ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၂၈) အခန်း တစ်
အချက် ၁၄- အမျိုးမျိုးသော ဆိုးယုတ်သော လူတို့နှင့် အန္တိခရစ်တို့ကို အချိန်မီ ပိုင်းခြားသိမြင်ပြီး ဖယ်ထုတ်ပစ်လော့ သို့မဟုတ် နှင်ထုတ်လော့ (အပိုင်း ၇)
ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ ဆယ့်လေးခုမြောက် တာဝန်မှာ “အမျိုးမျိုးသော ဆိုးယုတ်သော လူတို့နှင့် အန္တိခရစ်တို့ကို အချိန်မီ ပိုင်းခြားသိမြင်ပြီး ဖယ်ထုတ်ပစ်လော့ သို့မဟုတ် နှင်ထုတ်လော့” ဖြစ်သည်။ ပြီးခဲ့သည့်အကြိမ်တွင် ငါတို့သည် အမျိုးမျိုးသော ဆိုးယုတ်သည့်လူများကို ပိုင်းခြားသိမြင်ခြင်းအတွက် ဒုတိယ စံသတ်မှတ်ချက်ကို မိတ်သဟာယဖွဲ့ခဲ့သည်၊ ယင်းမှာ ၎င်းတို့၏ လူ့သဘာဝကို အခြေခံသော သရုပ်သကန်သုံးခု ပါဝင်သည်။ ဤသရုပ်သကန်သုံးခုကို ဖတ်ရှုလော့။ (ရှစ်၊ အချိန်မရွေး သစ္စာဖောက်နိုင်ခြင်း၊ ကိုး၊ အချိန်မရွေး ထွက်ခွာနိုင်ခြင်း၊ ဆယ်၊ ယိမ်းယိုင်ခြင်း တို့ဖြစ်ပါသည်။) ဤသရုပ်သကန်သုံးခုအကြောင်း မိတ်သဟာယဖွဲ့ပြီးနောက် သင်တို့ နားလည်ကြသလော။ (နားလည်ပါသည်။) ဤပြဿနာများရှိသော လူအများစုသည် ယေဘုယျအားဖြင့် သမ္မာတရားကို သဘောပေါက်နားလည်နိုင်စွမ်း မရှိကြပေ၊ ၎င်းတို့သည် သမ္မာတရားဟူသည် အဘယ်အရာဖြစ်သည်ကို နားမလည်ကြသကဲ့သို့ ဘုရားသခင်ကို ယုံကြည်ခြင်းဟူသည် မည်သည့်အရာကို ဆိုလိုသည်ကိုလည်း နားမလည်ကြပေ။ ထို့အပြင် ၎င်းတို့ထဲမှ အချို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းဟူသည် မည်သည့်အရာဖြစ်သည်ကို အလုံးစုံ ထိုးထွင်းသိမြင်နိုင်ခြင်း မရှိကြချေ။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းမှာ ဘာသာရေး ယုံကြည်မှုတစ်ခုသာဖြစ်ပြီး ဘာသာရေးထုံးတမ်းစဉ်လာများကို စောင့်ထိန်းရုံမျှဖြင့် လုံလောက်သည်ဟု ထင်မှတ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်း၏ အဓိပ္ပာယ်ကို နားမလည်ကြသကဲ့သို့ တာဝန်ထမ်းဆောင်ခြင်း၏ အဓိပ္ပာယ်ကိုလည်း နားမလည်ကြပေ၊ ၎င်းတို့သည် ဘုရားသခင် တည်ရှိခြင်း ရှိမရှိကိုပင် မိမိတို့၏ စိတ်နှလုံးထဲ၌ မရှင်းလင်းကြသကဲ့သို့ ဘုရားသခင်နောက်လိုက်သည့် လမ်းကြောင်းသည် မှန်ကန်ခြင်း ရှိမရှိကိုလည်း မသေချာကြပေ။ ၎င်းတို့သည် မည်မျှပင် နှစ်ပေါင်းများစွာ ယုံကြည်ခဲ့သည်ဖြစ်စေ၊ တရားဒေသနာ မည်မျှပင် ကြားခဲ့သည်ဖြစ်စေ မှန်သော လမ်းခရီး၌ အခြေခံအုတ်မြစ်တစ်ခုကို မည်သည့်အခါမျှ တည်ဆောက်နိုင်ခြင်း မရှိကြပေ။ ရလဒ်အနေဖြင့် ၎င်းတို့သည် ယိမ်းယိုင်ကြပြီး မိမိတို့ကို မနှစ်မြို့စေသော တစ်စုံတစ်ခု ဖြစ်ပျက်ပါက အချိန်မရွေး အသင်းတော်မှ ထွက်ခွာသွားခြင်း သို့မဟုတ် အသင်းတော်ကို သစ္စာဖောက်ခြင်းတို့ကိုပင် ပြုလုပ်နိုင်ကြသည်။ ဘုရားအိမ်တော်တွင် ဤလူစားအမျိုးမျိုးကို ကိုင်တွယ်ဖြေရှင်းရန်အတွက် တိကျသော စည်းမျဉ်းများ ရှိသည်။ ၎င်းတို့၏ မတူညီသော အခြေအနေများပေါ်မူတည်၍ ၎င်းတို့ကို ကိုင်တွယ်ခြင်းနှင့် ဖြေရှင်းခြင်းအတွက် တိကျသော အစီအစဉ်များ ရှိသည်၊ ရှင်းလင်းပစ်သင့်သောသူများကို ရှင်းလင်းပစ်မည်ဖြစ်ပြီး နှင်ထုတ်သင့်သောသူများကို နှင်ထုတ်မည် ဖြစ်သည်။ ဤလူတို့ထဲမှ အချို့သည် ဆိုးယုတ်သောလူများ မဟုတ်ကြသော်လည်း၊ အန္တိခရစ်များ ဖြစ်ဖို့မှာ သာ၍ပင် မဖြစ်နိုင်သော်လည်း ၎င်းတို့၏ ဤသရုပ်သကန်များ၏ သဘောသဘာဝနှင့် ဘုရားသခင်ကို ယုံကြည်ခြင်းအပေါ် ၎င်းတို့၏ သဘောထားများကို အခြေခံ၍ ၎င်းတို့သည် ဘုရားအိမ်တော်၏ လူများ မဟုတ်ကြသကဲ့သို့ စစ်မှန်သော ညီအစ်ကိုမောင်နှမများလည်း မဟုတ်ကြပေ။ ၎င်းတို့သည် အသင်းတော်၌ ဆက်လက်ရှိနေလျှင်ပင် သမ္မာတရားကို နားလည်လာရန် အလွန် ခက်ခဲလိမ့်မည်။ ၎င်းတို့အနေဖြင့် သမ္မာတရားကို နားလည်ရန် ခက်ခဲခြင်းသည် မည်သည့်အရာကို ဆိုလိုသနည်း။ ဆိုလိုသည်မှာ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သည့်အခါမျှ သဘောပေါက်နားလည်နိုင်စွမ်းမရှိဘဲ သမ္မာတရားကိုလည်း မည်သည့်အခါမျှ နားလည်နိုင်ခြင်း မရှိသောကြောင့် နောက်ဆုံးတွင် ကယ်တင်ခြင်းကို ရရှိရန် ပျက်ကွက်မည်ဖြစ်ပြီး ဘုရားသခင်၏ ရယူခြင်းကို ခံရရန် ပျက်ကွက်မည် ဖြစ်သည်။ ဆိုလိုသည်မှာ အဆုံး၌ ၎င်းတို့သည် ဘုရားအိမ်တော်၏ လူများ ဖြစ်မလာနိုင်၊ စစ်မှန်သော ဖန်ဆင်းခံများ ဖြစ်မလာနိုင်ဘဲ ဖန်ဆင်းခံများ၏ တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းနိုင်ခြင်းနှင့် ဘုရားသခင်၏ ရှေ့မှောက်သို့ ပြန်လာနိုင်ခြင်းတို့ ရှိမည် မဟုတ်ပေ။ ထို့အပြင် ၎င်းတို့သည် အသင်းတော်၌ အပျက်သဘောဆောင်သော အခန်းကဏ္ဍမှ မကြာခဏ ပါဝင်ကြသည်။ ၎င်းတို့သည် အပြုသဘောဆောင်သော အကျိုးသက်ရောက်မှုတစ်ခု ရှိရန် ပျက်ကွက်ရုံသာမက အခါအားလျော်စွာ အနှောင့်အယှက်များနှင့် ဖျက်ဆီးခြင်းတို့ကိုလည်း ဖြစ်ပေါ်စေလျက် အချို့လူတို့၏ အခြေအနေများကို ထိခိုက်စေပြီး မိမိတို့၏ တာဝန်ကို ထမ်းဆောင်နေသောသူအချို့ကို နှောင့်ယှက်ကြသည်။ သို့ဖြစ်၍ အသင်းတော်သည် ၎င်းတို့ကို ထွက်ခွာသွားရန် ဖျောင်းဖျခြင်းဖြင့်ဖြစ်စေ၊ ရှင်းလင်းပစ်ခြင်း သို့မဟုတ် နှင်ထုတ်ခြင်းဖြင့်ဖြစ်စေ ကိုင်တွယ်ရန် သက်ဆိုင်ရာ အစီအမံများကို လုပ်ဆောင်သင့်သည်။ မည်သို့ပင်ဖြစ်စေ ၎င်းတို့ကို အသင်းတော်၌ အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများ ဖြစ်ပေါ်စေရန် ခွင့်ပြု၍မရနိုင်ပေ။
ဆိုးယုတ်သောလူအမျိုးမျိုးတို့ကို ပိုင်းခြားသိမြင်ခြင်းအတွက် စံနှုန်းများနှင့် အခြေခံများ
၂။ လူ့သဘာဝကို အခြေခံ၍
ည။ ယိမ်းယိုင်ခြင်း
ယိမ်းယိုင်သောလူတို့သည် ဘုရားသခင် အမှန်တကယ် တည်ရှိခြင်း ရှိမရှိကို မည်သည့်အခါမျှ အတည်မပြုနိုင်ကြပေ၊ ပြီးလျှင် ၎င်းတို့ ယုံကြည်သော ဘုရားသခင်သည် စစ်မှန်သော ဘုရားသခင် ဟုတ်မဟုတ်ကို သာ၍ပင် အတည်မပြုနိုင်ကြပေ။ ယနေ့ ၎င်းတို့သည် ဤနေရာ၌ ရှာဖွေလိုကြပြီး မနက်ဖြန်တွင်မူ ထိုနေရာသို့ သွားရောက်စစ်ဆေးလိုကြကာ မည်သည်မှာ မှန်သော လမ်းခရီးဖြစ်သည်ကို မသိဘဲ အစဉ်သဖြင့် စောင့်ကြည့်နေသော သဘောထားကို ထားရှိကြသည်။ ဤသို့သောလူများအတွက်မူ ၎င်းတို့ကို ဤသို့ပြောဆိုခြင်းဖြင့် ထွက်ခွာသွားရန် လျင်မြန်စွာ ဖျောင်းဖျလော့။ “သင်သည် ဘုရားသခင်၏ အမှုတော်မှာ မှန်သော လမ်းခရီးဖြစ်ကြောင်းကို မည်သည့်အခါမျှ အတည်မပြုနိုင်ဘဲ သင်၏ အခက်အခဲများကို ဖြေရှင်းရန် သမ္မာတရားကိုလည်း မရှာဖွေပေ။ ဤကဲ့သို့ ဆက်လက်ယုံကြည်ခြင်းမှ မည်သည့်ရလဒ် ထွက်ပေါ်လာနိုင်မည်နည်း။ သင်သည် သမ္မာတရားကို မချစ်သကဲ့သို့ အသင်းတော်အသက်တာ၌ နေထိုင်ခြင်းကိုလည်း မနှစ်သက်သောကြောင့် သင်၏ ကိုယ်ပိုင်ရွေးချယ်မှုများကို အခြေခံ၍ သင် စိတ်ဝင်စားသည့် မည်သည့်နေရာကိုမဆို သွားသင့်သည်။ သင်သည် အခြားသူများထက် သာလွန်မြင့်မြတ်ပြီး ကြီးမားသော အောင်မြင်မှုကို ရရှိရန် လိုက်စားလိုသည် မဟုတ်လော။ သို့ဆိုလျှင် သင်သည် လောကထဲသို့ ထွက်သွားပြီး ယင်းအတွက် ကြိုးစားသင့်သည်။ သင်သည် လောကထဲ၌ ချမ်းသာလာနိုင်သည် သို့မဟုတ် အရာရှိတစ်ဦး ဖြစ်လာနိုင်ပြီး သင်၏ အိပ်မက်များကို အကောင်အထည်ဖော်နိုင်ပေမည်။ သင်သည် ဘုရားအိမ်တော်၌ ဆက်၍ မနေသင့်တော့ပါ” ဟူ၍ ဖြစ်သည်။ ထိုသို့သောလူများအတွက်မူ သင်သည် ၎င်းတို့ကို မည်သည့်နည်းနှင့်မျှ အတင်းအကျပ် မပြုသင့်သကဲ့သို့ နေမြဲနေဖို့ တိုက်တွန်းရန်လည်း မကြိုးစားသင့်ပေ။ ၎င်းတို့သည် အသင်းတော်မှ ထွက်ခွာလိုပါက ၎င်းတို့ကို သွားခွင့်ပြုလော့။ ဤမယုံကြည်သူများကို အစဉ်မပြတ် တိုက်တွန်းအားပေးခြင်းနှင့် နေမြဲနေရန် ဆော်ဩခြင်းသည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် မညီပေ။ ဘုရားသခင်၏ အမှုတော်သည် လူတို့ကို မည်သည့်အခါမျှ အတင်းအကျပ်မပြုပေ၊ သင်သည် မဆုံးဖြတ်နိုင်သောသူတို့ကို ဆက်၍ တရွတ်တိုက်၍ ဆွဲကာ သိမ်းသွင်းနေသည့်အခါတွင် အတင်းအကျပ်ပြုခြင်း သဘော ပါဝင်နေသည်။ ဤလူတို့သည် အပြင်ထွက်၍ အလုပ်လုပ်ရန်၊ ငွေရှာရန်နှင့် ကောင်းမွန်သော ဘဝကို နေထိုင်ရန် သို့မဟုတ် ၎င်းတို့ ပုဂ္ဂိုလ်ရေးအရ ကြိုက်နှစ်သက်သော အရာများကို လိုက်စားရန် အလိုရှိကြသည်။ ၎င်းတို့တွင် ဤရည်ရွယ်ချက်များ အစဉ်ရှိခဲ့ပြီး ၎င်းတို့၏ ကိုယ်ပိုင် ရည်သန်မျှော်မှန်းချက်များနှင့် အစီအစဉ်များ အစဉ်ရှိခဲ့သည်။ မည်သူမျှ ဤအရာကို မသိသော်လည်း ၎င်းတို့၏ အပြုအမူက ယင်းကို ထုတ်ဖော်ပြခဲ့ပြီးဖြစ်သည်။ ဥပမာအားဖြင့် မိမိတို့၏ တာဝန်ကို ထမ်းဆောင်သည့်အခါ ၎င်းတို့သည် မကြာခဏ စိတ်မပါ့တပါဖြစ်ကြသည် သို့မဟုတ် မကြာခဏ မေ့လျော့တတ်ကြသည်၊ ဝတ်ကျေတမ်းကျေဖြစ်ပြီး ဖြစ်သလိုသာ လုပ်ဆောင်ကြသည်။ ၎င်းတို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရာတွင် အထူးသဖြင့် အင်တင်တင် ဖြစ်ကြောင်းကို မကြာခဏ ပြသကြပြီး တာဝန်ထမ်းဆောင်ခြင်းသည် ၎င်းတို့ကို ငွေရှာခြင်းမှ တားဆီးထားသည်ဟု တွေးထင်လျက် မိမိတို့ နစ်နာနေသည်ဟု အစဉ် ခံစားကြရသည်။ ဤသို့သောလူများအတွက် ၎င်းတို့ကို ဤသို့ပြောဆိုခြင်းဖြင့် ထွက်ခွာသွားရန် ဖျောင်းဖျသင့်သည်။ “သင်သည် သင်၏ တာဝန်ကို ထမ်းဆောင်ရာ၌ အစဉ် စိတ်မပါ့တပါဖြစ်ပြီး ဝတ်ကျေတမ်းကျေဖြစ်နေသည်၊ နောက်ဆုံးတွင် သင်သည် သမ္မာတရားကို ရရှိရန် ပျက်ကွက်မည်ဖြစ်ပြီး ဘုရားသခင်ကလည်း သင့်ကို အသိအမှတ်ပြုမည် မဟုတ်ပေ၊ ယင်းမှာ ကြီးမားလှသော ဆုံးရှုံးမှုပါတကား။ သင်သည် သမ္မာတရားကို စိတ်မဝင်စားဘဲ ဘုရားသခင်၏ တည်ရှိခြင်း သို့မဟုတ် သူ၏ အချုပ်အခြာအာဏာကို အတည်မပြုနိုင်ဘဲ လောကကြီးသည် အလွန်ကောင်းမွန်သည်ဟု ထင်မှတ်လျက် သင်သည် လောကီကို လိုက်စားပါက ကြီးစွာ အောင်မြင်လာနိုင်ပြီး အခြားသူများထက် သာလွန်မြင့်မြတ်လာနိုင်သည်ဟု ယုံကြည်နေသောကြောင့် သင်သည် လောကထဲသို့ ပြန်သွားပြီး ထိုနေရာ၌ ကြိုးစားခြင်းက သာ၍ ကောင်းပေလိမ့်မည်။ ဤနေရာ၌ ဤဆင်းရဲဒုက္ခကို ခံစားနေရခြင်းမှာ အဘယ်အဓိပ္ပာယ်ရှိသနည်း” ဟူ၍ ဖြစ်သည်။ အထူးသဖြင့် ဤလူတို့သည် မိမိတို့၌ သီးခြားနယ်ပယ်တစ်ခုတွင် ကျွမ်းကျင်မှု ရှိသည်ဟုလည်းကောင်း၊ အချို့သော ကျွမ်းကျင်မှုများနှင့် စွမ်းဆောင်နိုင်ရည်များ ရှိသည်ဟုလည်းကောင်း မကြာခဏ ခံစားကြရပြီး ၎င်းတို့သည် လူ့အဖွဲ့အစည်း သို့မဟုတ် လောကထဲသို့ ထွက်ပြီး စွန့်စားကြိုးပမ်းပါက ၎င်းတို့သည် မြင့်မားသော အဆင့်အတန်းနှင့် အခကြေးငွေကို ခံစားလျက် ကျော်ကြားမှုနှင့် အကျိုးအမြတ်နှစ်ခုစလုံးကို ရရှိနိုင်ပေမည်ဟု ယုံကြည်ကြသည်။ သို့သော် ဘုရားသခင်ကို ယုံကြည်ပြီး နှစ်အနည်းငယ်ကြာ ဖြစ်သလို နေထိုင်ဖြတ်သန်းပြီးနောက်တွင် ၎င်းတို့သည် မည်သည့် ရာထူးတိုးခြင်းကိုမျှ မရရှိခဲ့သကဲ့သို့ မည်သည့် အရေးကြီးသော ရာထူးအတွက်ကိုမျှလည်း ရွေးချယ်ခြင်း မခံခဲ့ရပေ။ အခြားသူများအထက်တွင် မရပ်တည်နိုင်ဘဲ ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲ၌ အလွန် စိတ်ထိခိုက်ပြီး အလွန်ပင် လိုလားမှုမဲ့ကြ၏။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်း လမ်းခရီးကို လျှောက်လှမ်းရန် လိုလားမှုမရှိဘဲ မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရန်မှာ သာ၍ပင် ဝန်လေးကြသည်။ ၎င်းတို့တွင် အစဉ်မပြတ် ဂနာမငြိမ်သော စိတ်နှလုံးနှင့် စိတ်ကစားပြီး ဆတ်ကော့လတ်ကော့ဖြစ်၍ မတည်ငြိမ်ကြပေ။ အခါအားလျော်စွာ ၎င်းတို့သည် မိမိတို့၏ အတန်းဖော်များနှင့် သူငယ်ချင်းများက မည်မျှ ကောင်းမွန်သော အလုပ်များကို ရရှိခဲ့သည်၊ မည်မျှ မြင့်မားသော ရာထူးများကို ရရှိခဲ့သည်၊ အခြားသူများထက် သာလွန်သော ဘဝကို နေထိုင်နေကြသည်တို့ကို တွေးတောကြသည်၊ ယင်းက ၎င်းတို့ကို ဘုရားသခင်ကို ယုံကြည်ခြင်းဖြင့် မိမိတို့ကိုယ်ကို ကြီးစွာ နစ်နာစေသည်ဟု အထူးသဖြင့် ခံစားရစေပြီး ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် မိမိတို့သည် အသုံးမကျသူ၊ အရည်အချင်းမရှိသူနှင့် ရှုံးနိမ့်သူဖြစ်သည်ဟု တွေးထင်ကာ မိမိတို့၏ မိဘများနှင့် ဘိုးဘေးများကို မျက်နှာပြရန် အလွန် ရှက်ကြောက်သည်ဟု ခံစားကြရသည်။ ဤအရာက ၎င်းတို့ကို သာ၍ပင် စိတ်မချမ်းမသာဖြစ်စေပြီး မလိုမလားဖြစ်စေကာ ကနဦးက ဘုရားသခင်ကို ယုံကြည်ရန် ရွေးချယ်ခဲ့ခြင်းကို ပြင်းထန်စွာ နောင်တရစေသည်။ သို့ဖြစ်၍ ၎င်းတို့၏ စိတ်များသည် သာ၍ပင် ယိမ်းယိုင်လာတော့သည်။ ဘုရားသခင်ကို ယုံကြည်ပြီး မိမိတို့၏ တာဝန်ကို ထမ်းဆောင်ခဲ့သော နှစ်များတစ်လျှောက်တွင် ၎င်းတို့၏ ယုံကြည်ခြင်းသည် အားကောင်းလာခြင်း မရှိရုံသာမက တစ်ချိန်က ၎င်းတို့၌ ရှိခဲ့သော ကနဦး စိတ်အားထက်သန်မှုကိုလည်း ဆုံးရှုံးခဲ့ကြသည်။ ထိုသို့သောလူများကို မည်သို့ ကိုင်တွယ်သင့်သည်ဟု သင်တို့ ထင်သနည်း။ (၎င်းတို့ကို ထွက်ခွာသွားရန် ဖျောင်းဖျသင့်ပါသည်။) သင်သည် ၎င်းတို့ကို ထွက်ခွာသွားရန် ဖျောင်းဖျပါက ၎င်းတို့က “ကျွန်ုပ်သည် ကျွန်ုပ်၏ ပညာရေး၊ အိမ်ထောင်ရေးနှင့် အလားအလာများကို စွန့်လွှတ်လျက် ဘုရားကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့သည်။ ယခု သင်က ကျွန်ုပ်ကို အသင်းတော်မှ ထွက်ခွာသွားရန် ပြောနေသည်၊ ဤနှစ်များတစ်လျှောက် ကျွန်ုပ် ခံစားခဲ့ရသော ဆင်းရဲဒုက္ခအားလုံးသည် အချည်းနှီး ဖြစ်သွားပြီဟု ဆိုလိုသည် မဟုတ်လော။ ကျွန်ုပ်တွင် အနာဂတ် ပန်းတိုင် လုံးဝ ရှိတော့မည် မဟုတ်ပေလော။ ယင်းမှာ နှစ်ဖက်စလုံးတွင် နစ်နာခြင်း ဖြစ်ပေလိမ့်မည်။ ဤသည်မှာ ကျွန်ုပ်၏ အသက်ကို ယူခြင်းနှင့် တူသည် မဟုတ်လော” ဟု ပြောဆိုပေမည်။ ၎င်းတို့ကို ထွက်ခွာသွားရန် ဖျောင်းဖျခြင်းသည် အလွန် ရက်စက်ရာကျသလော။ ဤသို့ပြုလုပ်ခြင်းသည် သင့်လျော်ပါသလော။ (ထိုသို့သောလူများသည် ကနဦးက ဘုရားသခင်ကို မည်သည့်အခါမျှ ယုံကြည်လိုခဲ့ခြင်း မရှိပါ။ ၎င်းတို့သည် ကောင်းချီးမင်္ဂလာများ ရရှိရန်အတွက်သာ အသင်းတော်ထဲသို့ လှည့်ဖြားဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။ အသင်းတော်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းနှင့် သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းတို့အပေါ် အစဉ် အာရုံစိုက်နေသည်ကို ၎င်းတို့ မြင်တွေ့သည့်အခါ ဤအရာများကို အလွန်အမင်း မနှစ်မြို့ဟု ခံစားရပြီး ထွက်ခွာသွားလိုကြသည်။ ထိုသို့သောလူများကို ထွက်ခွာသွားရန် ဖျောင်းဖျသင့်သည်။ သင်သည် ၎င်းတို့ကို ထိန်းထားနိုင်သော်လည်း ၎င်းတို့၏ စိတ်နှလုံးများကိုမူ ထိန်းထားနိုင်မည် မဟုတ်ပါ။) ၎င်းတို့သည် မိမိတို့၏ တာဝန်ကို အတိုင်းအတာတစ်ခုအထိ စိတ်ရင်းမှန်ဖြင့် ထမ်းဆောင်သော်လည်း သမ္မာတရားအပေါ် ရှင်းလင်းမှု ကင်းမဲ့နေရုံသာဖြစ်ပါက သို့မဟုတ် ၎င်းတို့သည် အခက်အခဲများနှင့် ရှုံးနိမ့်မှုများနှင့် ရင်ဆိုင်ရသောကြောင့် သို့မဟုတ် ပြုပြင်ခြင်းကို တွေ့ကြုံခဲ့ရသောကြောင့် ယာယီအားဖြင့် အနည်းငယ် အပျက်သဘောဆောင်ပြီး အားနည်းသွားပါက ဤအခြေအနေများတွင် သင်သည် ၎င်းတို့ကို ကူညီရန်နှင့် ထောက်ပံ့ရန် သမ္မာတရားကို မိတ်သဟာယဖွဲ့နိုင်ပေသည်။ သို့သော် ၎င်းတို့၏ အားနည်းခြင်းသည် ယာယီမဟုတ်ဘဲ ၎င်းတို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရာတွင် အစဉ်တစိုက် ဝတ်ကျေတမ်းကျေဖြစ်ပြီး ဖြစ်သလို လုပ်ဆောင်ကာ စိတ်မပါ့တပါဖြစ်နေပြီး မောင်းထုတ်မခံရခြင်းဖြင့်သာ ကျေနပ်နေသည် ဆိုပါစို့၊ ပြီးလျှင် ၎င်းတို့သည် မိမိတို့၏ တာဝန်ကို စိတ်ရင်းမှန် သို့မဟုတ် စိတ်အားထက်သန်မှုမရှိဘဲ ထမ်းဆောင်သည် သို့မဟုတ် ပို၍ တိတိကျကျဆိုရလျှင် ၎င်းတို့တွင် လိုက်စားမှု ပန်းတိုင်များမရှိဘဲ နေ့ရက်များကို ပြီးပြီးရောသာ ကုန်လွန်စေသည် ဆိုပါစို့၊ ၎င်းတို့သည် ဤလူစားမျိုးဖြစ်ကြောင်း ရှင်းလင်းလာပါက ၎င်းတို့ကို ထွက်ခွာသွားရန် ဖျောင်းဖျနိုင်ပေသည်။
အချို့လူများသည် မယုံကြည်သူများ ဖြစ်ကြသည်။ ၎င်းတို့သည် အနှစ်သာရအားဖြင့် သမ္မာတရားကို မချစ်သောလူများဖြစ်ပြီး အလုပ်လုပ်ပေးရန်ပင် ဝန်လေးကြသည်ကို သင် ရှင်းလင်းစွာ မြင်နိုင်ပါက ၎င်းတို့ကို ထွက်ခွာသွားရန် ဖျောင်းဖျသင့်သည်။ ၎င်းတို့၏ အဓိက သရုပ်သကန်များမှာ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သည့်အခါမျှ မဖတ်ရှုကြ၊ ဓမ္မသီချင်းများကို မည်သည့်အခါမျှ မသင်ယူကြ၊ တရားဒေသနာများကို မည်သည့်အခါမျှ နားမထောင်ကြဘဲ သမ္မာတရားကို မည်သည့်အခါမျှ မိတ်သဟာယမဖွဲ့ကြ သို့မဟုတ် မိမိတို့ကိုယ်ကို သိကျွမ်းခြင်းအကြောင်း မပြောဆိုကြခြင်းတို့ ဖြစ်သည်။ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများ၏ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များကို နားထောင်ခြင်းကိုလည်း မနှစ်သက်ကြပေ။ ၎င်းတို့သည် ဘုရားအိမ်တော်မှ ထုတ်လုပ်သော ရုပ်ရှင်များ သို့မဟုတ် ဓမ္မသီချင်းဗီဒီယိုများ သို့မဟုတ် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ဗီဒီယိုများကို မည်သည့်အခါမျှ မကြည့်ရှုကြဘဲ ကြည့်ရှုလျှင်ပင် ဖျော်ဖြေရေးသက်သက်အတွက် သို့မဟုတ် သိချင်စိတ်ကြောင့်သာဖြစ်ပြီး ထိုအခြေအနေတွင် ၎င်းတို့သည် အနည်းငယ်မျှသာ ဝန်လေးစွာ ကြည့်ရှုကြသည်၊ ပြီးလျှင် ယင်းမှာ မိမိတို့၏ ကိုယ်ပိုင်အသက်ဝင်ရောက်မှုအတွက် မည်သည့် ဝန်တာစိတ်ကြောင့်မျှ လုံးဝမဟုတ်ဘဲ ပျော်ရွှင်မှုနှင့် စိတ်လှုပ်ရှားမှုအတွက်သာ ကြည့်ရှုခြင်း ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ အချိန်အများစုကို မည်သို့ ကုန်ဆုံးကြသနည်း။ စကားစမြည်ပြောခြင်း၊ အတင်းအဖျင်းပြောခြင်း သို့မဟုတ် မိမိတို့ ကြိုက်နှစ်သက်သော အရာများကို ကြည့်ရှုရန် အွန်လိုင်းတက်ခြင်းတို့ဖြင့် ဖြစ်သည်။ ဥပမာအားဖြင့် ၎င်းတို့ထဲမှ အချို့သည် စတော့ဈေးကွက်ကို နှစ်သက်ကြပြီး အွန်လိုင်းပေါ်တွင် စတော့ဈေးကွက် အခြေအနေများကို အစဉ်မပြတ် စစ်ဆေးကြသည်၊ အချို့သည် ကားများ သို့မဟုတ် အီလက်ထရွန်နစ် ထုတ်ကုန်များကို နှစ်သက်ကြပြီး မည်သည့်အမှတ်တံဆိပ်များက မော်ဒယ်အသစ်များ ထုတ်လုပ်ခဲ့သည် သို့မဟုတ် နည်းပညာအသစ်အချို့ကို တီထွင်ခဲ့သည်ကို ကြည့်ရှုရန် အွန်လိုင်းတွင် အမြဲ စစ်ဆေးနေကြသည်၊ အခြားသူများမှာမူ ကိုယ်ပိုင်မီဒီယာများမှ ထုတ်လုပ်သော အွန်လိုင်းသတင်းများကို ကြည့်ရှုခြင်းကို နှစ်သက်ကြသည်၊ အချို့မှာမူ အလှအပ၊ မိတ်ကပ် သို့မဟုတ် ကျန်းမာရေးစောင့်ရှောက်မှုကို နှစ်သက်ကြပြီး အလှအပ၊ ကျန်းမာရေးစောင့်ရှောက်မှု သို့မဟုတ် ကျန်းမာရေးကောင်းမွန်စွာ ထိန်းသိမ်းပြီး အသက်ရှည်ရှည်နေနိုင်မည့် နည်းလမ်းများအကြောင်းကို ဖတ်ရှုရန် အွန်လိုင်းသို့ မကြာခဏ တက်ကြသည်။ ဤလူတို့သည် ယုံကြည်သူများ ကယ်တင်ခြင်းခံရရန်အလို့ငှာ ဝင်ရောက်ရန် လိုအပ်သော အမျိုးမျိုးသော သမ္မာတရားများတွင်ဖြစ်စေ၊ ညီအစ်ကိုမောင်နှမများ၏ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များတွင်ဖြစ်စေ လုံးဝ စိတ်ဝင်စားမှု မရှိကြပေ။ တာဝန်အနည်းငယ်ကို ဝန်လေးစွာ ထမ်းဆောင်ခြင်းမှလွဲ၍ ၎င်းတို့သည် ဘာသာတရားမရှိသူများလောက၏ ပြောင်းလဲနေသော အခြေအနေနှင့် လောက၌ မည်သည့် ခေတ်ရေစီးကြောင်းအသစ်များနှင့် အရေးကြီးသော သတင်းများ ရှိနေသည်၊ မိမိတို့၏ နိုင်ငံအတွင်း၌ မည်သို့သော တိုးတက်မှုများ ရှိနေသည် စသည်တို့အပေါ်တွင် အစဉ် အာရုံစိုက်နေကြသည်။ ၎င်းတို့သည် ဤသို့သော သတင်းအချက်အလက်မျိုးကိုသာ ကြည့်ရှုကြသည်။ ဤအရာများကို အချိန်ပြည့် ကြည့်ရှုနေခြင်းကြောင့် ၎င်းတို့၏ စိတ်နှလုံးများသည် ထိုသို့သော ကိစ္စရပ်များဖြင့်သာ ပြည့်နှက်နေပြီး ဘုရားသခင်ကို ယုံကြည်သူများအနေဖြင့် နားလည်သင့်သော သမ္မာတရားများကို လုံးဝ လျစ်လျူရှုကြသည်။ မည်သူက ၎င်းတို့နှင့် မိတ်သဟာယဖွဲ့သည်ဖြစ်စေ ၎င်းတို့ လက်မခံကြပေ။ ၎င်းတို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်သည့်အခါ မည်သည့်စည်းမျဉ်းများကို လိုက်နာသင့်သည်၊ မိမိတို့၏ တာဝန်ကို ထမ်းဆောင်စဉ် မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ထုတ်ဖော်ပြသပြီး မည်သည့်ပြဿနာများ ရှိနေသည်၊ လူတို့အတွက် ဘုရားသခင်၏ အမျိုးမျိုးသော တောင်းဆိုချက်များထဲမှ မည်သည်တို့ကို မိမိတို့ ဖြည့်ဆည်းပြီးဖြစ်ပြီး မည်သည်တို့ကို ဖြည့်ဆည်းရခြင်း မရှိသေး စသည့် အသက်ဝင်ရောက်မှုနှင့် သက်ဆိုင်သော ကိစ္စရပ်များကို စိတ်ဝင်စားခြင်းလည်းမရှိ၊ ဂရုစိုက်ခြင်းလည်းမရှိပေ။ ၎င်းတို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်သော်လည်း ဖြစ်သလိုသာ လုပ်ဆောင်နေကြပြီး သမ္မာတရား စည်းမျဉ်းများကို စိုးစဉ်းမျှ မရှာဖွေကြပေ။ ထိုသို့သောလူများသည် မိမိတို့ကိုယ်ကို ဘုရားသခင်ကို ယုံကြည်သူများဟု ဆိုကြသော်လည်း ၎င်းတို့ စိတ်ထဲ၌ ကြိုက်နှစ်သက်ပြီး အာရုံစိုက်သည့်အရာမှာ ငွေ၊ အဆင့်အတန်းနှင့် ဘာသာတရားမရှိသူများလောက၏ ခေတ်ရေစီးကြောင်းများဖြစ်ပြီး ဘာသာတရားမရှိသူများလောက၏ ခေတ်ရေစီးကြောင်းများနောက် လိုက်သောသူတို့နှင့် ပေါင်းသင်းရသည်ကို နှစ်သက်ကြသည်။ ဘာသာတရားမရှိသူများလောက၏ ကိစ္စရပ်များအကြောင်း ပြောဆိုသည့်အခါ ၎င်းတို့သည် ကြီးစွာသော စိတ်အားထက်သန်မှုနှင့် မမောနိုင်သော ဇွဲလုံ့လတို့ဖြင့် ပြုမူကြပြီး ကျွမ်းကျင်စွာ စကားပြောကာ အဆုံးမရှိ ပြောဆိုကြသော်လည်း သမ္မာတရားအကြောင်း မိတ်သဟာယဖွဲ့ခြင်းကို နှစ်သက်သောသူတို့နှင့် တွေ့ဆုံသည့်အခါတွင်မူ ၎င်းတို့၌ ပြောစရာစကား မရှိတော့ပေ။ ညီအစ်ကို သို့မဟုတ် ညီအစ်မတစ်ဦးက “အလွန်ကောင်းမွန်သည့် ဓမ္မသီချင်းတစ်ပုဒ်ရှိသည်၊ သီချင်းစာသားအားလုံးကို ကျွန်ုပ် အလွတ်ရသည်” ဟု ပြောသည့်အခါ ၎င်းတို့က “သင် အလွတ်ရနေပြီဖြစ်သည်။ ကောင်းပေသည်” ဟု အပေါ်ယံသာ ပြောဆိုကြသည်။ ညီအစ်ကို သို့မဟုတ် ညီအစ်မတစ်ဦးက “ညီအစ်မ မည်သူမည်ဝါ၏ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်က အလွန်ပင် ကောင်းလှသည်” ဟု ပြောသည့်အခါ ၎င်းတို့က “ယခုအခါတွင် အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဗီဒီယိုများ များပြားလှသည်၊ မည်သည့်အရာက မကောင်းဘဲ ရှိသနည်း။ အားလုံးမှာ ကောင်းလှပေသည်” ဟု ပြောဆိုကြသည်။ ၎င်းတို့သည် ဤသို့ အပေါ်ယံပုံစံဖြင့်သာ တုံ့ပြန်ကြသည်၊ လက်တွေ့တွင် ၎င်းတို့သည် သမ္မာတရားကို စိတ်မဝင်စားဘဲ ညီအစ်ကိုမောင်နှမများနှင့် စိတ်တူကိုယ်တူ ဖြစ်ခြင်း မရှိကြပေ။ တစ်စုံတစ်ဦးက ၎င်းတို့ကို “သင် အခြေအနေများနှင့် ရင်ဆိုင်ရသည့်အခါ ဆုတောင်းပါသလား” ဟု မေးသည့်အခါ ၎င်းတို့က “မည်သို့ဆုတောင်းရမည်နည်း။ မည်သည့်အကြောင်းကို ဆုတောင်းရမည်နည်း” ဟု ပြန်ဖြေကြသည်။ ၎င်းတို့သည် ဆုမတောင်းကြသကဲ့သို့ ဘုရားသခင်ထံ ပြောစရာစကားလည်း မရှိကြပေ။ ဤလူတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် သက်ဆိုင်သည့် မည်သည့်အရာကိုမျှ စိတ်မဝင်စားကြဘဲ ၎င်းတို့၏ စိတ်နှလုံးများသည် ဘာသာတရားမရှိသူများလောကမှ အမျိုးမျိုးသောအရာများဖြင့် ပြည့်နှက်နေသည်။ သင်တို့ မည်သို့ထင်သနည်း၊ ထိုသို့သောလူများတွင် ပြဿနာရှိသလော။ (ဟုတ်ပါသည်။) ၎င်းတို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရာ၌ အစဉ် စိတ်မပါ့တပါ ဖြစ်နေသည်ကိုလည်းကောင်း၊ မည်သည့်အလုပ်ကိုမဆို တာဝန်ပေးသည့်အခါ အလွန် စိတ်မရှည် ဖြစ်လာသည်ကိုလည်းကောင်း၊ ဆင်းရဲဒုက္ခ အနည်းငယ် ခံစားရသည်နှင့် ညည်းညူသည်ကိုလည်းကောင်း၊ ဘုရားသခင်ကို နှစ်အနည်းငယ် ယုံကြည်ပြီးနောက် “ဘုရားကို ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်များစွာ နစ်နာခဲ့ရသည်။ ဘုရားကိုသာ ကျွန်ုပ် မယုံကြည်ခဲ့လျှင် ယခုအခါတွင် ကျွန်ုပ်၏ လစာသည် ထိုမျှဤမျှ ပမာဏသို့ တိုးပွားနေပြီဖြစ်ကာ ထိုသို့သောဤသို့သော အဆင့်အတန်းနှင့် ထိုမျှဤမျှသော ဇိမ်ခံဘဝနေထိုင်မှုပုံစံတို့ကို ပျော်မွေ့ခံစားနိုင်ခဲ့ပြီး ဖြစ်လိမ့်မည်” ဟူသကဲ့သို့သော အတွေးများကို မကြာခဏ ထုတ်ဖော်ပြသသည်ကိုလည်းကောင်း သင် မြင်တွေ့ပါက ထိုသို့သောလူများကို မည်သို့ ကိုင်တွယ်သင့်သနည်း။ (၎င်းတို့ကို ထွက်ခွာသွားရန် ဖျောင်းဖျသင့်ပါသည်။) ထိုသို့သောလူများကို ထွက်ခွာသွားရန်သာ ဖျောင်းဖျပြီး ၎င်းတို့ကို မည်သည့်တာဝန်ကိုမျှ ဆက်၍ မထမ်းဆောင်စေနှင့်တော့၊ အကြောင်းမှာ ၎င်းတို့သည် အလုပ်လုပ်ပေးရန်ပင် ဝန်လေးနေသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ယုံကြည်သူတစ်ဦးအနေဖြင့် စုဝေးပွဲများ တက်ရောက်ရုံမျှသည် သည်းခံနိုင်ဖွယ်ဖြစ်သော်လည်း မိမိတို့၏ တာဝန်ကို ထမ်းဆောင်ခြင်းနှင့် ဘုရားသခင်နောက် လိုက်လျှောက်ခြင်းသည် ၎င်းတို့၏ ကြီးမားသော လုပ်ငန်းဆောင်တာများကို အနှောင့်အယှက် ဖြစ်စေသည်ဟု ထင်မှတ်ကြသည်။ ၎င်းတို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ခြင်းနှင့် ဘုရားသခင်နောက် လိုက်လျှောက်ခြင်းသည် ၎င်းတို့၏ ပျော်ရွှင်မှုကို လိုက်စားခြင်းအတွက် ကြီးမားသော အတားအဆီးတစ်ခု ဖြစ်သည်ဟု ခံစားကြရသည်။ ၎င်းတို့သည် မိမိတို့၏ တာဝန်ကို မထမ်းဆောင်ခဲ့ပါက လောက၌ အဆင့်မြင့် အရာရှိတစ်ဦးဖြစ်လာပြီး ငွေများစွာ ရှာဖွေလျက် အခြားသူများထက် သာလွန်မြင့်မြတ်နေလောက်ပြီဟု ယုံကြည်ကြသည်။ သို့ဖြစ်လျှင် ကျွန်ုပ်တို့သည် ၎င်းတို့ကို အဘယ်ကြောင့် တားဆီးထားသင့်သနည်း။ ထို့ကြောင့် ၎င်းတို့ကို ထွက်ခွာသွားရန် ဖျောင်းဖျခြင်းသည် လူတိုင်းအတွက် ကောင်းသည်။ ၎င်းတို့ကို အတင်းအကျပ်ပြုခြင်း သို့မဟုတ် နေမြဲနေရန် တိုက်တွန်းရန် ကြိုးစားခြင်းသည် ကြီးမားသော အမှားတစ်ခု ဖြစ်ပေလိမ့်မည်။ သင်သည် ထိုသို့သောလူများကို ဤကဲ့သို့ ဖျောင်းဖျသင့်သည်။ “သင်သည် အဘယ်ကြောင့် ဘုရားသခင်ကို ယုံကြည်ရန် ရွေးချယ်ခဲ့သနည်း။ သင်သည် သမ္မာတရားကို စိတ်မဝင်စားဘဲ ဘုရားသခင်အပေါ် အစဉ် သံသယများဖြင့် ပြည့်နေပါက သမ္မာတရားကို မည်သည့်အခါတွင် ရရှိနိုင်မည်နည်း။ သင်သည် အတွေးအခေါ်များ၊ အောင်လက်မှတ်များနှင့် အရည်အချင်းများ ရှိသူတစ်ဦး ဖြစ်သည်၊ သင်သည် လောက၌ ကြိုးစားအားထုတ်နေပါက ကုမ္ပဏီတစ်ခု၏ ဥက္ကဋ္ဌ သို့မဟုတ် အမှုဆောင်အရာရှိချုပ်တစ်ဦး သေချာပေါက် ဖြစ်လာနိုင်သည်၊ သို့မဟုတ် သန်းကြွယ်သူဌေးတစ်ဦး သို့မဟုတ် ဘီလီယံနာတစ်ဦး ဖြစ်လာနိုင်သည်။ ဘုရားအိမ်တော်၌ ဤကဲ့သို့ ဖြစ်သလို နေထိုင်ဖြတ်သန်းနေခြင်းဖြင့် ပထမဦးစွာ သင်သည် အခြားသူများထက် မသာလွန်နိုင်၊ ဒုတိယအနေဖြင့် သင်သည် ကြီးမားသော အောင်မြင်မှုကို မရရှိနိုင်၊ နောက်ဆုံးအနေဖြင့် သင်သည် သင်၏ ဘိုးဘေးများကို ဂုဏ်မဆောင်နိုင်ပေ။ ထို့အပြင် သင်၏ တာဝန်ကို ထမ်းဆောင်သည့်အခါ သင်သည် အစဉ် ဝတ်ကျေတမ်းကျေဖြစ်နေသည်၊ ယင်းက သင့်ကို ပြုပြင်ခြင်းခံရစေပြီး အစဉ် စိတ်ဓာတ်ကျနေစေသည်။ ဤဆင်းရဲဒုက္ခကို အဘယ်ကြောင့် ခံစားနေရသနည်း။ သင်သည် လောကထဲသို့ ထွက်သွားသင့်ပြီး နိုင်ငံရေး သို့မဟုတ် စီးပွားရေးသို့ဖြစ်စေ မိမိကိုယ်တိုင်အတွက် အတိုင်းအတာတစ်ခုအထိ အောင်မြင်မှုကို သေချာပေါက် ရရှိလိမ့်မည်။ သင်သည် ကျွန်ုပ်တို့နှင့် မတူပေ။ သင်၌ အောင်လက်မှတ်များနှင့် အရည်အချင်း နှစ်မျိုးစလုံးရှိပြီး သင်သည် မြင့်မြတ်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်၊ ကျွန်ုပ်တို့ သာမန်လူများနှင့်အတူ ဘုရားသခင်ကို ယုံကြည်ခြင်းသည် သင့်အဆင့်အတန်းအောက် နိမ့်ကျသည် မဟုတ်လော။ ဘာသာတရားမရှိသူများ မကြာခဏ ပြောသကဲ့သို့ ‘သင်သည် လောကကြီးတွင် သင်အလိုရှိသည့်အရာမှန်သမျှကို လိုက်စားနိုင်သည်’၊ သင်သည် အခွင့်အရေးရှိနေသေးစဉ်တွင် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းအချို့ကို လိုက်စားရန် လောက၌ အချိန်ကျန်ရှိနေသေးသည်ကို အခွင့်ကောင်းယူသင့်သည်။ ဤနေရာ၌ နေခြင်းဖြင့် သင့်ကိုယ်သင် နစ်နာအောင် မလုပ်ပါနှင့်” ဟူ၍ ဖြစ်သည်။ ဤသည်မှာ ၎င်းတို့ကို ဖျောင်းဖျရန် သင့်လျော်သော နည်းလမ်းတစ်ခုလော။ စကားလုံးအသုံးအနှုန်းသည် အတော်အတန် လိမ္မာပါးနပ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ယင်းသည် ၎င်းတို့ကို မထိခိုက်စေသည့်အပြင် ၎င်းတို့ ကြားလိုသည့်အရာကိုလည်း ပြောဆိုနေခြင်း ဖြစ်သည်။ ဤလုပ်နည်းကိုင်နည်းသည် သင့်လျော်သည်ဟု ငါထင်သည်၊ ယင်းက ၎င်းတို့အတွက် အကြံဉာဏ်ကို လက်ခံရန် လွယ်ကူစေပြီး ၎င်းတို့သည် မည်သည့်စိုးရိမ်ပူပန်မှုမျှမရှိဘဲ ရဲရင့်စွာ ထွက်ခွာသွားနိုင်ကြသည်။ ဤသို့သောလူစားမျိုးကို ကိုင်တွယ်ဖြေရှင်းသည့်အခါ သင်သည် ၎င်းတို့မှာ မယုံကြည်သူများဖြစ်ကြောင်း သေချာပါက၊ ပြီးလျှင် ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် ၎င်းတို့၌ လုံးဝ စိတ်အားထက်သန်မှုမရှိသည်ကိုလည်းကောင်း၊ မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရာတွင် မည်သည့်အခါမျှ စိတ်ရင်းမှန်မရှိသည်ကိုလည်းကောင်း၊ မည်သည့် အသက်ဝင်ရောက်မှုကိုမျှ မည်သည့်အခါမျှ မရရှိခဲ့သည်ကိုလည်းကောင်း၊ ရေရှည်တွင်လည်း ရရှိနိုင်ဖွယ် မရှိသည်ကိုလည်းကောင်း သင် မြင်တွေ့ပါက ၎င်းတို့ကို ထွက်ခွာသွားရန် ဖျောင်းဖျသင့်သည်။ သင်သည် ၎င်းတို့ကို ထွက်ခွာသွားရန် မဖျောင်းဖျပါက ၎င်းတို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရာတွင် အစဉ် ဝတ်ကျေတမ်းကျေဖြစ်ပြီး စိတ်မပါ့တပါ သဘောထားတစ်ခု ရှိနေမည်ဖြစ်ပြီး ၎င်းတို့သည် ကြီးမားသော ဘေးအန္တရာယ်တစ်ခုကို ဖြစ်ပေါ်စေမည့် အချိန်တစ်ခု ရောက်လာနိုင်ဖွယ်ရှိသည်။
ဋ။ ကြောက်တတ်ခြင်းနှင့် သံသယဖြစ်ခြင်း
ယိမ်းယိုင်ခြင်းဖြစ်သည့် ဆယ်ခုမြောက် သရုပ်သကန်အကြောင်းကို ငါတို့ မိတ်သဟာယဖွဲ့ပြီးဖြစ်သည်။ ယခုအခါတွင် ဆက်လက်၍ ကြောက်တတ်ခြင်းနှင့် သံသယဖြစ်ခြင်းဖြစ်သည့် ဆယ့်တစ်ခုမြောက် သရုပ်သကန်ကို ကြည့်ကြစို့။ ကြောက်တတ်သောလူများ၏ သရုပ်သကန်များမှာ အဘယ်အရာများ ဖြစ်သနည်း။ (ကြောက်တတ်သောလူများသည် ဖမ်းဆီးခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းကို ရင်ဆိုင်ရသည့်အခါ ကြောက်ရွံ့ကြပါသည်။ ၎င်းတို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်လိုသော်လည်း မထမ်းဆောင်ဝံ့ကြပါ။) ယင်းမှာ သေးငယ်သော ကဏ္ဍတစ်ခုမျှသာ ဖြစ်သည်။ အဓိကပြဿနာမှာ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်ပတ်သက်၍ ၎င်းတို့တွင် ရှုမြင်ပုံတစ်ရပ် ရှိနေခြင်းဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်သူများသည် ဤလောက၌ ဝင်ဆံ့ပုံမရဟု ၎င်းတို့ အစဉ်ခံစားရသည်၊ ဘုရားသခင်ကို ယုံကြည်ခြင်းသည် ရှက်စရာဖြစ်သည်ဟု ၎င်းတို့ ခံစားရသည်။ အထူးသဖြင့် အာဏာရှင်နိုင်ငံအချို့ သို့မဟုတ် ဘာသာရေးလွတ်လပ်ခွင့်မရှိသော နိုင်ငံများတွင် ဘုရားသခင်ကို ယုံကြည်သူများသည် ဥပဒေအရ အကာအကွယ်မရရုံသာမက ညှဉ်းပန်းနှိပ်စက်ခြင်းကိုပါ ခံကြရရာ အချို့လူများသည် မိမိတို့ ဘုရားသခင်ကို ယုံကြည်ကြောင်း ဝန်ခံရန် မဝံ့ကြသကဲ့သို့ အခြားသူများ သိရှိသွားမည်ကိုလည်း ကြောက်ရွံ့ကြသည်။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် ပွင့်လင်းမြင်သာသော၊ ဂုဏ်ယူဖွယ်ဖြစ်သော အရာတစ်ခု မဟုတ်ဟု ၎င်းတို့ ခံစားကြရသည်။ ၎င်းတို့သည် စစ်မှန်သော ဘုရားသခင်ကို ယုံကြည်ကြောင်း သိရှိကြသော်လည်း ဤအရာ၌ မည်သည့်ဂုဏ်ယူမှုကိုမျှ မခံစားရသကဲ့သို့ ယုံကြည်စိတ်ချမှုလည်း မရှိကြပေ။ ဒုက္ခအရိပ်အယောင် တစ်စုံတစ်ရာရှိသည့်အခါ သို့မဟုတ် အစိုးရက ယုံကြည်သူများကို ဖမ်းဆီးခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ ဖိနှိပ်ခြင်းနှင့် ဝိုင်းပယ်ခြင်းတို့ကို မြင်တွေ့ရသည့်အခါ ၎င်းတို့ ပါဝင်ပတ်သက်သွားမည်ကို အထူးပင် စိုးရိမ်လာကြသည်။ ထိုသို့သောအခြေအနေများတွင် အချို့လူများသည် အသင်းတော်နှင့် မိမိတို့ကိုယ်ကို လျင်မြန်စွာ အဆက်ဖြတ်ကြပြီး ဘုရားအိမ်တော်သို့ စာအုပ်များကို ပြန်ပေးရန်ပင် အလျင်စလို ပြုလုပ်ကြသည်။ အခြားသူများမှာမူ ဖမ်းဆီးခံရမည်ကို ကြောက်ရွံ့သောကြောင့် စုဝေးပွဲများကို တက်ရောက်ရန် မဝံ့တော့သကဲ့သို့ ညီအစ်ကိုမောင်နှမများနှင့် တွေ့ဆုံသည့်အခါ နှုတ်ဆက်ရန်ပင် မဝံ့တော့ပေ။ အထူးသဖြင့် ၎င်းတို့၏ ယုံကြည်ခြင်းအတွက် အတော်အတန် လူသိများသော သို့မဟုတ် ယခင်က ဖမ်းဆီးခံခဲ့ရဖူးသောသူများနှင့်ဆိုလျှင် ဤလူများသည် ၎င်းတို့နှင့် ပေါင်းသင်းဆက်ဆံရန် သာ၍ပင် မဝံ့ကြတော့ပေ၊ ၎င်းတို့သည် ဤအတိုင်းအတာအထိ ကြောက်တတ်ကြသည်။ သာ၍ပင် ဆိုးသည်မှာ အစိုးရက အကြီးအကျယ် ဖမ်းဆီးမှုတစ်ရပ်ကို စတင်လိုက်ပြီဟု ကြားသိရသည်နှင့် ၎င်းတို့သည် ယခင်က ဘုရားသခင်ကို ယုံကြည်ခဲ့ကြောင်းနှင့် မည်သည့်လူများက ယုံကြည်ကြောင်းကို သိရှိကြောင်း မိမိတို့ဘာသာ အလျင်ဦးအောင် ဝန်ခံရန် အာဏာပိုင်များထံ အလျင်စလို သွားကြပြီး မိမိကိုယ်ကို ကာကွယ်ခြင်းဟူသော တစ်ခုတည်းသော ရည်ရွယ်ချက်ဖြင့် သက်ညှာမှုရရှိရန် အလဲအလှယ်အနေဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော် စာအုပ်များနှင့် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် သက်ဆိုင်သော အခြားစာရွက်စာတမ်းများကို လွှဲပြောင်းပေးလျက် ၎င်းတို့ကို မိမိတို့ဘာသာ အလျင်ဦးအောင် သစ္စာဖောက်ကြသည်။ ငါ့ကို ပြောလော့၊ ဤသည်တို့မှာ ကြောက်တတ်ခြင်း၏ သရုပ်သကန်များ မဟုတ်လော။ (ဟုတ်ပါသည်။) အထူးသဖြင့် အချို့လူများအတွက်မူ ဘုရားသခင်ကို ယုံကြည်ပြီးနောက် ၎င်းတို့၏ ယုံကြည်ခြင်းအကြောင်းကို အခြားသူများ သိရှိသွားမည်ကို အစဉ်သဖြင့် ကြောက်ရွံ့ကြပြီး တစ်စုံတစ်ဦး ဖမ်းဆီးခံရပါက ၎င်းတို့ သစ္စာဖောက်ခံရမည်ကို သာ၍ပင် ကြောက်ရွံ့ကြသည်။ တစ်စုံတစ်ဦးက ၎င်းတို့ ဘုရားသခင်ကို ယုံကြည်ကြောင်း သိရှိသွားသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် ယခုအခါ မယုံကြည်တော့ကြောင်း အလျင်စလို ရှင်းပြကြပြီး ဘာသာတရားမရှိသူများက ၎င်းတို့ကို ယုံကြည်သူတစ်ဦးအဖြစ် သံသယဝင်ခြင်းကို ရပ်တန့်သွားစေရန် အမှုအရာများကို ပြုလုပ်ဖို့ပင် အလျင်စလို လုပ်ဆောင်ကြသည်။ ဥပမာအားဖြင့် ၎င်းတို့သည် ဘာသာတရားမရှိသူများနှင့် အတူတကွ စားသောက်ခြင်း၊ ပါတီပွဲလုပ်ခြင်း၊ လောင်းကစားလုပ်ခြင်း၊ အရက်သောက်ခြင်း စသည်တို့ကို ပြုလုပ်လျက် ၎င်းတို့နှင့် ဆက်ဆံရေးများ တည်ဆောက်ကြသည်။ ဒုက္ခစိုးစဉ်းမျှ အရိပ်အယောင်တွေ့သည်နှင့် ၎င်းတို့သည် စုဝေးပွဲများ တက်ရောက်ရန် မဝံ့တော့ဘဲ မိမိတို့၏ တာဝန်ကိုလည်း မထမ်းဆောင်တော့ဘဲ ၎င်းတို့ကို ဆက်သွယ်ရန် ကြိုးစားသည့် မည်သူ့ကိုမဆို လျစ်လျူရှုကြသည်။ အရာအားလုံး ငြိမ်းချမ်းနေသည့်အခါတွင်မူ ဘုရားသခင်ကို ယုံကြည်ခြင်းက ကောင်းချီးများကို ဆောင်ကြဉ်းပုံ၊ သေခြင်းတရားကို ရှောင်ရှားနိုင်ပုံ၊ ကောင်းကင်ဘုံသို့ သွားရောက်နိုင်ပြီး ကောင်းသောပန်းတိုင်တစ်ခု ရရှိနိုင်ပုံတို့ကို ၎င်းတို့ တွေးတောကြသည်၊ ထိုအခါတွင် ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် စိတ်ခွန်အားအပြည့်ရှိကြသည်။ သို့သော် အနည်းငယ် အန္တရာယ်ရှိသော ပတ်ဝန်းကျင်တစ်ခုနှင့် ရင်ဆိုင်ရသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် အစအနပျောက်သွားကြတော့၏။ ထို့နောက် အခြေအနေ ကုန်လွန်သွားပြီး အမှုအရာများ တစ်ဖန် ငြိမ်သက်သွားသည့်အခါ ၎င်းတို့ ပြန်ပေါ်လာကြသည်။ ဤလူစားမျိုးသည် မကြာခဏ ပျောက်ပျောက်သွားတတ်သည်။ ၎င်းတို့အား ပေးအပ်ထားသော တာဝန်သည် မည်မျှပင် အရေးကြီးပါစေ အန္တရာယ်အနည်းငယ် ပေါ်ပေါက်လာသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် မိမိတို့၏ အလုပ်ကို ဆက်လက်လုပ်ဆောင်ရန် မည်သည့်စီစဉ်မှုကိုမျှ မပြုလုပ်ဘဲ ချက်ချင်း ပစ်ထားနိုင်ပြီး နောက်ပိုင်းတွင် မည်သူမျှ ၎င်းတို့ကို ဆက်သွယ်၍မရနိုင်တော့ပေ။ အခြားလူများမှာမူ အလားတူ အန္တရာယ်ရှိသော ပတ်ဝန်းကျင်နှင့် ရင်ဆိုင်ရသည့်အခါ နောက်ဆက်တွဲ အကျိုးဆက်များကို ကောင်းစွာကိုင်တွယ်ရန် နည်းလမ်းအမျိုးမျိုးကို စဉ်းစားနိုင်ကြသည်။ လက်ရှိ ပတ်ဝန်းကျင်သည် အလွန်ရန်လိုပြီး ဖမ်းဆီးခံရနိုင်ချေ မြင့်မားပါက ၎င်းတို့သည် အလုပ်ကို ဆက်မလုပ်မီ အန္တရာယ် ကုန်လွန်သွားသည်အထိ စောင့်ဆိုင်းကြသည်။ သို့တည်းမဟုတ် ၎င်းတို့သည် ယုံကြည်သူများအဖြစ် အလွန်လူသိများပြီး အလုပ်လုပ်ရန် မျက်နှာပြပါက အလွယ်တကူ ဖမ်းဆီးခံရနိုင်လျှင် အခြားတစ်စုံတစ်ဦးကို ထိုအလုပ်ကို လုပ်ဆောင်ရန် စီစဉ်ပေးကြသည်။ သို့သော် ဤကြောက်တတ်သောလူများမှာမူ ဒုက္ခစိုးစဉ်းမျှကို အာရုံခံမိသည့်အခါတွင် အလျင်စလို ပုန်းအောင်းကြပြီး မိမိတို့၏ ဦးခေါင်းကို အလုအယက် ဖုံးကွယ်ကာ မိမိတို့၏ အသက်ဘေးလွတ်ရန် ကြိုးပမ်းကြလျက် အသင်းတော်၏အလုပ်နှင့် အသင်းတော်၏ ပိုင်ဆိုင်မှုများကို လုံးဝ လျစ်လျူရှုကာ ဂရုမစိုက်ဘဲ အသင်းတော်၏အလုပ်ကို ကာကွယ်ရန် သို့မဟုတ် ညီအစ်ကိုမောင်နှမများကို ကာကွယ်ရန် မည်သည့်ကြိုးပမ်းမှုကိုမျှ မပြုလုပ်ကြပေ။ ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်ခြင်း၌ ၎င်းတို့ အကြောက်ဆုံးအရာမှာ အဘယ်နည်း။ ပထမဦးစွာ ၎င်းတို့၏ ယုံကြည်လက်ခံခြင်းအကြောင်းကို အစိုးရက သိရှိသွားမည်ကို ကြောက်ရွံ့ကြသည်။ ဒုတိယအနေဖြင့် ၎င်းတို့၏ အိမ်နီးချင်းများ သိရှိသွားမည်ကို ကြောက်ရွံ့ကြသည်။ တတိယအနေဖြင့် ၎င်းတို့ အကြောက်ဆုံးအရာမှာ ဖမ်းဆီးခံရပြီး ထောင်ချခံရခြင်း သို့မဟုတ် ရိုက်သတ်ခံရခြင်း ဖြစ်သည်။ သို့ဖြစ်၍ တစ်စုံတစ်ခု ဖြစ်ပျက်သည့်အခါတိုင်း ၎င်းတို့ ဖမ်းဆီးခံရနိုင်ခြင်း ရှိမရှိကိုဖြစ်စေ၊ အသတ်ခံရနိုင်ခြင်း ရှိမရှိကိုဖြစ်စေ ၎င်းတို့ ပထမဆုံး တွေးတောကြ၏။ ထိုသို့ဖြစ်နိုင်ချေ ရာခိုင်နှုန်းတစ်ခုမျှ ရှိလျှင်ပင် ၎င်းတို့သည် လွတ်မြောက်ရန် နည်းလမ်းတစ်ခုကို ရှာကြံကြလိမ့်မည်။ ဥပမာအားဖြင့် စုဝေးပွဲတစ်ခုအတွင်း ညီအစ်ကို သို့မဟုတ် ညီအစ်မတစ်ဦးက “ကျွန်ုပ် ဤနေရာသို့ လာရာလမ်းတွင် အနီးအနား၌ မျက်နှာစိမ်းတစ်ဦးကို တွေ့ခဲ့သည်။ ယင်းမှာ ကျွန်ုပ်တို့အား စောင့်ကြည့်နေသည့် ဘာသာတရားမရှိသူတစ်ဦးများ ဖြစ်နိုင်သလော” ဟု ပြောကောင်းပြောနိုင်သည်။ ဤမှတ်ချက်တစ်ခုကို ကြားရုံမျှဖြင့် ကြောက်တတ်သောလူများသည် နောက်တစ်ကြိမ် စုဝေးပွဲကို တက်ရောက်တော့မည် မဟုတ်ဘဲ လူတိုင်းနှင့် အဆက်အသွယ် ဖြတ်တောက်လိုက်မည်ဖြစ်၏။ သင်သည် ဤအရာကို သတိကြီးခြင်းဟု ခေါ်မည်လော။ (ဤသည်မှာ ပုံမှန်သတိထားခြင်းမဟုတ်ပါ၊ ယင်းမှာ ကြောက်တတ်ခြင်း ဖြစ်သည်၊ ၎င်းတို့၏ စိတ်နှလုံးထဲ၌ ဘုရားသခင်အတွက် နေရာမရှိတော့ပါ။) ဤသည်မှာ အလွန်အကျွံ သတိထားခြင်း ဖြစ်သည်။ ပတ်ဝန်းကျင်သည် အထူးသဖြင့် ရန်လိုသော နိုင်ငံများ သို့မဟုတ် ဒေသများတွင် ယုံကြည်သူများ သတိထားသင့်သည်မှာ မှန်သော်လည်း ယင်းမှာ ၎င်းတို့သည် ဖမ်းဆီးခံရမည်ကို ကြောက်ရွံ့သောကြောင့် မိမိတို့၏ တာဝန်ကို မထမ်းဆောင်ဘဲ သို့မဟုတ် စုဝေးပွဲများကို မတက်ရောက်ဘဲ နေသင့်သည်ဟု မဆိုလိုပေ၊ မိမိတို့၏ စိတ်နှလုံးထဲ၌ ဘုရားသခင်အတွက် နေရာမရှိသည်အထိ သတိထားခြင်းမျိုး မဖြစ်သင့်ပေ။ ကြောက်တတ်သောလူများ၏ သတိထားခြင်းအတွက် စည်းမျဉ်းမှာ အဘယ်နည်း။ ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ မည်သည့်အရာ ဖြစ်ပျက်ပါစေ ၎င်းတို့သည် အရာခပ်သိမ်းသည် ဘုရားသခင်၏ လက်ထဲ၌ ရှိသည်ကို လုံးဝမယုံကြည်ကြပေ။ မည်သူ့ကိုမျှ အားကိုးထိုက်သည်ဟု ၎င်းတို့မထင်ကြဘဲ မိမိတို့ကိုယ်ကို ကာကွယ်ရန် ကိုယ့်အားကိုယ်ကိုးကြသည်။ ဤသည်မှာ ၎င်းတို့၏ စည်းမျဉ်းဖြစ်သည်။ အရာခပ်သိမ်းသည် ဘုရားသခင်၏ လက်ထဲ၌ ရှိသည်ကို ၎င်းတို့ မယုံကြည်ပေ။ အရာခပ်သိမ်းသည် ဘုရားသခင်က စီစဉ်ညွှန်ကြားပြီး စီစဉ်ခန့်ခွဲသည်ကိုလည်း မယုံကြည်ပေ။ တစ်စုံတစ်ခု အမှန်တကယ် ဖြစ်ပျက်ပါက ယင်းမှာ ဘုရားသခင်က ခွင့်ပြုသောကြောင့်ဖြစ်ပြီး ဘုရားသခင်က ခွင့်မပြုပါက မည်သူမျှ ဖမ်းဆီးခံရမည် မဟုတ်ဆိုသည့်အချက်ကိုလည်း မယုံကြည်ကြပေ။ ဤကိစ္စနှင့်ပတ်သက်၍ ၎င်းတို့တွင် လုံးဝ ယုံကြည်ခြင်းမရှိပေ။ ထိုအစား ၎င်းတို့၏ စိတ်နှလုံးများသည် ကြောက်တတ်ခြင်းဖြင့်သာ ပြည့်နှက်နေသည်။ ထို့အပြင် ၎င်းတို့၏ ကြောက်တတ်ခြင်း၌ သေစေနိုင်သော အားနည်းချက်တစ်ခု ရှိပြီး ယင်းမှာ ၎င်းတို့နှင့်ပတ်သက်၍ မုန်းတီးဖွယ် အကောင်းဆုံးသောအရာလည်း ဖြစ်သည်။ မိမိတို့ကိုယ်ကို ကာကွယ်ရန်နှင့် ၎င်းတို့ကို ကြောက်ရွံ့စေသော မည်သည့်ပတ်ဝန်းကျင်ကိုမဆို ရင်ဆိုင်ရန်အတွက် ၎င်းတို့သည် မိမိတို့၏ “အမြင့်မြတ်ဆုံးသော ဉာဏ်ပညာ” ဟု မြင်သည့်အရာကို လိုက်နာကြသည်၊ ယင်းမှာ စောင့်ကြည့်ခံရသည်ဖြစ်စေ၊ ဖမ်းဆီးခံရပြီး ထောင်ချခံရသည်ဖြစ်စေ၊ မည်သည့်အရာ ဖြစ်ပျက်ပါစေ တစ်စုံတစ်ခု မှားယွင်းသွားပြီး ၎င်းတို့၏ လုံခြုံရေးကို ခြိမ်းခြောက်ခံရသည်နှင့်တစ်ပြိုင်နက် ပထမတစ်ချက်အနေဖြင့် ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ကြောင်း ငြင်းပယ်ကြပြီး ဒုတိယတစ်ချက်အနေဖြင့် ၎င်းတို့ သိရှိသမျှအရာအားလုံးကို တစ်စုံတစ်ရာမျှ ထိမ်ချန်မထားဘဲ သစ္စာဖောက်ကြခြင်း ဖြစ်သည်။ ၎င်းတို့သည် အဘယ်ကြောင့် ဤသို့ပြုလုပ်ကြသနည်း။ မိမိတို့ကိုယ်ကို ကာယပိုင်းဆိုင်ရာ ဒုက္ခဝေဒနာမှ ကာကွယ်ရန်အတွက်သာ ဖြစ်သည်၊ သို့ဖြစ်၍ ၎င်းတို့သည် မိမိတို့သိသမျှကို ဖွင့်ချကြသည်။ ပထမဦးစွာ ၎င်းတို့သည် အသင်းတော်ခေါင်းဆောင်များကို သစ္စာဖောက်ကြပြီး ရပ်ကွက်ခေါင်းဆောင်များနှင့် နယ်မြေခေါင်းဆောင်များမှာ မည်သူတို့ဖြစ်ကြောင်းနှင့် ၎င်းတို့ မည်သည့်နေရာတွင် နေထိုင်ကြောင်းကိုလည်း ဖွင့်ချကြကာ ၎င်းတို့ သိရှိသမျှအရာအားလုံးကို ဖွင့်ချကြသည်။ ၎င်းတို့သည် ညှဉ်းပန်းနှိပ်စက်ခြင်း မခံရမီကပင် အရာအားလုံးကို သစ္စာဖောက်ကြသည်။ ထို့အပြင် “ကတိခံဝန်ချက်သုံးမျိုး” ကို လက်မှတ်ထိုးရန် တောင်းဆိုခံရပါက ၎င်းတို့သည် ဤအရာအတွက် အစဉ်တစ်လျှောက်လုံး ပြင်ဆင်ထားပြီးဖြစ်သဖြင့် စဉ်းစားရန်ပင်မလိုဘဲ ချက်ချင်း လက်မှတ်ထိုးကြသည်။ ဤသည်မှာ ၎င်းတို့သည် အကျဉ်းချခံရခြင်းကိုလည်းကောင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းကိုလည်းကောင်း၊ သေခြင်းအန္တရာယ် မှန်သမျှကိုလည်းကောင်း ရှောင်ရှားနိုင်ရန် ဖြစ်သည်။ ၎င်းတို့သည် အလွန် ကြောက်တတ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ အချုပ်အခြာအာဏာကို မယုံကြည်သည့်အပြင် မိမိတို့၏ အသက်ကိုလည်း စွန့်စားနိုင်စွမ်း မရှိကြပေ။ ထိုအစား ၎င်းတို့သည် မိမိတို့ကိုယ်ကို ကာကွယ်ရန် ဖြစ်နိုင်သမျှ နည်းလမ်းတိုင်းကို စဉ်းစားကြသည်။ ၎င်းတို့အတွက် အကောင်းဆုံးနည်းလမ်းမှာ အခြားသူများနှင့် အသင်းတော်ကို သစ္စာဖောက်ခြင်းဖြစ်သည်၊ ဤသည်မှာ အထိရောက်ဆုံးသော နည်းလမ်းဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်လုံခြုံရေးကို သေချာစေရန်နှင့် မည်သည့်မချိတင်ကဲ ခံစားမှုကိုမဆို ရှောင်ရှားရန်အတွက် အခြားသူများကို သစ္စာဖောက်ခြင်းကို အဖိုးအခအဖြစ် အသုံးပြုကြသည်။ ဤသည်မှာ ၎င်းတို့ အချိန်အတော်ကြာကတည်းက ကြိုတင်စီစဉ်ထားသည့်အရာဖြစ်သည်၊ ၎င်းမှာ ၎င်းတို့၏ “အမြင့်မြတ်ဆုံးသော ဉာဏ်ပညာ” ဖြစ်သည်။ ငါ့ကို ပြောလော့၊ ဤလူစားမျိုး၏ ကြောက်တတ်ခြင်းသည် ပုံမှန်ကြောက်တတ်ခြင်း ဖြစ်သလော။ (မဟုတ်ပါ။) သို့ဆိုလျှင် ဤနေရာတွင် ပြဿနာမှာ အဘယ်နည်း။ (၎င်းတို့သည် အလွန်ကြောက်တတ်ကြသဖြင့် မည်သည့်အချိန်၊ မည်သည့်နေရာတွင်မဆို ညီအစ်ကိုမောင်နှမများနှင့် အသင်းတော်ကို သစ္စာဖောက်ရန် အသင့်ရှိသော ယုဒများ ဖြစ်လာကြပါသည်။ ထိုသို့သောလူများသည် စစ်မှန်သော ယုံကြည်သူများ မဟုတ်ကြပါ။) ၎င်းတို့သည် စစ်မှန်သော ယုံကြည်သူများလား သို့မဟုတ် ယုံကြည်သူအယောင်ဆောင်များလားဆိုသည်ကို ယခုလောလောဆယ် ဘေးဖယ်ထားကြစို့။ ၎င်းတို့၏ လူ့သဘာဝကိုသာ ကြည့်လော့၊ ဘုရားသခင်ကို ယုံကြည်ခြင်းသည် ပွင့်လင်းမြင်သာပြီး ဂုဏ်ယူဖွယ်ရာ အရာတစ်ခုမဟုတ်ဘဲ ခိုးကြောင်ခိုးဝှက် လုပ်ရပြီး ရှက်ဖွယ်ကောင်းသောအရာတစ်ခုဖြစ်သည်ဟု ၎င်းတို့ တွေးထင်ကြသည်၊ ပြီးလျှင် ၎င်းတို့သည် အလွန် ပွင့်လင်းမြင်သာပြီး ဂုဏ်ယူဖွယ်ရာကောင်းကာ အပြုသဘောဆောင်သည့် ဘုရားသခင်ကို ယုံကြည်ခြင်းကိစ္စကို အပျက်သဘောဆောင်သည့် အရာတစ်ခုအဖြစ် မှတ်ယူကြသည်၊ ၎င်းတို့သည် မည်သို့သောလူစားမျိုးများဖြစ်သည်ဟု သင် ထင်သနည်း။ (၎င်းတို့သည် အတော်အတန် ဆိုးညစ်သော နားဝေတိမ်တောင်ဖြစ်သောလူများ ဖြစ်ကြပါသည်။) အမှုအရာများအပေါ် ၎င်းတို့၏ ရှုမြင်ပုံနှင့် သဘောပေါက်နားလည်ပုံ နည်းလမ်းသည် ပုံမှန်လူများ၏ နည်းလမ်းနှင့် ကွဲပြားသည်။ တစ်ခါတစ်ရံ ၎င်းတို့သည် အမှားနှင့်အမှန်ကို မခွဲခြားနိုင်ဘဲ အဖြူကို အမည်းဟုပင် ခေါ်နိုင်သည်။ ဘုရားသခင်ကို ယုံကြည်သူများသည် တမင်တကာ တိတ်တိတ်ပုန်းလုပ်ကြမည်မှာ မည်သို့များ ဖြစ်နိုင်မည်နည်း။ အကြောင်းမှာ ဤလောကသည် အလွန်ဆိုးယုတ်သောကြောင့်ဖြစ်သည်၊ တရားဥပဒေသည် ဘာသာရေးလွတ်လပ်ခွင့်ကို မကာကွယ်ပေးသကဲ့သို့ စာတန်ဆန်သော အစိုးရစနစ်သည် သာ၍ပင် ဘုရားသခင်ကို မုန်းတီးပြီး ဘုရားသခင်၏ အမှုကို ရန်လိုသောသဘောဖြင့် မှတ်ယူသည်။ ယင်းသည် အပြုသဘောဆောင်သော အရာများကို တည်ရှိခွင့်မပြုဘဲ ဘုရားသခင်ကို ယုံကြည်သောသူတို့ကို ညှဉ်းပန်းနှိပ်စက်ရန် အစွမ်းကုန် ကြိုးပမ်းသည်။ သို့ဖြစ်၍ ထိုသို့သော လူမှုအခြေအနေများအောက်တွင် ယုံကြည်သူများသည် စုဝေးသည့်အခါတွင်လည်းကောင်း၊ မိမိတို့၏ တာဝန်ကို ထမ်းဆောင်သည့်အခါတွင်လည်းကောင်း သတိကြီးစွာ ပြုမူရန်မှလွဲ၍ အခြားရွေးချယ်စရာမရှိပေ၊ ၎င်းတို့သည် ယင်းကို ပွင့်ပွင့်လင်းလင်း ပြုလုပ်ရန် မဝံ့ကြပေ။ အပြင်ပန်းမှကြည့်လျှင် ၎င်းတို့သည် သူခိုးများကဲ့သို့ ခိုးကြောင်ခိုးဝှက် လုပ်နေကြသည်ဟု ထင်ရနိုင်သော်လည်း အမှန်တကယ်တွင် ဤသည်မှာ လုံးဝ ညှဉ်းပန်းနှိပ်စက်ခံရခြင်းဟူသော နောက်ခံအခြေအနေကြောင့် ဖြစ်သည်၊ ဟုတ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် အဆင်းနီသော နဂါးကြီးသည် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် မိမိ၏ တာဝန်ကို ထမ်းဆောင်ခြင်းဟူသော လုပ်ရပ်များကို မည်သို့ ဖော်ပြသနည်း။ “သံသယဖြစ်ဖွယ် အပြုအမူ” ဟူ၍ ဖြစ်သည်။ ဤသည်မှာ သံသယဖြစ်ဖွယ် အပြုအမူ ဟုတ်ပါသလော။ (မဟုတ်ပါ။) ယင်းမှာ သံသယဖြစ်ဖွယ် အပြုအမူမဟုတ်ပေ၊ ယင်းမှာ လူတို့က အခြားရွေးချယ်စရာ မရှိသောကြောင့် ပြုလုပ်သည့်အရာတစ်ခု ဖြစ်သည်။ ဤလူများသည် တရားမဝင်သော တစ်စုံတစ်ရာကို ပြုလုပ်ခဲ့ကြသလော။ (မလုပ်ခဲ့ပါ။) ၎င်းတို့သည် တရားမဝင်သော တစ်စုံတစ်ရာကိုဖြစ်စေ၊ အစိုးရကို ဆန့်ကျင်သည့် တစ်စုံတစ်ရာကိုဖြစ်စေ မပြုလုပ်ခဲ့ကြသကဲ့သို့ တရားဥပဒေကို ချိုးဖောက်ခြင်း သို့မဟုတ် ငြိမ်ဝပ်ပိပြားရေးကို နှောင့်ယှက်ခြင်း သာ၍ပင် မရှိခဲ့ကြပေ။ ဤလူများသည် အဘယ်အရာကို လုပ်ဆောင်နေခဲ့ကြသနည်း။ ၎င်းတို့သည် ဖန်ဆင်းခံများ၏ တာဝန်ကို ရိုးရှင်းစွာ ထမ်းဆောင်နေခဲ့ကြခြင်း ဖြစ်သည်။ ဤအလုပ်သည် ဤလောကတွင် တန်ဖိုးအရှိဆုံး၊ အဓိပ္ပာယ်အရှိဆုံးနှင့် တရားအမျှတဆုံးသော အလုပ်အကိုင် ဖြစ်သည်။ သို့သော် ဤလောကသည် ဆိုးယုတ်ပြီး မှောင်မိုက်ကာ အဖြူကို အမည်းဟု ကြွေးကြော်သောကြောင့် တရားအမျှတဆုံး၊ တန်ဖိုးအရှိဆုံးနှင့် အဓိပ္ပာယ်အရှိဆုံးသော အလုပ်အကိုင်ကို “သံသယဖြစ်ဖွယ်” ဟု ခေါ်ဆိုသည်။ ဤသည်မှာ စာတန်၏ အဓိပ္ပာယ်ဖွင့်ဆိုချက် ဖြစ်သည်။ စာတန်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်သည် သမ္မာတရား ဖြစ်သလော။ ယင်းသည် အပြုသဘောဆောင်သလော။ (မဆောင်ပါ။) ယင်းမှာ သေချာပေါက် မဟုတ်ပေ။ သို့သော် ကြောက်တတ်သောလူများသည် ဤအဓိပ္ပာယ်ဖွင့်ဆိုချက်ကို ကြားသည့်အခါ ၎င်းတို့၏ စိတ်နှလုံးထဲ၌ ယင်းကို လုံးလုံးလျားလျား သဘောတူရုံသာမက စာတန်ထံမှ ဤအဓိပ္ပာယ်ဖွင့်ဆိုချက်ကိုလည်း လက်ခံကြသည်။ ရလဒ်အနေဖြင့် ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် မိမိတို့၏ တာဝန်ကို တိတ်တဆိတ် ထမ်းဆောင်ခြင်းသည် မလျော်ကန်ဘဲ မှားယွင်းရမည်ဟုလည်း တွေးထင်ကြသည်။ တစ်နေ့တွင် ၎င်းတို့သည်လည်း လူ့အဖွဲ့အစည်းနှင့် အစိုးရ၏ ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံရမည်ကိုလည်းကောင်း၊ ၎င်းတို့၏ဘက်မှ ခုခံချေပရန် နေရာမရှိဘဲ၊ ကူညီရန် သို့မဟုတ် ကယ်တင်ရန် မည်သူမျှမရှိဘဲ ဖြစ်မည်ကိုလည်းကောင်း အစဉ် ကြောက်ရွံ့နေကြသည်။ သို့ဖြစ်၍ ၎င်းတို့သည် မိမိတို့၏ ဘုရားသခင်ကို ယုံကြည်ခြင်းအကြောင်း လူများသိရှိသွားမည်ကို အထူးပင် ကြောက်ရွံ့ကြသည်။ ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲ၌ ဘုရားသခင် ဖော်ပြခဲ့သော နှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်ကြောင်းကိုဖြစ်စေ၊ ဘုရားသခင်က လူတို့ကို လျှောက်လှမ်းရန် ဦးဆောင်သည့် လမ်းကြောင်းသည် မှန်သောလမ်းကြောင်းဖြစ်ကြောင်းကိုဖြစ်စေ အသိအမှတ်မပြုကြသည့်တိုင် ဘုရားသခင်ထံမှ ကောင်းချီးများကိုမူ ရရှိလိုကြသေးသည်။ ဤသည်မှာ ကွဲလွဲဆန့်ကျင်နေသည် မဟုတ်လော။ အဆုံးတွင် ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် ထိုသို့သော ပတ်ဝန်းကျင်၌ ဤအခက်အခဲများကို ခံစားရခြင်းအတွက် အလွန်ပင် နစ်နာသည်ဟု ခံစားကြရသည်။ ၎င်းတို့သည် အဘယ်ကြောင့် နစ်နာသည်ဟု ခံစားကြရသနည်း။ အကြောင်းမှာ ၎င်းတို့သည် ဤလောကရှိ ဆိုးယုတ်သော အစိုးရစနစ်ကိုလည်းကောင်း၊ နတ်ဆိုးများနှင့် စာတန်များ၏ ဆိုးယုတ်သော အင်အားစုများကိုလည်းကောင်း အလွန် ကြောက်ရွံ့ကြပြီး နတ်ဆိုးများနှင့် စာတန်များက ၎င်းတို့ကို ညှဉ်းပန်းနှိပ်စက်ကာ ၎င်းတို့၏ အသက်ကို ယူဆောင်သွားမည်ကို အစဉ် ကြောက်ရွံ့နေကြသောကြောင့် ဖြစ်သည်။ ၎င်းတို့တွင် ဘုရားသခင်အပေါ် စစ်မှန်သော ယုံကြည်ခြင်း တစ်စုံတစ်ရာ မရှိသောကြောင့် ၎င်းတို့သည် မိမိတို့၏ တာဝန်ကို လုံးဝမထမ်းဆောင်သည်အထိပင် အထူးပင် သူရဲဘောကြောင်စွာ ပြုမူကြသည်။ လုံးဝ အန္တရာယ်မရှိပါက ၎င်းတို့သည် စုဝေးပွဲများ တက်ရောက်မည် သို့မဟုတ် ညီအစ်ကိုမောင်နှမများနှင့် ပေါင်းသင်းဆက်ဆံမည် သို့မဟုတ် အသင်းတော်အတွက် အမှုအရာအချို့ကို လုပ်ဆောင်မည် ဖြစ်သော်လည်း ၎င်းတို့သည် မိမိတို့ ဘုရားသခင်ကို ယုံကြည်ကြောင်း၊ အသင်းတော်၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း ဝန်ခံရန် သို့မဟုတ် ဘုရားသခင်အတွက် သက်သေခံရန် သို့မဟုတ် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရန် ရပ်တည်ဖို့ လုံးဝ မဝံ့ရဲကြပေ၊ ၎င်းတို့သည် အလွန် ကြောက်ရွံ့ကြသည်။ ၎င်းတို့တွင် ဘုရားသခင်အပေါ် စစ်မှန်သော ယုံကြည်ခြင်း မရှိသော်လည်း ဘုရားသခင်ထံမှ ကောင်းချီးများနှင့် ကောင်းသောပန်းတိုင်တစ်ခုကိုမူ ရရှိလိုကြသေးသည်။ သင်တို့သည် ဤအရာကို ကွဲလွဲဆန့်ကျင်နေသည်ဟု ဆိုမည်လော။ (ဆိုပါမည်။) ၎င်းတို့၏ ကိုယ်ကျိုးစီးပွားများအပေါ် အာရုံစိုက်ခြင်းက ၎င်းတို့၏ စိတ်ကို ဝေဝါးစေခဲ့သည်မဟုတ်လော။ (ဝေဝါးစေခဲ့ပါသည်။) ဤလူများသည် ကိုယ်ကျိုးအတွက် လောဘစိတ်ဖြင့် လွှမ်းမိုးခံနေရသည်။ ၎င်းတို့သည် ဘုရားသခင်က အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာကိုင်စွဲသည်ကို မယုံကြည်သည့်တိုင် ဘုရားသခင်ထံမှ ကောင်းချီးများကိုမူ ရရှိလိုကြသေးသည်။ ၎င်းတို့သည် အသင်းတော်၏အလုပ်နှင့် ညီအစ်ကိုမောင်နှမများ ထမ်းဆောင်နေသော တာဝန်တို့သည် တရားမျှတပြီး၊ တန်ဖိုးရှိကာ အဓိပ္ပာယ်ရှိသည်ကို မယုံကြည်ကြပေ။ ၎င်းတို့သည် အရေးကြီးသော တာဝန်များကို ထမ်းဆောင်ရန် အထူးပင် ကြောက်ရွံ့ကြသည်၊ သို့မဟုတ် ခေါင်းဆောင်များနှင့် အမှုဆောင်များက ၎င်းတို့ကို အပြင်ထွက်၍ ကိစ္စရပ်များကို ကိုင်တွယ်ရန် မကြာခဏ တောင်းဆိုမည်ကို ကြောက်ရွံ့ကြပြီး တစ်စုံတစ်ခု မှားယွင်းသွားပါက ၎င်းတို့ ပါဝင်ပတ်သက်သွားမည်ကို စိုးရိမ်ကြသည်။ ဤကြောက်တတ်သောလူများသည် အန္တရာယ်နှင့် ရင်ဆိုင်ရသည့်အခါ ယုဒများ ဖြစ်လာနိုင်ပြီး အသင်းတော်ကို သစ္စာဖောက်နိုင်သည်၊ ဤသည်မှာလည်း အန္တရာယ်ရှိသော ပုဂ္ဂိုလ်တစ်မျိုး ဖြစ်သည်။