ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်း | ကောက်နုတ်ချက် ၂၅၉

ဘုရားသခင်သည် ဤကမ္ဘာကြီးအား ဖန်ဆင်းခဲ့ပြီး၊ သက်ရှိသတ္တဝါဖြစ်သည့် လူသားကို ဆောင်ကြဉ်း အသက်သွင်းခဲ့ပါသည်။ တစ်ဖက်တွင် လူတို့သည် မိဘဆွေမျိုးများ ရှိလာပြီး တစ်ဦးတည်း မဟုတ်တော့ပေ။ လူတို့သည် ရုပ်ဝတ္ထုကမ္ဘာကြီးအပေါ်တွင် စတင်မျက်စိကျပြီးသည့်အချိန်မှစကာ သူတို့သည် ဘုရားသခင် အပ်နှင်းထားသည့် အရာအတွင်းတွင်သာ တည်နေရန် စီရင်ခြင်းခံခဲ့ရပါသည်။ ဘုရားသခင်ထံမှ ဇီဝအသက်သည် သက်ရှိတို့အား အရွယ်ရောက်သူအဖြစ် ကြီးထွားလာရန် ပံ့ပိုးပေးသည့်အရာဖြစ်သည်။ ဤဖြစ်စဉ်အတွင်းတွင် လူသားတို့သည် ဘုရားသခင်၏ ဂရုဏာအောက်၌ အသက်ရှင် ကြီးထွားနေသည်ကို မည်သူမှ ယုံကြည်ခြင်း မရှိကြပေ။ ထိုအစား သူတို့သည် သူတို့မိဘများ၏ ချစ်ခြင်းမေတ္တာနှင့် ဂရုစိုက်မှု အောက်တွင် ကြီးထွားလာပြီး၊ ထိုကြီးထွားမှုကို ပင်ကိုယ်ဗီဇသဘာဝတို့က ထိန်းချုပ်ထားသည်ဟု မှတ်ယူကြပါသည်။ အကြောင်းရင်းမှာ လူသားသည် သူတို့အား ဘဝကို အပ်နှင်းထားသောသူကို မသိခြင်း သို့မဟုတ် မည်သည့်အရပ်မှ ဘဝလာသည်ကို မသိခြင်းကြောင့်ဖြစ်သည်။ ပင်ကိုယ်ဗီဇသဘာဝက အံ့ဖွယ်တို့အား မည်ကဲ့သို့ ဖန်တီးပေးသည်ကို ပို၍ပင် မသိကြသောကြောင့်လည်းဖြစ်သည်။ လူသားသည် အစားအစာမှာ အသက်ဆက်ရန် အခြေခံဖြစ်ကြောင်း၊ ဇွဲရှိခြင်းသည် ဘဝတည်မြဲမှု၏ အရင်းအမြစ်ဖြစ်ကြောင်းနှင့် စိတ်ထဲတွင် ယုံကြည်မှုသည် အသက်ရှင်ရပ်တည်နိုင်မှု၏ အကြောင်းရင်းဖြစ်သည်ဟုသာ သိရှိကြသည်။ လူသားသည် ဘုရားသခင်၏ ကျေးဇူးတော်နှင့် ထောက်မမှုတို့ကို မခံစားကြရပေ။ ထို့ကြောင့် လူသားသည် ဘုရားသခင် အပ်နှင်းသော အသက်တာကို ဖြုန်းတီးပစ်ကြသည်။ နေ့နှင့်ည ကြည့်ရှု စောင့်ရှောက်ထားသော ဘုရားသခင်အား တစ်ဦးတစ်ယောက်မျှ မိမိအသိနှင့်မိမိ ဝတ်ပြုကိုးကွယ်လိုခြင်း မရှိကြပေ။ ဘုရားသခင်သည် သူတစ်စုံတစ်ခုပြန်ရရန် မျှော်လင့်ထားခြင်းမရှိသော သူ၏လူသားအတွက် သူစီစဉ်ထားသည့်အတိုင်း ဆက်လက် လုပ်ဆောင်လျက်ရှိသည်။ သူထိုသို့ပြုလုပ်ရခြင်းမှာ တစ်နေ့တွင် လူသားသည် အိပ်မက်မှ နိုးထကာ ရုတ်တရက် ဘဝ၏တန်ဖိုးနှင့် ရည်ရွယ်ချက်ကို နားလည်ပြီး၊ ဘုရားသခင်က လူသားအား ပေးထားသည့် အရာအားလုံး၏ အဖိုးအခကို နားလည်လာကာ ဘုရားသခင်သည် လူသား သူ့ထံ ပြန်လှည့်လာစေရန် မည်မျှမျှော်လင့်နေသည်ကို သိရှိရန် မျှော်လင့်နေသောကြောင့်ဖြစ်ပါသည်။ မည်သူမှ လူသား၏ မူလဘဝနှင့် ရှေ့ဆက်ဘဝတို့အတွက် လျှို့ဝှက်ချက်များကို စဉ်းစားခြင်းမရှိပေ။ ထိုသို့ဖြစ်လင့်ကစား အရာအားလုံးကို နားလည်တော်မူသော ဘုရားသခင်သည် အရာအားလုံးကို သူ့ထံမှ အလကား ရယူနေသော်လည်း ကျေးဇူးတင်ခြင်းမရှိသော လူသားထံမှ နာကျင်စေမှုနှင့် ပစ်ပယ်မှုတို့ကို ငြိမ်သက်စွာ သည်းခံလျက်ရှိပါသည်။ လူသားတို့သည် ဘဝမှပေးသောအရာ အားလုံးကို အလိုအလျောက် ရယူနေပြီး၊ “လုပ်ရိုးလုပ်စဉ်အနေဖြင့်” လူသားတို့သည် ဘုရားသခင်အား သစ္စာဖောက်၍ မေ့လျော့ကြကာ ခြိမ်းခြောက်တောင်းယူလျက်ရှိသည်။ ဘုရားသခင်၏ အစီအစဉ်သည် အမှန်တကယ်ပင် ထိုမျှ အရေးကြီးပါသလား။ ဘုရားသခင်၏ လက်တော်မှလာသော သက်ရှိလူသားသည် အမှန်တကယ်ပင် ထိုမျှ အရေးကြီးပါသလား။ ဘုရားသခင်၏ အကြံအစည်သည် လုံးဝအရေးကြီးပါသည်။ သို့ရာတွင် ဘုရားသခင်၏ လက်တော်ဖြင့် ဖန်ဆင်းခဲ့သော သက်ရှိများသည် သူ၏အကြံအစည်အတွက် တည်ရှိနေခြင်းဖြစ်သည်။ သို့ဖြစ်ရာ လူသားတို့ကို မုန်းတီးခြင်းကြောင့် ဘုရားသခင်သည် သူ၏အကြံအစည်ကို အလဟဿ အဖြစ်မခံနိုင်ပေ။ သူ၏ အကြံအစည်နှင့် သူ့ဇီဝအသက် မှုတ်သွင်းထားခဲ့သည့်အတွက်သာ နာကျင်မှုအားလုံးကို သည်းခံနေခြင်းဖြစ်ပြီး လူသားတို့၏ အသွေးအသားအတွက် မဟုတ်ဘဲ လူသားတို့၏ဘဝအတွက် ဖြစ်ပါသည်။ သူသည် လူသားတို့၏ အသွေးအသားကို ပြန်ရယူလိုခြင်းမဟုတ်ဘဲ သူမှုတ်သွင်းခဲ့သော အသက်ကို ပြန်လည်ရယူလိုခြင်း ဖြစ်ပါသည်။ ဤသည်မှာ သူ၏အကြံအစည် ဖြစ်ပါသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်သည် လူ့အသက်၏ အရင်းအမြစ်ဖြစ်သည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၂၄

ဘုရားသခင် ဧဝကို ဖန်ဆင်းသည် ကမ္ဘာဦးကျမ်း ၂:၁၈-၂၀ ထိုအခါ ယေဟောဝါ ဘုရားသခင်က လူသည် တစ်ယောက်တည်းနေမည်မှာ မကောင်းပေ။ သူ့အတွက်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၇၁

နောက်ဆုံးသောကာလတွင် ဘုရားသခင်၏ အမှုသည် အလွန်ကြီးမားလှသော ယုံကြည်စိတ်ချမှု၊ ယောဘ၏ ယုံကြည်စိတ်ချမှုထက်ပင် သာ၍ကြီးမားသော ယုံကြည်စိတ်ချမှု...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်း | ကောက်နုတ်ချက် ၂၆၂

ကျွန်ုပ်တို့၏ ဖြစ်တည်မှုအလုံးစုံမှာ ဘုရားသခင်အထံတော်မှလာပြီး ဘုရားသခင်၏ အချုပ်အခြာ အာဏာတော်၏ ကျေးဇူးတော်ကို တွေ့မြင်နိုင်သောကြောင့်၊...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၈၂

ပေတရုနှင့် ပေါလုတို့၏ အနှစ်သာရများထဲက ကွဲပြားခြားနားမှုမာ အသက်အား မလိုက်စားသောသူများ အားလုံးသည် အချည်းနှီး အားထုတ်ကြသည်ကို သင်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။