ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘာသာတရား အယူအဆများကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၂၉၉

ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်သည် အနှစ်ခြောက်ထောင် သက်တမ်းရှိပြီး ယင်းကို သူ့အမှု၏ ကွဲပြားခြားနားမှုများအပေါ် အခြေခံ၍ ခေတ်သုံးခေတ်အဖြစ်သို့ ခွဲခြားထားသည်။ ပထမခေတ်သည် ဓမ္မဟောင်း ပညတ်တော်ခေတ်ဖြစ်သည်၊ ဒုတိယခေတ်သည် ကျေးဇူးတော်ခေတ် ဖြစ်ပြီး၊ တတိယခေတ်မှာ နောက်ဆုံးသော ကာလနှင့် သက်ဆိုင်သည့်ခေတ်- နိုင်ငံတော်ခေတ်ဖြစ်သည်။ ခေတ်အသီးသီးတွင် ကွဲပြားခြားနားသော ပင်ကိုလက္ခဏာတစ်ခုကို ဖော်ပြထား၏။ ဤသည်မှာ အမှုထဲက ကွဲပြားခြားနားမှု၊ ဆိုလိုသည်မှာ၊ အမှု၏ သတ်မှတ်ချက်များကြောင့်သာ ဖြစ်သည်။ ပညတ်တော်ခေတ်အတွင်းရှိ အမှု၏ ပထမအဆင့်ကို ဣသရေလပြည်တွင် ဆောင်ရွက်ခဲ့ပြီး၊ ရွေးနုတ်ခြင်းအမှုကို အဆုံးသတ်ခြင်းနှင့်ဆိုင်သည့် ဒုတိယ အဆင့်ကို ယုဒပြည်တွင် ဆောင်ရွက်ခဲ့သည်။ ရွေးနုတ်ခြင်း အမှုအတွက် ယေရှုသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ပဋိသန္ဓေစွဲယူခြင်းမှတစ်ဆင့် တစ်ပါးတည်းသော သားတော်အဖြစ် မွေးဖွားခဲ့သည်။ ဤအရာအားလုံးသည် အမှု၏ သတ်မှတ်ချက်များကြောင့် ဖြစ်သည်။ နောက်ဆုံးသော ကာလတွင် ဘုရားသခင်သည် ၎င်းတို့အလယ် သူ၏ နာမတော် ကြီးမြတ်နိုင်ဖို့အလို့ငှာ သူ၏အမှုအား တစ်ပါးအမျိုးသား တိုင်းနိုင်ငံများထဲသို့ ချဲ့ထွင်ရန်နှင့် ထိုနေရာရှိ လူတို့ကို သိမ်းပိုက်ရန် ဆန္ဒရှိလေသည်။ သမ္မာတရားအားလုံးကို သိနားလည်ခြင်းနှင့် ဝင်ရောက်ခြင်းထဲသို့ လူသားကို လမ်းပြရန် သူ ဆန္ဒရှိသည်။ ဤအမှုအားလုံးကို ဝိညာဉ်တော်တစ်ပါးတည်းက ဆောင်ရွက်ခြင်း ဖြစ်သည်။ သူသည် မတူကွဲပြားသော ရှုထောင့်များမှ ထိုသို့ လုပ်ကောင်း လုပ်နိုင်သော်လည်း၊ အမှု၏ သဘာဝနှင့် အခြေခံသဘောတရားများမှာ တူနေဆဲဖြစ်သည်။ ၎င်းတို့ ဆောင်ရွက်ခဲ့သော အမှု၏သဘာဝနှင့် အခြေခံသဘောတရားများကို သင် လေ့လာစောင့်ကြည့်သည်နှင့်တစ်ပြိုင်နက်၊ အားလုံးကို ဝိညာဉ်တော် တစ်ပါးတည်းက ဆောင်ရွက်သည်ကို သင်သိလိမ့်မည်။ အချို့က “ခမည်းတော်သည် ခမည်းတော်ဖြစ်ပြီး၊ သားတော်က သားတော်ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် သန့်ရှင်းသော ဝိညာဉ်တော် ဖြစ်ပြီး၊ အဆုံးတွင် ၎င်းတို့သည် တစ်ဦးတည်း ဖြစ်ကြလိမ့်မည်။” ဟု ဆိုကောင်း ဆိုနိုင်သေးသည်။ သို့ဆိုလျှင် သင်သည် ၎င်းတို့ကို တစ်ဦးတည်းအဖြစ် မည်သို့ဖြစ်စေသင့်သနည်း။ ခမည်းတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်သည် အဘယ်ကဲ့သို့ တစ်ဦးတည်း ဖြစ်နိုင်မည်နည်း။ အကယ်၍ ၎င်းတို့သည် ပင်ကိုအားဖြင့် နှစ်ပါးဖြစ်ခဲ့သည်ဆိုပါက၊ ၎င်းတို့ကို မည်သို့ ပေါင်းစပ်သည်ဖြစ်စေ၊ အစိတ်အပိုင်းနှစ်ခု ဖြစ်ဆဲရှိကြမည် မဟုတ်လော။ သင်သည် ၎င်းတို့အား တစ်ဦးတည်း ဖြစ်စေခြင်းအကြောင်း ပြောဆိုရာတွင်၊ ယင်းမှာ ကွဲပြားသော အစိတ်အပိုင်းနှစ်ခုကို တစ်လုံးတစ်ဝတည်း ဖြစ်စေရန် ပေါင်းစည်းခြင်း သက်သက်ဖြစ်သည် မဟုတ်လော။ သို့သော် ၎င်းတို့သည် တစ်လုံးတစ်ဝတည်း မဖြစ်မီတွင် အစိတ်အပိုင်းနှစ်ခု ဖြစ်ခဲ့သည် မဟုတ်လော။ ဝိညာဉ်တော်အသီးသီးသည် ခြားနားသော အနှစ်သာရ တစ်ခုရှိပြီး၊ ဝိညာဉ်တော် နှစ်ပါးကိုလည်း တစ်ပါးတည်း အဖြစ်သို့ ပြုလုပ်၍ မရနိုင်ပေ။ ဝိညာဉ်တော်သည် ရုပ်ဝတ္ထုအရာတစ်ခု မဟုတ်သကဲ့သို့၊ ရုပ်ဝတ္ထု လောကကြီးထဲက မည်သည့်အရာနှင့်မျှ မတူပေ။ လူသားက မြင်သကဲ့သို့၊ ခမည်းတော်သည် ဝိညာဉ်တော် တစ်ပါးဖြစ်ပြီး၊ သားတော်သည် နောက်ထပ် တစ်ပါးဖြစ်ကာ၊ သန့်ရှင်းသော ဝိညာဉ်တော်သည်လည်း နောက်တစ်ပါး ဖြစ်ပြီး၊ ဝိညာဉ်တော် သုံးပါးကို ဖန်ခွက်သုံးခွက်ထဲမှ ရေများကဲ့သို့ တစ်လုံးတစ်ဝတည်းအဖြစ်သို့ ရောနှောလိုက်ခြင်း ဖြစ်သည်။ ထိုအခါ သုံးပါးသည် တစ်ပါးတည်းဖြစ်သွားသည် မဟုတ်လော။ ဤသည်မှာ မှားယွင်းပြီး အဓိပ္ပာယ်မရှိသော ရှင်းပြချက်သက်သက်ပင်တည်း။ ဤသည်မှာ ဘုရားသခင်အား ခွဲခြင်း ဖြစ်သည် မဟုတ်လော။ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်တို့ကို အဘယ်သို့ တစ်ဦးတည်း ဖြစ်စေ၍ ရနိုင်သနည်း။ ၎င်းတို့သည် ကွဲပြားခြားနားသော သဘာဝများနှင့် အစိတ်အပိုင်း သုံးခု ဖြစ်ကြသည် မဟုတ်လော။ “ဘုရားသခင်က ယေရှုကို သူ၏ချစ်သောသားဟု ပွင့်လင်းစွာ ဖော်ပြခဲ့သည် မဟုတ်လော။” ဟု ဆိုကြသော အခြားသူများ ရှိကြသည်။ ယေရှုသည် ဘုရားသခင်၏ နှစ်သက်မြတ်နိုးရာ ချစ်သား ဖြစ်သည်- ဤအရာကို ဘုရားသခင် ကိုယ်တော်တိုင် သေချာပေါက် ပြောခဲ့ပေသည်။ ယင်းမှာ ဘုရားသခင်သည် မိမိကိုယ်ကိုယ် သက်သေခံခြင်း ဖြစ်သည်၊ သို့သော် ကောင်းကင်ဘုံရှိ ဝိညာဉ်တော်က သူကိုယ်တိုင်၏ လူ့ဇာတိခံယူခြင်းကို သက်သေခံနေခြင်း ဟူသည့် ကွဲပြားခြားနားသော ရှုထောင့်မှသာ ဖြစ်သည်။ ယေရှုသည် သူ၏ လူ့ဇာတိ ခံယူခြင်း ဖြစ်ပြီး၊ ကောင်းကင်ဘုံရှိ သူ၏ သားတော်မဟုတ်ပေ။ သင်နားလည်ပါ၏လော။ “ငါသည် ခမည်းတော်၌ရှိသည်ကိုလည်းကောင်း၊ ခမည်းတော်သည် ငါ၌ ရှိတော်မူသည်ကိုလည်းကောင်း၊” ဟူသော ယေရှု၏ စကားများသည် ၎င်းတို့မှာ ဝိညာဉ်တော် တစ်ပါးတည်း ဖြစ်သည်ကို ညွှန်းပြသည် မဟုတ်လော။ လူ့ဇာတိခံယူခြင်းကြောင့်သာ ၎င်းတို့သည် ကောင်းကင်နှင့် မြေကြီးကြားတွင် ခွဲခွာနေရခြင်း ဖြစ်သည် မဟုတ်လော။ လက်တွေ့အရှိတရားတွင်၊ ၎င်းတို့သည် တစ်ပါးတည်း ဖြစ်နေဆဲ ဖြစ်သည်။ မည်သို့ပင် ဖြစ်စေကာမူ၊ ယင်းသည် ဘုရားသခင်က မိမိကိုယ်ကိုယ် သက်သေခံခြင်း သက်သက် ဖြစ်သည်။ ခေတ်များထဲက အပြောင်းအလဲ၊ အမှု၏ သတ်မှတ်ချက်များနှင့် သူ၏ စီမံခန့်ခွဲမှု အစီအစဉ်၏ ကွဲပြားခြားနားသော အဆင့်များကြောင့်၊ သူ့ကို လူကခေါ်ဆိုသော နာမတော်သည်လည်း ကွဲပြားခြားနားပေသည်။ အမှု၏ ပထမအဆင့်အား ဆောင်ရွက်ရန် သူကြွလာခဲ့ချိန်တွင်၊ သူ့ကို ဣသရေလလူမျိုးများ၏ သိုးထိန်းရှင်ဖြစ်သူ ယေဟောဝါဟူ၍သာ ခေါ်၍ရနိုင်ခဲ့သည်။ ဒုတိယအဆင့်တွင်၊ လူ့ဇာတိခံ ဘုရားသခင်ကို သခင်နှင့် ခရစ်တော် ဟူ၍သာ ခေါ်ဆို၍ရနိုင်ခဲ့သည်။ သို့သော် ထိုအချိန်တွင်၊ ကောင်းကင်ဘုံရှိ ဝိညာဉ်တော်က သူသည် ဘုရားသခင်၏ ချစ်မြတ်နိုးသောသား ဟူ၍သာ ဖော်ပြခဲ့ပြီး၊ ဘုရားသခင်၏ တစ်ဦးတည်းသော သားတော်ဟူသော သူ၏ဖြစ်ခြင်းနှင့်ပတ်သက်၍ မည်သည့် ဖော်ပြချက်မှ မပြုခဲ့ပေ။ ဤသည်မှာ တကယ်ကို မဖြစ်ပျက်ခဲ့ပေ။ အဘယ်သို့ ဘုရားသခင်သည် ကလေးတစ်ဦးတည်းသာ ရှိနိုင်မည်နည်း။ သို့ဆိုလျှင် ဘုရားသခင်သည် လူသား ဖြစ်လာပြီးဖြစ်မည် မဟုတ်လော။ သူသည် လူ့ဇာတိခံယူခြင်း ဖြစ်ခဲ့သောကြောင့်၊ သူ့ကို ဘုရားသခင်၏ ချစ်သောသားဟု ခေါ်ဆိုခဲ့ပြီး၊ ဤအရာမှ ခမည်းတော်နှင့် သားတော်ကြားက ဆက်နွှယ်မှု ဖြစ်လာပေသည်။ ယင်းမှာ ကောင်းကင်နှင့် မြေကြီးကြားရှိ ခြားနားခြင်းကြောင့် သက်သက် ဖြစ်သည်။ ယေရှုသည် လူ့ဇာတိ၏ ရှုထောင့်မှ ဆုတောင်းခဲ့သည်။ သူသည် ထိုသို့သော ပုံမှန်လူသားသဘာဝ၏ ဇာတိပကတိကို ယူတင် ဝတ်ဆင်ထားခဲ့ပြီးဖြစ်သည့် အတွက်၊ “ငါ၏ အပြင်ပန်းအကာသည် ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ အရာသာ ဖြစ်သည်။ ငါသည် ဤကမ္ဘာမြေသို့ ကြွလာရန် လူ့ဇာတိအား ယူတင်ဝတ်ဆင်သည့်အတွက်၊ ယခုတွင် ငါသည် ကောင်းကင်ဘုံနှင့် အလွန့်အလွန် ဝေးကွာလျက်ရှိ၏။” ဟုသူပြောခဲ့သည်မှာ လူ့ဇာတိ၏ ရှုထောင့်မှ ဖြစ်သည်။ ဤအကြောင်းရင်းကြောင့်၊ သူသည် ခမည်းတော် ဘုရားသခင်အား ဇာတိပကတိ၏ ရှုထောင့်မှသာ ဆုတောင်းနိုင်ခဲ့သည်။ ဤသည်မှာ သူ၏တာဝန် ဖြစ်ခဲ့ပြီး၊ ယင်းမှာ လူ့ဇာတိခံ ဘုရားသခင်၏ ဝိညာဉ်တော်က ဖြည့်ဆည်းထားသင့်သည့် အရာ ဖြစ်သည်။ သူသည် ခမည်းတော်အား လူ့ဇာတိ၏ ရှုထောင့်မှ ဆုတောင်းခဲ့သောကြောင့်သာ၊ သူသည် ဘုရားသခင် မဟုတ်ဟု ပြော၍မရနိုင်ပေ။ သူသည် ဝိညာဉ်တော်၏ လူ့ဇာတိခံယူခြင်းသာ ဖြစ်ပြီး၊ သူ၏ အနှစ်သာရသည် ဝိညာဉ်တော် ဖြစ်နေဆဲ ဖြစ်သည့်အတွက်၊ သူသည် ဘုရားသခင်၏ ချစ်သားဟု ခေါ်ဆိုခံခဲ့ရသော်လည်း၊ ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်ဆဲဖြစ်ခဲ့သည်။ လူတို့က သူသည် ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်ပါက၊ အဘယ်ကြောင့် ဆုတောင်းခဲ့သနည်းဟု တွေးကြသည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် သူသည် လူ့ဇာတိခံ ဘုရားသခင်၊ လူ့ဇာတိအတွင်း အသက်ရှင်သည့် ဘုရားသခင် ဖြစ်ခဲ့ပြီး၊ ကောင်းကင်ဘုံရှိ ဝိညာဉ်တော် မဟုတ်ခဲ့သောကြောင့် ဖြစ်သည်။ လူတို့မြင်သည့်အတိုင်း၊ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော် အားလုံးသည် ဘုရားသခင်ဖြစ်သည်။ သုံးပါးလုံးက တစ်ပါးတည်း ဖြစ်စေသည်ကိုသာ တစ်ဆူတည်းသော စစ်မှန်သည့် ဘုရားသခင်ဟု မှတ်ယူနိုင်ပြီး၊ ဤနည်းဖြင့် သူ၏ တန်ခိုးသည် ထူးခြားစွာ ကြီးမားသွားသည်။ ဤနည်းဖြင့်သာ သူသည် ခုနှစ်ဆပြင်းသော ဝိညာဉ်တော် ဖြစ်သည်ဟု ပြောဆိုကြသော သူအချို့ ရှိသေးသည်။ သူ၏ ကြွလာခြင်းနောက် သားတော် ဆုတောင်းခဲ့ချိန်တွင်၊ သူ ဆုတောင်းခဲ့သည်မှာ ဝိညာဉ်တော်ထံ ဖြစ်သည်။ လက်တွေ့အရှိတရားတွင်၊ သူသည် ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ ရှုထောင့်မှ ဆုတောင်းနေခဲ့ပေသည်။ အကြောင်းမှာ လူ့ဇာတိသည် အလုံးစုံ မဟုတ်သည့်အတွက်၊ သူသည် လူ့ဇာတိ ဖြစ်လာခဲ့ချိန်တွင် အလုံးစုံ မဖြစ်ခဲ့သကဲ့သို့ အားနည်းချက်များစွာ ရှိခဲ့ပြီး၊ လူ့ဇာတိ၌ သူ၏အမှုကို ဆောင်ရွက်ခဲ့ချိန်တွင် သူသည် များစွာ ဒုက္ခခံခဲ့ရသည်။ ယင်းမှာ သူသည် သူ၏ ကားစင်တင်ခံရခြင်း မတိုင်မီတွင် ခမည်းတော် ဘုရားသခင်ထံ သုံးကြိမ်သုံးခါ ဆုတောင်းခဲ့သည့်အပြင်၊ ယင်းမတိုင်မီတွင် အကြိမ်များစွာ ဆုတောင်းခဲ့သည့် အကြောင်းရင်း ဖြစ်သည်။ သူသည် သူ၏ တပည့်တော်များအလယ်တွင် ဆုတောင်းခဲ့သည်။ တောင်ပေါ်တွင် တစ်ဦးတည်းလည်း သူ ဆုတောင်းခဲ့သည်။ သူသည် ငါးဖမ်းလှေပေါ်တွင် ဆုတောင်းခဲ့သည်။ မြောက်မြားလှစွာသော လူအုပ်ကြီးအလယ်တွင် သူဆုတောင်းခဲ့သည်။ မုန့်အား ချိုးဖဲ့သောအခါတွင် သူဆုတောင်းခဲ့သည်။ ပြီးလျှင် အခြားသူများအား သူကောင်းချီးပေးနေချိန်တွင် ဆုတောင်းခဲ့သည်။ သူသည် အဘယ်ကြောင့် ထိုသို့ ပြုခဲ့သနည်း။ သူဆုတောင်းခဲ့သည့်သူမှာ ဝိညာဉ်တော် ဖြစ်သည်။ သူသည် ဇာတိပကတိ၏ ရှုထောင့်မှ ဝိညာဉ်တော်၊ ကောင်းကင်ဘုံရှိ ဘုရားသခင်ထံ ဆုတောင်းခဲ့ပေသည်။ ထို့ကြောင့် လူ၏ ရှုထောင့်မှ၊ ယေရှုသည် အမှု၏ ထိုအဆင့်တွင် သားတော် ဖြစ်လာခဲ့ခြင်း ဖြစ်သည်။ သို့သော် ဤအဆင့်တွင်၊ သူသည် ဆုမတောင်းပေ။ ဤသည်မှာ အဘယ်ကြောင့်နည်း။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် သူထုတ်ဆောင်သည့် အရာသည် နှုတ်ကပတ်တော်၏ အမှုနှင့် နှုတ်ကပတ်တော်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ ဖြစ်သောကြောင့် ဖြစ်သည်။ သူသည် ဆုတောင်းခြင်းများ မလိုအပ်သကဲ့သို့ သူ၏ အမှုတော်သည် စကားပြောရန် ဖြစ်သည်။ သူသည် လက်ဝါးကပ်တိုင်ထက် အတင်မခံရသကဲ့သို့၊ အာဏာရှိသော သူများလက်ထဲသို့ လူ၏ လွှဲအပ်ခြင်းလည်း မခံရပေ။ သူသည် သူ၏ အမှုကို ရိုးစင်းစွာ ဆောင်ရွက်သည်။ ယေရှု ဆုတောင်းခဲ့သည့်အချိန်တွင်၊ သူသည် ခမည်းတော် ဘုရားသခင်အား ကောင်းကင်နိုင်ငံတော် ဆင်းသက် လာခြင်းအတွက်၊ ခမည်းတော်၏ အလို ပြည့်စုံနိုင်ရန်အတွက်နှင့် လာမည့် အမှုအတွက် ဆုတောင်းခဲ့ခြင်း ဖြစ်သည်။ ဤအဆင့်တွင် ကောင်းကင်နိုင်ငံတော်သည် ဆင်းသက်နှင့်ပြီး ဖြစ်သည်၊ ထို့ကြောင့် သူသည် ဆုတောင်းရန် လိုသေးသလော။ သူ၏ အမှုသည် ခေတ်ကို အဆုံးသတ် တစ်ခုသို့ ဆောင်ကြဉ်းရန် ဖြစ်ပြီး၊ နောက်ထပ် ခေတ်အသစ်များ မရှိတော့သောကြောင့်၊ နောက်တစ်ဆင့်အတွက် ဆုတောင်းရန် လိုအပ်မှု ရှိပါသလော။ အားတော့နာပါရဲ့၊ လိုအပ်မှု မရှိပေ။

လူ၏ ရှင်းပြချက်များတွင် ဆန့်ကျင်ကွဲလွဲမှု များစွာရှိသည်။ အမှန်တွင် ဤအရာအားလုံးသည် လူ၏ အယူအဆများသာ ဖြစ်သည်။ နောက်ထပ် စေ့စေ့စပ်စပ် စစ်ဆေးခြင်း မရှိဘဲနှင့်၊ ယင်းတို့ မှန်ကန်သည်ဟု သင်တို့အားလုံး ယုံကြည်ပေမည်။ သုံးပါးတစ်ဆူ ဘုရားသခင်ဟူသော ထင်မြင်ယူဆချက်များသည် လူ၏ အယူအဆများသာဖြစ်သည်ကို သင်တို့မသိလေသလော။ လူနှင့်သက်ဆိုင်သည့် မည်သည့် အသိပညာမျှ ပြည့်ဝပြီး စေ့စပ်သေချာခြင်း မရှိပေ။ အမြဲ မစင်ကြယ်မှုများရှိပြီး၊ လူသည် ထင်မြင်ယူဆချက် အလွန်များလှပေသည်။ ဤအရာက ဖန်ဆင်းခံ သတ္တဝါတစ်ဦးသည် ဘုရားသခင်၏ အမှုအား တကယ်ကို မရှင်းပြနိုင်သည်ကို ဖော်ပြပေသည်။ လူ၏ စိတ်ထဲတွင် များစွာရှိနေပြီး အားလုံးသည် သမ္မာတရားနှင့် သဘောကွဲလွဲသော တွေးခေါ်ဆင်ခြင်မှုနှင့် အတွေးများမှ လာခြင်း ဖြစ်သည်။ သင်၏ ဆင်ခြင်တွေးခေါ်မှုစနစ်သည် ဘုရားသခင်၏ အမှုကို စေ့စေ့စပ်စပ် ပိုင်းခြားစိတ်ဖြာနိုင်သလော။ သင်သည် ယေဟောဝါ၏ အမှုအားလုံးထဲသို့ ထိုးထွင်းသိမြင်မှုတစ်ခု ရရှိနိုင်သလော။ ယင်းကို လုံးဝ ရိပ်စားမိနိုင်သူမှာ လူသားအနေဖြင့် သင်ဖြစ်သလော၊ သို့မဟုတ် ကမ္ဘာအဆက်ဆက် မြင်နိုင်သောသူမှာ ဘုရားသခင် ကိုယ်တိုင်ဖြစ်သလော။ ရှေးယခင် ထာဝရကာလမှ နောင်လာမည့် ထာဝရ ကာလတိုင်အောင် မြင်နိုင်သောသူမှာ သင်ဖြစ်သလော၊ သို့တည်းမဟုတ် ထိုသို့ ပြုနိုင်သောသူမှာ ဘုရားသခင်ပေလော။ သင်မည်သို့သဘောရသနည်း။ ဘုရားသခင်အကြောင်း ရှင်းပြရန် သင် မည်သို့ထိုက်တန်ရသနည်း။ သင့်ရှင်းပြချက်သည် မည်သည်အခြေခံအကြောင်းရင်းအပေါ်တွင် ရှိသနည်း။ သင်သည် ဘုရားသခင်လော။ ကောင်းကင်၊ မြေကြီးနှင့် ထိုအထဲရှိ အရာခပ်သိမ်းကို ဖန်ဆင်းထားခဲ့သူမှာ ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည်။ ဤအရာကို လုပ်ဆောင်ခဲ့သူမှာ သင်မဟုတ်၊ ထို့ကြောင့် သင်သည် မမှန်ကန်သော ရှင်းပြချက်များကို အဘယ်ကြောင့် ပေးနေရသနည်း။ ယခုတွင် သင်သည် သုံးပါးတစ်ဆူ ဘုရားသခင်ကို ဆက်ယုံကြည်သေးသလော။ ဤနည်းလမ်းသည် အလွန် ကိုယ်ရောစိတ်ပါ ပင်ပန်းသည်ဟု သင် မထင်သလော။ ဘုရားသခင် သုံးပါးမဟုတ်ဘဲ၊ တစ်ပါးတည်းကိုသာ ယုံကြည်ရန်မှာ သင့်အတွက် အကောင်းဆုံး ဖြစ်မည်။ သခင်၏ ဝန်သည်ပေါ့သည့်အတွက်၊ ပေါ့ပါးရသည်မှာ အကောင်းဆုံး ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သုံးပါးတစ်ဆူ တည်ရှိပါသလော

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၅၄

ဘုရားသခင်အကြောင်းကို ယောဘသည် နားနှင့်ကြားခဲ့၏ ယောဘ ၉:၁၁ ငါ့ရှေ့မှာကြွတော်မူ၍ ကိုယ်တော်ကိုငါမမြင်ရ။ လျှောက်သွားတော်မူ၍ ကိုယ်တော်ကို...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘာသာတရား အယူအဆများကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၂၉၈

ဤအရာက လူအများစုအတွက် ကမ္ဘာဦးကျမ်းမှ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အမှတ်ရကောင်း အမှတ်ရစေနိုင်သည်- “‘ငါတို့’ ပုံသဏ္ဌာန်နှင့်အညီ...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ပန်းတိုင်များနှင့် အဆုံးသတ်များ | ကောက်နုတ်ချက် ၅၉၇

လူသားမျိုးနွယ်က ငြိမ်သက်ခြင်းချမ်းသာထဲသို့ မဝင်ရောက်မီ၊ လူအမျိုးအစား အသီးသီးသည် အပြစ်ပေးခံရမည် သို့မဟုတ် ဆုလာဘ်ချီးမြှင့်ခံရမည်ဆိုသည်ကို...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၇၃

သခင်ယေရှု၏ ပုံဥပမာများ မျိုးစေ့ကြဲသူ၏ ပုံဥပမာ (ရှင်မဿဲ ၁၃:၁-၉) တောပင်များ၏ ပုံဥပမာ (ရှင်မဿဲ ၁၂:၂၄-၃၀) မုန်ညင်းစေ့၏ ပုံဥပမာ (ရှင်မဿဲ...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။