သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ

အမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ ဖွင့်ဆိုချက်များ (ဘုရားသခင်ကို သိကျွမ်းရာ လမ်းခရီး)
အနန္တတန်ခိုးရှင် ဘုရားသခင်၏ မိန့်မြွက်ချက်များ (ဘုရားသခင်ကို သိကျွမ်းရာ လမ်းခရီး)
Recital-Christ-expression
နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ
ဘုရားသခင်ထံမှ ဂန္တဝင် နှုတ်ကပတ်တော်များ (ကောက်နုတ်ချက်များ)
ဘုရားသခင်ထံမှ ဂန္တဝင် နှုတ်ကပတ်တော်များ (ကောက်နုတ်ချက်များ)

သင်၏စိတ်နှလုံးထဲ၌ အလွန်ကြီးမားသောလျှို့ဝှက်ချက်တစ်ခုရှိ၍ သင်သည် အလင်းကင်းမဲ့သောလောကထဲ၌အသက်ရှင်နေထိုင်နေသည့်အတွက်ကြောင့် ၎င်းကို မည်သည့်အခါမျှ သတိမမူမိခဲ့ချေ။ သင်၏စိတ်နှလုံးနှင့် ဝိညာဉ်သည်ဆိုးယုတ်သောသူ၏ဆွဲလုခြင်းကို ခံခဲ့ရ၏။ သင်၏မျက်လုံးများသည် မှောင်မိုက်၏ဖုံးကွယ်ခြင်းကို ခံရပြီး သင်သည် ကောင်းကင်မှနေလုံးကိုသာမက ညအခါ မှိတ်တုတ်မှိတ်တုတ်လင်းသောကြယ်ကိုလည်းမြင်နိုင်ခြင်း မရှိပေ။ သင်၏နားများမှာလိမ်လည်လှည့်ဖြားသောစကားများဖြင့် ပိတ်ဆို့ခြင်းကိုခံရပြီး သင်သည် ယေဟောဝါ၏မြည်ဟည်းသောအသံကိုသာမက ပလ္လင်တော်မှ စီးဆင်းသောရေတို့၏အသံကိုလည်း မကြားရချေ။ သင်သည် တရားသဖြင့်ပိုင်ဆိုင်သမျှ၊ သင့်အပေါ် အနန္တတန်ခိုးရှင် ပေးအပ်သောအရာမှန်သမျှကိုဆုံးရှုံးခဲ့လေပြီ။ ကယ်မရန် တန်ခိုးမရှိ၊ ဆက်လက်ရှင်သန်ရန် မျှော်လင့်ချက်မရှိဘဲ အဆုံးမဲ့ဒုက္ခပင်လယ်တစ်ခုသို့ သင် ဝင်ရောက်ခဲ့ပြီး သင်ပြုသမျှမှာ ရုန်းကန်ခြင်းနှင့်အလောတကြီးလုပ်ဆောင်ခြင်းသာ ဖြစ်၏... ယင်းအခိုက်အတန့်မှအစပြု၍ သင်သည် ဆိုးယုတ်သောသူ၏ဖိစီးနှိပ်စက်ခြင်းကိုခံရန်၊ အနန္တတန်ခိုးရှင်၏ကောင်းချီးမင်္ဂလာများနှင့် ဝေးကွာစေရန်၊ အနန္တတန်ခိုးရှင်၏ထောက်ပံ့မှုများနှင့် အလှမ်းဝေးစေရန်၊ ပြန်လမ်းမရှိသောလမ်းမတစ်ခု၌ လျှောက်လှမ်းစေရန်ပျက်စီးကိန်းသို့ရောက်ခဲ့၏။ အကြိမ်တစ်သန်း ခေါ်တော်မူခြင်းမှာ သင်၏စိတ်နှလုံးနှင့်ဝိညာဉ်ကိုအနည်းငယ်မျှနှိုးဆွနိုင်ခြင်းမရှိပေ။ သင်သည် လမ်းညွှန် သို့မဟုတ်လမ်းပြအမှတ်အသားများ မရှိသောအကန့်အသတ်မဲ့နယ်ပယ်တစ်ခုထဲသို့ သင့်အား သွေးဆောင်ခဲ့သည့် ဆိုးယုတ်သောသူ၏လက်ထဲ၌နှစ်ခြိုက်စွာအိပ်စက်လေ၏။ ထိုအချိန်မှစ၍နောင်တွင် သင်သည် သင်၏မူလအပြစ်ကင်းစင်ခြင်းနှင့်သန့်ရှင်းခြင်းကို ဆုံးရှုံးခဲ့ရပြီး အနန္တတန်ခိုးရှင်၏စောင့်ရှောက်ခြင်းကို စတင်ရှောင်ရှားခဲ့၏။ သင်၏စိတ်နှလုံးအတွင်း၌ ဆိုးယုတ်သောသူသည်ကိစ္စအားလုံး၌ သင့်ကို ပဲ့ကိုင်ပြီး သင်၏အသက်ဖြစ်ခဲ့ရသည်။ သင်သည် သူ့ကို ကြောက်ရွံ့ခြင်း၊ ရှောင်တိမ်းခြင်းသို့မဟုတ် သံသယဖြစ်ခြင်း မရှိတော့ဘဲ သင်၏စိတ်နှလုံးထဲ၌ ဘုရားသခင်အဖြစ် သဘောထားသည်။ သင်သည် သူ့ကို စတင်ကာ ရိုသေကိုင်းရှိုင်းခြင်း၊ကိုးကွယ်ခြင်းပြု၍ သင်တို့နှစ်ဦးသည် သေခြင်းတရား၌ စိတ်နှစ်မြှုပ်သကဲ့သို့ အသက်ရှင်ခြင်း၌လည်း စိတ်နှစ်မြှုပ်ကာခန္ဓာကိုယ်နှင့် အရိပ်ကဲ့သို့ တစ်ပူးတွဲတွဲ ဖြစ်လာလေ၏။ သင်သည် မည်သည့်နေရာမှလာခဲ့ကြောင်း၊ အဘယ်ကြောင့် မွေးဖွားလာခဲ့ကြောင်းသို့မဟုတ် အဘယ်ကြောင့် သေဆုံးမည်ဖြစ်ကြောင်းကို လုံးဝမသိချေ။ သင်သည် အနန္တတန်ခိုးရှင်ကို သူစိမ်းတစ်ဦးကဲ့သို့ သဘောထား၏၊ သင့်အတွက် သူလုပ်ပေးခဲ့သည့်အရာအားလုံးကို မဆိုထားနှင့် သူ၏ဇာစ်မြစ်များကိုပင် သင် မသိပေ။ သူ့ထံမှ လာသမျှသည် သင့်အတွက် မုန်းတီးဖွယ် ဖြစ်လာ၏၊ သင်သည် ၎င်းကို ချစ်ခင်မြတ်နိုးခြင်း မရှိသကဲ့သို့၎င်း၏တန်ဖိုးကိုလည်း မသိချေ။ သင်သည် အနန္တတန်ခိုးရှင်၏ထောက်ပံ့ခြင်းကိုလက်ခံရရှိခဲ့သည့်နေ့မှအစပြု၍ ဆိုးယုတ်သောသူနှင့်တွဲဖက်၍ လျှောက်လှမ်းလေ၏။ သင်သည် ဆိုးယုတ်သောသူနှင့်အတူမိုးသက်လေပြင်းများနှင့် မုန်တိုင်းများကို နှစ်ထောင်ပေါင်းများစွာ ကြံ့ကြံ့ခံခဲ့ပြီး သင်၏အသက်အရင်းအမြစ်ဖြစ်သော ဘုရားသခင်ကိုသူနှင့်အတူ တစ်စိတ်တစ်ဝမ်းတည်း ဆန့်ကျင်၏။ သင်သည် ပျက်စီးခြင်းချောက်ကမ်းပါး၌ရောက်ရှိနေပြီဖြစ်ကြောင်း မဆိုထားနှင့်၊ နောင်တတရားအကြောင်း ဘာမျှမသိချေ။ ဆိုးယုတ်သောသူသည် သင့်ကို သွေးဆောင်ဖြားယောင်းပြီးဖိစီးနှိပ်စက်ကြောင်း သင် မေ့လျော့လေပြီ၊ သင်သည် သင်၏ဇာစ်မြစ်များကို မေ့လျော့ခဲ့ခြင်းဖြစ်လေတကား။ ဆိုးယုတ်သောသူသည် လမ်းခရီးအဆင့်တိုင်း၌သင့်အား ယနေ့တိုင် ဤနည်းအတိုင်း ဖိစီးနှိပ်စက်ခဲ့ခြင်းဖြစ်၏။ သင်၏စိတ်နှလုံးနှင့် ဝိညာဉ်တို့သည်ထုံထိုင်းပြီး ယိုယွင်းပျက်စီးစေခြင်းခံရ၏။ သင်သည် လူ့လောကကြီးထဲမှ စိတ်အနှောင့်အယှက်များအကြောင်းညည်းတွားခြင်းကို ရပ်စဲခဲ့်သည်၊ လောကကြီးမှာ တရားမျှတမှုမရှိဟူ၍ သင် ထင်မြင်ယူဆခြင်း မရှိတော့ပေ။ သင်သည် အနန္တတန်ခိုးရှင် တည်ရှိသည်၊ မတည်ရှိသည်ကိုသာ၍ပင် ဂရုမစိုက်ချေ။ ဤအရာမှာ အဘယ်ကြောင့်နည်းဟူမူကား ဆိုးယုတ်သောသူသည် သင်၏စစ်မှန်သောဖခင် ဖြစ်သည်ဟုကာလအတန်ကြာက သင်ယူဆခဲ့၍ သူ့ထံမှ မခွဲခွာနိုင်ခြင်းကြောင့်ဖြစ်၏။ ဤသည်မှာ သင်၏စိတ်နှလုံးအတွင်းမှ လျှို့ဝှက်ချက်ပေတည်း။ အရုဏ်ဦးရောက်သည့်အခါ မိုးသောက်ကြယ်သည်အရှေ့အရပ်၌ စတင်ထွန်းလင်းလေ၏။ ဤကြယ်သည် ထိုနေရာ၌ ယခင်ကတစ်ခါမျှမရှိဖူးသော ကြယ်ဖြစ်ပြီး ငြိမ်သက်အေးချမ်း၍ မှိတ်တုတ်မှိတ်တုတ်လင်းနေသောမိုးကောင်းကင်များကို အလင်းရောင်ပေးကာ လူတို့၏စိတ်နှလုံးများထဲ၌ ကွယ်ပျောက်စေခြင်းခံခဲ့ရသည့်အလင်းကိုတဖန်လောင်မြိုက်စေ၏။ သင်နှင့် အခြားသူများအပေါ်၌ ထပ်တူထပ်မျှထွန်းလင်းသော ဤအလင်း၏ကျေးဇူးကြောင့်လူသားတို့သည် အထီးကျန်ခြင်း မဖြစ်တော့ချေ။ သို့သော်လည်း သင်တစ်ဦးတည်းညအမှောင်ထဲ၌ နှစ်ခြိုက်စွာအိပ်ပျော်လျက်နေ၏။ သင်သည် အသံလည်းမကြား၊ အလင်းလည်းမမြင်ပေ၊ အသစ်သောကောင်းကင်နှင့် မြေကြီး၊ခေတ်ကာလအသစ်ပေါ်ထွန်းကြောင်းကို မသိပေ၊ အဘယ်ကြောင့်ဆိုသော် သင်၏အဖက “ငါ့သား၊ မထနှင့်ဦး၊ စောသေးသည်။ ရာသီဥတုလည်းအေးသည်၊ ထို့အတွက်ကြောင့် အပြင်သို့မသွားနှင့်၊ သင့်မျက်လုံးများ ဓါးလှံဖြင့် ထိုးမိမည့်အကြောင်းစိုးရိမ်စရာရှိ၍ဖြစ်၏” ဟု ဆိုသောကြောင့်ဖြစ်သည်။ သင်သည် သင့်အဖ၏ သတိပေးချက်များကိုသာ ယုံကြည်စိတ်ချ၏၊ အဘယ်ကြောင့်ဆိုသော် သင့်အဖသည် သင့်ထက် အသက်အရွယ်အိုမင်း၍သင့်ကိုအလွန်အမင်းချစ်သောကြောင့် သင့်အဖသာမှန်သည်ဟု သင်ယုံကြည်ခြင်းကြောင့်ဖြစ်၏။ ယင်းကဲ့သို့ သတိပေးချက်များနှင့် ချစ်ခြင်းသည် လောကကြီးထဲ၌ အလင်းရှိသည်ဟူသော ဒဏ္ဍာရီအပေါ်ယုံကြည်မှုကို ရပ်တန့်စေသည်၊ ၎င်းတို့သည် ဤလောကကြီးထဲ၌သမ္မာတရား ရှိသေးခြင်း ရှိမရှိကို အရေးမစိုက်ဘဲနေစေ၏။ သင်သည် အနန္တတန်ခိုးရှင်၏ ကယ်မခြင်းကိုဆက်လက်၍ မမျှော်လင့်ရဲတော့ချေ။ သင်သည် ရှိရင်းစွဲအခြေအနေအပေါ် တင်းတိမ်နေ၏၊ အလင်းပေါ်ထွန်းမှုကို မျှော်မှန်းခြင်း၊ ဒဏ္ဍာရီထဲ၌ ဆိုထားသကဲ့သို့အနန္တတန်ခိုးရှင် ကြွလာခြင်းကို ရှာဖွေခြင်း မရှိတော့ချေ။ သင့်အနေနှင့်၊ လှပသောအရာမှန်သမျှသည်ပြန်လည်လန်းဆန်းစေနိုင်ခြင်း မရှိ၊ ၎င်းမှာ တည်ရှိနိုင်ခြင်းမရှိဟု ထင်လေ၏။ သင်၏အမြင်တွင် လူသားမျိုးနွယ်၏ မနက်ဖြန်၊လူသားမျိုးနွယ်၏ အနာဂတ်သည် ကွယ်ပျောက်သွား၍ ချေဖျက်ခြင်းခံရသည်ဟု မြင်လေ၏။ သင်၏ခွန်အားရှိသမျှဖြင့် သင့်အဖ၏အဝတ်အစားကို တွယ်ဖက်ထား၏၊ အခက်အခဲများကို မျှဝေခံစားရန် အပူအပင်မရှိ၊ သင်၏ခရီးသွားဖော်နှင့် သင်၏ ဝေးလံသောခရီး၏ ဦးတည်ချက်တို့အားဆုံးရှုံးရမည်ကို စိုးရိမ်ပူပန်လေ၏။ ကျယ်ပြောပြီးဝိုးတိုးဝါးတားဖြစ်သော လူ့လောကကြီးသည် ဤလောက၏မတူညီသော အခန်းကဏ္ဍများ၌ ဖြည့်စွက်ရာတွင်တွန့်ဆုတ်ခြင်းမရှိဘဲ တုန်လှုပ်ခြင်းကင်းမဲ့လျက်ရှိသောသင်တို့များစွာကို ဖွဲ့စည်းခဲ့သည်။ ၎င်းသည် သေခြင်းတရားကို မကြောက်ရွံ့သော“စစ်သည်” များစွာကို ဖန်တီးပေးခဲ့၏။ ထိုမျှမက ၎င်းသည် မိမိတို့ကိုဖန်ဆင်းခြင်း၏ ရည်ရွယ်ချက်ကိုမသိနားမလည်သည့် ထုံထိုင်း၍ တုံ့ဆိုင်းရပ်တန့်နေသောလူသားများကိုတစ်သုတ်ပြီးတစ်သုတ် ပြုလုပ်ပေးခဲ့ပြီးဖြစ်သည်။ အနန္တတန်ခိုးရှင်၏မျက်လုံးများသည်ပြင်းပြင်းထန်ထန် ဖိစီးနှိပ်စက်ခံရသော လူသားမျိုးနွယ်ထဲမှ တစ်ဦးချင်းစီနှင့် မျိုးနွယ်ဝင်အယောက်တိုင်းကို ကြည့်ရှုသုံးသပ်လေ၏။ သူကြားရသောအရာမှာ ဒုက္ခဆင်းရဲခံနေရသောသူတို့၏ မြည်တမ်းသံဖြစ်၏၊ သူမြင်ရသောအရာမှာ ဖိစီးနှိပ်စက်ခံရသောသူတို့၏အရှက်တရားကင်းမဲ့မှုဖြစ်ပြီး သူခံစားရသောအရာမှာ ကယ်တင်ခြင်းကျေးဇူးတော်ကိုဆုံးရှုံးခဲ့ပြီးသောလူသားမျိုးနွယ်တစ်ခု၏ ခိုကိုးရာမဲ့မှုနှင့် စိုးရိမ်ပူပန်မှုဖြစ်၏။ လူသားမျိုးနွယ်သည် သူ၏စောင့်မခြင်းကို ငြင်းပယ်ကာမိမိတို့ ကိုယ်တိုင်၏လမ်းကြောင်း၌ လျှောက်လှမ်းရန် ရွေးချယ်ကြပြီး သူ၏မျက်လုံးများဖြင့် စေ့စေ့စပ်စပ် စစ်ဆေးခြင်းကိုရှောင်တိမ်းရန် ကြိုးစားကြ၍ ရန်သူနှင့်အတူ နက်ရှိုင်းသောပင်လယ်၏ခါးသီးမှုကိုနောက်ဆုံး အစက်အထိပင် တစိမ့်စိမ့်အရသာခံရန် ပို၍နှစ်သက်ကြ၏။ အနန္တတန်ခိုးရှင်၏ သက်ပြင်းချတော်မူခြင်းကိုလူသားတို့ ကြားရခြင်း မရှိတော့ချေ၊ အနန္တတန်ခိုးရှင်၏ လက်တော်များသည် ဝမ်းနည်းဖွယ်ရာဖြစ်သောဤလူသားမျိုးနွယ်ကို ကြင်နာစွာထွေးပိုက်ရန် အလိုမရှိတော့ချေ။ သူသည် ကြိမ်ဖန်များစွာ ပြန်ဖမ်းပြီး ကြိမ်ဖန်များစွာ လက်လွှတ်ရပြန်သည်၊ သူပြုသောအမှုမှာ ဤကဲ့သို့ အဖန်တလဲလဲ ဖြစ်လေ၏။ ထိုအခိုက်အတန့်မှစ၍ သူသည် ပင်ပန်းခြင်း၊စိတ်ကုန်ခြင်းတို့ကို စတင်ခံစားရသဖြင့် လက်ထဲမှအလုပ်ကို သူရပ်ကာလူသားမျိုးနွယ်အကြား၌ လျှောက်လှမ်းခြင်းကို ရပ်တန့်လေ၏... လူသားတို့သည် ဤအပြောင်းအလဲများအကြောင်းတစ်စုံတစ်ရာကိုမျှ လုံးလုံး သတိမမူမိကြဘဲ အနန္တတန်ခိုးရှင်၏ သွားခြင်းနှင့် လာခြင်း၊ ဝမ်းနည်းခြင်းနှင့် လွမ်းဆွေးခြင်းကို သတိမမူမိကြပေ။

“အနန္တတန်ခိုးရှင် သက်ပြင်းချတော်မူခြင်း” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ

  • ခရစ်ယာန်တစ်ယောက်၏ အသက်တာ
  • ဘုရားသခင်ကို သိမြင်ခြင်း
အမှုတော် အဆင့်သုံးဆင့် အရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် စွမ်းဆောင်ရရှိသည် (ကောက်နုတ်ချက် ၂) ရွေးနုတ်ခြင်းခေတ်၏အမှု နောက်ကွယ်မှ အဖြစ်မှန် (ကောက်နုတ်ချက် ၁) ရွေးနုတ်ခြင်းခေတ်၏အမှု နောက်ကွယ်မှ အဖြစ်မှန် (ကောက်နုတ်ချက် ၃) နိုင်ငံတော်ခေတ်သည် နှုတ်ကပတ်တော်ခေတ်ဖြစ်သည် (ကောက်နုတ်ချက် ၁) ကယ်တင်ရှင်သည် “ဖြူသောမိုးတိမ်” အားစီးလျက် ကြွလာခဲ့ပြီးဖြစ်သည် (ကောက်နုတ်ချက် ၂) ကယ်တင်ရှင်သည် “ဖြူသောမိုးတိမ်” အားစီးလျက် ကြွလာခဲ့ပြီးဖြစ်သည် (ကောက်နုတ်ချက် ၃) ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည် (ကောက်နုတ်ချက် ၁) ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည် (ကောက်နုတ်ချက် ၂) ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည် (ကောက်နုတ်ချက် ၃) ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည် (ကောက်နုတ်ချက် ၄) ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည် (ကောက်နုတ်ချက် ၅) ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည် (ကောက်နုတ်ချက် ၆) ဘုရားသခင်၏ ပေါ်ထွန်းခြင်း နှင့် အမှုတော် ယေရှု၏ဝိညာဉ်ခန္ဓာကို သင်တွေ့မြင်သည့်အချိန်တွင် ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို အသစ်တစ်ဖန် ပြုလုပ်ပြီးဖြစ်လိမ့်မည် (ကောက်နုတ်ချက် ၁) ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားများ စကြဝဠာတစ်ခွင်လုံး ပျံ့နှံ့သွားမည်ဟု နိမိတ်ပြနေသည့် မိုးချုန်းသံ ခုနစ်ချက် (ကောက်နုတ်ချက် ၁) ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားများ စကြဝဠာတစ်ခွင်လုံး ပျံ့နှံ့သွားမည်ဟု နိမိတ်ပြနေသည့် မိုးချုန်းသံ ခုနစ်ချက် (ကောက်နုတ်ချက် ၂) ကယ်တင်ရှင်သည် “ဖြူသောမိုးတိမ်” အားစီးလျက် ကြွလာခဲ့ပြီးဖြစ်သည် (ကောက်နုတ်ချက် ၁) ဘုရားသခင်၏ ပေါ်ထွန်းခြင်းသည် ခေတ်သစ်တစ်ခေတ်ကို အစပြုခဲ့၏ (ကောက်နုတ်ချက် ၂) ဘုရားသခင်၏ ပေါ်ထွန်းခြင်းသည် ခေတ်သစ်တစ်ခေတ်ကို အစပြုခဲ့၏ (ကောက်နုတ်ချက် ၁) ယေရှု၏ဝိညာဉ်ခန္ဓာကို သင်တွေ့မြင်သည့်အချိန်တွင်ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကိုအသစ်တစ်ဖန် ပြုလုပ်ပြီးဖြစ်လိမ့်မည် (ကောက်နုတ်ချက် ၂) နောက်ဆုံးသောကာလတွင် တရားစီရင်ခြင်း ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏ (ကောက်နုတ်ချက် ၂) ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို ပို၍လိုအပ်သည် (ကောက်နုတ်ချက် ၆) ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏ (ကောက်နုတ်ချက် ၁) လူ့ဇာတိခံယူခြင်း ဘုရားသခင်သည် လူသားများအကြား၌ ကြီးမားသည့် အမှုအား ဆောင်ရွက်ခဲ့သည်ကို သင်သိပါသလား (ကောက်နုတ်ချက် ၁) ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို ပို၍လိုအပ်သည် (ကောက်နုတ်ချက် ၂) ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို ပို၍လိုအပ်သည် (ကောက်နုတ်ချက် ၆) နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာလူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည် (ကောက်နုတ်ချက် ၃) ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို ပို၍လိုအပ်သည် (ကောက်နုတ်ချက် ၁) ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို ပို၍လိုအပ်သည် (ကောက်နုတ်ချက် ၃) ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို ပို၍လိုအပ်သည် (ကောက်နုတ်ချက် ၄) ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို ပို၍လိုအပ်သည် (ကောက်နုတ်ချက် ၇) ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို ပို၍လိုအပ်သည် (ကောက်နုတ်ချက် ၈) လူ့ဇာတိခံယူထားသော ဘုရားသခင်နှင့်ဘုရားအသုံးပြုသောလူတို့ကြားပဓာနကျသည့် ကွာခြားချက် (ကောက်နုတ်ချက် ၂) လူ့ဇာတိခံယူထားသော ဘုရားသခင်နှင့်ဘုရားအသုံးပြုသောလူတို့ကြားပဓာနကျသည့် ကွာခြားချက် (ကောက်နုတ်ချက် ၁) ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း ဘုရားသခင်၏ အလုပ်နှင့် လူသား၏အလုပ် (ကောက်နုတ်ချက် ၇) ဘုရားသခင်၏ အလုပ်နှင့် လူသား၏အလုပ် (ကောက်နုတ်ချက် ၈) လူသားစိတ်ကူးသလောက် ဘုရားသခင်၏ အမှုသည် ရိုးရှင်းသလော (ကောက်နုတ်ချက် ၁) ဘုရားသခင်၏ ယနေ့ကာလ အမှုကို သိခြင်း (ကောက်နုတ်ချက် ၁) ဘုရားသခင်၏ ယနေ့ကာလ အမှုကို သိခြင်း (ကောက်နုတ်ချက် ၂) လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို ဖော်ထုတ်ခြင် အနန္တတန်ခိုးရှင် သက်ပြင်းချတော်မူခြင်း (ကောက်နုတ်ချက် ၁) ပန်းတိုင်များနှင့် အဆုံးသတ်များ ဘုရားသခင်နှင့် လူသားသည် အနားယူခြင်းထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည် (ကောက်နုတ်ချက် ၁)
ဘုရားသခင်၏ နှုတ်ကပတ်တော် | “သိမ်းပိုက်ခြင်းအလုပ်၏ အတွင်းသမ္မာတရား (၁)” | ကောက်နုတ်ချက် ၃၁ ဘုရားသခင်၏ နှုတ်ကပတ်တော် | “ဘုရားသခင်၏ ယနေ့ကာလ အမှုကို သိခြင်း” | ကောက်နုတ်ချက် ၃၂ ဘုရားသခင်၏ နှုတ်ကပတ်တော် | “လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)” | ကောက်နုတ်ချက် ၃၃ ဘုရားသခင်၏ နှုတ်ကပတ်တော် | “အရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် စွမ်းဆောင်ရရှိသည်” | ကောက်နုတ်ချက် ၃၄ ဘုရားသခင်၏ နှုတ်ကပတ်တော် | “အရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် စွမ်းဆောင်ရရှိသည်” | ကောက်နုတ်ချက် ၃၅ ဘုရားသခင်၏ နှုတ်ကပတ်တော် | “အရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် စွမ်းဆောင်ရရှိသည်” | ကောက်နုတ်ချက် ၃၆ ဘုရားသခင်၏ နှုတ်ကပတ်တော် | “အရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် စွမ်းဆောင်ရရှိသည်” | ကောက်နုတ်ချက် ၃၇ ဘုရားသခင်၏ နှုတ်ကပတ်တော် | “ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၂)” | ကောက်နုတ်ချက် ၃၈ ဘုရားသခင်၏ နှုတ်ကပတ်တော် | “ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)” | ကောက်နုတ်ချက် ၃၉ ဘုရားသခင်၏ နှုတ်ကပတ်တော် | “ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)” | ကောက်နုတ်ချက် ၄၀ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)” | ကောက်နုတ်ချက် ၄၁ ဘုရားသခင်၏ နှုတ်ကပတ်တော် | “ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို ပို၍လိုအပ်သည်” | ကောက်နုတ်ချက် ၈၃ ဘုရားသခင်၏ နှုတ်ကပတ်တော် | “သင်တို့သည် ရာထူးဂုဏ်ဒြပ်ဆိုင်ရာ ကောင်းချီးများကို ဘေးဖယ်ပြီး လူသားအတွက် ကယ်တင်ခြင်းကို ယူဆောင်လာရန် ဘုရားသခင်၏ အလိုတော်ကို နားလည်သင့်၏” | ကောက်နုတ်ချက် ၈၄ ဘုရားသခင်၏ နှုတ်ကပတ်တော် | “သင်တို့သည် ရာထူးဂုဏ်ဒြပ်ဆိုင်ရာ ကောင်းချီးများကို ဘေးဖယ်ပြီး လူသားအတွက် ကယ်တင်ခြင်းကို ယူဆောင်လာရန် ဘုရားသခင်၏ အလိုတော်ကို နားလည်သင့်၏” | ကောက်နုတ်ချက် ၈၅ ဘုရားသခင်၏ နှုတ်ကပတ်တော် | “ဘုရားသခင်ကိုသိသောသူများသာလျှင် ဘုရားသခင်အတွက် သက်သေကို ခံနိုင်ကြသည်” | ကောက်နုတ်ချက် ၈၆ ဘုရားသခင်၏ နှုတ်ကပတ်တော် | “သင်သည် နာကျင်သည့်စမ်းသပ်မှုများကို တွေ့ကြုံခြင်းဖြင့်သာ ဘုရားသခင်၏နှစ်လိုဖွယ်ကောင်းခြင်းကို သိနိုင်မည်” | ကောက်နုတ်ချက် ၈၇ ဘုရားသခင်၏ နှုတ်ကပတ်တော် | “သင်သည် နာကျင်သည့်စမ်းသပ်မှုများကို တွေ့ကြုံခြင်းဖြင့်သာ ဘုရားသခင်၏နှစ်လိုဖွယ်ကောင်းခြင်းကို သိနိုင်မည်” | ကောက်နုတ်ချက် ၈၈ ဘုရားသခင်၏ နှုတ်ကပတ်တော် | “စုံလင်ခြင်းသို့ ရောက်သော သူများသာ အဓိပ္ပါယ်ရှိသော အသက်တာဖြင့် အသက်ရှင်နိုင်သည်” | ကောက်နုတ်ချက် ၈၉ ဘုရားသခင်၏ နှုတ်ကပတ်တော် | “သိမ်းပိုက်ခြင်းအလုပ်နှင့်ဆိုင်သော ဒုတိယခြေလှမ်း၏ သက်ရောက်မှုများကို ရရှိပုံ” | ကောက်နုတ်ချက် ၉၀

00:00
00:00

0ရှာဖွေခြင်း ရလဒ်များ

ဖတ်ကြားခြင်းများ