မာတရား စည်းမျဉ်းများကိုမျှလည်း ရှာမတွေ့နိုင်ကြပေ။ မည်သည့်ပြဿနာမျှ မရှိသည့်အခါ၊ ၎င်းတို့သည် မိမိ၏ဖမ်းမိမည့်ငါးကို စောင့်ဆိုင်းနေသော တံငါသည်တစ်ဦးကဲ့သို့ အေးဆေးတည်ငြိမ်စွာ ထိုင်နေကြသော်လည်း ပြဿနာများပေါ်ပေါက်လာသည့်အခါ ၎င်းတို့သည် သနားစရာကောင်းသော အသွင်အပြင်ကို ထုတ်ဖော်လျက် ရယ်ဖွယ်ကောင်းသော လူပြက်များကဲ့သို့ ဒယ်အိုးပူပေါ်တွင်ရှိသည့် ပုရွက်ဆိတ်များကဲ့သို့ ပြုမူကြလေသည်။ တစ်ခါတစ်ရံ ၎င်းတို့သည် အလွန်အလေးအနက်ထားပြီး တည်ကြည်စွာ ပြုမူကြသည်။ ၎င်းတို့ တည်ကြည်မှုမရှိသည့်အခါ၊ ပုံမှန်ဖြစ်ပုံရသော်လည်း၊ ၎င်းတို့ တည်ကြည်လာသည့်အခါ၊ ယင်းက လူတို့ကို အမှန်တကယ် ရယ်မောစေသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ တည်ကြည်သည့်အခါ၊ ၎င်းတို့သည် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သောအရာများနှင့် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့သော စကားများကိုသာ ပြောဆိုကြပြီး ထိုအရာအားလုံးသည် အတွေ့အကြုံမရှိသူ၏ မှတ်ချက်များသာ ဖြစ်သောကြောင့် ဖြစ်သည်။ သို့တိုင်၊ ၎င်းတို့သည် မျက်နှာထားတည်တည်ဖြင့် တည်ကြည်မှုကို ထိန်းသိမ်းထားကြသည်၊ ဤသည်မှာ ရယ်စရာကောင်းသည် မဟုတ်လော။ အကယ်၍ တစ်စုံတစ်ဦးက ၎င်းတို့အား ဖြေဆိုရန် အရေးကြီးသော မေးခွန်းအချို့ကို မေးမြန်းပါက၊ ၎င်းတို့ အထူးပင် ကသိကအောက်ဖြစ်ပုံရလျက် စိတ်ရှုပ်ထွေးပြီး အာစေးမိသွားကြသည်။ ထိုသို့သော အယောင်ဆောင် ခေါင်းဆောင်များစွာ ရှိသည်။ ၎င်းတို့၏ အဓိကသရုပ်သကန်များမှာ ညံ့ဖျင်းသော အစွမ်းအစနှင့် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့ခြင်း ဖြစ်သည်။ ၎င်းတို့သည် နားဝေတိမ်တောင်ဖြစ်သောသူများ ဖြစ်ကြသည်။ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့ခြင်းဟူသည် မည်သည့်အရာကို ဆိုလိုသနည်း။ ဝိညာဉ်ရေးရာ ကိစ္စရပ်များ၊ သမ္မာတရားပါဝင်သော ကိစ္စရပ်များနှင့် ပတ်သက်လာသည့်အခါ၊ ရှေးခေတ် ဂရိဘာသာစကားကို ဘာသာပြန်ဖို့ ကြိုးစားနေကြသကဲ့သို့ဖြစ်သည်။ ၎င်းတို့မည်သည့်အရာကိုမျှ နားမလည်ကြပေ။ သို့ဖြစ်ပါလျက်၊ ၎င်းတို့က “ကျွန်ုပ်သည် ဝိညာဉ်ရေးရာပြည့်ဝသည်။ ကျွန်ုပ်သည် ဘုရားသခင်ကို အချိန်ကြာမြင့်စွာ ယုံကြည်ခဲ့ပြီးဖြစ်သည်။ ကျွန်ုပ်သည် သမ္မာတရားများစွာကို နားလည်သည်။ သင်တို့သည် ယုံကြည်သူအသစ်များဖြစ်ကြသည်၊ သင်တို့သည် ဘုရားသခင်ကို ယုံကြည်ကာစဖြစ်ပြီး သမ္မာတရားကို နားမလည်ကြသေးပါ။ သင်တို့သည် ယုံကြည်အားထား၍မရပါ” ဟုဆိုကာ ဟန်ဆောင်နေကြဆဲ ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို အချိန်ကြာမြင့်စွာ ယုံကြည်ခဲ့ပြီး သမ္မာတရားကို နားလည်သကဲ့သို့ မိမိကိုယ်ကို အထင်ကြီးနေကြသည်။ ထိုသို့သောလူများသည် မုန်းတီးဖွယ်ကောင်းသည့်အပြင် ရယ်စရာလည်းကောင်းလှသည်။ ထိုသို့သော အယောင်ဆောင် ခေါင်းဆောင်များ၏ သရုပ်သကန်များနှင့်ပတ်သက်သည့် မိတ်သဟာယက ဤနေရာတွင် အဆုံးသတ်သည်။
၃။ အန္တိခရစ်များ၏ အကာအကွယ်ပေးသူအဖြစ် ဆောင်ရွက်ခြင်း
သာ၍ပင် မုန်းတီးဖွယ်ကောင်းသော နောက်ထပ် အယောင်ဆောင် ခေါင်းဆောင်တစ်မျိုး ရှိသည်။ ၎င်းတို့သည် အန္တိခရစ်များကို ဖော်ထုတ်ရန် ပျက်ကွက်သည်သာမက၊ အသင်းတော်၏အလုပ်ကို နှောင့်ယှက်သည့် အန္တိခရစ်များ၏ ဒုစရိုက်အမှုများကို လိုက်လျောရန် မေတ္တာဖြင့်ကူညီခြင်းကို ဆင်ခြေအဖြစ် အသုံးပြုလျက် အန္တိခရစ်များကို အကာအကွယ်ပေးသူများအဖြစ်လည်း ဆောင်ရွက်ကြသည်။ အန္တိခရစ်များက လူတို့ကို အထင်အမြင်မှားစေရန် မှားယွင်းသော အယူအဆမည်မျှ ဖြန့်ဝေသည်ဖြစ်စေ၊ ဤအယောင်ဆောင် ခေါင်းဆောင်များသည် ၎င်းတို့ကို ချေပခြင်း သို့မဟုတ် ဖော်ထုတ်ခြင်းမပြုသည်သာမက၊ အန္တိခရစ်များအား မိမိတို့၏သဘောထားအမြင်များကို လွတ်လပ်စွာဖော်ပြရန်နှင့် ထုတ်ဖော်ပြောဆိုရန် အခွင့်အရေးများကိုပင် ပေးကြသည်။ ဘုရားသခင်ရွေးချယ်ထားသောလူများက မည်သည့် နှောင့်ယှက်မှုများ၊ အထင်အမြင်မှားစေခြင်း သို့မဟုတ် ထိခိုက်နစ်နာမှုမျိုးများကို ခံစားရသည်ဖြစ်စေ၊ ၎င်းတို့က ဂရုမစိုက်မြဲဖြစ်နေသည်။ အချို့လူများက “ဤပုဂ္ဂိုလ်များသည် အန္တိခရစ်များ ဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏ ချုပ်ချယ်ကန့်သတ်ခြင်း ခံရသင့်သောသူများ ဖြစ်ကြသည်။ ၎င်းတို့ကို ရာထူးတိုးပေးခြင်း သို့မဟုတ် ပျိုးထောင်ပေးခြင်း မပြုသင့်သည့်အပြင်၊ ၎င်းတို့ကို သေချာပေါက် မကာကွယ်သင့်ပေ။ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများကို လုံလောက်အောင် ထိခိုက်နစ်နာစေပြီး ဖြစ်သည်။ ၎င်းတို့နှင့် စာရင်းရှင်းရန်လည်းကောင်း၊ ၎င်းတို့ကို စေ့စေ့စပ်စပ် ဖော်ထုတ်ပြီး ကိုင်တွယ်ရန်လည်းကောင်း အချိန်ကျပြီဖြစ်သည်”ဟု ထောက်ပြသည့်အခါတွင်ပင်၊ အယောင်ဆောင် ခေါင်းဆောင်များက အန္တိခရစ်များအတွက် ရှေ့ထွက်၍ ပြောဆိုကြသည်။ အန္တိခရစ်များ၏ အသက်၊ ဘုရားသခင်ကို ယုံကြည်သည့်နှစ်ကာလများနှင့် ယခင်က ပံ့ပိုးကူညီမှုများကဲ့သို့သော အချက်များကို ထည့်သွင်းစဉ်းစားလျက်၊ ၎င်းတို့သည် အန္တိခရစ်များအတွက် ပြောဆိုပေးရန်နှင့် ခုခံကာကွယ်ပေးရန် အမျိုးမျိုးသော ဆင်ခြေများကို အသုံးပြုကြသည်။ အထက်အဆင့်ခေါင်းဆောင်များက အလုပ်ကို စစ်ဆေးရန် သို့မဟုတ် အန္တိခရစ်များကို ကိုင်တွယ်ရန် လာသည့်အခါ၊ အယောင်ဆောင် ခေါင်းဆောင်များက ညီအစ်ကိုမောင်နှမများအား အန္တိခရစ်များ၏ ဒုစရိုက်အမှုများနှင့်ဆိုင်သော အဖြစ်မှန်များကို အထက်သို့ တင်ပြခြင်းမှ တားဆီးကြသည်။ ၎င်းတို့သည် အထက်အဆင့်ခေါင်းဆောင်များက အသင်းတော်ကို အန္တိခရစ်များ နှောင့်ယှက်နေသည်ကို သတိမထားမိစေရန် အသင်းတော်ကို ပိတ်ဆို့သည်အထိပင် ပြုလုပ်ကြသည့်အပြင်၊ ပိုင်းခြားသိမြင်နိုင်စွမ်းရှိသော ညီအစ်ကိုမောင်နှမများအားလည်း အန္တိခရစ်များကို ဖော်ထုတ်ခြင်းမှ တားဆီးကြသည်။ အယောင်ဆောင် ခေါင်းဆောင်များက မည်သည့်ဆင်ခြေများကို အသုံးပြုသည်ဖြစ်စေ သို့မဟုတ် အန္တိခရစ်များ၏ အကာအကွယ်ပေးသူအဖြစ် ဆောင်ရွက်ရန် မည်သည့် ရည်ရွယ်ချက်များ ရှိသည်ဖြစ်စေ၊ ထိုသို့လုပ်ဆောင်ရာတွင်၊ ၎င်းတို့သည် နောက်ဆုံး၌ အန္တိခရစ်များ၏ အကျိုးစီးပွားများကို ကာကွယ်နေခြင်းဖြစ်ပြီး၊ အသင်းတော်နှင့် ဘုရားသခင်ရွေးချယ်ထားသောလူများ၏ အကျိုးစီးပွားများကိုမူ သစ္စာဖောက်နေခြင်း ဖြစ်သည်။ ၎င်းတို့က “အန္တိခရစ်များသည်လည်း ဘုရားသခင်ကို ယုံကြည်ကြပြီး ဘုရားအိမ်တော်တွင် ပြောဆိုပိုင်ခွင့်ရှိသည်”ဟူသည်နှင့် “သူတို့သည် ယခင်က အန္တရာယ်ရှိသော တာဝန်များကို ထမ်းဆောင်ခဲ့ဖူးသည်၊ ဘုရားအိမ်တော်သည် သူတို့၏ ယခင်က ပံ့ပိုးကူညီမှုများကို ထည့်သွင်းစဉ်းစားသင့်သည်” ဟူသကဲ့သို့သော အမျိုးမျိုးသော ဆင်ခြေများကို အသုံးပြုကာ အန္တိခရစ်များကို ကာကွယ်ကြသည်။ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများကို အန္တိခရစ်များအား ပိုင်းခြားသိမြင်ခြင်းမရှိအောင် တားဆီးကြပြီး အထက်အဆင့်ခေါင်းဆောင်များကို ထိုအန္တိခရစ်တို့၏ အမျိုးမျိုးသော ဒုစရိုက်အမှုများအကြောင်း သိရှိခွင့်မပေးကြပေ။ တစ်ချိန်တည်းတွင် ၎င်းတို့ကိုယ်တိုင်ကလည်း အန္တိခရစ်များကို မဖော်ထုတ်သည့်အပြင် သေချာပေါက် မပြုပြင်ကြပေ။ ဤအန္တိခရစ်များသည် ၎င်းတို့၏ မိသားစုဝင်များ၊ ရင်းနှီးသောမိတ်ဆွေများ ဖြစ်ကောင်းဖြစ်နိုင်သည် သို့မဟုတ် သာ၍ ဖြစ်နိုင်ခြေများမှာ၊ ၎င်းတို့ ပုဂ္ဂိုလ်ရေးကိုးကွယ်ပြီး စိတ်ခံစားမှုအရ စွန့်လွှတ်ရန် ခက်ခဲသောလူများ ဖြစ်ကောင်းဖြစ်နိုင်သည်။ အခြေအနေမည်သို့ပင်ဖြစ်စေ၊ ဤလူများသည် အန္တိခရစ်များဖြစ်ကြောင်း ၎င်းတို့ သိရှိပြီး ထိုလူတို့၏ ဒုစရိုက်အမှုများကို ဆက်လက်၍ ကာကွယ်ပေးနေသရွေ့၊ အခြားသူများအား ထိုသူတို့ကို မေတ္တာဖြင့်ဆက်ဆံရန် ပြောဆိုနေသရွေ့၊ ဘုရားသခင်ရွေးချယ်ထားသောလူများကို အထင်အမြင်မှားစေပြီး နှောင့်ယှက်ရန် အမျိုးမျိုးသော မှားယွင်းသည့် အယူအဆများကို ဖြန့်ဝေဖို့အတွက် အန္တိခရစ်များကို အခွင့်အရေးများပေးရန် အမျိုးမျိုးသော နည်းလမ်းများကိုပင် အသုံးပြုနေသရွေ့၊ ဤသရုပ်သကန်များက ၎င်းတို့အနေဖြင့် အန္တိခရစ်များအတွက် အကာအကွယ်ပေးသူများအဖြစ် ဆောင်ရွက်နေကြောင်း ပြသနေသည်။ အချို့သော အယောင်ဆောင် ခေါင်းဆောင်များသည် အခြားသော နယ်ပယ်များတွင် လက်တွေ့အလုပ်အနည်းငယ်ကို လုပ်ဆောင်ခဲ့ပြီးဖြစ်နိုင်သော်လည်း၊ အန္တိခရစ်များကို ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပတ်သက်လာသည့်အခါ၊ ၎င်းတို့သည် ဘုရားအိမ်တော်၏ သတ်မှတ်ချက်များအတိုင်း မကိုင်တွယ်ကြပေ။ ထို့ထက်ပင်ပို၍၊ ၎င်းတို့သည် ဘုရားအိမ်တော်မှ သတ်မှတ်ထားသည့်အတိုင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များကို မဖြည့်ဆည်းကြပေ။ အသင်းတော်တွင် လူတို့ကို အထင်အမြင်မှားစေရန် အယူအဆများ၊ အပျက်သဘောဆောင်သော စိတ်ခံစားမှုများ၊ အယူမှားများနှင့် မှားယွင်းသော အယူအဆများကို အန္တိခရစ်တို့ ဖြန့်ဝေခြင်းအား အကြီးမားဆုံး အတိုင်းအတာဖြင့် ၎င်းတို့ မတားဆီးကြပေ။ ထိုအစား၊ ၎င်းတို့သည် အန္တိခရစ်များ ပြောဆိုသည့် အမှန်ဟုထင်ရသော်လည်း စင်စစ်မှားနေသော အယူဝါဒများအပြင်၊ အသိပညာ သို့မဟုတ် စာတန်၏ အတွေးအခေါ်ကို အခြေခံသည့် ၎င်းတို့၏ ဖော်ပြချက်များနှင့် မှတ်ချက်များကိုပါ အပြုသဘောဆောင်သော အရာများအဖြစ် မကြာခဏ ထောက်ခံကြသည်။ ဤအရာအားလုံးသည် ၎င်းတို့က အန္တိခရစ်များအတွက် အကာအကွယ်ပေးသူများအဖြစ် ဆောင်ရွက်နေခြင်း၏ သရုပ်သကန်များ ဖြစ်ကြသည်။ လူ့အဖွဲ့အစည်းတွင် ၎င်းတို့၏ သြဇာအာဏာကို တန်ဖိုးထားသောကြောင့် အန္တိခရစ်များကို ကိုင်တွယ်ဖြေရှင်းခြင်းမရှိသည့် အယောင်ဆောင် ခေါင်းဆောင်အချို့လည်း ရှိသည်မှာ အမှန်ဖြစ်၏။ ၎င်းတို့က “ညီအစ်ကိုမောင်နှမအများစုသည် လူ့အဖွဲ့အစည်း၏ အောက်ခြေလွှာမှဖြစ်ပြီး သြဇာအာဏာမရှိကြပါ။ ဤလူသည် ဆိုးယုတ်သော လူ့သဘာဝရှိသည့် အန္တိခရစ်တစ်ဦးဖြစ်သော်လည်း၊ လောကတွင် တန်ခိုးအာဏာနှင့် သြဇာလွှမ်းမိုးမှုရှိပြီး စွမ်းဆောင်နိုင်သူများ ဖြစ်ကြသည်။ ညီအစ်ကိုမောင်နှမများ သို့မဟုတ် အသင်းတော်က အန္တရာယ်နှင့် ရင်ဆိုင်ရသည့်အခါ၊ ကျွန်ုပ်တို့ကို ကာကွယ်ရန် ရှေ့ထွက်မည့် အရှိန်အဝါကောင်းသူတစ်ဦးကို ကျွန်ုပ်တို့ မလိုအပ်ဘူးလော။ ထို့ကြောင့်၊ သူတို့၏ မှားယွင်းသောလုပ်ဆောင်မှုများကို မသိကျိုးကျွန်ပြုပြီး ထိုအကြောင်းကို သိပ်အလေးအနက်မထားဘဲ နေကြစို့”ဟု ပြောဆိုကြသည်။ အယောင်ဆောင် ခေါင်းဆောင်များသည် ၎င်းတို့အတွက် အန္တိခရစ်များက ရှေ့ထွက်ရပ်တည်ပေးရန်နှင့် ကျောထောက်နောက်ခံပြုပေးရန်အလို့ငှာ ထိုအန္တိခရစ်များအတွက် အကာအကွယ်ပေးသူများအဖြစ် ဆောင်ရွက်ရန် လိုလားကြသည်။ ဤသို့သော အရာမျိုးသည်လည်း အယောင်ဆောင်ခေါင်းဆောင်များအတွက် ရှက်ဖွယ်ကိစ္စ မဟုတ်ပေ။ မှားယွင်းသော သဘောထားအမြင်တစ်ခု ကိုင်စွဲထားသည့် အယောင်ဆောင် ခေါင်းဆောင်အချို့လည်း ရှိသေးသည်။ ၎င်းတို့က “အချို့သော အန္တိခရစ်များသည် လူ့အဖွဲ့အစည်းတွင် အဆင့်အတန်းနှင့် သြဇာလွှမ်းမိုးမှုရှိသည်။ သူတို့တွင် ဩဇာတိက္ကမ ရှိသည်။ ကျွန်ုပ်တို့၏ အသင်းတော်တွင် ထိုသို့သော ပုဂ္ဂိုလ်နှစ်ဦးရှိသည်။ သူတို့သည် အန္တိခရစ်များဖြစ်ကြသော်လည်း၊ အကယ်၍ ကျွန်ုပ်တို့က သူတို့ကို ရှင်းလင်းပစ်ပါက၊ လူတို့က ကျွန်ုပ်တို့၏ အသင်းတော်တွင် စွမ်းဆောင်နိုင်သူများမရှိဟု တွေးထင်ကြလိမ့်မည်ဖြစ်ပြီး၊ ဘာသာရေးအသိုင်းအဝိုင်းတွင်ရှိသူတို့က ကျွန်ုပ်တို့ကို အထင်သေးကြလိမ့်မည်။ မျက်နှာပန်းလှဖို့အတွက် သူတို့ကို အနီးအနားတွင် ထားရှိရန် လိုအပ်သည်။ ထို့ကြောင့်၊ ဤလူနှစ်ဦးသည် ကျွန်ုပ်တို့၏ အသင်းတော်၏ ရတနာများဖြစ်ကြသည်။ မည်သူကမျှ သူတို့ကို ပိုင်းခြားသိမြင်ခြင်း သို့မဟုတ် ရှင်းလင်းပစ်ခြင်း ပြု၍မဖြစ်ပါ။ သူတို့ကို ကာကွယ်ရမည်”ဟု ပြောဆိုကြသည်။ ဤသည်မှာ မည်သည့် ဆင်ခြင်တွေးခေါ်မှုစနစ်မျိုး ဖြစ်သနည်း။ ၎င်းတို့သည် အန္တိခရစ်များကို ပင်ကိုစွမ်းရည်ရှိသူများအဖြစ် မှတ်ယူသောကြောင့် ၎င်းတို့ကို ကာကွယ်ကြသည်။ ဤအယောင်ဆောင် ခေါင်းဆောင်များသည် လူယုတ်မာများ မဟုတ်လော။ (ဟုတ်ပါသည်။) အခြေအနေများ မည်သို့ပင်ဖြစ်စေ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များက အန္တိခရစ်များကို အသင်းတော်တွင် မိမိတို့အလိုရှိသမျှကို လုပ်ဆောင်ရန်နှင့် အသင်းတော်၏အလုပ်ကို နှောင့်ယှက်ရန် ခွင့်ပြုနေသရွေ့၊ ၎င်းတို့သည် အယောင်ဆောင် ခေါင်းဆောင်များနှင့် အယောင်ဆောင် အမှုဆောင်များ ဖြစ်ကြသည်။ အန္တိခရစ်များနှင့် ဆိုးယုတ်သောလူများက မှားယွင်းသော အယူအဆများကို မည်သို့ပင် ဖြန့်ဝေသည်ဖြစ်စေ၊ လူမည်မျှ အထင်အမြင်မှားစေခြင်းကို ခံရသည်ဖြစ်စေ၊ ၎င်းတို့က အပြုသဘောဆောင်သော ပုဂ္ဂိုလ်များကို မည်သို့ တိုက်ခိုက်ပြီး ဖယ်ကြဉ်သည်ဖြစ်စေ၊ ဘုရားသခင်ရွေးချယ်ထားသောလူမည်မျှကို ၎င်းတို့ ဒုက္ခပေးသည်ဖြစ်စေ အယောင်ဆောင် ခေါင်းဆောင်များက ယင်းကို လျစ်လျူရှုပြီး မသိချင်ယောင်ဆောင်ကြသည်။ ၎င်းတို့အနေဖြင့် မိမိတို့ကိုယ်ကို ကာကွယ်စောင့်ရှောက်နိုင်သရွေ့၊ ၎င်းတို့အတွက် အဆင်ပြေသည်။ ဤသည်တို့မှာ အယောင်ဆောင် ခေါင်းဆောင်များ၏ အဓိကသရုပ်သကန်များ ဖြစ်ကြသည်။ အန္တိခရစ်များက မည်သည့်အရာကို ပြောဆိုသည်ဖြစ်စေ သို့မဟုတ် လုပ်ဆောင်သည်ဖြစ်စေ၊ ညီအစ်ကိုမောင်နှမများက ၎င်းတို့ကို ပိုင်းခြားသိမြင်ပြီး ငြင်းပယ်နိုင်စေရန်အလို့ငှာ အယောင်ဆောင် ခေါင်းဆောင်များက ၎င်းတို့ကို ဖော်ထုတ်ခြင်း၊ စိတ်ဖြာလေ့လာဆွေးနွေးခြင်း သို့မဟုတ် ချုပ်ချယ်ကန့်သတ်ခြင်း မပြုကြပေ။ ထိုအစား၊ အန္တိခရစ်များကို မိမိတို့၏ အိမ်မွေးတိရစ္ဆာန်များကဲ့သို့ ပြုစုပျိုးထောင်ကြသည်။ ဂုဏ်သရေရှိ ပုဂ္ဂိုလ်ကြီးများကဲ့သို့ အစေခံပြီး ကာကွယ်ကြသည်။ ၎င်းတို့အား လမ်းဖွင့်ပေးကြပြီး၊ ၎င်းတို့ သရုပ်ဆောင်ရန်အတွက် အမျိုးမျိုးသော အခွင့်အရေးများကို ဖန်တီးပေးကြသည်။ ၎င်းတို့က အန္တိခရစ်များအား မိမိတို့၏လွတ်လပ်ခွင့်ကို အပြည့်အဝ ခံစားခွင့်ပေးနေစဉ်တွင် မည်သူ၏ အကျိုးစီးပွားများက စတေးခံနေရသနည်း။ (ဘုရားသခင်ရွေးချယ်ထားသောလူများ၏ အကျိုးစီးပွားများ ဖြစ်ပါသည်။) အယောင်ဆောင် ခေါင်းဆောင်များသည် ဘုရားသခင်ရွေးချယ်ထားသောလူများကို ကာကွယ်ရန် ပျက်ကွက်သည်သာမက၊ အန္တိခရစ်များကို အသင်းတော်တွင် ကြီးကြပ်ခွင့်ပေးပြီး၊ ညီအစ်ကိုမောင်နှမများကို အန္တိခရစ်များအတွက် နွားများ၊ မြင်းများကဲ့သို့၊ ကျွန်များကဲ့သို့ အစေခံစေကာ၊ အန္တိခရစ်များ၏ အမိန့်များကို လိုက်နာစေကြသည်။ ၎င်းတို့၏ မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော မှတ်ချက်များ၊ အတွေးအခေါ်များနှင့် သဘောထားအမြင်များကို လက်ခံစေသည်။ ၎င်းတို့၏ ထိန်းချုပ်မှုကို လက်ခံစေပြီး ၎င်းတို့ပြုလုပ်သည့် ဆိုးရွားသော ထိခိုက်နစ်နာမှုကိုပင် လက်ခံစေသည်၊ စသည်ဖြင့်ဖြစ်သည်။ ဤသည်မှာ အယောင်ဆောင် ခေါင်းဆောင်များ လုပ်ဆောင်သည့်အလုပ် ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ရွေးချယ်ထားသောလူများကို အန္တိခရစ်များက ဆိုးဆိုးရွားရွား ထိခိုက်နစ်နာစေခြင်းမရှိအောင် အကြီးမားဆုံး အတိုင်းအတာအထိ တားဆီးနေကြသလော။ ၎င်းတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များကို ဖြည့်ဆည်းခဲ့ပြီးပြီလော။ ၎င်းတို့သည် ဘုရားသခင်ရွေးချယ်ထားသော လူများအား ကာကွယ်ခြင်းအလုပ်ကို လုပ်ဆောင်ပြီးပြီလော။ (မလုပ်ဆောင်သေးပါ။) တိုတိုပြောရလျှင်၊ အကြောင်းရင်းက မည်သို့ပင်ဖြစ်စေ မည်သည့်အလုပ်မျှမလုပ်ဘဲ အန္တိခရစ်များကို မိမိတို့အလိုရှိသလို ပြုလုပ်ရန် လမ်းဖွင့်ပေးသည့် မည်သည့်ခေါင်းဆောင်မဆိုသည် အယောင်ဆောင် ခေါင်းဆောင်တစ်ဦး ဖြစ်သည်။ အဘယ်ကြောင့် ၎င်းတို့ကို အယောင်ဆောင် ခေါင်းဆောင်များဟု ငါပြောဆိုရသနည်း။ အဘယ်ကြောင့်ဆိုသော် အန္တိခရစ်များက ဘုရားသခင်ရွေးချယ်ထားသောလူများကို အထင်အမြင်မှားစေပြီး ထိန်းချုပ်သည့်အခါ၊ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများကို အန္တိခရစ်များထံမှ အမျိုးမျိုးသော ထိခိုက်နစ်နာမှု ခံစားစေပြီး၊ ဘုရားသခင်က ၎င်းတို့အား ပေးအပ်သည့် တာဝန်ပေးစေခိုင်းချက်ကို ပျက်ကွက်သောကြောင့် ဖြစ်သည်။ ဘုရားအိမ်တော်က ဘုရားသခင်၏ သိုးများ၊ ဘုရားသခင်ရွေးချယ်ထားသောလူများကို သင့်ထံ အပ်နှံခဲ့ပြီး၊ သင်သည် သင်၏တာဝန်ကို မဖြည့်ဆည်းခဲ့ပေ။ သင်သည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ထမ်းဆောင်ရန် မထိုက်တန်ပေ။ အကြောင်းရင်း မည်သို့ပင်ဖြစ်စေ သို့မဟုတ် သင့်တွင် မည်သည့် ကျိုးကြောင်းပြချက် ရှိသည်ဖြစ်စေ၊ ခေါင်းဆောင်တစ်ဦးအဖြစ် သင်၏ သက်တမ်းအတောအတွင်းတွင် သင်သည် အန္တိခရစ်များအတွက် အကာအကွယ်ပေးသူတစ်ဦးအဖြစ် ဆောင်ရွက်ခဲ့ပြီး၊ ညီအစ်ကိုမောင်နှမများကို အန္တိခရစ်များ၏ နှောင့်ယှက်မှုများ၊ အထင်အမြင်မှားစေခြင်းများ၊ ထိန်းချုပ်မှုများနှင့် ဆိုးရွားသော ထိခိုက်နစ်နာမှု များစွာ ခံစားရစေခဲ့ပါက၊ သင်သည် ခေတ်ကာလအားလုံးအတွက် အပြစ်သားတစ်ဦး ဖြစ်သည်။ ဤအတွက် အကြောင်းရင်းမှာ၊ သင်က အန္တိခရစ်များကို ပိုင်းခြားသိမြင်နိုင်ခြင်းမရှိသောကြောင့် မဟုတ်၊ သို့မဟုတ် ၎င်းတို့၏ အနှစ်သာရကို ထိုးထွင်းမသိမြင်နိုင်သောကြောင့် မဟုတ်ပေ။ အန္တိခရစ်များက စာတန်များနှင့် နတ်ဆိုးများဖြစ်ကြောင်း သင်၏ စိတ်နှလုံးထဲတွင် သင် ရှင်းလင်းစွာ သိရှိသည့်တိုင်၊ ဘုရားသခင်ရွေးချယ်ထားသောလူများကို ၎င်းတို့အား ဖော်ထုတ်ပြီး ပိုင်းခြားသိမြင်ခွင့် မပေးသောကြောင့် ဖြစ်သည်။ ထိုအစား၊ သင်သည် ညီအစ်ကိုမောင်နှမများအား ၎င်းတို့စကားကို နားထောင်ရန်၊ လက်ခံရန်နှင့် နာခံရန် ခွင့်ပြုသည်။ ဤသည်မှာ သမ္မာတရားနှင့် လုံးဝ ဆန့်ကျင်ဘက်ဖြစ်သည်။ ဤသည်က သင့်ကို ခေတ်ကာလအားလုံးအတွက် အပြစ်သားတစ်ဦး ဖြစ်စေသည် မဟုတ်လော။ (ဟုတ်ပါသည်။) သင်သည် မိမိတို့၏တာဝန်များကို ရိုးသားစွာထမ်းဆောင်ပြီး သမ္မာတရားကို လိုက်စားသောသူတို့အား ကာကွယ်ရန် ပျက်ကွက်သည်သာမက အန္တိခရစ်များကို ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ ရာထူးများသို့ တိုးမြှင့်ပေးပြီး ၎င်းတို့ကို အိမ်မွေးတိရစ္ဆာန်များကဲ့သို့ ပြုစုပျိုးထောင်ကာ ညီအစ်ကိုမောင်နှမများအား ၎င်းတို့၏ အမိန့်များကို နာခံစေခဲ့သည်။ ဘုရားအိမ်တော်သည် ဘုရားသခင်ရွေးချယ်ထားသောလူများကို သင့်ထံ အပ်နှံခဲ့သည်မှာ ၎င်းတို့ကို အန္တိခရစ်များ၏ ကျွန်များအဖြစ် သို့မဟုတ် သင်၏ကျွန်များအဖြစ် အစေခံစေရန် မဟုတ်ဘဲ၊ သင်က ဘုရားသခင်ရွေးချယ်ထားသော လူများအား စာတန်နှင့် အန္တိခရစ်များကို တိုက်ခိုက်ရန်၊ အန္တိခရစ်များကို ပိုင်းခြားသိမြင်ပြီး ငြင်းပယ်ဖို့ ဦးဆောင်ရန်လည်းကောင်း၊ ဘုရားသခင်ရွေးချယ်ထားသော လူများအား ပုံမှန်အသင်းတော်အသက်တာကို နေထိုင်နိုင်စေရန်၊ မိမိတို့၏တာဝန်များကို ပုံမှန်ထမ်းဆောင်နိုင်စေရန်၊ သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်နိုင်စေရန်နှင့် ဘုရားသခင်၏ လမ်းညွှန်မှုအောက်တွင် ဘုရားသခင်ကို ကျိုးနွံနာခံပြီး သက်သေခံနိုင်စေရန်လည်းကောင်း ဖြစ်ပေသည်။ သင်သည် ဤတာဝန်ကိုပင် မဖြည့်ဆည်းနိုင်ပါက၊ လူဟုခေါ်ခံရရန် ထိုက်တန်သလော။ သို့တိုင် သင်သည် အန္တိခရစ်များကို ကာကွယ်ချင်နေသေးသည်။ အန္တိခရစ်များသည် သင်၏ဘိုးဘေးများလော သို့မဟုတ် သင်ကိုးကွယ်သည့်ရုပ်တုများလော။ သင်သည် ၎င်းတို့နှင့် သွေးသားတော်စပ်သော ဆက်ဆံရေးရှိလျှင်ပင်၊ သမ္မာတရား စည်းမျဉ်းများကို လိုက်နာသင့်ပြီး မိသားစုထက် တရားမျှတမှုကို ဦးစားပေးသင့်သည်။ သင်သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များကို ဖြည့်ဆည်းရန် တာဝန်ရှိသည်ဟု ခံစားသင့်သည်၊ အန္တိခရစ်များကို ဖော်ထုတ်ခြင်း၊ ပိုင်းခြားသိမြင်ခြင်းနှင့် ငြင်းပယ်ခြင်း၊ ညီအစ်ကိုမောင်နှမများကို အကြီးမားဆုံးအတိုင်းအတာအထိ ကာကွယ်ရန် အစွမ်းကုန် လုပ်ဆောင်ခြင်း၊ ၎င်းတို့ကို အန္တိခရစ်များ၏ ထိခိုက်နစ်နာစေခြင်းကို ခံရခွင့်မပြုခြင်းတို့ ဖြစ်သည်။ ဤသည်မှာ သင်၏တာဝန်ကို သစ္စာရှိစွာ ထမ်းဆောင်ခြင်းနှင့် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ပြီးမြောက်စေခြင်း ဖြစ်သည်။ ဤသို့လုပ်ဆောင်ခြင်းဖြင့်သာ သင့်ကို စံနှုန်းပြည့်မီသော ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးဟု ခေါ်ဆိုနိုင်ပေသည်။ အကယ်၍ သင်သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များကို ဖြည့်ဆည်းရန် ပျက်ကွက်ပြီး အန္တိခရစ်များအတွက် အကာအကွယ်ပေးသူတစ်ဦးအဖြစ် လိုလိုလားလား ဆောင်ရွက်ပါက၊ သင်သည် ခေတ်ကာလအားလုံးအတွက် အပြစ်သားတစ်ဦးမှလွဲ၍ အခြားမည်သည့်အရာ ဖြစ်နိုင်ဦးမည်နည်း။ အန္တိခရစ်များအတွက် အကာအကွယ်ပေးသူများအဖြစ် ဆောင်ရွက်သည့် အယောင်ဆောင် ခေါင်းဆောင်များနှင့်ပတ်သက်သော မိတ်သဟာယက ဤနေရာတွင် အဆုံးသတ်သည်။ ထိုသို့သောလူများကို အယောင်ဆောင် ခေါင်းဆောင်များ၏ အဆင့်အတန်းများတွင် ထားရှိခြင်းသည် မတရားသောအရာ လုံးဝ မဟုတ်သည်မှာ သိသာထင်ရှားပေသည်။ ဤသည်မှာ စစ်မှန်သော အယောင်ဆောင် ခေါင်းဆောင်များ၏ သရုပ်သကန်များထဲမှ တစ်ခုဖြစ်သည်။