ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ ပေါ်ထွန်းခြင်း နှင့် အမှုတော် | ကောက်နုတ်ချက် ၇၆

သင်တို့သည် စကားဖြင့်သာသစ္စာရှိကြ၏။ သင်တို့၏အသိသည် ပညာဉာဏ်၊ အယူအဆ တို့နှင့်သာဆိုင်၏။ သင်တို့၏အလုပ်များမှာ ကောင်းကင်မှကောင်းချီးမင်္ဂလာများ ရရှိရေးအတွက် ဖြစ်၏။ ထို့ကြောင့် သင်တို့၏ယုံကြည်ခြင်းသည် မည်သည့်ပုံစံဖြစ်ရမည်နည်း။ ယနေ့တိုင်အောင် သင်တို့သည် သမ္မာတရားအကြောင်းစကားတစ်လုံးစီတိုင်းကို နားမထောင်ကြ။ ဘုရားသခင်သည် မည်သည့်အရာဟူသည်ကို သင်တို့မသိ၊ ခရစ်တော်မည်သည့်အရာဟူသည်ကို သင်တို့မသိ၊ ယေဟောဝါကို မည်သို့လေးစားရမည်ကို သင်တို့မသိ၊ သန့်ရှင်းသောဝိညာဉ်တော်၏ အမှုတော်အတွင်း မည်သို့ဝင်ရောက်ရမည်ကို သင်တို့မသိ၊ ဘုရားသခင်ကိုယ်တိုင်၏ အမှုတော်နှင့် လူသား၏လှည့်ဖြားမှုများအကြား သင်တို့ မခွဲခြားတတ်ကြ။ သင့်အတွေးအခေါ်နှင့် မကိုက်ညီသည့် ဘုရားသခင်၏ထုတ်ဖော်ပြောကြားသည့် သမ္မာတရားကိုသာ သင်ရှုတ်ချတတ်၏။ သင်၏ စိတ်နှလုံး နှိမ့်ချမှု ဘယ်မှာနည်း။ သင်၏လိုက်နာမှု ဘယ်မှာနည်း။ သင်၏သစ္စာရှိမှု ဘယ်မှာနည်း။ သင်၏ သမ္မာတရားရှာလိုစိတ် ဘယ်မှာနည်း။ ဘုရားသခင်အပေါ် သင်၏ရိုသေလေးမြတ်စိတ်သည် အဘယ်မှာနည်း။ နိမိတ်လက္ခဏာများကြောင့် ဘုရားသခင်ကို ယုံကြည်သောသူများသည် ပျက်စီးခြင်းသို့ သေချာစွာ ရောက်မည့်သူများထဲတွင် ပါဝင်မည်ဖြစ်ကြောင်း သင်တို့ကို ငါပြော၏။ ဇာတိပကတိဖြင့် တစ်ဖန်ပြန်၍ ကြွလာသော ယေရှု၏စကားများကို လက်မခံနိုင်သူများသည် ငရဲ၏သားသမီးများ၊ ကောင်းကင် တမန်မင်းမှ ဆင်းသက်လာသူများဖြစ်သည်မှာ သေချာ၏။ ၎င်းတို့အထဲပါဝင်သူများသည် ထာဝရ ပျက်စီးခြင်းသို့ ရောက်လိမ့်မည်။ ငါပြောသည့်အရာများကို လူအများ ဂရုမစိုက်ဘဲနေနိုင်သည်။ သို့သော် ဖြူသော မိုးတိမ်ပေါ်မှနေ၍ ယေရှု ကောင်းကင်ဘုံမှဆင်းသက်လာသည်ကို သင်တို့ မျက်စိဖြင့် တွေ့သည့်အခါ ဤသည်မှာ ဖြောင့်မတ်ခြင်း၏နေမင်း လူသိရှင်ကြားပေါ်ထွက်လာခြင်းဖြစ်၏ဟု သန့်ရှင်းသူများဟုခေါ်ကြသည့် ယေရှု၏နောက်သို့လိုက်သူတိုင်းကို ငါပြောလိုသေး၏။ သင့်အတွက် ထိုအချိန်သည် အလွန်စိတ်လှုပ်ရှားဖွယ်ရာအချိန် ဖြစ်နိုင်သည်။ သို့သော် ယေရှု ကောင်းကင်ဘုံမှ ဆင်းသက်သည်ကို သင်တွေ့ချိန်သည် အပြစ်ဒဏ်ခံရန် သင်ငရဲသို့ဆင်းချိန် ဖြစ်ကြောင်းကိုလည်း သင်သိသင့်သည်။ ဤအချိန်သည် ဘုရားသခင်၏စီမံခန့်ခွဲမှုအစီအစဉ် အဆုံးသတ်ချိန်ကို ကြေညာပြီး ဘုရားသခင်မှ ကောင်းသောသူများကို ဆုချ၍ စဉ်းလဲသူများကို အပြစ်ပေးချိန် ဖြစ်လိမ့်မည်။ အကြောင်းမှာ သမ္မာတရားကို ဖော်ပြချက်သာရှိသည့် အချိန်ဖြစ်သော လူသားသည် နိမိတ်လက္ခဏာများကို မမြင်မီတွင် ဘုရားသခင်၏ တရားစီရင်ခြင်းအမှုသည် ပြီးဆုံးခဲ့ပြီးဖြစ်လိမ့်မည် ဖြစ်သောကြောင့်တည်း။ သမ္မာတရားကိုလက်ခံ၍ နိမိတ်လက္ခဏာများကို ရှာဖွေခြင်းမရှိသဖြင့် သန့်စင်ခြင်းခံရပြီးသူများသည် ဘုရားသခင်၏ပလ္လင်တော်ရှေ့သို့ တစ်ဖန်ပြန်ရောက်ပြီး ဖန်ဆင်းရှင်၏ ထွေးပိုက်မှုသို့ ဝင်ရောက်ရမည်။ “ဖြူသော မိုးတိမ်မစီးသည့် ယေရှုသည် မှားယွင်းသော ယေရှုဖြစ်သည်” ဟု ဆက်လက်ယုံကြည်သူများသည်သာ ထာဝရအပြစ်ပေးခြင်း ခံရမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် နိမိတ်လက္ခဏာများပြသော ယေရှုကိုသာယုံကြည်ကြကာ ပြင်းထန်သည့်တရားစီရင်မှုကို ကြွေးကြော်၍ စစ်မှန်သော အသက်တာလမ်းခရီးကို ထုတ်ပေးသော ယေရှုကိုကား အသိအမှတ်မပြုကြသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ယေရှုသည် ဖြူသော မိုးတိမ်ပေါ်မှ ပွင့်လင်းစွာ တစ်ဖန် ကြွလာချိန်မှ ထိုသူတို့ကို ကိုင်တွယ်ဖြေရှင်းနိုင်မည် ဖြစ်သည်။ ထိုသူတို့သည် ခေါင်းမာလွန်း၏။ မိမိကိုယ်ကိုယ်ယုံကြည်စိတ် များလွန်းပြီး ဝင့်ဝါလွန်းကြသည်။ ဤမျှကိုယ်ကျင့်တရားပျက်ယွင်းနေ သူများကို ယေရှုအနေဖြင့် မည်သို့ဆုချနိုင်မည်နည်း။ သမ္မာတရားကို လက်ခံနိုင်စွမ်းရှိသူများ အတွက် ယေရှုတစ်ဖန်ပြန်ကြွလာခြင်းသည် ကြီးမားသည့်ကယ်တင်ခြင်းတစ်ရပ်ဖြစ်သော်လည်း သမ္မာတရားကို လက်ခံနိုင်စွမ်းမရှိသူများအတွက် ဤသည်မှာ အပြစ်ဒဏ်ပေးခြင်း၏ လက္ခဏာ တစ်ရပ် ဖြစ်သည်။ သင်တို့သည် မိမိလမ်းကြောင်း မိမိရွေးရမည်ဖြစ်ပြီး သန့်ရှင်းသော ဝိညာဉ်တော်ကို ပြစ်မှားပြောဆိုခြင်းနှင့် သမ္မာတရားကို ငြင်းပယ်ခြင်းတို့ မပြုရ။ သင်တို့သည် အသိဉာဏ်ကင်းမဲ့သူနှင့် ဝင့်ဝါသူများ မဖြစ်ရ။ သို့သော် သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြမှုကို လိုက်နာ၍ သမ္မာတရားကို တမ်းတကာ ရှာဖွေသူများ ဖြစ်ရမည်။ ဤနည်းဖြင့်သာ သင့်အတွက် အကျိုးရှိမည်။ ဘုရားသခင်ကိုယုံကြည်သည့်လမ်းကြောင်းကို သတိဖြင့်လျှောက်လှမ်းရန် သင်တို့ကို ငါအကြံပြု၏။ အလွယ်တကူ ကောက်ချက်ချခြင်း မပြုရ။ ထို့အပြင် ဘုရားသခင်အပေါ် သင်တို့ ယုံကြည်ရာတွင် အလွတ်သဘောဖြင့်သော်လည်းကောင်း၊ သတိမပြုဘဲသော်လည်းကောင်း မရှိရ။ ဘုရားသခင်ကို ယုံကြည်သောသူတို့သည် အနည်းဆုံးအနေဖြင့် စိတ်နှလုံးနှိမ့်ချ၍ ရိုသေလေးစားမှု ရှိရမည်ဖြစ်ကြောင်း သင်တို့သိသင့်သည်။ သမ္မာတရားကို ကြားဖူးသော်လည်း ၎င်းတို့အတွက် သေးသိမ်သဖြင့် လက်မခံသောသူတို့သည် မိုက်မဲ၍ အသိဉာဏ်ကင်းမဲ့ကြ၏။ သမ္မာတရားကို ကြားဖူးသော်လည်းသတိမပြုဘဲ အလွယ်တကူကောက်ချက်ချသူများ သို့မဟုတ် ရှုတ်ချသူများ သည် ဝင့်ဝါခြင်းဒုက္ခ ခံစားနေကြ၏။ ယေရှုကိုယုံကြည်သူ မည်သူမျှ တစ်ပါးသူအား ကျိန်ဆဲခြင်း၊ ရှုတ်ချခြင်းများပြုရန် အရည်အချင်းမရှိပါ။ သင်တို့အားလုံးသည် ဆင်ခြင်တုံတရားရှိ၍ သမ္မာတရားကို လက်ခံသူများ ဖြစ်ရမည်။ သင်သည် သမ္မာတရား၏လမ်းခရီးအကြောင်း ကြားခဲ့ပြီး အသက်၏စကားများအကြောင်း ဖတ်ပြီးခဲ့ပြီး ဤစကားလုံး တစ်သောင်းအနက် စကားတစ်လုံးသာ သင်၏ခံယူချက်များနှင့်သမ္မာကျမ်းစာတို့နှင့် ကိုက်ညီသည်ဟု ယူဆကောင်းယူဆနိုင်သည်။ ထို့နောက် သင်သည် ဤစကားလုံးများ၏ တစ်သောင်း မြောက်သောစကားလုံးကို ဆက်လက်ရှာဖွေ ရမည်။ သင်သည် နှိမ့်ချမှုရှိရန်၊ မိမိကိုယ်ကိုယ်ယုံကြည်စိတ် မလွန်ကဲရန်နှင့် မိမိကိုယ်ကိုယ် လွန်ကဲစွာ မချီးကျူးရန် ငါအကြံပြုသေး၏။ သင်၏နှလုံးသားတွင် ဘုရားသခင်ကိုထိုသို့အနည်းငယ် ရိုသေလေးစားမှု ရှိလျှင်ပင် သင်သည် ပို၍ကြီးမားသော အလင်းရောင်ကို တွေ့လာနိုင်ပါလိမ့်မည်။ သင်သည် ဤစကားများကို သေချာစွာစစ်ဆေး၍ ကြိမ်ဖန်များစွာ စဉ်းစားပါက ၎င်းတို့သည် သမ္မာတရား ဟုတ်မဟုတ်နှင့် ၎င်းတို့သည် အသက်ဟုတ်မဟုတ်ကို သင်နားလည်ရမည်။ အချို့သူများသည် ဝါကျတစ်ခု၊ နှစ်ခုကိုသာ ဖတ်ပြီး၍ “ဤသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်း ရစေခြင်းသာဖြစ်သည်” ဟူ၍ဖြစ်စေ၊ “ဤသည်မှာ လူသားတို့အားလှည့်ဖြားရန် ရောက်လာသည့် ခရစ်တော် အတုအယောင်ဖြစ်၏” ဟူ၍ဖြစ်စေ ဤစကားများကို ဆင်ကန်းတောတိုး ရှုတ်ချနိုင်သည်။ ဤသို့ပြောသူများသည် အသိဉာဏ်ကင်းမဲ့မှုဖြင့် မျက်စိကန်းနေကြသည်။ ဘုရားသခင်၏အမှုတော်နှင့် ဉာဏ်အမြော်အမြင်ကို သင်နားလည်သည်မှာ နည်းပါးလွန်း၏။ ထို့ကြောင့် အစမှပြန်စရန် သင့်ကိုငါအကြံပြု၏။ နောက်ဆုံးသော နေ့ရက်များတွင် ခရစ်တော်အတုအယောင်များ ပေါ်ထွက်လာခြင်းကြောင့် သင်တို့သည် ဘုရားသခင် ထုတ်ဖော် ပြောဆိုသော စကားများကို ဆင်ကန်းတောတိုး ရှုတ်ချခြင်း မပြုရ။ သင်တို့သည် လှည့်ဖြားမှုကို ကြောက်ရွံ့သဖြင့် သန့်ရှင်းသော ဝိညာဉ်တော်ကို ပြစ်မှားပြောဆိုခြင်း ပြုသူတစ်ဦး မဖြစ်ရ။ ဤသို့ဖြစ်ပါက လွန်စွာသနားဖွယ်မကောင်းပေဘူးလား။ များစွာစစ်ဆေးပြီးသည့်အခါ ဤစကားများသည် သမ္မာတရား မဟုတ်၊ လမ်းခရီးမဟုတ်၊ ဘုရားသခင်၏ ထုတ်ဖော်ပြောဆိုချက် မဟုတ်ဟု သင်ယုံကြည်ဆဲဖြစ်ပါက သင့်ကို အဆုံးတွင် အပြစ်ဒဏ်ပေးပြီး သင်သည် ကောင်းချီး မင်္ဂလာများ ကင်းမဲ့လိမ့်မည်။ ထိုသို့သော ရိုးရှင်းလှစွာ ပြောဆိုထားသည့် သမ္မာတရားကို သင် လက်မခံနိုင်ပါက သင်သည်ဘုရားသခင်၏ကယ်တင်ခြင်းနှင့် မထိုက်တန်ပေ။ သင်သည် ဘုရားသခင်၏ပလ္လင်တော်ရှေ့ တစ်ဖန်ပြန်ရောက်ရန် ကံမကောင်းသူတစ်ဦး ဖြစ်နေမည်မဟုတ်ပေဘူးလား။ စဉ်းစားကြည့်ပါ။ အလျင်မလိုပါနှင့်၊ စိတ်မြန်လက်မြန် မလုပ်ပါနှင့်။ ထို့အပြင် ဘုရားသခင်အပေါ် ယုံကြည်စိတ်ကို ကစားပွဲတစ်ခုကဲ့သို့ မကိုင်တွယ်ပါနှင့်။ သင်၏ခရီးလမ်းဆုံးအတွက်၊ သင်၏ အလားအလာများအတွက် စဉ်းစားပြီး မိမိကိုယ်ကိုယ်အပေါ် တာဝန်မမဲ့ပါနှင့်။ ဤစကားများကို သင် လက်ခံနိုင်ပါသလား။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယေရှု၏ဝိညာဉ်ခန္ဓာကို သင်တွေ့မြင်သည့်အချိန်တွင် ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို အသစ်တစ်ဖန် ပြုလုပ်ပြီးဖြစ်လိမ့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၃၈၈

ပေတရု ကြိုးစားခဲ့သည့်အရာမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ စစ်ဆေးခြင်းနှင့် သူ့အတွက် ဘုရားသခင် ပေးခဲ့သည့် အမျိုးမျိုးသော စမ်းသပ်မှုများ...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်း | ကောက်နုတ်ချက် ၂၄၇

လူများက ဘုရားသခင်သည် ဖြောင့်မတ်သော ဘုရားသခင်ဖြစ်ပြီး လူသည် ဘုရားသခင်နောက်သို့ အဆုံးထိ လိုက်နေသမျှကာလပတ်လုံး ဘုရားသခင်သည်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၁၇၁

သန့်ရှင်းသောဝိညာဉ်တော်၏ အထူးလမ်းပြပို့ဆောင်ခြင်းကို ခံရသောသူများမှလွဲ၍ မည်သူတစ်ဦးတစ်ယောက်ကမျှ တစ်ကိုယ်တည်း သီးခြား ရှင်သန်မရပ်တည်နိုင်ပေ။...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၂၂၂

သိနိမ်ပြည်သည် မြေကြီးပေါ်၌ အကောင်အထည် ပေါ်လာသည့်အခါတွင်- နိုင်ငံတော် အကောင်အထည် ပေါ်လာသည့်အခါတွင်- ကမ္ဘာမြေပေါ်တွင် စစ်မက်ရှိတော့မည် မဟုတ်။...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။