ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၂၉) အခန်း သုံး

၂။ ပြည်ပနိုင်ငံအမျိုးမျိုးတွင် ဘုရားသခင် ရွေးချယ်ထားသောလူများ၏ လုံခြုံရေးကို သေချာစေရမည့် နည်းလမ်း

က။ ဘုရားသခင် ရွေးချယ်ထားသောလူများ၏ တရားဝင် အဆင့်အတန်းကို စီမံဆောင်ရွက်ခြင်း

ပြည်ပနိုင်ငံအမျိုးမျိုးတွင် အသင်းတော်အလုပ်ကို လုပ်ဆောင်ရာ၌ ပထမဦးစားပေးမှာ တာဝန်များကို ပုံမှန်အတိုင်း ထမ်းဆောင်နိုင်စေရန်အလို့ငှာ ၎င်းတို့၏ ဘေးကင်းလုံခြုံရေးကို အာမခံပေးလျက်၊ တာဝန်ထမ်းဆောင်နေသော အမှုထမ်းများအတွက် နေရာချထားမှုကို ကောင်းမွန်စွာ စီစဉ်ပေးသင့်ပေသည်။ နောက်ထပ် အရေးကြီးသော ကိစ္စရပ်တစ်ခုမှာ တရားဝင် အဆင့်အတန်း ပြဿနာကို ကိုင်တွယ်ခြင်းဖြစ်သည်။ ဘုရားသခင် ရွေးချယ်ထားသောလူများ နိုင်ငံသစ်တစ်ခုသို့ ရောက်ရှိသည်နှင့်တစ်ပြိုင်နက် ယင်းကို ဆောင်ရွက်ရမည် ဖြစ်သည်။ တရားဝင် အဆင့်အတန်းမရှိပါက သို့မဟုတ် ၎င်းတို့၏ အဆင့်အတန်းသည် တရားမဝင်ပါက ၎င်းတို့၏ နေထိုင်မှုပတ်ဝန်းကျင် မည်မျှပင် ကောင်းမွန်စေကာမူ အချိန်မရွေး ပြည်နှင်ဒဏ်ပေးခံရမည့် အန္တရာယ် အမြဲရှိနေသည်။ အဆင့်အတန်း တရားမဝင်သော လူပုဂ္ဂိုလ်များကို တရားမဝင် နေထိုင်သူများအဖြစ် သတ်မှတ်ပြီး ဤလူတို့၏ လုံခြုံရေးက စိုးရိမ်စရာအခြေအနေတွင် ရှိသည်၊ ၎င်းတို့၏ လုံခြုံရေးကို အာမမခံနိုင်ပါက ၎င်းတို့သည် မိမိတို့၏ တာဝန်များကို အချိန်ကြာမြင့်စွာ ထမ်းဆောင်နိုင်မည် မဟုတ်ပေ။ သို့ဖြစ်၍ ပြည်ပနိုင်ငံများတွင် တာဝန်ထမ်းဆောင်နေသော အမှုထမ်းများအတွက် ကောင်းမွန်သော နေရာချထားမှုများကို စီစဉ်ပေးခြင်းသည် ခေါင်းဆောင်များနှင့် အမှုဆောင်များအတွက် ပထမဆုံးသော အလုပ်တာဝန်ဖြစ်သည်။ ၎င်းတို့၏ နေရာချထားမှုများကို ကောင်းမွန်စွာ စီစဉ်ပြီးသည်နှင့်တစ်ပြိုင်နက် နောက်တစ်ဆင့်မှာ ၎င်းတို့၏ တရားဝင် အဆင့်အတန်းကို စတင်စီမံဆောင်ရွက်ရန် ၎င်းတို့အတွက် စီစဉ်ပေးခြင်း ဖြစ်သည်။ မည်သည့်နိုင်ငံတွင်မဆို အနည်းဆုံးအားဖြင့် တရားဝင် အဆင့်အတန်းကို စီမံဆောင်ရွက်ရာတွင် ပန်းတိုင်မှာ ညီအစ်ကိုမောင်နှမများက ထိုနေရာတွင် တရားဝင် နေထိုင်နိုင်စေရန် ဖြစ်သင့်သည်။ ဤသည်မှာလည်း အရေးပါသော အလုပ်အမှုထမ်းများ၏ ဘေးကင်းလုံခြုံရေးကို အာမခံရာတွင် အရေးကြီးသော အလုပ်တစ်ရပ် ဖြစ်သည်။ တရားဝင် နေထိုင်ခွင့် ရရှိရန်အတွက်၊ ပထမဆုံး သတ်မှတ်ချက်မှာ လူတစ်ဦး၏ အဆင့်အတန်းက တရားဝင်ဖြစ်ရမည်ဖြစ်သည်။ ၎င်းတို့သည် တစ်နေရာရာတွင် တရားမဝင် နေထိုင်နေ၍ မရပေ။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် တရားဝင် နေထိုင်ခွင့်အတွက် အစိုးရ၏ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ညီအစ်ကိုမောင်နှမများအတွက် နေရာချထားမှုများကို တတ်နိုင်သမျှ စီစဉ်ပေးသင့်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဤနေရာချထားရေးအလုပ်တွင် တိုက်ရိုက် ပါဝင်နိုင်သည် သို့မဟုတ် ယင်းကို နောက်ဆက်တွဲ လုပ်ဆောင်ပေးနိုင်သည်။ ၎င်းတို့ ထိုးထွင်းမမြင်နိုင်သော ကိစ္စရပ်များရှိပါက အထက်အဆင့် ခေါင်းဆောင်များနှင့် အမှုဆောင်များထံမှ ချက်ချင်း ရှာဖွေသင့်သည်။ အထူးအခြေအနေများ မရှိပါက ၎င်းတို့သည် အသင်းတော်၏ ယခင်စည်းမျဉ်းများနှင့်အညီ လက်တွေ့လုပ်ဆောင်သင့်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အခါအားလျော်စွာ စုံစမ်းမေးမြန်းမှုများ ပြုလုပ်ရန် လိုအပ်ပြီး တစ်စုံတစ်ဦးတွင် ၎င်းတို့၏ တရားဝင် အဆင့်အတန်းနှင့်ပတ်သက်၍ ပြဿနာများရှိကြောင်း သို့မဟုတ် အထူးအခြေအနေ တစ်ခုတလေ ရှိကြောင်း သိရှိပါက ဘုရားသခင် ရွေးချယ်ထားသောလူများ၏ တရားဝင် အဆင့်အတန်းအတွက် စီမံဆောင်ရွက်ခြင်း ပြဿနာများကို ဖြေရှင်းရန် ပြင်ပရေးရာကိစ္စများကို ကိုင်တွယ်နေသည့် အမှုထမ်းများကို စီစဉ်ပေးသင့်သည်။ သေချာပေါက်ပင် ပထမအဆင့်မှာ အဆင့်အတန်း စီမံဆောင်ရွက်ခြင်းကို ကိုင်တွယ်ပေးရန် အထူးပြုရှေ့နေအချို့ကို ရှာဖွေဖို့ဖြစ်သည်။ ရှေ့နေများ ငှားရမ်းရာတွင် လှည့်ဖြားခံရခြင်းမှ ရှောင်ရှားရန် ကြိုတင်ကာကွယ်မှုများ ပြုလုပ်ရမည်။ ရှေ့နေအတုအယောင်များ သို့မဟုတ် တရားဝင် အဆင့်အတန်းအား စီမံဆောင်ရွက်ခြင်းတွင် မကျွမ်းကျင်သောသူများကို မငှားရမ်းသင့်ပေ။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် တရားဝင် အဆင့်အတန်း စီမံဆောင်ရွက်ခြင်းနှင့် ဆက်စပ်သည့် ဤကဏ္ဍများကို ပထမဦးစွာ ထည့်သွင်းစဉ်းစားသင့်ပြီး ဤကိစ္စရပ်များကို ကောင်းမွန်စွာ စီစဉ်ရမည်ဖြစ်သည်။ ဤအလုပ်သည်လည်း အရေးပါသော အလုပ်အမှုထမ်းများကို ကာကွယ်ခြင်းအပြင်၊ ၎င်းတို့၏ လုံခြုံရေးကို အာမခံခြင်းနှင့် သက်ဆိုင်သောကြောင့် ဤအလုပ်ကို လုပ်ဆောင်သည့်အခါတွင် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် လက်ပိုက်ကြည့်မနေသင့်ပေ။ အချို့လူများက “တာဝန်ထမ်းဆောင်နေသည့် အမှုထမ်းတွေအတွက် နေရာချထားပေးခြင်းက ဘုရားအိမ်တော်၏ အလုပ်ဖြစ်သည်။ အထက်က တိုက်ရိုက် စီစဉ်ပြီးမှသာ ကျွန်ုပ်တို့လုပ်ဆောင်ရန် လိုအပ်သည်။ အထက်က မစီစဉ်လျှင်၊ ယင်းနှင့်ပတ်သက်၍ ကျွန်ုပ်တို့ ဒုက္ခခံစရာ မလိုပါ။ ပြီးလျှင် တစ်စုံတစ်ရာ မှားယွင်းသွားလျှင်ပင်၊ ကျွန်ုပ်တို့နှင့် မည်သည့်ပတ်သက်မှုမျှ မရှိပါ။ ထို့အပြင် နိုင်ငံတိုင်းတွင် လူဝင်မှုကြီးကြပ်ရေးနှင့် တရားဝင် အဆင့်အတန်းတို့နှင့်ပတ်သက်၍ မတူညီသော စည်းမျဉ်းစည်းကမ်းများ ရှိသည်။ ထိုသို့သော ကြီးမားသည့် ပြဿနာကို ကျွန်ုပ်တို့ မကိုင်တွယ်နိုင်ပါ။ လူတိုင်းက မိမိကိုယ်ကိုသာ အားကိုးပြီး အကောင်းဆုံးဖြစ်ဖို့ မျှော်လင့်ရမည်။ နိုင်ငံတစ်ခုတွင် ၎င်းတို့ နေ၍ရလျှင် နေရမည်၊ နေ၍မရလျှင် ပြန်သွားရမည်”ဟု ပြောဆိုကြသည်။ ဤစကားများသည် မှန်ကန်သလော။ (မမှန်ကန်ပါ။) ဤသဘောထားကို သင်တို့ မည်သို့ထင်သနည်း။ (ယင်းမှာ တာဝန်မဲ့ခြင်း ဖြစ်ပါသည်။) တစ်နည်းအားဖြင့်၊ ယင်းမှာ တာဝန်မဲ့ခြင်းဖြစ်သည်၊ နောက်တစ်နည်းအားဖြင့်၊ ယင်းမှာ အယောင်ဆောင် ခေါင်းဆောင်များက တကယ့်အလုပ်ကို မလုပ်ဆောင်ခြင်းနှင့်၊ တာဝန်လွှဲချခြင်း၏ သရုပ်သကန်တစ်ခု ဖြစ်သည်။ ပြည်ပရှိ အရေးပါသော အလုပ်အမှုထမ်းများအတွက် နေရာချထားပေးခြင်းသည်လည်း ခေါင်းဆောင်များနှင့် အမှုဆောင်များအတွက် အရေးကြီးသော အလုပ်တစ်ရပ် ဖြစ်သည်။ ၎င်းတို့အတွက် နေရာချထားမှုများကို ကောင်းမွန်စွာ စီစဉ်ပြီး ၎င်းတို့၏ တာဝန်များကို ပုံမှန်အတိုင်း ထမ်းဆောင်နိုင်သည်နှင့်တစ်ပြိုင်နက် ချက်ချင်းလုပ်ဆောင်ရမည့် နောက်တစ်ဆင့်မှာ ၎င်းတို့၏ တရားဝင် အဆင့်အတန်းကို စီမံဆောင်ရွက်ရာတွင် ၎င်းတို့ကို လမ်းညွှန်ရန် ပြင်ပရေးရာ အမှုထမ်းများကို စီစဉ်ပေးခြင်း ဖြစ်သည်။ အထူးသဖြင့် စီမံဆောင်ရွက်နေစဉ်အတွင်း ညီအစ်ကိုမောင်နှမများ မကိုင်တွယ်နိုင်သော အထူးအခြေအနေများ ပေါ်ပေါက်လာသည့်အခါ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဖြေရှင်းနည်းများကို ရှာဖွေရန် နည်းလမ်းများကို စဉ်းစားသင့်ပြီး ပြဿနာကို လျစ်လျူမရှုသင့်ပေ။ တရားဝင် အဆင့်အတန်းကို စီမံဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ ပြဿနာတစ်ခုတလေ ရှိပါက ယင်းသည် သေးငယ်သော ကိစ္စရပ်မဟုတ်သည့်အပြင် တတ်နိုင်သမျှ စောစီးစွာနှင့် လျင်မြန်စွာ ကိုင်တွယ်ဖြေရှင်းသင့်သည်။ မနှောင့်နှေးနှင့်။ ယနေ့ လုပ်ဆောင်နိုင်သည့်အရာကို နက်ဖြန်အထိ မရွှေ့ဆိုင်းနှင့်။ နက်ဖြန်အထိ ရွှေ့ဆိုင်းခြင်းသည် မတွေးဝံ့စရာ ဆိုးကျိုးများကို ဖြစ်ပေါ်စေနိုင်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ကိစ္စရပ်ကို အရေးတကြီးလုပ်ဆောင်ရန် ပျက်ကွက်ပြီး တရားဝင် အဆင့်အတန်းကို စီမံဆောင်ရွက်ရန် အကောင်းဆုံးအချိန်ကို နှောင့်နှေးစေရင်း၊ ထိုသို့ဖြင့် တာဝန်ထမ်းဆောင်နေသော အမှုထမ်းများကို ပုံမှန်အတိုင်း မထမ်းဆောင်နိုင်အောင် ဖြစ်စေလျက် ၎င်းတို့၏ တာဝန်ကို ပေါ့ဆပြီး ပျက်ကွက်ပါက၊ မည်သူ တာဝန်ယူရမည်နည်း။ ဤလူပုဂ္ဂိုလ်များသည် အသင်းတော်ခေါင်းဆောင်များနှင့် စီမံဆောင်ရွက်ပေးနေသော အမှုထမ်းများထံ ၎င်းတို့၏ တောင်းဆိုမှုများကို ပြုလုပ်ခဲ့ပြီး ခေါင်းဆောင်များနှင့် အမှုဆောင်များလည်း သိရှိခဲ့ကြသော်လည်း ၎င်းတို့သည် ကိစ္စရပ်ကို အလေးအနက်မထားခြင်း သို့မဟုတ် ယင်းကို မကိုင်တွယ်ရန်အတွက် ဆင်ခြေများပေးခြင်းတို့ကြောင့် အရေးပါသော အမှုထမ်းအချို့၏ တရားဝင် အဆင့်အတန်း စီမံဆောင်ရွက်ခြင်းက နှောင့်နှေးခဲ့ရပြီး ယင်းက အသင်းတော်၏ အရေးကြီးသော အလုပ်အချို့ကို အတိုင်းအတာတစ်ခုအထိ ထိခိုက်ခဲ့သည်။ သို့ဆိုလျှင် ဤနေရာတွင် မည်သူ တာဝန်ယူသင့်သည်ဟု သင်တို့ ထင်သနည်း။ (ခေါင်းဆောင်များနှင့် အမှုဆောင်များ ဖြစ်ပါသည်။) ဘုရားအိမ်တော်သည် ဤကိစ္စရပ်ကို အကြိမ်ကြိမ် အလေးပေးပြောကြားပြီးဖြစ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ယင်းကို သတိမပြုမိခြင်း မဟုတ်သည့်အပြင်၊ ၎င်းတို့သည် သတင်းအချက်အလက် မရရှိခြင်း သို့မဟုတ် နားလည်မှုကင်းမဲ့ခြင်းတို့လည်း မဟုတ်ပေ၊ ထို့ထက်၊ ၎င်းတို့သည် ယင်းအကြောင်းကို သိရှိသော်လည်း အလေးအနက်မထားကြခြင်း ဖြစ်သည်။ ယင်းသည် ၎င်းတို့၏ ကိုယ်ပိုင်ကိစ္စရပ်များနှင့် မသက်ဆိုင်သမျှ ကာလပတ်လုံး၊ အခြားသူတစ်ဦး၏ ပြဿနာများဖြစ်နေသမျှ ကာလပတ်လုံး ၎င်းတို့သည် ဖြစ်နိုင်သည့်အခါတိုင်း ယင်းကို ရွှေ့ဆိုင်းကြပြီး အဆုံးတွင် ဘုရားသခင် ရွေးချယ်ထားသောလူများ၏ တရားဝင် အဆင့်အတန်းကို စီမံဆောင်ရွက်ခြင်းကဲ့သို့သော အရေးပါသည့် ကိစ္စရပ်တစ်ခုအား နှောင့်နှေးစေခဲ့သည်။ အကျိုးဆက်များ ပေါ်ပေါက်လာသည့်အခါ ခေါင်းဆောင်များနှင့် အမှုဆောင်များက တာဝန်ခံရမည်ဖြစ်သည်။ ဤတာဝန်သည် စကားသက်သက်မဟုတ်ပေ၊ ယင်းသည် အသင်းတော်၏ အလုပ်၊ အထူးသဖြင့် ဘုရားအိမ်တော်၏ အရေးကြီးသော အလုပ်ကို ထိခိုက်ပါက ခေါင်းဆောင်များနှင့် အမှုဆောင်များ ထမ်းဆောင်သည့် တာဝန်က ကြီးလေးလာသည်။ အနည်းဆုံးအနေဖြင့် ဘုရားသခင်က အပြစ်မှတ်တမ်းတင်သည်ကို ၎င်းတို့ ခံရမည် ဖြစ်ပြီး ယင်းမှာ ပြစ်မှားခြင်းတစ်ခု ဖြစ်လိမ့်မည်၊ ဤသည်မှာ အကျိုးဆက်ဖြစ်သည်။ ယင်းသည် သင် လုပ်ဆောင်ရန် အကျုံးဝင်သည့်အရာတစ်ခုဖြစ်ပါက၊ သင်၏ တာဝန်များ နယ်ပယ်အတွင်းရှိ အရာတစ်ခုဖြစ်ပြီး ယင်းကို သင် မလုပ်ဆောင်ပါက သို့မဟုတ် လျစ်လျူရှုပါက၊ သို့မဟုတ် အချို့သော ပုဂ္ဂိုလ်ရေးဆိုင်ရာ အကြောင်းပြချက်များကြောင့် ယင်းကို နှောင့်နှေးစေခြင်းတို့ ပြုလုပ်ပါက သင် တာဝန်ခံရမည်ဖြစ်သည်။ အချို့လူများက “ယင်းအား မည်သို့ ဖြေရှင်းရမည်ကို ကျွန်ုပ် မသိခဲ့ပါ၊ ကျွန်ုပ်တွင် ရှေ့ဆက်ရန် မည်သည့်နည်းလမ်းမျှ မရှိခဲ့ပါ”ဟု ပြောဆိုကြသည်။ သို့သော် သင်သည် ယင်းကို အလေးအနက်ထားပြီး ပထမဆုံးရရှိသည့် အခွင့်အရေး၌ အထက်အဆင့် ခေါင်းဆောင်များနှင့် အမှုဆောင်များထံမှ ရှာဖွေခဲ့သလော။ အခြားသူအချို့ကမူ ၎င်းတို့သည် အခြားအလုပ်များနှင့် မအားလပ်သောကြောင့် ယင်းအကြောင်းကို မေ့သွားသည်ဟု ဆိုကြသည်။ ၎င်းတို့သည် မအားလပ်ခြင်းကြောင့် အမှန်တကယ် မေ့သွားလျှင်ပင် တစ်စုံတစ်ဦးက ၎င်းတို့အား ပြဿနာကို တင်ပြပြောဆိုပြီး ထပ်တလဲလဲသတိပေးပြီးနောက်တွင် အဘယ်သို့ ဆက်လက်မေ့လျော့နေနိုင်ကြသနည်း။ ဤသည်မှာ မည်သည့်ပြဿနာကို ညွှန်ပြသနည်း။ (၎င်းတို့သည် ညီအစ်ကိုမောင်နှမများ၏ တရားဝင် အဆင့်အတန်းအား စီမံဆောင်ရွက်ခြင်းကိစ္စကို နှလုံးမသွင်းခဲ့ကြပါ။ ၎င်းတို့တွင် ဝန်ထုပ်ထမ်းလိုစိတ် ဘာဆိုဘာမျှ လုံးဝမရှိပါ။) ထိုသို့သော အရေးကြီးသည့် ကိစ္စရပ်တစ်ခုကို ၎င်းတို့ မေ့လျော့နိုင်သည့်အချက်က ၎င်းတို့တွင် တာဝန်သိစိတ် ကင်းမဲ့ပြီး ယုံကြည်စိတ်ချရသူများ မဟုတ်ကြောင်းကို ပြသနေသည်။ သင်သည် ဘုရားသခင် ရွေးချယ်ထားသောလူများ၏ တရားဝင် အဆင့်အတန်းကို စီမံဆောင်ရွက်ခြင်းကဲ့သို့သော အရေးပါသည့်အရာတစ်ခုကို မေ့လျော့နိုင်သည်၊ သင်၏ ကိုယ်ပိုင် တရားဝင် အဆင့်အတန်းကို စီမံဆောင်ရွက်ခြင်းအား သင် မေ့မည်လော။ သင်သည် သင်၏ ကိုယ်ပိုင်ကိစ္စရပ်များကို မမေ့ဘဲ အခြားသူများ၏ ကိစ္စရပ်များကို မေ့နိုင်ပါက ယင်းက သင်သည် အကျင့်စရိုက် မကောင်းကြောင်း၊ ချစ်ခြင်းမေတ္တာ ကင်းမဲ့ကြောင်းနှင့် တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်ညံ့ကြောင်းကို သက်သေပြနေသည်။ သင်သည် သင်၏ ကိုယ်ပိုင် တရားဝင် အဆင့်အတန်းအား စီမံဆောင်ရွက်ခြင်းကို ပြီးစီးပြီးဖြစ်သော်လည်း ညီအစ်ကိုမောင်နှမများ၏ တရားဝင် အဆင့်အတန်း စီမံဆောင်ရွက်ခြင်းကို သာမန်၊ မဖြစ်စလောက်ကိစ္စရပ်တစ်ခုအဖြစ် သဘောထားသည်၊ သို့မဟုတ် လုံးဝပင် လျစ်လျူရှုပြီး အဆုံးတွင် ၎င်းတို့၏ တရားဝင် အဆင့်အတန်းကို စီမံဆောင်ရွက်ခြင်းတည်းဟူသော ဤအရေးပါသည့် ကိစ္စရပ်ကို နှောင့်နှေးစေခဲ့သည်။ သင်သည် ယင်းကို တာဝန်ယူနိုင်သလော။ ထိုသို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အသိစိတ်နှင့် ဆင်ခြင်တုံတရား လုံးဝကင်းမဲ့နေသည် မဟုတ်လော။ ၎င်းတို့သည် အလွန်တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်ညံ့လှသည်တကား။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုသာ ဂရုစိုက်ပြီး အခြားသူများကို အလေးမထားကြပေ။ ဤအရာက မည်သည့်ပြဿနာကို ညွှန်ပြသနည်း။ ၎င်းတို့သည် အယောင်ဆောင် ခေါင်းဆောင်များ မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့၏ ပြဿနာ အနှစ်သာရသည် ထိုသို့ဖြင့် အပြည့်အဝ ဖော်ထုတ်ခြင်းခံရသည်။ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများ၏ တရားဝင် အဆင့်အတန်း စီမံဆောင်ရွက်ခြင်းအား တကယ်ကိုပင် အရေးမစိုက်လိုကြပေ။ ၎င်းတို့က ယင်းကို စိတ်အနှောင့်အယှက်ပေးသည်ဟု မြင်ကြသည်။ ၎င်းတို့၏ စိတ်နှလုံးထဲ၌ ၎င်းတို့က “ညီအစ်ကိုမောင်နှမများ၏ တရားဝင် အဆင့်အတန်းကို စီမံဆောင်ရွက်ခြင်းသည် ငါနှင့် မည်သည့် ပတ်သက်မှုရှိသနည်း”ဟု စဉ်းစားကြသည်။ ဤသည်မှာ ညီအစ်ကိုမောင်နှမများ၏ တရားဝင် အဆင့်အတန်း ဆောင်ရွက်ခြင်းကိစ္စကို ၎င်းတို့ သဘောထားသည့် သဘောထားဖြစ်ပြီး အဆုံးတွင် ဤအရေးပါသည့် ကိစ္စရပ်ကို နှောင့်နှေးစေကာ ညီအစ်ကိုမောင်နှမများ၏ တာဝန်ထမ်းဆောင်ခြင်းကို ထိခိုက်စေပြီး အသင်းတော်၏ အလုပ်ကို ထိခိုက်စေခဲ့သည်။ ထိုသို့သော အယောင်ဆောင် ခေါင်းဆောင်များသည် အပြစ်ဒဏ်ပေးခြင်းကို ခံထိုက်သည်ဟု သင် ဆိုမည်လော။ (ဆိုမည်ဖြစ်သည်။) ယင်းမှာ တမင်ရည်ရွယ်ခြင်းဖြစ်သောကြောင့် ၎င်းတို့ တာဝန်ခံသင့်သည်။ ယင်းမှာ ဓမ္မဓိဋ္ဌာန်ကျသော အကြောင်းရင်းများကြောင့် မတော်တဆ နှောင့်နှေးခြင်းတစ်ခု သေချာပေါက် မဟုတ်ခဲ့ပေ။ ငလျင်၊ ရေဘေးကဲ့သို့သော သဘာဝဘေးအန္တရာယ်တစ်ခု ရှိခဲ့ပါက သို့မဟုတ် သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကို ပြတ်တောက်စေသည့် အဓိက နိုင်ငံရေးဖြစ်ရပ်တစ်ခုခု ဖြစ်ခဲ့ကာ ဤကိစ္စရပ်များကို ကိုင်တွယ်ရန် မဖြစ်နိုင်အောင် ဖြစ်စေပါက ယင်းမှာ နားလည်ပေး၍ရနိုင်မည်ဖြစ်သည်။ သို့သော် ဤဖြစ်ရပ်များ တစ်ခုမျှ မဖြစ်ပွားသည့်အပြင်၊ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများ၏ တရားဝင် အဆင့်အတန်း စီမံဆောင်ရွက်ခြင်းကို မေ့လျော့ခြင်း သို့မဟုတ် လျစ်လျူရှုခြင်းတို့ ဖြစ်နေဆဲဖြစ်ကာ ဤလူပုဂ္ဂိုလ်များ၏ တရားဝင် အဆင့်အတန်းကဲ့သို့သော အရေးကြီးသည့် ကိစ္စရပ်ကို နှောင့်နှေးစေပါက ထိုသို့သော ခေါင်းဆောင် သို့မဟုတ် အမှုဆောင်သည် ၎င်းတို့၏ တာဝန်ကို ပျက်ကွက်ခြင်း ဖြစ်သည်။ ၎င်းတို့သည် အပြစ်မှတ်တမ်းပေးခြင်းခံရမည်ဖြစ်ပြီး တာဝန်ခံရမည်။ သင်တို့ နားလည်သလော။ (နားလည်ပါသည်။) သင်သည် ခေါင်းဆောင် သို့မဟုတ် အမှုဆောင်တစ်ဦးဖြစ်သည်ကို မြင်ရသဖြင့် လုပ်ဆောင်သင့်သည့်အလုပ်ကို လုပ်ဆောင်ရန် သင် တာဝန်ရှိသည်။ သင်၏ တာဝန် နယ်ပယ်အတွင်းရှိ အရာအားလုံးအတွက် သင်သည် ယင်းကို ဘုရားအိမ်တော်၏ သတ်မှတ်ချက်များနှင့်အညီ ကောင်းမွန်စွာ ကိုင်တွယ်ပြီး ပြီးမြောက်အောင် လုပ်ဆောင်ရမည်။ သို့သော် သင်သည် ယင်းကို လုပ်ဆောင်ခြင်းအား တမင် ရှောင်ရှားပါက၊ သို့မဟုတ် နှောင့်နှေးစေခြင်းတို့ ပြုလုပ်ပါက ဤသည်မှာ သင်၏ တာဝန်ကို ပျက်ကွက်ခြင်းဖြစ်ပြီး ဤပျက်ကွက်ခြင်းသည် ပြစ်မှားခြင်းတစ်ခု ဖြစ်သည်။ သင်သည် ကိစ္စရပ်တစ်ခုကို တမင် နှောင့်နှေးစေပြီး မကိုင်တွယ်ပါက သင်၏ ပျက်ကွက်မှုသည် အဆုံးတွင် ပြစ်မှားခြင်းတစ်ခု ဖြစ်လာလိမ့်မည်ဖြစ်ပြီး သင်သည် ဘုရားသခင်၏ အပြစ်မှတ်တမ်းပေးခြင်းကို ခံရလိမ့်မည်။ ဤကိစ္စရပ်အတွက် သင် တာဝန်ခံရမည် ဖြစ်သည်။

ပင်လယ်ရပ်ခြား နိုင်ငံများတွင် ဘုရားသခင် ရွေးချယ်ထားသောလူများ၏ တရားဝင် အဆင့်အတန်းနှင့်ပတ်သက်၍ အချို့သော ပြဿနာများရှိလျှင် သို့မဟုတ် ၎င်းတို့၏ အိမ်နီးချင်းများ သို့မဟုတ် သူစိမ်းများက ၎င်းတို့နှင့်ပတ်သက်၍ တိုင်ကြားလျှင် သို့မဟုတ် သတင်းပို့လျှင် ၎င်းတို့သည် ပြည်နှင်ဒဏ်ပေးခြင်းခံရမည့်အန္တရာယ်ကို ရင်ဆိုင်ရနိုင်ပေသည်။ အချို့သော နိုင်ငံများ၏ အစိုးရများက မမှန်မကန် စွဲချက်များဖြင့် ထိန်းသိမ်းပြီး အပြစ်ပေးခြင်း သို့မဟုတ် ဖမ်းဆီးပြီး အကျဉ်းချခြင်းတို့ကို ပင်လယ်ရပ်ခြား နိုင်ငံများရှိ ဘုရားသခင် ရွေးချယ်ထားသောလူအချို့က ခံရခြင်းလည်း ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။ အခြေအနေ မည်သို့ပင်ဖြစ်စေ ခေါင်းဆောင်များနှင့် အမှုဆောင်များက ထိုအကြောင်းကို သိရှိသည့်အခါ လိပ်တစ်ကောင်ကဲ့သို့ မိမိတို့၏အခွံထဲ၌ ပုန်းနေခြင်း မပြုသင့်ပေ။ ၎င်းတို့အား ဆိုးယုတ်သောလူများ၏ လက်ထဲသို့ မကျရောက်စေဘဲ ညီအစ်ကိုမောင်နှမများ၏ လုံခြုံရေးကို အာမခံခြင်းဟူသည့် နောက်ဆုံးပန်းတိုင်ဖြင့် ဤကိစ္စကို ချက်ချင်း ကိုင်တွယ်သင့်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အသင်းတော်၏အလုပ်ကို စီစဉ်ရန်သာ ဂရုစိုက်ပြီး ညီအစ်ကိုမောင်နှမများ၏ တရားဝင် အဆင့်အတန်းကိစ္စကို အာရုံမစိုက်ဘဲနေပါက၊ ၎င်းတို့ တရားဝင် အဆင့်အတန်းမရှိခြင်းကြောင့် ဖမ်းဆီးခြင်း သို့မဟုတ် ပြည်နှင်ဒဏ်ပေးခြင်း ခံရပါက ဤသည်တို့မှာ မည်သည့် အကျိုးဆက်များ ဖြစ်သနည်း။ ထိုသို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ညီအစ်ကိုမောင်နှမများ၏ တာဝန်ထမ်းဆောင်မည့် အခွင့်အရေးကို ဖျက်ဆီးလိုက်ခြင်း မဟုတ်လော။ ဤသည်မှာ အသင်းတော်၏အလုပ်ကို တိုက်ရိုက် သက်ရောက်သည် မဟုတ်လော။ သို့ဆိုလျှင် ဤပြဿနာ၏ သဘောသဘာဝမှာ အတော်လေး ပြင်းထန်လေသည်။ အကယ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဤကိစ္စကို ယခင်က မကိုင်တွယ်ဖူးပါက ညီအစ်ကိုမောင်နှမများကို ကာကွယ်ခြင်းနှင့် အရေးပါသော အလုပ်အမှုထမ်းများ၏ လုံခြုံရေးကို ကာကွယ်ခြင်းဟူသည့် ပန်းတိုင်ကို ရရှိရန် ကြိုးပမ်းလျက် ဤကိစ္စကို ကိုင်တွယ်ရန် ရှေ့နေတစ်ဦးနှင့် တိုင်ပင်ဖို့အတွက် ညီအစ်ကိုမောင်နှမများထဲမှ ပြင်ပရေးရာများကို ကိုင်တွယ်ရာ၌ ကျွမ်းကျင်သောသူတစ်ဦးကို ရှာဖွေနိုင်သည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များက ပင်လယ်ရပ်ခြားတွင် လုပ်ဆောင်ရမည့် အရေးကြီးသော အလုပ်တစ်ခုလည်း ဖြစ်သည်။ ဒေသခံ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဤကိစ္စကို ကိုင်တွယ်ရန် ကနဦး ခြေလှမ်းလှမ်းရမည်။ ဒေသခံ ညီအစ်ကိုမောင်နှမများ၏ လုံခြုံရေးကို ကာကွယ်ခြင်းအပြင် ၎င်းတို့သည် နိုင်ငံခြားသား ညီအစ်ကိုမောင်နှမများ၏ လုံခြုံရေးကို သာ၍ပင် ကာကွယ်ရမည်၊ ဤနည်းအားဖြင့်သာ အသင်းတော်၏အလုပ်အတွက် အာမခံချက်ရှိသည်။ ဤသည်မှာ နိုင်ငံအသီးသီးရှိ ခေါင်းဆောင်များနှင့် အမှုဆောင်များက ဒေသခံ ညီအစ်ကိုမောင်နှမများနှင့် နိုင်ငံခြားသား အရေးပါသော အလုပ်အမှုထမ်းများအပေါ် ဖြည့်ဆည်းသင့်သည့် တာဝန်ဖြစ်သည်၊ ၎င်းတို့သည် လက်ပိုက်ကြည့်မနေသင့်ပေ။ အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များက “သူတို့သည် နိုင်ငံခြားသား ညီအစ်ကိုမောင်နှမများ ဖြစ်ကြပြီး ကျွန်ုပ်တို့သည် သူတို့နှင့် မရင်းနှီးကြပါ၊ ကျွန်ုပ်တို့ကြားတွင် ပုဂ္ဂိုလ်ရေးဆိုင်ရာ ဆက်ဆံရေးမရှိပါ။ ၎င်းတို့ကို ဤနေရာ၌ ဧဝံဂေလိတရားဟောရန် ဘုရားအိမ်တော်က စေလွှတ်ခဲ့ခြင်းဖြစ်သည်၊ ယင်းက ကျွန်ုပ်တို့နှင့် မည်သည့် ပတ်သက်မှုရှိသနည်း။ ဤပြဿနာသည် သူတို့ဘာသာ ဖြစ်စေသည့်အရာတစ်ခု ဖြစ်သည်၊ သူတို့သည် မလာမီ အခြေအနေကို ရှင်းလင်းစွာ မစုံစမ်းခဲ့ကြသည့်အပြင် ဤကိစ္စရပ်များကိုလည်း ကောင်းစွာ မကိုင်တွယ်ခဲ့ကြပါ။ ဤပြဿနာတွင် ကျွန်ုပ်တို့ ဝင်ရောက်စွက်ဖက်ရန် နည်းလမ်းမရှိပါ၊ အစိုးရက သူတို့အား မည်သို့ပြုလုပ်မည်ကို မည်သူသိနိုင်မည်နည်း”ဟု ပြောဆိုကြသည်။ ၎င်းတို့သည် ဤကိစ္စရပ်များကို ရှောင်လွှဲရန်နှင့် ရှောင်ရှားရန် အမျိုးမျိုးသော ဆင်ခြေများကိုသာ အသုံးပြုကြပြီး ယင်းတို့ကို တာဝန်ယူဖြေရှင်းပေးဖို့အတွက် နည်းလမ်းများကို ရှာဖွေဖို့ မကြိုးစားကြပေ။ ဤသို့ ပြုမူခြင်းသည် မှန်ကန်သလော။ (မမှန်ကန်ပါ။) အဘယ်ကြောင့် မမှန်ကန်သနည်း။ (အကယ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဤပြဿနာများကို ကိုယ်တိုင်ဝင်ရောက် ဖြေရှင်းပေးခြင်း မရှိသည့်အပြင် တစ်ချိန်တည်းတွင် ညီအစ်ကိုမောင်နှမများ၌လည်း ပြဿနာများကို ဖြေရှင်းရန် နည်းလမ်းမရှိပါက ဒုက္ခပြဿနာ ဧကန်မုချ ပေါ်ပေါက်လာမည် ဖြစ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ညီအစ်ကိုမောင်နှမများကို ကာကွယ်ရန် ၎င်းတို့၏ တာဝန်ကို မဖြည့်ဆည်းခြင်း ဖြစ်သည်၊ ဤသည်မှာ တာဝန်ပျက်ကွက်ခြင်း ဖြစ်ပါသည်။) ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်သည် ဘုရားအိမ်တော်၌ ခေါင်းဆောင်များနှင့် အမှုဆောင်များ ဖြည့်ဆည်းသင့်သည့် တာဝန်တစ်ခုစီတိုင်းကို ဖြည့်ဆည်းရန် ဖြစ်သည်။ ဘုရားအိမ်တော်၏ နယ်ပယ်သည် ဒေသတစ်ခု၊ နယ်မြေတစ်ခု သို့မဟုတ် နိုင်ငံတစ်ခုထိသာ ကန့်သတ်ထားခြင်းမရှိပေ။ ဘုရားအိမ်တော်၌ နိုင်ငံနယ်နိမိတ်များ၊ နယ်မြေဆိုင်ရာ ကန့်သတ်ချက်များ မရှိပေ။ ဘုရားသခင်က လူတို့ကို ရွေးချယ်ခြင်းနှင့် ကယ်တင်ခြင်းတို့၌ လူမျိုးရေးဆိုင်ရာ ကန့်သတ်ချက်များ ရှိသလော။ (မရှိပါ။) နိုင်ငံသား သို့မဟုတ် နယ်မြေဆိုင်ရာ ကန့်သတ်ချက်များ ရှိသလော။ (မရှိပါ။) တစ်ခုမျှမရှိပေ။ ဤသည်မှာ ဘုရားသခင်က သူ၏အမှုတော်ကို လုပ်ဆောင်သည့် စည်းမျဉ်းဖြစ်သည်၊ သို့ဖြစ်၍ ဤစည်းမျဉ်းသည် သမ္မာတရား ဖြစ်သည်။ ညီအစ်ကိုမောင်နှမများက မည်သည့်နိုင်ငံမှ ဖြစ်သည်ဖြစ်စေ ၎င်းတို့အားလုံးသည် တစ်ပါးတည်းသော ဘုရားသခင်ကို ယုံကြည်ကြသည်၊ တစ်ပါးတည်းသော ဘုရားသခင်နောက်သို့ လိုက်ကြပြီး တစ်ပါးတည်းသော ဘုရားသခင်က မိတ်သဟာယဖွဲ့ကာ ထောက်ပံ့ပေးသည့် သမ္မာတရားကိုလည်း စားသောက်ကြသည်။ ၎င်းတို့သည် တစ်ပါးတည်းသော ဘုရားသခင် ဆောင်ရွက်သည့် အမှုတော်ကို တွေ့ကြုံခံစားကြပြီး တစ်ပါးတည်းသော ဘုရားသခင်ကို ကိုးကွယ်ကြသည်။ အသားအရောင် သို့မဟုတ် လူမျိုး မည်သို့ပင်ဖြစ်စေ ဘုရားအိမ်တော်နှင့် ဘုရားသခင်ရှေ့မှောက်တွင် ၎င်းတို့သည် တစ်လုံးတစ်ဝတည်းဖြစ်သည်၊ မိသားစုတစ်စုတည်း ဖြစ်သည်။ ၎င်းတို့သည် မိသားစုတစ်စုတည်း ဖြစ်သည့်အတွက်၊ ၎င်းတို့ကြားတွင် ခွဲခြားမှုများ မရှိသင့်ပေ။ လူမျိုးရေး သို့မဟုတ် နယ်မြေဆိုင်ရာ ကန့်သတ်ချက်များ မရှိသင့်ပေ။ “သင်သည် အာရှတိုက်သားဖြစ်သည်၊ ငါသည် ဥရောပတိုက်သားဖြစ်သည်” သို့မဟုတ် “သင်သည် လူဖြူ၊ ငါသည် အသားအရောင်ရှိသောလူတစ်ဦးဖြစ်သည်” ဟူ၍ ခွဲခြားမှုများ မရှိသင့်ပေ၊ ဤခွဲခြားမှုများ မရှိသင့်ပေ။ သင်သည် ဘုရားအိမ်တော်၌ ဤခွဲခြားမှုများကို ပြုလုပ်နေဆဲဖြစ်ပါက ဘုရားအိမ်တော်ကို ဘုရားအိမ်တော်အဖြစ် မမှတ်ယူသည့်အပြင် သင့်ကိုယ်သင် ဘုရားအိမ်တော်သားတစ်ဦးအဖြစ် မမှတ်ယူသည်မှာ သိသာထင်ရှားပေသည်။ သို့ဖြစ်၍ နိုင်ငံခြားသား ညီအစ်ကိုမောင်နှမများသည် ပြည်နှင်ဒဏ်ပေးခြင်း သို့မဟုတ် တရားမဝင် ဖမ်းဆီးခြင်းကဲ့သို့သော ပြဿနာများနှင့် ကြုံတွေ့ရသည့်အခါ မည်သည့်နေရာမှ ၎င်းတို့ လာသည်ဖြစ်စေ၊ မည်သည့်နိုင်ငံသား ဖြစ်သည်ဖြစ်စေ၊ မည်သည့်အသားအရောင် ရှိသည်ဖြစ်စေ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများ ဖြစ်ကြသည်။ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများ ဖြစ်ကြသည့်အတွက်၊ ၎င်းတို့ ပြဿနာများနှင့် ရင်ဆိုင်ရသည့်အခါ ဒေသခံ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ကိုယ်တိုင်ကိုယ်ကျ ဝင်ရောက်ပြီး ဤကိစ္စကို တာဝန်ရှိသည့်ပုံစံဖြင့် ကိုင်တွယ်သင့်ကာ လူတို့ကြားတွင် ခွဲခြားမှုများ မပြုလုပ်သင့်ပေ။ ဤသည်မှာ စည်းမျဉ်းများနှင့် ကိုက်ညီသည်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် အပြည့်အဝ ကိုက်ညီပြီး လူတို့ လက်တွေ့လုပ်ဆောင်သင့်သည့် သမ္မာတရား ဖြစ်သည်။

လတ်တလောတွင်၊ တရုတ်ပြည်မှ ဘုရားသခင် ရွေးချယ်ထားသောလူများစွာတို့သည် ဧဝံဂေလိတရားကို ဟောကြားရန်နှင့် ဘုရားသခင်ကို သက်သေခံရန် ပင်လယ်ရပ်ခြားရှိ နိုင်ငံအမျိုးမျိုးသို့ သွားရောက်နေကြသည်။ ဤနိုင်ငံများတွင် ၎င်းတို့ ရောက်ရှိပြီးနောက် စိတ်အေးချမ်းမှုဖြင့် အလုပ်မလုပ်နိုင်မီတွင် ၎င်းတို့ ပထမဆုံး လုပ်ဆောင်ရမည့်အရာမှာ ၎င်းတို့၏ တရားဝင် အဆင့်အတန်းကို စီမံဆောင်ရွက်ရန် ဖြစ်သည်။ တရားဝင် အဆင့်အတန်းကို စီမံဆောင်ရွက်ခြင်းသည် ရိုးရှင်းသောကိစ္စမဟုတ်ပေ။ ယင်းသည် ဒေသခံအသင်းတော်မှ လူတို့၏ ပူးပေါင်းဆောင်ရွက်မှုကို လိုအပ်သည်။ နိုင်ငံအမျိုးမျိုးရှိ အသင်းတော်များကို ကြီးကြပ်သူများသည် တရားဝင် အဆင့်အတန်းကို စီမံဆောင်ရွက်ခြင်းပြဿနာအား ဖြေရှင်းရာတွင် တရုတ်ပြည်မှ ဘုရားသခင် ရွေးချယ်ထားသောလူတို့ကို ကူညီရန် မိမိတို့နိုင်ငံ၏ မူဝါဒများကို နားလည်ပြီး ဥပဒေများကို သိရှိသော ညီအစ်ကိုမောင်နှမအချို့အား ရှာဖွေသင့်သည်။ ဤပြဿနာကို ဖြေရှင်းခြင်းသည် အလွန်အရေးကြီးသည်။ နိုင်ငံအမျိုးမျိုးမှ အသင်းတော်များ၏ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဤကိစ္စကို ရှိသမျှနည်းလမ်းများဖြင့် ကြိုးပမ်းဆောင်ရွက်သင့်သည်၊ အကြောင်းမှာ လူတို့၏ တရားဝင် အဆင့်အတန်းပြဿနာကို အပြည့်အဝ ဖြေရှင်းပြီးမှသာ အသင်းတော်၏အလုပ်သည် ပုံမှန်အတိုင်း ရှေ့ဆက်နိုင်မည်ဖြစ်သည်။ သို့မဟုတ်ပါက အသင်းတော်၏အလုပ်သည် ထိခိုက်လိမ့်မည်။ နိုင်ငံအသီးသီးရှိ အသင်းတော်များကို ကြီးကြပ်သူများသည် ထိုသို့သောကိစ္စရပ်များကို ကိုင်တွယ်နိုင်စွမ်းရှိသော လူများကို အသင့်ပြင်ဆင်ထားသင့်သည်။ ဤသို့ပြုလုပ်ခြင်းသည် အသင်းတော်၏အလုပ်ကို အကျိုးပြုသည့်အပြင် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထားခြင်း၏ သရုပ်သကန်တစ်ခုလည်း ဖြစ်သည်။ အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များက “ကျွန်ုပ်တို့သည် ဤကိစ္စမျိုးကို မည်သည့်အခါမျှ မကိုင်တွယ်ခဲ့ဖူးပါ၊ မည်သို့လုပ်ဆောင်ရမည်ကိုလည်း မသိပါ”ဟု ပြောကောင်းပြောနိုင်သည်။ ဤအခြေအနေတွင် ၎င်းတို့သည် ဤအရေးကိစ္စမျိုးများကို နားလည်သောသူများအား ရှာဖွေသင့်သည်။ နိုင်ငံအမျိုးမျိုးတွင်ရှိသည့် ဘုရားသခင် ရွေးချယ်ထားသောလူများထဲတွင် ပညာဗဟုသုတရှိသောသူများ ရှိကြသည့်အပြင် နိုင်ငံတော်၏ ဥပဒေများနှင့် မူဝါဒများကို နားလည်သောသူများလည်း ရှိကြသည်။ ၎င်းတို့အတွက် ဤကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းခြင်းသည် နည်းလမ်းတစ်ခုကို ရှာတွေ့ဖို့ အနည်းငယ် တိုင်ပင်ဆွေးနွေးရုံသာ လိုအပ်သည်၊ ထိုသို့မဟုတ်လော။ ဤကိစ္စမျိုးများကို ကိုင်တွယ်ရာတွင် သင်သည် ဘာသိဘာသာနေပြီး တက်ကြွမှုမရှိဘဲ မနေသင့်ပေ။ သင် တစ်စုံတစ်ခုကို နားမလည်ပါက တိုင်ပင်ဆွေးနွေးရန် ရှေ့နေတစ်ဦးကို ရှာဖွေသင့်သည်။ သက်ဆိုင်ရာ ရှေ့နေအမျိုးအစားကို ရှာတွေ့သရွေ့၊ နည်းလမ်းတစ်ခု အလိုအလျောက် ရှိလာလိမ့်မည်။ ငါတို့သည် ဤကိစ္စကို နားမလည်ကောင်း နားမလည်နိုင်သော်လည်း ရှေ့နေကမူ နားလည်လိမ့်မည်။ ရှာဖွေသော စိတ်နှလုံးရှိခြင်းသည် မှန်ကန်သော သဘောထားဖြစ်သည်၊ ရှာဖွေသော စိတ်နှလုံးရှိခြင်းသည် တာဝန်ယူစိတ်ရှိခြင်း၏ သရုပ်သကန်တစ်ခု ဖြစ်သည်။ အချို့သော အခက်အခဲများ ပေါ်ပေါက်လာပါက သင်တို့သည် တစ်စိတ်တစ်ဝမ်းတည်းဖြင့် အတူတကွ ဆုတောင်းခြင်း၊ ရှာဖွေခြင်းနှင့် မိတ်သဟာယဖွဲ့ခြင်းတို့ကို ပြုလုပ်သင့်ပြီး ပြဿနာကို ဖြေရှင်းရန် စည်းမျဉ်းများနှင့် လမ်းကြောင်းကို ရှာတွေ့ပြီးနောက် ယင်းကို လုံးဝ ဖြေရှင်းသင့်သည်။ ထိုအခါမှသာ အသင်းတော်၏အလုပ်သည် ချောမွေ့စွာ ရှေ့ဆက်နိုင်မည်ဖြစ်သည်။ အကယ်၍ ပြဿနာတစ်ခုကို ရှာဖွေတွေ့ရှိသည့်အခါ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ယင်းအကြောင်းကို ချက်ချင်း သိရှိနိုင်လျှင်၊ နောက်ဆက်တွဲလုပ်ဆောင်နိုင်ပြီး ဖြေရှင်းနိုင်လျှင်၊ ၎င်းတို့သည် တာဝန်သိသော ခေါင်းဆောင်များနှင့် အမှုဆောင်များ မဟုတ်လော။ (ဟုတ်ပါသည်။) ထိုသို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် တာဝန်သိစိတ်ရှိရုံသာမက ပြဿနာများကိုလည်း ချက်ချင်း ဖြေရှင်းနိုင်သည်။ ယင်းက ၎င်းတို့အနေဖြင့် စံနှုန်းပြည့်မီသော ခေါင်းဆောင်များနှင့် အမှုဆောင်များ ဖြစ်လာရန် မျှော်လင့်ချက်ရှိသည်ဟု ဆိုလိုသည်။ ၎င်းတို့၏ သမ္မာတရားကို နားလည်မှု အတိမ်အနက် မည်သို့ပင်ဖြစ်စေ ၎င်းတို့သည် ပြဿနာများကို ဖြေရှင်းခြင်းအပေါ် အာရုံစိုက်ပါက စစ်မှန်သောအလုပ်ကို လုပ်ဆောင်နိုင်ကြသည်။ အနည်းဆုံးအားဖြင့် ၎င်းတို့သည် အမှားနည်းအောင် သို့မဟုတ် အမှားမရှိအောင် လုပ်ဆောင်နိုင်သည်။ ပြီးလျှင် ၎င်းတို့ အမှားအချို့ ပြုလုပ်မိလျှင်ပင် အချို့သော ဆုံးရှုံးမှုများကို ပြန်လည်ရယူရန် ယင်းတို့ကို ချက်ချင်း ပြုပြင်နိုင်ပြီး နောက်ဆုံးတွင် ဘုရားအိမ်တော်၏အလုပ်ကို ကာကွယ်စောင့်ရှောက်ခြင်းဟူသည့် ပန်းတိုင်ကို စွမ်းဆောင်ရရှိနိုင်ကြသည်။ သင်တို့သည် ဤတာဝန်ကို ဖြည့်ဆည်းခြင်းက ခက်ခဲသည်ဟု ထင်သလော။ (မထင်ပါ။) အမှန်တကယ်တွင် မခက်ခဲပေ၊ ယင်းသည် လူတို့က မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရာတွင် သစ္စာစောင့်သိခြင်း ရှိမရှိဟူသည်နှင့် ၎င်းတို့၏အလုပ်တွင် မိမိတို့၏ တာဝန်ကို ဖြည့်ဆည်းနိုင်ခြင်း ရှိမရှိဟူသည်တို့အပေါ်တွင် မူတည်သည်။ သင့်အနေဖြင့် အနည်းငယ် စဉ်းစားပြီး အချိန်အနည်းငယ် ပေးကာ အားအင်အချို့ ရင်းနှီးမြှုပ်နှံရန်သာ လိုအပ်သည်။ ယင်းသည် သင့်အား ငွေသုံးရန် သို့မဟုတ် အန္တရာယ်တစ်ခုတလေ ခံယူရန် မတောင်းဆိုပေ။ သင်သည် ပြဿနာများကို ကူဖြေရှင်းပေးဖို့နှင့် ကိစ္စရပ်များကို ကောင်းစွာ ကိုင်တွယ်ပေးဖို့ ကိုယ်တိုင်ကိုယ်ကျ ဝင်ရောက်ရုံသာ လိုအပ်ပြီး ဤနည်းအားဖြင့် သင်သည် စံနှုန်းပြည့်မီလာနိုင်သည်။ သို့ဖြစ်၍ ဤသည်မှာ ခက်ခဲသောကိစ္စမဟုတ်သည့်အပြင် ခေါင်းဆောင်များနှင့် အမှုဆောင်များအတွက် စွမ်းဆောင်ရရှိရန် လွယ်ကူသင့်သည်။ သို့သော် ဤမျှလောက် လွယ်ကူသောအရာတစ်ခုကိုပင် မပြီးမြောက်နိုင်သော လူအချို့ရှိပြီး၊ ဤသည်မှာ မလုံလောက်သော အစွမ်းအစ သို့မဟုတ် စွမ်းရည်ကြောင့်ဖြစ်စေ၊ အခြေအနေများ သို့မဟုတ် ပတ်ဝန်းကျင်က ခွင့်မပြုသောကြောင့်ဖြစ်စေ မဟုတ်ဘဲ၊ ထို့ထက် ၎င်းတို့က လုပ်ဆောင်လိုစိတ်မရှိသောကြောင့် ဖြစ်သည်မှာ အလွန်ရှင်းလင်းပေသည်။ အရေးပါသော အလုပ်အမှုထမ်းများ၏ တရားဝင် အဆင့်အတန်း သို့မဟုတ် နေထိုင်ခွင့်၊ သို့မဟုတ် ၎င်းတို့ကို နေရာချထားမှုနှင့်သက်ဆိုင်သော ကိစ္စရပ်များ ပါဝင်သည့် အထူးအခြေအနေများ ပေါ်ပေါက်လာသည့်အခါ ခေါင်းဆောင်များနှင့် အမှုဆောင်များတွင် ဤအလုပ်ကို တာဝန်ယူဆောင်ရွက်ရန် တာဝန်ရှိသည်။ သင့်အနေဖြင့် မည်သူ့အတွက် နေရာချထားမှုများ စီစဉ်နေသည်ဖြစ်စေ၊ ၎င်းတို့၏ နိုင်ငံသားဖြစ်ခြင်း သို့မဟုတ် လူမျိုးက မည်သို့ပင်ဖြစ်စေ၊ သင် လုပ်ဆောင်ရန် လိုအပ်သမျှမှာ ဤအရာကို ဘုရားသခင်ထံမှ ခံယူဖို့ ဖြစ်သည်။ ဤအလုပ်ကို ဘုရားသခင်က သင့်အား အပ်နှင်းထားခြင်းဖြစ်သည်။ ယင်းသည် သင်၏ တာဝန်နှင့် ဝတ္တရားဖြစ်သည့်အပြင် သင်၏ အထူးတာဝန်လည်း ဖြစ်သည်။ သင် လက်ခံသော ဤအလုပ်သည် လူတစ်ဦးတလေထံမှမဟုတ်ဘဲ ဘုရားသခင်ထံမှ လာသည်။ သို့ဖြစ်၍ သင် နေရာချထားမှုများ စီစဉ်ပေးနေသော ဤလူတို့မှာ မည်သူဖြစ်သည်ကို သင် အရေးစိုက်နေရန် မလိုပေ။ အချို့လူများက “ဒေသခံ ညီအစ်ကိုမောင်နှမများကို ကာကွယ်ခြင်းသည် လက်ခံနိုင်ဖွယ်ဖြစ်သော်လည်း နိုင်ငံခြားသား ညီအစ်ကိုမောင်နှမများ ဤနေရာသို့ လာပါက ကျွန်ုပ်တို့နှင့် မသက်ဆိုင်ပါ”ဟု ပြောကောင်းပြောနိုင်သည်။ ဤသို့ပြောဆိုသောလူများတွင် တာဝန်ယူစိတ် သို့မဟုတ် လူ့သဘာဝ ရှိသလော။ (မရှိပါ။) ၎င်းတို့သည် ဒေသခံ ညီအစ်ကိုမောင်နှမများကို ညီအစ်ကိုမောင်နှမများအဖြစ် မှတ်ယူသော်လည်း နိုင်ငံခြားသား ညီအစ်ကိုမောင်နှမများကို ညီအစ်ကိုမောင်နှမများအဖြစ် မမှတ်ယူပေ။ ဤသည်မှာ ခိုင်လုံသလော။ (မခိုင်လုံပါ။) ဤသည်မှာ သမ္မာတရားနှင့် ကိုက်ညီသလော။ (မကိုက်ညီပါ။) အဘယ်ကြောင့် သမ္မာတရားနှင့် မကိုက်ညီသနည်း။ (အယောင်ဆောင် ခေါင်းဆောင်များသည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးမထားကြပါ။ နိုင်ငံခြားသား ညီအစ်ကိုမောင်နှမများကို လျစ်လျူရှုပြီး ပြဿနာများ ပေါ်ပေါက်လာသည့်အခါ ကိစ္စရပ်များကို ကိုင်တွယ်ရန် ကိုယ်တိုင်ကိုယ်ကျ ဝင်ရောက်ခြင်း မရှိပါ။ သူတို့သည် ဘုရားအိမ်တော်၏အလုပ်ကို မကာကွယ်ကြပါ။) အယောင်ဆောင် ခေါင်းဆောင်များသည် အမျိုးမျိုးသော ဆင်ခြေများဖြင့် တာဝန်ကို ရှောင်လွှဲပြီး စစ်မှန်သောအလုပ်ကို မလုပ်ဆောင်ကြပေ။ ၎င်းတို့သည် ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အသုံးခံရန် လိုလားပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် လိုလားသည်ဟု ၎င်းတို့၏ နှုတ်ဖြင့် ပြောဆိုကြသော်လည်း အသင်းတော်၏အလုပ်နှင့်ဆိုင်သော အရေးကြီးသည့်ကိစ္စရပ်များနှင့် အမှန်တကယ် ပတ်သက်လာသည့်အခါ ၎င်းတို့ ပုန်းရှောင်ကြသည်။ ဤသည်မှာ တာဝန်မဲ့ခြင်း ဖြစ်သည်။ ပင်လယ်ရပ်ခြားရှိ ညီအစ်ကိုမောင်နှမများ၏ လုံခြုံရေးကို ကာကွယ်ခြင်းနှင့်သက်ဆိုင်သော ကိစ္စရပ်အားလုံးအတွက် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ယင်းကို ပြီးမြောက်အောင် လုပ်ဆောင်ရမည့် တာဝန်နှင့် အလုပ်တစ်ခုအဖြစ် သဘောထားလျက် ချက်ချင်း ကိုင်တွယ်ရမည်။ ၎င်းတို့သည် ယင်းကို ရှောင်ရှားရန် ဆင်ခြေများ မပေးသင့်သည့်အပြင် ဤအလုပ်အပေါ် ၎င်းတို့ လျစ်လျူရှုမှုကြောင့် ဘုရားအိမ်တော်၏ အမျိုးမျိုးသော အလုပ်ကဏ္ဍများ၏ တိုးတက်မှုအား ထိခိုက်ခွင့်မပေးသင့်ပေ။

ခ။ ညီအစ်ကိုမောင်နှမအားလုံးကို အခြေခံ ဥပဒေဆိုင်ရာ အသိပညာ ပေးခြင်း

ပင်လယ်ရပ်ခြားရှိ ညီအစ်ကိုမောင်နှမများ၏ လုံခြုံရေးနှင့်ဆက်စပ်သော အလုပ်၏ အခြားမည်သည့်ကဏ္ဍများကို သင်တို့ စဉ်းစားမိသေးသနည်း။ (ပင်လယ်ရပ်ခြား နိုင်ငံများတွင် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ညီအစ်ကိုမောင်နှမအားလုံးအား အခြေခံ ဥပဒေဆိုင်ရာ အသိပညာအချို့ကိုလည်း ပေးရမည်ဖြစ်ပြီး သို့မှသာ ၎င်းတို့သည် ဥပဒေဆိုင်ရာ အသိစိတ် ဖြစ်ပေါ်လာကာ ဥပဒေကို ချိုးဖောက်သည့် လုပ်ဆောင်မှုများတွင် ပါဝင်ခြင်းကို ရှောင်ကြဉ်နိုင်မည် ဖြစ်ပါသည်။) ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ညီအစ်ကိုမောင်နှမအားလုံးကို အခြေခံ ဥပဒေဆိုင်ရာ အသိပညာနှင့် အမျိုးမျိုးသော အစိုးရ၏ စည်းမျဉ်းစည်းကမ်းများကို သိရှိနားလည်စေသင့်သည်။ ၎င်းတို့သည် လူဝင်မှုကြီးကြပ်ရေး မူဝါဒများနှင့် နေ့စဉ်ဘဝနှင့်သက်ဆိုင်သော မူဝါဒများကဲ့သို့သော ဤနယ်ပယ်များအကြောင်းကို ၎င်းတို့ရောက်ရှိနေသော နိုင်ငံရှိ ဒေသခံ ညီအစ်ကိုမောင်နှမများထံမှ ပိုမိုလေ့လာသင့်ပြီး ထို့နောက် ညီအစ်ကိုမောင်နှမများက နိုင်ငံတော်အစိုးရ၏ စည်းမျဉ်းစည်းကမ်းများကို တင်းကျပ်စွာ လိုက်နာပြီး ဥပဒေကို ချိုးဖောက်သည့် မည်သည့်အရာကိုမျှ လုပ်ဆောင်ခြင်းမှ ရှောင်ကြဉ်နိုင်ရန်အလို့ငှာ ဤအရာများကို လေ့လာဖို့အတွက် စီစဉ်ပေးသင့်သည်။ အထူးသဖြင့် နှစ်ပေါင်းများစွာ အာဏာရှင်ဆန်သော အုပ်ချုပ်မှုအောက်တွင် နေထိုင်ခဲ့ရသော တရုတ်ပြည်မှ ဘုရားသခင် ရွေးချယ်ထားသောလူများသည် ဥပဒေဆိုင်ရာ အသိပညာ ကင်းမဲ့ပြီး ဥပဒေ၏ အရေးပါမှုကို နားမလည်ကြပေ။ ရလဒ်အနေဖြင့် ၎င်းတို့သည် ယဉ်ကျေးမှုမရှိသော လူများကဲ့သို့ သာမန်ကာလျှံကာနှင့် ဂရုမစိုက်ဘဲ ပြုမူကြသည်။ ၎င်းတို့သည် ပင်လယ်ရပ်ခြားသို့ လာရောက်နေထိုင်သည့်အခါ အလွန်မသိနားမလည်သည့်ပုံပေါ်ပြီး စည်းကမ်းများကို နားလည်မှုကင်းမဲ့ခြင်းအား ပြသသည့်အရာများကို မကြာခဏ လုပ်ဆောင်ကြသည်။ ဥပမာအားဖြင့် အချို့သော အနောက်တိုင်း ဒီမိုကရေစီ နိုင်ငံများတွင် လူမှုရေးဆိုင်ရာ တရားဥပဒေစိုးမိုးမှုကို အလွန်ကောင်းမွန်စွာ စီမံခန့်ခွဲထားပြီး ည ၁၀ နာရီမှ နံနက် ၈ နာရီအတွင်း ဆူညံသံများကို တားမြစ်သည့် စည်းမျဉ်းစည်းကမ်းများ ရှိသည်။ ခွေးဟောင်သံများ သို့မဟုတ် ဆောက်လုပ်ရေး စက်ယန္တရားများ၏ တဒုန်းဒုန်းမြည်သံများကဲ့သို့သော အသံများကို ခွင့်မပြုပေ။ တစ်စုံတစ်ဦးသည် ဤစည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ပြီး တိုင်ကြားခြင်းခံရပါက ရဲက ကိုင်တွယ်ဖြေရှင်းလိမ့်မည်။ တရုတ်ပြည်မကြီးတွင်မူ ဤကိစ္စရပ်များကို မည်သူမျှ စီမံခန့်ခွဲခြင်း မရှိပေ၊ လူများ နေထိုင်သည့်နေရာတိုင်းတွင် ကျယ်လောင်သော တေးဂီတ၊ ကခုန်ခြင်း၊ သောက်စားခြင်းနှင့် ပါတီပွဲများ၏ အသံများဖြင့် လက်လွတ်စပယ် ဆူညံနေပြီး မည်သူမျှ ဝင်ရောက်စွက်ဖက်ခြင်းမရှိပေ။ တစ်ဦးတလေက တစ်စုံတစ်ခုကို လုပ်ဆောင်ရန် ကြိုးစားပါက လက်တုံ့ပြန်ခြင်းကို ရင်ဆိုင်ရနိုင်သောကြောင့် တရုတ်လူမျိုးများတွင် သည်းညည်းခံခြင်းမှလွဲ၍ ရွေးချယ်စရာမရှိပေ။ အနောက်တိုင်း နိုင်ငံများမှာမူ ကွဲပြားသည်။ လူတိုင်းကို ဥပဒေဖြင့် ကာကွယ်ထားသည်။ သင်၏ခွေးသည် ညလယ်ခေါင်တွင် မကြာခဏ ဟောင်ပြီး သင့်အိမ်နီးချင်းများ၏ အနားယူခြင်းကို အနှောင့်အယှက်ပေးပါက ၎င်းတို့က သင့်ကို တိုင်ကြားလိမ့်မည်။ သင်လုပ်ဆောင်နေသည့်အရာသည် အခြားသူများ၏ ပုံမှန်ဘဝများကို ထိခိုက်စေသည်၊ သင်သည် ဥပဒေဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ခဲ့သည်၊ ၎င်းတို့သည် သင့်အား တိုင်ကြားရန် ဥပဒေကို လက်နက်တစ်ခုအဖြစ် အသုံးပြုခြင်းသည် တရားနည်းလမ်းကျပေသည်။ ည ၁၁ နာရီ သို့မဟုတ် ၁၂ နာရီအထိ ဆောက်လုပ်ရေးလုပ်ငန်းကို ဆက်လက်လုပ်ဆောင်ပြီး ၎င်းတို့ အိမ်နီးချင်းများ၏ အနားယူခြင်းကို ထိခိုက်စေကာ တိုင်ကြားခြင်းကို ခံရသောလူများလည်း ရှိသည်။ ထို့နောက် ရဲက ဒဏ်ကြေးငွေ ပေးဆောင်စေဖို့ ရောက်လာပြီး သတ်မှတ်ထားသော နာရီများအတွင်း ဆူညံသံမပြုလုပ်ရန် သတိပေးသည်။ အချို့လူများမှာမူ ပတ်ဝန်းကျင် သန့်ရှင်းရေးဆိုင်ရာ အသိပင် ကင်းမဲ့ကြပြီး လမ်းများပေါ်တွင် အမှိုက်များ ပြန့်ကျဲနေအောင် ပစ်ကြသည်။ အနောက်တိုင်း ဒီမိုကရေစီ နိုင်ငံများသည် အထူး စည်းကမ်းရှိသည်။ နေထိုင်သူများတွင် အမှိုက်ပစ်ရန် သတ်မှတ်ထားသော အချိန်များရှိပြီး အမှိုက်သိမ်းကားများက သတ်မှတ်ထားသော နေ့ရက်များတွင် လာရောက်သိမ်းဆည်းသည်။ သိမ်းဆည်းပြီးနောက် လမ်းများက သန့်ရှင်းနေမြဲဖြစ်သည်။ ဤသည်ကို နားမလည်သောသူများသည် အမှိုက်များကို စည်းကမ်းမဲ့ ပစ်ကောင်းပစ်နိုင်သည်၊ ယင်းကိုလည်း စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ခြင်းအဖြစ် မှတ်ယူခြင်းခံရသည်။ ဤသည်မှာ အများပြည်သူ သန့်ရှင်းရေးနှင့် မြို့၏အသွင်အပြင်ကို ထိခိုက်စေသောကြောင့် ၎င်းတို့အပေါ် တိုင်ချက်များဖွင့်နိုင်သည်။ စည်းကမ်းများကို မလိုက်နာသော တရုတ်လူမျိုးများသည် နိုင်ငံရပ်ခြားတွင် နေထိုင်သည့်အခါ မကြာခဏ တိုင်ကြားခြင်းခံရသည်။ အကြိမ်များစွာ တိုင်ကြားခံရပြီးနောက် ၎င်းတို့သည် အနောက်တိုင်းသားများအပေါ် အမြင်စောင်းလာပြီး “အနောက်တိုင်းသားတွေက တိုင်ကြားရသည်ကို နှစ်သက်ကြသည်ပင်၊ အသေးအဖွဲကိစ္စလေးတိုင်းကို တိုင်ချက်များဖွင့်ကြသည်”ဟု ပြောဆိုကြသည်။ ထိုအပေါ် ငါက “သူတို့က သင့်ကို ကိစ္စရပ်များစွာနှင့် ပတ်သက်ပြီး တိုင်ချက်များ ဖွင့်ခဲ့ကြပြီး သင်က သင့်ကိုယ်သင် ဆင်ခြင်သုံးသပ်ခြင်းမရှိဘဲ တိုင်ချက်များဖွင့်သည့်အတွက် သူတို့ကို အပြစ်တင်နေသည်။ သို့ဆိုလျှင်သူတို့ တိုင်ချက်များဖွင့်ခြင်းက မှန်ကန်သလော။ သင်လုပ်ခဲ့သည့်အရာများက မှန်ကန်သလော”ဟု ပြောဆိုသည်။ ၎င်းတို့သည် ထိုတိုင်ချက်များကို ဖွင့်ရန် လုံးဝ မှန်ကန်ခဲ့သည်။ သင်သည် ၎င်းတို့၏ အကျိုးစီးပွားများကို ထိခိုက်စေခဲ့ပြီး ၎င်းတို့၏ ဘဝများကို သက်ရောက်မှုရှိစေခဲ့သည်။ သို့ဖြစ်၍ ၎င်းတို့သည် သင့်အား အဘယ်ကြောင့် တိုင်ချက်များ မဖွင့်ရမည်နည်း။ ဤသည်မှာ လူမှုရေးဆိုင်ရာ တရားဥပဒေစိုးမိုးမှုကို ကာကွယ်စောင့်ရှောက်ရန် လုပ်ဆောင်ခြင်းဖြစ်ပြီး ဤနိုင်ငံကို ဥပဒေဖြင့် အုပ်ချုပ်ကြောင်း ပြသသည်။ လူတိုင်းကို ဥပဒေဖြင့် ကာကွယ်ထားပြီး ဤနိုင်ငံရှိ ဥပဒေသည် ဟန်ပြသက်သက်မဟုတ်ပေ။ လူတိုင်းသည် မိမိတို့၏ ကိုယ်ပိုင်အခွင့်အရေးနှင့် အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်ရန် ဥပဒေကို လက်နက်တစ်ခုအဖြစ် အသုံးပြုနိုင်သည်။ သင်သည် ဥပဒေကို နားမလည်သည့်အပြင် ဒေသန္တရ စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်သောကြောင့် ၎င်းတို့က သင့်အား တိုင်ချက်များ ဖွင့်ခြင်း ဖြစ်သည်။ သင်သည် ဦးစွာ ဒေသန္တရ စည်းမျဉ်းစည်းကမ်းများကို လေ့လာသင့်ပြီး ဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများအတိုင်း ပြုမူသင့်သည်။ သို့ဆိုလျှင် ၎င်းတို့သည် သင့်အား တိုင်ချက်များ ဖွင့်နေဦးမည်ဟု သင်ထင်သလော။ (၎င်းတို့ တိုင်ချက်များ ဖွင့်တော့မည် မဟုတ်ပါ။) သို့ဆိုလျှင် ကိစ္စရပ်က မည်မျှပင် ပြင်းထန်ပါစေ တရုတ်လူမျိုးများသည် အဘယ်ကြောင့် မည်သည့်အခါမျှ တိုင်ချက်များ မဖွင့်ကြသနည်း။ (၎င်းတို့သည် အစိုးရ၏ ဖိနှိပ်မှုကို အချိန်ကြာမြင့်စွာ ခံခဲ့ရပါသည်။ ၎င်းတို့ တိုင်ချက်မဖွင့်ဝံ့ခဲ့ပါ။ တရုတ်လူမျိုးများတွင် ၎င်းတို့၏ အခွင့်အရေးများကို ကာကွယ်ခြင်းနှင့်ဆိုင်သည့် အယူအဆလည်း မရှိပါ။) တရုတ်ပြည်သည် ဥပဒေဖြင့် အုပ်ချုပ်သော နိုင်ငံမဟုတ်ပေ။ ယင်းသည် ဥပဒေနှင့်အညီ အုပ်ချုပ်ခြင်းမရှိပေ။ တရုတ်ပြည်၏ ဥပဒေများသည် ဟန်ပြသက်သက်သာဖြစ်ပြီး ထိုနေရာတွင် တိုင်ချက်ဖွင့်ခြင်းက အသုံးမဝင်ပေ။ သင် တိုင်ချက်ဖွင့်ပြီး တစ်ဖက်အဖွဲ့က အာဏာနှင့် ဩဇာလွှမ်းမိုးမှုရှိပါက ၎င်းတို့က သင့်ကို လိုက်ဒုက္ခပေးကောင်း ပေးနိုင်သည်။ သင်၌ ဩဇာလွှမ်းမိုးမှုမရှိပါက တိုင်ချက်ပင် ဖွင့်ဝံ့မည် မဟုတ်ပေ။ တိုင်ချက်ဖွင့်ခြင်းသည် သင့်ကို အလွယ်တကူ ဒုက္ခဖြစ်စေနိုင်သည်။ သို့ဖြစ်၍ တရုတ်လူမျိုးများက ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် ကြုံတွေ့ရသည့်အခါ၊ အထူးသဖြင့် တစ်စုံတစ်ဦး အသတ်ခံရသည့် ကိစ္စများတွင် သေဆုံးမှုက မည်မျှပင် မတရားသည်ဖြစ်စေ၊ ကျူးလွန်သူက ငွေအချို့ပေးပါက ကိစ္စရပ်က တိတ်တဆိတ် ကျေအေးသွားသည်။ အဘယ်ကြောင့် ခံရသူ၏ မိသားစုဝင်များက တရားမစွဲကြသနည်း။ ၎င်းတို့သည် လုံးဝ အနိုင်ရမည်မဟုတ်သည်ကို သိကြသည်။ ယင်းသည် ငွေများစွာ ကုန်ကျမည်ဖြစ်သည့်တိုင် တရားမျှတမှုကို ၎င်းတို့ ရရှိမည်မဟုတ်သည့်အပြင် ကျူးလွန်သူကိုလည်း တရားဥပဒေအရ အရေးယူနိုင်မည်မဟုတ်သောကြောင့် ၎င်းတို့သည် တရားဥပဒေအရ ဆက်လက်မလုပ်ဆောင်ရန် ရွေးချယ်ပြီး ယင်းအစား ကျေအေးလိုက်ကြသည်။ တရုတ်ပြည်၏ ဥပဒေများသည် ဟန်ပြသက်သက်သာဖြစ်သည်။ တရုတ်ပြည်သည် တရားမျှတမှုကို ရှာဖွေရမည့် နေရာမရှိဘဲ ဥပဒေဖြင့် အုပ်ချုပ်သော နိုင်ငံမဟုတ်ပေ။ တရားစွဲဆိုခြင်းက အဓိပ္ပာယ်မဲ့သည်။ သို့ဖြစ်၍ တရုတ်လူမျိုးများက မည်သည့် တရားမဝင်သော အခြေအနေများနှင့် ကြုံတွေ့ရသည်ဖြစ်စေ ၎င်းတို့ တိုင်ချက်မဖွင့်ဝံ့ကြပေ။ ဤသည်မှာ ကွန်မြူနစ်ပါတီက မကောင်းမှုများကို ကျူးလွန်ခြင်းမှလွဲ၍ ဘာမျှမလုပ်ဆောင်သောကြောင့်၊ ယုတ္တိမတန်သည့်အပြင် ဥပဒေနှင့်အညီ အုပ်ချုပ်ခြင်းမရှိသောကြောင့် ဖြစ်သည်။ တရုတ်ပြည်တွင် လူတစ်ဦးသည် သာမန်လူတစ်ဦးဖြစ်နေသမျှကာလပတ်လုံး ၎င်းတို့ရင်ဆိုင်ရသော ပြဿနာက မည်မျှပင် ဆိုးရွားသည်ဖြစ်စေ၊ ကွန်မြူနစ်ပါတီ၏ အမြင်တွင်မူ အရေးလုပ်စရာ ကိစ္စတစ်ခုအဖြစ် မှတ်ယူခြင်းမခံရပေ။ မည်သူကမျှ ထိုအရာကို ကိုင်တွယ်ဖြေရှင်းပေးလိမ့်မည် မဟုတ်။ အခြားသူများ၏ အနားယူခြင်းကို ထိခိုက်စေခြင်းကဲ့သို့သော အရာများ သို့မဟုတ် ခိုးမှု၊ လုယက်မှုနှင့် ဖောက်ထွင်းမှုကိစ္စများပင်လျှင် ကွန်မြူနစ်ပါတီက ပြဿနာများအဖြစ် ယတိပြတ် မမှတ်ယူပေ။ အနောက်တိုင်း နိုင်ငံများတွင်မူ ကွဲပြားသည်။ အနောက်တိုင်းတွင် ဒီမိုကရေစီ စနစ်ရှိပြီး တရားဥပဒေစိုးမိုးသော လူ့အဖွဲ့အစည်းဖြစ်သည်၊ တစ်စုံတစ်ဦး၏ အနားယူခြင်းကို ထိခိုက်နေသမျှကာလပတ်လုံး တိုင်ကြားချက်တစ်ခု ဖွင့်ခံရလိမ့်မည်ဖြစ်ပြီး၊ ရဲက ထိုကိစ္စကို စုံစမ်းစစ်ဆေးရန်နှင့် ကိုင်တွယ်ဖြေရှင်းရန် ရောက်လာလိမ့်မည်။ အနောက်တိုင်းသားများတွင် ဤဥပဒေဆိုင်ရာ အသိစိတ်ရှိပြီး ထိုသို့သော မိုက်မဲသည့်အရာများကို မလုပ်ဆောင်ကြပေ။ ပင်လယ်ရပ်ခြားမှလာပြီး စည်းကမ်းများကို နားမလည်သောသူများသာလျှင် ဤမိုက်မဲသည့်အရာများကို လုပ်ဆောင်ကြသည်။ တရုတ်လူမျိုးများက ပင်လယ်ရပ်ခြားတွင် စတင်နေထိုင်သည့်အခါ မကြာခဏ တိုင်ကြားခြင်းခံရသည်။ အချိန်ကြာလာသည်နှင့်အမျှ ၎င်းတို့သည် ဒေသန္တရ ဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများအကြောင်းကို လေ့လာသိရှိလာပြီး ဥပဒေကို ချိုးဖောက်သည့် သို့မဟုတ် အခြားသူများကို အနှောင့်အယှက်ပေးသည့်အရာများကို မလုပ်ဆောင်ဝံ့ကြတော့ပေ။ သို့ဖြစ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ညီအစ်ကိုမောင်နှမများအား ၎င်းတို့ရောက်ရှိနေသော နိုင်ငံ၏ အမျိုးမျိုးသော ဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများအကြောင်းကို လေ့လာရန် စီစဉ်ပေးသင့်သည်။ ၎င်းတို့ မည်သည့်အရာကိုပင် လုပ်ဆောင်ရန် ရည်ရွယ်သည်ဖြစ်စေ ဥပဒေကို ဦးစွာ တိုင်ပင်ဆွေးနွေးရမည်၊ မိမိတို့၏ ခြံဝင်းထဲတွင် ကြက် သို့မဟုတ် ဝက် မွေးမြူလျှင်ပင် အစိုးရ၏ စည်းမျဉ်းစည်းကမ်းများကို ဦးစွာ စစ်ဆေးသင့်သည်။ အချက်အလက်များကို အွန်လိုင်းတွင် ၎င်းတို့ ရှာဖွေနိုင်သည် သို့မဟုတ် ဒေသခံ ညီအစ်ကိုမောင်နှမများနှင့် တိုင်ပင်ဆွေးနွေးနိုင်ပြီး ဤနည်းအားဖြင့် တိကျသောအဖြေများကို ရှာဖွေနိုင်သည်။ အနောက်တိုင်း နိုင်ငံများအသီးသီးတွင် ကိစ္စရပ်အားလုံးအတွက် အစိုးရ၌ တိကျသော စည်းမျဉ်းစည်းကမ်းများ ရှိသည်။ ဥပမာအားဖြင့် ဆောက်လုပ်ရေးတွင် လျှပ်စစ်ပလပ်ပေါက်များက ကြမ်းပြင်မှ မည်မျှမြင့်ရမည်၊ ပလပ်ပေါက်တစ်ခုစီကြား မည်မျှကွာဝေးရမည်ဟူသည်နှင့်ပတ်သက်၍ စည်းမျဉ်းစည်းကမ်းများ ရှိသည်။ လှေကားလက်ရန်းများ၏ အထူနှင့် လှေကားလက်ရန်းတိုင်များ၏ အကျယ်အတွက် တိကျသော စံနှုန်းများလည်း ရှိသည်။ ဆောက်လုပ်ရေး၏ အဆင့်တိုင်းကို အစိုးရဝန်ထမ်းများက စစ်ဆေးသောကြောင့် ဆောက်လုပ်ရေး စည်းမျဉ်းများကို ချိုးဖောက်သည့် အဆောက်အအုံများ သို့မဟုတ် စည်းမျဉ်းမထိန်းသိမ်းသည့် ဆောက်လုပ်ရေးက ရှားပါးသည်။ နေထိုင်သူများသည် ၎င်းတို့၏ ခြံဝင်းထဲတွင် အိမ်တစ်လုံး၊ ကိရိယာတန်ဆာပလာတဲတစ်လုံး သို့မဟုတ် သိုလှောင်ရုံငယ်တစ်ခုကို ဆောက်လုပ်လိုပါက အစိုးရ၏ ခွင့်ပြုချက်ကို ရယူရမည်ဖြစ်သည်။ ၎င်းတို့အနေဖြင့် ကြက် သို့မဟုတ် ဘဲ မွေးမြူလိုပါက ခြံစည်းရိုးက ၎င်းတို့၏ အိမ်နီးချင်းများ၏ ပိုင်နက်မှ မည်မျှကွာဝေးရမည်ဟူသည်နှင့်ပတ်သက်၍ စည်းမျဉ်းစည်းကမ်းများ ရှိသည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဤဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများကို နားမလည်လျှင်ပင် အသင်းတော်အလုပ်တွင် ဤကိစ္စရပ်များ ပါဝင်ပါက ခေါင်းဆောင်များနှင့် အမှုဆောင်များက ထိုအရာများကို အာရုံစိုက်ရမည်။ ၎င်းတို့သည် ဒေသန္တရ ဥပဒေများနှင့် အစိုးရ၏ စည်းမျဉ်းစည်းကမ်းများကို ဦးစွာ တိုင်ပင်ဆွေးနွေးသင့်သည်၊ ဤကိစ္စရပ်များကို ရှင်းလင်းစွာ သိရှိလာခြင်းသည် ငါတို့၏ တာဝန်ထမ်းဆောင်ခြင်းအတွက် အကျိုးရှိသည်။ ဥပဒေရေးရာ ကိစ္စရပ်များသည် အသင်းတော်၏ အတွင်းပိုင်းအလုပ်နှင့် တိုက်ရိုက် ဆက်စပ်မှုမရှိသော်လည်း လူတိုင်းကို အခြေခံ ဥပဒေဆိုင်ရာ အသိပညာပေးခြင်းက အကျိုးရှိနေဆဲဖြစ်သည်။ အနည်းဆုံးအားဖြင့် ၎င်းတို့သည် အသိပညာအချို့ကို ရရှိနိုင်သည်၊ စည်းမျဉ်းအချို့ကို နားလည်နိုင်သည်၊ မည်သို့ ကောင်းမွန်စွာ နေထိုင်ရမည်ကို သင်ယူနိုင်ပြီး လူ့သဘာဝ သွင်ပြင်တစ်ခုကို စွမ်းဆောင်ရရှိနိုင်သည်။ ထို့အပြင် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ပြင်ပရေးရာများအတွက် တာဝန်ရှိသောသူများနှင့် မိတ်သဟာယဖွဲ့သင့်ပြီး ၎င်းတို့အား ဥပဒေဆိုင်ရာ အသိဖြစ်ပေါ်လာစေရန် ကူညီသင့်သည်။ အသေးအဖွဲကိစ္စရပ်များအတွက် ရှေ့နေတစ်ဦးနှင့် တိုင်ပင်ဆွေးနွေးရန် မလိုအပ်ပေ။ ၎င်းတို့သည် ဒေသန္တရ စည်းမျဉ်းစည်းကမ်းများကို နားလည်ပြီး ယင်းတို့ကို တင်းကျပ်စွာ လိုက်နာရန်သာ လိုအပ်သည်။ သို့သော် အဓိကကျသော ကိစ္စရပ်များအတွက်မူ ဒေသန္တရ ဥပဒေများကို နားလည်မှုရရှိရန် ရှေ့နေတစ်ဦးနှင့် တိုင်ပင်ဆွေးနွေးသင့်သည်။ အချုပ်အားဖြင့်ဆိုသော် မည်သည့်အရာကိုပင် လုပ်ဆောင်နေသည်ဖြစ်စေ လုပ်ဆောင်ချက်အားလုံးက ဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာရမည်။ ဤနည်းဖြင့် အချိန်ကာလတစ်ခုကြာ လက်တွေ့လုပ်ဆောင်ခြင်းသည် လူတို့အား ဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာခြင်း၏ အရေးပါမှုကို တွေ့ကြုံခံစားစေလိမ့်မည်ဖြစ်ပြီး ၎င်းတို့သည် အမှုအရာများကို လုပ်ဆောင်နေချိန်တွင် စည်းမျဉ်းများကို လိုက်နာကြလိမ့်မည်။ ဤသည်မှာ အသင်းတော်၏အလုပ်အတွက်လည်း အကျိုးရှိသည်။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။