ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၂၉) အခန်း လေး

ဂ။ ဧဝံဂေလိတရား ဟောကြားရန် လူများကို စေလွှတ်သည့်အခါ လိုက်နာရမည့် စည်းမျဉ်းများ

အရေးကြီးသော တာဝန်များကို ထမ်းဆောင်နေသောသူများ၏ လုံခြုံရေးကို ကာကွယ်ခြင်းနှင့်ပတ်သက်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်ရမည့် နောက်ထပ်အလုပ်ကဏ္ဍတစ်ခု ရှိသည်။ ယင်းမှာ အပြင်ထွက်ကာ မိမိတို့၏ တာဝန်ကို ထမ်းဆောင်သော သူများ၏ လုံခြုံရေးကို ကာကွယ်ပေးရန် ဖြစ်သည်။ လူတို့ကို မိမိတို့၏ တာဝန်ထမ်းဆောင်ရန်အတွက် အပြင်သို့ စေလွှတ်သည့်အခါ မည်သည့်စည်းမျဉ်းများကို လိုက်နာသင့်သနည်း။ ပထမဦးစွာ လူတို့၏ အသက်အရွယ်နှင့် လိင်အပြင် ၎င်းတို့၏ ထိုးထွင်းသိမြင်မှုနှင့် ဘဝအတွေ့အကြုံတို့ကို ထည့်သွင်းစဉ်းစားသင့်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဤကိစ္စနှင့်စပ်လျဉ်း၍ နားဝေတိမ်တောင်ဖြစ်၍ သို့မဟုတ် သာမန်ကာလျှံကာ ဖြစ်၍ မရပေ။ ဥပမာအားဖြင့် သင်သည် ဧဝံဂေလိ အမှုဆောင်များကို မရင်းနှီးသောနေရာတစ်ခုသို့ ဧဝံဂေလိတရား ဟောကြားရန် စေလွှတ်နေပါက မည်သည့်လူစားမျိုးကို စေလွှတ်ရန် သင့်တော်မည်နည်း။ (ထိုးထွင်းသိမြင်မှုနှင့် ဉာဏ်ပညာအနည်းငယ် ရှိသော လူများ ဖြစ်ပါသည်။) အကယ်၍ အသင်းတော်တစ်ခုတွင် သင့်တော်သောလူများစွာမရှိဘဲ အများစုမှာ ဘဝအတွေ့အကြုံနှင့် ထိုးထွင်းသိမြင်မှု ကင်းမဲ့သော လူငယ်များဖြစ်ပြီး၊ အခြေအနေများ၊ အထူးသဖြင့် စိန်ခေါ်မှုရှိသော ပြဿနာများနှင့် ကြုံတွေ့ရသည့်အခါ မည်သို့ကိုင်တွယ်ရမည်ကို မသိသည့်၊ စည်းမျဉ်းများမရှိဘဲ စကားပြောဆိုပြီး ဉာဏ်ပညာလည်း ကင်းမဲ့သည့် လူငယ်အများစုရှိပါက၊ ၎င်းတို့သည် အလုပ်ကို လုပ်ဆောင်နိုင်မည်မဟုတ်ပေ။ ထိုသို့သောလူများကို စေလွှတ်ပါက ၎င်းတို့သည် ပြဿနာများကို ဖြေရှင်းနိုင်လိမ့်မည်မဟုတ်သည်သာမက အလုပ်ကိုလည်း ထိခိုက်စေပြီး နှောင့်နှေးစေဖွယ်ရှိသည်။ သို့ဖြစ်၍ အပြင်သို့ထွက်ကာ မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရန် လူများကို စေလွှတ်သည့်အခါ ရင့်ကျက်သော လူ့သဘာဝနှင့် ဉာဏ်ပညာရှိသောသူများကို ရွေးချယ်ရန် လိုအပ်သည်။ ထိုသို့သောလူများသာလျှင် သင့်တော်သည်။ သင့်တော်သောလူများ လုံလောက်စွာမရှိပါက လူငယ်များကို လူကြီးများနှင့် ပူးပေါင်းဆောင်ရွက်ပြီး မိမိတို့၏ တာဝန်အား သွားရောက်ထမ်းဆောင်ခွင့်ပြုလော့။ ဥပမာအားဖြင့် အသက် ၂၅ သို့မဟုတ် ၂၆ နှစ်အရွယ် ညီအစ်မငယ်တစ်ဦးသည် ဘုရားသခင်ကို အချိန်အတော်ကြာ ယုံကြည်ခဲ့ပြီး၊ ယုံကြည်ခြင်းနှင့် ဝိညာဉ်ရင့်ကျက်မှု ပိုင်ဆိုင်ကာ၊ မိမိ၏ တာဝန်ကို အချိန်ကြာမြင့်စွာ ထမ်းဆောင်ခဲ့သော်လည်း မရင်းနှီးသောနေရာတစ်ခုတွင် မိမိ၏ တာဝန်ကို ထမ်းဆောင်ရန် စေလွှတ်ခံရပါက မိမိကိုယ်ကို မည်သို့ ဘေးကင်းအောင် နေရမည်ကို သိမည်မဟုတ်ပေ။ ထိုသို့သောအခြေအနေတွင် တာဝန်ကို ထမ်းဆောင်ရန် သူမနှင့်အတူ ပူးပေါင်းဆောင်ရွက်ဖို့အတွက် လူ့အဖွဲ့အစည်းထဲက အတွေ့အကြုံရှိသော ဒေသခံ ညီအစ်ကို သို့မဟုတ် ညီအစ်မတစ်ဦးကို ရှာဖွေရန် လိုအပ်မည်ဖြစ်သည်။ တာဝန်ထမ်းဆောင်ရမည့်နေရာသည် ရင်းနှီးသောဒေသ သို့မဟုတ် အသင်းတော်ရှိပြီးသား နေရာတစ်ခုဖြစ်ပါက လူငယ် ညီအစ်ကိုမောင်နှမများက သွားနိုင်သည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော် လူများသည် မရင်းနှီးသောနေရာတစ်ခု၊ အထူးသဖြင့် အများပြည်သူ လုံခြုံရေးညံ့ဖျင်းသောနေရာတစ်ခုသို့ ဧဝံဂေလိတရား ဟောကြားရန် သို့မဟုတ် အခြားအလုပ် လုပ်ဆောင်ရန် သွားနေပါက ၎င်းတို့၏ ကိုယ်ရေးကိုယ်တာ လုံခြုံရေးကို ထည့်သွင်းစဉ်းစားရမည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များအတွက် ၎င်းတို့က မည်သူ့ကို အလုပ်လုပ်ရန် အပြင်သို့ စေလွှတ်နေသည်ဖြစ်စေ လုံခြုံရေးက ပထမဆုံး ထည့်သွင်းစဉ်းစားရမည့်အရာ ဖြစ်သည်။ ဧဝံဂေလိ လက်ခံရန် အလားအလာရှိသူများသည် မည်သည့်လူစားမျိုးများဖြစ်သည်ကို မရှင်းလင်းပါက သို့မဟုတ် ဤလူတို့က မသင့်လျော်သောအရာများကို လုပ်ဆောင်နိုင်ခြင်း ရှိမရှိဟူသည်ကို မရှင်းလင်းပါက ဧဝံဂေလိတရား ဟောကြားရန် လူများကို စေလွှတ်သည့်အခါ သတိထားသင့်သည်။ ယခင်က အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အသက် ၁၈ သို့မဟုတ် ၁၉ နှစ်၊ သို့မဟုတ် ၂၀ ကျော်စအရွယ် ညီအစ်မငယ်များကို မရင်းနှီးသောနေရာများသို့ ဧဝံဂေလိတရား ဟောကြားရန် မကြာခဏ စေလွှတ်လေ့ရှိပြီး ကံအကြောင်းမလှသည့် ဖြစ်ရပ်အချို့ ဖြစ်ပွားခဲ့သည်ဟု ကြားသိရသည်။ အမှန်တကယ် မည်သည့်အရာပင်ဖြစ်ခဲ့သည်ဖြစ်စေ နောက်ဆုံးတွင် ယင်းသည် အလုပ်လုပ်ဆောင်သည့်အခါ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ ထည့်သွင်းစဉ်းစားမှုများ မစေ့စပ်ခြင်းနှင့် ဆက်စပ်နေခဲ့သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ၎င်းတို့၏အလုပ်တွင် ဤအချက်များကို ထည့်သွင်းစဉ်းစားသင့်ပြီး အလွန်ငယ်ရွယ်သော ညီအစ်မများ သို့မဟုတ် ညီအစ်ကိုများကို မရင်းနှီးသည့်အပြင်၊ အန္တရာယ်ရှိသောနေရာများသို့ မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရန် သာမန်ကာလျှံကာ တာဝန်မပေးသင့်ပေ။ တစ်ချိန်က အသက် ၁၈ သို့မဟုတ် ၁၉ နှစ်အရွယ် ညီအစ်မနှစ်ဦးကို ဧဝံဂေလိတရား ဟောကြားရန်အတွက် စီစဉ်ခဲ့သော ခေါင်းဆောင်တစ်ဦး ရှိခဲ့သည်။ တစ်စုံတစ်ဦးက ၎င်းတို့ အလွန်ငယ်ရွယ်ပြီး ဤအတွက် မသင့်တော်ကြောင်း ပြောဆိုသည့်အခါ ထိုခေါင်းဆောင်က “၁၉ နှစ်က ငယ်လွန်းသည်ဟု သင် ပြောသည်၊ ထို့ကြောင့် ၂၁ နှစ်အရွယ်တစ်ယောက်ကို ကျွန်ုပ် ရှာခဲ့သည်။ ထိုသူက အသက် ပိုကြီးသည် မဟုတ်လော” ဟု တွေးလျက် အသက် ၂၁ နှစ်အရွယ် ညီအစ်မတစ်ဦးကို ယင်းအစား သွားရန် ရှာဖွေခဲ့သည်။ ဤခေါင်းဆောင်၏ အစွမ်းအစမှာ မည်သို့ရှိသနည်း။ ၎င်းတို့သည် လွဲချော်မှုများ ဖြစ်ပေါ်နေသည် မဟုတ်လော။ (ဟုတ်ပါသည်။) ၁၉ နှစ်ထက် နှစ်နှစ်သာကြီးခြင်းဖြစ်သည်၊ သူမတွင် ဘဝအတွေ့အကြုံ ရှိနိုင်ပြီးဖြစ်မည်လော။ သူမသည် လူ့အဖွဲ့အစည်း၌ အတွေ့အကြုံ ရှိနိုင်မည်လော။ အခက်အခဲများ သို့မဟုတ် အန္တရာယ်ရှိသော အခြေအနေများနှင့် ရင်ဆိုင်ရသည့်အခါ သူမ ငိုကြွေးခြင်းဖြင့် အဆုံးသတ်မည် မဟုတ်လော။ သူမသည် အသက်နှစ်နှစ်ပိုကြီးသော်လည်း အသက်အရွယ်အရ သူမသည် အလွန်ငယ်ရွယ်နေဆဲဖြစ်ပြီး ဤအလုပ်ကို တာဝန်ယူနိုင်စွမ်းမရှိပေ။ အနည်းဆုံးအားဖြင့် အသက် ၃၀ သို့မဟုတ် ၄၀၊ သို့မဟုတ် ၅၀ သို့မဟုတ် ၆၀ အရွယ် ညီအစ်ကို သို့မဟုတ် ညီအစ်မတစ်ဦးကို ရှာဖွေရန် လိုအပ်သည်။ ၎င်းတို့သည် အသက်ပိုကြီးပြီး လူ့အဖွဲ့အစည်း၌ အတွေ့အကြုံရှိသည်၊ အခြေအနေများနှင့် ကြုံတွေ့ရသည့်အခါ ၎င်းတို့တွင် ယင်းတို့ကို ကိုင်တွယ်ရန် အမြော်အမြင်ရှိပြီး အန္တရာယ်ရှိသော မည်သည့်အခြေအနေများကိုမျှ မဖြစ်ပေါ်အောင် တားဆီးနိုင်သည်။ လူငယ်များသည် အမှုအရာများစွာကို မမြင်ကြ၊ မကြုံကြရသေးသည့်အပြင်၊ ယင်းတို့အား မည်သို့ကိုင်တွယ်ရမည်ကို မသိကြပေ။ အန္တရာယ်နှင့် ကြုံတွေ့ရသည့်အခါ ၎င်းတို့သည် သဘောပင်မပေါက်နိုင်ကြပေ။ ယင်းက ဘေးများကို အလွယ်တကူ ဖြစ်ပွားစေသည်။ အသက်ကြီးသော လူများမှာ ဤလူ့အဖွဲ့အစည်းနှင့် ဤလူသားမျိုးနွယ်ထဲတွင် ကောက်ကျစ်ဆိုးယုတ်မှုကို ပိုမိုမြင်တွေ့ရပြီးဖြစ်သောကြောင့် လူတို့အပေါ် ပို၍ သတိထားတတ်ကြသည်။ လူ့အဖွဲ့အစည်းတွင် ၎င်းတို့၏ အတွေ့အကြုံနှင့် လက်တွေ့ဘဝမှ အသိပညာတို့ကို အခြေခံ၍ အချို့သော အခြေအနေများတွင် မည်သည့်အန္တရာယ်မျိုး ပေါ်ပေါက်နိုင်သည်၊ အန္တရာယ်အဆင့် မည်မျှမြင့်မားသည်၊ မည်သည့်လူပုဂ္ဂိုလ်များသည် ဆိုးယုတ်သောလူများဖြစ်သည်ဟူသည်နှင့်၊ အချို့သော လူများက မည်သည့်အရာမျိုးများ လုပ်ဆောင်နိုင်သည်ဟူသည်တို့ကို ကျိုးကြောင်းဆီလျော်သော သုံးသပ်ချက်အချို့ ပြုလုပ်နိုင်သည်။ အန္တရာယ်ရှိသော အခြေအနေများနှင့် ကြုံတွေ့ရသည့်အခါ ၎င်းတို့တွင် အန္တရာယ်မှ လွတ်မြောက်ရန် အမြော်အမြင်လည်း ရှိသည်။ အခြားတစ်ဖက်တွင်မူ လူငယ်များသည် အတွေ့အကြုံ ကင်းမဲ့ကြသည်။ အခြေအနေများနှင့် ကြုံတွေ့ရသည့်အခါ ၎င်းတို့သည် ဖြစ်နိုင်ခြေရှိသော အန္တရာယ်ရှိသည့် အကျိုးဆက်များကို မသိမြင်နိုင်ကြပေ။ သို့ဖြစ်၍ လုံခြုံရေးကိစ္စရပ်များနှင့် ပတ်သက်လာသည့်အခါ၊ လူကြီးများသည် လူငယ်များထက် ၎င်းတို့၏ ထည့်သွင်းစဉ်းစားမှုများတွင် ပို၍ စေ့စပ်ကြသည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် လူများကို အပြင်ထွက်ပြီး မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရန် စေလွှတ်သည့်အခါ ဒေသန္တရ အခြေအနေများကို ထည့်သွင်းစဉ်းစားသင့်ပြီး အတော်အတန် အသက်ကြီးသော၊ အမြော်အမြင်နှင့် အတွေ့အကြုံအချို့ရှိသောသူများကို လူငယ်များနှင့် ပူးပေါင်းဆောင်ရွက်စေပြီး မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရန် စီစဉ်ပေးသင့်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဤကိစ္စရပ်များကို ထည့်သွင်းစဉ်းစားမှုများ၌ စေ့စပ်ရမည်ဖြစ်သည်။

မည်သည့်နိုင်ငံတွင် အသင်းတော်အလုပ်ကို လုပ်ဆောင်သည်ဖြစ်စေ တာဝန်ထမ်းဆောင်နေသူတို့၏ လုံခြုံရေးကို သေချာစေခြင်းသည် ခေါင်းဆောင်များနှင့် အမှုဆောင်များ သေချာအာရုံစိုက်ရမည့် အလုပ်တစ်ရပ် ဖြစ်သည်။ မည်သည့်အလုပ်ကို လုပ်ဆောင်ရန် မည်သူ့ကို စေလွှတ်သည်ဖြစ်စေ ၎င်းတို့အနေဖြင့် အလုပ်အတွက် အရည်အချင်းပြည့်မီနိုင်ရန်နှင့် ၎င်းတို့၏ လုံခြုံရေးကို သေချာစေနိုင်ရန်အလို့ငှာ အစွမ်းအစ အတိုင်းအတာတစ်ခုအထိ ပိုင်ဆိုင်ရမည်ဖြစ်ပြီး လုပ်နိုင်စွမ်းအနည်းငယ် ရှိရမည်ဖြစ်သည်။ အထူးသဖြင့် ဤသည်မှာ အများပြည်သူလုံခြုံရေး အားနည်းသော ဒေသများ သို့မဟုတ် နိုင်ငံများတွင် သာ၍ပင် ဖြစ်ပေသည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် တာဝန်ထမ်းဆောင်နေသူတို့၏ လုံခြုံရေးကို အဓိကစဉ်းစားသုံးသပ်ရမည့် အချက်အဖြစ် မှတ်ယူသင့်ပြီး ပေါ့ပေါ့ဆဆ အလေးမထားဘဲမနေသင့်ပေ။ အချို့လူများက “အဆင်ပြေပါသည်။ ကျွန်ုပ်တို့ လုပ်ဆောင်နေသည့်အရာမှာ ဘုရားအိမ်တော်၌ တာဝန်များထမ်းဆောင်နေခြင်း ဖြစ်သည်။ ကျွန်ုပ်တို့တွင် ဘုရားသခင်၏ ကာကွယ်စောင့်ရှောက်မှု ရှိသည်။ ထို့ကြောင့် မည်သူမျှ သေဆုံးမည်မဟုတ်ပါ။ မည်သည့်အရာများ မှားယွင်းဖို့ ဖြစ်နိုင်မည်နည်း”ဟု ပြောဆိုကြသည်။ ၎င်းတို့ ဤသို့ပြောဆိုခြင်းသည် မှန်သလော။ (မမှန်ကန်ပါ။) အဘယ်ကြောင့် မမှန်ကန်သနည်း။ (ဤသို့ပြောဆိုခြင်းသည် တာဝန်မဲ့ခြင်းဖြစ်ပြီး ဤသဘောထားအမြင်သည်လည်း လက်တွေ့နှင့် အလွန်ကင်းကွာပါသည်။) လူတို့သည် မိမိတို့ ဖြည့်ဆည်းနိုင်သော တာဝန်များကို ဖြည့်ဆည်းရန်နှင့် မိမိတို့ စဉ်းစားနိုင်သည့်အရာကို ဂရုပြုရန် အစွမ်းကုန် လုပ်ဆောင်သင့်သည်။ ၎င်းတို့သည် ဘုရားသခင်ကို မစမ်းသပ်သင့်ပေ၊ သို့မဟုတ် ညီအစ်ကိုမောင်နှမများ၏ လုံခြုံရေးကို လောင်းကြေးမထပ်သင့်ပေ။ ဘုရားသခင်သည် လူတို့ကို ကာကွယ်နိုင်သော်လည်း သင်သည် သင်စဉ်းစားနိုင်သော ပြဿနာများကို မစဉ်းစားသည့်အပြင် ဘုရားသခင်အား စမ်းသပ်ရန်ညီအစ်ကိုမောင်နှမများ၏ လုံခြုံရေးကို လောင်းကြေးအဖြစ် အသုံးပြုပါက ဘုရားသခင်သည် သင့်ကို ထုတ်ဖော်လိမ့်မည်။ သင့်ကို မည်သူက အလွန်မိုက်မဲစေသနည်း၊ သင်သည် အင်မတန် စဉ်းစားဉာဏ်မဲ့သည့်အလုပ်များကို လုပ်ဆောင်နေပါတကား။ သို့ဖြစ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် တာဝန်မဲ့သောအရာများကို လုပ်ဆောင်ရန် ဤသို့သောစကားကို အကြောင်းပြချက်အဖြစ် မသုံးသင့်ပေ။ တာဝန်ထမ်းဆောင်နေသူတို့၏ လုံခြုံရေးကို သေချာစေခြင်းသည် သင်၏တာဝန်ဖြစ်ပြီး သင်၏ကိုယ်ပိုင်တာဝန်ကို သင် ဖြည့်ဆည်းသင့်သည်။ သင်စဉ်းစားနိုင်ပြီး လုပ်ဆောင်နိုင်သမျှ အရာအားလုံးကို ဂရုပြုပြီးသည့်နောက်တွင် သင်မစဉ်းစားမိသည့်အရာအတွက်မူ ဘုရားသခင်သည် ထိုကိစ္စနှင့်ပတ်သက်၍ မည်သို့ပြုမူမည်မှာ ဘုရားသခင်၏ ကိုယ်ပိုင်ကိစ္စဖြစ်ပြီး သင်နှင့် မည်သို့မျှမဆိုင်ပေ။ အချို့လူတို့သည် တာဝန်အားလုံးကို ဘုရားသခင်အပေါ်သို့ လက်လွတ်စပယ် တွန်းပို့ကြပြီး “လူတို့၏ လုံခြုံရေးအတွက် ဘုရားသခင် တာဝန်ရှိသည်၊ ကျွန်ုပ်တို့ ကြောက်ရန်မလိုအပ်ပါ၊ ကျွန်ုပ်တို့အလိုရှိသည့် မည်သည့်ပုံစံဖြင့်မဆို ဟောပြောနိုင်ပါသည်။ ဘုရားသခင်၏ မျက်မှောက်တော်ဖြင့် အရာအားလုံးသည် လွတ်လပ်ပြီး လွတ်မြောက်သည်။ ထိုအရာများနှင့်ပတ်သက်၍ ကျွန်ုပ်တို့ စိုးရိမ်ရန် မလိုအပ်ပါ”ဟု ပြောဆိုကြသည်။ ဤပြောဆိုချက်မျိုးသည် မှန်ကန်သလော။ (မမှန်ကန်ပါ။) ဤပြောဆိုချက်မျိုးအရဆိုလျှင် လူတို့သည် အမှုအရာများ ဖြစ်ပျက်သည့်အခါ စည်းမျဉ်းများကို ရှာဖွေရန် မလိုအပ်ပေ။ အကယ်၍ ထိုသို့ဖြစ်ခဲ့ပါက ဘုရားသခင် ဖော်ပြခဲ့သော သမ္မာတရားသည် မည်သည့်အသုံးဝင်မှုရှိမည်နည်း။ အသုံးဝင်တော့မည် မဟုတ်ပေ။ ဤနှစ်များတစ်လျှောက် ဘုရားသခင်သည် ဤဆိုးယုတ်သောလောကနှင့် ဤဆိုးယုတ်သော လူသားမျိုးနွယ်ကြားတွင် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီစေရန်အလို့ငှာ မည်သို့ရှင်သန်ရမည်၊ သမ္မာတရားကို မည်သို့လိုက်စားရမည်၊ မိမိတို့ကိုယ်ကို မည်သို့ပြုမူကျင့်ကြံရမည်ကို သိရှိစေရန် ရည်ရွယ်ချက်ဖြင့် လူတို့အား သွန်သင်ရန် စိတ်ရှည်စွာနှင့် အပင်ပန်းခံ၍ သူရွေးချယ်ထားသောလူများအား နှုတ်ကပတ်တော်များစွာကို ပြောကြားခဲ့ပြီးဖြစ်သည်။ ယင်းမှာ ဘုရားသခင်ကို သင် စမ်းသပ်ရန်အတွက် မဟုတ်သကဲ့သို့ စကားလုံးများ၊ အယူဝါဒများနှင့်အညီ စည်းမျဉ်းများမရှိဘဲ မိမိအလိုရှိသလို သင် ပြုမူရန်အတွက်လည်း မဟုတ်ပေ။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဧဝံဂေလိတရားဟောပြောခြင်းအလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်ရန်အတွက် ရှေးဦးစွာ လူတို့၏ လုံခြုံရေးကို သေချာစေရမည်။ ထိုသို့ပြုလုပ်ရန် ၎င်းတို့သည် ရှေးဦးစွာ တာဝန်ထမ်းဆောင်နေသူတို့၏ တိကျသော အခြေအနေများကို သိရှိပြီး သဘောပေါက်ရမည်ဖြစ်ကာ သင့်တော်သောလူများကို စေလွှတ်ရမည်ဖြစ်ပြီး လူတို့၏ လုံခြုံရေးကို အာမခံရန် အမျိုးမျိုးသော အခြေအနေများတွင် မည်သို့လုပ်ဆောင်ရမည်ကိုလည်း နားလည်ရမည်ဖြစ်သည်။ နေရာတစ်ခုသည် အထူးသဖြင့် ကမောက်ကမဖြစ်နေပြီး ထိုနေရာတွင် မည်သူမျှ အသိအကျွမ်းမရှိသည့်အပြင်၊ ထိုနေရာသို့ ဧဝံဂေလိတရားဟောပြောရန် သွားသော မည်သူမဆို၏ လုံခြုံရေးကို အာမခံ၍မရနိုင်ပါက ထိုနေရာသို့ လူများကို လောလောဆယ်တွင် မစေလွှတ်နှင့်။ ဤအန္တရာယ်ကို မစွန့်စားနှင့်၊ မလိုအပ်သော စတေးမှုများကို မပြုလုပ်နှင့်။ မည်သည့်တာဝန်ကို ထမ်းဆောင်နေသည်ဖြစ်စေ၊ မည်သည့်အလုပ်ကို လုပ်ဆောင်နေသည်ဖြစ်စေ ယင်းသည် လောကထဲသို့ သင် ထိုးဖောက်ဝင်ရောက်ရန် သို့မဟုတ် သင်၏အသက်ကို စွန့်စားရန် မလိုအပ်သည့်အပြင် သင်၏ လုံခြုံရေး သို့မဟုတ် သင်၏အသက်ကို လောင်းကြေးထပ်ရန်လည်း မလိုအပ်ပေ။ တရုတ်ပြည်၏ ပတ်ဝန်းကျင်တွင် မိမိ၏တာဝန်ကို ထမ်းဆောင်ရန် အန္တရာယ်များကို ရင်ဆိုင်ရခြင်းက ရှောင်လွှဲ၍မရသည်မှာ အမှန်ပင်ဖြစ်သည်။ အစိုးရသည် ဘုရားသခင်ကို ယုံကြည်သောသူတို့ကို ညှဉ်းပန်းနှိပ်စက်ပြီး အန္တရာယ်ရှိသည်ကို ကောင်းစွာသိလျက်နှင့်ပင် သင်သည် ဘုရားသခင်ကို ယုံကြည်ဆဲ၊ ဘုရားသခင်နောက်သို့ လိုက်ဆဲဖြစ်ရမည်ဖြစ်ပြီး သင်၏တာဝန်ကို ထမ်းဆောင်ဆဲဖြစ်ရမည်ဖြစ်သည်။ သင်သည် သင်၏တာဝန်ကို စွန့်လွှတ်၍မရသည့်အပြင် မည်သည့်အလုပ်ကိုမျှလည်း ရပ်တန့်၍မရပေ။ ပင်လယ်ရပ်ခြားနိုင်ငံများရှိ အခြေအနေများသည် ကွဲပြားသည်ချည်းသာ ဖြစ်သည်။ အချို့မှာ တရုတ်ပြည်နှင့် ဆင်တူသော အာဏာရှင်နိုင်ငံများဖြစ်ပြီး အခြားနိုင်ငံများမှာမူ ဒီမိုကရေစီစနစ်များ ရှိကြသည်။ ဒီမိုကရေစီစနစ်များရှိသော နိုင်ငံများတွင် ဧဝံဂေလိတရားဟောပြောခြင်းအလုပ်သည် ချောမွေ့စွာ ရှေ့ဆက်နိုင်ပြီး အမျိုးမျိုးသော အလုပ်ကဏ္ဍများကိုလည်း ပို၍ ချောမွေ့စွာ လုပ်ဆောင်နိုင်သည်။ သို့သော် အာဏာရှင်စနစ် လက္ခဏာများရှိသော အချို့နိုင်ငံများတွင် လူတို့သည် ကြမ်းကြုတ်ပြီး ခေတ်နောက်ကျကြသည့်အပြင်၊ ၎င်းတို့အတွက် စစ်မှန်သော လမ်းခရီးကို လက်ခံရန် မလွယ်ကူပေ။ ၎င်းတို့ထံ ဧဝံဂေလိတရားကို ဟောပြောသည့်အခါ ၎င်းတို့သည် ယင်းကို မစူးစမ်းရုံသာမက ကြောင်းကျိုးမမြင်ဘဲ ပြစ်တင်ရှုတ်ချနိုင်သည့်အပြင် အခြေအနေကို ရဲထံသို့ပင် တိုင်ကြားကောင်း တိုင်ကြားနိုင်သည်။ ထိုသို့သော ကိစ္စများတွင် ထိုနေရာသို့ ဧဝံဂေလိတရားဟောပြောရန် လူများကို မစေလွှတ်နှင့်။ ထိုအစား အလုပ်ကို လုပ်ဆောင်ရန် လုံခြုံရေးကို သေချာစေနိုင်သော နေရာများကို ရွေးချယ်လော့။ ဤသည်တို့မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ သေချာစွာ စဉ်းစားသင့်သည့် အရာများချည်းသာ ဖြစ်သည်။ ဥပမာအားဖြင့် မလေးရှား၊ အင်ဒိုနီးရှား သို့မဟုတ် အိန္ဒိယကဲ့သို့သော အလွန်ရှုပ်ထွေးသည့် ဘာသာရေးနောက်ခံများရှိသော နိုင်ငံများတွင် အချို့သော ဘာသာရေးဂိုဏ်းဂဏများသည် ကြီးမားသော ဩဇာလွှမ်းမိုးမှုရှိပြီး လူ့အဖွဲ့အစည်းတစ်ခုလုံးကို ထိန်းချုပ်ထားသဖြင့် အစိုးရများပင်လျှင် ဤဘာသာတရားများ၏ ဩဇာလွှမ်းမိုးမှုကို လိုက်လျောရသည်အထိ ဖြစ်သည်။ ထိုသို့သော နိုင်ငံများတွင်မူ ထိုနေရာသို့ ဧဝံဂေလိတရားဟောပြောရန် နောက်ထပ်လူများကို မစေလွှတ်နှင့်၊ ဒေသခံအသင်းတော်များက ဧဝံဂေလိတရားဟောပြောခြင်းက လုံလောက်ပေသည်။ အချို့နိုင်ငံများတွင် မတူညီသော ပြည်နယ်များ သို့မဟုတ် တိုင်းများအလိုက် အခြေအနေမှာ ကွဲပြားပြီး ဒေသန္တရ ဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများသည် နိုင်ငံတော် ဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများနှင့် ကွဲပြားသည်။ ဥပမာအားဖြင့် အချို့သောဒေသများတွင် အထူးဘာသာရေးနောက်ခံများရှိပြီး ထိုဒေသများတွင် အသင်းတော်နှင့် နိုင်ငံတော်သည် ပေါင်းစည်းထားသည်။ အချို့သောကိစ္စများတွင် ဘာသာရေးခေါင်းဆောင်များသည် ဒေသခံအစိုးရအရာရှိများထက်ပင် သြဇာအာဏာပိုကြီးမားပြီး နိုင်ငံတော်မူဝါဒအချို့ကို ဗြောင်ကျကျ ချိုးဖောက်နိုင်ကြသည်။ ထိုသို့သောဒေသများတွင် ဧဝံဂေလိတရားကို သင်ဟောပြောပါက ဖြစ်နိုင်ခြေရှိသော လုံခြုံရေးအန္တရာယ်များ ရှိလိမ့်မည်။ ဤဖြစ်နိုင်ခြေရှိသော အန္တရာယ်များသည် သင့်အကြောင်း ကောလာဟလများ လုပ်ကြံဖန်တီးခြင်း သို့မဟုတ် သင့်ကို မောင်းထုတ်ခြင်းအထိသာ ကန့်သတ်ထားသည်မဟုတ်ဘဲ ၎င်းတို့သည် သင့်ကို ဖမ်းဆီးခြင်း၊ တရားမစွဲဘဲ ထောင်ထဲတွင် လှောင်ပိတ်ထားခြင်း၊ သင့်ကို ညှဉ်းပန်းနှိပ်စက်ခြင်း၊ ကိုယ်အင်္ဂါချို့ယွင်းစေခြင်း သို့မဟုတ် သတ်ဖြတ်ခြင်းတို့ကိုပင် ပြုလုပ်နိုင်ပြီး အစိုးရက ဝင်ရောက်စွက်ဖက်မည်မဟုတ်ပေ။ အမှန်တကယ်တွင် ဘာသာရေးဂိုဏ်းဂဏအများစု၏ ခေါင်းဆောင်များသည် ပြင်ပဘာသာတရားများကို မုန်းတီးကြသည်။ ၎င်းတို့၏ ဩဇာလွှမ်းမိုးမှုမှာ အလွန်ကြီးမားပြီး ဥပဒေ၏ ကန့်သတ်ချုပ်ချယ်မှုကို ဘာဆိုဘာမျှမခံရသောကြောင့် ဧဝံဂေလိအမှုဆောင်များကို မည်မျှပင် ရက်စက်စွာ ညှဉ်းပန်းနှိပ်စက်သည်ဖြစ်စေ မည်သူမျှ ၎င်းတို့ကို တာဝန်ခံခိုင်းရဲခြင်းမရှိသည့်အပြင် ဒေသခံအစိုးရအရာရှိများပင်လျှင် ၎င်းတို့ကို စိတ်အနှောင့်အယှက်ဖြစ်စေဖို့ မလိုလားကြပေ။ သင်သည် ၎င်းတို့၏ နယ်မြေတွင် ဧဝံဂေလိတရားကို စတင်ဟောပြောသည်နှင့်တစ်ပြိုင်နက် ၎င်းတို့အလိုရှိသလို သင့်ကို ညှဉ်းပန်းနှိပ်စက်နိုင်သည်။ သို့ဖြစ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် တစ်နေရာရာသို့ ဧဝံဂေလိတရားဟောပြောရန် လူများကို စေလွှတ်သည့်အခါ အထူးသတိထားရမည်။ ပထမဦးစွာ ၎င်းတို့သည် ထိုနေရာရှိ အခြေအနေကို စုံစမ်းစစ်ဆေးပြီး လေ့လာသိရှိရမည်ဖြစ်သည်။ ယုံကြည်မှု လွတ်လပ်ခွင့် ရှိမရှိ၊ ဘာသာရေးအင်အားစုများ မည်မျှ အင်အားကြီးမားသည်ဟူသည်နှင့် ထိုနေရာတွင် ဧဝံဂေလိတရားဟောပြောသောလူများ တိုင်ကြားခံရပါက မည်သည့်အကျိုးဆက်များ ဖြစ်ပေါ်နိုင်သည် စသည်တို့ဖြစ်သည်။ ထိုနေရာသို့ လူများစေလွှတ်သင့်ခြင်း ရှိမရှိဟူသည်ကို မဆုံးဖြတ်မီ ဤကိစ္စရပ်များကို ရှင်းလင်းစွာ နားလည်ထားရမည်။ အကယ်၍ နေရာတစ်ခုခုနှင့်ပတ်သက်၍ လေ့လာပြီးနောက် ဧဝံဂေလိတရားဟောပြောရန် မသင့်တော်ကြောင်း ဆုံးဖြတ်ပြီးပါက မည်သူမျှ ထိုနေရာသို့ တရားဟောရန် လူများကို စေလွှတ်ခွင့်မရှိပေ။ ဤသည်မှာလည်း ဧဝံဂေလိအမှုဆောင်များ၏ လုံခြုံရေးကို သေချာစေရန် လုပ်ဆောင်သင့်သည့် အလုပ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များတွင် လွဲချော်သော နားလည်သဘောပေါက်မှုရှိကြပြီး “အဆင်ပြေပါသည်၊ ဘုရားသခင်က ကျွန်ုပ်တို့ကို ကာကွယ်လိမ့်မည်။ အခက်အခဲက ပိုကြီးလေ၊ ကျွန်ုပ်တို့က ပိုပြီး ဆက်လုပ်သင့်လေဖြစ်သည်။ ထိုနေရာတွင် သခင့်ကိုယုံကြည်သောလူများ အလွန်များပြားနေသည်၊ သို့ဖြစ်၍ ကျွန်ုပ်တို့ အဘယ်ကြောင့် ထိုနေရာသို့ ဧဝံဂေလိတရား သွားမဟောသင့်ရမည်နည်း”ဟု ပြောဆိုကြသည်။ တစ်စုံတစ်ဦးက ၎င်းတို့အား “ထိုနေရာတွင် ကိုယ်ပိုင်ထောင်များ ရှိသည်။ အကယ်၍ ကျွန်ုပ်တို့ ထိုနေရာသို့ ဧဝံဂေလိတရားဟောပြောရန် သွားပါက အဖမ်းခံရရုံသာမက ထိုနေရာတွင် သေဆုံးသွားနိုင်သည်။ ကျွန်ုပ်တို့ သွား၍မဖြစ်ပါ”ဟု ပြောသည်။ ထိုမိုက်မဲသော အယောင်ဆောင် ခေါင်းဆောင်များက အချိန်ယူစဉ်းစားပြီး “အဆင်းနီသော နဂါးကြီးတွင် ထောင်များစွာရှိသော်လည်း ကျွန်ုပ်တို့ မကြောက်ပါ၊ သို့ဖြစ်၍ ထိုနေရာရှိ ကိုယ်ပိုင်ထောင်တစ်ခုကို ကျွန်ုပ်တို့ အဘယ်ကြောင့် ကြောက်ရမည်နည်း။ ထောင်များသည် ကျွန်ုပ်တို့၏ ခန္ဓာကိုယ်များကို ချုပ်နှောင်နိုင်သော်လည်း ကျွန်ုပ်တို့၏ စိတ်နှလုံးများကို မချုပ်နှောင်နိုင်ပါ။ မကြောက်ကြနှင့်၊ သွားကြလော့” ဟူ၍ ပြောကြလေသည်။ ထို့နောက် ၎င်းတို့သည် လူများကို တစ်သုတ်ပြီးတစ်သုတ် စေလွှတ်ကြရာ အဆုံးတွင် ၎င်းတို့ထဲမှ မည်သူမျှ ပြန်မလာကြပေ။ ၎င်းတို့အားလုံး အဖမ်းခံလိုက်ရသည်။ အယောင်ဆောင် ခေါင်းဆောင်များမှာ ကြက်သေသေသွားကြသည်။ ဤနေရာတွင် ပြဿနာမှာ အဘယ်နည်း။ (ထိုသို့သော အယောင်ဆောင် ခေါင်းဆောင်များသည် ငတုံးငအများ ဖြစ်ကြပါသည်။) ထိုသို့သော အယောင်ဆောင် ခေါင်းဆောင်များသည် လူယုတ်မာများ ဖြစ်ကြသည်၊ ၎င်းတို့သည် လူတို့ကို ကျားခံတွင်းထဲသို့ စေလွှတ်လျက် တာဝန်မဲ့ကြသည်။ အဘယ်ကြောင့် ၎င်းတို့ကိုယ်တိုင် မသွားကြသနည်း။ အန္တရာယ်ကို ၎င်းတို့ မကြောက်သည့်အတွက် ပထမဆုံး ၎င်းတို့ သွားသင့်သည်။ အကယ်၍ ၎င်းတို့သွားပြီး ဘေးကင်းစွာ ပြန်လာနိုင်ကာ လူများကို ရရှိနိုင်ပါက ၎င်းတို့နောက် အခြားသူများ သွားနိုင်သည်။ မည်သို့ပင်ဖြစ်စေ ဧဝံဂေလိတရားဟောပြောရာတွင် လူတို့၏ လုံခြုံရေးကို အာမခံရမည်။ ဧဝံဂေလိတရားဟောပြောရန်အတွက် အန္တရာယ်ရှိပြီး မသင့်တော်သော ဒေသများတွင် လုံးဝ မစွန့်စားနှင့်။ တရုတ်ပြည်မကြီးပြင်ပရှိ မည်သည့်နေရာမဆို ဘေးကင်းသည်ဟု မယူဆနှင့်။ ဤသည်မှာ အမြင်မှားခြင်း၊ လွဲချော်သော နားလည်မှုတစ်ခု ဖြစ်သည်။ မသိနားမလည်သောသူတို့သာ ဤသို့တွေးကြသည်။ ထိုသို့သောလူများသည် ဤလောကအကြောင်း သိနားလည်မှု အလွန်နည်းပါးကြသည်။ အနောက်တိုင်းနိုင်ငံအများစုတွင် ယုံကြည်မှုလွတ်လပ်ခွင့်ရှိပြီး သခင့်ကို ယုံကြည်သောလူများ အတော်အတန် များပြားသောကြောင့် သင်သည် ဧဝံဂေလိတရားကို ပွင့်လင်းစွာ ဟောပြောနိုင်ပြီး ဘာသာရေးလောကသည် မည်မျှ မှောင်မိုက်ပြီး ဆိုးယုတ်ကြောင်းကို ဖော်ထုတ်သည့် အမျိုးမျိုးသော ပြောဆိုချက်များကို ပွင့်လင်းစွာ ဖော်ပြနိုင်သည်ဟု မယူဆနှင့်။ အကယ်၍ သင်သည် ဤသို့ပြုလုပ်ပါက အကျိုးဆက်များက မတွေးဝံ့စရာ ဖြစ်လိမ့်မည်။ ဘာသာရေးသမားများကိုဖြစ်စေ၊ ဘာသာတရားမရှိသူများကိုဖြစ်စေ ဧဝံဂေလိတရားဟောပြောသည့်အခါ သင်သည် ဘုရားသခင်ကို ဆန့်ကျင်သော လူသားမျိုးနွယ်ဖြစ်သည့် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ကို ရင်ဆိုင်နေရခြင်းဖြစ်ကြောင်း နားလည်ရမည်။ ဤကိစ္စကို အလွန်ရိုးရှင်းစွာ မတွေးနှင့်။

အကယ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဧဝံဂေလိအမှုဆောင်များ၏ လုံခြုံရေးကို အာမခံလိုပါက ၎င်းတို့သည် ကိစ္စရပ်၏ ကဏ္ဍအားလုံးကို စေ့စေ့စပ်စပ် စဉ်းစားရမည်ဖြစ်ပြီး ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက အချိန်မီ ကိုင်တွယ်သင့်သည်။ ထို့နောက်တွင် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် လက်တွေ့လုပ်ဆောင်ခြင်း၏ စည်းမျဉ်းများနှင့် လမ်းကြောင်းကို ရှာဖွေတွေ့ရှိရန်၊ ရှေ့ဆက်၍ မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို ဆုံးဖြတ်ရန် အတွေ့အကြုံနှင့် သင်ခန်းစာတို့ကို ထုတ်နုတ်ယူသင့်သည်။ ဤသည်မှာလည်း လုပ်ဆောင်ရမည့် အရေးကြီးသော အလုပ်တစ်ရပ် ဖြစ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များက ယခင်က မစဉ်းစားဖူးသော သို့မဟုတ် မကြုံတွေ့ဖူးသော အချို့ကိစ္စရပ်များ ရှိသည်။ ပြဿနာများ ပေါ်ပေါက်လာပြီးနောက် ၎င်းတို့က “ကျွန်ုပ်တို့သည် ထိုသို့သောနေရာမျိုးကို သွားသင့်သေးသလော။ ဤသို့ လူများကို စေလွှတ်သည့်နည်းလမ်းသည် မှန်ကန်သလော။ ဧဝံဂေလိတရားဟောပြောခြင်း သို့မဟုတ် အခြားအရေးကြီးသော အလုပ်တစ်ခုခုကို လုပ်ဆောင်ခြင်း၏ နောက်တစ်ဆင့်များအတွက် အစီအစဉ်များ၊ ဗျူဟာ သို့မဟုတ် ဦးတည်ရာကို ကျွန်ုပ်တို့ ချိန်ညှိသင့်သလော” ဟူ၍ သုံးသပ်သင့်သည်။ အဆက်မပြတ် ကောက်ချက်ချခြင်း လုပ်ငန်းစဉ်တွင် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အလုပ်၏ နည်းလမ်းများနှင့် စည်းမျဉ်းများကို တဖြည်းဖြည်း ဆုံးဖြတ်သင့်သည်။ သို့မှသာ ၎င်းတို့သည် အလုပ်ကို ပို၍လုပ်ဆောင်လေ၊ ယင်းသည် ပို၍ တိကျလာလေဖြစ်ပြီး ပို၍ ပြည့်စုံထိရောက်လေဖြစ်ကာ၊ မမျှော်မှန်းထားသော ဖြစ်ရပ်များ နည်းပါးစွာ ဖြစ်ပေါ်ခြင်း၊ သို့မဟုတ် မမျှော်မှန်းထားသော ဖြစ်ရပ်များ လုံးဝ မဖြစ်ပေါ်ခြင်း သို့မဟုတ် အရေးကြီးသော တာဝန်ထမ်းဆောင်နေသူများကို မည်သည့်စွန့်စားမှုမျှ မလုပ်စေဘဲပင် ဖြစ်စေနိုင်မည်ဖြစ်သည်။ ဤရလဒ်ကို ရရှိရန် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အတွေ့အကြုံများကို မကြာခဏ သုံးသပ်သင့်ပြီး ဒေသအသီးသီးတွင် ဧဝံဂေလိတရားဟောပြောသည့်အခါ ရင်ဆိုင်ရသော အမျိုးမျိုးသော ပတ်ဝန်းကျင်များနှင့် အခြေအနေများကို နားလည်မှု ရယူသင့်သည်။ ၎င်းတို့ ရရှိသော သတင်းအချက်အလက်များက ပိုများပြီး ပိုမိုတိကျလေလေ၊ ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းခြင်းအတွက် စည်းမျဉ်းများနှင့် အစီအစဉ်များက ပို၍ တိကျလေလေ ဖြစ်လိမ့်မည်ဖြစ်ကာ၊ နောက်ဆုံးတွင် လူတို့၏ လုံခြုံရေးကို သေချာစေခြင်းဟူသော ရလဒ်ကို ရရှိစေမည်ဖြစ်သည်။ ဤနည်းအားဖြင့် ဧဝံဂေလိတရားဟောပြောခြင်းအလုပ်ကို စနစ်တကျ ဆက်လက်ဆောင်ရွက်သွားနိုင်ကြောင်း သေချာစေနိုင်သည်။

၃။ ဘေးကင်းလုံခြုံရေးအလုပ်ကို အာရုံမစိုက်သော ခေါင်းဆောင်များနှင့် အမှုဆောင်များကို ကိုင်တွယ်ဖြေရှင်းရမည့်နည်းလမ်း

အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အစွမ်းအစညံ့ဖျင်းပြီး တာဝန်သိစိတ် ကင်းမဲ့ကြသည်။ ၎င်းတို့သည် လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်နိုင်သည့်အပြင် လက်တွေ့ကျသော အလုပ်ကို လုပ်ဆောင်ရန်လည်း အလွန်ပျင်းရိကြသည်။ ၎င်းတို့ တာဝန်ယူသော ဒေသများတွင် အရေးကြီးသော တာဝန်များထမ်းဆောင်နေသူတို့သည် လုံခြုံရေးအန္တရာယ်များနှင့် မကြာခဏ ကြုံတွေ့ရပြီး ၎င်းတို့အား ပြောင်းရွှေ့ရန် သို့မဟုတ် နေရာပြောင်းရန် လိုအပ်စေလျက် စိတ်အေးချမ်းစွာဖြင့် မိမိတို့၏ တာဝန်ကို မထမ်းဆောင်နိုင်အောင် ဖြစ်စေသည်။ မဖြစ်သင့်သော ကိစ္စရပ်များပင်လျှင် မကြာခဏ ဖြစ်ပျက်တတ်သည်။ ဥပမာအားဖြင့် အချို့သော ခေါင်းဆောင် သို့မဟုတ် အမှုဆောင်သည် ဧည့်ခံအိမ်တစ်လုံးသည် မြေနိမ့်ပိုင်းတွင် တည်ရှိနေသည်ကို တွေ့ရှိလိုက်ရသည်။ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများဖြစ်ပေါ်လာနိုင်သည့်အခါ အိမ်ရေနစ်မြုပ်သွားမည်ကို စိုးရိမ်သဖြင့် ထိုနေရာတွင် တည်းခိုနေသော ညီအစ်ကိုမောင်နှမများသည် အလုပ်သုံးပစ္စည်းကိရိယာများ၊ အိုးများ၊ ဒယ်အိုးများနှင့် အခြားအရာအားလုံးကို ယူဆောင်လျက် နှစ်ရက်ဆက်တိုက် ရွှေ့ပြောင်းလျက် ကြိုတင်ပြောင်းရွှေ့ရန် လိုအပ်သည်။ ဤသည်မှာ လူတိုင်းကို အလွန်အမင်း ပင်ပန်းနွမ်းနယ်စေပြီး ၎င်းတို့၏ ဦးခေါင်းများမှာ စိတ်ပျက်အားငယ်မှုဖြင့် ငိုက်စိုက်ကျနေသည်။ ၎င်းတို့က “ကျွန်ုပ်တို့သည် ရက်အနည်းငယ်ကြာတိုင်း ပြောင်းရွှေ့နေရသည်၊ အမြဲတမ်း ပြေးလွှားနေရသည်။ ဤသည်မှာ မည်သည့်အခါတွင်မျှ ပြီးဆုံးမည်နည်း။ ကျွန်ုပ်တို့ ပုံမှန်အတိုင်း တာဝန်ထမ်းဆောင်နိုင်မည့် ဘေးကင်းပြီး စိတ်ချရတဲ့အိမ်တစ်လုံးကို ရှာ၍မရသလော”ဟု ပြောဆိုကြသည်။ ထိုသို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဤအလုပ်လေးကိုပင် ထမ်းဆောင်နိုင်ခြင်း မရှိပေ။ ၎င်းတို့လက်အောက်ရှိ ညီအစ်ကိုမောင်နှမများသည် ကောင်းစွာ မစားနိုင်၊ မအိပ်နိုင်သည့်အပြင် လုံလောက်သော နေရာထိုင်ခင်းလည်း မရှိကြပေ။ ၎င်းတို့၏ နေထိုင်မှုအခြေအနေများသည် အမြဲတမ်း ယာယီဖြစ်ပြီး လူတိုင်းက အချိန်မရွေး ဘေးအန္တရာယ်မှ ထွက်ပြေးရန် ပြင်ဆင်ထားကြသည်။ ၎င်းတို့သည် မိမိတို့၏ နေ့စဉ်သုံးပစ္စည်းများကို သုံးပြီးသည်နှင့်တစ်ပြိုင်နက် လျင်မြန်စွာ ပြန်ထုပ်ပိုးကြသည်။ အကြောင်းမှာ မည်သည့်အချိန်တွင်မဆို အိမ်ထောင်စုစာရင်း စစ်ဆေးခြင်းကို ကြေညာသည့် အခြေအနေ ပေါ်ပေါက်လာနိုင်သောကြောင့် ဖြစ်သည်။ အမှန်တကယ်တွင် ဤသည်မှာ ဘုရားသခင်ကို ယုံကြည်သောသူတို့အား စစ်ဆေးခြင်းဖြစ်သည်ကို လူတိုင်းသိကြသည်။ ထို့ကြောင့် ၎င်းတို့သည် အချိန်မရွေး နေရာပြောင်းရန် အသင့်ရှိနေရမည်။ အကျိုးဆက်အနေဖြင့် တာဝန်ထမ်းဆောင်နေသူတို့သည် အမြဲတမ်း ကြောက်ရွံ့နေကြပြီး လုံခြုံစိတ်ချမှု မရှိကြပေ။ ဤသည်မှာ ၎င်းတို့၏ တာဝန်ထမ်းဆောင်မှု ရလဒ်များကို ထိခိုက်သည် မဟုတ်လော။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်နေသော အလုပ်နှင့် သက်ဆိုင်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤအလုပ်နှင့်ပတ်သက်၍ ၎င်းတို့ မည်သို့လုပ်ဆောင်နေကြသနည်း။ (၎င်းတို့သည် မိမိတို့တာဝန်ကို ဖြည့်ဆည်းခြင်းမရှိဘဲ၊ ညံ့ဖျင်းစွာ လုပ်ဆောင်နေကြပါသည်။) အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် တာဝန်မဲ့ပြီး ဆက်ကပ်မှုမရှိကြပေ။ ၎င်းတို့ကိုယ်တိုင် နေထိုင်မှုအခြေအနေများအတွက် မြင့်မားသော စံနှုန်းများ မရှိကြပေ။ လေနှင့်မိုးဒဏ်မှ ကာကွယ်ရန် နေရာတစ်ခုရှိနေသမျှကာလပတ်လုံး လုံလောက်ပြီဖြစ်သည်။ သို့ဖြစ်၍ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများ နေထိုင်ရန်အတွက် ဘေးကင်းပြီး တည်ငြိမ်သောနေရာတစ်ခုကို ရှာဖွေရန်လည်း အစွမ်းကုန် ကြိုးစားအားထုတ်ခြင်း မရှိကြပေ။ အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အစွမ်းအစညံ့ဖျင်းကြသည်။ မည်သည့်ပတ်ဝန်းကျင်မျိုးသည် တိတ်ဆိတ်ပြီး နေထိုင်ရန် သင့်တော်သည် သို့မဟုတ် ညီအစ်ကိုမောင်နှမများ တာဝန်ထမ်းဆောင်ရန် သင့်တော်သည်ကို ၎င်းတို့မသိကြပေ။ ၎င်းတို့သည် အခြားမည်သူမျှ မငှားလိုသော မြေနိမ့်ပိုင်းရှိ အိမ်တစ်လုံးကို ငှားရမ်းကြပြီး ညီအစ်ကိုမောင်နှမများ ပြောင်းရွှေ့ဝင်ရောက်ပြီး ရက်အနည်းငယ်အတွင်းတွင် ၎င်းတို့၌ တစ်ကိုယ်လုံးယားယံလျက် နှင်းခူများ ပေါက်လာကြသည်။ ဤသည်မှာ မည်သို့ဖြစ်ရသနည်း။ အိမ်က ကြမ်းပြင်မှ ရေများစိမ့်ထွက်နေလျက် အလွန်စိုထိုင်းဆများလွန်းသည်။ ထိုသို့သောနေရာတွင် မည်သူ နေထိုင်နိုင်မည်နည်း။ ထိုသို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဤပြဿနာကိုပင် မဖြေရှင်းနိုင်ကြ၊ တာဝန်ထမ်းဆောင်ရန် သင့်တော်သောအိမ်တစ်လုံးကို မရှာဖွေနိုင်ကြပေ။ ဤသည်မှာ မည်သည့် အစွမ်းအစမျိုးဖြစ်သနည်း။ အချို့သော အခြားခေါင်းဆောင်များနှင့် အမှုဆောင်များမှာမူ အဆက်မပြတ် မိုးယိုပြီး လေတိုးသည့်၊ အသံမလုံသည့် သို့မဟုတ် အင်တာနက်၊ ရေ၊ လျှပ်စစ်မီးမရှိသည့် အိမ်များကို ငှားရမ်းကြသည်။ ထိုနေရာတွင် တစ်ဦးတလေ မည်သို့ နေထိုင်နိုင်မည်နည်း။ ၎င်းတို့သည် ကောင်းမွန်သောအိမ်များကို လျစ်လျူရှုပြီး ဤမပြည့်စုံသော အိမ်များကို မရမက ငှားရမ်းကြသည်။ ဤသည်မှာ ကိစ္စရပ်များကို နှောင့်နှေးစေသည် မဟုတ်လော။ ညီအစ်ကိုမောင်နှမများသည် အပြင်တွင် ခက်ခက်ခဲခဲ မနေထိုင်ကြရသော်လည်း အိမ်၏ အခြေခံအသုံးအဆောင်များစွာ မရှိချေ၊ ၎င်းတို့သည် တဲထဲတွင် နေရလျှင်ပင် ပိုကောင်းပေဦးမည်။ ညီအစ်ကိုမောင်နှမအများစုသည် ဆင်းရဲဒုက္ခကို ကျင့်သားရနေကြပြီး ဤမျှလောက်သော ဆင်းရဲဒုက္ခကို ခံစားရခြင်းသည် မည်သို့မျှ ပြင်းထန်ခြင်းမရှိဟု ခံစားရကာ ၎င်းတို့ သည်းခံနိုင်လျှင်ပင် ရက်အနည်းငယ်ကြာတိုင်း ဤသို့ အဆက်မပြတ် ဒုက္ခခံနေရခြင်းက ၎င်းတို့၏ တာဝန်ထမ်းဆောင်မှုကို ထိခိုက်သည် မဟုတ်လော။ သို့ဖြစ်၍ အကယ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အစွမ်းအစညံ့ဖျင်းပြီး တာဝန်သိစိတ် ကင်းမဲ့ပါက ဤအလုပ်ကို မထမ်းဆောင်နိုင်ပေ။ ၎င်းတို့သည် ချက်ချင်း နုတ်ထွက်သင့်ပြီး ဤအလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်သောသူတစ်ဦးကို တာဝန်ယူစေရန် ထောက်ခံပေးသင့်သည်။ သို့မှသာ ၎င်းတို့သည် အရေးကြီးသော တာဝန်ထမ်းဆောင်နေသူအများစု၏ နေထိုင်မှုများနှင့် တာဝန်ထမ်းဆောင်မှုတို့ကို ထိခိုက်စေမည် မဟုတ်ပေ။ အရေးကြီးသော တာဝန်များထမ်းဆောင်နေသူတို့အတွက် နေရာချထားပေးခြင်းသည် ကဏ္ဍတစ်ခုချင်းစီတိုင်းကို စဉ်းစားရန် မလိုအပ်သော်လည်း အခြေခံနေထိုင်မှု ပတ်ဝန်းကျင်ကိုမူ အနည်းဆုံးအနေဖြင့် သေချာစေရမည်ဖြစ်သည်။ ဤအရာနှင့်စပ်လျဉ်း၍ အာမခံချက်ရှိသည့်အခါမှသာလျှင် အသင်းတော်၏အလုပ်က ထိခိုက်လိမ့်မည်မဟုတ်ပေ။ ဤအလုပ်သည် လုပ်ဆောင်ရန် လွယ်ကူသလော။ (လွယ်ကူပါသည်။) လုပ်ဆောင်ရန် လွယ်ကူသည်ဟု ပြောရန်မှာ ရိုးရှင်းသော်လည်း အကယ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များက အစွမ်းအစညံ့ဖျင်းသော နားဝေတိမ်တောင်ဖြစ်သည့် လူများဖြစ်ပြီး တာဝန်သိစိတ် ကင်းမဲ့ပါက ၎င်းတို့သည် ယင်းကို လုံးဝ မလုပ်ဆောင်နိုင်ပေ။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဤအလုပ်ကို မလုပ်ဆောင်နိုင်သည့်အခါ သို့မဟုတ် ကောင်းမွန်စွာ မလုပ်ဆောင်နိုင်သည့်အခါ လူများစွာတို့သည် အကျိုးဆက်များကို ခံစားကြရပြီး နေ့စဉ်နေ့တိုင်း အငတ်ဘေးမှ ထွက်ပြေးနေရသည့်အလား အသက်ရှင်နေထိုင်ကြရသည်။ ဤသို့ဖြင့် ၎င်းတို့သည် မိမိတို့၏ တာဝန်ကို မည်သို့ ထမ်းဆောင်နိုင်မည်နည်း။ အချို့သော အယောင်ဆောင် ခေါင်းဆောင်များသည် သမ္မာတရား စည်းမျဉ်းများကို နားမလည်သော်လည်း ထင်ပေါ်ကျော်ကြားလိုကြဆဲဖြစ်သည်။ ၎င်းတို့သည် အလုပ်ကို ကောင်းမွန်စွာ မလုပ်ဆောင်နိုင်သော်လည်း မိမိတို့၏ ရာထူးကို တွယ်ကပ်ကာ မထွက်ခွာဘဲ ရာထူးမှဆင်းရန် ငြင်းဆန်ကြလေသည်။ ထိုသို့သော ခေါင်းဆောင်များကို မည်သို့ ကိုင်တွယ်ဖြေရှင်းသင့်သနည်း။ (၎င်းတို့ကို ဖြုတ်ချသင့်ပါသည်။) ၎င်းတို့ကို ဖြုတ်ချခြင်းက လွယ်ကူသည်။ ပြဿနာမှာ ၎င်းတို့၏ အလုပ်ကို တာဝန်ယူရန် ပိုကောင်းသောသူတစ်ဦး ရှိမရှိ ဖြစ်သည်။ အကယ်၍ မရှိပါက သင်တို့သည် ဤအလုပ်ကို ထမ်းဆောင်နိုင်သလော။ အရေးကြီးသော အလုပ်အမှုထမ်းများတွင် တည်ငြိမ်သော နေထိုင်မှုပတ်ဝန်းကျင်တစ်ခု ရှိသည်ကို သင်တို့ အာမခံနိုင်သလော။ အကယ်၍ လူတစ်ဦးက မကိုင်တွယ်နိုင်ပါက ဤအလုပ်ကို ထမ်းဆောင်ရန် သင်တို့ သုံးဦး သို့မဟုတ် ငါးဦး ပူးပေါင်းဆောင်ရွက်နိုင်သလော။ အကယ်၍ သင်တို့သည်လည်း ဤအလုပ်ကို မစီမံနိုင်ပါက၊ ဤသို့သော ရိုးရှင်းသည့်အလုပ်ကိုပင် သင်တို့ မလုပ်ဆောင်နိုင်ပါက၊ အခြေခံနေထိုင်မှုပတ်ဝန်းကျင်တစ်ခုကိုပင် အာမမခံနိုင်ပါက သင်တို့သည် ဆင်းရဲဒုက္ခနှင့် ဒုက္ခဝေဒနာ အနည်းငယ်ကို ယာယီ ပို၍ ခံစားရမည်ဖြစ်သည်။ အကယ်၍ သင်တို့သည် မိမိတို့၏ တာဝန်ကို ဇွဲဖြင့် ထမ်းဆောင်နိုင်ပြီး သင်တို့၏ ဆင်းရဲဒုက္ခခံစားရန် စိတ်ပိုင်းဖြတ်မှုက လုံလောက်စွာ ခိုင်မာသည်ကို ဘုရားသခင် မြင်တွေ့လျက် အမှုအရာများကို စိတ်ချယုံကြည်စွာ ကိုင်တွယ်ပြီး ပြဿနာများကို ဖြေရှင်းနိုင်သောသူတစ်ဦးကို အလုပ်လုပ်ဆောင်ရန် စေလွှတ်ပါက သင်တို့၏ ဆင်းရဲဒုက္ခခံရသော နေ့ရက်များ ကုန်ဆုံးသွားပြီး သုခချမ်းသာ ကြုံတွေ့ရလိမ့်မည်။ အကယ်၍ ဤပြဿနာများကို ဖြေရှင်းရန် ဤသို့သောသူတစ်ဦးမျှ မလာပါက သင်တို့၏ ကံကြမ္မာကို သင်တို့ လက်ခံရမည်ဖြစ်သည်။ သင်တို့သည် ဆင်းရဲဒုက္ခခံစားရန် ကံပါလာသည်။ သင်တို့သည် ယင်းကို သည်းညည်းခံရမည်ဖြစ်သည်။ သင်တို့သည် မိမိတို့၏ စိတ်နှလုံးကို တည်ငြိမ်စေပြီး ယင်းကို သည်းညည်းခံရမည်ဖြစ်သည်။ အမှန်တကယ်တွင် ဤဆင်းရဲဒုက္ခအနည်းငယ်ကို သည်းညည်းခံခြင်းသည် အကျိုးနပ်၏။ ယင်းသည် ထောင်ထဲတွင်ရှိပြီး ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံစားရခြင်းထက် များစွာ ပိုကောင်းသည်။ အနည်းဆုံးအနေဖြင့် သင်တို့သည် ညှဉ်းပန်းနှိပ်စက်ခြင်း သို့မဟုတ် စစ်ကြောမေးမြန်းခြင်းကို မခံရပေ။ သင်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုနိုင်သေးသည်၊ သင်တို့၏တာဝန်ကို ထမ်းဆောင်နိုင်သေးသည်၊ ညီအစ်ကိုမောင်နှမများနှင့်အတူ အသင်းတော်အသက်တာကို နေထိုင်နိုင်သေးသည်။ အချို့သော ကြောက်လန့်မှုများ၊ အခက်အခဲများနှင့် လမ်းခရီးတွင် အတားအဆီးများ ရှိပြီး သင်တို့သည် မကြာခဏ နေရာပြောင်းရွှေ့ရသော်လည်း ဤသည်မှာ သင်တို့၏အသက်တာတွင် ထူးခြားသော အတွေ့အကြုံတစ်ခုဖြစ်နေဆဲဖြစ်ပြီး ယင်းမှ သင်သည် သင်ခန်းစာများ သင်ယူနိုင်ကာ တစ်စုံတစ်ခုကို ရရှိနိုင်သည်။ ဤသည်မှာ အတော်လေး ကောင်းသည်မဟုတ်လော။ (ဟုတ်ပါသည်။) လူတို့သည် ဆင်းရဲဒုက္ခခံစားရန် စိတ်ပိုင်းဖြတ်မှုရှိသင့်ပြီး ဘုရားသခင်အား သူ အလိုတော်ရှိသည့်အတိုင်း စီစဉ်ညွှန်ကြားခွင့်ပေးသင့်သည်။ အကယ်၍ သင်သည် ဤဆင်းရဲဒုက္ခကို အမှန်တကယ် သည်းညည်းမခံနိုင်ပါက သင်၏စိတ်နှလုံးထဲတွင် ဘုရားသခင်ထံ စိတ်အားထက်သန်စွာ ဆုတောင်းနိုင်သည်။ “ဘုရားသခင်၊ ဆင်းရဲဒုက္ခခံစားနေရသော ကျွန်ုပ်တို့ကို ကြည့်ရှုတော်မူပါ၊ ကျွန်ုပ်တို့ သနားစဖွယ်ဖြစ်လိုက်လေခြင်းပါတကား။ ကျွန်ုပ်တို့သည် မညည်းညူဘဲ၊ နောင်တမရဘဲ ကိုယ်တော်နောက်လိုက်လျှောက်ကြပါသည်။ ကိုယ်တော်အပေါ် ကျွန်ုပ်တို့၏ မယိမ်းယိုင်သော သစ္စာစောင့်သိမှုကို ထောက်ရှု၍ ဤဆင်းရဲဒုက္ခခံရသည့် အသက်တာကို အဆုံးသတ်ပေးတော်မူပါရန် ကျွန်ုပ်တို့ တောင်းလျှောက်ပါသည်။ ကျွန်ုပ်တို့အတွက် သင့်တော်သောနေရာတစ်ခုကို ရှာဖွေပေးရန် သင့်တော်သော ခေါင်းဆောင် သို့မဟုတ် အမှုဆောင်တစ်ဦးကို စေလွှတ်ပေးတော်မူပါရန် ကျွန်ုပ်တို့ တောင်းလျှောက်ပါသည်။ ကျွန်ုပ်တို့သည် နေ့စဉ်နေ့တိုင်း နေရာအနှံ့ ပြောင်းရွှေ့လျက် အပြင်တွင် အဆက်မပြတ် ခက်ခက်ခဲခဲ နေထိုင်နေရပြီး ဤအခြေအနေသည် မည်မျှကြာရှည်မည်ကို ကျွန်ုပ်တို့မသိပါ။ ကျွန်ုပ်တို့သည် နေရာရွှေ့ပြောင်းခံရခြင်းကို မလိုလားတော့ပါ၊ ကျွန်ုပ်တို့အတွက် တည်ငြိမ်သော နေထိုင်ရာတစ်ခုကို ရှာဖွေပေးတော်မူပါ”ဟူ၍ ဖြစ်သည်။ ဤနည်းဖြင့် ဆုတောင်းခြင်းသည် သင့်တော်သလော။ သင်သည် ဤနည်းဖြင့် ဆုတောင်းနိုင်သည်။ ပတ်ဝန်းကျင်၏ လိုအပ်ချက်များအပေါ် အခြေခံ၍ သင်သည် ဤနည်းဖြင့် ဆုတောင်းသင့်သည်။

ဆင်းရဲဒုက္ခကို သည်းညည်းခံခြင်းသည် အခြားရှုထောင့်မှကြည့်သည့်အခါ ထိုသို့သော မကောင်းသည့်အရာတစ်ခု မဟုတ်ပေ။ အချို့သော ဆင်းရဲဒုက္ခကို ခံစားခြင်းသည် သင်၏ စိတ်ဓာတ်ကို ကြံ့ခိုင်စေနိုင်သည်။ သင်၏ စိတ်ဓာတ်ကို ကြံ့ခိုင်စေသည်ဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ ဤဆင်းရဲဒုက္ခကို အဆက်မပြတ် ခံစားခြင်းအားဖြင့် သင်သည် ယင်းကို ယဉ်ပါးသွားပြီး ယင်းကို ဆင်းရဲဒုက္ခအဖြစ် မမှတ်ယူတော့ခြင်းကို ဆိုလိုသည်။ မည်မျှပင် ဆင်းရဲဒုက္ခကို ခံစားရပါစေ နာကျင်သည်ဟု သင် မခံစားရတော့ပေ။ သို့သော် အခြေအနေများနှင့် ရင်ဆိုင်ရသည့်အခါ သင်သည် သင်ခန်းစာအချို့ကို သင်ယူရမည်၊ ထိုးထွင်းသိမြင်မှုအချို့ကို ရရှိရမည်ဖြစ်ပြီး လူတို့အား မည်သို့ ပိုင်းခြားသိမြင်ရမည်ကို သင်ယူရမည်ဖြစ်သည်။ အကယ်၍ ခေါင်းဆောင် သို့မဟုတ် အမှုဆောင်တစ်ဦးသည် အလွန်အမင်း အစွမ်းအစညံ့ဖျင်းပြီး နေရာချထားပေးခြင်းအလုပ်ကိုပင် ကောင်းမွန်စွာ မလုပ်ဆောင်နိုင်ပါက ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသောလူများကို မည်သို့ ထောက်ပံ့ပြီး ဦးဆောင်နိုင်မည်နည်း။ ထိုသို့သောလူများသည် ခေါင်းဆောင်များ သို့မဟုတ် အမှုဆောင်များဖြစ်ရန် မသင့်တော်ပေ။ ဘုရားအိမ်တော်သည် အိမ်များငှားရန် ငွေမရှိခြင်း မဟုတ်သည့်အပြင်၊ ညီအစ်ကိုမောင်နှမများအနေဖြင့် နေထိုင်ဖို့ သတ်မှတ်ထားသည့်နေရာတစ်ခု စဉ်ဆက်မပြတ် မရှိဘဲဖြစ်နေသည်ကို မြင်လိုခြင်းလည်းမရှိပေ။ ဘုရားအိမ်တော်သည် လူတို့အား ဆင်းရဲဒုက္ခကို အမြဲတမ်း ခါးစည်းခံရန် သို့မဟုတ် နေ့စဉ် ခက်ခဲသောဘဝများကို နေထိုင်ရန် အားမပေးပေ။ သို့သော် လူတို့ မည်သည့်ဆင်းရဲဒုက္ခကိုမဆို ခံစားရခြင်းကိုလည်း ရှောင်လွှဲခြင်းမရှိသည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော် အကယ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် နေရာချထားပေးခြင်းအလုပ်ကိုပင် မကိုင်တွယ်နိုင်ဘဲ သင့်တော်သော မည်သည့်အရာကိုမဆို လုပ်ဆောင်ခြင်းက ၎င်းတို့အတွက် အမှန်တကယ် အခက်အခဲတစ်ခုဖြစ်ပါက ၎င်းတို့အတွက် ဝါကြွားရန် မည်သည့်အရာ ကျန်ရှိသေးသနည်း။ ၎င်းတို့တစ်ဦးစီတိုင်းသည် ကြည့်ပျော်ရှုပျော်ရှိကြသော်လည်း၊ ဒီပလိုမာများရှိပြီး အဆင့်အတန်းရှိသောသူတစ်ဦး ဖြစ်သော်လည်း ဤသေးငယ်သောကိစ္စကို ကိုင်တွယ်ခြင်းသည် ၎င်းတို့အတွက် ထိုသို့သော အခက်အခဲတစ်ခု ဖြစ်နေသည်။ ထိုသို့သောအခြေအနေတွင် လုပ်ဆောင်စရာ ဘာမျှမရှိတော့ပေ၊ ယင်းကို ဘုရားသခင်ထံမှသာ သင် ခံယူ၍ရနိုင်သည်။ ဤသည်မှာ လူတို့ သည်းညည်းခံသင့်သည့် ဆင်းရဲဒုက္ခဖြစ်သည်။ သင်သည် ဘုရားသခင်အား သူ့အလိုအတိုင်း စီစဉ်ညွှန်ကြားခွင့်ပေးသင့်သည်။ ဤသည်မှာ မှန်ကန်ပေသည်။ တစ်နေ့တွင် ဤဆင်းရဲဒုက္ခနောက်၌ ပိုကောင်းသောနေ့ရက်များ လိုက်လာပြီး ဤဘဝမျိုးက ဆက်ရှိတော့မည်မဟုတ်ပေ။ သင်သည် မည်သည့်ပတ်ဝန်းကျင်မျိုးတွင် ရှိနေသည်ဖြစ်စေ ကျိုးနွံနာခံခြင်းသဘောထားကို သင် ထိန်းသိမ်းထားသင့်ပြီး ညည်းညူခြင်းကို ရှောင်ကြဉ်သင့်သည်။ အကယ်၍ အချို့သော ခေါင်းဆောင် သို့မဟုတ် အမှုဆောင်သည် အားကိုးမရဘဲ အလုပ်ကို ကောင်းမွန်စွာ မလုပ်ဆောင်ပါက သင်၏ ဘုရားသခင်အပေါ် ရိုးသားမှုနှင့် သစ္စာစောင့်သိမှုကို မထိခိုက်စေနှင့်။ သင်၏ ဘုရားသခင်အပေါ် ကျိုးနွံနာခံခြင်းနှင့် ဘုရားသခင်အပေါ် ကျိုးနွံနာခံသောသဘောထားကိုလည်း မထိခိုက်စေနှင့်။ ဤနည်းအားဖြင့် သင်သည် ဤကိစ္စတွင် ခိုင်မာစွာ ရပ်တည်ခဲ့ပြီး ဖြစ်မည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် သာမန်လူများသာ ဖြစ်ကြသည်။ အကယ်၍ ၎င်းတို့သည် အစွမ်းအစညံ့ဖျင်းပြီး အလုပ်ကို မလုပ်ဆောင်နိုင်ပါက သို့မဟုတ် မိမိတို့၏ တာဝန်ကို မဖြည့်ဆည်းသော အယောင်ဆောင် ခေါင်းဆောင်များဖြစ်ပါက ယင်းမှာ ၎င်းတို့၏ ပုဂ္ဂိုလ်ရေးပြဿနာဖြစ်ပြီး ဘုရားအိမ်တော်နှင့် မည်သို့မျှမဆိုင်ပေ။ ၎င်းတို့ကို ဤနည်းဖြင့် ပြုမူရန် ဘုရားအိမ်တော်က ညွှန်ကြားခဲ့ခြင်းမဟုတ်ပေ။ ၎င်းတို့သည် မိမိတို့၏ တာဝန်မဲ့မှုကြောင့် ထုတ်ဖော်ခြင်းခံခဲ့ရခြင်းမျှသာ ဖြစ်သည်။ ဘုရားအိမ်တော်က ၎င်းတို့အား ပေးအပ်ခဲ့သော အလုပ်ကို မပြီးမြောက်နိုင်သောကြောင့် ၎င်းတို့အနေဖြင့် ဖြုတ်ချခြင်းခံရပြီး ဖယ်ရှားရှင်းလင်းခြင်းကိုသာ ခံရနိုင်သည်။ ထိုသို့သောအခြေအနေများတွင် ဘုရားသခင် ရွေးချယ်ထားသောလူများ ဤဆင်းရဲဒုက္ခကို ခံစားရသည့်အခါ ၎င်းတို့သည် ယင်းကို ဘုရားသခင်ထံမှ ခံယူရမည်ဖြစ်ပြီး ဘုရားသခင်ကို သူ အလိုရှိသည့်အတိုင်း စီစဉ်ညွှန်ကြားခွင့် ပေးရမည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များက အလုပ်ကို ကောင်းမွန်စွာ မလုပ်ဆောင်ခဲ့သည်ဖြစ်စေ၊ ၎င်းတို့တွင် မည်သည့်ပြဿနာရှိသည်ဖြစ်စေကာမူ ဘုရားသခင်က သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်သည်ဟူသည့်အချက်မှာမူ ထာဝရမပြောင်းလဲပေ။ ဘုရားသခင်နောက်သို့ သင်လိုက်ခြင်း၊ ဘုရားသခင်ကို ကျိုးနွံနာခံခြင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်ခံခြင်းတို့သည် မည်သည့်အခါမျှ မပြောင်းလဲသင့်ပေ။ ဤသည်တို့မှာ ထာဝရ သမ္မာတရားများ ဖြစ်ကြသည်။ သင်၏တာဝန်ကို ထမ်းဆောင်နေစဉ် မည်သည့် မနှစ်မြို့ဖွယ်ကိစ္စရပ်များ ပေါ်ပေါက်လာသည်ဖြစ်စေ သင်သည် ယင်းတို့ကို ဘုရားသခင်ထံမှ ခံယူသင့်ပြီး ယင်းတို့ထဲမှ သင်ခန်းစာများကို ယူသင့်သည်။ သင်သည် ဘုရားသခင်ရှေ့မှောက်တွင် သင့်ကိုယ်သင် ငြိမ်သက်စေပြီး ကိုယ်တော်ထံ ဆုတောင်းသင့်ကာ ပြင်ပလောက၏ လွှမ်းမိုးစေခြင်းအား သင့်ကိုယ်သင် မခံစေသင့်ပေ။ သင်သည် အမျိုးမျိုးသော ပတ်ဝန်းကျင်များနှင့် လိုက်လျောညီထွေဖြစ်အောင် သင်ယူရမည်ဖြစ်ပြီး ပတ်ဝန်းကျင်မျိုးစုံတွင် ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံခံစားတတ်ရန် သင်ယူရမည်။ ဤနည်းဖြင့်သာ သင်သည် အသက် ဝင်ရောက်မှုကို ရရှိနိုင်သည်။ အချို့လူများသည် ဝိညာဉ်ရင့်ကျက်မှု နည်းပါးကြသည်။ ဆင်းရဲဒုက္ခ ပေါ်ပေါက်လာသည့်အခါ ၎င်းတို့သည် ညည်းညူပြီး စိုးရိမ်ပူပန်လာကြကာ စိတ်ဆင်းရဲမှုကို ခံစားရပြီး ဘုရားသခင်အပေါ် ယုံကြည်ခြင်း ပျောက်ဆုံးသွားသည်။ ဤသည်မှာ အလွန့်အလွန် မိုက်မဲပြီး မသိနားမလည်ခြင်းပင်တည်း။ လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ထုတ်ဖော်ခြင်းနှင့် ဖယ်ရှားရှင်းလင်းခြင်းကို ခံခဲ့ရပြီးဖြစ်သည်။ သို့သော်လည်း ယင်းသည် သင်နှင့် မည်သည့် ပတ်သက်မှုရှိသနည်း။ ၎င်းတို့က အမှုအရာများကို မသင့်လျော်စွာ စီစဉ်ခဲ့သောကြောင့်သက်သက် သင်သည် အဘယ်ကြောင့် အပျက်သဘောဆောင်ပြီး ဘုရားသခင်နှင့် အလှမ်းဝေးသွားရမည်နည်း။ ဤသည်မှာ လုံးဝ ပုန်ကန်ခြင်းမဟုတ်လော။ (ဟုတ်ပါသည်။) လူတို့သည် တစ်စုံတစ်ရာကို မှားယွင်းစွာ လုပ်ဆောင်မိသည့်အခါ သင်သည် ၎င်းတို့ကို ပိုင်းခြားသိမြင်ပြီး ငြင်းပယ်နိုင်သော်လည်း ဘုရားသခင်ကို မငြင်းပယ်နှင့် သို့မဟုတ် သမ္မာတရားကို မငြင်းပယ်နှင့်။ သမ္မာတရားသည် မမှားပေ၊ ဘုရားသခင်သည် မမှားပေ။ ဘုရားသခင်၏ မူလရည်ရွယ်ချက်မှာ လူတို့အနေဖြင့် ဤသို့သော ဆင်းရဲဒုက္ခကို ခါးစည်းခံရန်မဟုတ်ပေ။ သို့သော် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်အတွက်မူ ဆင်းရဲဒုက္ခအချို့ကို ခံစားရခြင်းသည် အမှန်တကယ် လိုအပ်ပေသည်။ ဆင်းရဲဒုက္ခအနည်းငယ်ကို ခံစားရခြင်းသည် သင့်အတွက် အကျိုးရှိသည်။ အကျိုးကျေးဇူးမှာ သင့်အနေဖြင့် သင်ခန်းစာများ သင်ယူပြီး ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေတတ်ဖို့ သင်ယူခြင်း ဖြစ်သည်။ သင်သည် အမျိုးမျိုးသော ဆင်းရဲဒုက္ခများကို ခံနိုင်လျှင် ခံနိုင်ရည်အချို့ကို ရရှိပြီး ပတ်ဝန်းကျင်အမျိုးမျိုးတွင် သင်၏သက်သေခံချက်၌ ခိုင်မာစွာ ရပ်တည်နိုင်လာမည်ဖြစ်သည်။ ဆင်းရဲဒုက္ခကို ခံနိုင်ရည်ရှိခြင်းသည် ဘုရားသခင်ကို ကျိုးနွံနာခံရန် သင်၏စိတ်ပိုင်းဖြတ်မှုကို ကြံ့ခိုင်စေသည်။ ဤသည်မှာ ဘုရားသခင်၏ မူလရည်ရွယ်ချက်ဖြစ်ပြီး သင့်အထဲ၌ ဘုရားသခင် မြင်လိုသော ရလဒ်ဖြစ်သည်။ အကယ်၍ သင်သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်နိုင်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များအတိုင်း လက်တွေ့လုပ်ဆောင်နိုင်ပါက၊ သင်သည် မည်သည့်လူစားမျိုး သို့မဟုတ် ပတ်ဝန်းကျင်မျိုးကို ကြုံတွေ့ရသည်ဖြစ်စေ ဘုရားသခင်ကို စွန့်ပယ်ခြင်းမှ ရှောင်ကြဉ်နိုင်ပါက၊ ထို့အပြင် မိမိတို့၏ဇာတိပကတိ မည်မျှပင် ဆင်းရဲဒုက္ခခံရပါစေ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် သင်ယူနိုင်ပါက၊ ဘုရားသခင်ကို ကျိုးနွံနာခံမှုရှိနိုင်ပါက၊ မှန်ကန်သော နားလည်သဘောပေါက်မှုနှင့် သဘောထားရှိနိုင်ပါက၊ ဘုရားသခင်အပေါ် မပြောင်းလဲသော ယုံကြည်ခြင်းကို ထိန်းသိမ်းထားနိုင်ပြီး သင်၏စိတ်နှလုံးထဲတွင် ဘုရားသခင်အပေါ် ညည်းညူခြင်း သို့မဟုတ် သူနှင့် ခပ်ကင်းကင်းနေခြင်းတို့မှ ရှောင်ကြဉ်နိုင်ပါက သင်သည် ဝိညာဉ်ရင့်ကျက်မှု ရှိပေသည်။

ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အရေးကြီးသော တာဝန်များ ထမ်းဆောင်နေသူတို့၏ ဘေးကင်းလုံခြုံရေးကို ကာကွယ်ရမည်ဖြစ်ပြီး ၎င်းတို့ကို အပြင်လောက၏ နှောင့်ယှက်မှုမှ ကာကွယ်ပေးရမည်။ ဤအလုပ်တွင် အသေးစိတ်အချက်အလက်များစွာ ပါဝင်သည်။ တစ်ချက်အနေဖြင့် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဤအသေးစိတ်ကျသော တာဝန်များကို မည်သို့ တိတိကျကျ အကောင်အထည်ဖော်ရမည်ဟူသည်ကို နားလည်သင့်သည်။ ထို့အပြင် အချို့သော အထူးအခြေအနေများနှင့် ကြုံတွေ့ရသည့်အခါ ၎င်းတို့သည် တိကျသော ဆုံးဖြတ်ချက်များ ချရမည်ဖြစ်ပြီး ထို့နောက် သင့်တော်သော စည်းမျဉ်းများကို ရှာဖွေကာ အခြေအနေများကို ကိုင်တွယ်ခြင်းအတွက် တိကျသော အစီအစဉ်များကို ရေးဆွဲရမည်။ အဆုံးစွန်သော ပန်းတိုင်မှာ အရေးကြီးသော တာဝန်ထမ်းဆောင်နေသူအမျိုးမျိုး၏ ဘေးကင်းလုံခြုံရေးကို သေချာစေရန် ဖြစ်သည်။ ဤနည်းဖြင့်သာ ဧဝံဂေလိတရားဟောပြောခြင်းအလုပ်က စနစ်တကျ ဆက်လက်ဆောင်ရွက်သွားနိုင်ကြောင်းကို အာမခံနိုင်သည်။ ဤစည်းမျဉ်းကို လိုက်နာခြင်းသည် မှန်ကန်သည်။ ဤသည်မှာ ဤအလုပ်ကို လုပ်ဆောင်ရာတွင် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ ပန်းတိုင်နှင့် စည်းမျဉ်းဖြစ်သည်။ အကယ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဤပန်းတိုင်နှင့် စည်းမျဉ်းကို တိကျစွာ လိုက်နာပါက ဤအလုပ်ကို လုပ်ဆောင်ရာတွင် အခြေခံအားဖြင့် စံနှုန်းပြည့်မီပေသည်။ ဤအလုပ်တွင် အခြားမည်သည့်ပြဿနာများ ပါဝင်သေးသနည်း။ အချို့လူများက “ကျွန်ုပ်သည် ယခင်က ခေါင်းဆောင် သို့မဟုတ် အမှုဆောင် မလုပ်ဖူးပါ၊ ဤကိစ္စမျိုးများကိုလည်း မကြုံတွေ့ဖူးပါ။ ဤအလုပ်တွင် မည်သည့်အရာ လုပ်သင့်သည်ကို ကျွန်ုပ်မသိသည့်အပြင် မည်သို့ လုပ်ဆောင်သင့်သည်ကို မသိပါ။ ထို့ကြောင့် ထိုအလုပ်ကို ကျွန်ုပ် လုပ်ဆောင်ရန် မလိုပါ။ သင်တို့ ဘေးကင်းခြင်း ရှိမရှိဟူသည်ကို အဘယ်သူ အရေးစိုက်သနည်း။ သင်တို့ဘာသာသင်တို့ ကိုင်တွယ်ကြ”ဟု ပြောဆိုကြသည်။ ကိစ္စရပ်ကို ၎င်းတို့ ခေါင်းရှောင်လိုက်ခြင်းသည် လက်ခံနိုင်ဖွယ်ရှိသလော။ (လက်ခံနိုင်ဖွယ်မရှိပါ။) ထိုသို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များကို ဖယ်ရှားသင့်သည်။ သင်သည် လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်ပါက သင့်ကို မည်သည့်အရာအတွက် အသုံးပြုရမည်နည်း။ သင် ရုပ်ရည်ကြည့်ကောင်းသောကြောင့် သင့်ကို အလှထားသည့် ပန်းအိုးအဖြစ် ထားရမည်လော။ ဤသို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များကို ဖြုတ်ချပြီး ဖယ်ရှားရှင်းလင်းရမည်။ ၎င်းတို့ကို မည်သည့်အလုပ်မျှမလုပ်ဘဲ ရာထူးတစ်ခုကို ရယူထားခွင့် မပြုသင့်ပေ။ အယောင်ဆောင် ခေါင်းဆောင်များသည် လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်ကြပေ။ ၎င်းတို့တွင် အသိစိတ်ဖြစ်စေ၊ ဆင်ခြင်တုံတရားဖြစ်စေ ရှိကြသလော၊ သို့မဟုတ် မရှိကြသလော။ အကယ်၍ ၎င်းတို့တွင် အသိစိတ်နှင့် ဆင်ခြင်တုံတရား အမှန်တကယ် ရှိခဲ့ပါက ပြဿနာများ ပေါ်ပေါက်လာသည့်အခါ ဖြေရှင်းရန် သမ္မာတရားကို အဘယ်ကြောင့် မရှာဖွေကြမည်နည်း။ မည်သူမျှ အရာအားလုံးကို မွေးရာပါသိရှိကြသည် မဟုတ်။ လူတိုင်းသည် လုပ်ဆောင်ရင်းဖြင့် သင်ယူကြရခြင်း ဖြစ်သည်။ အကယ်၍ သင်သည် သမ္မာတရားကို ရှာဖွေနိုင်ပါက အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်ရန် နည်းလမ်းတစ်ခုကို သင်တွေ့လိမ့်မည်။ အကယ်၍ သင်သည် တာဝန်သိစိတ်ရှိပါက အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်ရန် နည်းလမ်းတစ်ခုကို သင်စဉ်းစားလိမ့်မည်။ ခေါင်းဆောင်ပိုင်း အလုပ်ကို လုပ်ဆောင်ခြင်းသည် အမှန်တကယ်တွင် ခက်ခဲသောအရာမဟုတ်ပေ။ သမ္မာတရားကို ရှာဖွေနိုင်သမျှကာလပတ်လုံး ထိုအလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်ရန် လွယ်ကူသည်။ ထို့အပြင် ခေါင်းဆောင်များနှင့် အမှုဆောင်များတွင် လုပ်ဖော်ကိုင်ဖက်များ ရှိသည်။ လူနှစ်ဦး သို့မဟုတ် သုံးဦးတို့သည် တစ်စိတ်တစ်ဝမ်းတည်း ရှိနေသရွေ့ မည်သည့်အလုပ်မဆို ပြီးမြောက်ရန် လွယ်ကူသည်။ လတ်တလောတွင် ခေါင်းဆောင်များနှင့် အမှုဆောင်များစွာတို့သည် လေ့ကျင့်နေကြသည်။ ၎င်းတို့သည် ပြဿနာများကို ဖြေရှင်းရန် အမှုအရာအားလုံးတွင် သမ္မာတရားကို ရှာဖွေခြင်းဖြင့် လေ့ကျင့်နေကြသည်။ ဤအချိန်တွင် အနည်းဆုံးအားဖြင့် အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ခေါင်းဆောင်ပိုင်း အလုပ်တွင် အရည်အချင်းပြည့်မီကြပြီး ဧဝံဂေလိတရား ဖြန့်ဝေခြင်းအလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်ရန် အပြည့်အဝ စွမ်းဆောင်နိုင်ကြသည်၊ မှန်သလော။ (မှန်ပါသည်။) သို့ဆိုလျှင် ယနေ့အတွက် ဤအထိ ငါတို့ မိတ်သဟာယဖွဲ့ကြမည်။ နှုတ်ဆက်ပါသည်။

၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။