ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ပန်းတိုင်များနှင့် အဆုံးသတ်များ | ကောက်နုတ်ချက် ၅၈၂

ငါ၏စကားများ ပြီးပြည့်စုံသည့်အတွက် နိုင်ငံတော်သည် ကမ္ဘာမြေကြီးပေါ်တွင် တဖြည်းဖြည်း ဖြစ်တည်လာပြီး လူသည် တဖြည်းဖြည်းနှင့် ပုံမှန်အခြေအနေသို့ ပြန်ရောက်သွား သောကြောင့် ငါ၏စိတ်နှလုံးထဲမှ နိုင်ငံတော်သည် ကမ္ဘာမြေကြီး ပေါ်တွင် တည်လေသည်။ နိုင်ငံတော်ထဲတွင် ဘုရားသခင်၏ လူများ အားလုံးသည် ပုံမှန်လူ့အသက်တာအား ပြန်လည်ရရှိကြသည်။ အလွန်အေးသော ဆောင်းရာသီသည် ပျောက်ကွယ်သွားပြီး တစ်နှစ်ပတ်လုံး နွေဦးရာသီဖြစ်နေသည့် နွေဦးမြို့ကြီးများနှင့်ပြည့်သော လောကကြီးကို အစားထိုး လိုက်သည်။ လူတို့သည် ညို့မှိုင်းမှိုင်းနှင့် စိတ်ပျက်ဖွယ် ကောင်းသော လူ့လောကကြီးအား ရင်မဆိုင်ရတော့ဘဲ၊ လူ့လောကကြီး၏ ချမ်းစိမ့်စိမ့် အအေးဓာတ်ကိုလည်း သူတို့ မခံစားရတော့ပါ။ လူတို့သည် တစ်ဦးနှင့်တစ်ဦး ခိုက်ရန်မဖြစ်ကြ၊ နိုင်ငံများသည်လည်း တစ်နိုင်ငံနှင့်တစ်နိုင်ငံ စစ်မတိုက်ကြ၊ အစုလိုက်အပြုံလိုက်လူသတ်ခြင်းနှင့် အစုလိုက်အပြုံလိုက်လူသတ်ခြင်းမှ သွေးချောင်းစီးခြင်းလည်း မရှိတော့ပေ။ မြေတစ်ပြင်လုံးသည် ပျော်ရွှင်မှုနှင့်ပြည့်နေပြီး၊ နေရာတိုင်းတွင် လူများအကြား၌ နွေးထွေးမှုများနှင့် ပြည့်လျှံနေသည်။ ငါသည် ကမ္ဘာမြေအနှံ့ လျှောက်သွားလျက်၊ ငါ့ပလ္လင်ထက်မှ စံစားရင်း၊ ကြယ်များအကြားတွင် ငါကျိန်းဝပ်သည်။ ထို့ပြင် ကောင်းကင်တမန်များသည် ငါ့အား အသစ်သောသီချင်းများ၊ အသစ်သောအကများကို ပူဇော်ကြသည်။ သူတို့၏ နုနယ်ခြင်းသည် သူတို့၏ မျက်နှာပေါ်တွင် မျက်ရည်များယိုစီးမှုကို မဖြစ်စေတော့ပေ။ ငါ၏ ရှေ့မှောက်တွင် ကောင်းကင်တမန်များ၏ ငိုကြွေးသံကို ငါမကြားရတော့၊ မည်သူကမျှ ငါ့ထံသို့ ဆင်းရဲဒုက္ခအကြောင်း မညည်းတွားတော့ပေ။ ယနေ့တွင် သင်တို့အားလုံးသည် ငါ့ရှေ့မှောက်တွင် နေထိုင်ကြသည်၊ မနက်ဖြန်တွင်မူ သင်တို့အားလုံးသည် ငါ၏ နိုင်ငံတော်ထဲတွင် တည်ရှိကြလိမ့်မည်။ ဤသည်မှာ လူအား ငါအပ်နှင်းပေးသည့် အကြီးမြတ်ဆုံးသော ကောင်းချီးပင် မဟုတ်ပေလော။ ယနေ့တွင် သင်တို့ပေးသော အဖိုးအခကြောင့်၊ သင်တို့သည် အနာဂတ်၏ ကောင်းချီးများကို အမွေခံရလိမ့်မည်ဖြစ်ပြီး၊ ငါ၏ဘုန်းအလယ်တွင် နေထိုင်ကြရလိမ့်မည်။ ငါ့ဝိညာဉ်တော်၏ အခြင်းအရာနှင့် သင်သည် ထိတွေ့ဆက်ဆံရန် ယခုတိုင် ဆန္ဒမရှိသေး သလော။ သင်တို့ကိုယ်သင်တို့ စတေးခံ ရန် ယခုတိုင် ဆန္ဒရှိသေးသလော။ လူတို့သည် သူတို့တွေ့မြင်နိုင်သော ကတိများ နောက်ကို လိုက်ရန် ဆန္ဒရှိကြသည်၊ သို့သော်ငြားလည်း ထာဝရအတွက်တည်သည့် မနက်ဖြန်နေ့၏ ကတိများ ကိုမူ လက်ခံရန် မည်သူကမျှ ဆန္ဒမရှိကြ။ လူတို့ တွေ့မြင်နိုင်သော အရာများသည် ငါရှင်းရှင်းဖျက်ဆီးမည့် အရာများပင်ဖြစ်သည်၊ လူတို့ စမ်းသပ်ထိတွေ့၍ မရသောအရာများသည် ငါပြီးမြောက် အောင်မြင်မည့် အရာများပင် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်နှင့် လူအကြားရှိ ကွဲပြားခြားနားချက်ပင် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၂၀)

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၄

အကယ်၍ ဘုရားသခင်၏နောက်ကို နှစ်ပေါင်းများစွာ လိုက်လျှောက်ပြီး၊ ဘုရားနှုတ်ကပတ်တော်များ၏ ထောက်ပံ့မှုကို နှစ်ပေါင်းများစွာ မွေ့လျော်ခံစားထားသည့်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၃၇၂

လူသားမျိုးနွယ်သည် ငါ၏နွေးထွေးခြင်းကို တွေ့ကြုံခံစား ခဲ့ရသည်၊ ၎င်းတို့သည် ငါ့ကိုစိတ်ရင်းမှန်နှင့် အစေခံခဲ့ကြပြီး ငါ၏ မျက်မှောက်တွင် ငါ့အတွက်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၅၁

လက်ရှိ ခေတ်ရေစီးကြောင်းထဲတွင် ဘုရားသခင်ကို စစ်မှန်စွာ ချစ်မြတ်နိုးသော လူတစ်ဦး တစ်ယောက်စီတိုင်း၌ သူ၏ စုံလင်စေခြင်းကို ရရှိရန်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၀၀

ဖန်ဆင်းရှင်၏ ဝိသေသလက္ခဏာရှိသည့် ဘုရားသခင်သာလျှင် အတုမရှိသည့် သြဇာအာဏာကို ပိုင်ဆိုင်လိမ့်မည် (လက်ရွေးစင် ကျမ်းပိုဒ်များ) သြဇာအာဏာကိုယ်၌ကို...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။