ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ပန်းတိုင်များနှင့် အဆုံးသတ်များ | ကောက်နုတ်ချက် ၅၉၂

18.10.2020

လူသားသည် ကမ္ဘာမြေကြီးပေါ်တွင် စစ်မှန်သည့်အသက်တာကို ရရှိသည့်အခါ၊ စာတန်၏အင်အားစု တစ်ရပ်လုံးကို ချည်နှောင်ထားမည်ဖြစ်၍ လူသားသည် ကမ္ဘာမြေကြီးပေါ်တွင် လွယ်ကူစွာနေလိမ့်မည်ဖြစ်သည်။ လူသားဆက်ဆံရေးများ၊ လူမှုဆက်ဆံရေးများ၊ ရှုပ်ထွေးသည့် မိသားစုဆိုင်ရာဆက်ဆံရေးများ စသည့် အရာများသည် ယနေ့ကဲ့သို့ ရှုပ်ထွေးလိမ့်မည်မဟုတ်ပေ။ ၎င်းတို့သည် အလွန်ပင် အနှောင့်အယှက်ဖြစ်၍ နာကျင်လှပေ၏။ ဤနေရာရှိ လူသား၏ဘဝသည် အလွန်ပင် စိတ်ညစ်စရာကောင်း၏။ လူသားသည် သိမ်းပိုက်ခံရပြီးသည့်အခါ သူ၏စိတ်နှလုံးသည် ပြောင်းလဲလိမ့်မည်ဖြစ်သည်၊ ၎င်းတွင် ဘုရားသခင်အပေါ် ကြည်ညိုလေးစား၍ ဘုရားသခင်ကို ချစ်သည့် နှလုံးသား ရှိလိမ့်မည်။ ဘုရားသခင်အပေါ် ချစ်ခြင်းမေတ္တာရှိရန် ရှာဖွေသူ စကြဝဠာအတွင်းရှိသူအားလုံးသည် သိမ်းပိုက်ခြင်းခံရပြီးသည့်အခါ၊ ဆိုလိုသည်မှာ စာတန်ရှုံးနိမ့်ပြီးသည့်အခါနှင့် အမှောင်ထု၏ အင်အားစုတစ်ရပ်လုံးဖြစ်သည့် စာတန်ကို ချည်နှောင်ပြီးသည့်အခါ၊ ကမ္ဘာမြေကြီးပေါ်ရှိ လူသား၏ဘဝသည် ဒုက္ခမရှိဘဲ သူသည် ကမ္ဘာမြေကြီးပေါ်တွင် လွတ်လပ်စွာ နေနိုင်လိမ့်မည် ဖြစ်သည်။ လူသား၏ဘဝသည် ဇာတိပကတိ ဆက်ဆံရေးများမရှိဘဲ ဇာတိပကတိ၏ အရှုပ်အထွေးများ မရှိသည့်အခါ၊ လွန်စွာ ပို၍လွယ်ကူလိမ့်မည် ဖြစ်သည်။ လူသား၏ ဇာတိပကတိဆက်ဆံရေးများသည် ရှုပ်ထွေးလွန်းကာ၊ လူသားအနေဖြင့် ထိုကဲ့သို့သောအရာများရှိခြင်းသည် သူသည် စာတန်၏လွှမ်းမိုးမှုမှ သူ့ကိုယ်သူ လွတ်မြောက်အောင်ပြုလုပ်ရန် လိုသေးကြောင်း အထောက်အထားဖြစ်၏။ သင်၏ညီအစ်ကို မောင်နှမများနှင့် အလားတူ ဆက်ဆံရေးရှိခဲ့လျှင်၊ သင်၏ပုံမှန်မိသားစုနှင့် အလားတူဆက်ဆံရေးရှိခဲ့လျှင်၊ သင့်တွင်ပူပန်စရာများ မရှိဘဲ မည်သူ တစ်ဦးတစ်ယောက်အတွက်မျှ စိုးရိမ်စရာလည်း မလိုပေ။ ဤထက်သာ၍ကောင်းသည့်အရာ မရှိပေ။ ထို့အပြင် ဤနည်းအားဖြင့် လူသားသည် ၎င်း၏ဒုက္ခတစ်ဝက်မှ သက်သာရာရလိမ့်မည် ဖြစ်သည်။ ကမ္ဘာမြေကြီးပေါ်တွင် သာမန်လူသားတစ်ဦးအဖြစ်နေထိုင်လျက်၊ လူသားသည် ကောင်းကင်တမန်တစ်ပါးနှင့် အလားတူမည်ဖြစ်သည်။ ဇာတိပကတိပင် ဖြစ်နေသေးလင့်ကစား၊ သူသည် ကောင်းကင်တမန်နှင့် များစွာတူလိမ့်မည်ဖြစ်သည်။ ဤသည်မှာ နောက်ဆုံးကတိ ဖြစ်၏။ လူသားအပေါ်ချပေးသည့် နောက်ဆုံးကတိဖြစ်၏။ ယနေ့ လူသားသည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့် ကြုံရ၏။ ဤကဲ့သို့သောအရာများကို လူသား တွေ့ကြုံရခြင်းသည် အဓိပ္ပာယ်ကင်းမဲ့သည်ဟု သင်ထင်ပါသလော။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအမှုတို့ကို အကြောင်းမဲ့ ပြုလုပ်နိုင်မည်လော။ ယခင်က လူသားကို ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းသည် ၎င်းကို အနက်ဆုံးတွင်းထဲတွင် ထားခြင်းဖြစ်၏ဟု ဆိုခဲ့၏။ ဆိုလိုသည်မှာ ၎င်း၏ကံကြမ္မာနှင့် အလားအလာများကို ယူပစ်လိုက်ခြင်းဖြစ်၏။ ဤသည်မှာ လူသားကို သန့်စင်စေခြင်းဟူသည့် အရာတစ်ခုအတွက်ဖြစ်၏။ ဘုရားသခင်သည် လူသားကို စွန့်လွှတ်ပြီးနောက် လူသားကို တွင်းနက်ကြီးထဲတွင် တမင်ထားသည်မဟုတ်။ ထိုသို့မဟုတ်ဘဲ အဆုံးတွင် လူသား၏အတွင်းရှိ အရာများကိုသန့်စင်နိုင်ရန်၊ ၎င်းသည် ဘုရားသခင်အပေါ် စစ်မှန်စွာသိရန်နှင့် သန့်ရှင်းသူတစ်ဦးကဲ့သို့ ဖြစ်ရန် လူသား၏အတွင်းရှိ ပုန်ကန်လိုသည့်စိတ်ကို ကိုင်တွယ်ရန်ထားခြင်းဖြစ်သည်။ ဤသို့ပြုလုပ်ပါက၊ အရာခပ်သိမ်း ဖြစ်မြောက်မည် ဖြစ်သည်။ အကယ်စင်စစ်၊ လူသား၏အတွင်းရှိ ကိုင်တွယ်ရန်လိုသည့် အရာများကို ကိုင်တွယ်သည့်အခါနှင့် လူသားသည် အံ့သြဖွယ်သောသက်သေခံချက် ပြုလုပ်သည့်အခါ၊ စာတန်သည်လည်း ရှုံးနိမ့်မည်ဖြစ်လျက်၊ လူသား၏အတွင်းတွင် မူလကရှိနေသောအရာ အချို့သည် အပြည့်အဝသန့်စင်မည် မဟုတ်သော်လည်း၊ စာတန်ရှုံးနိမ့်သည့်အခါတွင် သူသည် ဒုက္ခပေးတော့မည် မဟုတ်ဘဲ၊ ၎င်းအချိန်တွင် လူသားသည် လုံးဝသန့်စင်နေမည်ဖြစ်သည်။ လူသားသည် ဤကဲ့သို့သောဘဝကို တစ်ခါမျှ တွေ့ကြုံခဲ့ဖူးခြင်း မရှိသော်လည်း၊ စာတန်ရှုံးနိမ့်သွားသည့်အခါ အရာခပ်သိမ်း ကျေအေးသွားမည်ဖြစ်၍ လူသားအတွင်းရှိ အချည်းနှီးသောအရာအားလုံး ဖြေရှင်းပြီးသွားမည် ဖြစ်သည်။ အဓိကပြဿနာ ဖြေရှင်းပြီးသွားသည့်အခါတွင် အခြားဒုက္ခအားလုံး အဆုံးသတ်လိမ့်မည်ဖြစ်သည်။ ကမ္ဘာမြေကြီးပေါ်တွင် ဘုရားသခင်မှ လူ့ဇာတိခံယူသည့် ကာလတွင်၊ သူသည် လူသားအကြား သူ၏အမှုကို ကိုယ်တိုင်ဆောင်ရွက်သည့် အခါ၊ သူဆောင်ရွက်သည့်အမှု အားလုံးသည် စာတန်ရှုံးနိမ့်စေရန်ဖြစ်၍၊ လူသားကိုသိမ်းပိုက်ခြင်းနှင့် သင်တို့ကို ပြည့်စုံစေခြင်းအားဖြင့် သူသည် စာတန်ကို ရှုံးနိမ့်စေလိမ့်မည်။ သင်တို့သည် ထူးကဲစွာ သက်သေခံသည့် အခါသည်လည်း စာတန်၏ရှုံးနိမ့်ခြင်း၏ အမှတ်အသား ဖြစ်လိမ့်မည်။ စာတန်ရှုံးနိမ့်စေရန် လူသားသည် ရှေးဦးစွာသိမ်းပိုက်ခံရ၍ နောက်ဆုံးတွင် လုံးဝစုံလင်စေခြင်းခံရ၏။ သို့ရာတွင် အနှစ်သာရအားဖြင့် စာတန်ရှုံးနိမ့်ခြင်းနှင့်အတူ ဤသည်မှာ လူသားမျိုးနွယ်တစ်ရပ်လုံးကို ဤအနှစ်သာရမဲ့သော ဒုက္ခပင်လယ်ထဲမှ တစ်ပြိုင်နက် ကယ်တင်ခြင်းဖြစ်၏။ ဤအမှုသည် စကြဝဠာတစ်ခုလုံးတွင် ဆောင်ရွက်သည်ဖြစ်စေ၊ တရုတ်နိုင်ငံတွင် ဆောင်ရွက်သည်ဖြစ်စေ၊ ဤသည်အားလုံးမှာ လူသားအနေဖြင့် နားနေရာအရပ်ကို ဝင်ရောက်နိုင်ရေးအတွက် စာတန်ကိုရှုံးနိမ့်စေ၍ လူသားတစ်ရပ်လုံးအတွက် ကယ်တင်ခြင်းယူဆောင်လာရန် ဖြစ်၏။ လူ့ဇာတိခံယူသော ဘုရားသခင်၏ သာမန်ဇာတိပကတိသည် အတိအကျအားဖြင့် စာတန်ကို ရှုံးနိမ့်စေရန်အတွက်သာဖြစ်၏။ ကောင်းကင်ဘုံအောက်ရှိ ဘုရားသခင်ကိုချစ်သောသူ အားလုံးထံ ကယ်တင်ခြင်းကိုယူဆောင်လာရန် ဇာတိပကတိဖြစ်သော ဘုရားသခင်၏အမှုကို အသုံးပြုခြင်းဖြစ်၏။ ဤသည်မှာ လူသားမျိုးနွယ်အားလုံးကို သိမ်းပိုက်ရန်အပြင် စာတန်ကို ရှုံးနိမ့်စေရန်ဖြစ်၏။ ဘုရားသခင်၏စီမံခန့်ခွဲခြင်းအမှု၏ အဓိကအချက်အချာကို လူသားမျိုးနွယ်အားလုံးထံ ကယ်တင်ခြင်းယူဆောင်လာရန်အတွက် စာတန်ကို ရှုံးနိမ့်စေခြင်းမှ ခွဲခြား၍မရပေ။ ဤအမှု၏ အစိတ်အပိုင်း များစွာတွင် သင်တို့သက်သေခံရန်အတွက်ဟု အဘယ်ကြောင့် အမြဲပြောသနည်း။ ထို့အပြင် ဤသက်သေခံချက်မှာ မည်သူ့အတွက် ရည်ရွယ်ထားသနည်း။ စာတန်အတွက် ရည်ရွယ်ထားသည် မဟုတ်လော။ ဤသက်သေခံချက်သည် ဘုရားသခင်အတွက်ဖြစ်၍ ဘုရားသခင်၏အမှုသည် ၎င်းလိုလားသည့် သက်ရောက်မှုကို ရရှိပြီးဖြစ်ကြောင်း သက်သေခံရန် ပြုလုပ်ထားခြင်းဖြစ်၏။ သက်သေခံခြင်းသည် စာတန်ကို ရှုံးနိမ့်စေခြင်းအမှုနှင့် ဆက်စပ်နေ၏။ စာတန်နှင့် တိုက်ပွဲတစ်ရပ်မရှိခဲ့လျှင်၊ လူသားသည် သက်သေခံရန် မလိုပေ။ စာတန်ကိုရှုံးနိမ့်စေရမည် ဖြစ်သဖြင့် လူသားကို ကယ်တင်သည့်တစ်ချိန်တည်းတွင် သူ့အတွက် လူသားသည် စာတန်၏ရှေ့မှောက် သက်သေခံရန် ဘုရားသခင်က သတ်မှတ်ထားခြင်းဖြစ်၍၊ သူသည် လူသားကိုကယ်တင်ရန်နှင့် စာတန်နှင့် တိုက်ပွဲ ပြုလုပ်ရန် ဤသည်ကို အသုံးပြု၏။ ရလဒ်အနေဖြင့် လူသားသည် ကယ်တင်ရန်အရာရော စာတန်ရှုံးနိမ့်ရေးအတွက် ကိရိယာပါဖြစ်နေ၏။ ထို့ကြောင့် လူသားသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုတစ်ရပ်လုံး၏ အချက်အချာတွင်ရှိ၍ စာတန်သည် ဖျက်ဆီးရန်အရာ၊ ရန်သူသာလျှင် ဖြစ်၏။ သင်သည် မည်သည့်အရာမျှ မပြုလုပ်ရသေးဟု ထင်နိုင်သော်လည်း သင်၏စိတ်သဘောထား၏ပြောင်းလဲမှုများကြောင့် သက်သေခံပြီးဖြစ်၍ ဤသက်သေခံချက်သည် စာတန်ကို ရည်ရွယ်ထား၍ လူသားအတွက် မဟုတ်ပေ။ လူသားသည် ထိုကဲ့သို့သော သက်သေခံချက်ကို ခံစားရန် မထိုက်ပေ။ ဘုရားသခင်မှ ဆောင်ရွက်သည့်အမှုကို သူမည်သို့ နားလည်နိုင်မည်နည်း။ ဘုရားသခင်တိုက်ခိုက်နေသည့်အရာမှာ စာတန်ဖြစ်၏။ ထိုအတောအတွင်း လူသားသည် ကယ်တင်ရန် အရာသာလျှင်ဖြစ်၏။ လူသားသည် ပျက်စီးသော စာတန်၏ စိတ်နေသဘောထားရှိ၍ ဤအမှုကို နားလည်နိုင်စွမ်း မရှိပေ။ ဤသည်မှာ စာတန်၏ ပျက်စီးခြင်းကြောင့်ဖြစ်၏။ ဤသည်မှာ လူသား၏ပင်ကိုယ်အတွင်း ရှိနေခြင်း မဟုတ်သော်လည်း စာတန်က စီမံညွှန်ကြားထားခြင်းဖြစ်၏။ ယနေ့ ဘုရားသခင်၏ အဓိကအမှုမှာ စာတန် ရှုံးနိမ့်စေရန်ဖြစ်၏။ ဆိုလိုသည်မှာ စာတန်၏ရှေ့မှောက်တွင် လူသားက ဘုရားသခင်အတွက် နောက်ဆုံးသက်သေခံရေးအတွက် လူသားကို လုံးဝသိမ်းပိုက်ရန်ဖြစ်၏။ ဤနည်းအားဖြင့် အရာခပ်သိမ်း ဖြစ်မြောက်လိမ့်မည် ဖြစ်သည်။ အခြေအနေအများအပြား၌ သင့်ပကတိမျက်လုံးတွင် မည်သည့်အရာမျှ မလုပ်ရသေးပုံရသော်လည်း အကယ်စင်စစ်မူ အမှုပြီးဆုံးခဲ့ပြီဖြစ်၏။ လူသားအတွက် ပြီးဆုံးသွားသော အမှုအားလုံးမှာ မြင်သာရန် လိုအပ်သော်လည်း၊ သင့်အတွက် မြင်သာရန်မလုပ်ဘဲ ငါသည် ငါ၏အမှုကို ဆောင်ရွက်ပြီးပြီဖြစ်၏။ အဘယ်ကြောင့်ဆိုသော် စာတန်သည် နာခံလိုက်ပြီဖြစ်၏။ ဆိုလိုသည်မှာ ၎င်းသည် လုံးဝရှုံးနိမ့်ခဲ့ပြီဖြစ်၍၊ ဘုရားသခင်၏ဉာဏ်အမြော်အမြင်၊ တန်ခိုးနှင့် အာဏာ အားလုံးတို့ စာတန်ကို နှိမ်နင်းခဲ့ပြီးဖြစ်၏။ ဤသည်မှာ အတိအကျ သက်သေခံရမည့်အချက်ဖြစ်၏။ ထို့အပြင် လူသားတွင် ရှင်းလင်းစွာ ထုတ်ဖော်ထားခြင်း မရှိသော်လည်း၊ သင့်ပကတိမျက်လုံးနှင့် မမြင်သာသော်လည်း စာတန်သည် ရှုံးနိမ့်ပြီးဖြစ်၏။ ဤအမှုတစ်ရပ်လုံးမှာ စာတန်အတွက်ရည်ရွယ်ထားခြင်းဖြစ်၍ စာတန်နှင့်တိုက်ပွဲကြောင့် အကောင်အထည်ဖော်ရခြင်းဖြစ်၏။ ထို့ကြောင့် လူသားအနေဖြင့် အောင်မြင်ခဲ့ပြီးဟု မမြင်သည့်အရာများစွာ ရှိသော်လည်း ဘုရားသခင်၏မျက်လုံးထဲတွင် ကာလကြာမြင့်စွာကပင် ၎င်းတို့အောင်မြင်ခဲ့ပြီးဖြစ်၏။ ဤသည်မှာ ဘုရားသခင်၏အမှု၏ အတွင်းကျသောသမ္မာတရားများထဲမှ တစ်ခုဖြစ်၏။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။