ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၂၇) အခန်း လေး

အချိန်မရွေး အသင်းတော်မှ ထွက်ခွာနိုင်စွမ်း ရှိသောသူတို့သည် မည်သို့သော လူစားမျိုးများ ဖြစ်ကြသနည်း။ တစ်မျိုးမှာ ဦးနှောက်မရှိ၊ အတွေးအခေါ်မရှိသော နားဝေတိမ်တောင် ဖြစ်သည့်လူများဖြစ်ပြီး ၎င်းတို့သည် နှစ်ပေါင်းမည်မျှ ယုံကြည်ခဲ့သည်ဖြစ်စေ ဘုရားသခင်ကို အဘယ်ကြောင့် ယုံကြည်သည်ကို မသိကြပေ။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းဆိုသည်မှာ အဘယ်အရာဖြစ်သည်ကို နားမလည်ကြပေ။ အခြားတစ်မျိုးမှာ ဘုရားသခင်၏ တည်ရှိမှုကို လုံးဝမယုံကြည်ဘဲ ဘုရားသခင်ကို ယုံကြည်ခြင်း၏ အဓိပ္ပာယ် သို့မဟုတ် တန်ဖိုးကို နားမလည်သော မယုံကြည်သူများ ဖြစ်ကြသည်။ ၎င်းတို့အတွက် တရားဒေသနာများ နားထောင်ခြင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းသည် ဓမ္မပညာကို လေ့လာခြင်း သို့မဟုတ် အတတ်ပညာဆိုင်ရာ အသိပညာအချို့ကို သင်ယူခြင်းကဲ့သို့ ဖြစ်သည်၊ ၎င်းတို့ နားလည်ပြီး ထိုအကြောင်းကို ပြောဆိုနိုင်သည်နှင့်တစ်ပြိုင်နက် ပြီးပြီဟု မှတ်ယူကြသည်။ ၎င်းတို့သည် ယင်းကို မည်သည့်အခါမျှ လက်တွေ့မလုပ်ဆောင်ကြပေ။ ၎င်းတို့အတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သီအိုရီတစ်မျိုး၊ ကြွေးကြော်သံတစ်ခုမျှသာဖြစ်ပြီး ၎င်းတို့၏ အသက် မည်သည့်အခါမျှ ဖြစ်လာနိုင်မည်မဟုတ်ပေ။ သို့ဖြစ်၍ ဤလူများအတွက် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် သက်ဆိုင်သည့် မည်သည့်အရာကမျှ ၎င်းတို့ကို စိတ်မဝင်စားစေပေ။ မိမိ၏ တာဝန်ကို ထမ်းဆောင်ခြင်း၊ သမ္မာတရားကို လိုက်စားခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်း၊ ညီအစ်ကိုမောင်နှမများနှင့်အတူ စုဝေးပြီး အသင်းတော်အသက်တာကို အတူတကွ အသက်ရှင်နေထိုင်ခြင်း စသည်တို့ကဲ့သို့သော အမှုအရာများသည် ၎င်းတို့အတွက် မည်သည့်ဆွဲဆောင်မှုမျှ မရှိသကဲ့သို့ ထိုအရာများထဲမှ တစ်ခုကမျှ ၎င်းတို့အား စားခြင်း၊ သောက်ခြင်းနှင့် ပျော်ပါးခြင်းတို့ကဲ့သို့ ပျော်ရွှင်မှုနှင့် စိတ်လှုပ်ရှားမှုကို မပေးပေ။ အခြားတစ်ဖက်တွင်မူ ဘုရားသခင်ကို စိတ်ရင်းမှန်ဖြင့် ယုံကြည်သူများသည် ညီအစ်ကိုမောင်နှမများနှင့် သမ္မာတရားကို မိတ်သဟာယဖွဲ့ရန် သို့မဟုတ် အသင်းတော်အသက်တာကို အသက်ရှင်နေထိုင်ရန် အတူရှိနေခြင်းသည် ၎င်းတို့အား အကျိုးကျေးဇူးများနှင့် အကျိုးအမြတ်များကို အစဉ်ဆောင်ကြဉ်းပေးနိုင်သည်ဟု ခံစားကြရသည်။ တစ်ခါတစ်ရံ ၎င်းတို့သည် အန္တရာယ်နှင့် ညှဉ်းပန်းနှိပ်စက်မှုကို ရင်ဆိုင်ရသော်လည်း သို့မဟုတ် ဧဝံဂေလိတရားဟောရာတွင် စွန့်စားရပြီး မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရာတွင် ဆင်းရဲဒုက္ခအချို့ကို ခံစားရသော်လည်း မည်သို့ပင်ဖြစ်စေ ၎င်းတို့သည် ဆင်းရဲဒုက္ခခံစားပြီး အဖိုးအခပေးခြင်းမှတစ်ဆင့် သမ္မာတရားကို နားလည်မှုရရှိကာ ဘုရားသခင်ကို သိကျွမ်းခြင်း၏ အကျိုးသက်ရောက်မှုကို ရရှိကြပြီး ဤဆင်းရဲဒုက္ခနှင့် အဖိုးအခသည် ၎င်းတို့၏ အသက်စိတ်သဘောထားတွင် အသွင်ပြောင်းလဲမှုကို ဆောင်ကြဉ်းပေးသည်။ ဤအရာအားလုံးကို ချိန်ဆပြီး အကဲဖြတ်ပြီးနောက် ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းသည် ကောင်းသည်ဟုလည်းကောင်း၊ သမ္မာတရားကို နားလည်နိုင်ခြင်းသည် မယုံနိုင်လောက်အောင် တန်ဖိုးရှိသည်ဟုလည်းကောင်း ခံစားကြရသည်။ ၎င်းတို့၏ စိတ်နှလုံးများသည် အသင်းတော်ကို အထူး တွယ်တာလာကြပြီး အသင်းတော်အသက်တာမှ ထွက်ခွာရန် မည်သည့်အခါမျှ မစဉ်းစားကြပေ။ ၎င်းတို့သည် အသင်းတော်၏အလုပ်ကို နှောင့်ယှက်သည့်အတွက် လူပုဂ္ဂိုလ်အချို့ ဘီအုပ်စုများသို့ အပို့ခံရသည်ကိုဖြစ်စေ၊ အသင်းတော်မှ သီးခြားခွဲထားခြင်း ခံရသည်ကိုဖြစ်စေ၊ ရှင်းလင်းပစ်ခြင်းခံရသည်ကိုဖြစ်စေ မြင်တွေ့ပါက ဘုရားသခင်ကို စိတ်ရင်းမှန်ဖြင့် ယုံကြည်သောသူတို့သည် မိမိတို့၏ စိတ်နှလုံးထဲတွင် အနည်းငယ်သော စိတ်သောကကို ခံစားကြရသည်။ ၎င်းတို့က “ကျွန်ုပ်သည် ကျွန်ုပ်၏ တာဝန်ကို လုံ့လဝီရိယရှိစွာ ထမ်းဆောင်ရန် လိုအပ်သည်။ ကျွန်ုပ်သည် ရှင်းလင်းပစ်ခြင်း ခံရ၍ လုံးဝ မဖြစ်နိုင်ပေ။ ရှင်းလင်းပစ်ခြင်းခံရခြင်းသည် အပြစ်ဒဏ်ပေးခံရခြင်းနှင့် ညီမျှသည်၊ အဆုံးသတ်မှာ ငရဲကျခြင်းပင် ဖြစ်သည်။ သို့ဆိုလျှင် အသက်ရှင်နေထိုင်ခြင်း၏ အဓိပ္ပာယ်မှာ အဘယ်အရာဖြစ်မည်နည်း” ဟု တွေးထင်ကြသည်။ လူအများစုသည် အသင်းတော်မှ ထွက်ခွာရန် ကြောက်ရွံ့ကြသည်၊ ၎င်းတို့သည် အသင်းတော်မှ ထွက်ခွာပြီး ဘုရားသခင်ကို စွန့်ခွာသည်နှင့်တစ်ပြိုင်နက် ဆက်လက်အသက်ရှင်နိုင်တော့မည် မဟုတ်ဘဲ အရာအားလုံး ပြီးဆုံးသွားလိမ့်မည်ဟု ခံစားကြရသည်။ သို့သော် အချိန်မရွေး အသင်းတော်မှ ထွက်ခွာနိုင်စွမ်း ရှိသောသူတို့သည် အသင်းတော်မှ ထွက်ခွာခြင်းကို အခြားအလုပ်တစ်ခုရှာရန် အလုပ်မှထွက်ခြင်းကဲ့သို့ပင် အတော်အတန် ပုံမှန်အရာတစ်ခုအဖြစ် ရှုမြင်ကြသည်။ ၎င်းတို့သည် အတွင်းစိတ်၌ မည်သည့်အခါမျှ စိတ်မချမ်းမသာဖြစ်ခြင်းဖြစ်စေ၊ မည်သည့်နာကျင်မှုကိုမျှဖြစ်စေ မခံစားရပေ။ သင်တို့ မည်သို့ထင်သနည်း၊ အချိန်မရွေး အသင်းတော်မှ ထွက်ခွာနိုင်စွမ်းရှိသောသူတို့တွင် အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိသလော။ ထိုသို့သောလူများသည် အမှန်တကယ်ပင် မယုံနိုင်စရာ ကောင်းလှသည်။ အချို့လူများ၏ တာဝန်ထမ်းဆောင်မှုသည် စံနှုန်းမပြည့်မီသည့်အပြင် ၎င်းတို့သည် အစဉ်သဖြင့် မဆင်မခြင် ဒုစရိုက်အမှုများကို ကျူးလွန်လျက် အသင်းတော်၏အလုပ်ကို အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို ဆောင်ကြဉ်းပေးသည်။ ထို့နောက် အသင်းတော်သည် ၎င်းတို့ကို မိမိတို့၏ တာဝန်ကို ထမ်းဆောင်ခြင်းမှ ရပ်တန့်စေပြီး သာမန်အသင်းတော်တစ်ခုသို့ ပို့လိုက်သည်။ သို့ဆိုလျှင် အကျိုးဆက်အနေဖြင့် မည်သို့ဖြစ်သနည်း။ နောက်တစ်နေ့တွင်ပင် ၎င်းတို့သည် လုံးဝကွဲပြားခြားနားသော လူတစ်ဦးကဲ့သို့ ပြုမူကြပြီး ဘဝသစ်တစ်ခုကို လုံးလုံး စတင်ကြသည်။ အချို့သည် ချိန်းတွေ့ပြီး အိမ်ထောင်ပြုကြသည်၊ အချို့သည် အလုပ်များ စတင်ရှာဖွေကြသည်၊ အခြားသူများမှာမူ ကောလိပ်သို့ သွားကြပြီး အချို့မှာမူ မိတ်ဆွေဟောင်းများနှင့် ပြန်လည်ဆက်သွယ်ကာ ဆက်ဆံရေးများ တည်ဆောက်ပြီး ချမ်းသာရန် အခွင့်အလမ်းများကို ရှာဖွေကြသည်။ ဤလူများသည် ကျယ်ပြန့်သော လောကကြီးထဲသို့ လျင်မြန်စွာ ရောနှောသွားပြီး လူ့ပင်လယ်ထဲတွင် ပျောက်ကွယ်သွားကြသည်၊ ထိုမျှ လျင်မြန်စွာ ဖြစ်ပျက်သွားသည်။ အချို့ ညီအစ်ကိုမောင်နှမများသည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရာတွင် ရလဒ်မကောင်းသည့်အတွက် သာမန်အသင်းတော်တစ်ခုသို့ အပို့ခံရပြီးနောက် စိတ်သောကကာလတစ်ခုကို ဖြတ်သန်းကြရသော်လည်း မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်နိုင်ပြီး မိမိတို့၏ ကိုယ်ပိုင်ပြဿနာများကို အသိအမှတ်ပြုနိုင်ကာ ပြောင်းလဲလိုသည့် သဘောထားအချို့ကို ပြသကြသည်။ သို့သော် အချိန်မရွေး အသင်းတော်မှ ထွက်ခွာနိုင်စွမ်းရှိသောသူတို့သည် အခက်အခဲအချို့ ကြုံတွေ့သည်နှင့်တစ်ပြိုင်နက် မိမိတို့၏ တာဝန်ကို မထမ်းဆောင်ချင်တော့ဘဲ နောက်တစ်နေ့တွင် အသင်းတော်မှ ထွက်ခွာကာ ဘာသာတရား မရှိသူတစ်ဦး၏ ဘဝသို့ ပြန်သွားကြသည်။ ၎င်းတို့သည် လုံးဝ နာကျင်သည်ဟု မခံစားရသည့်အပြင် “ဘုရားသခင်ကို ယုံကြည်ခြင်း၌ အဘယ်သို့သော ကောင်းကျိုး ရှိပါသနည်း။ အခြားသူများ၏ လှောင်ပြောင်ခြင်းနှင့် အသရေဖျက်ခြင်းကို အစဉ်မပြတ် ခံရသည့်အပြင် အဖမ်းအဆီးခံရကာ ထောင်သွင်းအကျဉ်းချ ခံရဖွယ်ပင် ရှိသေးသည်။ အဆင်းနီသော နဂါးကြီးက ကျွန်ုပ်ကို ရိုက်သတ်ခဲ့ပါလျှင် ကျွန်ုပ်၏အသက်သည် အချည်းနှီး ဖြစ်သွားမည် မဟုတ်လော။ ဤနှစ်များတစ်လျှောက်လုံး ဘုရားကို ယုံကြည်ရင်း ဤမျှလောက်သော ဒုက္ခဆင်းရဲကို ကျွန်ုပ် ခံစားခဲ့ရသော်လည်း အဘယ်အရာကို ရရှိခဲ့ပါသနည်း။ ကျွန်ုပ်သည် ဘုရားသခင်ကို မယုံကြည်ခဲ့ပါလျှင် ယခုအချိန်၌ အရာထမ်းတစ်ဦးဖြစ်ကာ ကြီးပွားချမ်းသာနေပြီး ဂုဏ်သတင်းကျော်စောသော ဘဝဖြင့် နေထိုင်နေလောက်ပြီတကား။ ယခုအချိန်အထိ ဘုရားကို ယုံကြည်ခဲ့ရခြင်းအတွက် ကျွန်ုပ်သည် နောင်တပင် ရမိပါသည်။ ဤကဲ့သို့ ဖြစ်မည်မှန်းသာ သိခဲ့ပါမူ ကျွန်ုပ်သည် အစောကတည်းကပင် ထွက်ခွာသွားခဲ့မည်သာ ဖြစ်သည်။ သမ္မာတရားကို နားလည်ခြင်းသည် အဘယ်မှာ အသုံးဝင်ပါမည်နည်း။ ထိုနားလည်မှုသည် သင့်ကို ဝမ်းဝစေနိုင်ပါမည်လော သို့မဟုတ် အသုံးစရိတ်များကို ပေးချေနိုင်ပါမည်လော” ဟုပင် တွေးထင်ကြသည်။ မြင်ပြီမဟုတ်လော။ ၎င်းတို့တွင် ကြီးစွာသောနောင်တမရရှိရုံသာမက အသင်းတော်မှ ထွက်ခွာနိုင်သည့်အတွက် ကံကောင်းသည်ဟုပင် ခံစားကြရသည်။ ဤသည်မှာ မယုံကြည်သူများအဖြစ် ၎င်းတို့၏ စရိုက်မှန် ဖော်ထုတ်ခံရခြင်း မဟုတ်လော။ (ဟုတ်ပါသည်။)

အချို့လူများသည် တာဝန်ထမ်းဆောင်ရာတွင် ဝတ်ကျေတမ်းကျေလုပ်နေကျဖြစ်ပြီး မဆင်မခြင် မကောင်းမှု ကျူးလွန်ကြသည်။ အသင်းတော်၏ ရှင်းလင်းပစ်ခြင်းကို ခံရပြီးနောက် ညီအစ်ကိုမောင်နှမများကို တွေ့သည့်အခါ ၎င်းတို့က ရန်သူများကဲ့သို့ ကြည့်ကြသည်။ ညီအစ်ကိုမောင်နှမများက ၎င်းတို့နှင့် ကြင်နာစွာ စကားပြောရန် ကြိုးစားသည့်အခါတွင်ပင် ၎င်းတို့က လျစ်လျူရှုပြီး မုန်းတီးစွာ ရှုမြင်လျက် “သင်တို့သည် ကျွန်ုပ်အား အသင်းတော်မှ ရှင်းလင်းပစ်သောသူများ ဖြစ်သည်။ ကျွန်ုပ်ကို ယခု ကြည့်ပါ။ ကျွန်ုပ်သည် သင်တို့ထက် ပို၍အခြေအနေကောင်းသည်။ ယခုအခါတွင် ကျွန်ုပ်သည် ရွှေများ၊ ငွေများဖြင့် ဆင်မြန်းထားသည့် သူဌေးကြီးတစ်ဦး ဖြစ်သည်။ ကျွန်ုပ်က လောကကြီးထဲတွင် သက်သောင့်သက်သာ နေထိုင်နေပြီး ဘုရားကို ယုံကြည်သည့် သင်တို့က မည်မျှပင်နွမ်းပါးပင်ပန်းလိုက်သည်ကို ကြည့်ပါ။ သင်တို့အားလုံးက သမ္မာတရားရရှိခြင်းကို အစဉ်မပြတ် လိုက်စားနေကြသော်လည်း သင်တို့က ကျွန်ုပ်ထက် ပိုတော်သည်ဟု ကျွန်ုပ် မထင်ပါ။ သမ္မာတရားကို ရရှိခြင်းသည် မည်သည့်ကောင်းကျိုးများ ရှိသနည်း။ ယင်းကို အစားအစာကဲ့သို့စား၍ ရနိုင်သလော သို့မဟုတ် ငွေကြေးကဲ့သို့ သုံးစွဲ၍ ရနိုင်သလော။ သမ္မာတရားကို မလိုက်စားဘဲနှင့်ပင် ကျွန်ုပ် ကောင်းကောင်းမွန်မွန်သာ အသက်ရှင်နေဆဲဖြစ်သည် မဟုတ်လား။ သင်တို့ ကျွန်ုပ်ကို ရှင်းလင်းပစ်ခဲ့သည်မှာ ကျွန်ုပ်အတွက် ကံကောင်းခြင်းတစ်ခုသာ ဖြစ်သည်၊ ကျွန်ုပ်က သင်တို့ကို ကျေးဇူးပင် တင်ရဦးမည်” ဟု ပြောဆိုကြသည်။ ၎င်းတို့၏ စကားများမှ ၎င်းတို့သည် မယုံကြည်သူများဖြစ်ကြောင်း ထင်ရှားပြီး တာဝန်ထမ်းဆောင်ခြင်းက ၎င်းတို့ကို ထုတ်ဖော်ခဲ့သည်။ ဘုရားသခင်ကို နှုတ်ဖြင့်သာ ယုံကြည်သော ဘာသာတရား မရှိသူတစ်ဦးသည် မိမိ၏ တာဝန်ကို လိုလိုလားလား ထမ်းဆောင်နိုင်မည်လော။ တာဝန်ထမ်းဆောင်ခြင်းဆိုသည်မှာ လစာရခြင်း သို့မဟုတ် ငွေရှာခြင်းမရှိဘဲ တာဝန်ဝတ္တရားများကို ကောင်းမွန်စွာ ဖြည့်ဆည်းခြင်းကို ဆိုလိုသည်။ ၎င်းတို့သည် ဤအရာကို ဆုံးရှုံးမှုတစ်ခုအဖြစ် ရှုမြင်သောကြောင့် မိမိတို့၏ တာဝန်ကို ထမ်းဆောင်လိုစိတ် မရှိကြပေ။ သို့ဖြင့် မယုံကြည်သူများအဖြစ် ၎င်းတို့၏ စရိုက်မှန်များ ဖော်ထုတ်ခြင်းခံရသည်၊ ဤသည်မှာ ဘုရားသခင်၏အမှုတော်က မယုံကြည်သူများကို ထုတ်ဖော်ပြီး ဖယ်ရှားရှင်းလင်းသည့် နည်းလမ်းဖြစ်သည်။ အချို့လူများသည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်သည့်အခါ တစ်ရက်ပြီးတစ်ရက် ဖြစ်သလိုနေလျက် ဝတ်ကျေတမ်းကျေ သဘောထား အမြဲရှိကြသည်။ လောကတွင် ငွေရှာရန် သို့မဟုတ် ရာထူးတိုးရန် အခွင့်အရေးတစ်ခု ရသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် အသင်းတော်ကို အချိန်မရွေး စွန့်ခွာကြသည်၊ ၎င်းတို့သည် ဤရည်ရွယ်ချက်ကို စိတ်ထဲ၌ အစဉ်သဖြင့် ထားရှိခဲ့ကြသည်။ ၎င်းတို့သည် တာဝန်ထမ်းဆောင်စဉ် ဝတ်ကျေတမ်းကျေ လုပ်နေကျဖြစ်ပြီး မဆင်မခြင် မကောင်းမှုများ ကျူးလွန်ခြင်းတို့ကြောင့် သာမန်အသင်းတော်တစ်ခုသို့ ပြောင်းရွှေ့ခြင်းခံရပါက ၎င်းတို့သည် မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်မည် မဟုတ်ရုံသာမက “အချိန်ပြည့်တာဝန်ထမ်းဆောင်သည့် အသင်းတော်မှ ကျွန်ုပ်ကို ဖယ်ရှားခြင်းသည် သင့်အတွက် ဆုံးရှုံးမှုဖြစ်ပြီး ကျွန်ုပ်အတွက် အမြတ်ပင်ဖြစ်သည်” ဟုပင် တွေးထင်ကြလိမ့်မည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို အတော်ပင် ကျေနပ်နေကြသေးသည်။ ထိုသို့သောလူများသည် မယုံကြည်သူများ မဟုတ်လော။ ငါ့ကို ပြောလော့၊ မိမိတို့၏ မဆင်မခြင် ပြုသော မကောင်းမှုများမှတစ်ဆင့် အသင်းတော်၏အလုပ်ကို ဆိုးရွားစွာ အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်ခဲ့သောကြောင့် ဖယ်ရှားခြင်းခံရသည့် ထိုမယုံကြည်သူများအတွက် ဘုရားအိမ်တော်က ၎င်းတို့ကို ဤကဲ့သို့ ဖယ်ရှားခြင်းသည် စည်းမျဉ်းများနှင့် ကိုက်ညီသလော။ (ကိုက်ညီပါသည်။) ယင်းမှာ စည်းမျဉ်းများနှင့် လုံးဝကိုက်ညီသည်၊ ဤသည်မှာ ၎င်းတို့ကို စိုးစဉ်းမျှပင် နစ်နာစေခြင်း မဟုတ်ပေ။ ဘုရားသခင်အပေါ်တွင်လည်းကောင်း၊ တာဝန်ထမ်းဆောင်ခြင်းအပေါ်တွင်လည်းကောင်း ၎င်းတို့၏ သဘောထားမှာ ၎င်းတို့ကို အချိန်မရွေး စွန့်ပစ်နိုင်ပြီး သစ္စာဖောက်နိုင်စွမ်းရှိခြင်းပင် ဖြစ်သည်။ ဤအချက်သည် ၎င်းတို့၏ စိတ်နှလုံးထဲ၌ အပြုသဘောဆောင်သောအရာများကို လုံးဝ စိတ်ဝင်စားမှု မရှိကြောင်း သက်သေပြရန် လုံလောက်သည်။ ၎င်းတို့သည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ကြပြီး တရားဒေသနာများစွာကို နားထောင်ခဲ့ကြသည့်တိုင် ဘုရားသခင်ကို ယုံကြည်ခြင်းဆိုင်ရာ သမ္မာတရားများ သို့မဟုတ် ဘုရားသခင် ရွေးချယ်ထားသောလူများ၏ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ တစ်ခုကမျှ ၎င်းတို့၏ စိတ်နှလုံးကို မထိန်းသိမ်းနိုင်ပေ။ ဤအရာများထဲမှ တစ်ခုကမျှ ၎င်းတို့ကို စိတ်မဝင်စားစေပေ၊ တို့ထိခံစားရစေခြင်း မရှိပေ၊ သို့မဟုတ် သံယောဇဉ်ဖြစ်စေခြင်း မရှိပေ။ ဤသည်မှာ ၎င်းတို့၏ လူ့သဘာဝ၏ အနှစ်သာရဖြစ်ပြီး ယင်းမှာ ၎င်းတို့သည် အပြုသဘောဆောင်သောအရာများကို လုံးဝ စိတ်ဝင်စားမှု မရှိခြင်း ဖြစ်သည်။ သို့ဆိုလျှင် ၎င်းတို့သည် မည်သည့်အရာကို စိတ်ဝင်စားကြသနည်း။ ၎င်းတို့သည် စားခြင်း၊ သောက်ခြင်းနှင့် ပျော်ပါးခြင်း၊ ဇာတိပကတိ၏ သာယာမှုများ၊ ဆိုးယုတ်သော ခေတ်ရေစီးကြောင်းများနှင့် စာတန်၏ အတွေးအခေါ်များကို စိတ်ဝင်စားကြသည်။ ၎င်းတို့သည် လူ့အဖွဲ့အစည်းရှိ အပျက်သဘောဆောင်သော အရာအားလုံးကို အထူးပင် စိတ်ဝင်စားကြသည်၊ သမ္မာတရားနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကိုသာ ၎င်းတို့ စိတ်မဝင်စားကြခြင်း ဖြစ်သည်။ ထိုအကြောင်းကြောင့် ၎င်းတို့သည် ဘုရားအိမ်တော်ကို အချိန်မရွေး စွန့်ခွာနိုင်စွမ်းရှိကြခြင်း ဖြစ်သည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏ စုဝေးပွဲများအတွင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မကြာခဏ ဖတ်ရှုခြင်း သို့မဟုတ် သမ္မာတရားကို မကြာခဏ မိတ်သဟာယဖွဲ့ခြင်းတို့ကို လုံးဝ စိတ်ဝင်စားမှုမရှိကြပေ။ ၎င်းတို့သည် တာဝန်ထမ်းဆောင်ခြင်းကို အထူးပင် စက်ဆုပ်ကြပြီး မိမိတို့၏ တာဝန်ကို ထမ်းဆောင်သောသူအားလုံးသည် လူမိုက်များသာဖြစ်သည်ဟုပင် တွေးထင်ကြသည်။ ဤသည်မှာ အဘယ်သို့သော စိတ်နေစိတ်ထားနှင့် အဘယ်သို့သော လူ့သဘာဝမျိုး ဖြစ်သနည်း။ ၎င်းတို့သည် သမ္မာတရားအပေါ်ဖြစ်စေ၊ လူတို့ကို ဘုရားသခင်၏ ကယ်တင်ခြင်းတို့အပေါ်ဖြစ်စေ စိတ်ဝင်စားမှုမရှိဘဲ အသင်းတော်အသက်တာကိုလည်း လုံးဝ သံယောဇဉ် မရှိကြပေ။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လူအများရှေ့တွင် ဝေဖန်ကဲ့ရဲ့ခြင်း သို့မဟုတ် ပြစ်တင်ရှုတ်ချခြင်း မပြုခဲ့သော်လည်း တရားဒေသနာများကို နှစ်ပေါင်းများစွာ နားထောင်ခဲ့ပြီးနောက် သမ္မာတရား အနည်းငယ်မျှကိုပင် နားမလည်ကြပေ၊ ဤအချက်က ပြဿနာတစ်ခုကို ရှင်းလင်းစွာ ဖော်ပြနေသည်။ မည်သူကမျှ အပြုသဘောဆောင်သောအရာများနှင့် အပျက်သဘောဆောင်သောအရာများ နှစ်ခုလုံးကို အော်ဂလီဆန်ခြင်း မရှိ။ သင်သည် အပြုသဘောဆောင်သောအရာများကို မကြိုက်သရွေ့ သင်သည် အပျက်သဘောဆောင်သောအရာများကို အထူးပင် စိတ်ဝင်စားလိမ့်မည်။ သင်သည် အပျက်သဘောဆောင်သောအရာများကို အထူးပင် စိတ်ဝင်စားပါက သင်သည် အပြုသဘောဆောင်သော အရာများကို သေချာပေါက် စိတ်ဝင်စားမည် မဟုတ်ပေ။ ဤလူစားမျိုးသည် အပြုသဘောဆောင်သောအရာများကို လုံးဝ စိတ်ဝင်စားမှုမရှိသောကြောင့် ဘုရားအိမ်တော်၌ ၎င်းတို့ သံယောဇဉ်ရှိသည့်အရာ၊ ၎င်းတို့ ကြိုက်နှစ်သက်သည့် သို့မဟုတ် တောင့်တသည့်အရာ တစ်ခုမျှ မရှိပေ။ လောက၏ ဆိုးယုတ်သော ခေတ်ရေစီးကြောင်းများ၊ ငွေကြေး၊ ကျော်ကြားမှုနှင့် အကျိုးအမြတ်၊ ရာထူးရာခံ၊ ချမ်းသာကြွယ်ဝလာခြင်းနှင့် အမျိုးမျိုးသော ခေတ်စားသည့် မိစ္ဆာဒိဋ္ဌိအယူများနှင့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အရာများသည် ၎င်းတို့ အစိတ်ဝင်စားဆုံးသောအရာများ ဖြစ်ကြသည်။ ၎င်းတို့၏ စိတ်နှလုံးသည် ဘုရားအိမ်တော်အပေါ်၌ မဟုတ်ဘဲ လောကအပေါ်၌ တည်ရှိသည်၊ ထိုအကြောင်းကြောင့် ၎င်းတို့သည် အချိန်မရွေး ထွက်ခွာနိုင်စွမ်းရှိကြခြင်း ဖြစ်သည်။ ဘုရားအိမ်တော်မှ ထွက်ခွာခြင်းနှင့်အသင်းတော်အသက်တာမှ ထွက်ခွာခြင်းသည် ၎င်းတို့ထံသို့ ကြီးစွာသောနောင်တရခြင်း၊ ပြင်းပြသော ဝေဒနာ သို့မဟုတ် နာကျင်ခြင်းတို့ကို မဆောင်ကြဉ်းဘဲ လုံးဝ လွတ်မြောက်ခြင်းကိုသာ ဆောင်ကြဉ်းသည်။ ၎င်းတို့သည် မိမိတို့ဘာသာ တွေးထင်ကြသည်မှာ “နောက်ဆုံးတော့ နေ့တိုင်း တရားဒေသနာများ၊ သမ္မာတရားမိတ်သဟာယဖွဲ့ခြင်းများ၊ နားထောင်စရာ မလိုတော့ပါ၊ ဤအရာများ၏ ချုပ်ချယ်မှုကိုလည်း နောက်ထပ် ခံစရာမလိုတော့ပါ။ ယခုအခါတွင် ငါက ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို ရဲရဲကြီး လိုက်စားနိုင်ပြီ၊ ငွေကြေးကို လိုက်စားနိုင်ပြီ၊ လှပသည့်အမျိုးသမီးများကို လိုက်စားနိုင်ပြီ၊ ငါ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အလားအလာများကို လိုက်စားနိုင်ပြီ။ နောက်ဆုံးတော့ ငါက တခြားသူများကို ရဲရဲကြီး လိမ်လည်လှည့်ဖြားနိုင်ပြီ၊ အကြံအစည်များ၊ ပရိယာယ်များ သုံးနိုင်ပြီ၊ စိုးရိမ်စရာမလိုဘဲ ကောက်ကျစ်ဆိုးယုတ်သည့် နည်းဗျူဟာအမျိုးမျိုးကို ကျင့်သုံးနိုင်ပြီ။ လူများနှင့် ပေါင်းသင်းဆက်ဆံဖို့ မည်သည့်နည်းလမ်းကိုမဆို ငါသုံးနိုင်ပြီ” ဟူ၍ ဖြစ်သည်။ ဘုရားအိမ်တော်၌ တရားဒေသနာများကို နားထောင်ခြင်းနှင့် သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းသည် ၎င်းတို့အတွက် နာကျင်ဖွယ်ဖြစ်ပြီး ဘုရားအိမ်တော်ကို စွန့်ခွာခြင်းသည် သက်သာရာရခြင်းကဲ့သို့ ခံစားရသည်။ ဆိုလိုသည်မှာ ဤအပြုသဘောဆောင်သောအရာများသည် ၎င်းတို့၏ စိတ်နှလုံး လိုအပ်သည့်အရာများ မဟုတ်ပေ။ ၎င်းတို့ လိုအပ်သည့်အရာမှာ လောကနှင့် လူ့အဖွဲ့အစည်း၏ အရာများအားလုံး ဖြစ်သည်။ ဤအရာမှကြည့်လျှင် ၎င်းတို့ အသင်းတော်ကို စွန့်ခွာခဲ့သည့် အကြောင်းရင်းသည် ၎င်းတို့၏ လိုက်စားမှုများနှင့် နှစ်သက်မှုများနှင့် တိုက်ရိုက်ဆက်စပ်နေကြောင်း ရှင်းလင်းပေသည်။

အချိန်မရွေး ဘုရားအိမ်တော်မှ ထွက်ခွာနိုင်စွမ်းရှိသော ဤလူတို့၏ သဘာဝ အနှစ်သာရမှာ အဘယ်အရာဖြစ်သနည်း။ ယင်းမှာ အဘယ်အရာ ဖြစ်သည်ကို သင်တို့ ယခု မြင်ကြသလော။ (မြင်ကြပါသည်။ ၎င်းတို့သည် မယုံကြည်သူများဟူသည့် လူစားမျိုး ဖြစ်ကြသည်။ ဤလူအများစုမှာ တိရစ္ဆာန်ဝင်စားသူများ ဖြစ်ကြသည်၊ ၎င်းတို့အားလုံးသည် ဦးနှောက်မရှိ၊ အတွေးအခေါ်မရှိသော နားဝေတိမ်တောင် ဖြစ်သည့်လူများ ဖြစ်ကြသည်။) မှန်ပေသည်။ ၎င်းတို့သည် ယုံကြည်ခြင်းဆိုင်ရာ ကိစ္စရပ်များကို နားမလည်ကြပေ။ လူ့ဘဝသည် အမှန်တကယ် အဘယ်အရာဖြစ်သည်ကို၊ လူတို့သည် အဘယ်လမ်းကို လျှောက်လှမ်းသင့်သည်ကို၊ အဘယ်အရာများသည် လုပ်ဆောင်ရန် အဓိပ္ပာယ်အရှိဆုံးဖြစ်သည်ကို၊ ကျင့်ကြံပြုမူခြင်းနှင့်ပတ်သက်လာလျှင် အဘယ်လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းများကို လိုက်နာသင့်သည်ကို စသည်ဖြင့် ၎င်းတို့ နားမလည်ကြသကဲ့သို့ ထိုအရာများကို သိရှိရန် သမ္မာတရားကို ရှာဖွေလိုခြင်းလည်း မရှိကြပေ။ ၎င်းတို့သည် အဘယ်အရာကို လိုက်စားရန် နှစ်သက်ကြသနည်း။ တစ်နေ့လုံး ၎င်းတို့၏ စိတ်ထဲတွင် အကျိုးအမြတ်များ ရရှိရန်နှင့် အခြားသူများထက် သာလွန်သော ဘဝကို မွေ့လျော်ခံစားရန် မည်သည့်အရာကို လုပ်ဆောင်နိုင်သည် ဟူသည့်အကြောင်းကိုသာ တွေးတောကြံစည်နေကြသည်။ အချို့လူများသည် လောကတွင် အလုပ်လုပ်နေစဉ် ဘုရားသခင်ကို စတင်ယုံကြည်ကြသည်။ သို့သော် ၎င်းတို့သည် ကြီးကြပ်ရေးမှူး သို့မဟုတ် မန်နေဂျာအဖြစ် ရာထူးတိုးသည်နှင့်တစ်ပြိုင်နက်၊ သို့မဟုတ် အထက်လူကြီး ဖြစ်လာသည်နှင့်တစ်ပြိုင်နက် ယုံကြည်ခြင်းကို ရပ်လိုက်ကြသည်။ ညီအစ်ကိုမောင်နှမများက ၎င်းတို့ထံ ဆက်သွယ်သည့်အခါ ၎င်းတို့က “ယခု ကျွန်ုပ်သည် ဂုဏ်ရှိ၊ မျက်နှာရှိ၊ လူမှုအဆင့်အတန်းရှိသူတစ်ဦး ဖြစ်နေပြီ။ သင်တို့နှင့်အတူ ဘုရားကို ယုံကြည်ခြင်းသည် အလွန်ပင် အရှက်ရဖွယ်ကောင်းသည်။ သင်တို့အားလုံး ကျွန်ုပ်နှင့် ဝေးဝေးနေသင့်ပြီး ကျွန်ုပ်ကို နောက်တစ်ကြိမ် လာမရှာကြနှင့်တော့။ သင်တို့အလိုရှိလျှင် ကျွန်ုပ်ကို စာရင်းမှ ပယ်ဖျက်နိုင်သည် သို့မဟုတ် နှင်ထုတ်နိုင်သည်။ မည်သို့ပင်ဖြစ်စေ ဘုရားကို ယုံကြည်ခြင်းဆိုင်ရာ ကျွန်ုပ်၏ အခန်းကဏ္ဍ ပြီးဆုံးသွားပြီ၊ ကျွန်ုပ်သည် သင်တို့နှင့် နောက်ပိုင်းတွင် မည်သည့်အရာမျှ မသက်ဆိုင်တော့ပါ” ဟု ပြောဆိုကြသည်။ ၎င်းတို့ ပြောဆိုသည့်အရာကို ကြည့်လော့။ ၎င်းတို့သည် အဘယ်သို့သော လူစားမျိုး ဖြစ်သနည်း။ သင်တို့သည် ၎င်းတို့ထံ ဆက်သွယ်ဦးမည်လော။ (မဆက်သွယ်တော့ပါ။) ၎င်းတို့သည် ဤမျှ ပြောင်ပြောင်တင်းတင်း ပြောဆိုခဲ့ပြီး ဖြစ်သည့်တိုင် အချို့သော အသင်းတော် ခေါင်းဆောင်များသည် ၎င်းတို့ ထွက်ခွာသွားသည်ကို မြင်သည့်အခါ နှမြောစရာကောင်းသည်ဟု ခံစားရဆဲဖြစ်ပြီး ၎င်းတို့ကို ဖျောင်းဖျရန် အကြိမ်များစွာ ဆက်သွယ်ကြသည်။ “သင်သည် အလွန်ကောင်းသော အစွမ်းအစရှိသည်၊ သင်သည် ယခင်က ခေါင်းဆောင်တစ်ဦးနှင့် အမှုဆောင်တစ်ဦးပင် ဖြစ်ခဲ့ဖူးသည်။ သင်သည် သမ္မာတရားကို မလိုက်စားသောကြောင့်သာ ဖြုတ်ချခံခဲ့ရခြင်း ဖြစ်သည်။ သင်သည် သမ္မာတရားကို ဇွဲရှိရှိ လိုက်စားပါက ကယ်တင်ခြင်းခံရမည်မှာ သေချာပြီး အနာဂတ်တွင် သင်သည် ဘုရားအိမ်တော်၌ မုချပင် ထောက်တိုင်တစ်တိုင်၊ အဓိကအမာခံတစ်ဦး ဖြစ်လာလိမ့်မည်” ဟူ၍ ဖြစ်သည်။ ခေါင်းဆောင်များက ဤအရာများကို ပြောဆိုလေလေ အခြားတစ်ဖက်ကို ပို၍ ရွံမုန်းစေလေလေ ဖြစ်သည်။ အချို့သော အသင်းတော်ခေါင်းဆောင်များသည် မိုက်မဲပြီး ပိုင်းခြားသိမြင်နိုင်စွမ်း ကင်းမဲ့ကြသည်၊ ဤလူသည် လောကတွင် ရာထူးတိုးခဲ့သည့်တိုင် ဤခေါင်းဆောင်များသည် ၎င်းတို့ကို အားကျနေဆဲဖြစ်ပြီး ၎င်းတို့နှင့် ဆက်ဆံရေးထူထောင်လိုကြသည်၊ ဤသည်မှာ မိမိကိုယ်ကို လေးစားမှုကင်းမဲ့ခြင်းကို မပြသလော။ သမ္မာတရားကို နားလည်သောလူများသည် ဤကိစ္စကို ရှင်းလင်းစွာ မြင်နိုင်သည်။ လူ့အဖွဲ့အစည်းတွင် ရာထူးတိုးခြင်းသည် ကောင်းသော နိမိတ်လက္ခဏာ မဟုတ်ပေ၊ ယင်းမှာ လူတစ်ဦး လျှောက်လှမ်းရန် မှန်ကန်သော လမ်းကြောင်းမဟုတ်ပေ။ အချို့လူများသည် လူ့အဖွဲ့အစည်းတွင် အဆင့်အတန်း အနည်းငယ် ရရှိသည်နှင့်တစ်ပြိုင်နက် ဘုရားသခင်ကို ယုံကြည်ခြင်းကို ရပ်လိုက်ကြသည်၊ ဤအချက်က ၎င်းတို့သည် ဘုရားသခင်ကို စိတ်ရင်းမှန်ဖြင့် ယုံကြည်သော သို့မဟုတ် သမ္မာတရားကို ချစ်သောလူများ မဟုတ်ကြောင်း ထုတ်ဖော်ပြီး သက်သေပြလိုက်ခြင်းသာ ဖြစ်သည်။ ၎င်းတို့သည် စိတ်ရင်းမှန်ဖြင့် ယုံကြည်သူများဖြစ်ပါက လူ့အဖွဲ့အစည်းတွင် ရာထူးတိုးပြီး အလားအလာကောင်းသော အနာဂတ်ရှိလျှင်ပင် ၎င်းတို့သည် ဘုရားသခင်ကို စွန့်ခွာမည် မဟုတ်ပေ။ ယခု ၎င်းတို့သည် ဘုရားသခင်ကို သစ္စာဖောက်ခဲ့ပြီးဖြစ်ရာ အသင်းတော်အနေဖြင့် ၎င်းတို့ထံ ဆက်သွယ်ပြီး ၎င်းတို့အပေါ် အလုပ်လုပ်ရန် လိုအပ်သေးသလော။ မလိုအပ်တော့ပေ၊ အကြောင်းမှာ ၎င်းတို့သည် မယုံကြည်သူများအဖြစ် ထုတ်ဖော်ခြင်း ခံခဲ့ရပြီးဖြစ်သောကြောင့် ဖြစ်သည်။ ဘုရားသခင်ကို မယုံကြည်ခြင်းအားဖြင့် ဆုံးရှုံးနစ်နာရသူများမှာ ၎င်းတို့ကိုယ်တိုင်သာ ဖြစ်သည်၊ ၎င်းတို့တွင် ကောင်းချီးမင်္ဂလာ တကယ်ကို မရှိပေ။ ၎င်းတို့သည် စုတ်ချာသူများသာ ဖြစ်ကြသည်၊ သင်သည် ၎င်းတို့ကို ဘုရားသခင်ကို ယုံကြည်လာအောင် အတင်းဆွဲခေါ်နေဦးမည်ဆိုလျှင် ယင်းမှာ မိုက်မဲခြင်း မဟုတ်လော။ သင်သည် ၎င်းတို့ကို ဤကဲ့သို့ ဆွဲခေါ်လေလေ ၎င်းတို့က သင့်ကို ပို၍ အထင်သေးကြလိမ့်မည်။ ၎င်းတို့က ဘုရားသခင်ကို ယုံကြည်သောသူအားလုံးသည် လူမှုအဆင့်အတန်းနိမ့်ကျပြီး အစွမ်းအစ မရှိသောလူများ ဖြစ်သည်ဟု တွေးထင်ကြသည်။ ထိုအကြောင်းကြောင့် ၎င်းတို့သည် အထူးပင် မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်ကာ လူတိုင်းကို မထီမဲ့မြင်ပြုကြသည်။ တစ်စုံတစ်ဦးက ၎င်းတို့ကို စိုးရိမ်ပူပန်မှုပြလျှင် သို့မဟုတ် ဂရုစိုက်လျှင် ၎င်းတို့က ထိုသူသည် မိမိတို့နှင့် မျက်နှာသာရရန် ကြိုးစားနေသည်ဟု ရှုမြင်ကြသည်။ ဤသည်မှာ အဘယ်သို့သော စိတ်နေစိတ်ထားမျိုး ဖြစ်သနည်း။ ယင်းမှာ ညီအစ်ကိုမောင်နှမများကို မှန်ကန်စွာ မရှုမြင်နိုင်ခြင်း ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို စိတ်ရင်းမှန်ဖြင့် ယုံကြည်သောသူတစ်ဦး ဟုတ်သလော။ ဤလူစားမျိုးနှင့် ကြုံတွေ့သည့်အခါ သင်သည် ၎င်းတို့ကို ငြင်းပယ်သင့်သည်။ ၎င်းတို့က “ကျွန်ုပ်သည် ယခု အကြီးတန်းကြီးကြပ်ရေးမှူးတစ်ဦး ဖြစ်နေပြီ။ နောက်တစ်ကြိမ် ကျွန်ုပ်ကို လာမရှာကြနှင့်တော့။ ကျွန်ုပ်ထံ ဆက်သွယ်နေဦးမည်ဆိုလျှင် ကျွန်ုပ် သင်တို့နှင့် ရန်ဖြစ်မည်။ အထူးသဖြင့် ကျွန်ုပ်၏ ကုမ္ပဏီသို့လာပြီး ကျွန်ုပ်ကို အရှက်မခွဲကြနှင့်၊ ကျွန်ုပ်သည် ဘုရားကို ယုံကြည်သောလူများနှင့် မည်သည့်အရာမျှ မပတ်သက်ပါ” ဟု ပြောသည်နှင့်တစ်ပြိုင်နက် သင်တို့သည် ချက်ချင်း ထွက်ခွာသင့်သည်၊ ၎င်းတို့ကို စာရင်းမှ ပယ်ဖျက်သင့်ပြီး ထိုသို့သောလူနှင့် မည်သည့်အခါမျှ ထပ်မံ၍ မပေါင်းသင်းသင့်တော့ပေ။ ၎င်းတို့က ငါတို့သည် ၎င်းတို့၏ အောင်မြင်မှုကို အခွင့်ကောင်းယူမည်ကို ကြောက်ကြသည်၊ သို့ဖြစ်၍ ငါတို့သည် မိမိကိုယ်ကို သတိပြုမိရန် လိုအပ်သည်။ ၎င်းတို့က အောင်မြင်နေပြီး အထက်တန်းလွှာများသို့ တက်လှမ်းနေကြသည်၊ ၎င်းတို့သည် ငါတို့နှင့် မတန်တော့ပေ။ ငါတို့သည် သာမန်လူများ၊ လူ့အဖွဲ့အစည်း၏ အောက်ခြေရှိ လူများသာ ဖြစ်ကြသည်။ ငါတို့သည် ၎င်းတို့နှင့် ဆက်ဆံရေးထူထောင်ရန် မကြိုးစားသင့်ပေ၊ ထိုသို့ အောက်တန်းကျသော အလုပ်မျိုး မလုပ်နှင့်။ အသက်ကြီးပြီး သားသမီးများက မြို့ထဲတွင် ဇိမ်ခံအိမ်တစ်လုံး ဝယ်ပေးထားသော လူအချို့လည်း ရှိကြသည်။ ပြောင်းရွှေ့နေထိုင်ပြီးနောက် ၎င်းတို့သည် ညီအစ်ကိုမောင်နှမများထံမှ ကိုယ်ယောင်ဖျောက်ကာ “ကျွန်ုပ်ကို နောက်တစ်ကြိမ် လာမရှာကြနှင့်တော့။ သင်တို့အားလုံးက ကျေးလက်ဒေသက လာကြခြင်းဖြစ်သည်။ သင်တို့ ကျွန်ုပ်ကို လာရှာလျှင် လူများက ကျွန်ုပ်လည်း ကျေးလက်က လာခြင်းဖြစ်သည်၊ ကျွန်ုပ်တွင် ကျေးလက်၌ ဆွေမျိုးများရှိသည်ဟု ထင်သွားကြလိမ့်မည်။ ဤသည်မှာ အရှက်ရဖွယ်ကောင်းလိုက်လေခြင်း။ ကျွန်ုပ်၏သားသည် မည်သို့သော ပုဂ္ဂိုလ်မျိုးဖြစ်သည်ကို သင်တို့ သိကြပါသလော။ သူသည် ငွေရှင်ကြေးရှင်တစ်ဦး၊ သူဌေးတစ်ဦးဖြစ်ပြီး လူသိများသော ပုဂ္ဂိုလ်တစ်ဦးပင်ဖြစ်သည်။ သင်တို့ ကျွန်ုပ်နှင့် ဆက်သွယ်နေလျှင် ယင်းမှာ ကျွန်ုပ်၏ သားအတွက် အရှက်ရဖွယ် ဖြစ်မည် မဟုတ်လော။ သို့ဖြစ်၍ နောင်တွင် ကျွန်ုပ်ကို လာမရှာနှင့်” ဟု ပြောဆိုကြသည်။ ၎င်းတို့က ဤစကားများကို ပြောသည်နှင့်တစ်ပြိုင်နက် “ဤသည်မှာ သင်၏ သဘောထားဖြစ်သည့်အတွက် ကျွန်ုပ်တို့ နားလည်ပါပြီ။ သို့ဖြစ်၍ သင့်အား ပျော်ရွှင်မှုနှင့် ဝမ်းမြောက်မှုရပါစေဟု ကျွန်ုပ်တို့ ဆန္ဒပြုပါသည်” ဟုသာ တုံ့ပြန်လော့။ ထိုအခိုက်အတန့်တွင် သင်သည် နောက်ထပ် စကားတစ်လုံးပင် ပြောလိုက်ပါက မိုက်မဲပြီး အောက်တန်းကျပုံ ပေါက်သွားလိမ့်မည်။ ချက်ချင်း ထွက်ခွာသွားခြင်းသည်သာ မှန်ကန်သော လုပ်ရပ်ဖြစ်သည်။ မယုံကြည်သူများကို အတင်းအကျပ် ဆွဲဆောင်စည်းရုံးရန် မည်သည့်အခါမျှ မကြိုးစားနှင့်၊ ယင်းမှာ မိုက်မဲသော အပြုအမူသာ ဖြစ်သည်။ သင်နားလည်သလော။ (နားလည်ပါသည်။) အချို့လူများသည် မည်မျှအထိ မိုက်မဲနိုင်သနည်း။ ၎င်းတို့က “ထိုလူ၏သားသည် လူ့အဖွဲ့အစည်းတွင် အဆင့်အတန်းရှိသော သူဌေးတစ်ဦး၊ ငွေရှင်ကြေးရှင်တစ်ဦး ဖြစ်သည်။ သူသည် အစိုးရအရာရှိများနှင့်ပင် အဆက်အသွယ်ရှိသည်။ ကျွန်ုပ်တို့က ၎င်းတို့အား ဘုရားသခင်ကို ဆက်လက်ယုံကြည်ရန် ဖျောင်းဖျနိုင်ပါက ၎င်းတို့၏ မိသားစုသည် ညီအစ်ကိုမောင်နှမများကိုပင် ဧည့်ခံနိုင်သည်” ဟု ပြောဆိုကြသည်။ ဤစိတ်ကူးသည် မည်သို့ရှိသနည်း။ သင်သည် အသင်းတော်၏အလုပ်ကို ထောက်ထားခြင်း၊ ညီအစ်ကိုမောင်နှမများကို ထောက်ထားခြင်းနှင့် လုံခြုံရေးကို ထည့်သွင်းစဉ်းစားခြင်းဟူသည့် ရှုထောင့်မှ တွေးတောပါက ယင်းမှာ လုံးဝ သင့်လျော်သည်။ သို့သော် သင်သည် ၎င်းတို့က ဘုရားသခင်ကို စိတ်ရင်းမှန်ဖြင့် ယုံကြည်ခြင်း ရှိမရှိကို ကြည့်ရမည်။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ရန် လိုလားနေခြင်း မရှိဘဲ ညီအစ်ကိုမောင်နှမများနှင့် ထိတွေ့ဆက်ဆံလိုခြင်း မရှိသည့်တိုင် သင်က ၎င်းတို့အား ဘုရားသခင်ကို ယုံကြည်ရန် ဖျောင်းဖျလိုနေသေးပါက ယင်းမှာ မိုက်မဲခြင်း မဟုတ်လော။ ကိုယ့်သိက္ခာကိုယ်ချသည့် အလုပ်မျိုး မလုပ်နှင့်။ ကျွန်ုပ်တို့သည် ဘုရားသခင်ကို ယုံကြည်ခြင်း၌ ဘုရားသခင်၏ ကာကွယ်စောင့်ရှောက်မှုနှင့် ဘုရားသခင်၏ လမ်းညွှန်မှုကို ရရှိကြသည်။ ကျွန်ုပ်တို့ မည်သို့သော ပတ်ဝန်းကျင်၌ နေထိုင်သည်ဖြစ်စေ ယင်းတို့အားလုံးသည် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များအောက်တွင် ရှိသည်။ ကျွန်ုပ်တို့ မည်သို့သော ဆင်းရဲဒုက္ခကို ခံစားရသည်ဖြစ်စေ ကျွန်ုပ်တို့သည် ဂုဏ်သိက္ခာရှိရှိ အသက်ရှင်သင့်သည်။ အချို့လူများသည် ဘုရားအိမ်တော်ကို စွန့်ခွာသွားသော ဤလူကိုပင် ၎င်းတို့က အစွမ်းအစရှိသည်ဟု ပြောဆိုလျက် အားကျကြသည်၊ ဤအမြင်သည် မှန်ကန်သလော။ ဤကိစ္စကို ကျွန်ုပ်တို့ မည်သို့ ရှုမြင်သင့်သနည်း။ ၎င်းတို့သည် အိမ်ကြီးတစ်လုံးသို့ ပြောင်းရွှေ့သွားသည်နှင့်တစ်ပြိုင်နက် ဘုရားသခင်ကို ယုံကြည်ခြင်းကို ရပ်လိုက်ကြသည်။ လူ့အဖွဲ့အစည်းတွင် ၎င်းတို့၌ အဆင့်အတန်းနှင့် ရပ်တည်မှုရှိပြီး ၎င်းတို့၏ စိတ်နှလုံးထဲတွင် ညီအစ်ကိုမောင်နှမများကို ၎င်းတို့နှင့် ပေါင်းသင်းဆက်ဆံရန် မထိုက်တန်သော လူ့အဖွဲ့အစည်း၏ အောက်ခြေရှိ လူများအဖြစ် ရှုမြင်လျက် အထင်သေးကြသည်။ သို့ဖြစ်၍ ငါတို့သည် မိမိကိုယ်ကို သတိပြုမိသင့်ပြီး ထိုသို့သောလူများနှင့် ဆက်ဆံရေးထူထောင်ရန် သို့မဟုတ် ဖားယားပေါင်းသင်းရန် မကြိုးစားသင့်ပေ၊ ဟုတ်ပါသလော။ (ဟုတ်ပါသည်။)

အချိန်မရွေး ဘုရားအိမ်တော်မှ ထွက်ခွာနိုင်စွမ်းရှိသောသူတို့အတွက် ၎င်းတို့သည် မယုံကြည်သူများဖြစ်စေ၊ အချိန်ဖြုန်းသူများသာဖြစ်စေ၊ ကောင်းချီးများရရှိရန် သို့မဟုတ် ဘေးအန္တရာယ်များကို ရှောင်ရှားရန် ဘုရားသခင်ကို ယုံကြည်သည်ဖြစ်စေ၊ အခြေအနေမည်သို့ပင်ဖြစ်စေ၊ ၎င်းတို့သည် အချိန်မရွေး ဘုရားအိမ်တော်မှ ထွက်ခွာနိုင်စွမ်းရှိသရွေ့၊ ပြီးလျှင် စွန့်ခွာပြီးနောက် ညီအစ်ကိုမောင်နှမများက ၎င်းတို့ထံ ဆက်သွယ်သည်ကို စက်ဆုပ်ကြပြီး ညီအစ်ကိုမောင်နှမများ၏ အကူအညီနှင့် ထောက်ပံ့မှုကို သာ၍ပင် စက်ဆုပ်ကြကာ ၎င်းတို့နှင့် သမ္မာတရားကို မိတ်သဟာယဖွဲ့သော မည်သူ့ကိုမဆို ရန်လိုမုန်းတီးမှုပြသရွေ့ ထိုသို့သောလူများကို အာရုံစိုက်ရန် မလိုအပ်ပေ။ ဤအမျိုးအစားမှ မယုံကြည်သူများကို တွေ့ရှိပါက ၎င်းတို့ကို အချိန်နှင့်တစ်ပြေးညီ ဖော်ထုတ်ပြီး ရှင်းလင်းပစ်သင့်သည်။ အချို့လူများသည် သမ္မာတရားကို မချစ်ခင်နိုင်သော်လည်း ၎င်းတို့သည် လူကောင်းများ ဖြစ်ရသည်ကို ကြိုက်နှစ်သက်ပြီး ညီအစ်ကိုမောင်နှမများနှင့်အတူ နေထိုင်ရသည်ကို ပျော်မွေ့ကြသည်၊ ယင်းက ၎င်းတို့ကို ပျော်ရွှင်သော စိတ်ခံစားချက်ကို ဖြစ်စေသည့်အပြင် ၎င်းတို့သည် မတရားဆက်ဆံခံရခြင်းကို ရှောင်ရှားနိုင်သည်။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ၎င်းတို့သည် စစ်မှန်သော ဘုရားသခင်ကို ယုံကြည်ကြောင်းနှင့် ဇွဲရှိရှိ အလုပ်လုပ်ပေးလိုစိတ် ရှိကြောင်းကို သိကြသည်။ ၎င်းတို့တွင် ဤသို့သော သဘောထား အမှန်တကယ်ရှိပါက ၎င်းတို့ကို မိမိတို့၏ တာဝန်ကို ဆက်လက်ထမ်းဆောင်ခွင့်ပြုသင့်သည်ဟု သင်တို့ ထင်သလော။ (ထင်ပါသည်။) ၎င်းတို့သည် အလုပ်လုပ်ပေးလိုစိတ်ရှိပြီး နှောင့်ယှက်ခြင်း သို့မဟုတ် အဖျက်အမှောင့်လုပ်ခြင်း မပြုပါက ဆက်လက်၍ အလုပ်လုပ်ပေးနိုင်ပါသည်။ သို့သော် တစ်နေ့တွင် ၎င်းတို့သည် အလုပ်လုပ်ပေးလိုစိတ်မရှိတော့ဘဲ ဘုရားအိမ်တော်ကို စွန့်ခွာလိုပါက “ကျွန်ုပ်သည် လောကတွင် ကြိုးစားရပ်တည်ရန် ထွက်သွားတော့မည်။ ကျွန်ုပ်သည် သင်တို့နှင့်အတူ ဘုရားကို ဆက်၍ ယုံကြည်တော့မည် မဟုတ်ပါ။ ဤနေရာတွင် ပျော်စရာမကောင်းပါ၊ တစ်ခါတစ်ရံ ကျွန်ုပ်၏ တာဝန်ကို ဝတ်ကျေတမ်းကျေ ထမ်းဆောင်သည့်အခါ ပြုပြင်ခြင်းခံရသည်။ ဤနေရာတွင် နေရသည်မှာ အလွန်ခက်ခဲသည်၊ ကျွန်ုပ် ထွက်ခွာလိုသည်” ဟု ပြောဆိုပါက ထိုသို့သောလူကို နေရန် ဖျောင်းဖျသင့်သလော။ (မဖျောင်းဖျသင့်ပါ။) ကျွန်ုပ်တို့သည် ၎င်းတို့ကို “သင် စဉ်းစားပြီးပြီလော” ဟူသော မေးခွန်းတစ်ခုသာ မေးနိုင်ပါသည်။ အကယ်၍ ၎င်းတို့က “ကျွန်ုပ် အချိန်ကြာမြင့်စွာ စဉ်းစားပြီးပါပြီ” ဟု ပြောပါက သင်က “သို့ဆိုလျှင် သင် ကောင်းသောခရီး ဖြစ်ပါစေဟု ကျွန်ုပ်တို့ ဆုတောင်းပေးပါသည်။ ဂရုစိုက်ပါ၊ နှုတ်ဆက်ပါသည်” ဟု ပြောနိုင်သည်။ ဤလုပ်နည်းကိုင်နည်းသည် အဆင်ပြေသလော။ (ပြေပါသည်။) ဤလူများသည် အဘယ်သို့သော လူစားမျိုးဖြစ်သည်ဟု သင်တို့ ထင်ကြသနည်း။ ၎င်းတို့သည် မိမိတို့ကိုယ်ကို သာမန်ထက် သာလွန်သည်ဟု ထင်ပြီး လောကနှင့် ၎င်း၏ နည်းလမ်းများကို စက်ဆုပ်ရွံရှာကာ “ငါသည် လက်ကို ဝှေ့ယမ်းလိုက်သည်၊ တိမ်တစ်စမျှပင် ယူမသွားပါ” ကဲ့သို့သော နာမည်ကြီးပုဂ္ဂိုလ်များ၏ ကဗျာပိုဒ်များကို မကြာခဏ ရွတ်ဆိုလေ့ရှိသည့် အမျိုးအစား ဖြစ်ကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို သန့်စင်အောင် ထိန်းသိမ်းပြီး ဤလောကနှင့် အံမဝင်ဟု ထင်ကြကာ ဘုရားသခင်ကို ယုံကြည်ခြင်းမှတစ်ဆင့် နှစ်သိမ့်မှုအချို့ကို ရှာဖွေလိုကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ထူးခြားသောသူတစ်ဦးအဖြစ် အမြဲရှုမြင်ကြသော်လည်း လက်တွေ့တွင်မူ ၎င်းတို့သည် စားခြင်း၊ သောက်ခြင်းနှင့် ပျော်ပါးခြင်းအတွက်သာ အသက်ရှင်သော အလွန်ပင် သာမန်လောကီဆန်သည့်လူများ ဖြစ်ကြသည်။ ၎င်းတို့တွင် စစ်မှန်သော အတွေးအခေါ်များမရှိသကဲ့သို့ စစ်မှန်သော လိုက်စားမှုများလည်း မရှိပေ။ ၎င်းတို့သည် မိမိတို့ကိုယ်ကို မည်သူမျှ ၎င်းတို့၏ အတွေးအခေါ်များကို နားမလည်နိုင်သကဲ့သို့ မည်သူမျှ ၎င်းတို့၏ တွေးခေါ်ပုံနှင့် မယှဉ်နိုင်သည့်အလား မြင့်မြတ်သောသူတစ်ဦးအဖြစ် ရှုမြင်ကြသည်။ ၎င်းတို့သည် မိမိတို့၏ စိတ်ပိုင်းဆိုင်ရာ အမြင်သည် သာမန်လူတစ်ဦးထက် ပိုမြင့်သည်ဟု ယူဆကြပြီး “သင်တို့အားလုံးသည် သာမန်လူများ ဖြစ်ကြသည်၊ သို့သော် ကျွန်ုပ်ကို ကြည့်လော့၊ ကျွန်ုပ်သည် ကွဲပြားသည်။ သင်က ကျွန်ုပ် မည်သည့်နေရာမှ လာသည်ကို မေးပါက ကျွန်ုပ်၏ ဇာတိမြို့သည် အဝေးတွင်ရှိသည်ဟု ကျွန်ုပ် ပြောမည်” ကဲ့သို့သော အရာများကို ပြောဆိုကြသည်။ ၎င်းတို့သည် မည်သည့်နေရာမှ လာသည်ကို သင့်ကို ပြောခဲ့သလော။ “အဝေး” ဟုခေါ်သော ဤနေရာသည် မည်သည့်နေရာဖြစ်သည်ကို သင် သိသလော။ အချိန်မရွေး အသင်းတော်မှ ထွက်ခွာနိုင်စွမ်း ရှိသောလူများသည် ဤအမျိုးအစား အတိအကျပင် ဖြစ်သည်။ မည်သည့်နေရာကမျှ ၎င်းတို့ကို မကျေနပ်စေနိုင်ဟု ခံစားရပြီး လက်တွေ့မကျသော၊ မရေရာသော၊ ယောင်မှားဖွယ်ရာ အရာအချို့ကို အမြဲတမ်း ၎င်းတို့ တွေးတောနေကြသည်။ ၎င်းတို့သည် လက်တွေ့အရှိတရားကို အာရုံမစိုက်ဘဲ လူ့ဘဝသည် အဘယ်အရာဖြစ်သည်ကို သို့မဟုတ် လူတို့သည် အဘယ်လမ်းကြောင်းကို ရွေးချယ်သင့်သည်ကို နားမလည်ကြပေ။ ၎င်းတို့သည် ဤအရာများကို နားမလည်ကြပေ၊ ၎င်းတို့သည် လူ့ဂွစာများသာ ဖြစ်ကြသည်။ အကယ်၍ ဤအမျိုးအစားမှ လူတစ်ဦးသည် အသင်းတော်ကို စွန့်ခွာရန် စိတ်ပိုင်းဖြတ်ထားပြီး ၎င်းသည် အချိန်ကြာမြင့်စွာ စဉ်းစားပြီးဖြစ်သည်ဟု ပြောဆိုပါက ၎င်းကို နေဖို့ ဖျောင်းဖျရန် မလိုအပ်တော့ပေ။ နောက်ထပ် စကားတစ်လုံးပင် မပြောနှင့်၊ ၎င်းကို အသင်းဝင်အဖြစ်မှ ပယ်ဖျက်လော့၊ ဤမျှသာဖြစ်သည်။ ဤသည်မှာ ထိုသို့သောလူများကို ကိုင်တွယ်သင့်သည့်ပုံစံ ဖြစ်သည်၊ ယင်းမှာ လူတို့ကို မည်သို့ဆက်ဆံရမည်ဟူသည့် စည်းမျဉ်းများနှင့် ကိုက်ညီသည်။ အချိန်မရွေး အသင်းတော်မှ ထွက်ခွာနိုင်စွမ်း ရှိသောသူတို့နှင့်ပတ်သက်သည့် မိတ်သဟာယဖွဲ့ခြင်းသည် ဤတွင် ပြီးဆုံးပါသည်။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။